Part-12

Background color
Font
Font size
Line height

Unicode

"ဥက္ကဋ္ဌ နောက်လ Vancouver မှာလုပ်မယ့် ပန်းချီပြပွဲအတွက် ကျွန်တော်တို့ ပြခန်းဘက်ကကမ်းလှမ်းထားတဲ့ ပန်းချီ artist တွေထဲမှာ Victory Kim လို့ခေါ်တဲ့ သူက ကမ်းလှမ်းမှုကို ငြင်းပယ်ထားပါတယ်"

"ငါတို့ဘက်က စကမ်းလှမ်းတာတောင် အရှားအပါးကို သူကဘာလို့ ငြင်းရတာလဲ.....ဟုတ်ပါပြီ အဲ့တာဆိုလည်း....ဒါပေမယ့် သူက နာမည်အကြီးဆုံးဖြစ်နေတော့ လွယ်လွယ်နဲ့တော့ ရမယ်မထင်ဘူးလေ အဲ့တော့ ဒီအပတ်ထဲ ငါနဲ့တွေ့ဖို့ချိတ်ပေးပါ မရရအောင် ခေါ်ခဲ့"

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ"

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး ကျန်အလုပ်ဆက်လုပ်နေလိုက်သည်။

အတွေးထဲကို ဝင်လာပြန်တာက Kim Tae Hyung

သူလည်း ပန်းချီဆွဲရတာ သိပ်ကြိုက်တာ။
သူနဲ့ရှိတုန်းကလည်း ခဏခဏဆွဲနေတာ
တွေ့ဖူးသည်။

သူ့နာမည်ကလည်း Kim မျိုးရိုး။
သူ့ကိုသူ Victory လို့လည်းပြောဖူးတာမို့
သူများဖြစ်နေမလားလို့ နည်းနည်းလေးရတဲ့
သဲမှုန်စလေးဖြစ်နေရင်တောင် မျှော်လင့်ချက်ထားနေခဲ့မိတာပဲ။

သူဖြစ်နေမလားဆိုတဲ့ အတွေးတွေနဲ့ ဘယ်တုန်းကမှ ပြခန်းဘက်က ကမ်းလှမ်းဖူးခြင်းမရှိတာတောင် စပြီးဖိတ်ခေါ်ခဲ့တာ။

အကြောင်းအရင်းက တစ်ခုတည်း သူများဖြစ်နေမလားလို့။

Tae accident ဖြစ်တယ်ဆိုတာလည်း ကြားရော
စေ့စပ်ပွဲကနေတောင် ထထွက်လာခဲ့သည်။

ဆေးရုံကို လာကြည့်ခဲ့တာလည်း
တစ်ခေါက်တည်းဆိုပေမယ့် နောက်လာမတွေ့တော့တာလည်း ရှေ့က အပြစ်တွေနဲ့ပေါင်းပြီး Tae ကို မျက်နှာပြဖို့ မဝံ့တော့တာကြောင့် နောက်ထပ် အကြောင်းအရင်းအမျိုးမျိုးတွေကြောင့်ရောပေါ့။

အဲ့တာတွေကို Tae မမြင်နိုင်ဘူးဆိုတောင်မှ အခုတော့ ပြန်တွေ့ရင် ရှင်းပြချင်မိတယ်။

Tae အပေါ်လိမ်ထားမိသမျှ လိပ်ပြာမလုံတော့လို့ သိမ်ငယ်ပြီး လာမတွေ့တော့တာပါ။

၈ နှစ်လုံး ပစ်ထားခဲ့တာမှ မဟုတ်ဘဲ။
လိုက်ရှာနေခဲ့တာလည်း မဟုတ်ဘဲ မျက်စိရှေ့ရှိရက်နဲ့ကို ကွယ်ရာကနေ စောင့်ကြည့်နေခဲ့ရတာ။

Tae abroad ထွက်သွားတာသိတော့ လိုက်လာချင်ပေမယ့် Tae အနှောင့်အယှက်ဖြစ်မှာစိုးလို့။

Tae Canada မှာ ရှိနေတာ သိပေမယ့် Tae ကို
မနှောင့်ယှက်ချင်လို့ တိတ်တိတ်လေးပဲ ကြည့်နေခဲ့တယ်။

