I will always be by your side

Background color
Font
Font size
Line height

ဒီကမ္ဘာပေါ်မှာ ပန်းအမျိုးအစားတွေ အများကြီးရှိတယ်King of flowerလို့ခေါ်ကျတဲ့ နှင်းဆီနီတွေကို သိပ်ချစ်တဲ့မင်းလေးအတွက် နှင်းဆီနီတွေ စိုက်ထားတယ်ဒီနှင်းဆီတွေက တစ်ချိန်ချိန် ကြွေလွင့်မှာပဲအလှတရားတွေ ပြယ်ယ့်အချိန်ရောက်လာမှာပဲဒါပေယ့် ကိုယ့်ရင်ထဲက မင်းမျိုးစေ့ချထားတဲ့ အချစ်ပန်းကတော့ ကမ္ဘာကြီးပျက်သုန်းသွားရင်တောင် ရှင်ကျန်နေဦးမှာပဲဆိုတာ ယုံလား ကိုယ့်အချစ်....။ထာဝရချစ်ခြင်းဆိုတဲ့ ရနံ့မွှေးတွေသင်းပျံ့နေတဲ့
အချစ်ပန်းလေး တည်မြဲစေဖို့အတွက် Jaeyunnieဆိုတဲ့ ကောင်လေးရဲ့ မေတ္တာရေစင်လေးဖြန်းပေးဖို့လိုအပ်နေတယ်ဘယ်လိုလဲ အချစ်.....မင်းနှလုံးသားနဲ့ကိုယ့်နှလုံးသားနှစ်ခုပေါင်းစပ်ရင် ဘယ်လိုလှတဲ့ရောင်စုံချစ်ပန်းလေးတွေထွက်လာလဲသိချင်ဘူးလား.....။

ကိုယ့်နှလုံးသားထဲ စိုက်ဝင်နေတဲ့ ပန်းလေးညိုးနွမ်းသွားဖို့ ကိုယ့်သဲငယ်က ကိုယ့်တစ်ဘဝလုံးကိုယ့်အနားနေပေး....ကိုယ်ကမင်းကိုသဲထဲနစ်ဝင်တဲ့အထိ ချစ်ပေးမယ်

.....................................................................

ညအတော်မိုးချုပ်နေပြီဖြစ်တာကြောင့် ဂျယ်ယွန်းသည် အိမ်ကိုအရမ်းပြန်ချင်နေပြီဖြစ်သည်။

ဟွန်းကလဲ ပြန်မယ်ဟုပြောကာ Jayမိဘတွေကိုသွားနှုတ်ဆက်တာ ခုထိပြန်မလာသေး။အေးကလဲအေးနှင့် ဆောင်းဦးရာသီမို့ ဂျယ်ယွန်းလက်ဖျားလေးတွေပါအေးလာသည်။

နောက်ကျောကို လက်နဲ့ပုတ်ခံရတာကြောင့် လှည့်ကြည့်လိုက်တော့ ဟွန်းဖြစ်နေသည်။ပြုံးပြုံးလေးကြည့်ကာ ပြန်ကျမယ်လို့ပြောကာ ဂျယ်ယွန်းလက်ကိုဆွဲပြီး သူ့ကားဆီသို့ခေါ်လာသည်။အခုမှပဲ လက်ကလေးကအနွေးဓာတ်ရသွားကာ နွေးနွေးလေးဖြစ်နေသည်။ချစ်ရသူအနားနေနေရသည်ကြောင့်လားမသိ.....ဟွန်းလက်နှင့်ထိသမျှက ဂျယ်ယွန်းအတွက် ပျော်စရာတွေကြီးသာဖြစ်နေသလိုလို။တစ်ခါတစ်လေ စိတ်ဒုက္ခသိပ်ပေးတာကလွဲ၍ပေါ့....။

ကားတံခါးလဲ ဟွန်းပဲဖွင့်ပေးကာ safety beltပါသေချာပတ်ပေးသည်။အခုခံစားနေရသော ခံစားချက်ကဘာနှင့် တူသလဲဆိုရင် တနေကုန်အတူလျှောက်လည်ပြီးလို့ အိမ်ပြန်ချိန်ကို ချစ်သူကလိုက်ပို့ပေးခံရသလို။အား.....ဟွန်းရာ မင်းနဲ့အတူချစ်သူတွေဖြစ်ရင် ဘယ်လောက်ကောင်းမလဲ။

အိမ်ပြန်ချိန်တစ်လျှောက်လုံး လမ်းတောက်လျှောက်ကမြင်မြင်သမျှကိုသာ အာရုံစိုက်နေသော ဂျယ်ယွန်းသည် ဟွန်းဘက်သို့တစ်ချက်မျှစောင့်ငဲ့ကြည့်ခြင်းမရှိပေ။အင်းပေါ့လေ......ခုချိန်က သူငယ်ချင်းစည်းထဲမှာဆိုတော့ ဟွန်းကိုပဲကြည့်နေပေးပါလို့ တောင်းဆိုခွင့်မှမရှိသေးတာ။မင်းနဲ့ချစ်သူတွေဖြစ်ရင် လုပ်စရာတွေတပုံကြီးပါလား ဂျယ်ယွန်းရေ.....သိပ်ချစ်မိနေလို့ထင်တယ် တစ်ခုခုစဥ်းစားမိတိုင်း မင်းအကြောင်းကြီးပဲ။

