Can You See My Heart 4

Background color
Font
Font size
Line height

ရီဝေဝေနဲ့ ဖြစ်နေတဲ့ သူမရဲ့ အကြည့်တွေနဲ့ သွေးတွေဟာလည်း ဆူပွက်နေပြီး သူမကိုယ်ကို ကိုင်းကာ အရဲစွန့်၍ နှုတ်ခမ်းတွေဆီ လက်ညိုးလေးဖြင့် ထိတွေ့မိသွားသည်။ တဖြည်းဖြည်းနဲ့ သူမ ကိုယ်ဟာ အရှေ့ကို တိုးလာမိတဲ့အချိန် Minaမှ သူမကိုယ်ကို ဆွဲဖက်လိုက်တာကြောင့် ကိုယ်ပေါ်ပြုတ်ကျသွားတော့တယ်

နူးညံ့လွန်းတဲ့ ပန်းနုရောင် နှုတ်ခမ်းသားများနဲ့ သူမရဲ့ နှုတ်ခမ်းတစ်စုံဟာ ထက်တူညီသွားပြီးတဲ့နောက် Minaကိုယ်ပေါ်မှာ မလှုပ်မရက်နဲ့ ငြိမ်သက်နေမိတော့သည်။ မနိုးလာအောင် သူမ ဘေးကို လက်ထောက်လိုက်ကာ ငြင်သာစွာ ထလိုက်ပေမယ့် ရီဝေဝေနဲ့ Minaရဲ့ မျက်လုံးများက ပွင့်လာ၍ သူမရဲ့ လည်ပင်းမှ ဆွဲချလိုက်တာကြောင့် နှုတ်ခမ်းတွေက နောက်တစ်ကြိမ်ထိမိသွားလေသည်။ မပွင့်တပွင့်နဲ့ Minaက သူမကို ကြည့်နေရင်းပဲ စတင်ပြီး နမ်းလာတော့ အမြဲတမ်းထိတွေ့ချင်နေမိတဲ့ နှုတ်ခမ်းသားလေးတွေကို သူမ ငြင်းဆန်ရန် အင်အားမရှိဘဲ ပြန်လည် နမ်းလိုက်မိသည်။

Chaeyoungရဲ့ လည်ပင်းကို ဖက်တွယ်ထားရင်း နမ်းရှိုက်နေရာမှ Chaeyoungဘက်က ခွာလိုက်တော့ သူမရင်ခွင်ထဲကို တိုးကာ အိပ်ပျော်သွားတော့တယ်...

လက်မောင်းတစ်ဖက်ဖြင့် ပွေ့ကာ ရင်ခွင်ထဲ ထည့်ထားပြီးတဲ့နောက် သူမနှုတ်ခမ်းတွေကို ကြည့်နေပြီး ပြုံးမိနေတာ ရပ်လို့မရတော့ဘူး...

ဒီညတော့ အိပ်မရတော့ဘူးနဲ့ တူပါတယ်...

မျက်စိရှေ့မှာ ကလေးလေးလို အိပ်နေတဲ့ ကောင်မလေးကို ပွေ့ထားရသလို ရင်ဘက်ထဲမှာ သောင်းကြမ်းနေတဲ့ နှလုံးသားလေးတစ်စုံက သူမကို အိပ်မရအောင်ကို လုပ်နေတော့တာပဲ.....

###################

Mina... အိပ်ရာထဲ လူးလိမ့်ကာ မထချင် ထ​ချင်ဖြင့် ထလာပြီးတဲ့နောက် အနည်းငယ်ပွနေတဲ့ ဆံပင်တွေကို ထိုးဖွနေမိပြီး ဖုန်းကိုကိုင်ကာ

"ဘယ်အချိန်တွေတောင် ရှိနေပြီလဲ"

စားပွဲပေါ်မှာ စာရွက်ကလေး ကပ်ထားတဲ့ အအေးပုလင်းကို ပြုံးလျက် ယူကိုင်လိုက်သည်

"ကင်ချီထမင်းကြော်နဲ့ စွပ်ပြုတ်လေး လုပ်ထားတယ် သေချာ​စားနော် အရသာက သိပ်မကောင်းရင် sorry ♥"

ရိုးရိုးရှင်းရှင်းလေး ရေးထားပေမယ့်သူ မအပေါ်ဂရုစိုက်လွန်းတဲ့ Chaeyoungရဲ့ အပြုမူကြောင့် အအေးတောင် မသောက်ရသေးခင်ပဲ မူးနောက်နေတဲ့ သူမခေါင်းဟာ ကြည်လင်သွားတော့သည်။ အအေးကိုသောက်လိုက်ပြီးနောက် အိမ်မက်က ခေါင်းထဲကို ဝင်လာတော့တယ်

နူးညံ့လွန်းတဲ့ နှုတ်ခမ်းလေး... အတွေးနဲ့တင် သူမရင်တွေ တလှပ်လှပ်ခုန်လာပြီး ရှက်နေမိသည်။ အိမ်မက်ဆိုတာထက်ကို လက်တွေ့ အနမ်းပေးနေရသလို ခံစားချက်ကြောင့် သူမနှုတ်ခမ်း သူမကိုင်မိကာ ပြန်တွေးလိုက်ရင် ထိတွေ့မှုတွေကို ပြန်ပြီးခံစားလို့တောင်ရနေတယ်