ဒါပေမယ့် ရုတ်တရက်ကြီး ပျောက်သွားပြန်ပြီး
Canada မှာရှိတယ်ဆိုတာကလွဲလို့ ဘယ်မှာနေလဲတောင် မသိခဲ့ရပဲ မျက်ခြေဖြတ်သွားခဲ့တယ်။

မောင် မင်းကိုတွေ့ရင် အားလုံးရှင်းပြပါမယ် Tae ရယ်။

Tae အထင်လွဲနေတာရော။ Tae မောင့်ကို
မုန်းသွားရင်တောင် မချစ်တော့ရင်တောင်...
ပြန်မချစ်နိုင်ရင်လည်း အမုန်းပြယ်တဲ့ထိ
မောင် ဒူးထောက်ပြီး လိုက်တောင်းပန်ပါ့မယ်။

မောင့်အရှုပ်တွေအကုန်ရှင်းပြီးပြီမို့ Tae ကိုပဲ

ဦးစားပေးတော့မယ်။

Tae မျက်နှာ တစ်ကမ္ဘာလုပ်ပြီး တစ်စိမ့်စိမ့်ထိုင်ကြည့်နေပါ့မယ်။

အခုကစပြီး မောင့်ဘဝကို Tae လက်ထဲထည့်ပေးမယ်လို့ မောင် ဆုံးဖြတ်ပြီးသား။

မောင့်ကို Tae ပဲ ပိုင်ရမယ်။ Tae ကို အပိုင်ပေးမှာ။

____________

ပြပွဲအတွက် ပြခန်းကို ကိုယ်တိုင် စစ်ဆေးချင်တာရော သူ့ကိုတွေ့ချင်တာရောကြောင့် Canada ကို အစောကြီးတည်းက ကြိုလာခဲ့သည်။

လေယာဥ်ကို ဆယ်နာရီထက်မနည်း စီးလာရသည့်မို့ ခရီးကပန်းနေပြီ။

Flight ဆင်းပြီးတာနဲ့ ကားပေါ်တက်ပြီး Hotel ကို တန်းသွားတုန်း ဒီနိုင်ငံရဲ့ တစ်စိတ်တစ်ဒေသမှာ Tae ရှိနေပါလားဆိုတဲ့ အသိက လူကိုနည်းနည်းတော့ သက်သာစေသည်။

"ဥက္ကဋ္ဌ Victory Kim က မနက်ဖြန် မနက် ၁၀ နာရီ downtown ထဲက café shop တစ်ခုမှာ သီးသန့်ပဲတွေ့ချင်ပါတယ်လို့ သူ့ဘက်က နေရာကို ချိတ်လာပါတယ်"

"ရတယ် အဲ့မှာပဲတွေ့ကြတာပေါ့ မနက် စောစောသွားကြမယ်"

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ"

မနက်ဖြန်တွေ့ရမည့်လူကိုတော့ စိတ်လှုပ်ရှားမိသား။ Jeon Jung Kook....ရူးနေပြီပဲ။

ဘယ်သူဘယ်ဝါမှန်းမသိ တစ်ခါမှ အရိပ်အယောင်တောင် မမြင်ဖူးတဲ့လူကို Kim Tae Hyung ပါလို့ တစ်ထစ်ချ ယုံနေတာလား။

ဒါပေမယ့် တကယ်ပဲ Tae ဖြစ်နေမလား။
ဖြစ်မနေဘူးလား။

မောင့်ကို ပြောခဲ့ဖူးတဲ့အတိုင်း Tae ဝါသနာပါတာကို တကယ်အကောင်အထည်ဖော်နိုင်ခဲ့တာဆိုရင် သိပ်ကောင်းမှာပါ။

