18🦋

Background color
Font
Font size
Line height

Unicode

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

"အမြဲတမ်းသိခဲ့တယ်မဟုတ်လားဟင်...ကိုယ် မင်းကို...အမြဲချစ်နေတုန်းပဲ ဆိုတာကိုလေ"

ငုံ့ကြည့်၍ခေါင်းငြိမ့်ပြတော့ သူ့မျက်ရည်တွေကိုဖယ်ပေးနေတဲ့ ကတုန်ကရင်လက်ချောင်းလေးတွေကိုယူကာ နမ်ဂျွန်းနမ်းလိုက်သည်။
အားနာလွန်းလို့ ရူးမတတ်ဖြစ်ရသလို ပျော်လွန်းလို့လည်း ရူးမတတ်ဖြစ်ရမလို။
မလွှတ်ချင်တော့လောက်အောင် ဖက်တွယ်ရင်း သူ့အတွက်ပေးလာတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို အကိုကျေနပ်အောင် လုပ်ပေးမည်ဟု ကိုယ့်ကိုကိုယ်အရင်ဆုံး ကတိပေးလိုက်သည်။

"ကျွန်တော်တို့တွေ ချစ်နေရဲ့သားနဲ့ နားလည်မှုလွဲတာတွေများလွန်းလို့...ဒီလိုအခြေအနေတွေကို ကျွန်တော်ကြောက်နေပါပြီမောင်ရယ်...ကျွန်တော်တို့နှစ်ယောက်စလုံး ဘယ်လောက်ပင်ပန်းနေရလဲ မောင်သိပါတယ်"

နမ်ဂျွန်း ခေါင်းငြိမ့်လိုက်သည်။
အကို သူ့ကိုအခွင့်အရေးပေးလာပေမဲ့ ဒီတိုင်းတော့အဆင်မပြေတာကို သူသိပါသည်။

အကိုပြောသလို ဒဏ်ရာတွေများနေပြီမို့ အဲ့တာတွေကိုပြောင်းလဲနိုင်ဖို့ အချိန်ကတော့လိုအပ်လိမ့်မည်။
ကိုင်ထားတဲ့အကို့လက်လေးကို ပိုပြီးတင်းကျပ်လိုက်မိသည်။

"အဲ့တာကြောင့် ကျွန်တော် ဒါကိုပဲစဥ်းစားမိလို့ပါ...ကျွန်တော်တို့နှစ်ယောက်လုံး..."

"....."

"အသစ်ကနေ ပြန်ချစ်ကြရင်...အဆင်မပြေဘူးလား"

🦋

လှစ်ခနဲ တစ်ချက်ပြုံးပြီးနောက် ခေါင်းကိုခဏငုံ့လိုက်သည်။
သူ့အသံမရှိတော့တာနဲ့ ချက်ချင်းတိတ်ဆိတ်သွားတဲ့အခန်းက ရှိနေသောလူသုံးယောက်ရဲ့ အတွေးကိုယ်စီကို သီးသန့်ဖြစ်နေစေသည်။

"အဲ့တော့ ဘာဆက်ဖြစ်ကြမှာလဲ"

အားမလိုအားမရဖြစ်သော အသံနှင့် မင်ဂျီ့မေးခွန်းကို ဆော့ဂျင်သဘောကျမိကာရယ်ရင်း ဒယ်ဒီ့မျက်နှာကိုပြန်မော့ကြည့်လိုက်သည်။
အချိန်တွေအကြာကြီး သူနဲ့အလှမ်းဝေးနေခဲ့သူ ဒယ်ဒီဟာ အခုတော့လည်းသူဝမ်းနည်းရင် စိတ်မကောင်းဖြစ်တတ်သလို သူပြုံးရယ်နေရင်လည်းသဘောကျနေတတ်တဲ့အထိ သားသမီးတွေကိုသိပ်ချစ်တဲ့အဖေတစ်ယောက်မှန်း သိရှိရပါသည်။

"အချိန်တစ်ခုအထိ မိတ်ဆွေတွေလိုပဲ ရှိနေကြမှာပေါ့...စိတ်ထဲမှာ...ဘာမှမရှိတော့တဲ့အချိန်အထိ"

ဒီအထိအကုန်လုံးကို ပြန်ပြင်ဖို့ကြိုးစားလာခဲ့ပြီမို့ အဆုံးထိဒီလိုပဲ ဆက်သွားမည်။
ရေစက်ပါလို့တောင် မောင်နဲ့သူဟာ ဒီအချိန်ထိရှိနေခဲ့ပြီးပြီမဟုတ်လား။
အဲ့တာကြောင့် နောက်ထပ် အသစ်ဖြစ်လာမယ့်ကာလတစ်ခုအထိ ဒီလိုပဲရှိနေကြဦးမှာပါ။

အချစ်တွေ အသစ််အသစ်ဆက်ရှိကြရင်းပေါ့လေ။

"ဒယ်ဒီ ပွင့်ပွင့်လင်းလင်းတစ်ခုမေးချင်တယ်"

"ဟုတ်ကဲ့ဒယ်ဒီ"

"အခုလည်းနားလည်မှုယူပြီးကြပြီပဲလေ..ဒါပေမဲ့ ဘာလို့ဒီလိုလုပ်ရတာလဲ"

ဆော့ဂျင်အတွက် ဒီမေးခွန်းမှာအဖြေအဆင်သင့်ရှိပါသည်။
အစကိုလည်း ဒီအကြောင်းပြချက်ကြောင့် ဒီလိုစီစဥ်ခဲ့ခြင်းမို့။

ဒယ်ဒီ့လက်တွေပေါ် သူ့ပါးတစ်ဖက်ကိုအပ်လိုက်၍။

"အမြဲတမ်းရှိနေတဲ့ မေတ္တာတွေထဲက...မာနနဲ့အတ္တတွေကို ထုတ်ပစ်ချင်လို့ပါ...အမှားတွေလည်း မရှိတော့အောင်ပေါ့"

သူ့စကားကို ဒယ်ဒီလည်း သဘောကျသွားသည်ထင်ပါ၏။

.
.
.