ဂျယ်ယွန်းအိမ်ရှေ့သို့ရောက်သည်နှင့် ကားပေါ်ကဆင်းဟန်ပြင်နေသော ဂျယ်ယွန်းလေးသည် အိမ်ပြန်လိုက်ပို့သူကို ကျေးဇူးတင်စကားတောင်ပြောဖို့ အာရုံရှိပုံမပေါ်ပါ။

"ဂျယ်ယွန်း....ကောင်းကောင်းအိပ်နော် ''

"အထူးဆန်းတွေသိပ်မပြောနဲ့....တနေကုန်ထူးဆန်းနေတာနော်မင်းက''

ကားပေါ်ကဆင်းနေတာတောင် စကားကို ပြန်ခံပြောသေးသည်။ဘယ်လောက် လိမ္မာလိုက်လဲ....။

"အဟင်း....ကြာရင်မင်းသိလာမှာပေါ့ ငါဘာလို့ဒီလိုဖြစ်နေလဲလို့''

ဒီလိုပြောလိုက်မှ လူကိုတစ်ချက်စိုက်ကြည့်ကာ သူသဘောပေါက်ပြီဆိုသော ပုံဖြင့် မျက်ခုံးပင့်ပြကာ ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။

"ကောင်းပြီ ကောင်းပြီ.... ကဲဒါဆို ငါအထဲဝင်တော့မယ် ကားကိုဂရုစိုက်မောင်းနော်''

"စိတ်ပူလို့လား....''

"အေးလေ...ညတော်တော်နက်နေလို့''

ဖြူစင်သောရုပ်လေးဖြင့် စိတ်ပူနေသော ကလေးလေးကိုကြည့်ကာ သဘောတကျရီမိသည်။ချစ်ရသူဆီက စိတ်ပူသည်ဆိုသော စကားတစ်ခွန်းဟာ ဆောင်ဟွန်းရင်ထဲအသည်းထဲထိ အေးမြသွားမယ်လို့ မထင်ထားခဲ့။

"စိတ်ပူရင်....မပြန်တော့ဘူးလေ။မင်းနဲ့တူတူအိပ်မယ်''

ပြုံးစစမျက်နှာဟာ ဂျယ်ယွန်းကို စနောက်နေချိန်တွင် အရမ်းပျော်နေသည်မှာ အသိသာကြီးဖြစ်သည်။

"ဒါဆိုလဲ စိတ်မပူတော့ဘူး....ဒါပဲ ငါအိပ်တော့မလို့''

"ဟက်ဟက်....အင်းပါ မစတော့ဘူး ကားလဲဂရုစိုက်မောင်းမယ်ဟုတ်ပြီလား...''

"အင်း...ပြီးရော''

"အိပ်မက်လှလှမက်ပါစေ...အချစ်လေး''

"မင်း....ငါ့ကိုဘာအချစ်လေးလဲ လိုက်မခေါ်နဲ့...သွားပြီကွာ ဒါပဲအရူးကောင်''

ပြောပြီးပြီးချင်း ချာခနဲလှည့်ထွက်ကာ နောက်ကိုတောင် ပြန်လှည့်မကြည့်တော့သော ကလေးပေါက်။သူဒီလိုရှက်နေပုံမျိုးနဲ့ ဆောင်ဟွန်းကလဲ အကဲပိုတတ်ပုံမျိုးနဲ့တော့ နှစ်ယောက်သား ဟုတ်တော့ဟုတ်နေပါပြီ။

"အရူးလေး....မင်းနေ့တိုင်း ရှက်နေရအောင် ချစ်ပြမှာ''

-
-
-
-
-

အခန်းထဲရောက်တာနှင့် ခုတင်ပေါ်လှဲချမိသည်။ပထမဦးဆုံး အတွေးထဲဝင်လာသည်က ဟွန်း၏အပြုအမူတွေကိုပင်။သိပ်ထူးခြားနေသည် မဟုတ်လား....။ဂရုတစိုက်ရှိကာ တနေကုန်ပြုံးပြပြီး နွေးထွေးသော ဟွန်းကို မကြွေဘူးဆိုလျှင် လိမ်တာပင်။

"အား....ဟွန်း ''

"ဆောင်ဟွန်း''

"ပတ်ဆောင်ဟွန်း''

"အရူးကောင်''

"ငါချစ်ရတဲ့ တစ်ဦးတည်းသော သူ''

နောက်ဆုံးစကားလုံးသည် ဟွန်းထံပါးသို့ ဘယ်ချိန်များမှ ရောက်ပါမည်နည်း။သိပ်ချစ်ကြောင်းတွေပြောကာ ဟွန်းအပေါ် တရားဝင်သဝန်တိုဖို့ ဘယ်လောက်စောင့်ရမလဲ။

............................

"
Boy, you got me hooked onto something
Who could say that they saw us coming?
Tell me
Do you feel the love?''