Tae ဖြစ်ပါစေ။ မဟုတ်ဘူး။ Tae ဟုတ်ကိုဟုတ်တယ်မလား။

___________

သူ့လုပ်ငန်းစုအောက်က Gallery မို့ လာကမ်းလှမ်းတာတောင် ငြင်းပယ်ခဲ့တာ။

အဲ့တာကို မရရအောင် ခေါ်မည့်ပုံဖြင့်
လူချင်းဆွေးနွေးရအောင်တဲ့။

တကယ်တော့ လွမ်းမိပါသည်။
စိတ်လည်းနာမိသည်။

တစ်ခါမှ လူလုံးထွက်မပြခဲ့တာမို့ တွေ့ရမည်ဆိုရင်တောင် Victory Kim အနေနဲ့ သွားမတွေ့ချင်။

ဒါပေမယ့် မပြီးပြတ်သွားတဲ့ ကိစ္စတွေကို
သူရောမှတ်မိမလားဆိုတဲ့ မျှော်လင့်ချက်ဖြင့်
လက်ခံမိခဲ့သည်။

Jimin က Toronto ရောက်နေတာမို့ ဖုန်းနဲ့လှမ်းပြောပြပြီး တိုင်ပင်ကြည့်တော့ အစက ဆက်ငြင်းဖို့ အကြံပေးပေမယ့် နောက်ကျ မင်း အဆင်ပြေတယ်ဆိုရင်တော့ သွားပေါ့လို့ ပြောသည့်အတွက် တကယ်လည်း သူဘာမှမလုပ်ထားပဲ။ အမှားလုပ်ထားတာသူမှမဟုတ်တာ။

အဲ့တော့မှ ယုံကြည်ချက်အပြည့်အဝထားနိုင်ပြီး
ရဲဆေးတင်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

တကယ်ပဲ ငါ့ကို သိနေဦးမှာလား။
ဘယ်လိုဆက်ဆံပြဦးမှာလဲ။

မနက်ချိန်းထားတဲ့ နေရာရောက်တော့
သူကကြိုရောက်နေသည်တဲ့။

လိုက်ပို့ပေးသည့် အခန်းရှေ့ရောက်တောင်
ခဏစိတ်ငြိမ်အောင် အသက်ဝဝရှူပြီးမှ တည်တည်ငြိမ်ငြိမ်ဝင်သွားမိသည်။

တံခါးဖွင့်ဝင်လာတော့မှ မော်ကြည့်လာသည့် အတွေးများနေဟန် လူတစ်ယောက်။

မျက်လုံးဝိုင်းဝိုင်းတွေကတော့ မပြောင်းလဲ။
တောက်ပပြီး ဝိုင်းစက်နေဆဲ။

သန့်ပြန်လွန်းသည်။ ချောမောလွန်းသည်။
ဂုဏ်ရှိန်ဂုဏ်ဝါ ကြီးကျယ်လွန်းသည်။

လှန်တင်ထားတဲ့ ဆံပင်များကြောင့် ပေါ်နေတဲ့နဖူးနဲ့ သွယ်တန်းနေတဲ့ မျက်ခုံးများက လူကြီးပိုဆန်စေသည်။

အင်းလေ ငယ်ငယ်ကလိုမှမဟုတ်တော့ဘဲ။
အသက်ကလည်း ၃၀ နားနီးနေသလို အချိန်တွေလည်းကြာခဲ့ပြီလေ။ သူလည်းရင့်ကျက်လာပြီပေါ့။

ယဥ်ကျေးမှုအရ အရိုအသေတစ်ချက်ပြုပြီးမှ

"ထိုင်ပါ"

သူ့ဆီကထွက်လာသော ပထမဆုံးစကား။

"ဟုတ်ကဲ့"

သူ့အရှေ့နေရာတွင် ဝင်ထိုင်လိုက်သည်။

_____________

တကယ်သာသူဆိုရင် ဘယ်လိုများဖြစ်နေမလဲလို့ ပုံဖော်နေစဥ် ကြားရသော တံခါးဆွဲဖွင့်လာသံ။

ဟုတ်ပါစေဟုဆုတောင်းရင်း လှည့်ကြည့်လိုက်မိတော့ တကယ်ပဲ.....တကယ်ပဲ Tae ဖြစ်နေခဲ့သည်ကိုး။

