Extra-1 (U+Z)

Background color
Font
Font size
Line height

(Unicode)

Kimအိမ်တော်၏ဧည့်ခန်းထဲတွင်နှစ်ဖက်မိသားစုံစုံလင်စွာရောက်ရှိနေကြသည်

"သားတို့ဒီကိစ္စကိုတကယ်ဆုံးဖြတ်ပြီးသွားပြီလား"

လေးနက်စွာမေးလာတဲ့Appaရဲ့စကားသံကြောင့် သူbabeရဲ့လက်ကိုတင်းကျပ်စွာစုတ်ကိုင်ပြီး တည်ငြိမ်စွာနဲ့ပဲခေါင်းငြိမ့်ပြလိုက်မိတယ်

ဒီကိစ္စကိုလွယ်လွယ်နဲ့ဆုံးဖြတ်ခဲ့ရတာမှမဟုတ်တာ
အချိန်အကြာကြီးစဥ်းစားပြီးမှခက်ခက်ခဲခဲဆုံးဖြတ်ထားခဲ့ရတာမို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့အနေနဲ့အရာရာကိုပြတ်သားစွာပြောနေခြင်းဖြစ်သည်

"ဟုတ်ကဲ့Appa သားတို့နှစ်ယောက်လုံးသေချာတွေးပြီးမှ ကလေးမွေးစားဖို့အတွက်ဆုံးဖြတ်လိုက်တာပါ"

"kyungsoo~~သားလေးရောသဘောတူရဲ့လား အရင်လိုကလေးမဆန်ရတော့ဘဲ သားက ကလေးလေးရဲ့ပါးပါး လုပ်ရမှာနော် အဆင်ပြေရဲ့လား"

ကလေးငယ်ကို သူ့ommaကိုစသလိုနဲ့မေးတော့ ကလေးငယ်ကလည်းတည်ငြိမ်စွာနဲ့ပဲ...

"ဟုတ်Omma!! သားအနေနဲ့ သားရဲ့ကလေးလေးကိုကျွေးမွေးစောင့်ရှောက်နိုင်တဲ့အဖေကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားကြည့်ချင်တယ်"

ကလေးငယ်ရဲ့စကားသံကြောင့် သူ့ရင်ထဲတကယ်ကိုပိတိဖြစ်သွားခဲ့ရတယ် သူ့ရင်ခွင်ထဲက အဆိုးအပေလေးက တကယ်ကိုလူကြီးဖြစ်လာခဲ့ပြီပဲ

"​Ahh~တစ်ခုပြောဖို့ကျန်နေခဲ့တာ"

"ဘာလဲbabeရဲ့ ဘာပြောစရာကျန်နေသေးလို့လဲ"

"babeက ကလေးအထူးကုဆရာဝန်တစ်ယောက်ဆိုတာလည်းမမေ့နဲ့လို့ ပြောချင်သေးတာပါ"

"ဟား...ဟား...ဟား~~~"

ကလေးငယ်ရဲ့ကလေးအထူးကုဆရာဝန်ဆိုတဲ့စကားကြောင့် အကုန်လုံးသဘောတကျဖြစ်ကာ Kimအိမ်တော်ရဲ့အစည်းအဝေးပွဲလေးဟာလည်း စည်စည်ကားကားနဲ့ပြီးဆုံးသွားခဲ့ပါတယ်....

"အာ~~ကိုကိုရင်တုန်လိုက်တာ babeရယ်"

မနက်ကတည်းက ကိုကိုတစ်ယောက် ငြိမ်ငြိမ်မနေနိုင်ပဲ ဟိုနေရာသွားလိုက် ဒီနေရာပြန်လာလိုက်နဲ့ ငြိမ်ငြိမ်ကိုမနေနိုင်သေးဘူး....

"ကိုကိုရယ် အရမ်းကြီးရင်တုန်မနေပါနဲ့ ကလေးလေးကချစ်စရာကောင်းပါတယ်"

သူတို့မြို့ရဲ့မိဘမဲ့ဂေဟာကနေ သူတို့ရဲ့မွေးစားသားလေးကိုစောင့်နေတာကြောင့် ကိုကိုခြေမကိုင်မိ လက်မကိုင်မိဖြစ်နေရခြင်းပေ~~

ဆေးပညာတွေတိုးတတ်မှုတွေကြောင့် သူအနေနဲ့ကိုယ်တိုင်ကလေးယူနိုင်ပေမဲ့လည်း ကိုကိုရဲ့တားမြစ်မှုတွေ စိုးရိမ်ပူပန်မှုတွေကြောင့်သူတို့ကလေးမွေးစားဖို့ကိုသာရွေးချယ်ခဲ့ပေမဲ့ သူ့အနေနဲ့လည်းမိုးမိတာတောင်ဖျားတတ်တာကြောင့် ကိုကိုကစိတ်မချနိုင်ဘူးဆိုပြီး ကလေးမွေးစားဖို့ကပိုပြီးသေချာခဲ့ခြင်းဖြစ်သည်....