အခန်းထဲ တစ်ယောက်ထဲ ရှက်သွေးဖြာပြီး အိမ်မက်ကို ပြန်တွေးကာ သဘောကျနေရင်း စိတ်ကူးယဥ်နေမိသည်။

###################

Mina.... ရေချိုးပြီး bellမြည်သံကြောင့် သူ​မခေါင်းကို သုတ်နေရင်း အခန်းတံခါးကိုဖွင့်လိုက်သည်။

တံခါးဝမှာ ပြုံးလျက်လေးရပ်နေတဲ့ Jeongyeonကို မြင်တော့ အမှတ်တမဲ့ ပန်းနုရောင် နှုတ်ခမ်းသားလေးတွေ သတိထားမိလိုက်တယ်....

သူမရဲ့ ပူပူနွေးနွေး အိမ်မက်ထဲက နူးညံ့တဲ့ နှုတ်ခမ်းသားလေး... အဲ့နှုတ်ခမ်းသားပိုင်ရှင်က Jeongyeonများဖြစ်နိုင်မလား တွေးပြီး တစ်ယောက်တည်း ရှက်သွေးဖြာနေတုန်း

"Minari နဲ့ တူတူ စားဖို့ ကြက်ကြော်ဝယ်လာတယ်"

ကြက်ကြော်ထုတ်ကလေး မြှောက်ကာ ပြောနေတဲ့ Jeongyeonကြောင့် ပြုံးပြီး အိမ်ထဲဝင်ဖို့ သူမကိုယ်ကို ဖယ်ပေးလိုက်သည်

"Mina ကြိုက်တဲ့ ketchupတွေလည်း ကိုယ်အများကြီး ယူလာတယ်"

Jeongyeon အရှေ့ကို ဝင်ထိုင်လိုက်ရင်း

"ဘာလို့ တကူးတကကြီး ဝယ်လာတာတုန်း အိမ်မှာတောင် ကင်ချီထမင်းကြော်နဲ့ စွပ်ပြုတ်ရှိနေတာ"

Jeongyeonက ရုတ်တရက် အရှေ့ကို ကိုင်းပြီး အနည်းငယ်ရေစိုနေတဲ့ ဆံပင်လေးတွေကို လာသပ်ပေးတော့ သူမရဲ့ နှုတ်ခမ်းသားတွေ ထက်မံမြင်နေပြီး ရင်ကခုန်​နေပြန်တယ်

"Mina ချက်တာလား အိမ်ထမင်း ဟင်းမစားရတာတောင် ကြာနေပြီ"

ရှက်သွေးဖြာကာ လည်ပင်းတွေ ပွတ်သပ်နေရင်း

"Minaတော့မဟုတ်ပါဘူး Chaengရယ် ချက်သွားတာလေ ညကသောက်တာများပြီး အခူမှနိုးလို့"

Jeongyeonက သူမစကားကြောင့် ပြုံးလိုက်လေတယ် ထိုအပြုံးလေးက တကယ်ကိုစွဲမက်ပြီးလှ​ပနေရောပဲ

"Mina ချက်တယ် ထင်နေတာ"

Jeongyeonက သူမထိုင်တဲ့ ဘေးကို ရွေ့ကာ ထိုင်လိုက်ပြီး

"Minariရဲ့ ဆံပင်တွေက စိုနေတယ် ကိုယ်သုတ်ပေးရမလား"

သူမရဲ့ ပုခုံးပေါ်တင်ထားတဲ့ သပတ်ကို အရဲတင်းစွာကိုင်လာတဲ့ Jeongyeonကြောင့် ရင်ခုန်မိပေမယ့် Chaeyoungဝင်လာခဲ့ရင် စိတ်ဖြင့် လန့်၍ ထိုနေရာမှ ထလိုက်တော့

"Ahh.. Sorry Minari ကိုယ် တအားရဲသွားတယ်ထင်တယ်"

Jeongyeon အနား ခပ်ခွာခွာ ရပ်နေလျက်

"ရပါတယ် ကိစ္စမရှိပါဘူး Senior Ahh... Jeongyeon Unnie ဒီမှာခဏစောင့်ဦးနော် ခေါင်းခြောက်အောင် အမြန်လုပ်ပြီး ထွက်လာခဲ့မယ်"

သူမ ထိုနေရာက ထွက်လာပြီး Chaeyoungအပေါ် ဘာကြောင့် မလုံမလဲ ဖြစ်နေလဲဆိုတဲ့ စိတ်ကို တွေးနေမိတယ်။

ငါဘာတွေ ဖြစ်နေတာလဲ.....