အတိုင်းမသိဝမ်းသာမိပါသည်။ ဖြစ်ပေါ်လာသော ခံစားချက်တို့ကို ခဏထိန်းချုပ်ပြီး ခပ်တည်တည်ဖြင့်ထိုင်ပါဟုပြောလိုက်တော့ အရှေ့တွင် ဝင်ထိုင်လာသည့်သူ။

ထိုအညိုရောင်မျက်လုံးများ။ မျက်လွှာကိုမချထားဘဲ စူးစူးရဲရဲ ပြန်ကြည့်နေသည်။

ထိုနှုတ်ခမ်းရဲရဲ။ အရင်က ခဏခဏအလည်သွားဖူးသည့်နေရာ။

အရာအားလုံးဟာ ပြောင်းလဲလာပြီး Tae ကိုယ်တိုင်လည်း အများကြီးပြောင်းလဲသွားပြီပဲ။

စက္ကန့်ပိုင်းလောက် မျက်လုံးချင်းဆုံနေပြီးမှ
သူ့ဘက်က ထပ်ပြောလိုက်မိသည့်စကား။

ဒါဟာဒုတိယအကြိမ်။
မေးခွန်းက ကိုယ်ရေးကိုယ်တာ ဆိုင်သွားနိုင်သည်။

"ဒီအတောအတွင်း အဆင်ပြေခဲ့ရဲ့လား"

21.5.2022

>>>>><<<<<

Zawgyi

"ဥကၠ႒ ေနာက္လ Vancouver မွာလုပ္မယ့္ ပန္းခ်ီျပပြဲအတြက္ ကြၽန္ေတာ္တို႔ ျပခန္းဘက္ကကမ္းလွမ္းထားတဲ့ ပန္းခ်ီ artist ေတြထဲမွာ Victory Kim လို႔ေခၚတဲ့ သူက ကမ္းလွမ္းမႈကို ျငင္းပယ္ထားပါတယ္"

"ငါတို႔ဘက္က စကမ္းလွမ္းတာေတာင္ အရွားအပါးကို သူကဘာလို႔ ျငင္းရတာလဲ.....ဟုတ္ပါၿပီ အဲ့တာဆိုလည္း....ဒါေပမယ့္ သူက နာမည္အႀကီးဆုံးျဖစ္ေနေတာ့ လြယ္လြယ္နဲ႔ေတာ့ ရမယ္မထင္ဘူးေလ အဲ့ေတာ့ ဒီအပတ္ထဲ ငါနဲ႔ေတြ႕ဖို႔ခ်ိတ္ေပးပါ မရရေအာင္ ေခၚခဲ့"

"ဟုတ္ကဲ့ပါ ဥကၠ႒"

ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ၿပီး က်န္အလုပ္ဆက္လုပ္ေနလိုက္သည္။

အေတြးထဲကို ဝင္လာျပန္တာက Kim Tae Hyung

သူလည္း ပန္းခ်ီဆြဲရတာ သိပ္ႀကိဳက္တာ။
သူနဲ႔ရွိတုန္းကလည္း ခဏခဏဆြဲေနတာ
ေတြ႕ဖူးသည္။

သူ႔နာမည္ကလည္း Kim မ်ိဳး႐ိုး။
သူ႔ကိုသူ Victory လို႔လည္းေျပာဖူးတာမို႔
သူမ်ားျဖစ္ေနမလားလို႔ နည္းနည္းေလးရတဲ့
သဲမႈန္စေလးျဖစ္ေနရင္ေတာင္ ေမွ်ာ္လင့္ခ်က္ထားေနခဲ့မိတာပဲ။

သူျဖစ္ေနမလားဆိုတဲ့ အေတြးေတြနဲ႔ ဘယ္တုန္းကမွ ျပခန္းဘက္က ကမ္းလွမ္းဖူးျခင္းမရွိတာေတာင္ စၿပီးဖိတ္ေခၚခဲ့တာ။