"babeကလေးက တစ်လသားလေးပဲရှိသေးတာဆို သေးသေးပိစိနီတာရဲလေးလား"

"တစ်လလောက်ရှိပြီမို့ကလေးလေးက နီတာရဲလေးမဟုတ်တော့ဘူးဗျ ဖွေးဖွေးလုံးလုံးလေးဖြစ်နေပြီ"

သူတို့အနေနဲ့ ကလေးမွေးစားမဲ့အကြောင်းဂေဟာမှာသွားစုံစမ်းတော့ လက်တလောတင် ရက်သားလေးနဲ့လာပြီးစွန့်ပစ်သွားကြောင်းပြောပြတော့ သူတို့ကလေးလေးအပေါ်စိတ်မကောင်းဖြစ်တာကြောင့်ရော ကလေးလေးကလည်း ချစ်ဖို့လည်းကောင်းတာကြောင့် သူတို့မွေးစားခဲ့ခြင်းဖြစ်သည်

ကလေးလေးက သူတို့မိသားစုနဲ့ရေစက်ပါတယ်လို့ပြောရလောက်သည်ထိ ကလေးလေးက kyungsooတို့ဆေးရုံမှာပဲမွေးခဲ့ခြင်းဖြစ်သည် မွေးပြီးတာနဲ့ ကလေးရဲ့မိသားစုက အသိမပေးပဲထားပစ်ခဲ့တာကြောင့် မွေးစားနိုင်ခဲ့တာဖြစ်သည်....

သားသားလေးကိုသူကတွေ့ဖူးပေမဲ့ ကိုကိုကမတွေ့ဖူးသေးတာကြောင့် အခုလိုစိတ်လှုပ်ရှားနေရခြင်းဖြစ်သည်..

ကလေးလေးကိုရက်သားလေးနဲ့စွန့်ပစ်သွားတာကြောင့် ဂေဟာက သူတို့အနေနဲ့မွေးစားမယ်ဆိုတစ်လလောက်မိဘတွေဘက်ကအခြေအနေကိုစောင့်ကြည့်ရမယ်ဆိုတာကြောင့် တစ်လလောက်ထိစောင့်ကြည့်တာတောင် ဘာသတင်းအစအနမှမသိရ မကြားရခဲ့ပါ

အဲ့တာကြောင့် သူတို့ကတရားဝင်စာချုပ်စာတမ်းနဲ့ဒီကလေးလေးကို တရားဝင်Kimမျိုးရိုးအဖြစ်မွေးစားခဲ့ခြင်းဖြစ်သည်

"ကိုကိုရေ သားသားရောက်လာပြီ"

အဖိုးအဖွားတွေရဲ့လက်ထဲတွင် အနှီးထုပ်လေးနဲ့ပတ်ထားတဲ့ဖြူဖြူဖွေးဖွေးသားသားလေးကိုမြင်တော့ ကိုကို့မှာခြေမကိုင်မိ လက်မကိုင်မိကိုဖြစ်လို့

"babeကြည့်ဦး!! သားသားက ကိုကို့ကိုရယ်ပြနေတာ"

ပါးမို့လေးနည်းနည်းတတ်သွားတာကို ရယ်ပြတယ်ဆိုပြီးပျော်နေတဲ့ကိုကိုကြောင့်

"ဟုတ်ပါ့ဗျာ သားသားက babeကိုကြ ဘာလို့မဲ့ပြနေရတာလဲ"

"သားသားက ကိုကို့ကိုပိုချစ်လို့နေမှာပေါ့"

ပါးမို့မို့လေးတွေကိုနမ်းပြီးပျော်နေတဲ့ကိုကိုကြောင့် သူပါထပ်တူဝမ်းသာမိတယ် မိဘမေတ္တာဆိုတာ ကိုယ့်သားသမီးကို ကြည့်နေရရုံနဲ့ တကယ်ကိုပျော်ရွှင်စေနိုင်တာပဲ.....

