TeenFic.Net Stories that stay with you ♥
Part : 15 [ U & Z ]
Uni❤️
ဒီညဒီမှာအိပ်မယ်လို့ပြောပြီးအပြင်ထွက်သွားပြန်တယ် ။ ဘယ်သွားတယ်ဘာညာလည်းပြောမသွားဘူး ကိုယ့်ကိုအရေးမလုပ်တာသိပေမဲ့လည်းအခုလိုနှစ်ယောက်တည်းရှိနေတဲ့အချိန်မှာတော့ပြောသွားသင့်တာပေါ့ ။ သူဘယ်အချိန်မှပြန်လာမယ်မသိတော့ ကိုယ်ကသူပြန်လာတဲ့အထိစောင့်နေရမှာလား ။ မစောင့်ဘဲအိပ်နှင့်ရင်လည်းသူပြန်လာရင်တံခါးကဘယ်သူထဖွင့်ပေးမှာလည်းစိတ်ညစ်တယ် ။ သူကပြောမသွားတော့ကိုယ်ကပဲလှမ်းမေးရမှာပေါ့ ။
ရှောင်းကျန့်ဖုန်းခေါ်နေတာသုံးခါရှိနေပြီ အခုထိမကိုင်သေးဘူး ။ အဲ့တော့ဒီကအိပ်နှင့်ရမှာလား ထိုင်စောင့်နေရမှာလား ။
Ring ...
" Hello "
" ဖုန်းခေါ်ထားလို့လေဘာပြောမလို့လဲ .. အစောကသန့်စင်ခန်းသွားနေလို့မသိလိုက်တာ "
" ဘယ်အချိန်ပြန်လာမှာလဲ၊ကျွန်တော်ကစောင့်ပြီးတံခါးဖွင့်ပေးရမှာမို့ "
" အာ .. sorry ကိုယ်မေ့သွားတယ်၊အခုပြန်လာပြီ၊နာရီဝက်လောက်ပဲစောင့် "
" အင်း၊ဟုတ်ပြီ "
တီ ~ ~ ~
ဖုန်းချပြီးသွားမှရေချိုးခန်းထဲဝင်ခြေလက်သန့်စင်လိုက်သည် ။ နာရီဝက်လောက်အချိန်ကိုအလကားထိုင်စောင့်ရမှာပျင်းလို့ ညကျတော့လည်းအေးအေးလေးအိပ်ချင်လို့ခြေလက်သန့်စင်အဝတ်အစားလဲလိုက်တော့အဆင်ပြေသွား၏။
တီတီတီ !!!
အဝတ်အစားလဲပြီးလို့အောက်ဆင်းမို့အလုပ် ခြံရှေ့ကကားသံကလည်းထွက်လာသည် ။ ခြံတံခါးဖွင့်ပေးပြီးပြန်ပိတ်ပြီးတဲ့အချိန် ကိုငယ်ကအပေါ်တောင်တတ်သွားပြီဖြစ်သည် ။
ရှောင်းကျန့်တစ်ယောက်အခန်းထဲလိုက်ဝင်သွားတော့ ဆိုဖာပေါ်မှာခပ်လျှောလျှောထိုင်နေတဲ့ကိုငယ့်ကိုတွေ့လိုက်သည် ။ အခန်းထဲအရက်နံ့ကလှိုင်လို့ !
" အငယ် ~ "
ခေါ်တာကိုကအာလေးလျှာလေးနဲ့ အရက်သမား !