အေၾကာင္းအရင္းက တစ္ခုတည္း သူမ်ားျဖစ္ေနမလားလို႔။

Tae accident ျဖစ္တယ္ဆိုတာလည္း ၾကားေရာ
ေစ့စပ္ပြဲကေနေတာင္ ထထြက္လာခဲ့သည္။

ေဆး႐ုံကို လာၾကည့္ခဲ့တာလည္း
တစ္ေခါက္တည္းဆိုေပမယ့္ ေနာက္လာမေတြ႕ေတာ့တာလည္း ေရွ႕က အျပစ္ေတြနဲ႔ေပါင္းၿပီး Tae ကို မ်က္ႏွာျပဖို႔ မဝံ့ေတာ့တာေၾကာင့္ ေနာက္ထပ္ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးေတြေၾကာင့္ေရာေပါ့။

အဲ့တာေတြကို Tae မျမင္ႏိုင္ဘူးဆိုေတာင္မွ အခုေတာ့ ျပန္ေတြ႕ရင္ ရွင္းျပခ်င္မိတယ္။

Tae အေပၚလိမ္ထားမိသမွ် လိပ္ျပာမလုံေတာ့လို႔ သိမ္ငယ္ၿပီး လာမေတြ႕ေတာ့တာပါ။

၈ ႏွစ္လုံး ပစ္ထားခဲ့တာမွ မဟုတ္ပဲ။
လိုက္ရွာေနခဲ့တာလည္း မဟုတ္ဘဲ မ်က္စိေရွ႕ရွိရက္နဲ႔ကို ကြယ္ရာကေန ေစာင့္ၾကည့္ေနခဲ့ရတာ။

Tae abroad ထြက္သြားတာသိေတာ့ လိုက္လာခ်င္ေပမယ့္ Tae အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔။

Tae Canada မွာ ရွိေနတာ သိေပမယ့္ Tae ကို
မေႏွာင့္ယွက္ခ်င္လို႔ တိတ္တိတ္ေလးပဲ ၾကည့္ေနခဲ့တယ္။

ဒါေပမယ့္ ႐ုတ္တရက္ႀကီး ေပ်ာက္သြားျပန္ၿပီး
Canada မွာရွိတယ္ဆိုတာကလြဲလို႔ ဘယ္မွာေနလဲေတာင္ မသိခဲ့ရပဲ မ်က္ေျချဖတ္သြားခဲ့တယ္။

ေမာင္ မင္းကိုေတြ႕ရင္ အားလုံးရွင္းျပပါမယ္ Tae ရယ္။

Tae အထင္လြဲေနတာေရာ။ Tae ေမာင့္ကို
မုန္းသြားရင္ေတာင္ မခ်စ္ေတာ့ရင္ေတာင္
ျပန္မခ်စ္ႏိုင္ရင္လည္း အမုန္းျပယ္တဲ့ထိ
ေမာင္ ဒူးေထာက္ၿပီး လိုက္ေတာင္းပန္ပါ့မယ္။

ေမာင့္အရႈပ္ေတြအကုန္ရွင္းၿပီးၿပီမို႔ Tae ကိုပဲ

ဦးစားေပးေတာ့မယ္။

Tae မ်က္ႏွာ တစ္ကမာၻလုပ္ၿပီး တစ္စိမ့္စိမ့္ထိုင္ၾကည့္ေနပါ့မယ္။

အခုကစၿပီး ေမာင့္ဘဝကို Tae လက္ထဲထည့္ေပးမယ္လို႔ ေမာင္ ဆုံးျဖတ္ၿပီးသား။

ေမာင့္ကို Tae ပဲ ပိုင္ရမယ္။ Tae ကို အပိုင္ေပးမွာ။

____________

ျပပြဲအတြက္ ျပခန္းကို ကိုယ္တိုင္ စစ္ေဆးခ်င္တာေရာ သူ႔ကိုေတြ႕ခ်င္တာေရာေၾကာင့္ Canada ကို အေစာႀကီးတည္းက ႀကိဳလာခဲ့သည္။