"ဒယ်ဒီ့ကို စိတ်မပူပါနဲ့ဆော့ဂျင်ရယ်...ဒီမှာမင်ဂျီနဲ့ ဟာနီလည်းရှိနေတာပဲကို"

"အောဟော်...ဟိုမှာလည်း ဘာမှအထွေအထူးရှိမနေပါဘူးဗျာ...ဒယ်ဒီက ကိုယ့်သားကိုယ်အတင်းနှင်နေလို့သာ"

ငယ်မူပြန်စွာ ခပ်ဆောင့်ဆောင့်ကလေးပြောတော့ နေမကောင်းဖြစ်နေရာက နလန်ထကာစဒယ်ဒီက သဘောအကျကြီးကျကာ ရယ်မောသည်။
မနက်ဖြန်လောက်ဆို မောင်ဆေးရုံကဆင်းရတော့မယ်ဆိုတာ သိရပြီးကတည်းက ဆိုးလ်ကဒယ်ဒီ့အနား ခဏပြန်လာနေတဲ့သူ့ကို ဒယ်ဒီရောမင်ဂျီရောက မောင့်စီပဲအတင်းပြန်သွားခိုင်းနေတော့တာဖြစ်သည်။
လာခေါ်မယ့် အမဟယ်ဂျူးကားကို စောင့်ရင်း ဒယ်ဒီ့ကိုဂရုစိုက်ဖို့နဲ့ တခြားမှာစရာရှိတာတွေကို မင်ဂျီ့စီပြောရသည်။

"အကုန်လုံးကို နားလည်တယ်ကိုကိုရေ ဟုတ်ပြီလား...ဟိုမှာလည်း မမဟယ်ဂျူးလာပြီ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ"

ခြံထဲမှာကားရပ်သွားတာနဲ့ ဒယ်ဒီ့ကိုစိတ်မချသေးတဲ့စိတ်ကလေးက ပျောက်သွားရကာ ချက်ချင်းအလျင်လိုသွားသည့်အတိုင်း သူ့luggageကို အမြန်ယူလိုက်သည်။

"ဆော့ဂျင်"

ကားပေါ်ကဆင်းလာတဲ့ အမဟယ်ဂျူးမျက်နှာမှာ စိုးရိမ်နေသလိုဖြစ်နေတာက သိသာလွန်းတာကြောင့် luggageကို ခပ်ဖြည်းဖြည်း ခဏပြန်ချလိုက်သည်။
ပုံမှန် ဒယ်ဒီတို့ကိုအရင်နှုတ်ဆက်နေကျလူက ငေးငေးတွေးတွေးဖြစ်နေတော့ တစ်ခုခုမှားနေပြီဆိုတာ သေချာသွားရသည်။
မောင်နဲ့ပက်သက်ရင် ဆော့ဂျင်စိုးရိမ်စိတ်က ချက်ချင်းအပြောင်းအလဲဖြစ်သွားတတ်တာကတော့ ဘာတွေအသစ်ဖြစ်သွားသွား ဟောင်းနေမယ့်ခံစားချက်တစ်ခုပါပဲ။

"ဘာဖြစ်လို့လဲမမ,...မောင်...တစ်ခုခုဖြစ်လို့လား"

ဆော့ဂျင်နည်းတူ စိုးရိမ်စွာကြည့်နေကြပြီဖြစ်တဲ့ ဒယ်ဒီတို့ကို အမဟယ်ဂျူးကလှမ်းကြည့်ကာ လက်ဖဝါးနှစ်ဖက်ကိုလည်းပွတ်နေသေးသည်။

"ဟို...ဘာမှ..မဖြစ်ပါဘူးဆော့ဂျင်...အမပြောချင်တာက..မင်း.."

"....."

"အဲ့ဒီကို..ပြန်စရာမလိုတော့ဘူး"

ရှူသွင်းနေတဲ့အသက်က ခဏရပ်သွားပြီး မျက်ခွံကြွက်သားတွေကလည်း ခဏတောင့်ခဲသွားကာ အမဟယ်ဂျူးကို ကြည့်နေရသည်။
ပြောစရာစကားတွေကျန်သေးဟန်ရှိပေမဲ့ သူ့ကိုမော့ကြည့်ကာ ပြောမထွက်နိုင်ဖြစ်နေတဲ့ အမဟယ်ဂျူးက အိတ်ကပ်ထဲကစာအိတ်တစ်အိတ်ကို အမြန်ထုတ်၍ပေးသည်။

"သူပေးသွားတာကိုသာ...ကြည့်လိုက်ပါ"

.
.
.

*အကိုသိလား။ ကိုယ်မင်းကို စချစ်မိကတည်းက တစ်သက်လုံးချစ်သွားဖို့ပဲ ရည်ရွယ်ခဲ့တာမလို့ မင်းကိုရဖို့ ကိုယ့်မာယာတွေကိုအများကြီးသုံးခဲ့တာ။*

စကားလုံးလေးတွေဟာ စာရွက်အပြည့်လောက် အများကြီးတော့မဟုတ်ပေမဲ့ ဆက်ဖတ်နိုင်ဖို့အင်အားတွေအတွက် ဆော့ဂျင်ခဏရပ်ကာ အသက်ကိုခပ်ပြင်းပြင်းထပ်ရှူလိုက်ရသည်။

သိခဲ့တာပေါ့။ အဲ့ဒီအပြင်ကို သူရဲ့မသေချာမှုတွေကနေတောင် မရမကအပိုင်သိမ်းသွားခဲ့တာလေးကို ဆော့ဂျင်ဘယ်လောက်ချစ်ခဲ့လိုက်ရသလဲလေ။