မနက်ခင်းအစောကြီး ဖုန်းမြည်သံကြောင့် ဂျယ်ယွန်းအိပ်နေရာမှ လန့်နိုးလာသည်။ပုံမှန်ဆို ဘယ်သူခေါ်ခေါ်ပြစ်ထားလိုက်မှာဆိုပေမယ့် ဒီringtoneက တစ်ယောက်သောသူအတွက် ထားထားခြင်းဖြစ်တာကြောင့် အသဲအသန်ထရတာပင်။ကျိန်းစက်နေသော မျက်ဝန်းတို့ကို လက်နှင့်ပွတ်ကာ ဖုန်းကိုယူကြည့်လိုက်လျှင် မနက်ငါးနာရီသာရှိသေးသည်။ဘာကိစ္စ အစောကြီးဆက်တာလဲ....?

"အွန်း...ပြော''

အိပ်ချင်မူးတူးအသံလေးကြောင့် အသဲယားနေသော ဟွန်းသည် အခုချိန်မှာ ဖြစ်နေသမျှကိစ္စအပေါင်းကိုတောင် မေ့သွားလောက်သည်အထိ။

"ဟေး...ဟွန်း ပြောလို့''

"အာ...ငါပြောစရာရှိလို့ အရေးကြီးတယ်''

တည်တည်ငြိမ်ငြိမ်ပြောလာသော ဆောင်ဟွန်းသည် သူ့အသံထဲတွင် စိုးရိမ်မှုအပြည့်နှင့်။

"အင်းအင်း...ပြောငါနားထောင်နေတယ်''

"ဟင်း....ငါမင်းဆီအခုလာခဲ့မလို့ ဘယ်လောက်မှမကြာဘူး ငါကားမြန်မြန်မောင်းလာခဲ့မယ် မျက်နှာသစ်ပြီးစောင့်နေ''

"အာ...ဘာလုပ်ဖို့လဲကွ ငါအိပ်ရေးပျက်နေတာကို''

"အရေးကြီးလို့....အော်...!တစ်ခုမှာဦးမယ် မင်းဖုန်းလုံးဝမဖွင့်နဲ့နော်''

"ဟမ်...ဘာလို့လဲ ''

"ငါပြောတာသာ နားထောင် ငါလာရင်အကုန်ပြောပြမယ်...ငါနဲ့အခုပြောပြီးတာနဲ့ ဖုန်းစက်ပိတ်ထား...ငါတစ်လျှောက်လုံးခေါ်နေမှာနော် ပိတ်ထားလားမပိတ်ထားလားဆိုတာ....''

မနက်အစောကြီး ထူးဆန်းတဲ့စကားတွေပြောနေသော ဆောင်ဟွန်းသည် ချစ်ချင်စရာတစ်ကွက်မှမရှိပေ။အိပ်နေသောလူကို အစောကြီးဖုန်းဆက်ပြီး ဘာတွေပြောမှန်းမသိ။ထုံးစမ်းအတိုင်း အမိန့်ကတသီကြီးပေးသွားသေးသည်။

"ဟင်း....စိတ်ရှုပ်လိုက်တာကွာ ပြီးရော လာရင်လဲမြန်မြန်လာ''

"အင်းအင်း...သိပ်မကြာဘူး အခုဖုန်းချပြီးစက်ပိတ်လိုက်တော့နော်''

"အေးအေး...''

ပြောပြီးပြီးချင်း ဆရာသမား၏အမိန့်ကြောင့် ဖုန်းကိုစက်ပိတ်ထားလိုက်သည်။ထို့နောက် ကုတင်ပေါ်ကမထနိုင်သေးကာ အပျင်းကြောဆန့်မိသည်။ဆောင်ဟွန်း ဘာကိစ္စကြောင့်များလဲ....တကယ်ကိုထူးဆန်းနေတာပဲ။စဥ်းစားလဲ အဖြေမထွက်သောကြောင့် ကိုယ်လက်သန့်စင်ထားလိုက်သည်။

ဆရာသမားပတ်ကြီး မလာခင် မျက်နှာသစ်ထားရသည်။မဟုတ်ရင် ညစ်ပတ်ဟုလိုက်စဦးမှာ အာ့အရူးကောင်က။

ခြံရှေ့ကားရပ်သံ ကြားရသည်ကြောင့် ပြတင်းပေါက်ကလှမ်းကြည့်မိလျှင် ဟွန်းရဲ့ကားအနက်ရောင်လေးဖြစ်နေသည်။ခြံစောင့်ဦးလေးကြီးကလဲ ဟွန်းရဲ့ကားကိုမြင်တာနဲ့ မှတ်မိနေသည်ဖြစ်သောကြောင့် ခြံတံခါးကို ခပ်သွက်သွက်ဖွင့်ပေးထားသည်။ကားမှန်ကိုချကာ ဦးလေးကြီးကို ပြုံးပြီးခေါင်းညိတ်ပြတာကို ဂျယ်ယွန်းမြင်လိုက်သည်။ဟွန်းက သူနဲ့အဆင်ပြေတဲ့သူတွေအပေါ်ဆို တအားmannerကောင်းတတ်သောသူ။သူအမြင်မကြည်သောလူသာ သူ့ရှေ့ရှိနေမည်ဆိုပါက ထိုလူသည် နေရာမှာတင် ထိုင်ငိုချင်လောက်အောင်ထိ စိတ်ဒုက္ခပေးတတ်သည်။တော်ရုံလူဆို ဟွန်းကိုတအားရှိန်လွန်းကာ ဟွန်းရဲ့ဘေးနားမှပင် ဖြတ်မသွားရဲ။စိတ်ရင်းကောင်းပေမယ့် မာနတအားကြီးသော မင်းသားလေးပေါ့.....။

"ကျွီ....''