" အငယ် ! ခေါ်နေတာမကြာဘူးလား "
" ကြားတယ် "
" ကြားရင်ထူးလေကွာ "
" အခုထူးပြီမလား ဘာလဲပြော "
" ဟ!ဒီမှာငါ့ကိုရေပတ်တိုက်ပေးဖို့အဝတ်အစားလဲပေးဖို့အစီအစဉ်မရှိဘူးလား "
" ဘာ !! "
" ဘာလို့အော်နေတာလဲကွာ "
ဘာလို့အော်နေတာလဲတဲ့ .. အံ့ဩလိုက်တာ၊သူမူးရူးလာတဲ့အချိန်ကျ ကိုယ့်ကိုသန့်ရှင်းရေးလုပ်ခိုင်းနေတယ် ။ ဘယ်သူကသူ့ကိုသောက်ခိုင်းနေလို့လဲ သူ့ဘာသာသောက်ပြီးသူ့ဘာသာသန့်ရှင်းရေးလုပ်ပါ့လား ။ စိတ်ထဲသာပြောနေတာအပြင်မှာကျ လက်ထဲမှာရေဇလုံနဲ့ပဝါတစ်ထည်ကအသင့်ယူပြီးနေပြီ ။
စိတ်မသက်မသာဖြစ်နေပေမဲ့လို့ မူးနေတဲ့လူနဲ့ပြိုင်မပြောချင်တော့တာကြောင့်သူပြောသလိုရေပတ်တိုက်ပေး အဝတ်လဲပေးရတော့သည် ။ သူ့အဝတ်ကအိမ်မှာမရှိလို့ bathrobe တစ်ထည်သာဝတ်ပေးထားလိုက်သည် ။ အားလုံးပြီးတာနဲ့သူ့ကိုအိပ်ယာပေါတင်ပေးလိုက်ပြီး သူ့အဝတ်တွေကိုမနက်ပြန်ဝတ်လို့ရအောင်လက်နဲ့ပဲလျှော်ပြီးလှမ်းပေးထားလိုက်သည် ။
သူ့အဝတ်တွေလှမ်းပြီးတာနဲ့ aircon ကိုလည်းအအေးနဲနဲထပ်လျှော့ပြီး သူ့ရဲ့ဘယ်ဘက်မှာသူ့ကိုကျောပေးရင်းဝင်အိပ်လိုက်သည် ။ မျက်လုံးလေးမှိန်းပြီးအိပ်ပျော်မလို့ရှိသေးတယ် အနောက်ကနေခါးကိုလာဖက်သည့်သူကြောင့်မျက်လုံးကပြန်ပြူးချင်လာသည် ။ ဘာလဲ ! အိပ်ရင်းနဲ့ယောင်ပြီးလာဖတ်တာလား ...
အိပ်ပြီလားသိချင်စိတ်ရယ် အသားယူချင်စိတ်ရယ် နှစ်ခုလုံးကြောင့်အငယ့်ရဲ့ခါးလေးကိုသာသာလေးဖက်လိုက်တော့အနည်းငယ်တွန့်သွားပေမဲ့ ငြင်းဆန်ခြင်းတော့မပြု ။ နောက်တစ်ဆင့်တတ်ပြီးသူ့တစ်ကိုယ်လုံးကိုကိုယ့်ရင်ခွင်ထဲထိရောက်အောင်တိုးဖက်လိုက်သည် ။ ထို့နောက်ရင်ခွင်ထဲကအကောင်ပေါက်လေးရဲ့နားရွက်လေးနဲ့လည်ပင်းတွေကိုမထိတထိနမ်းရှုံ့လိုက် လျှာနဲ့မထိတထိလျှက်လိုက်နဲ့အသားယူနေလိုက်သည် ။
ဒါကိုလည်းရင်ခွင်ထဲကအကောင်ပေါက်ကတစ်ချက်တစ်ချက်တွန့်တွန့်သွားတတ်ပေမဲ့ ငြင်းတော့မငြင်းလာသေး ။ လူကအစကတည်းကရဲတင်းပါတယ်ဆို alcohol လေးကလည်းဝင်ထားတဲ့အရှိန်နဲ့ဆိုတော့လက်ရဲဇက်ရဲကပိုရှိလာသည် ။ မတိတထိနမ်းတာကိုအားမရတော့တာနဲ့လည်ပင်းသားတွေကိုစုပ်ယူရင်း marking တွေစိတ်ကြိုက်ပေးလိုက်သည် ။ ခါးကလက်တွေကလည်းအင်္ကျီထဲတိုးဝင်ပြီးဗိုက်သားချက်ချက်လေးကိုပွတ်သပ်ပေးနေမိသည် ။ ထို့နောက်ရင်ဘတ် !