*တချို့ညတိုင်းမှာမက်တတ်တဲ့ အိမ်မက်ဆိုးတွေကနေ အဲ့တာတွေကို ကိုယ့်အမှားလို့မြင်ပြီးကတည်းက ကိုယ်လုပ်မိခဲ့တဲ့အမှားနဲ့ တခြားကိစ္စတွေကို မင်းသိသွားမှာကိုယ်သိပ်ကြောက်ခဲ့တာ။ ဒါပေမဲ့ တစ်သက်လုံးသိမ်းထားလို့လည်း နောင်တဆိုတာကပျောက်သွားမှာမဟုတ်တော့ ကိုယ်မင်းကိုပြောပြခဲ့ပါတယ်။ နော်။ *

ကြည့်စမ်းပါဦး။ ကင်မ်နမ်ဂျွန်းဟာ ဘယ်လောက်ထိချစ်စရာကောင်းလိုက်သလဲဆိုတာ။
အနားလာပြီး ပါးစပ်ဖျားကနေပြောနေတယ်ဆိုတောင်ထင်ရအောင် ရေးထားတဲ့စာတွေကစလို့ တခြားအပြုအမူသေးသေးလေးတွေအထိ ဆော့ဂျင်မှာအချစ်မပျက်နိုင်ခဲ့ရတာလေ။ ဝန်ခံပါသည်။

*မင်း ကိုယ့်ကိုခွင့်မလွှတ်တော့ပဲ အရင်ကလိုပဲ ကိုယ့်စီကထွက်ပြေးသွားမှာကို ကိုယ်ဟာသေမလိုကြောက်ရတာပါ အကိုရယ်။ တခါတလေ ကိုယ်မင်းခံစားချက်တွေကိုမြင်မနေဖို့ ဆုတောင်းတယ်။ မင်းမှာ ကိုယ့်ကို ချစ်နေတုန်းဆိုတဲ့၊ ကိုယ်နဲ့တူနေတဲ့ခံစားချက်ကပဲ ကိုယ့်ကိုဒဏ်ရာတွေပေးတာကို။ ဒါပေမဲ့ အဲ့လိုဆက်ချစ်နေပေးလို့ ကိုယ်ဘယ်လောက်ကျေးဇူးတင်တဲ့အကြောင်း မင်းသိပါစေအချစ်ရယ်။ ကိုယ် မင်းစီကထပ်ရတဲ့အခွင့်အရေးလေးကို မင်းလောက်မချစ်ပေမဲ့ တကယ်ချစ်မိပါတယ်။ သိပ်ကိုပျော်ရတာပဲ။*

ဆော့ဂျင်လက်ဖျားတွေတုန်လာသည်။
စာရွက်ပေါ်ကို ရုတ်တရက်ကျလာတဲ့ ဘယ်ကမှန်းမသိတဲ့ရေစက်ဟာ သူ့မျက်လုံးထဲမှာခပ်ဝါးဝါးသာမြင်နေရပြီး သူကတော့ပြုံးနေဆဲဖြစ်သည်။
ဆော့ဂျင် တကယ်ကိုပြုံးနေပါသည်။

*ဒါကြောင့် ကိုယ် မင်းစီကို မာယာတွေမပါတဲ့အချစ်မျိုးနဲ့ အသစ်ကနေပြန်စပြီး ကင်မ်နမ်ဂျွန်းအသစ်အနေနဲ့ ပြန်လာခဲ့ပါ့မယ်။ မင်းအနားမှာနေရင် ကိုယ့်အချစ်တွေကနေ အမှားတွေလုပ်မိမှာကို ကိုယ်တိုင်အတွက်ကြောက်နေတာမလို့ ဒီတစ်ခါတော့..*

"ဆော့ဂျင်..."

"...."

"အဆင်ပြေရဲ့လား"

ပုခုံးပေါ်ဆုပ်ကိုင်ကာ မေးလာတဲ့အမဟယ်ဂျူးကို ပြန်လှည့်ကြည့်လိုက်သည်။
အနောက်ကတံခါးအပြင်မှာ သူ့ကိုစိုးရိမ်စွာရပ်ကြည့်နေကြတဲ့ ဒယ်ဒီနဲ့ကလေးတွေကို လှမ်းမြင်နေရသည်။
စာရွက်စီ အမဟယ်ဂျူးမျက်လုံးတွေရွေ့သွားပေမဲ့ ဆော့ဂျင် တစ်ဖက်လက်ဖဝါးထဲမှာဆုပ်ထားမိတဲ့ ပစ္စည်းလေးကို ဖြန့်ပြလိုက်သည်။

"ဟင်?"

*ဒီတစ်ခါတော့ ကိုယ်ကပဲ ခဏထွက်ပြေးပါရစေအချစ်ရေ။ ဒါပေမဲ့ ပြန်လာမှာပါ။ သေချာပါတယ်။ အဲ့တာကြောင့် ဘယ်သူ့ကိုမှ မချစ်ပဲ ဒီလူ့ကိုပဲစောင့်နေပေးပါလို့ နောက်ဆုံးအတ္တအနေနဲ့ တောင်းဆိုပါရစေနော်။
ဘာဒဏ်ရာမှမရှိကြတော့တဲ့ နှလုံးသားတွေက အချိန်တစ်ခုမှာတော့ သေချာပေါက်ပြန်ဆုံကြမယ်ဆိုတာ မင်းယုံကြည်ပါကွယ်။*

"ကျွန်တော်ဘွဲ့ယူတဲ့နေ့က သူပေးဖို့စီစဥ်ထားတာလေးပါ"

လက်ဖဝါးထဲက လက်စွပ်လေးဟာ ဘယ်တော့မှမဟောင်းနွမ်းမယ့်သက်သေတွေလို အရောင်လတ်နေဆဲ။
ဆော့ဂျင်ခေါင်းမော့ကာ အသက်ငွေ့ငွေ့တစ်ချက် ရှူသွင်းလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်"