ေလယာဥ္ကို ဆယ္နာရီထက္မနည္း စီးလာရသည့္မို႔ ခရီးကပန္းေနၿပီ။

Flight ဆင္းၿပီးတာနဲ႔ ကားေပၚတက္ၿပီး Hotel ကို တန္းသြားတုန္း ဒီႏိုင္ငံရဲ႕ တစ္စိတ္တစ္ေဒသမွာ Tae ရွိေနပါလားဆိုတဲ့ အသိက လူကိုနည္းနည္းေတာ့ သက္သာေစသည္။

"ဥကၠ႒ Victory Kim က မနက္ျဖန္ မနက္ ၁၀ နာရီ downtown ထဲက café shop တစ္ခုမွာ သီးသန႔္ပဲေတြ႕ခ်င္ပါတယ္လို႔ သူ႔ဘက္က ေနရာကို ခ်ိတ္လာပါတယ္"

"ရတယ္ အဲ့မွာပဲေတြ႕ၾကတာေပါ့ မနက္ ေစာေစာသြားၾကမယ္"

"ဟုတ္ကဲ့ပါ ဥကၠ႒"

မနက္ျဖန္ေတြ႕ရမည့္လူကိုေတာ့ စိတ္လႈပ္ရွားမိသား။ Jeon Jung Kook....႐ူးေနၿပီပဲ။

ဘယ္သူဘယ္ဝါမွန္းမသိ တစ္ခါမွ အရိပ္အေယာင္ေတာင္ မျမင္ဖူးတဲ့လူကို Kim Tae Hyung ပါလို႔ တစ္ထစ္ခ် ယုံေနတာလား။

ဒါေပမယ့္ တကယ္ပဲ Tae ျဖစ္ေနမလား။
ျဖစ္မေနဘူးလား။

ေမာင့္ကို ေျပာခဲ့ဖူးတဲ့အတိုင္း Tae ဝါသနာပါတာကို တကယ္အေကာင္အထည္ေဖာ္ႏိုင္ခဲ့တာဆိုရင္ သိပ္ေကာင္းမွာပါ။

Tae ျဖစ္ပါေစ။ မဟုတ္ဘူး။ Tae ဟုတ္ကိုဟုတ္တယ္မလား။

___________

သူ႔လုပ္ငန္းစုေအာက္က Gallery မို႔ လာကမ္းလွမ္းတာေတာင္ ျငင္းပယ္ခဲ့တာ။

အဲ့တာကို မရရေအာင္ ေခၚမည့္ပုံျဖင့္
လူခ်င္းေဆြးေႏြးရေအာင္တဲ့။

တကယ္ေတာ့ လြမ္းမိပါသည္။
စိတ္လည္းနာမိသည္။

တစ္ခါမွ လူလုံးထြက္မျပခဲ့တာမို႔ ေတြ႕ရမည္ဆိုရင္ေတာင္ Victory Kim အေနနဲ႔ သြားမေတြ႕ခ်င္။

ဒါေပမယ့္ မၿပီးျပတ္သြားတဲ့ ကိစၥေတြကို
သူေရာမွတ္မိမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ျဖင့္
လက္ခံမိခဲ့သည္။

Jimin က Toronto ေရာက္ေနတာမို႔ ဖုန္းနဲ႔လွမ္းေျပာျပၿပီး တိုင္ပင္ၾကည့္ေတာ့ အစက ဆက္ျငင္းဖို႔ အႀကံေပးေပမယ့္ ေနာက္က် မင္း အဆင္ေျပတယ္ဆိုရင္ေတာ့ သြားေပါ့လို႔ ေျပာသည့္အတြက္ တကယ္လည္း သူဘာမွမလုပ္ထားပဲ။ အမွားလုပ္ထားတာသူမွမဟုတ္တာ။

အဲ့ေတာ့မွ ယုံၾကည္ခ်က္အျပည့္အဝထားႏိုင္ၿပီး
ရဲေဆးတင္သြားမည္ဟု ဆုံးျဖတ္လိုက္သည္။

တကယ္ပဲ ငါ့ကို သိေနဦးမွာလား။
ဘယ္လိုဆက္ဆံျပဦးမွာလဲ။

မနက္ခ်ိန္းထားတဲ့ ေနရာေရာက္ေတာ့
သူကႀကိဳေရာက္ေနသည္တဲ့။

လိုက္ပို႔ေပးသည့္ အခန္းေရွ႕ေရာက္ေတာင္
ခဏစိတ္ၿငိမ္ေအာင္ အသက္ဝဝရွဴၿပီးမွ တည္တည္ၿငိမ္ၿငိမ္ဝင္သြားမိသည္။