" အင့် ~ ကို ~ "
" ဟင်းးးး "
ကိုငယ်လည်းအသက်ရှုသံတွေအရမ်းမြန်နေပြီ ။ ကိုယ်ကလည်းကိုငယ့်အပေါ်အစကတည်းကမရိုးမသားစိတ်ဝင်နေတော့ ဘာမှမစဉ်းစားမိဘဲကိုငယ်ပြုသမျှနုနေမိတာ ။ အမှန်တိုင်းပြောရရင်သာယာမိနေတာ ~
ထို့နောက်ကိုငယ်ကငုတ်တုတ်ထထိုင်ကာသူ့ကိုပါဆွဲထူလေသည် ။ ပြီးတာနဲ့ကမူးရှူးတိုး နှုတ်ခမ်းကိုစုပ်ယူပြီးနမ်းနေလေသည် ။
ပြွတ် !
အချိန်အတော်ကြာသည်အထိသူနမ်းလို့ဝတော့ မျက်နှာတစ်ခုလုံးကိုလိုက်နမ်းနေပြန်သည် ။ လက်တွေကလည်း တင်ပါးတွေပေါ်ရောက်လာနေပြီဖြစ်သည် ။ ကိုယ့်မှာလောလောဆယ်ကသက်ဆိုင်သူမိန်းကလေးရှိနေသေးတာမို့ ဖောက်ပြန်သလိုလဲမဖြစ်ချင် ကျောက်ယွီလိုအပြစ်မရှိတဲ့မိန်းကလေးအပေါ်သစ္စာလည်းမဖောက်ချင်တာမို့ နောက်ဆုံးအဆင့်ထိတော့ကိုငယ့်စိတ်အလိုကျခွင့်မပြုချင် ။ ကျောက်ယွီလိုအပြစ်မရှိတဲ့မိန်းကလေးနဲ့လမ်းခွဲပြီးမှ ကိုငယ့်စိတ်အလိုကျလိုက်နာလိုက်ရင်တောင်ရပါသေးတယ် အခုလိုအချိန်မှာတော့ကျောက်ယွီအပေါ်ဒီလိုမလုပ်နိုင် ။
အတွေးထဲကထွက်ပြီး လက်ရှိအချိန်ရောက်နေချိန်မှာ ကိုငယ့်လက်တွေကတင်ပါးတွေကိုလက်ဝါးအကြီးကြီးနဲ့အားကုန်ဖျစ်ညှစ်နေသည် ။
" ဟင့်အင်း ~ တော်ပါတော့ ကို ~ အင့် ! "
" ကိုယ်မရတော့ဘူးအငယ် ~ ခွင့်ပြုပေးမလား "
" အခုတော့မရသေး ~ အင့် ! "
လည်ပင်းတစ်ခုလုံးလည်းအညိုကွက်တွေအပြည့်နဲ့ အပေါ်ပိုင်းတစ်ခုလုံးလည်းဖရိုဖရဲ ။ ကိုငယ့် bathrobe ကလည်းကြိုးကပြေနေပြီ ။
" ရပ်ပါတော့ ~ အင့် ~ အိပ်ရအောင် "
" အိုကေ ~ "
ပါးစပ်ကအိုကေလို့ပြောနေပေမဲ့ တကယ်မအိုကေမှန်းတော့သိပါတယ် ။ ဒါပေမဲ့အဲ့ဒီ့အဆင့်ထိတော့ကိုယ်လည်းမလိုက်လျောနိုင်ဘူး ။ ကိုငယ်ကလည်းဇွတ်မပြောပါဘူး ရေချိုးခန်းထဲတော့ပြေးဝင်သွားသည် ။ ရေချိုးခန်းထဲကလည်းကိုယ့်နာမည်ကိုတစ်ချက်တစ်ချက်ကြားရတာမို့ မျက်နှာကပူလာသည် ။ ကိုငယ်ထွက်လာတော့စောင်ခေါင်းမြှီးခြုံကာအိပ်ချင်ယောင်ဆောင်လိုက်သည် ။
" တောင်းပန်ပါတယ် ~ ကိုယ်စိတ်လွတ်သွားတယ် "
" … "
" စိတ်ဆိုးသွားတာလား "
" … "
" အာ … အိပ်သွားပြီကို ~ "
" … "
" Good night အချစ် ~ "
စောင်အောက်ကကောင်လေးကလည်းရင်တွေအရမ်းခုန်ပြီးအိပ်မရတာနဲ့မနက်နှစ်နာရီလောက်မှအိပ်ပျော်သွားသည် ။ စောင်ထုတ်ထဲကကောင်လေးကိုအပေါ်ကနေဖက်ထားတဲ့ကောင်လေးကလည်းထိုနည်းတူပင် ။ ဒီညကတော့အိပ်မက်တွေလှခဲ့၏။
××××××××××
Ring ...