#################

လျှောက်လမ်း အကျယ်ကြီး ရှိရဲ့နဲ့ တမင်သက်သက် Chaeyoung အရှေ့မှ ပိတ်ရက်လိုက်တဲ့ Momoကြောင့် မကျေမနပ်နဲ့ သူမကို ကြည့်လိုက်သည်

"Yah Directorကို အဲ့လို ကြည့်ရလား ဒီလိုရိုင်းဆိုင်းတဲ့ မင်းလို ဝန်ထမ်းကို ငါ အလုပ်ထုတ်သင့်တယ်မလား"

သက်ပျင်းချကာ သူမကို ကြည့်လိုက်ပြီး

"ကြည့်မိလို့ တောင်းပန်ပါတယ်"

စိတ်ပျက်စွာ ပြောပြီး ထိုနေရာက လစ်ထွက်ဖို့ လုပ်ပေမယ့် သူမလက်မောင်းကို ဆွဲထားပြီး

"နေဦး Chaeyoung shi ​အကူညီတောင်းစရာလေးရှိတယ်"

သူမကို လှည့်ကြည့်လိုက်ပေမယ့် အမြင်ကတ်ဖို့ကောင်းလောက်အောင် သူမမျက်နှာမှာ မထီမဲ့မြင်အပြုံးကြီးကြောင့် သက်ပျင်းချလိုက်မိပြန်တယ်

"Coffee တစ်ခွက်ဖျော်လာခဲ့ပေး တအားမချိုစေနဲ့ ခါးလည်းမခါးစေနဲ့"

"အဲ့တာပဲမလား"

Momoက ခေါင်းငြိမ့်ပြီး

"လောလောဆယ်တော့ ဒါပဲ"

သူမခေါင်းကို ပုတ်လိုက်ပြီး

"သေချာဖျော်လာခဲ့ Baby"

ထိုစကားက သူမအနားကပ်ကာ ပြောတဲ့ အပြင် ခေါင်းကိုပါ ပုတ်သွားတာကြောင့် ဒေါသကို စွနေတာအသိသာကြီးပါ။ စိတ်ကို ထိန်းပြီး သက်ပျင်းနောက်တစ်ကြိမ်ချထားရင်း Minaနဲ့ သူမရဲ့ အနမ်းချိုချိုလေးတွေသာ ခေါင်းထဲ​ဝင်လာပြီး

"OK Unnieအတွက် အရာအားလုံး သည်းခံပြီး ကြိုးစားရမှာပဲ Fighting Chaeyoung Fighting"

####################

Momoရဲ့ အခန်းထဲ Coffeeဖျော်ပြီး ဝင်လာတော့ လုပ်လက်စ အလုပ်တွေ ရပ်၍ မထိမဲ့မြင်နဲ့ ကြည့်နေလေရဲ့

Coffeeခွက်လေး ချလိုက်တော့ သူက အသာယူလျက်သောက်လိုက်ရင်း

"မင်းက စရိုက်ကလေးသာ မကောင်းတာ Coffeeဖျော်တာတော့ကောင်းသားပဲ"

ခပ်ပြုံးပြုံးနဲ့ သူမစိတ်ကို စွနေပြီး ပြောလိုက်၍

"သွားလို့ရပြီနော် ဒါမှမဟုတ် ဒီမှာပဲ နေပြီး ငါ့ကို ဆက်ကြည့်နေချင်လည်း မင်းသဘောပဲ"

"​ဘာကိစ္စ ကြည့်ချင်ရမှာလဲ တကယ်ပါပဲ"

ထိုနေရာမှ ထွက်လာပြီး

"ရူးနေလား မသိဘူး"

ခပ်တိုးတိုးရေရွတ်ပြီး ထွက်လာလိုက်တယ်

ဘယ်ဘဝကရေစက်ကြောင့်များ ဒီလို ဂေါက်ကြောင်က Directorလာဖြစ်နေရတာလဲ

####################

Minaလည်း Jeongyeonနဲ့ အတူတူ သူမအဝတ်တွေ သိမ်းကာ ထုတ်ပိုးနေရင်း တစ်နေကုန်လို့ ကုန်မှန်းမသိ ကုန်ဆုံးသွားလေရဲ့...

ရေချိုးခန်းထဲက ရေပိုက်က ဖွင့်နေပေမယ့် ရေကမလာတော့

"ဒါက ပျက်သွားတာလားမသိ"

Jeongyeonကပါ ရေချိုးခန်းထဲ ဝင်လာရင်း

"ဘာလို့လဲ Minari"

"ဒီပိုက်က ပျက်သွားတာထင်တယ် ရေမလာတော့လို့ "

ပိုက်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေပြီး ပြောနေတဲ့ Mina​ပုံစံကို ကြည့်ကာ ရယ်နေလျက်

"ကိုယ် ကူပေးမယ်"

ပိုက်ကို ကျွမ်းကျင်တဲ့သူတစ်ယောက်လို လုပ်ပေးနေတာမလို့

"Unnieက ဒါလည်း ပြင်တတ်တာပဲနော်"

"ဒါကလွယ်ပါတယ်"

Jeongyeonကပြောရင်း ရေပိုက်ခေါင်းကို ဖြုတ်လိုက်တဲ့ အချိန် ရေတွေကပန်းထွက်လာတော့ သူမရဲ့ ကိုယ်ကို ရေတွေ စိုတဲ့အချိန် Minaအရှေ့မှာ ကျောပေးလျက် ကာထားကာ

"Minari ခဏဖယ်လိုက် ရေစိုသွားလိမ့်မယ်"

Minaလည်း သူမစကားကြောင့် ခပ်ဝေးဝေးမှာ ရပ်လိုက်၍

"ရရဲ့လား Unmie"

