(အပိုင်း၈)ကံကြမ္မာ၏ ​လှောင်ပြောင်မှု

Background color
Font
Font size
Line height

လီယန် သတိပြန်ဝင်သည်နှင့်အာရီယာရှိရာ သို့လှမ်းကြည့်လိုက်မိသည်။

ကြောင်တောင်တောင်မျက်လုံးလေး​​​​ဖြင့်သူ့ကိုပြန်ကြည့်နေသောအာရီယာကိုဘေးမသီ ရန်မခစွာဖြင့် တွေ့လိုက်မှသာစိတ်အေးတော့သည်။

သို့သော်လည်းခနတုန်း သူ့နားထင်ဘေးမှဖြတ်သွားသော မြား၏လာသို့ ကြည့်လိုက်မိသည်။

လီယန်မြင်လိုက်သောအရာကြောင့် သူမျက်နှာတွင်သွေးမရှိတော့သကဲ့သို့ခံစားလိုက်ရသည်။

''raptorအုပ်ကြီး အနည်းဆုံးအကောင်၅၀ထက်မနည်းရှိမည့် အုပ်ကြီး ''

ဟေးဟေး ခဏနေပါအုံး အဲ့ကောင်တွေပေါ်မှာက...အစိမ်းရောင်ကောင်တွေ

ဟုတ်ပါသည် mangaတွေ animeတွေမှာ မြင်ဖူးသည့် goblinကောင်တွေပင်ဖြစ်သည်။

သို့သော်ယခုလီယန်မြင်နေရသည့်ကောင်တွေမှာမူ မြင်ခဲ့ဖူးသည့် အတိုင်း မဟုတ် သားရေဖြင့်ပြုလုပ်ထားဟန်တူသည့် အကျီ ကိုအကောင်တိုင်းနီးပါးဝတ်ဆင်ထား​ပြီး အကာ အနေဖြင့်လည်းဒိုင်းငယ်တစ်ခုကိုကိုင်ဆောင်ထားကြသည်။ တခြားလက်၌မူ လှံ​ရှည်ကိုကိုင်ဆောင်ထားသည်။

အကောင်တိုင်းလိုလိုလည်းraptorတစ်ကောင်စီ စီးနင်းထားကြသည်။

''goblin?...??''အဲ့လိုကောင်လည်းရှိတာလား ''လီယန်စဥ်းစားလို့မဆုံးမီပင် ဘရစ်တိုတစ်ယောက် သူနားသို့လျှင်မြန်စွာရောက်လာပြီး

'' လီယန် မင့်မြင်တဲ့အတိုင်းပဲ ကျုပ်တို့တော့ပြသာနာတက်ပြီ goblinအုပ်စုကနည်းတာမဟုတ်ဘူး ကျုပ်တို့ စစ်သားတွေကြာကြာထိန်းထားနိုင်မှာမဟုတ်ဘူး
အဲ့ဒါ မင့်တို့နှစ်ယောက်ကို ထွက်ပြေးဖို့လာခေါ်တာ နောက်ပြီးဒီလောက်များတဲ့goblinတွေကိုထိန်းချုပ်ဖို့ဆိုတာကလည်း သူတို့ခေါင်းဆောင်က အနည်းဆုံး 3 starရှိရ...''

ဘရစ်တိုပြော၍မဆုံးမီပင် အရှေ့ဘက်ရှိ တိုက်ပွဲသံများ တဖြည်းဖြည်းဖြင့် နီးကပ်လာရာ မြင်နိုင်သောနေရာသို့ရောက်လာသည်။

ထိုစဥ်ပင်...

''ဘုတ်...!!'' ထက်ဝက်ပြတ်နေသော ကိုယ်ပြတ်ကြီးတစ်ခု ဘရစ်တိုဘေးနား ကျလာသည်။

အူများထွက်ကျနေသော ကိုယ်အပိုင်းအစကိုမြင် လိုက်ရသော အာရီယာ ခမျာ အော်ပင်မအော်နိုင်ပဲ ဒူး​ခွေလျက်သား ကျသွားသည်။

လီယန်လည်း ပျို့အန်ချင်သည့်စိတ်ကိုမနည်းပင်ထိန်းထားရကာ အလောင်းရှိရာသို့လှမ်းကြည့်လိုက်မိသည်။

အော့....ထိန်းထားသောအန်ချင်စိတ်မှာ အလောင်း၏မျက်နှာကိုတွေ့လိုက်သည်နှင့်မထိန်းနိုင်စွာထွက်ကျလာတော့သည်။

အာဖယ်လ်.... မနေ့တနေ့ကပင် သူနှင့် ဒီကမ္ဘာကြီးအကြောင်း ပြုံးရယ်စွာ စကားပြောခဲ့သော မျက်နှာကြမ်းနှင့်လူစိတ်ကောင်းကြီး၊ဒီတစ်ခေါက် ကာကွယ်ရေးတာဝန်ပြီးလျှင် အိမ်၌စောင့်နေသော သမီးလေးနှင့်ဇနီးသည်လေးဆီသို့ ပြန်တော့မည် အဖေကြီး