အခန်းတံခါးကို ဘယ်သောအခါမှ မခေါက်ပဲ ဝင်လာတတ်သော ဟွန်းရဲ့အကျင့်ကို ဂျယ်ယွန်းရိုးနေပြီဖြစ်သည်။အခုလဲ သူ့ကိုယ်ပိုင် အခန်းလိုပင် ဇွတ်ဝင်လာကာ ဂျယ်ယွန်းကို မျက်နှာဆူပြနေသည်။အရူးကောင် မနက်စောစောစီးစီး ဘာဖြစ်လာတာလဲမသိ မကြည်မသာမျက်နှာက အထင်းသား...။

"ဂျယ်ယွန်း...''

"အေးပြော..''

"ငါလာတာတွေ့ရဲ့သားနဲ့ အောက်လေးတောင်ဆင်းမလာဘူး...''

"မင်းကိုကြည်တာမဟုတ်ဘူးနော်...အခုမှငါးနာရီခွဲပဲရှိသေးတာ ငါအိပ်ရေးပျက်အောင်လုပ်တာကို မကျေနပ်သေးဘူး....''

သူအိပ်ရေးပျက်လို့ ဟွန်းကိုမကျေနပ်ဘူးပေါ့...။ဒီကောင်လေးကလေ သူ့ကိုစိတ်ပူလို့ လူကတညလုံးအိပ်လို့တောင်မပျော်။သူ့စိတ်ကို ဘယ်တော့မှ အကောင်းမြင်မလဲမသိ....အာ့နေ့ကရှိလာမှာလဲမဟုတ်ဘူးလို့ထင်ပါရဲ့။

"ကဲ အခုဘာလို့လာတာလဲ လာတဲ့ကိစ္စပြော''

ဂျယ်ယွန်းမေးလိုက်သည်နှင့် ဟွန်း၏မျက်နှာသည် တည်ငြိမ်သွားကာ ဂျယ်ယွန်းထိုင်နေသော ကုတင်ပေါ်သို့ သူလဲထိုင်ချလိုက်သည်။ဂျယ်ယွန်းမျက်လုံးတွေထဲ စိုက်ကြည့်ပြီးနောက် သက်ပြင်းချသေးသည်။သူ့ကိုကြည့်ရတာ တစ်ခုခုကို ပြောမထွက်တဲ့ပုံမျိုး....တအားလဲစိတ်ပူနေသလိုရှိသည်။ဂျယ်ယွန်းရင်ထဲ တစ်ခုခုမကောင်းတာဖြစ်တော့မယ်လို့ခံစားမိသည်။

"ဟွန်း....ဘာဖြစ်လာတာလဲ ငါ့ကိုပြောဦး''

ပကတိကြည်လင်သော မျက်ဝန်းဝိုင်းတို့ထဲ ဖြူစင်ရှင်းသန့်နေဟန်သည် တကယ့်ကိုကလေးလေးတစ်ယောက်သဖွယ်....။
ဒီလိုကောင်လေးကိုများ လူတွေကဘာကိစ္စ စိတ်ဒုက္ခသိပ်ပေးချင်ရတာလဲကွာ....ကိုယ့်ကလေးကအန္တရာယ်တွေများလိုက်တာ။

"ငါပြောမယ် သေချာနားထောင်...ဘာကိစ္စ
ဆိုတာမပြောခင် ကြိုပြောထားချင်တာရှိတယ်။ငါကမင်းကို ဘာတွေဖြစ်နေနေ ဘယ်လိုအခြေနေရောက်ရောက် ငါ့ဘေးနားမှာထားထားမှာပဲ....အာ့တာသိထားပေး''

မျက်ဝန်းတို့ထဲ စိုက်ကြည့်ကာ သေချာပြောလာသော ဟွန်းကြောင့် ပိုစိတ်ပူလာသည်။ဖုန်းကိုပါပိတ်ခိုင်းထားရသည်အထိ ဘာတွေများဖြစ်ပျက်နေလို့လဲ ဂျယ်ယွန်းတကယ်ကိုမသိပေ။

"အင်း...''