*တကယ့်လက်ဆောင်ကို ကိုယ်ထပ်စီစဥ်ထားသေးတယ်*

*ဘာလက်ဆောင်လဲဟင်*

*မကြာခင်သိရမှာပေါ့အချစ်ရယ်...အခုတော့သွားတော့နော်...ကိုယ်မင်းကိုကြည့်နေမယ်...ချစ်တယ် ကိုယ့်အချစ်*

(a piece of Seokjin's dialogue in S1 part6)

🦋

-11.12.2018

ကားပေါ်ကနေ ခဏဆင်းကာ ခြံတံခါးသော့ကိုဖွင့်လိုက်သည်။
အိမ်ထဲလှမ်းကြည့်တော့ ပွင့်နေတဲ့ပြတင်းပေါက်တစ်ချပ်နဲ့ ခပ်လွင်လွင်ထွက်လာတဲ့အထဲက ရယ်မြူးမြူးအသံလေးကြောင့် ဆော့ဂျင်ပြုံးလိုက်သည်။
ပြီးတော့ ခြံထဲကားမဝင်ခင် အုတ်တံတိုင်းအစွန်းက စာတိုက်ပုံးလေးစီဖွင့်ကြည့်လိုက်သည်။

"ဟမ်င်?"

ဘာမှရှိမနေတာမို့ ခဏကြောင်ငေးသွားပြီး မျက်မှုန်ကြုံ့ကာ တစ်ခုခုကိုစဥ်းစားလိုက်သည်။
ပြီးမှ သတိရသွားကာ ကိုယ့်နဖူးကိုယ်တစ်ချက်ရိုက်ရင်း။

"ဒီနေ့ သောကြာမဟုတ်ဘူးလေကင်မ်ဆော့ဂျင်ရယ်"

ပြန်လာမယ့်နေ့တွေကို ရေနေရင်းက မှားဖြစ်အောင်မှားပြန်တော့ မောင်သိရင်ဆူလိမ့်မလားလို့ တွေးမိတဲ့အတွေးမျိုးတွေက သူ့နေ့ရက်တွေရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

ဘယ်ကမှန်းမသိ ရောက်လာတတ်တဲ့ စာတိုက်ပုံးထဲက စာလေးတွေကတော့ မောင်မရှိတဲ့ဒီတစ်နှစ်ကျော်လုံး ဆော့ဂျင်ရဲ့အိမ်မက်လေးတွေဖြစ်ခဲ့သည်။

"ပါပါးဂျင်ဂျင်!!"

လက်ထဲကအိတ်ကိုဘေးချကာ အိမ်ရှေ့လှေကားအဝမှာတင် အထဲကပြေးထွက်လာတဲ့ ခြေထောက်သေးသေးလေးတွေရဲ့ပိုင်ရှင်ကို ဆွဲချီလိုက်သည်။
ဆော့ဂျင်ငယ်ငယ်တုန်းကလို အသည်းယားစရာကောင်းအောင် ဖောင်းကားနေတဲ့ပါးလေးနှစ်ဖက်ကို နမ်းပစ်လိုက်ကာ။

"ဘာလို့ပြေးလာတာလဲ ရီဂျင်...ချော်လဲရင် ဒဏ်ရာရတတ်တယ်လို့ ပါပါးပြောထားတယ်လေကလေးရဲ့"

"ပျော် သွားလို့..."

နှစ်နှစ်ရှိပြီမလို့ စကားတွေတော့ ပြောတတ်သလောက်ပြောတတ်နေပေမဲ့ တစ်ခါတလေများ ဆူသလိုလေးပြောလိုက်လို့စိတ်ဆိုးသွားရင် အေးတိအေးစက်ပုံစံလေးနဲ့ ပြန်ပြောတတ်သည်က တကယ့် မောင်ပေါက်စအရွယ်လေးကိုတွေ့နေရသည့်အတိုင်း။
သူပြောခဲ့မိတဲ့စကားတွေအတွက် ရုတ်သိမ်းမှုမလုပ်နိုင်တော့ပေမဲ့ ပြန်ပြီးပေးဆက်ခွင့်ကိုပေးထားခဲ့တဲ့ မောင့်ကိုကျေးဇူးတွေအခါခါတင်မိသည်။
သူ့ကိုယ်ပွားလေးလို့သတ်မှတ်ထားတဲ့ ဒီကလေးကို ဆော့ဂျင်မှာ ကိုယ်တိုင်မွေးထားသည့်အတိုင်းကိုချစ်ရတာလေ။

"ပျော်သွားလည်း ပြေးမလာရဘူးလေ...ပါပါးက သမီးဒဏ်ရာရရင် စိတ်မကောင်းဖြစ်ရတာပေါ့...မသိဘူးလား..ဟင်"

အဲ့လိုပြောမှပဲ အတတ်ကလေးက မျက်နှာပြန်မော့ပြီးပြုံးပြတော့တာ။
ထပ်ပြောရရင် တကယ့်ကိုမောင်အငယ်စားလေးပါပဲ။
မောင့်တုန်းကအတိုင်း ဒီသေးသေးလေးရဲ့မျက်နှာရိပ်မျက်နှာကဲကိုလည်း ကြည့်ရတာအမြဲ။
အတိတ်တွေထဲက မလိုချင်တဲ့အစိတ်အပိုင်းတွေကိုပဲ သင်ပုန်းချေပြီး ချစ်စရာအကောင်းဆုံးဖြစ်ခဲ့တဲ့ မောင့်အမူအရာလေးတွေကိုတော့ ဆော့ဂျင်တစ်ခုချင်းသိမ်းထားဆဲမို့ ရီဂျင်ဟာ မောင့်သမီးအရင်းမဟုတ်လည်း မေတ္တာတွေကနေ တော်စပ်တဲ့သွေးတွေကြောင့် မောင်နဲ့ဘယ်လိုတူသလဲဆိုတာကိုပါ အတူမှတ်ထားရသည်။

"နောက်တစ်ခါမပြေးရဘူးနော်"

"ဟုတ်!"