"ကိုကို သားသားနာမည်အတွက်စဥ်းစားထားပြီလား"

"ဒါပေါ့ ကိုကိုက သားသားအတွက်အကုန်ပြင်ဆင်ထားပြီးသား"

"ဒါဆိုကိုကိုက Babeထက်သားသားကိုပိုချစ်နေတာပဲနော်"

ဟိုနေ့ကပဲ ကျွန်တော်ကပါးပါးလုပ်မယ်လို့ပြောပြီး အခုကြကလေးနဲ့အပြိုင်သဝန်တိုနေပါလား ကလေးငယ်ရာ~~~

"တူမလားbabeရဲ့ သားသားက ကိုယ်တို့ကလေးလေးလေ babeကကိုယ့်ယောကျ်ားလေး ယောကျ်ားကိုပဲပိုချစ်မှာပေါ့ကွ"

အဲ့တော့မှပြုံးရွှင်လာတဲ့ကလေးငယ်ကြောင့် jonginသဘောတကျရယ်မိတော့တယ် မကြာခင်သူကလေးနှစ်ယောက်ထိန်းရမယ့်ပုံတွေက အတွေးထဲတစ်စီတစ်တန်းကြီးမြင်ယောင်နေမိတော့တယ်

ထိန်းပေတော့kim jonginရေ~~~~

"ကိုကို သားသားနာမည်ကိုပြောပြဦးလေ "

"Minsoo~~ ကိုကိုတို့ရဲ့တစ်ဦးတည်းသောသားလေး Kim Minsoo"

"အွန်း~~အဲ့နာမည်လေးကို babeလည်းကြိုက်တယ် minsoo ya~~ပါးပါးရဲ့minsooလေးရေ အူကြု အူကြု!!""

ကလေးဆရာဝန်ပီပီ ကလေးထိန်းကျွမ်းတဲ့babeကြောင့် သားသားကပြုံးလို့ပျော်လို့....

"ကိုကို သားသားအခန်းထဲသွားကြရအောင် သားသားက အိပ်ချင်နေပြီနဲ့တူတယ်"

မိုးပြာရောင်အခန်းလွင်လွင်လေးဟာ ကလေးကစားစရာတွေနဲ့အတူပြည့်နှက်လို့နေတော့တယ်

မိုးပြာရောင်ပုခက်လေးထဲကိုသားသားကိုထည့်ပေးပြီး ဖင်လေးချော့သိပ်လိုက်တော့ သားငယ်လေးဟာ အိပ်မောကျစွာအိပ်ပျော်သွားခဲ့ပြီ

"babeသိလား ကိုကို့ဘဝမှာမြတ်နိုးစရာနောက်တစ်ခုထပ်တိုးလာပြီဆိုကိုလေ"

"ဘာကိုလဲ ကိုကို"

ကလေးပုခက်ဘေးနားမှာရပ်နေတဲ့ကျွန်တော့်အနားကိုတိုးကပ်လာတဲ့ကိုကိုရဲ့လက်သွယ်သွယ်လေးတွေဟာ ကျွန်တော့်ခါးသွယ်သွယ်လေးကိုတင်းကျပ်စွာဖက်တွယ်လာခဲ့သည်...

"အရင်က ကိုကို့ဘဝမှာမြတ်နိုးစရာက babeတစ်ယောက်တည်းရှိခဲ့တာ အခုဆိုသားသားလေးထပ်တိုးလာခဲ့ပြီ ကိုကိုတို့မိသားစုဘဝလေးက အရမ်းကိုပျော်စရာကောင်းနေတော့မှာ"

ကိုကိုဘယ်လောက်ပျော်နေလဲ သူခန့်မှန်းမိပါတယ်
မိသားစုဘဝလေးကိုသူ့အနေနဲ့လည်း အရမ်းကိုလိုချင်ခဲ့တာကြောင့် အခုဆိုအရာရာပြည့်စုံသွားခဲ့ပြီ

သူ့ဘဝမှာ သူချစ်ရတဲ့ကိုကိုရယ် ခုဆိုသားသားလေးလည်းရှိလာခဲ့ပြီ သားသားလေးကိုမိဘမေတ္တာပေးဖို့အတွက်သူတို့ အစွမ်းကုန်ပြုစုပျိုးထောင်ကြရမည်

"ကိုကို သေချာကြည့်ရင် Minsooလေးက babeနဲ့တူတယ်နော် ပါးဖောင်းဖောင်းလေးတွေရယ် ဗိုက်ပူပူကစ်ကစ်လေးရယ် ဟိ!! ချစ်စရာကြီး ပေါက်စီလုံးလေးနဲ့တူတယ်နော်"

ပါးဖောင်းဖောင်းလေးကို လက်ချောင်းလေးနဲ့တို့စိတို့စိနဲ့စနေတာကြောင့် သူတားရတော့မယ် သားသားလေးအိပ်ရေးမဝရင်ငိုနေပါဦးမယ်

"babe~သားသားအိပ်ပါစေ ကိုကိုတို့သားသားအတွက် နို့ဗူးဖျော်ပေးကြမယ်လေ လာ~ သွားကြရအောင်!!"