ခေါင်းညိတ်ပြကာ မျက်နှာလေးက စိုးရိမ်ဟန်ဖြင့် ခပ်လေးလေးပြောလာသော အသံလေးကြောင့် ဟွန်းမှာ ပြောပြဖို့ရာ အားမရှိသလိုခံစားရသည်။

"မင်းနဲ့ငါ့အကြောင်း   ကျောင်းဖိုရမ်မှာ မဟုတ်တဲ့သတင်းတွေပျံ့နေတယ်''

ရင်ထဲဒိန်းခနဲခုန်သွားရကာ လူတစ်ကိုယ်လုံးအေးစက်သွားသလို ဂျယ်ယွန်းခံစားလိုက်ရသည်။

"ဘာ..ဘာအကြောင်း..တွေလဲ''

ထိန်လန့်နေသော မျက်ဝန်းတို့ကို ကြည့်ကာဆောင်ဟွန်းရင်ထဲ တကယ်ကို ခံစားရသည်။ကိုယ်ကာကွယ်ပေးချင်ဆုံးလူကိုမှ ကြောက်လန့်စိတ်တွေမဝင်အောင်မလုပ်ပေးနိုင်ခဲ့။

ပေါင်ပေါ်တင်ထားတဲ့ ဂျယ်ယွန်းလက်နုနုလေးတို့ကို ဆုပ်ကိုင်ထားမိသည်။အေးစက်စက်လက်ချောင်းလေးတို့က အနည်းငယ်တုန်ယင်နေကာ ဖြူဖျော့နေသလို။

"မင်းနဲ့ငါ....ချစ်သူတွေဖြစ်နေတယ်ဆိုပြီးတော့''

ဂျယ်ယွန်းမျက်နှာလေးဖြူဖျော့ကာ အံ့သြတုန်ယင်သွားသည်။ဘယ်သူကများ ဒီလိုသတင်းကို တင်ရတာလဲ။မဟုတ်မှ ဂျယ်ယွန်းအကြောင်းကို တစ်ယောက်ယောက်များ သိနေလို့လား....။ဟင့်အင်း မဖြစ်နိုင်ဘူး ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးဘူး ဟွန်းကိုချစ်နေတဲ့အကြောင်းကို....။

အတွေးတွေများကာ မျက်နှာငယ်လေးက စိုးထိတ်နေဟန်အပြည့်ဖြစ်နေသည်။ဆောင်ဟွန်းထင်ထားသည်က ဂျယ်ယွန်းဒေါသတအားထွက်ကာ သောင်းကြမ်းနေမှာကိုဖြစ်သည်။အခုတော့ ထိတ်လန့်နေသော ယုန်သူငယ်လေးလို.... ဘာတွေကြောက်နေတာလဲကွာ။

"ဂျယ်ယွန်း...ဂျယ်ယွန်း''

လက်ကလေးကို လှုပ်လိုက်မှ အသိပြန်ဝင်ကာ သူ့ဖုန်းကိုလှမ်းယူပြီးဖွင့်ဟန်ပြင်သည်။
ဆောင်ဟွန်း ချက်ချင်းပင်ဆွဲလုကာ အဝေးသို့ထားလိုက်သည်။

"မင်းဘာလုပ်တာလဲ....ငါအခုသိချင်တယ် ငါ့ဖုန်းပြန်ပေး''

ဒေါသထွက်နေသော ဂျယ်ယွန်းသည် အသံတွေပါ တုန်နေသည်။

"ငါမင်းကိုမကြည့်စေချင်ဘူး....မင်းစိတ်ဆင်းရဲမှာစိုးလို့''

"ငါကြည့်မှဖြစ်မယ်....ငါ့ကိုပြန်ပေးကွာ''

မျက်ဝန်းဝိုင်းတို့ထဲ မျက်ရည်စတွေကထွက်ပြူလာသည်ကြောင့် ဆောင်ဟွန်းထိတ်လန့်သွားရသည်။

"မငိုရဘူး....ဘာတွေကြောက်နေတာလဲကွာ ငါဘေးမှာရှိနေတာပဲ''

"ဟင့်အင်း...မင်းငါ့ကိုမပြချင်ရင် ငါ့ကိုအကုန်ပြောပြ...ဘာကဘယ်လိုစပြီး ဒီကိစ္စဖြစ်လာတာလဲ''

"ဟူး....မင်းကိုဂေးလို့ပြောနေကျတာ''

နာကျင်သွားသော မျက်နှာလေးကို မကြည့်ရက်သောကြောင့် ဒီကိစ္စတွေမပြောချင်သော်လည်း တအားသိချင်နေသော သူလေးရဲ့ အသနားခံမျက်ဝန်းများကြောင့်သာပြောမိတာ။

ပြောပြီးပြီးချင်း ဆုပ်ကိုင်ထားသော လက်ကို အတင်းဖြုတ်ချကာ သူ့ဖုန်းကိုအပြေးသွားယူသည်။ချက်ချင်းပင် ရေချိုးခန်းထဲဝင်ကာ တံခါးကို Lockချလိုက်သည်။

"ဒုန်း ဒုန်း''

"ဂျယ်ယွန်း...အခုတံခါးဖွင့်''

"ဂျယ်ယွန်း....ဖွင့်လိုပြောနေတယ်''

"ရှင်းဂျယ်ယွန်း!!!''