"ကတိ?"

"ကတိ!"

လက်သန်းသေးသေးလေးကိုချိတ်လိုက်ပြီး ပြုံးရယ်ရင်း မီးဖိုခန်းထဲကထွက်လာတဲ့ ဒေါ်လေးကိုပါတစ်ခါတည်းပြုံးပြလိုက်သည်။
ချီထားရာက ပြန်ချပေးပြီး နံရံကပ်စင်စီမှ ဒေါ်လေးကိုပေးထားတဲ့သော့တွဲအပိုတွေဘေးမှာ သူ့အိမ်သော့နဲ့ကားသော့ကို ချိတ်လိုက်သည်။
မနက်ဖြန်မောင့်စီက စာတစ်စောင်ထပ်လာဦးမှာမို့ ဒီနေ့တော့အရင်စာလေးတွေကို ပြန်ဖတ်ရင်း စောစောအိပ်ရမည်လေ။

"ညစာ အဆင်သင့်ဖြစ်ပြီနော်ဆော့ဂျင်"

"အားနာလို့ လာမလုပ်ပေးပါနဲ့ဆိုဒေါ်လေးရယ်...ကျွန်တော်ကအဆင်ပြေပါတယ်"

"ဟောတော်...ဘာပြေတာလဲ...ရေခဲသေတ္တာထဲလည်း နွားနို့ကလွဲရင် ဘာမှရှိမနေတာကိုများ...ဆရာဝန်က အစားအသောက်မမှန်လို့ မဖြစ်ဘူးလေ..."

ပြောနေရင်း မီးဖိုခန်းထဲပြန်ဝင်သွားတာကြောင့် မပြတ်သေးတဲ့စကားတွေကို နားထောင်ဖို့ ဆော့ဂျင်​လည်း ရေသွားသောက်ရင်းစောင့်နေလိုက်သည်။

ပြောနေသမျှတွေက တကယ်မှန်နေလို့လည်းဖြစ်ပါသည်။

"ဒေါ်လေးလာမချက်ပေးရင် ဆော့ဂျင်က ကိုယ်တိုင်ချက်စားဖြစ်ဖို့အချိန်ရနေတဲ့သူလည်းမဟုတ်ဘူး...အဲ့တာကြောင့်ဘာမှအားမနာနဲ့...ရီဂျင်ကလည်း သူ့ပါပါးဂျင်ဂျင်ကိုမှ မတွေ့ရရင်မနေနိုင်...အို...ဘာတွေသွားဖွနေတာလဲ ဒီကလေးကတော့"

စကားတစ်ဝက်တစ်ပြတ်နဲ့ ဧည့်ခန်းထဲပြေးဝင်သွားတဲ့ဒေါ်လေးကြောင့် ဆော့ဂျင်ဖန်ခွက်ကိုချကာ နောက်ကလိုက်သွားလိုက်သည်။
အမွှေစိန်ကလေးကတော့ မွှေလိုက်ပြန်ပါပြီ။
ဧည့်ခန်းရဲ့ စာအုပ်စင်ပေါ်က ဆော့ဂျင်စာအုပ်တွေကို ကြမ်းပေါ်ဆွဲချထားလိုက်သည်မှာ အများအပြား။

"ပါပါးပစ္စည်းတွေကို အဲ့လိုမလုပ်ရဘူးလို့ ပြောထားတယ်လေကင်မ်ရီဂျင်...သမီးမှာ ဆော့စရာအရုပ်တွေလည်း အများကြီးရှိနေတာကို ဒီလို..."

"ဖွားဖွား ဆူနဲ့!"

တတိယမ္ပိ စကားအနေနဲ့ ဒါလည်းမောင်အငယ်စားပုံစံပဲ။
ဒါကတော့ ဆော့ဂျင်ခံယူချက်မဟုတ်။
ဒေါ်လေးကိုယ်တိုင်က သူ့ကိုဘယ်တော့မှမကြောက်တဲ့ပုံစံချင်းပါတူနေတာလို့ ပြောဖူးတာ။

ဆော့ဂျင်ကိုတွေ့တာနဲ့ ချက်ချင်းအနားလာဖက်ပြီး ချွဲရင်း အားကိုးရတဲ့မျက်နှာထားနဲ့ သူ့အဖွားကိုပါ မျက်စောင်းတွေလှမ်းလှမ်းထိုးတတ်လို့ ဒေါ်လေးမှာဆူနေရင်း တစ်ဝက်တစ်ပြတ်ဖြစ်ဖြစ်သွားရတာ အမြဲတမ်း။
သူလည်း မောင့်ကိုဘယ်လောက် သတိရနေလိမ့်မလဲ။

"ထားလိုက်ပါဒေါ်လေးရယ်...ကျွန်တော်ပြန်သိမ်းလိုက်ပါ့မယ်"

"ဒေါ်လေးက ပြန်အားနာရတော့မှာပဲဆော့ဂျင်ရေ...ဒီလူဆိုးမလေးကတော့လေ"

လူကြီးနှစ်ယောက်စကားတွေမှ မဆုံးသေး။
မီးဖိုခန်းထဲကို သွားပြန်လို့ အရမ်းစိတ်ပူတတ်တဲ့အဖွားဖြစ်သူဒေါ်လေးကပဲ ဆော့ဂျင်ကိုအားနာစွာတစ်ချက်ပြုံးပြပြီး လိုက်သွားရပြန်သည်။

