B&M -13(Uni)

Background color
Font
Font size
Line height

ကျွန်​တော်​..အ​ပေါ်​ရောက်​တဲ့ထိ..က​လေးတတ်​မလာခဲ့​သေးပါ..
​ခေါင်းမမာပါနဲ့..က​လေးရာ..ကိုကို​တောင်းဆိုပါတယ်​...
ရလာမယ့်​..ကိုကို့ရင်​သွေး​လေးထက်​...
လက်​ရှိ..ကိုယ့်​က​လေး​လေးတစ်​ခုခုဖြစ်​သွားမှာကို..ကိုကို​သေမ​လောက်​ကြောက်​လို့ပါ..က​လေးရယ်​....

ကိုကို...ဒီတခါ​တော့..ဘယ်​လိုမှ..အလိုမလိုက်​နိုင်​ဘူး..က​လေး......

Kyungsooတစ်​ယောက်​..ခုထိကား​ပေါ်မှာငုတ်​တုတ်​ထိုင်​နေဆဲပင်​~~
ပထမဦးဆုံးအကြိမ်​ဖြစ်​..ကိုကိုက..'မင်း' နဲ့ 'ငါ ' ဆိုတဲ့စကားကို..ရင့်​ရင့်​သီးသီး​ပြောသွားခြင်းပင်​.....

ကိုကိုက..ဘာလို့စိတ်​ဆိုးသွားရတာလဲ???
ကျွန်​တော်​များ..အမှားလုပ်​မိခဲ့လို့လား????
ဟင့်​အင်း!! ကျွန်​တော်​မမှားသလို..ကိုကိုလည်းမမှားခဲ့ပါ...
ကံကြမ္မာကမှားခဲ့ခြင်းပင်​....

​ယောက်ျား​လေးနှစ်​ယောက်​တွက်​..က​လေးယူတယ်​ဆိုတာ..
အများအမြင်​..မ​ကောင်းသလို..ကိုယ်​ဝန်​ဆောင်​ရတဲ့..သူအတွက်​လည်း..
အန္တရာယ်​ဖြစ်​တယ်​ဆိုတာ​ကြောင့်​....ကိုကိုကန့်​ကွက်​ခြင်းတစ်​ခုပင်​ဖြစ်​သည်​...

ကိုကိုစိတ်​ဆိုး​နေတာမို့...ကိုကိုအိပ်​လောက်​တဲ့ချိန်​မှသာ...
ကား​ပေါ်ကဆင်းလာခဲ့​တော့တယ်​.....

အိပ်​ခန်းထဲ​ရောက်​တော့...ကိုကို..ကျွန်​တော့်​ကိုအရင်​လို..ယုယုယယဆက်​ဆံခြင်းမရှိခဲ့​ပေ....
ကုတင်​ပေါ်​နောက်​ကျော​ပေးပြီး..အိပ်​နေခြင်းပင်​...

ဟင့်​.!! ပထမဦးဆုံးအကြိမ်​ကျွန်​တော့်​ကို​ကျောခိုင်းခြင်းပင်​...

ငိုတာ​ရော..ပင်​ပန်းတာ​ရော​ပေါင်းပြီး..ကိုကို့​ဘေးနားဝင်​လှဲအိပ်​ပေမယ့်​..
ကိုကိုရဲ့..​နွေး​ထွေးတဲ့ရင်​ခွင်​က..ကျွန်​တော်​ဆီ​ရောက်​မလာခဲ့ပါ....

"ဟင့်​...ကိုကို..ဟင့်​..babeကို..အဲ့လိုမလုပ်​ပါနဲ့..​ကြောက်​တယ်​ကိုကို...!! "

တိုးတိုး​လေးငြီးပြီးသာ...အိပ်​ချင်​နေတဲ့..မျက်​လုံး​တွေကိုမှိတ်​ပစ်​လိုက်​တော့တယ်​...

ပင်​ပန်း​နေလို့ပါ..ကိုကိုရယ်​.......

သူမသိတာက..သူ့ကိုကိုလည်း..အသံတိတ်​ငို​နေခြင်းပင်​.....