ရေတွေ စိုရွှဲနေရင်းပဲ ပိုက်ကိုပြီးတဲ့ထိ ပြင်ပေးလိုက်တာကြောင့် ရေတွေလည်း ထက်မထွက်တော့ဘဲ ရေပိုက်ကလည်း ရေပြန်လာလေသည်

"အဆင်ပြေသွားပြီ"

Minaလည်း သပတ်ကိုယူပြီး သူမမျက်နှာကို သုတ်ပေးဖို့လုပ်တော့ အနည်းငယ်စိုရွဲနေတဲ့ ဆံပင်လေးတွေနဲ့ ရေစက်တွေစီးကျနေတဲ့ သူမလည်တိုင်က တအားစွဲဆောင်မှုရှိနေတယ် ဒါပေမယ့် ဒီလိုပုံစံဆို သူမမြင်ဖူးတဲ့ Chaeyoungက ပိုပြီးကြည့်လို့ကောင်းနေတာပဲ

သပတ်ကို Jeongyeonလက်ထဲ ထည့်လိုက်ပြီး

"Unnie လဲဖို့ အဝတ်စားသွားယူပေးမယ်နော်"

Jeongyeonက ခေါင်းငြိမ့်လိုက်ပြီး

"Omm"

အဆင်ပြေမယ့် ဝတ်စုံလေး ယူလာကာ Jeongyeonကို ပေးလိုက်တဲ့ အချိန် သူမလက်ကို ကိုင်ထားပြီး နားလည်ရခက်တဲ့ ရီဝေဝေ အကြည့်တွေနဲ့ စိုက်ကြည့်နေတဲ့ Jeongyeonပုံစံက သူမကို နေရခက်စေတယ်

Jeongyeonက သူမအနား ပိုမိုကပ်လာတဲ့အချိန်

တိုက်ခန်းတံခါးကို ဖွင့်တဲ့ အသံကြောင့်

"Chaengလား"

Mina ချက်ချင်းပဲ Jeongyeonအနားက ခွာပြီး အပြင်ကိုပြေးထွက်သွားတော့သည်။

တံခါးနားမှာ သူမကို မြင်တော့ Dimpleကြီးတွေ ပေါ်အောင် ပြုံးပြနေတဲ့ Chaeyoungကို မလုံမလဲနဲ့ ကြည့်နေမိပြီး

"Chaeng ဒီနေ့ အစောကြီးပြန်လာတာလား"

Chaeyoungက သူမဖုန်းကို ထုတ်ကာ ကြည့်လိုက်ပြီး

"ဒီအချိန်ပါပဲ Unnieရဲ့ ဘာလို့လဲ"

Chaeyoungဆီက နောက်တစ်ကြိမ်ပြုံးလိုက်သည်။ ထိုအပြုံးမြင်တိုင်း မလုံမလဲ ဖြစ်နေတဲ့ Mina ပုံစံကို ကြည့်ပြီး Chaeyoungက အနားကို တိုးလာ၍ ပါးကို အသာကိုင်လိုက်ရင်း

"Unnie နေမကောင်းဘူးလား"

"မ.. မဟုတ်"

"Minari....."

Jeongyeonဆီက ခေါ်သံကြောင့် Chaeyoungမျက်နှာက ချက်ချင်းပဲ ခက်ထန်သွားပြီး လှည့်ကြည့်လိုက်သည်။ Minaကတော့ Chaeyoungကို ရှင်းပြဖို့ပဲ အာရုံရောက်နေတာကြောင့် သူမလက်ကို ဆွဲလိုက်ပြီး

"Chaeng"

Chaeyoungဆီက သူမကို လှည့်ကြည့်လာတဲ့အကြည့် တစ်ခါမှ မမြင်ဖူးတဲ့ ခက်ထန်နေတဲ့ သူမပုံစံတွေနဲ့ စိတ်ပျက်စွာကြည့်နေတာကြောင့်

"Chaeng သူက Unnieအထုပ်တွေ ကူထုပ်ပေးရင်း စောနမှ ရေပိုက်ပျက်နေတာကို ကူပြင်ပေးတဲ့အချိန် ရေစိုသွားလို့ Unnie အဝတ်တွေ ပေးလဲထားတာ"

Jeongyeonက သူမတို့အနားလာပြီး

"အဲ့လောက်ထိ ရှင်းပြစရာတော့မလိုပါဘူး Minariညီမလေးက နားလည်မှာပါ ဟုတ်တယ်မလား"

Jeongyeonက Chaeyoungထက် အတော်လေး အရပ်ရှည်တာကြောင့် သူမမျက်လုံးတွေ စူးစိုက်စွာ စိုက်ကြည့်ပြီး

"ခင်ဗျားက ဘာကိစ္စ အိမ်အထိ လာကူတဲ့ထိ သဘောကောင်းနေရတာလဲ"

"Chaeng ဧည့်သည်ကို အဲ့လိုပြောစရာလား"

Minaဆီက ခပ်မာမာ အသံကြောင့် သူမဘက် လှည့်ကြည့်ပြီး ဆက်မပြောတော့ဘဲ အခန်းထဲသာ ဝင်သွားလိုက်သည်

Jeongyeonကတော့ ဆိုဖာပေါ်က သူမအိတ်တွေ ယူပြီး

"Minariညီမက ကိုယ့်ကို သိပ်​သဘောမကျဘူးထင်တယ် ဖြစ်တတ်ပါတယ်"