မောင်သာရှိရင် ဒီနေရာ၊ဒီနေ့ရက်ရဲ့ အခြေအနေတွေကို သေချာပေါက်ပျော်နေမှာပဲ။
ဖြေသိမ့်စရာတွေ သေချာပေါက်များပေမဲ့၊ ပြန်လာမယ်ဆိုတဲ့စကားတွေကိုလည်း အလုံးစုံယုံကြည်နေပေမဲ့ လွမ်းတယ်ဆိုတဲ့ခံစားချက်ကတော့ လွမ်းတာပဲမဟုတ်လား။
အခြေအနေကောင်းတွေပဲရှိနေပြီဖြစ်တဲ့ လက်ရှိအချိန်မှာ မောင့်ကိုပြန်ရောက်လာစေချင်တဲ့၊ သူ့ပျော်ရွှင်မှုတွေအတိုင်း ထပ်တူရစေချင်တဲ့ အလွမ်းဓာတ်တစ်မျိုးပါ။

စိတ်ကို အခြေအနေလွှဲနိုင်အောင် စာအုပ်တွေကိုစသိမ်းရင်း တစ်အုပ်ချင်းစီကိုလည်း စိတ်ဝင်တစား စစ်ကြည့်လိုက်သည်။
သူ့ကျောင်းတုန်းကစာအုပ်တွေနဲ့ ဝတ္ထုတချို့အပြင် မင်ဂျီ့ပန်းချီစာအုပ်လေးတွေပါ ရောပါနေတာမို့ သတိတရပြန်ပေးဖို့အတွက် သက်သက်ရွေးထုတ်ထားလိုက်၏။
စာအုပ်စင်က စာမဖတ်ဖြစ်တာကြာတော့ အလှထားထားသည့်အတိုင်းတောင် ဖြစ်နေပါပြီ။

"ဒေါ်လေး...ညစာအတူစားသွားနော်"

သတိတရလှမ်းပြောတော့ ဒေါ်လေးစီက "ဟုတ်ပြီ ဆော့ဂျင်" ဆိုတဲ့တုံ့ပြန်သံကိုချက်ချင်းကြားရသည်။
ဒီနေ့တော့ ဆော့ဂျင် အစားသေချာစားဖြစ်လိမ့်မည်ပေါ့။

ရုတ်တရက်တွေ့လိုက်ရတဲ့ စာအုပ်အဖုံးလေးတစ်ခုကြောင့် တခြားတွေးမိနေတဲ့သူ့အတွေးတွေ ချက်ချင်းပျံ့ကျဲသွားကုန်သည်။

မောင့်ကို စတွေ့ကတည်းက ရေးခဲ့တဲ့ ဒိုင်ယာရီ။

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

နောက်တစ်ပိုင်းက Endingပါရှင်
အာသာ့ရဲ့လေးပုဒ်မြောက်ကလေး Completeဖြစ်တော့မှာပါT^T ပျော်ရွှင်💛

Zawgyi

𝗔𝗡𝗘𝗠𝗢𝗡𝗘 𝗶𝗻 𝗗𝗔𝗥𝗞 𝗣𝗮𝗿𝗮𝗱𝗶𝘀𝗲

"အၿမဲတမ္းသိခဲ့တယ္မဟုတ္လားဟင္...ကိုယ္ မင္းကို...အၿမဲခ်စ္ေနတုန္းပဲ ဆိုတာကိုေလ"

ငုံ႔ၾကည့္၍ေခါင္းၿငိမ့္ျပေတာ့ သူ႔မ်က္ရည္ေတြကိုဖယ္ေပးေနတဲ့ ကတုန္ကရင္လက္ေခ်ာင္းေလးေတြကိုယူကာ နမ္ဂြၽန္းနမ္းလိုက္သည္။
အားနာလြန္းလို႔ ႐ူးမတတ္ျဖစ္ရသလို ေပ်ာ္လြန္းလို႔လည္း ႐ူးမတတ္ျဖစ္ရမလို။
မလႊတ္ခ်င္ေတာ့ေလာက္ေအာင္ ဖက္တြယ္ရင္း သူ႔အတြက္ေပးလာတဲ့ ေနာက္ထပ္အခြင့္အေရးတစ္ခုကို အကိုေက်နပ္ေအာင္ လုပ္ေပးမည္ဟု ကိုယ့္ကိုကိုယ္အရင္ဆုံး ကတိေပးလိုက္သည္။

"ကြၽန္ေတာ္တို႔ေတြ ခ်စ္ေနရဲ႕သားနဲ႔ နားလည္မႈလြဲတာေတြမ်ားလြန္းလို႔...ဒီလိုအေျခအေနေတြကို ကြၽန္ေတာ္ေၾကာက္ေနပါၿပီေမာင္ရယ္...ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံး ဘယ္ေလာက္ပင္ပန္းေနရလဲ ေမာင္သိပါတယ္"

နမ္ဂြၽန္း ေခါင္းၿငိမ့္လိုက္သည္။
အကို သူ႔ကိုအခြင့္အေရးေပးလာေပမဲ့ ဒီတိုင္းေတာ့အဆင္မေျပတာကို သူသိပါသည္။

အကိုေျပာသလို ဒဏ္ရာေတြမ်ားေနၿပီမို႔ အဲ့တာေတြကိုေျပာင္းလဲႏိုင္ဖို႔ အခ်ိန္ကေတာ့လိုအပ္လိမ့္မည္။
ကိုင္ထားတဲ့အကို႔လက္ေလးကို ပိုၿပီးတင္းက်ပ္လိုက္မိသည္။

"အဲ့တာေၾကာင့္ ကြၽန္ေတာ္ ဒါကိုပဲစဥ္းစားမိလို႔ပါ...ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး..."

"....."

