Chapter - 3

Background color
Font
Font size
Line height

စစ်မှန်သောအချစ် ❤️🔥
[Change Of Heart]

အပိုင်း(၃)

လွန်ခဲ့တဲ့ ၆နှစ်ကငြိမ်းသူ တောင်းခဲ့တဲ့ ဆုတောင်းဟာ အခုထိမပြည့်သေး...
အချစ်စစ်ဆိုတာ တကယ်မရှိရုံတင်မက ဘုရားဆိုတာ တကယ်ဘဲမရှိတာလားဆိုတဲ့ သံသယ ပါ ဝင်လာခဲ့လေပြီ..
မဟုတ်တာလုပ်နေတဲ့ သူကိုတော့ ဒီတိုင်းလွှတ်ထားပြီး တကယ်ချစ်မြတ်နိုးပေးနေတဲ့ ပန်ဆုကိုတော့ ခံစားရအောင်ဆိုပြီး ဘာကြောင့်ကြည့်နေရက်တာပါလဲ ဆိုပြီးမေးကြည့်ချင်မိပါသည်။

"ပန်ဆု နင်နဲ့ငါ ခရီးထွက်ရအောင် ကမ်းခြေဖြစ်ဖြစ် နိုင်ငံခြားကိုဖြစ်ဖြစ်"

စိတ်ပြေလက်ပျောက်ဖြစ်အောင် ခေါ်ခြင်းပင်...

"ဟင်း.. ဘာလုပ်မှာလဲ ငြိမ်းရယ်...ငါအဲ့တာတွေစိတ်မဝင်စားပါဘူး
နင်သွားချင်ရင်သွားလေ"

"စိတ်မဝင်စားဘူးလို့မပြောပါနဲ့ နင် ကိုဖြိုးနဲ့မဖြစ်ခင်တုန်းကဆို
နိုင်ငံတကာပတ်ပြီး ခရီးတွေလျှောက်ထွက်နေတာပါ... နင်စိတ်မဝင်စားဘူးလို့တော့မပြောစမ်းပါနဲ့ဟယ်"

ခရီးထွက်ရတာ သူ့ရဲ့ ဝါသနာ...
အခုတော့ ကိုဖြိုးနား နေရတာနဲ့တင် သူ့ရဲ့ဝါသနာကိုမေ့နေလေပြီ...
ခရီးသွားချင်စိတ်မရှိတော့တာ ကိုဖြိုးနဲ့တွဲပြီးနောက်ပိုင်းကတည်းကပင်...
ကိုဖြိုးနဲ့ မတွဲခင် တုန်းက သူ့ရဲ့ အလုပ်က လေယာဥ်မယ်ပင်..
လေယာဥ်မတက်ရတဲ့နေ့ဆိုရင်လည်း ခရီးကထွက်ပြီးသား...
ခရီးသွားရတာ ဝါသနာပါတာကြောင့် ဒီလမ်းကိုလျှောက်ခဲ့ပေမယ့်..
အခုတော့ သူ့ရဲ့ ဝါသနာကိုတောင်မေ့မေ့ပျောက်ပျောက်ဖြစ်နေလေပြီ...

"နင် လေယာဥ်မယ်ပြန်လုပ်ပါလားပန်ဆု"

"တော်ပါပြီ မလုပ်ချင်ဘူး... ငါလေယာဥ်တက်ရတဲ့ အချိန်ဆိုကိုဖြိုး ကိုဘယ်သူဂရုစိုက်ပေးမှာလဲ ငါစိတ်မချဘူး"

"ဟဲ့... ဟိုက အသက် ၃၀ ရှိနေပြီ သင်္ချိုင်းကုန်း ကိုခြေတစ်လှမ်းလှမ်းနေတဲ့ အရွယ်ရောက်နေပြီသိလား.. သူ့ဟာနဲ့ သူဂရုစိုက်နိုင်တယ်..
နင့် ကိုသူမလိုဘူး"

ရည်းစား ကို ဖူးဖူးမှုတ်ချစ်နေတဲ့ သူငယ်ချင်းကို ငြိမ်းသူ တော်တော်လေး ဒေါသထွက်လာလေသည်။ ကိုယ့်အတွက် ကိုယ်မကြည့်ဘဲ အမြဲ သူ့ရည်းစားအတွက်ဘဲ ကြည့်နေတာကြောင့် ငြိမ်းသူရဲ့ ဒေါသ ကို မနည်းထိန်းထားရတာက နေ့တိုင်းလိုလိုပင်...