ရေချိုးခန်းတံခါးကို တဒုန်းဒုန်းထုကာ အတင်းဖွင့်ခိုင်းနေသော ဟွန်းကို မသိချင်ယောင်ဆောင်ကာ ဖုန်းကိုသာ တုန်ယင်နေသော လက်တို့က ဖွင့်လိုက်သည်။ဘာတွေဖြစ်ကုန်တာလဲ....ငါဟွန်းကိုချစ်နေတာ တစ်ယောက်ယောက်သိသွားတာလား....ဟင့်အင်းမဖြစ်ဘူးနော်...ဟွန်းနားမှာမနေရတော့ရင် ငါရူးသွားလိမ့်မယ်။

ဖုန်းကိုဖွင့်ပြီးနောက် မဝံ့မရဲလက်တို့က ကျောင်းဖိုရမ်ထဲဝင်လိုက်သည်နှင့် ဟွန်းနဲ့သူ့ရဲ့ပုံတွေက ထိပ်ဆုံးမှာ....။

"ဒါ...ဒါက Jayတို့ပါတီတုန်းကမလား''

ဟွန်းကဂျယ်ယွန်းဆံပင်ကို ငုံနမ်းနေသောပုံဖြစ်ကာ ဂျယ်ယွန်းမျက်နှာတစ်ပိုင်းတစ်စက ပုံထဲတွင်ထင်းနေသည်။ထို့နောက်လူတွေကြပ်နေတုန်းက ဟွန်းတစ်ယောက်ဂျယ်ယွန်းကို သူ့ရင်ခွင်ထဲဆွဲထည့်ထားကာ ဂျယ်ယွန်းနှင့်စကားပြောနေသောပုံဖြစ်သည်။

ပုံရိုက်သူတော်၍ပဲလားတော့မသိ ပုံထဲမှာတော့ဟွန်းနဲ့သူက ချစ်သူတွေလိုပင်။
ပုံတွေမြင်မှ ဂျယ်ယွန်းစိတ်ထဲ ပူထူလာရသည်။ဒါသက်သက်မဲ့ ဂျယ်ယွန်းနဲ့ဟွန်းကို လုပ်ကြံတာ....။Postတင်ထားသူသည် fake accကြီးနဲ့ဖြစ်ကာ ခေါင်းစဥ်တပ်ထားသည်မှာလဲ လူတွေစိတ်ဝင်စားအောင်တပ်ထားသည်။

"ကျောင်းရဲ့နာမည်ကြီးမာနမင်းသားလေးကို ဂေးအောင်လုပ်နိုင်သူ''ဆိုပြီး တပ်ထားပင်။ဂျယ်ယွန်းမှာ ဒေါသထွက်လွန်းလို့ ခန္ဓာကိုယ်ပါ တဆတ်ဆတ်တုန်နေမိသည်။cmtတွေဝင်ဖတ်ကြည့်မိလျှင် တကယ်ကို လူတွေအမုန်းခံနေရသည်ကို အထင်းသားမြင်ရသည်။

"ဟယ်...မထင်ရတာဟယ်...ရုပ်ကြည့်တော့မခုတ်တတ်တဲ့ကြောင်လေးလိုနဲ့ ဟွန်းနားကပ်ပြီး ခိုးစားနေတာကို''

"ဒါက ဟွန်းနားကတစ်ယောက်မလား မာနကြီးသလိုလိုအထာဖမ်းပြီး ကောင်မလေး
​တွေကိုလှည့်မကြည့်တတ်တဲ့ပုံမျိုးလေ...''

"အပေါ်ကတစ်ယောက်ရေ သူကဘယ်လှည့်ကြည့်မလဲ သူလိုချင်တာ ယောကျာ်းလေ''

"ခေတ်ကြီးကဘယ်လိုတွေဖြစ်ကုန်ပြီလဲ ငါ့မင်းသားလေးက တစ်ကယ်ကြီးဂေးသွားပြီလား''

"ဒီသတင်းကမှန်ရဲ့လား....ငါကြားတာတော့ ကျောင်းရဲ့Queen Annaနဲ့ Hoonနဲ့က ချစ်သူတွေဆို''

"အခုကဘယ်ဘက်ကမှ မဖြေရှင်းသေးဘူးဆိုတော့ သုံးပွင့်ဆိုင်များလား...ငါထင်တာမမှားရင် ဟိုဂေးကောင်က ဖြတ်လုတာပဲနေမယ် ဟွန်းနားမှာနေပြီး....တကယ်ရွံစရာပါ''

လူတစ်ယောက်အကြောင်း သေချာမသိပါပဲ ပုတ်ခတ်ပြောဆိုနေရသည်ကို ကြိုက်ကျသည်မှာ လူတွေထုံးစံပင်။ဂျယ်ယွန်းမှာ ဝမ်းနည်းလွန်းလို့ မျက်ရည်တွေပါကျလာသည်။ဘာကြောင့်များ ဘာမှမသိပဲနဲ့များ ငါ့ကို သိက္ခာချချင်ရတာလဲ။

"ငါရှေ့လျှောက် ဟွန်းရှေ့ဘယ်လိုနေရတော့မှာလဲ''

ဝမ်းနည်းစိတ်တို့ ပြည့်နှက်ကာ မျက်ရည်တို့က တသွင်သွင်စီးကျလာသည်။အခန်းအပြင်က ဆောင်ဟွန်းကတော့ လက်မနာသည့်အတိုင်းပင် တဒုန်းဒုန်းထုဆဲ...။

"ဟွန်းရယ်....မင်းအခုဆို ငါ့ကြောင့်အရှက်ရနေပြီ''

"ငါတို့သူငယ်ချင်းတွေလိုပဲ နေနေတာတောင် ငါကမင်းကိုထိခိုက်စေပြီ''

"ရင်ထဲမှာ တိတ်တိတ်လေးချစ်နေတာတောင် ထုတ်မပြောရဲတဲ့ငါ့ကို လူတွေက စနိုက်ကြော်လို့ထင်ရက်ရတယ်လို့....''