မနက်​မိုးလင်း​တော့...ကျွန်​တော်​သည်​..အရင်​လိုကိုကို့..ရင်​ခွင်​ထဲကနိုးထမလာခဲ့ပါ....အရင်​လို..အပြုံးချိုချိုနဲ့..နိုးမယ့်​ကိုကိုလည်းမရှိ​နေပါ....
ကိုကိုအိပ်​ခဲ့လို့..​နွေး​နေတဲ့..ကုတင်​သာရှိ​ခဲ့သည်​...

မျက်​ရည်​ကျပြန်​ပြီ!! မငိုနဲ့..Kyungsoo..အားတင်းထားရမယ်​လေ...
ကိုကိုစိတ်​ဆိုး​နေတာကို..ပြန်​ချော့ရမယ်​လေ.......

" Kyungsoo..မင်းဒီ​နေ့​ကျောင်းသွားရင်​...ငါမလိုက်​ပို့​တော့ဘူး..ကိစ္စရှိလို့​စော​စောသွားရမယ်​...ဦး​လေးကြီးလိုက်​ပို့​ပေးလိမ့်​မယ်​..
ည​နေလည်းပြန်​လာတ​နောက်​ကျမှာ..."

​ရေချိုးပြီး..ပြင်​ဆင်​နေရင်း..​ပြောတဲ့ကိုကို...
အရင်​က..ကျွန်​တော့်​ကို​ကျောင်းလိုက်​မပို့မခြင်း..​အလုပ်​မသွားတဲ့ကိုကိုက..

*ကိုကို..ကျွန်​တော့်​ကိုမချစ်​တော့ဘူးထင်​ပါရဲ့..*

ငိုခြင်း​နေတဲ့စိတ်​ကို..မနည်းမျိုသိပ်​ပြီး..​ရေချိုးခန်းထဲသာ​ပြေးဝင်​လာခဲ့​တော့တယ်​...
အသံထွက်​ငိုမိရင်​လည်း...ကိုကိုကြားသွားမှာဆိုးတာ​ကြောင့်​...
ပါးစပ်​ထဲလက်​ထည့်​ပြီး​တော့သာ..ရင်​ထဲကဝမ်းနည်းမှုမှန်​သမျှကို..လွှတ်​ချလိုက်​တော့တယ်​......

"အား..!!ရင်​ထဲက..ဘာလို့အဲ့​လောက်​တောင်​ပူ​နေရတာတုန်း...
​ရေ! ..ဟုတ်​တယ်​..​ရေ!...ရင်​ထဲ​အေးသွား​အောင်​ရေလိုအပ်​တာ​ပေါ့.."

တစ်​ယောက်​တည်း..​ပြောပြီး..​ဘေးက​ရေပန်းခလုတ်​ကိုနှိပ်​လိုက်​တော့....

"အင်း​...ခုမှပဲ..ရင်​ထဲ​ပေါ့သွားတာပဲ...ဟင့်​..!! "

ရင်​ထဲက​တော့မ​အေးချမ်း​ခဲ့ပါ.လူကတစ်​ကိုယ်​လုံးချမ်း​အေး​နေ​ပေမဲ့...
ဝမ်းနည်းမှုကကြီးစိုး​နေတာမို့...ထိုင်​ပြီး​တော့သာ..ငိုနေလိုက်​တော့တယ်​...

"ကိုကို!! ကျွန်​တော်​..ဝမ်းနည်း​နေတာမို့..အရင်​လိုလာနှစ်​သိမ့်​ပေးပါလား..ကိုကို!! "

မျက်​ရည်​တွေလည်းမသုတ်​ချင်​တော့ပါ...ခုချိန်​မှာတမ်းတာ​နေတာ..ကိုကိုတစ်​ယောက်​တည်းပါ....

တစ်​ရက်​တောင်​..ဒီ​လောက်​ကမ္ဘာပျက်​နေတာ....
ကိုကို့သာပစ်​သွားခဲ့ရင်​...ကျွန်​တော်​သေ​တောင်​သွားမလားကိုကိုရယ်​~~

________________________________________

Jonginကားသား​မောင်း​နေတာ...စိတ်​ကသူ့က​လေးဆီမှာပင်​...
သူသိတယ်​..မ​နေ့ကသူအိပ်​လောက်​ပြီဆိုမှ..က​လေးတစ်​ယောက်​တိတ်​တိတ်​လေးဝင်​လာခဲ့တာ....
ကျွန်​တော်​လုံးဝလှည့်​မကြည့်​ခဲ့တာမို့....