ထွက်လာတဲ့ ဒေါသတိုင်းကိုပြန်ငြိမ်းစေတာကတော့ ပန်ဆုရဲ့ သနားကမား မျက်နှာကြောင့်ချည်းပင်..
အခုလည်းကြည့် ...အော်လိုက်တော့ မျက်နှာက ဇီးရွက်လောက်သာရှိတော့သည်။

"ဟူး...ပန်ဆု ပန်ဆု... ငါနင့်ကိုတကယ်မနိုင်ဘူးသိလား...
နင်တော်တော် ခေါင်းမာတာဘဲဟယ်"

အဲ့လိုပြောလိုက်ပြန်တော့လည်း နှာခေါင်းလေးရှုံ့ပြီး သွားလေးတွေပေါ်အောင်ပြုံးပြခဲ့သေးတာ..

"လာမပြုံးနဲ့... နင်နဲ့ ကိုဖြိုးနဲ့ စတွေ့တာ လေယာဥ်ပေါ်မှာတွေ့တာဆို
အမှတ်တရတွေရှိတဲ့ အဲ့လေယာဥ် ကို နင်ဘာလို့ ထပ်မစီးချင်ရတာလဲ

ပြောပါဦး"

"ဒါက ဒီလိုဟ..!"

ကိုဖြိုးနဲ့ သူ့အကြောင်းသာပြောရမယ်ဆို ရုပ်က တစ်မျိုး...

💜💜💜💜💜💜💜💜💜

လွန်ခဲ့သော ၆နှစ်က....

"ခရီးသည်များရှင့်.. လေယာဥ်ထွက်ခွာတော့မည်ဖြစ်တာကြောင့်......"

လေယာဥ်မယ် ခေါင်းဆောင်ဖြစ်သည့် ပန်ဆုမေ... ရဲ့ အသံချိုချိုလေးဟာ လေယာဥ်အတွင်း ပျံ့နှံလျက်...
ချိုသာတဲ့ အသံ ချစ်စရာမျက်နှာလေးနှင့် ပြုံးလိုက်လျှင် ပါးနှစ်ဖက်မှာခွက်နေတဲ့ ပါးချိုင့် နှစ်ခုက ထင်းလျက်...
လေယာဥ်မယ် ဆိုကတည်းက ခန္ဓာကိုယ် အချိုးအစားနဲ့ အရပ်အမောင်းတော့ပြောပြစရာမလိုအောင် ပြီးပြည့်စုံနေသည်။

"မမပန်.. ဒီနေ့ အထူးတန်းမှာ အရမ်းချောတဲ့ အကိုပါလာတယ်..
ခဏနေ မမပန် အထူးတန်းဖက် ရောက်ရင် ကြည့်ဖြစ်အောင်ကြည့်ခဲ့နော်"

"တကယ်ကြီးချောတာနော်မမပန် ရုပ်ချောပြီးရည်းစားမရတတ်တဲ့ မမပန် ကို အဲ့ အကိုနဲ့ မရမက ချိတ်ပေးရမယ်
နိုင်ငံခြားသားတော့ဖြစ်မယ်မထင်ဘူး.. မြန်မာမဟုတ်ရင် ထိုင်းဘဲဖြစ်မယ်ထင်တယ်"

ခဏနေ အထူးတန်းဖက်ကို Food service သွားစရာရှိတာကြောင့် ခုနက တစ်ခေါက်ရောက်ခဲ့ပြီးပြီဖြစ်တဲ့ လေယာဥ်မယ်လေး၂ယောက်က သူ့ကို ကြိုပြီးဖောက်သည်ချနေခြင်းဖြစ်သည်။

"ခရီးသည်နဲ့ ဝန်ထမ်း နဲ့က အဆက်အစပ်မရှိရဘူးဆိုတာ မေ့နေတာတော့မဟုတ်ဘူးမလား ကလေးတို့.. လေယာဥ်ပေါ်မှာတော့မရဘူးနော်
စည်းကမ်းကိုမမေ့နဲ့... Captain ကြားရင် ဘာဖြစ်မလဲ သိတယ်မလား"