တဒုန်းဒုန်းထုသံက ရပ်သွားကာ အပြင်တွင်တိတ်ဆိတ်သွားသည်။အခုချိန်မှာ ဂျယ်ယွန်းအဖြစ်ချင်ဆုံးက ထိုလူနဲ့ဝေးဝေးမှာနေချင်တာပင်။ဟွန်းကတော့ထင်မှာပဲ ဂျယ်ယွန်းကဖြူစင်တယ်လို့။သူ့အထင်တွေမှားနေတယ်ဆိုတာများ သိသွားရင် ဂျယ်ယွန်းကိုဘယ်တော့မှ လာမတွေ့လောက်မှာအသေချာပဲ။

"ဒုန်းးးးးးး''

တံခါးကိုရိုက်ချိုးလိုက်သံသည် ငိုနေသော ဂျယ်ယွန်းကိုပါ လန့်သွားစေသည်။တံခါးဖွင့်မရတာနဲ့ တကယ်ကြီးရိုက်ချိုးပြီးဝင်လာသည်။

ဝင်ဝင်လာချင်း ဂျယ်ယွန်း၏နီရဲနေသော မျက်ဝန်းတစ်စုံကိုတွေ့မိသည်။ရင်ထဲမှာ ဓားတစ်ချောင်းတစ်ရာလောက် စိုက်ဝင်သွားသလို ရင်ဘတ်ထဲကနာသည်။

ဂျယ်ယွန်းဆီအပြေးသွားကာ ကိုယ်လုံးသေးသေးလေးကို ဆွဲဖက်လိုက်သည်။ရင်ခွင်ရောက်မှ ပိုငိုနေသောကြောင့် နောက်ကျောလေးကို ဖွဖွလေးပုတ်ပေးမိသည်။အခုလောက်ဆို သူ့ကိုပြောထားတာတွေမြင်လောက်ရောပေါ့။ဟွန်းတကယ်အသုံးမကျတာ.....သူ့ကြောင့်ဂျယ်ယွန်းနာကျင်ရပြီအခုတော့။

"ဂျယ်ယွန်း ငါတောင်းပန်ပါတယ် ငါ့ကြောင့်ဖြစ်ရတာ''

တုန်ယင်နေသော ခန္ဓာကိယ်လေးကို ပိုတိုးလို့ဖက်ထားမိသည်။ငိုနေသောကြောင့် ဘာမှပြန်မပြောပဲ ဟွန်းပခုံးပေါ်မှာ မျက်နှာအပ်ပြီးငိုနေသည်။

"မငိုပါနဲ့တော့ကွာ....ငါဒီကိစ္စကိုဖြေရှင်းပေးမယ်....နောက်ပြီး ငါတို့က ချစ်သူတွေမှမဟုတ်တာ''

နာလိုက်တာ...။ဒီစကားပြောရတာ ရင်ထဲကနာလိုက်တာ။တစ်ချိန်မင်းနဲ့ချစ်သူတွေဖြစ်ခဲ့ရင်ဆိုပြီး စိတ်ကူးထားသမျှ မင်းငိုနေတာမြင်ပြီး ငါတကယ် စိတ်ကူးတွေအကုန်မှေးမှိန်ကုန်ပြီ။ဂျယ်ယွန်းကိုကြည့်ရတာ ဒီကိစ္စကြောင့် တအားရှက်နေပုံပင်။ယောကျာ်းလေးအချင်းချင်းကြားက အချစ်ကို ဘာလို့များ လူတွေက မစားကောင်းတဲ့အသီးလို ရွံမုန်းနေတာလဲ။

ဂျယ်ယွန်းက အခုဆို ဟွန်းကိုချစ်လာဖို့ဆိုတာ အဝေးကြီးမှာ။မင်းကို ပိုင်ဆိုင်ရဖို့ ငါတော်တော်ကြိုးစားယူရမယ်ထင်ပါရဲ့ ဂျယ်ယွန်းရေ....။

ငိုလို့ဝသွားသည် ထင်ပါရဲ့ ဟွန်းရင်ဘတ်ကို လက်သေးသေးလေးတွေက တွန်းထုတ်ကာ နှာတရှုံရှုံလုပ်နေသည်။ခေါင်းလေးကတော့ ခုထိမော့မလာသေး။

"ငါဒီပုံတင်တဲ့လူတွေကိုရော မင်းကိုပုတ်ခတ်ပြောဆိုတဲ့ လူတွေကိုရော အသက်ရှင်ခွင့်မပေးဘူး...''