ကုတင်​ဘေးနားလာအိပ်​ပြီး..အသံတိတ်​ရှိုက်​ငို​နေ​လေရဲ့...
ကိုကိုမင်းကို..အလိုမလိုက်​နိုင်​တာမို့...မ​ချော့ဘူးက​လေးငယ်​....
ဒါ​ပေမဲ့...ကိုလည်းမင်းနဲ့အတူ..ထပ်​တူငို​ကျွေး​နေတယ်​က​လေး...

မနက်​မိုးလင်း​တော့လည်း..ကုတင်​ပေါ်ငို​နေတာ​တွေ့သား...
အသံမာမာနဲ့ပဲ...​ကျောင်းမလိုက်​ပို့ဘူးလို့​ပြောလိုက်​တယ်​...
​ကျောင်းလိုက်​ပို့ရင်​...ကျွန်​တော်​တင်းထားသမျှစိတ်​တွေ​လျော့ကြကုန်​မှာ...

သူအဲ့လို​ပြောလိုက်​လို့..​ရေချိုးခန်းထဲဝင်​ငို​နေမယ်​ဆိုတာလည်းသူသိတယ်​....
က​လေးပီပီ...က​လေးစိတ်​နဲ့​တွေး​နေမှာကိုလည်း​ကြောက်​ရတယ်​...

*ကိုကိုက..သူ့ကိုမချစ်​တော့ဘူး* လို့ထင်​နေမယ့်​အ​တွေးကို..သူ​ကြောက်​တယ်​..က​လေး​တစ်​ယောက်​တွေးလိုက်​မှာကို...

အလုပ်​မသွားခင်​...က​လေးကို..​သေချာစောင့်​ရှောက်​ပေးဖို့..အိန်​တော်​ထိန်းဦး​လေးကြီးကိုမှာခဲ့တယ်​....

သူမနက်​စာ​ကျွေးမှစားတတ်​တဲ့က​လေး~~ မနက်​စာ​တောင်​စားပါ့မလား??

သူ့ရင်​တွေတကယ်​ကိုပူ​နေပါတယ်​...
ကား​မောင်းရင်းမျက်​လူံးထဲ​ဝေဝါးလာလို့..ကြည့်​လိုက်​တော့...
hak..ပါးပြင်​ပေါ်မှာ..မျက်​ရည်​တွေ....

မငိုနဲ့..Kim Jongin...မင်းငိုရင်​က​လေးကမကြိုက်​ဘူးမလား??

အဲ့တာ​ကြောင့်​..မငိုပဲ..​နေရမယ်​လေ....

ရင်​ထဲတင်းကျပ်​မှု​တွေ​ကြောင့်​ကားစတီယာတိုင်​ကို..တဖုန်းဖုန်းထုရိုက်​ပြီး..
စိတ်​ဖြေ​ပေမယ့်​လည်း...ရင်​ထဲကတင်းကျပ်​မှုက​တော့​ပျောက်​မသွား....

*ကိုကို​ခုချိန်​မှာ​တောင်းပန်​တယ်​ပဲ​ပြောနိုင်​တယ်​က​လေး*
ကိုကိုဆုံးဖြတ်​ထားတဲ့အရာတစ်​ခုကို..ကိုကိုမပြင်​နိုင်​ဘူးက​လေး~~

အိမ်​တော်​ထိန်းဦး​လေးကြီးတစ်​ယောက်​...ပူပင်​နေရပြန်​ပြီ..
အရမ်းချစ်​ကြတဲ့..ဒီက​လေးနှစ်​ယောက်​လုံး..ဘာဖြစ်​ကြလဲမသိ...
ညထဲက..မျက်​နှာမ​ကောင်းဖြစ်​နေကြတာ...

မနက်​ကလည်း..သခင်​လေးက..သူ့က​လေးကို​စောင့်​ရှောက်​ဖို့မှာသွား​သေးတယ်​...

က​လေးကြ​တော့လည်း..ခုချိန်​ထိဆင်းမလာ​သေး.....

"ဟင်း!! ဒီက​လေးနှစ်​ယောက်​နဲ့​တော့..."

မ​နေနိုင်​တော့တဲ့အဆုံး..က​လေးငယ်​ရှိတဲ့အခန်းဆီသာလာလိုက်​တော့တယ်​..

