Chapter 123 (Unicode)

Background color
Font
Font size
Line height

လောင်မန့် ပဟေဠိဆန်စွာ ပြုံးလိုက်ပြီး ကျူးကျူး ချန်ကျမ်းအကြောင်းကို မပြောချင်တာနေမယ်လို့ တွေးလိုက်ကာ 'အနည်းဆုံးတော့ အိမ်နဲ့ပတ်သက်တာ ပြောလိုက်၇တာပဲလေ'

လောင်မန့်  ။ "ဟုတ်တယ်၊ မဟုတ်ဘူး၊ မင်းက မဟုတ်ဘူးဆိုရင်လည်း မဟုတ်ဘူးပေ့ါ"

ကျူးကျူး ။ "???"

'လူနှစ်ယောက်က တကမ္ဘာတည်းမှာပဲ မဟုတ်သလို ခံစားနေရတယ်'

"ဒါနဲ့ ဥက္ကဋ္ဌတု ဒီနေ့ပြန်ရောက်ပြီ။ အခုတခြားသူတွေနဲ့ တွေ့နေတာက လွဲရင်ပေ့ါ"

ကျူးကျူးအချက်အလက်တွေကို ကြည့်နေရင်း စိတ်သိပ်မဝင်စားပဲ မေးလိုက်သည်။

"ဘယ်သူနဲ့လဲ?"

"အဲဒါက....ဘယ်သူလို့ခေါ်ပါလိမ့် ဇူးမာ? သူဌေးတုကို တွေ့ဖို့တောင်းတာလေ။ ကလပ်အကြောင်းပဲ နေမှာပေါ့။ လျှောက်လွှာတင်တဲ့ အချိန်ကလည်း ပြီးသွားပြီ။ ပထမလူရွေးပွဲတောင်ပြီးသွားပြီ။ အခွင့်အရေးရှိမယ်ဆိုရင် တဝက်ကနေ ကြားဝင်ပြီး ပါချင်တာလား မသိတော့ဘူး"

ဒီအပိုင်းရဲ့ ဇာတ်ကြောင်းက ကျူးကျူးရဲ့မှတ်ညဏ်နဲ့ ကိုက်ညီနေသည်။

တုနွမ် ဇူးမာကို အခွင့်အရေးပေးလိုက်တာကို ကျူးကျူးမှတ်မိနေသေးသည်။ ဇူးမာဟာ ဂိမ်းထဲမှာ မထင်မှတ်ထားမှုတွေနဲ့ ကြုံ၇ပေမဲ့ ခြုံငုံပြီးပြော၇ရင် အမှားမရှိပဲ အဆုံးသတ်လိုက်နိုင်ခဲ့သည်။ ကောင်းမွန်တဲ့ တိုးတက်မှုရှိပြီး နောက်ဆုံးအောင်မြင်မှုကို ၇သွားလေသည်။

'ရှုဘီယင်က အဓိကအခန်းကဏ္တက ပါပုံပဲ'

'ရှုဘီယင်က အရမ်းကြီး မကောင်းပေမဲ့ လည်း အခက်ခဲဆုံးအချိန်မှာ ဇူးမာကိုတော့ အားပေးနိုင်သားပဲ။ ပင်ပန်းခံ၇မှုတွေတော့ ရှိမှာပဲ။ ဇူးမာကတော့ သူမကို ဆိုးဆိုးရွားရွားတော့ မဆက်ဆံပါဘူး။ သူမရှေ့မှာ ရှိနေတဲ့အရာအားလုံးကို တန်ဖိုးထားပြီး ချန်ကျမ်းကိုပဲ ငေးကြည့်နေတာကို ရပ်နိုင်ဖို့ မျှော်လင့်ပါတယ်'

တဖက်မှာတော့

တုနွမ်နဲ့ စကားပြောတာပြီးသွားပြီးနောက် ရုံးခန်းထဲကနေ ပုံရိပ်တခုထွက်လာပြီး အဲဒါက ဇူးမာပေ။

သူ့ဘေးမှာတော့ တုနွမ်ရဲ့အတွင်းရေးမှုးရှိနေပြီး ဇူးမာနဲ့အတူလမ်းလျှောက်ကာ သူ့ကို တံခါးဆီ ခေါ်သွားပေးလေသည်။

ဇူးမာ ခြေလှမ်းအနည်းငယ်လျှောက်ပြီး ရုတ်တရက်မေးလိုက်သည်။ "မင်းတို့ရဲ့ CG ဒီဇိုင်းဌာနက ဘယ်မှာလဲ?"

အတွင်းရေးမှုး ။ "အပေါ်ထပ်မှာ။ ဘာဖြစ်လို့လဲ?"

"ဘာမှမဟုတ်ပါဘူး" သူပြုံးလိုက်ပြီး တဖက်လူက လက်ထပ်ပြီးသားဆိုတာကို သတိ၇မိသွားတော့ သူ့မျက်နှာက တခဏလောက် ဝမ်းနည်းသွားသည်။

"အသိတယောက်ရှိလို့ပါ"

ကျူးကျူး အိမ်ကို ပြန်ရောက်နေတာကြာပြီဖြစ်သည်။

ချန်ကျမ်းဟာ စာကြည့်ခန်းထဲကနေ မထွက်သေးတော့ ကျူးကျူးအင်္ကျီအရင်သွားလဲလိုက်ပြီး နူးညံ့တဲ့ဆိုဖာပေါ်မှာ သူမခေါင်းဟာ ကူရှင်ပေါ်မှာမှီပြီး လိမ္မော်သီးခွာကာ သက်တောင့်သက်သာလဲနေသည်။သူမခြေထောက်တွေ ကွေးလိုက်၊ လွှဲလိုက်နဲ့ ခံစားချက်ကောင်းနေပုံပေါ်သည်။

ချန်ကျမ်း စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ကျူးကျူးကို အသက်မပါတဲ့ပုံစံနဲ့ ကြည့်လိုက်သည်။

ကျူးကျူး ခေါင်းကို လှည့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ "ရို့၊ မင်္ဂလာညနေခင်းပါ"

ချန်ကျမ်း အသံထွက်လိုက်ပြီး သူ့ဘေးနားက တယောက်ခုံဆိုဖာမှာထိုင်လိုက်သည်။

ကျူးကျူး လိမ္မော်သီးခွာနေရင်း ရုတ်တရက် စိတ်ဝင်စားစွာနဲ့ မေးလိုက်သည်။ "နင် ဇူးမာရဲ့ အားသာချက်က ဘာလို့ထင်လဲ?"

ချန်ကျမ်းနဲ့ တိုက်ပွဲတုန်းက သိပ်မကြာလိုက်တာကြောင့် ဇူးမာရဲ့ အားသာချက်ကို ကျူးကျူးမသိပေ။

ချန်ကျမ်း သူမကို ကြည့်လိုက်ပြီး သိသာစွာနဲ့ ကျူးကျူးပြောတာကို မကြားချင်ယောင်ဆောင်ဖို့ တုံ့ဆိုင်းနေသည်။

"အဆင်ပြေတယ်"

သူ့ရဲ့အဆင်ပြေတယ်ကတောင် အလွန်ကြီးမားတဲ့ ချီးကျူးမှုပေ။


You are reading the story above: TeenFic.Net