"Chaengက သဘောကောင်းပါတယ် သူUnnie​အကြောင်း မသိသေးလို့ပါ"

Jeongyeonကတော့ ပြုံးသာပြုံးနေပြီး

"ရပါတယ် ညီမလေးလည်း ရောက်ပြီဆိုတော့ ကိုယ်ပြန်တော့မယ် နောက်နေ့မှ တွေ့တာပေါ့"

Minaက Jeongyeonအနောက်ကို လိုက်ပြီး

"ကားနားထိ လိုက်ပို့ပေးမယ်လေ"

Chaeyoung က အခန်းတံခါးကို အနည်းငယ်ဖွင့်လာပြီး

"Mina Unnie"

Chaeyoungဆီက လှမ်းခေါ်ပေမယ့် သူမအသံကို မကြားနိုင်ဘဲ Minaမှ ထွက်သွားခဲ့လေပြီ

အိပ်ရာအထက် မျက်မှောင်ကို ကြုံ့ကာ ထိုင်နေပြီး ခြေစောင့်ကာ အိပ်ရာပေါ်မှာရှိတဲ့ ခေါင်းအုံးကို လွှင့်ပစ်လိုက်သည်

ရှိသမျှ စောင်ကော ဖက်လုံးတွေပါ ကောက်ကာ ပစ်ပေါက်နေတုန်း Minaက အခန်းထဲ ဝင်လာ၍

"Chaeng"

Minaအသံကို မကြားချင်ယောင်ဆောင်လျက် တစ်ဖက်လှည့်ကာ ကျောခိုင်းထိုင်နေတော့ Minaက အနားကို လျှောက်လာပြီး သူမဘေးတွင် ထိုင်​၍

"Chaeng ဘာလို့ စိတ်ဆိုးနေတာလဲ"

Chaeyoungက သူမဘက်လှည့်လာကာ

"Unnieအနားမှာ ဘာလို့ သူ့ကို ခဏခဏတွေ့နေရတာလဲ"

Minaက လက်ကို ငြင်သာစွာ ဆုပ်ကိုင်လိုက်တဲ့အချိန် စိတ်ဆိုးတာတွေ အကုန် မျောပါသွားလေပြီ

"သူက Unnieရဲ့ စီနီယာလေ ပြီးတော့ သဘောလည်း ကောင်းတော့ ရင်းနီးနေကြတာ Unnieကို ကူညီပေးတာကို Chaengက ကောင်းကောင်းပြောရမယ်လေ"

"ဒါပေမယ့်..."

Minaက Chaeyoungရဲ့ ဆံပင်လေးတွေ သပ်ပေးကာ ပန်းနုရောင် နှုတ်ခမ်းဖျားလေးတွေက ကွေးတက်နေ​အောင် ပြုံးပြလိုက်တဲ့အချိန် သူမ ဆက်ပြီး ပြောနိုင်စွမ်းမရှိတော့ပါ

"Chaeng လေးက လိမ္မာတယ်မလား"

သူမအပြုံးတွေအောက် ကျရှုံးနေမိတာမလို့ ပြုစားခံရတဲ့ သူတစ်ယောက်လို ခေါင်းငြိမ့်နေမိတယ်

"Unnieရဲ့ Chaengလေးက လိမ္မာပါတယ်"

ထိုစကားတစ်ခွန်းနဲ့တင် စိတ်ဆိုးနေတာတွေ ဝမ်းနည်းနေတာတွေ အကုန် မြောင်းထဲ ရောက်သွားပြီး ဟန်မဆောင်နိုင်အောင် ပြုံးနေမိတော့

"ညကလေ"

Minaဆီမှ စတင်ပြီး ပြောလာခဲ့တယ်... ညက သူမတို့အနမ်း....

"Omm Unnie ညက Unnieက..."

Minaက ခေါင်းငြိမ့်ပြီး

"Omm..အပြင်မှာပဲ အိပ်သွားမိတယ်မလား တကယ်ပါပဲ အများကြီးကို မသောက်နိုင်တာ"

Minaစကားကြောင့် ငိုရမလိုလို ရီရမလိုလို ဘာဆက်လုပ်ရမှန်းမသိတော့ဘဲ

"Unnie ဘာမှ မမှတ်မိဘူးလား"

"ဘာကိုလဲ"

Minaဆီက ပုံမှန်အတိုင်းပဲ သူမကို ပြန်ကြည့်လာတာမလို့

"Unnie မူးပြီး သီချင်း အကျယ်ကြီးအော်ဆိုတာကိုပြောတာ"

Minaက တအံ့တသြနဲ့

"Unnieလုပ်ခဲ့တာလား"

တစ်ယောက်တည်း အတွေးလွန်ကာ တနေကုန် ရှက်နေမပေမယ့် Mina Unnieကတော့ တကယ်ကို ဘာမှ မမှတ်မိတော့တာပဲ

"အရက်က လူကို တကယ်ရူးစေတာပဲ"

ဆံပင်တွေ ထိုးဖွကာ စိတ်ပျက်စွာ ညည်းနေတဲ့ Minaကို ပြုံးလျက်ကြည့်နေမိသည်။

သူမ တစ်ယောက်တည်းသာ သိတဲ့ Mina Unnieနဲ့ သူမကြားက အရာလေးတစ်ခုပေါ့ ဒီကိစ္စလေးကို ထုတ်ပြောဖို့ သတ္တိဆိုတာ မရှိသေးပေမယ့် တစ်နေ့တော့ ထုတ်ပြောလာနိုင်မှာပါ......