"ဟင်​!!​အိပ်​ယာ​ပေါ်မှာလည်းမရှိ...​ရေချိုး​နေတာများလားမသိ!! "

​ရေချိုးခန်းကအသံ​တွေကြား​တော့..တံခါးမပိတ်​ထားတာလည်းပါ​တော့..ဖွင့်​ကြည့်​လိုက်​တော့..​ရေပန်း​အောက်​မှာ​မေ့​နေတဲ့..က​လေးငယ်​...

"Kyung..သားငယ်​..သတိထား​လေ..သားငယ်​..သားငယ်​.."

ဘယ်​လောက်​ခေါ်​ခေါ်က​လေးငယ်​က​တော့..သတိလစ်​နေဆဲပင်​~~

အိမ်​တော်​ထိ်​န်းကြီးလည်း..ချက်​ချင်း..family doctorကို..phဆက်​ခေါ်ရ​တော့တယ်​....

သခင်​လေးကို..phဆက်​ပေမဲ့...လုံးဝမကိုင်​ခဲ့ပါ.....

ဘာ​တွေဖြစ်​နေကြတာလဲ..သခင်​လေးတို့ရယ်​????

"စိုးရိမ်​စရာ​တော့မရှိပါဘူး...​ရေထဲအကြာကြီး​နေလိုက်​တော့..အ​အေးပတ်​သွားတာပါ...လူနာကို​သေချာဂရုစိုက်​ပေးလိုက်​ပါ..
စိတ်​ခံစားချက်​ကြောင့်​လည်း..လူကလဲသွားတာပါ..."

ဆရာဝန်​စကားကို​သေချာနား​ထောင်​ပြီး...က​လေးငယ်​က​တော့ဆေးထိုး​ပေးထားတာမို့..မှိန်း​နေ​လေရဲ့....

တချက်​တချက်​..သခင်​လေးနာမည်​ကိုသာတ​နေ​လေရဲ့.....

Kyungsoo..တစ်​ကိုယ်​လုံးကိုက်​ခဲပြီး..​ခေါင်းလည်းမူး​နေတာမို့..
လှဲ​နေရာက..မနည်းအားတင်းပြီး.ထထိုင်​တုန်း...
ဝင်​လာတဲ့..အိမ်​တော်​ထိန်းဦး​လေးကြီး....

"သားငယ်​..မထနဲ့...လှဲ​နေ..​နေ​ကောင်းတာလည်းမဟုတ်​ပဲနဲ့..သားငယ်​ရယ်​..
အားနည်း​နေတာ...​ဆေးလည်းသွင်းထားတာမို့..ခဏနား​နေလိုက်​ဦး​နော်​..
လိမ္မာတယ်​နော်​..သားငယ်​က.."

"ကိုကို​ရော...ဦး​လေး..ပြန်​ရောက်​ပြီလား..??"

အိမ်​တော်​ထိန်းကြီး..မျက်​နှာပျက်​သွားတာ​တော့မြင်​လိုက်​သေးတယ်​..

"သခင်​လေးကို..phဆက်​ထား​ပေမဲ့..မကိုင်​ဘူးသားငယ်​...
အလုပ်​မအားလို့​နေမှာပါသားငယ်​ရယ်​..."

ကြားရတဲ့စကား​ကြောင့်​..လူကပိုလို့ပင်​..အားအင်​တွေ​လျော့သွား​တော့တယ်​..
အရင်​ကဖျား​နေပြီဆို....ဘယ်​အလုပ်​ပဲဖြစ်​ဖြစ်​..ချက်​ချင်း​ပြေးလာတတ်​တဲ့ကိုကို...
တစ်​ခုခုဆိုတာနဲ့..အရင်​ရောက်​လာတတ်​တဲ့ကိုကိုက...
ခု​တော့..ကျွန်​တော်​နားမ​ရောက်​လာ​သေးဘူး​နော်​...

ကျွန်​တော်​အခုအရမ်းပင်​ပန်း​နေတာမို့..ကိုကို့ရင်​ခွင်​ထဲအိပ်​ချင်​နေတာ ကိုကို!!.
ကိုကိုဘာလို့မလာ​သေးတာလဲ....

ကျွန်​တော်​ထင်​ထားတဲ့အတိုင်း....

"ကိုကိုကကျွန်​တော့်​ကို..တကယ်​မချစ်​တော့ဘူးပဲ....."

T~B~C~~~~~

You are reading the story above: TeenFic.Net