တံခါးဖြင့္ဝင္လာေတာ့မွ ေမာ္ၾကည့္လာသည့္ အေတြးမ်ားေနဟန္ လူတစ္ေယာက္။

မ်က္လုံးဝိုင္းဝိုင္းေတြကေတာ့ မေျပာင္းလဲ။
ေတာက္ပၿပီး ဝိုင္းစက္ေနဆဲ။

သန႔္ျပန္လြန္းသည္။ ေခ်ာေမာလြန္းသည္။
ဂုဏ္ရွိန္ဂုဏ္ဝါ ႀကီးက်ယ္လြန္းသည္။

လွန္တင္ထားတဲ့ ဆံပင္မ်ားေၾကာင့္ ေပၚေနတဲ့နဖူးနဲ႔ သြယ္တန္းေနတဲ့ မ်က္ခုံးမ်ားက လူႀကီးပိုဆန္ေစသည္။

အင္းေလ ငယ္ငယ္ကလိုမွမဟုတ္ေတာ့ပဲ။
အသက္ကလည္း ၃၀ နားနီးေနသလို အခ်ိန္ေတြလည္းၾကာခဲ့ၿပီေလ။ သူလည္းရင့္က်က္လာၿပီေပါ့။

ယဥ္ေက်းမႈအရ အ႐ိုအေသတစ္ခ်က္ျပဳၿပီးမွ

"ထိုင္ပါ"

သူ႔ဆီကထြက္လာေသာ ပထမဆုံးစကား။

"ဟုတ္ကဲ့"

သူ႔အေရွ႕ေနရာတြင္ ဝင္ထိုင္လိုက္သည္။

_____________

တကယ္သာသူဆိုရင္ ဘယ္လိုမ်ားျဖစ္ေနမလဲလို႔ ပုံေဖာ္ေနစဥ္ ၾကားရေသာ တံခါးဆြဲဖြင့္လာသံ။

ဟုတ္ပါေစဟုဆုေတာင္းရင္း လွည့္ၾကည့္လိုက္မိေတာ့ တကယ္ပဲ.....တကယ္ပဲ Tae ျဖစ္ေနခဲ့သည္ကိုး။

အတိုင္းမသိဝမ္းသာမိပါသည္။ ျဖစ္ေပၚလာေသာ ခံစားခ်က္တို႔ကို ခဏထိန္းခ်ဳပ္ၿပီး ခပ္တည္တည္ျဖင့္ထိုင္ပါဟုေျပာလိုက္ေတာ့ အေရွ႕တြင္ ဝင္ထိုင္လာသည့္သူ။

ထိုအညိဳေရာင္မ်က္လုံးမ်ား။ မ်က္လႊာကိုမခ်ထားပဲ စူးစူးရဲရဲ ျပန္ၾကည့္ေနသည္။

ထိုႏႈတ္ခမ္းရဲရဲ။ အရင္က ခဏခဏအလည္သြားဖူးသည့္ေနရာ။

အရာအားလုံးဟာ ေျပာင္းလဲလာၿပီး Tae ကိုယ္တိုင္လည္း အမ်ားႀကီးေျပာင္းလဲသြားၿပီပဲ။

စကၠန႔္ပိုင္းေလာက္ မ်က္လုံးခ်င္းဆုံေနၿပီးမွ
သူ႔ဘက္က ထပ္ေျပာလိုက္မိသည့္စကား။

ဒါဟာဒုတိယအႀကိမ္။
ေမးခြန္းက ကိုယ္ေရးကိုယ္တာ ဆိုင္သြားႏိုင္သည္။

"ဒီအေတာအတြင္း အဆင္ေျပခဲ့ရဲ႕လား"

21.5.2022


You are reading the story above: TeenFic.Net