သူ့ကမ္ဘာလေးဆီသို့ မပြန်မီ ကံကြမ္မာဆိုးကြီး ဝင်နှောက်ခြင်းကြောင့်ဤမြေ၌ အသက်ပျောက်လေပြီ။

လီယန်မှာစို့တက်လာသော ဝမ်းနည်းစိတ်ကိုမနည်းပင် မြိုချထားကာ အာဖယ်လ်၏အလောင်း လွှင့်လာသောဘက်သို့ကြည့်လိုက်သည်။

တဟုန်းဟုန်းတောက်နေသောမီးတောက်များကြားတွင် raptorတို့ကိုက်ချက်ဖြင့်တစ်လှည့် goblinတို့လှံချက်ဖြင့်တစ်လှည့် အတုန်းအရုန်း​သေနေကြသောစစ်သားတို့၏မြင်ကွင်းကိုလီယန်မြင်တွေ့လိုက်ရသောအခါ သူ၏စိတ်မှာ အဝီစိတွင်းထက်ပင်နက်မှောင်သွားပြီဟုထင်လိုက်ရသည်။

''ဟေ့ လူလေး ဘာကြောင်နေတာလဲ မြန်မြန်...သွားမယ် ကျုပ်တို့ပြေးကြမယ့်လှည်းက ဟိုဘက်မှာ..လာ''
ဘရစ်တိုကသူ့ပုခုံးကိုကိုင်ပြီး ပြောလိုက်သည်။

လီယန်လည်းအသိစိတ်ပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။

မြေပေါ်၌ဒူးထောက်လျက်သားကျနေသော အာရီယာကို ပွေ့ယူလိုက်ပြီး
ဘရစ်တိုညွှန်ရာဘက်သို့လိုက်သွားလေသည်။

ထိုခိုက် '' ဗုန်း...!!!'' အဝေးမှ သစ်ပိုင်းကြီး တစ်ခုသည် လီယန်တို့တက်ကြမည့် လှည်းကို အပိုင်းပိုင်းဖျက်စီး​လိုက်သည်။

လီယန်တစ်ယောက်အမှောင်အတိဖုံးသွားပြီးဖြစ်သော စိတ်နှလုံးဖြင့်သစ်လုံးလာရာသို့ ကြည့်လိုက်သည်။

ဘယ်အချိန်ကပင်ရောက်နေမှန်းမသိသည့် လူ့နှစ်ရပ်စာနီးပါးမြင့်သော ဘီလူးနဲ့တူသော သတ္တဝါကြီး မှာ သူတို့ကို အလွယ်တကူသတ်ပြစ်နိုင်သော ပုရွတ်လေးများအားကြည့်နေသောအကြည့်ဖြင့်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

ထိုဘီလူးကြီးမှာ မမြင်ဘူးမတွေ့လောက်ပင်ထူးဆန်းသည်။ စိမ်းညစ်သောအသားရောင်ကြီးမားသောနားရွက် ရှည်လျားတုပ်ခိုင်သော မီးကျောင်းနှင့်တူသည့်အမြီး ရှည်ထွက်နေသော နှုတ်သီးနှင့် ထိုသတ္တဝါကြီးအား ဘီလူးဟုခေါ်သည်ထက် မိကျောင်းတစ်ပိုင်းဟုခေါ်မည်မှာပိုမှန်ပေမည်။

ထို့ပြင်လည်းဘီလူးကြီးမှာရှည်လျားသောတင်းပုတ်ကြီးကိုကိုင်ဆောင်ထားလေရာ သူ့ကိုပို၍ကြောက်မက်ဖွယ်ရာကောင်းစေသည်။

ဘီလူးကြီး၏ နှာခမ်းမှ ကြောက်မက်ကောင်းစွာ ပြုံးလိုက်ပြီး မိမိခြေထောက်အောက်တွင်ကျနေသော အာဖယ်လ်၏ကိုယ်တစ်ပိုင်းပြတ်အလောင်းကိုကောက်ယူလိုက်ကာ
'' ကလပ်...!!'' ဟူ၍ လည်ပင်းမှ ဦးခေါင်းဖြုတ်သံထွက်ပေါ်လာသည်။

ထိုဘီလူးမှာ အာဖယ်လ်၏ခေါင်းကိုဖြုတ်ယူ၍ လီယန်တို့ဆီသို့ လွှင့်ပေးလိုက်သည်။

လီယန်မှာတစ်ဖြည်းဖြည်းလှိမ့်လာသော အာဖယ်လ်၏ခေါင်းပြတ်ကိုကြည့်ရင်း သေခြင်းတရား၏ ချောက်ကမ်းပါးတွင်နေဘိသကဲ့သို့...


You are reading the story above: TeenFic.Net