* I'm at a payphone trying to call home .. all of my change I spent on you .. *
မနက်စောစော Maroon 5 ရဲ့ Payphone သီချင်းသံက တိတ်ဆိတ်နေတဲ့အချိန်မှာအကြည်ကြီးထမြည်လာတာမလို့ရှောင်းကျန့်လန့်နိုးလာခဲ့သည် ။ ဖုန်းသံကြောင့်ဘေးကလူနိုးသွားသေးလားလှည့်ကြည့်တော့ဟိုဘက်လှည့်အိပ်နေသူကတုတ်တုတ်မလှုပ် ကြားပုံတောင်မပေါ်ဘူး ။ ကုတင်ဘေးစာကြည့်ခုံပေါ်ကဖုန်းကိုလှမ်းယူပြီးကြည့်လိုက်တော့ ကျောက်ယွီ ~ ဒီနေ့တနင်္ဂနွေနေ့မို့ ဘယ်သွားမလဲလှမ်းမေးတာထင်တယ် ။
" Hello Baby ... "
" ကိုကို ဒီနေ့ဘေဘီတို့ဒိတ်လို့မရတော့ဘူး .. ဘေဘီ့အစ်မမင်္ဂလာဆောင်အတွက် US ကိုသွားရမှာတဲ့ ၊ အလုပ်တောင်တစ်ပတ်ခွင့်တင်ရမှာ "
" ဟုတ်လား ! အဲ့ဆိုဂရုစိုက်သွားနော် ဟိုမှာလည်းဂရုစိုက် ၊ ကိုယ့်ကိုလည်းလွမ်းနေအုံး "
" ကိုကို့ကိုအချိန်တိုင်းလွမ်းနေတာပါ "
" ဟားးဟားး ဟုတ်ပါပြီ၊ချွဲစိန်ရယ် ~ အင့် ~ အဲ့ဆိုဒါပဲနော် "
တီ ~ ~ ~
ဖုန်းပြောနေမှန်းသိတာကို အနောက်ကနေခါးကိုညှစ်ပြီးဖက်လိုက်တယ် ဘယ်လောက်စိတ်ပုတ်တဲ့သူလဲ ။
" ကိုငယ်ဘယ်လိုဖြစ် ! "
" ရှူးးးးး "
စကားတောင်ဆုံးအောင်မပြောရသေးဘူး သူ့နှုတ်ခမ်းသူလက်ညှိုးလေးနဲ့ကပ်ပြပြီး'ရှူးး'ဆိုပြီးလုပ်ပြသောကြောင့်စိတ်တိုတာတောင်ပျောက်မလိုဖြစ်ပြီးသူ့ကိုစိုက်ကြည့်နေမိသည် ။
" ကိုယ်ညက .. "
" ကျွန်တော်မနက်စာလုပ်ရအုံးမှာဆိုတော့အရင်ထနှင့်ပြီနော်..ကိုငယ်လည်းစားသွားမှာမလား "
ရှက်ကိုးရှက်ကန်းနဲ့အိပ်ယာပေါ်ကဆင်းပြေးမဲ့ကောင်လေးရဲ့အကြံကိုကြိုသိတာကြောင့်ခါးကလက်ကိုအားပိုထည့်ပြီးခြေထောက်နဲ့ပါခွထားလိုက်တော့ရင်ခွင်ထဲကကောင်လေးကရှုံ့မဲ့မဲ့ ။
" ပိတ်ရက်ကိုအေးအေးဆေးဆေးနေစမ်းပါ၊ပြီးမှမနက်စာအပြင်သွားစားလို့ရတယ်၊မဟုတ်လဲမှာစားလို့ရပါတယ်၊ခနအိပ်အုံး "
" … "
" ကိုယ်လဲအိပ်ချင်သေးလို့ "