"အာ... မမပန်ကလဲ... မတိုင်ပါနဲ့...
မမပန်ကို သနားလို့ပါ...တိုက်ရိုက်ကြီး အချိတ်အဆက်လုပ်ပေးနေတာမဟုတ်ဘူးလေ မမပန်ကို ကြည့်ရုံကြည့်ခိုင်းတဲ့ ဥစ္စာ ကို"

"ဟုတ်ပါပြီ.. ကြည့်ခဲ့မယ် ဒါပေမယ့် ဒီအကြောင်း ကိုထပ်မပြောကြေး ထပ်မမေးကြေး.. အခုက လေယာဥ်ပေါ်မှာ...
စည်းရှိရမယ် ဟုတ်ပြီလား"

ထို အခါမှ မျက်နှာပြုံးလေးတွေနှင့်...

"ဟုတ်ကဲ့ မမပန်.. ဒါပေမယ့် လေယာဥ်ပေါ်က ဆင်းရင်တော့ မေးမယ်နော်မမပန်"

"ကြည့်ဦး ပြောနေရင်းနဲ့တောင်..."

"ခစ် ခစ်..."

ရီပြီးထွက်သွားတဲ့ ကလေး ၂ယောက်ကိုကြည့်ကာ ပြုံးလိုက်ပြီး..
ခေါင်းတရမ်းရမ်းဖြင့် အချိုရည်ဗူးများကို စီနေလိုက်တော့သည်။

အထူးတန်းဖက်သွားရတော့မှာမို့ အဝတ်အစားတွေ ကို သပ်သပ်ဖြစ်အောင်သေချာပြင်ဆင်ကာ...အစားအသောက်နှင့် အချိုရည် များပါသည့် လှည်းကို တွန်းကာ လာခဲ့လိုက်သည်။

တစ်ဦးတစ်ယောက်ချင်းဆီကို လိုချင်သည့် အစားအစာများမေးပြီး ချပေးပြီးတာနှင့်... ရှေ့ဆုံးတန်းကိုရောက်သည့် အခါမှာတော့ဖြင့်...

"Sir... Can you tell me what you want?"

"No... I...."

စာအုပ်ဖတ်နေရင်းကနေ သူမေးလိုက်တဲ့မေးခွန်း ကိုပြန်ဖြေဖို့ သူ့ကိုကြည့်လာတဲ့ သူဟာ ကလေး၂ယောက်ပြောတဲ့ ခပ်ချောချော အကိုဆိုတာပင်ဖြစ်မည်...
ဖြူဖွေးသောအသားအရေ နက်မှောင်သော မျက်ခုံး...
နှာခေါင်းချွန်ချွန်နှင့် နှုတ်ခမ်းထူထူ....ကိုပိုင်ဆိုင်ထားတာမို့ ဒီလူ ဘဲဖြစ်မည်ဆိုတာ ပန်ဆု သိလိုက်သည်။
ညှို့အားကြီးသော မျက်ဝန်းတစ်စုံက ပန်ဆုရဲ့ နှလုံးသား ကို ညှို့ယူလိုက်လေပြီ....
အကြည့်ချင်းဆုံနေမိတဲ့ အချိန်ဟာ ဘယ်လောက်ကြာသွားလိုက်လဲမသိလိုက်..

"Cola တစ်ဗူးလေး လိုချင်လို့ပါ ညီမလေး"

အနောက်တန်းက အမတစ်ယောက် လှမ်းခေါ်မှ သူတို့၂ယောက်လုံး အသိတွေ ပြန်ကပ်သွားကာ...

"ဟုတ်ကဲ့ရှင့် ခဏစောင့်ပေးပါနော်"

ပြန်ဖြေပေးလိုက်ပြီး...ခပ်ချောခ​ျော အကိုကို ပြန်ကြည့်လိုက်ကာ

"Sir...Please tell me what you want?"