"အသစ္ကေန ျပန္ခ်စ္ၾကရင္...အဆင္မေျပဘူးလား"

🦋

လွစ္ခနဲ တစ္ခ်က္ၿပဳံးၿပီးေနာက္ ေခါင္းကိုခဏငုံ႔လိုက္သည္။
သူ႔အသံမရွိေတာ့တာနဲ႔ ခ်က္ခ်င္းတိတ္ဆိတ္သြားတဲ့အခန္းက ရွိေနေသာလူသုံးေယာက္ရဲ႕ အေတြးကိုယ္စီကို သီးသန္႔ျဖစ္ေနေစသည္။

"အဲ့ေတာ့ ဘာဆက္ျဖစ္ၾကမွာလဲ"

အားမလိုအားမရျဖစ္ေသာ အသံႏွင့္ မင္ဂ်ီ႕ေမးခြန္းကို ေဆာ့ဂ်င္သေဘာက်မိကာရယ္ရင္း ဒယ္ဒီ့မ်က္ႏွာကိုျပန္ေမာ့ၾကည့္လိုက္သည္။
အခ်ိန္ေတြအၾကာႀကီး သူနဲ႔အလွမ္းေဝးေနခဲ့သူ ဒယ္ဒီဟာ အခုေတာ့လည္းသူဝမ္းနည္းရင္ စိတ္မေကာင္းျဖစ္တတ္သလို သူၿပဳံးရယ္ေနရင္လည္းသေဘာက်ေနတတ္တဲ့အထိ သားသမီးေတြကိုသိပ္ခ်စ္တဲ့အေဖတစ္ေယာက္မွန္း သိရွိရပါသည္။

"အခ်ိန္တစ္ခုအထိ မိတ္ေဆြေတြလိုပဲ ရွိေနၾကမွာေပါ့...စိတ္ထဲမွာ...ဘာမွမရွိေတာ့တဲ့အခ်ိန္အထိ"

ဒီအထိအကုန္လုံးကို ျပန္ျပင္ဖို႔ႀကိဳးစားလာခဲ့ၿပီမို႔ အဆုံးထိဒီလိုပဲ ဆက္သြားမည္။

ေရစက္ပါလို႔ေတာင္ ေမာင္နဲ႔သူဟာ ဒီအခ်ိန္ထိရွိေနခဲ့ၿပီးၿပီမဟုတ္လား။
အဲ့တာေၾကာင့္ ေနာက္ထပ္ အသစ္ျဖစ္လာမယ့္ကာလတစ္ခုအထိ ဒီလိုပဲရွိေနၾကဦးမွာပါ။

အခ်စ္ေတြ အသစ္္အသစ္ဆက္ရွိၾကရင္းေပါ့ေလ။

"ဒယ္ဒီ ပြင့္ပြင့္လင္းလင္းတစ္ခုေမးခ်င္တယ္"

"ဟုတ္ကဲ့ဒယ္ဒီ"

"အခုလည္းနားလည္မႈယူၿပီးၾကၿပီပဲေလ..ဒါေပမဲ့ ဘာလို႔ဒီလိုလုပ္ရတာလဲ"

ေဆာ့ဂ်င္အတြက္ ဒီေမးခြန္းမွာအေျဖအဆင္သင့္ရွိပါသည္။
အစကိုလည္း ဒီအေၾကာင္းျပခ်က္ေၾကာင့္ ဒီလိုစီစဥ္ခဲ့ျခင္းမို႔။

ဒယ္ဒီ့လက္ေတြေပၚ သူ႔ပါးတစ္ဖက္ကိုအပ္လိုက္၍။

"အၿမဲတမ္းရွိေနတဲ့ ေမတၱာေတြထဲက...မာနနဲ႔အတၱေတြကို ထုတ္ပစ္ခ်င္လို႔ပါ...အမွားေတြလည္း မရွိေတာ့ေအာင္ေပါ့"

သူ႔စကားကို ဒယ္ဒီလည္း သေဘာက်သြားသည္ထင္ပါ၏။

.
.
.

"ဒယ္ဒီ့ကို စိတ္မပူပါနဲ႔ေဆာ့ဂ်င္ရယ္...ဒီမွာမင္ဂ်ီနဲ႔ ဟာနီလည္းရွိေနတာပဲကို"

"ေအာေဟာ္...ဟိုမွာလည္း ဘာမွအေထြအထူးရွိမေနပါဘူးဗ်ာ...ဒယ္ဒီက ကိုယ့္သားကိုယ္အတင္းႏွင္ေနလို႔သာ"

ငယ္မူျပန္စြာ ခပ္ေဆာင့္ေဆာင့္ကေလးေျပာေတာ့ ေနမေကာင္းျဖစ္ေနရာက နလန္ထကာစဒယ္ဒီက သေဘာအက်ႀကီးက်ကာ ရယ္ေမာသည္။
မနက္ျဖန္ေလာက္ဆို ေမာင္ေဆး႐ုံကဆင္းရေတာ့မယ္ဆိုတာ သိရၿပီးကတည္းက ဆိုးလ္ကဒယ္ဒီ့အနား ခဏျပန္လာေနတဲ့သူ႔ကို ဒယ္ဒီေရာမင္ဂ်ီေရာက ေမာင့္စီပဲအတင္းျပန္သြားခိုင္းေနေတာ့တာျဖစ္သည္။
လာေခၚမယ့္ အမဟယ္ဂ်ဴးကားကို ေစာင့္ရင္း ဒယ္ဒီ့ကိုဂ႐ုစိုက္ဖို႔နဲ႔ တျခားမွာစရာရွိတာေတြကို မင္ဂ်ီ႕စီေျပာရသည္။

"အကုန္လုံးကို နားလည္တယ္ကိုကိုေရ ဟုတ္ၿပီလား...ဟိုမွာလည္း မမဟယ္ဂ်ဴးလာၿပီ"

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ"