###################

Minaမှ သူမအတွက် ပြင်ပေးထားတဲ့ မနက်စာကို စားဖို့အတွက် ပြင်နေပေမယ့် မျက်နှာရှေ့မှာ စိတ်ပျက်ဖို့ကောင်းအောင် ထိုင်နေတဲ့ သူမရဲ့ စီနီယာဆိုသူ....

"Mina Unnie ပြောင်းတာကို Chaeng ကူပေးလည်းရတာပဲကို"

Jeongyeonက သူမရဲ့ စိတ်ပျက်ဖွယ်ကောင်းတဲ့ ပျားရည်ပေါ်သကြားလောင်းကာ အုံထားတဲ့ အပြုံးတွေနဲ့ Minaကို စိုက်ကြည့်၍ ပြုံးပြနေရင်း

"ကိုယ်က ကားရှိတော့ Minari သက်သောင့် သက်သာ ပြောင်းလို့အောင် ကူပေးချင်တာ"

Minaက ကြားထဲက ခုံမှာ ထိုင်နေတာကြောင့် သူမတို့ နှစ်ယောက်​ကိုကြည့်ကာ လက်နှစ်ဖက်ကို ယမ်းကာရင်း

"နှစ်ယောက်လုံး ကူစရာကိုမလိုတာ Manager Oppaက အားလုံး စီစဥ်ပြီးသား Chaeng လည်း Chaengဘာသာ အလုပ်ကို စိတ်ဖြောင့်ဖြောင့်သွား Jeongyeon Unnieလည်း"

Jeongyeonဘက်ကို လှည့်ပြောတော့ သူက ပြုံးလျက်ပဲ

"ကိုယ်ဒီနေ့အားတယ် Minaကို ကူပေးလို့ ရတယ်"

Jeongyeonဆီမှ ထွက်လာတဲ့ စကားတိုင်းက သူမအတွက်တော့ သိမ်ငယ်စေတယ်... Mina Unnieကို ဂရုစိုက်ပေးတဲ့ ပုံစံတွေက သူမပြန်မလုယူနိူင်တဲ့နေရာအထိ Minaကို ဆွဲခေါ်ဖို့ လုပ်နေသလိုပဲ...

Chaeyoungလည်း စိတ်ညစ်ညစ်နဲ့ ထမင်းချည်းယူစားဖို့ ပြင်လိုက်တဲ့အချိန် Minaက ဇွန်းပေါ်ကို အသားကြော်လာတင်ပေးပြီး

"အများကြီးစား"

၂ယောက်ယှဥ်လျက် ရှိနေတဲ့ ကြားမှာ ပိုပြီး ဂရုစိုက်ခံလိုက်ရတာကြောင့် သဘောကျကာ ပြုံးမိသွားသည်

"Minari ညနေကျရင် Suzy Unnieတို့က လာလည်ဦးမယ်တဲ့ Mina ဆီကို ပါတီပါလုပ်မလို့နေမယ်"

"တကယ်လား မိုက်တာပဲ အခြား Seniorတွေကော လာဦးမှာလား"

Jeongyeonက

"သူတို့အကုန်ပါမှာ ပြောမရဘူး အခုကတည်းက ကြိုရောက်ချင်တောင် ရောက်နေလောက်တယ်"

Minaဆီမှ လှပတဲ့ Gummy Smileတွေက သူမ မဟုတ်ဘဲ အခြားတစ်ယောက်ကြောင့် တောက်ပစွာ ပြုံးရွှင်နေလေရဲ့။

သူမတို့နှစ်ယောက်ပဲ ရှိတယ်လို့ ထင်ခဲ့တဲ့ Minaရဲ့ ကမ္ဘာကြီးကို ရုတ်တရက် သူမမသိ​တဲ့ သူတွေ သူမဝင်လို့မရတဲ့ ကိစ္စတွေဟာ အတင်းဝင်ရောက်လာပြီး ထိုထမင်းစားဝိုင်းကနေ အဝေးကို နှင်ထုတ်လိုက်တယ်

ဘေးနားမှာ ရှိနေပေမယ့် အနားမှာ မရှိတော့တဲ့ ခံစားချက်နဲ့ ဝမ်းနည်းစိတ်တွေကြောင့် မျက်ရည်တွေဝဲတက်လာတဲ့အချိန် သူမပန်းကန်ထဲကို ကြက်ဥလိပ်ကလေး တစ်ခုလာထည့်ပေးကာ ခေါင်းလေးပုတ်လိုက်တဲ့ Minaကို မော့ကြည့်​မိပေမယ့်

"ဝမ်းနည်းမနေပါနဲ့ Unnieလည်း ခဏခဏလာတွေ့မယ် ပြီးတော့ Chaengလည်း လာတွေ့လို့ရတာပဲ"

သူမတစ်ယောက်တည်းသာ ဝမ်းနည်းနေမိပေမယ့် Minaရဲ့ မျက်ဝန်းတွေက တအားပျော်ရွှင်နေတယ်....