"မြန်မာပါ မြန်မာလိုပြောလို့ရပါတယ်"

အသံ...deep voice မို့ လုံးဝ သူ့ရဲ့ အကြိုက်ပင်...
အကုန်ပြီးပြည့်စုံနေတဲ့ သူမို့ တခြားသူတွေ မြင်သွားမှာတောင် ပန်ဆုစိုးရိမ်မိနေလေသည်။
မပိုင်ဆိုင်ရသေးဘဲ ဒီလိုစိတ်ဝင်မိတာ ဒါ ပထမဆုံးပါ...

"Sir ဘာများလိုချင်ပါလဲရှင့်"

"Colaတစ်ခွက်ချပေးလိုက်ပါ"

Cola ဗူးကိုကြည့်လိုက်တော့ ခုနက မှာယူထားတဲ့ အမ အတွက်သာကျန်တော့တာမို့...

"Sorry Sir ..Cola တော့မကျန်တော့ပါဘူးရှင့်"

"ဒါဆို....."

ပြန်ပြောလာမဲ့ စကားကို သူတစူးတစိုက်နားထောင်နေရင်းကနေ...

"ခင်ဗျားရဲ့ နှလုံးသားလေးဆိုရင်ရော...ရနိုင်ဦးမလား"

"ရှင်....."

ရနိုင်တယ် ဆိုပြီးချက်ချင်းပြန်ဖြေချင်တဲ့ စိတ်တွေရှိနေပေမယ့်
ဒီလူရဲ့ အကြောင်းလဲသေချာ မသိသေး ပြီးတော့လေယာဥ်ပေါ်မှာလည်းဖြစ်တာကြောင့် ခပ်တည်တည် အနေအထားပြောင်းလိုက်ကာ...

"လိုချင်တာမရှိဘူးဆိုရင် သွားလိုက်ပါဦးမယ်ရှင့်

ကောင်းမွန်တဲ့ခရီးလေးဖြစ်ပါစေ Sir"

Food handcart ကို ယူကာ အနောက်က အမ ကို Cola ပေးပြီးတာနှင့် နားနေဆောင်ကို သူပြန်လာခဲ့လိုက်တော့သည်။
ပြန်လာတဲ့ လမ်းတစ်လျှောက် မှာ သူ့ရဲ့ နှလုံးခုန်သံဟာ လေယာဥ်သံထက်တောင် ကျယ်ချင်ကျယ်နေပါဦးမည်...

"မမပန် ဘာဖြစ်နေတာလဲ မျက်နှာလဲရဲတွတ်လို့
နေမကောင်းချင်ဘူးလား"

"နေကောင်းပါတယ် ပူလို့ပါ"

လက်ကို ယပ်ခတ်သလိုလုပ်လိုက်ကာ လည်ပတ်ကိုလည်း အနည်းငယ်ချဲ့လိုက်ပြီး... အသက်ကိုရှုလိုက်ထုတ်လိုက် လုပ်နေလိုက်လေသည်။

"Aircon တွေ အဲ့လောက်ရှိနေတာကို မပန် ပူတယ်တဲ့လား
တကယ်နေမကောင်းတာသေချာလားမမပန်"

"သေချာပါတယ် ကလေးတို့ လုပ်စရာရှိတာ သွားလုပ်ကြလေ မမပန်လည်း ရိုးရိုးတန်းဖက်ကို နောက်တစ်ခေါက်သွားကြည့်လိုက်ဦးမယ်"

"ဟုတ်..ဟုတ်ကဲ့"

အချစ်စိတ်တွေ ပေါ်ပေါက်လာတာမို့ ခန္ဓာ ကိုယ်တစ်ခုလုံး ပူထူလာပြီး နေရခက်လာတာလေသည်။
ရိုးရိုးတန်းဖက်ကို လှည့်ပတ်ကြည့်တော့လည်း စိတ်နဲ့ လူနဲ့က မကပ်...
ဒါ ဒုတိယ​အကြိမ် သူ့ရဲ့ နှလုံးသား မှာ အချစ်စိတ်တွေ ပြန်လှုပ်ရှားလာခြင်းပင်...
ပိုင်ဆိုင်သူရှိပြီးသားဖြစ်နေလျှင် မကောင်းတတ်တာမို့ ရှောင်ဖယ်ပြီးနေလိုက်ခြင်းဖြစ်သည်။
သို့သော်... ပန်ဆုစိတ်ထဲမှာတော့ သူ့ရဲ့နှလုံးသား ကို လှုပ်ခါသွားစေတဲ့ သူရဲ့နာမည်ကိုတော့ သိချင်မိလေရဲ့....