"ထားလိုက်တော့...မင်းလဲပြန်တော့ ''

"မပြန်ဘူး မင်းနားမှာပဲနေမှာ''

"ဘာလို့လဲ.... ငါ့နားနေရင် မင်းကိုဂေးလို့ထင်ကျမယ်''

"ဘာဆိုင်လဲ...ငါကအဲ့ဒီလူတွေစကားကို ဂရုစိုက်နေမယ့်ကောင်လို့ ထင်နေလို့လား''

"......''

"ဂျယ်ယွန်း....ငါ့ဘဝမှာမင်းလောက်ဘယ်သူ့မှ အရေးမကြီးဘူး မင်းကိုသိစေချင်တယ်''

မော့ကြည့်လာသော မျက်နှာနုနုသည် ငိုထားသောကြောင့် နှာထိပ်လေးတွေ၊မျက်ဝန်းလေးတွေက နီရဲနေကာ သနားစဖွယ်။

"တကယ်ပြောတာ...ငါမင်းကိုစိတ်ထိခိုက်မှာစိုးရိမ်လို့''

"အဟက်....နောက်ပြီးမင်းကဘာတွေဝမ်းနည်းနေမှာလဲ...သူတို့ပြောသလိုဂေးမှမဟုတ်တာ''

ယုံကြည်ချက်ရှိရှိပြောနေသော ဟွန်းမျက်နှာကို ကြည့်ကာ စိတ်ထဲတွင် မပျော်နေတော့။ငါသာဂေးဖြစ်နေမှန်းမင်းသိသွားရင် မင်းအခုလိုငါ့ဆီအပြေးလာဦးမှာလား....။

"တကယ်လို့ ငါသာဂေးဖြစ်နေရင်ရော?''

"ဟမ်...''

"ဟက်....ဘာမှမဟုတ်ဘူး မင်းပြန်တော့ ငါအေးဆေးနေချင်လို့''

"မင်းဂေးနေလဲ ငါမင်းဘေးနားက ထွက်သွားမှာမဟုတ်ဘူး''

"ဟွန်း...''

"တကယ်ပါ...မင်းငါ့ကိုယုံကြည်လို့ရတယ် မင်းတစ်ခြားတစ်ယောက်ကို ချစ်နေရင်လဲ ငါ့ဆီရင်ဖွင့်ပေါ့ မင်းကငါ့အချစ်ဆုံးပဲ''

ဒီစကားတွေကို ခပ်ပြုံးပြုံးပြောနေပေမယ့် ဂျယ်ယွန်းသာတခြားတစ်ယောက်ကို တကယ်ချစ်နေလို့ကတော့ ထိုလူကိုအသေသတ်ကာ အလောင်းဖျောက်ပစ်မည်လို့ကြိုတွေးထားသည်။ငါ့ကလွဲပြီး မင်းကိုဘယ်သူမှ မပိုင်ဆိုင်စေရဘူး။

"ကျေးဇူးပဲ....ငါ့ကိုအားပေးလို့''

"ပြောနေစရာလား....ငါနဲ့မင်းကြားကရင်းနှီးမှုအကွာအဝေးကဒီလောက်ဝေးနေလို့လား''

ပြောလိုက်ကာမှ ဟွန်းရင်ဘတ်ကို ခပ်ဝေးဝေးတွန်းထုတ်ကာ ''ဟုတ်တယ်အဝေးကြီးပဲ''လို့ပြောကာ တစ်ဖက်သို့လှည့်သွားသည်။အခုမှ စိတ်တို့ပုံမှန်ဖြစ်သွားပုံရသည် ။မျက်ရည်အကြွင်းအကျန်တွေကို ​မမြင်ချင်သည်မို့ ဂျယ်ယွန်းလက်ကိုဆွဲကာ မျက်နှာသစ်ပေးမိသည်။အခုလို ငြိမ်ငြိမ်လေးမျက်နှာသစ်ပေးတာခံနေသော ကလေးပေါက်သည် ရင်ထဲမှာတော့ ဝမ်းနည်းနေဦးမှာ။ဒီနေ့တော့ ဒီကလေးနားကမခွာပဲနေရမည်....စိတ်ညစ်ပြီး တစ်ခုခုလျှောက်လုပ်လိုက်ရင် ဆောင်ဟွန်းပဲ အသဲကွဲရမည်။ဖြစ်နိုင်ရင် အခုသာတစ်ခါထဲ ချစ်ခွင့်ပန်ချင်နေတာဖြစ်သည်။အခုတော့ ခဏလောက်ငြိမ်နေရဦးမည် ဂျယ်ယွန်းလေးစိတ်တွေတည်ငြိမ်သည်အထိ။ရုတ်တရက်ဝင်လာသော အတွေးတစ်ခုကြောင့် ဂျယ်ယွန်းမျက်နှာကို သဘက်နှင့်သုတ်ပေးနေတာကိုရပ်လိုက်သည်။ကလေးပေါက်ကတော့ ဘာလဲဆိုတဲ့အကြည့်နှင့်ကြည့်နေသည်။

"ဂျယ်ယွန်း....မင်းနော် ငါတစ်ခုကြိုပြောထားမယ်...မင်းမဂေးနေပါဘူးဆိုပြီး သက်သေပြချင်တာနဲ့

You are reading the story above: TeenFic.Net