ဒီလိုအရာတွေ အခုလိုအခြေနေတွေက သူလိုချင်တဲ့အရာတွေက သူမလုပ်ချင်တဲ့အရာတွေပဲ။ ဒီအရာတွေကို သူမနားလည်ပေးသင့်တာပဲလေ...

Chaeyoungက သူမရဲ့ ပါးချိုင့်များ နစ်ဝင်နေ​အောင် ​ပြုံးပြပြီး

"ခဏခဏ တွေ့ကြမယ်နော်"

Chaeyoungဆီက အပြုံးကို မြင်တော့မှ Minaက သက်ပျင်းချလိုက်လေတယ်။

ထမင်းစားနေတဲ့ Chaeyoung ခေါင်းလေးကို ပုတ်လိုက် ဆံပင်သပ်ပေးလိုက်ဖြင့် သူမရဲ့ ကလေးလေးတစ်ယောက်လို ဂရုတစိုက်ကြည့်နေတာကြောင့်

"Minariကော ထမင်းစားလေ"

Jeongyeon အသံကြားတော့မှ ​Minaကပြုံးပြီး ဇွန်းကို ကိုင်လိုက်တော့သည်။ သို့ပေမယ့် သူမအကြည့်တွေကတော့ ထမင်းစားနေတဲ့ Chaeyoungဆီကနေ မခွာနိုင်တာ သူမကိုယ်သူမတောင် သတိထားမိနေရဲ့လား......

####################

စိတ်နဲ့ လူနဲ့ မကပ်ဘဲ သူမရုံးသွားဖို့ လျှောက်လာတုန်း အရက်မူးနေဟန် လူကြီးတစ်ယောက်က အနားကပ်ကပ်ပြီး ရိသဲ့သဲ့ အလုပ်ခံနေရတဲ့ မိန်းကလေးကြောင့် သူမလည်း​သတိထားကြည့်မိလိုက်တယ်

"Director"

Mo Moရဲ့ လက်ကို ထိုလူမှ လှမ်းဆွဲလိုက်တဲ့အချိန် မနေနိုင်ဘဲ Mo Moအနားကို ပြေးသွားကာ ထိုလူကို ဆွဲဖြုတ်လိုက်ပြီး

"Yah ခင်ဗျား ဘာဖြစ်နေတာလဲ"

ထိုလူက လက်ရွယ်တော့ဟန်ဖြင့်

"ဒီကလေးတွေတော့ တအားရိုင်းနေတာပဲ"

Chaeyoungက သူမ ဖုန်းကို ထုတ်ပြီး

"ခင်ဗျားဘာသာ မူးနေရင်လည်း ချောင်တစ်နေရာမှာ သွားအိပ်နေလိုက် ဆက်ပြီး နှောက်ယှက်မယ်ဆို ကျွန်မ ရဲစခန်းကို ဖုန်းဆက်ရလိမ့်မယ်နော်"

Chaeyoungက ခြိမ်းခြောက်လိုက်တော့မှ ထိုလူက ချက်ချင်းမျက်နှာပျက်ကာ ထိုနေရာကထွက်သွားဖို့ ပြင်နေပြီး

"အခုခေတ်ကလေးတွေများ ဖုန်းလေးရှိတာနဲ့ အားနေ ရဲခေါ်မယ် ရဲခေါ်မယ်နဲ့ တအားရိုင်းဆိုင်းနေကြတာ"

ထိုလူလည်း ထွက်သွားတာမလို့ Chaeyoungလည်း ထိုနေရာမှ ထွက်လာဖို့ ပြင်လိုက်သည်။

သူမ ခါးမှ အင်္ကျီစကို အဆွဲခံထားရမလို့ လှည့်ကြည့်လိုက်မိတော့ တအားကြောက်ပြီး ထိတ်လန့်နေတဲ့ သူမပုံစံ... သူကကြောက်တတ်သေးတယ်လား...

"အဆင်ပြေရဲ့လား Director Hairi"

Momoက သူမကို မကြည့်ဘဲ ခေါင်းကိုသာ ငြိမ့်လိုက်၍

"​ပြေတယ် အဆင်ပြေပါတယ်"

ဆွဲထားတဲ့ Momoလက်ကို ဖယ်လိုက်ကာ

"အဲ့တာဆို သွားလိုက်တော့မယ်နော်"

အေးစက်နေတဲ့ လက်ဖဝါးနဲ့ လက်ကောက်ဝတ်မှ အဆွဲခံလိုက်ရတာမလို့ ကြက်သီးမွှေးညှင်းများပင် ထပြီး Momoဘက်ကို လှည့်၍

"ဘာ​ဖြစ်နေတာလဲ..."