ဒီတစ်ခါတော့သူ့ရင်ခွင်ထဲမှာရှောင်းကျန့်ငြိမ်နေလိုက်သည် ။ မဟုတ်ရင်ဟိုတခါလိုစိတ်ဆိုးပြီးအိပ်ချင်မူးတူးထပြန်သွားမှစိတ်ပူနေရအုံးမယ် ။ ဟိုတစ်ရက်ကခန္ဓာကိုယ်ကအလုပ်သွားမလို့သာပြင်ဆင်နေရတာ စိတ်ကအိပ်ချင်မူတူးနဲ့ကားမောင်းပြီးပြန်သွားတဲ့သူဆီမှာ ။ အဲ့ဒီနေ့ကဘယ်လောက်စိတ်ပူလိုက်ရသလဲကိုယ်သာအသိဆုံးမို့ …
အမှန်တိုင်းဝန်ခံရရင်ကိုငယ့်ကိုကျွန်တော်ချစ်တယ် ~
အပြစ်မရှိတဲ့မိန်းကလေးကိုလည်းဘယ်လိုအကြောင်းပြချက်ပေးပြီးလမ်းခွဲရမှာလဲမစဉ်းစားတတ်ဘူး ၊ လမ်းလည်းမခွဲရက်ဘူး သူ့ကိုသနားတယ် ။
ကိုငယ်ကရောကျွန်တော်အပေါ်စိတ်ရှိရဲ့လားတောင်မသိဘူး ။ ဟိုးးတစ်ခါကိုလတ်လာတုန်းကပြောပြဖူးတဲ့ဂျပန်မလေးခိုအီချီနဲ့ကရောဘာတွေလဲ ။ အဲ့တာကြားပြီးတဲ့နေ့ကကိုငယ်ကကျွန်တော့်လိုယောက်ျားလေးတစ်ယောက်ကိုချစ်နိုင်ပါ့မလား သာမန်မိန်းမတစ်ယောက်ကိုပဲချစ်မှာပေါ့ဆိုပြီးကျွန်တော်စိတ်ဓာတ်ကျခဲ့တယ် ။
နောက်တော့ကိုငယ့်အပေါ် ကိုကြီးကိုချစ်သလိုအစ်ကိုတစ်ယောက်လိုဖြူဖြူစင်စင်ချစ်နိုင်ဖို့ကြိုးစားခဲ့တယ် ။ ကိုငယ့်ကိုချစ်မိလို့ယောက်ျားတွေကိုပဲကြိုက်တာမဟုတ်လို့ ဘယ်ယောက်ျားတွေကိုမှမချစ်တတ်တာမလို့ သာမန်ယောက်ျားတွေလိုမိန်းကလေးတစ်ယောက်နဲ့တွဲနိုင်ခဲ့တယ် ။ အဲ့ဒီမိန်းကလေးကအားလုံးပြည့်စုံနေတာမလို့မငြင်းနိုင်ခဲ့ဘူး သံယောဇဉ်ရှိတယ် ။ ကိုငယ်ပြန်လာတော့ကျွန်တော်တွေးထားမိတဲ့ဖြူဖြူစင်စင်ပဲချစ်မယ်ဆိုတဲ့အတွေးကကြက်ပျောက်ငှက်ပျောက် !
ကိုငယ်ကရော ~
##########
Zawgyi❤️
Ring ...
" Hello "
" အင်း၊ဟုတ်ပြီ "
တီ ~ ~ ~
တီတီတီ !!!
" အငယ် ~ "
" ကြားတယ် "
" ကြားရင်ထူးလေကွာ "
" ဘာ !! "
" ဘာလို့အော်နေတာလဲကွာ "
" အင့် ~ ကို ~ "
" ဟင်းးးး "
ပြွတ် !
" အခုတော့မရသေး ~ အင့် ! "
" အိုကေ ~ "
" … "
" စိတ်ဆိုးသွားတာလား "
" … "
" အာ … အိပ်သွားပြီကို ~ "
" … "
" Good night အချစ် ~ "
××××××××××
Ring ...
" Hello Baby ... "
တီ ~ ~ ~
" ကိုငယ်ဘယ်လိုဖြစ် ! "
" ရှူးးးးး "
" ကိုယ်ညက .. "
" … "
ကိုငယ်ကရော ~
##########
You are reading stories on: TeenFic.Net