"နို့မှုန့်၂ဇွန်းပဲထည့်ကိုကို များသွားရင် ရင်ကျပ်လိမ့်မယ်"

အဲ~အဲ~အဲ~~~

"ကိုကို သားသားနှိုးပြီနဲ့တူတယ် နို့ဗူးကိုအေးအောင်လုပ်ပေးထားနော် babe~ သားသားကိုသွားခေါ်လိုက်မယ်"

ပုခက်ထဲမှာမျက်လုံးလေးဖွင့်ပြီး အူအူအဲအဲ လုပ်နေတဲ့ သားသားကိုပွေ့ချီလိုက်တော့ လက်ချောင်းလေးတွေကိုစုပ်ပြီး အော်ပြနေတာ

"အာ~~ပါးပါးသားငယ်လေးက နို့ဆာနေတာပဲ အာပါးက သားသားတွက်နို့ဖျော်ပေးထားပါတယ်ဗျာ သွားကြမယ်နော်!!"

"ကိုကိုဖြေးဖြေးတိုက် သားသားက​​အစားနှေးတယ်ပြောလို့ရတယ် နို့ကိုဖြေးဖြေးချင်းပဲစို့နေတယ်တွေ့လား"

"ကောင်းတာပေါ့ babeနဲ့တူရင် အစားပုပ်လေးဖြစ်သွားမှာပေါ့ နော်~ သားသားလေး"

"ကိုကိုနော် မစနဲ့"

"မစပါဘူးနော် တကယ်ပြောတာပါဗျာ"

စိတ်ကောက်သွားတဲ့ကလေးငယ်ကြောင့် သူပြုံးမိပြန်သည် သားသားကစိတ်မကောက်ရပဲ ပါးပါးကစိတ်ကောက်သွားတာပဲ.....

သူတို့မိသားစုဘဝလေးဟာ အရာရာပြည့်စုံသွားခဲ့ပြီ!!

----------" ------------ " ----------
Extraလေးကိုကြိုက်ကြမယ်ထင်ပါတယ်😆

(ဂျူးမြတ်ပြောပြစရာလေးရှိလို့ပါ Kyungsooအနေနဲ့ဘာလို့ကလေးမွေးစားရလဲဆိုတာကိုလေ ဂျူးမြတ်ယောက်ျားလေးတစ်ယောက်အနေနဲ့ကိုယ်ဝန်ဆောင်တာကိုသေချာမသိတာကြောင့်ရော အမှားတစ်ခုခုပါသွားမှာစိုးတာကြောင့် ကလေးလေးကိုမွေးစားလိုက်တာပါနော် နားလည်ပေးကြမယ်လို့ထင်ပါတယ်)

(Zawgyi)













"ဟား...ဟား...ဟား~~~"
















"babeကြည့်ဉီး!! သားသားက ကိုကို့ကိုရယ်ပြနေတာ"









"တူမလားbabeရဲ့ သားသားက ကိုယ်တို့ကလေးလေးလေ babeကကိုယ့်ယောက်ျားလေး ယောက်ျားကိုပဲပိုချစ်မှာပေါ့ကွ"



"ကိုကို သားသားနာမည်ကိုပြောပြဉီးလေ "

"Minsoo~~ ကိုကိုတို့ရဲ့တစ်ဉီးတည်းသောသားလေး Kim Minsoo"







"ဘာကိုလဲ ကိုကို"






ပါးဖောင်းဖောင်းလေးကို လက်ချောင်းလေးနဲ့တို့စိတို့စိနဲ့စနေတာကြောင့် သူတားရတော့မယ် သားသားလေးအိပ်ရေးမဝရင်ငိုနေပါဉီးမယ်



အဲ~အဲ~အဲ~~~






"ကိုကိုနော် မစနဲ့"




----------" ------------ " ----------


You are reading the story above: TeenFic.Net