💜💜💜💜💜💜

"ခန့်သုတဖြိုးပါ...ကျွန်တော့နာမည်က.."

လေယာဥ် ဆင်းတာနှင့် သူ့အနားကို လာပြီး မိတ်ဆက်နေတာမို့
ပန်ဆုနေရခက်မိလေသည်။ ကလေး၂ယောက်ကလဲ ဘေးကနေကြည့်ကာ ပြုံးစိစိဖြင့်...

"ဟုတ် ဟုတ်ကဲ့"

"Single ပါ...
ဒီလိုပြောလိုက်လို့ကျွန်တော့ ကို အထင်အမြင်မသေးစေချင်ပါဘူး
ခင်ဗျားက အရမ်းလှတော့ ဒီလိုမျိုး ခဏခဏကြုံရမယ်မှန်းလည်းသိပါတယ် ဒါပေမယ့် ကျွန်တော်ကတော့ ခင်ဗျားအပေါ် တကယ်စိတ်ရင်းနဲ့ပါ"

ပန်ဆု မျက်လုံးချင်းတောင် စေ့စေ့မကြည့်ရဲတာမို့ ခေါင်းငုံ့ပြီးသာနေနေမိလေသည်။ ရင်ထဲမှာလဲ ဗြောင်းဆန်နေပြီမို့ ကိုယ့်ကိုယ်ကိုယ် သတိပေးမိနေဆဲ...

"ဟုတ်ကဲ့ပါရှင့်.. ကျေးဇူးတင်ပါတယ်.. အနောက်မှာ ခရီးသည်တွေကျန်သေးတာမို့ လူကြီးမင်း အရင်ဆင်းပေးလိုက်လို့ရမလားရှင့်..."

သူ့ရဲ့ ရင်ဘတ်မှာထိုးထားသည့် နာမည်ကဒ်ကို တစ်ချက်ကြည့်လိုက်တာကို ပန်ဆုရိပ်မိလိုက်ပါသည်။

"ပန်ဆုမေတဲ့လား... ဆုလို့ဘဲခေါ်မယ်နော်..
ကျွန်တော် ဆုကို  လေဆိပ်အနီးက ကော်ဖီဆိုင်မှာစောင့်နေပါမယ်
လာဖြစ်အောင်လာခဲ့ပေးပါ.. မရောက်လာခဲ့ရင်တော့..."

"လာခဲ့ပါ့မယ်ရှင့် လူကြီးမင်း ဆင်းလို့ရပါပြီ"

အနောက်က လူတွေက သူတို့ ၂ယောက်ကို ကြည့်ပြီး မျက်နှာရှုံ့တဲ့ သူက ရှုံ့... ပြုံးစိစိဖြစ်နေကြသူတွေက ဖြစ်နှင့် မို့ ပန်ဆု တကယ်လဲ မျက်နှာပူလာတာမို့ ထိုလူ လိုချင်သည့် အဖြေကို ချက်ချင်းပေးလိုက်ခြင်းပင်...

လေယာဥ်ပေါ်ကနေ ဆင်းသွားတဲ့တစ်လျှောက် သူ့ကိုနောက်ပြန်လှည့်လှည့်ကြည့်ကာ ပြုံးပြုံးနှင့် သွားနေတဲ့ ထိုလူဟာ
အရင်ကတည်းက တစ်ကိုယ်ကောင်းစိတ်ရှိခဲ့တယ်ဆိုတာ သူမသိခဲ့ခြင်းမဟုတ်...
လိုချင်တာဆို မရမက ယူတတ်တဲ့ သူ
သူများခံစားချက်ကို မကြည့်ဘဲ သူ့ခံစားချက်ကို ဘဲ ကြည့်တတ်တဲ့သူ

ဒါတွေ ကို ပန်ဆု တစ်ယောက်မမြင်ခဲ့...
အချစ်ကြောင့် စုံလုံး ကန်းသွားခဲ့လေပြီ....

💜💜💜💜💜💜💜💜💜💜💜


You are reading the story above: TeenFic.Net

#khayhsu