စိတ်မရှည်နေတဲ့ လေသံနဲ့ မေးတော့မှ သူမကိုယ်သူမ ပုံမှန်ဖြစ်အောင် ထိန်းလိုက်ပြီး

"Companyသွားမှာမလား အတူတူ သွားရအောင်"

"ကျွန်မက Busနဲ့သွားမှာ"

အမြဲတမ်း သူမကိုဆို ပြဿနာရှာဖို့လုပ်နေတဲ့ Directorရဲ့ ကြောက်လန့်နေတဲ့ ပုံစံကို မြင်လိုက်ရတဲ့ အချိန် သနားမိပေမယ့် အခုတော့ ပုံမှန် ပြဿနာရှာတော့မယ့်အနေထားပြန်ဖြစ်နေပါပြီ

"ငါလည်း Busနဲ့ သွားမှာ"

Chaeyoungက သူမတို့ခပ်လှမ်းလှမ်းမှ ရပ်ထားတဲ့ ကားကို လက်ညိုးထိုးပြီး

"ခင်ဗျား ကားကရော"

"ငါ့ကားက ပျက်နေလို့ မင်းနဲ့ အတူတူသွားမလို့ ဘာပြဿနာရှိလို့လဲ ငါ့ပိုက်ဆံငါပေးပြီး​ သွားမှာ"

Chaeyoungလည်း သက်ပျင်းချပြီး ထိုနေရာကနေထွက်လာလိုက်တော့သည်။ ဒါပေမာ့် လက်ကောက်ဝတ်ကို ခပ်တင်းတင်းဆွဲထားဆဲကြောင့်

"လက်ကနာနေပြီ"

ထိုအခါမှ အသိဝင်သွားပြီး လက်ကိုလွှတ်ပေး၍

"Sorry"

ဒါပေမယ့် သူမ အင်္ကျီလက်ကိုတော့ ဆွဲထားဆဲပဲ

"ကျေးဇူးပါ စောနက ကူညီပေးခဲ့လို့"

သူမကို မကြည့်ဘဲ ပထမဆုံး ချိုချိုသာသာနဲ့ တောင်းပန်နေတဲ့ Momoပုံစံကြောင့် ခိုးပြုံးလိုက်မိတယ်

"ရပါတယ် ဒီတိုင်း မြင်ရ​တာအဆင်မပြေလို့ အပန်းမကြီးလို့ ဝင်ကူလိုက်ရုံပဲ"

Momoက လမ်းဘေးတစ်လျှောက်မှာ လှပစွာ ပွင့်နေတဲ့ ပန်းလေးတွေကို ကြည့်လိုက် Chaeyoungကို ကြည့်လိုက် ပြုံးနေပြီး ကြောက်လန့်နေတဲ့ စိတ်များလည်း အနည်းငယ်ပြေလျော့လာသည်။ ထိုအခါမှ

"ဒါနဲ့ Chaeyoung မင်းရဲ့ Directorဖြစ်တဲ့ ငါ့ကို ခင်ဗျား ခင်ဗျားနဲ့ ခေါ်တာ တအား ရိုင်းတယ်ဆိုတာ မင်းသိလား "

တကယ်တော့ အခြားသူတွေမရှိတဲ့ချိန်ဆို အမြဲ ပြဿနာ ရှာနေတဲ့ သူမ Directorကို ခင်ဗျားလို့ ​ခေါ်တာက ရိုင်းတယ်ဆိုတာ သူမသိပေမယ့် သူကတစ်စက်မှ လေးစားချင်စရာမကောင်းတာ

"ငါ မင်းလိုလူကို အေးဆေး အလုပ်ထုတ်ပစ်လို့ရတယ် သိလားအဲ့တာ"

ရာထူးကို အလွဲသုံးစားလုပ်ပြီး ချိန်းခြောက်တတ်သေးတယ် အခုလိုပေါ့

"Nae Director Nim နောက်ဆို ဆင်ခြင်ပါ့မယ်"

Bus မှတ်တိုင်ရောက်လာတာမလို့ Chaeyoungနဲ့ အတူတူ ထိုင်ရင်း Chaeyoungကို လှည့်ကြည့်လိုက်သည်

သူမဘက်တစ်ချက်ပင် မလှည့်ဘဲ အိတ်ထဲမှ နားကြပ်ကို ထုတ်ကာ တပ်၍ ထိုင်နေတဲ့ Chaeyoungပုံစံလေးက ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေလေသည်။ အရပ်ကလေးက ပုနေတာမလို့ ခြေထောက်နှစ်​ဖက်ကို လွှဲကာ ထိုင်လို့ရနေတဲ့ သူမပုံစံကို ခိုးကြည့်ရင်း အကြောင်းရင်းမဲ့ ပြုံးနေမိတယ်။ စတွေ့တုန်းကတည်းက ချစ်စရာကောင်းတဲ့ ခပ်စွာ​စွာကလေးဆိုတာ သတိထားမိပေမယ့် အခု ဒီမှတ်တိုင်မှာ ထိုင်နေတဲ့ သူမပုံစံက ပိုပြီး ချစ်ဖို့ကောင်းနေတာပဲ.... နေ့တိုင်း ကားပျက်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ....

######################

အားလုံးပဲ ကျန်းမာရေးကော သွားတာလာတာ အစစအရာရာ ဂရုစိုက်ကြပါ။ အခုချိန်မှာ တအားခက်ခဲနေပေမယ့် မကြာခင် နိုင်မှာပါ အမှန်တရားကိုရော Covidကိုပါ အားလုံးအတူတူ တိုက်ခိုက်နိုင်မှာပါ။ အားတင်းထားပြီး ဆက်လက်အသက်ရှင်ကြရအောင်နော်♥

####################


Zawgyi







###################








You are reading the story above: TeenFic.Net