ၿခံထဲမွာကားရပ္သြားတာနဲ႔ ဒယ္ဒီ့ကိုစိတ္မခ်ေသးတဲ့စိတ္ကေလးက ေပ်ာက္သြားရကာ ခ်က္ခ်င္းအလ်င္လိုသြားသည့္အတိုင္း သူ႔luggageကို အျမန္ယူလိုက္သည္။

"ေဆာ့ဂ်င္"

ကားေပၚကဆင္းလာတဲ့ အမဟယ္ဂ်ဴးမ်က္ႏွာမွာ စိုးရိမ္ေနသလိုျဖစ္ေနတာက သိသာလြန္းတာေၾကာင့္ luggageကို ခပ္ျဖည္းျဖည္း ခဏျပန္ခ်လိုက္သည္။
ပုံမွန္ ဒယ္ဒီတို႔ကိုအရင္ႏႈတ္ဆက္ေနက်လူက ေငးေငးေတြးေတြးျဖစ္ေနေတာ့ တစ္ခုခုမွားေနၿပီဆိုတာ ေသခ်ာသြားရသည္။
ေမာင္နဲ႔ပက္သက္ရင္ ေဆာ့ဂ်င္စိုးရိမ္စိတ္က ခ်က္ခ်င္းအေျပာင္းအလဲျဖစ္သြားတတ္တာကေတာ့ ဘာေတြအသစ္ျဖစ္သြားသြား ေဟာင္းေနမယ့္ခံစားခ်က္တစ္ခုပါပဲ။

"ဘာျဖစ္လို႔လဲမမ,...ေမာင္...တစ္ခုခုျဖစ္လို႔လား"

ေဆာ့ဂ်င္နည္းတူ စိုးရိမ္စြာၾကည့္ေနၾကၿပီျဖစ္တဲ့ ဒယ္ဒီတို႔ကို အမဟယ္ဂ်ဴးကလွမ္းၾကည့္ကာ လက္ဖဝါးႏွစ္ဖက္ကိုလည္းပြတ္ေနေသးသည္။

"ဟို...ဘာမွ..မျဖစ္ပါဘူးေဆာ့ဂ်င္...အမေျပာခ်င္တာက..မင္း.."

"....."

"အဲ့ဒီကို..ျပန္စရာမလိုေတာ့ဘူး"

ရွဴသြင္းေနတဲ့အသက္က ခဏရပ္သြားၿပီး မ်က္ခြံႂကြက္သားေတြကလည္း ခဏေတာင့္ခဲသြားကာ အမဟယ္ဂ်ဴးကို ၾကည့္ေနရသည္။
ေျပာစရာစကားေတြက်န္ေသးဟန္ရွိေပမဲ့ သူ႔ကိုေမာ့ၾကည့္ကာ ေျပာမထြက္ႏိုင္ျဖစ္ေနတဲ့ အမဟယ္ဂ်ဴးက အိတ္ကပ္ထဲကစာအိတ္တစ္အိတ္ကို အျမန္ထုတ္၍ေပးသည္။

"သူေပးသြားတာကိုသာ...ၾကည့္လိုက္ပါ"

.
.
.

*အကိုသိလား။ ကိုယ္မင္းကို စခ်စ္မိကတည္းက တစ္သက္လုံးခ်စ္သြားဖို႔ပဲ ရည္႐ြယ္ခဲ့တာမလို႔ မင္းကိုရဖို႔ ကိုယ့္မာယာေတြကိုအမ်ားႀကီးသုံးခဲ့တာ။*

စကားလုံးေလးေတြဟာ စာ႐ြက္အျပည့္ေလာက္ အမ်ားႀကီးေတာ့မဟုတ္ေပမဲ့ ဆက္ဖတ္ႏိုင္ဖို႔အင္အားေတြအတြက္ ေဆာ့ဂ်င္ခဏရပ္ကာ အသက္ကိုခပ္ျပင္းျပင္းထပ္ရွဴလိုက္ရသည္။
သိခဲ့တာေပါ့။ အဲ့ဒီအျပင္ကို သူရဲ႕မေသခ်ာမႈေတြကေနေတာင္ မရမကအပိုင္သိမ္းသြားခဲ့တာေလးကို ေဆာ့ဂ်င္ဘယ္ေလာက္ခ်စ္ခဲ့လိုက္ရသလဲေလ။

*တခ်ိဳ႕ညတိုင္းမွာမက္တတ္တဲ့ အိမ္မက္ဆိုးေတြကေန အဲ့တာေတြကို ကိုယ့္အမွားလို႔ျမင္ၿပီးကတည္းက ကိုယ္လုပ္မိခဲ့တဲ့အမွားနဲ႔ တျခားကိစၥေတြကို မင္းသိသြားမွာကိုယ္သိပ္ေၾကာက္ခဲ့တာ။ ဒါေပမဲ့ တစ္သက္လုံးသိမ္းထားလို႔လည္း ေနာင္တဆိုတာကေပ်ာက္သြားမွာမဟုတ္ေတာ့ ကိုယ္မင္းကိုေျပာျပခဲ့ပါတယ္။ ေနာ္။ *

ၾကည့္စမ္းပါဦး။ ကင္မ္နမ္ဂြၽန္းဟာ ဘယ္ေလာက္ထိခ်စ္စရာေကာင္းလိုက္သလဲဆိုတာ။
အနားလာၿပီး ပါးစပ္ဖ်ားကေနေျပာေနတယ္ဆိုေတာင္ထင္ရေအာင္ ေရးထားတဲ့စာေတြကစလို႔ တျခားအျပဳအမူေသးေသးေလးေတြအထိ ေဆာ့ဂ်င္မွာအခ်စ္မပ်က္ႏိုင္ခဲ့ရတာေလ။ ဝန္ခံပါသည္။

*မင္း ကိုယ့္ကိုခြင့္မလႊတ္ေတာ့ပဲ အရင္ကလိုပဲ ကိုယ့္စီကထြက္ေျပးသြားမွာကို ကိုယ္ဟာေသမလိုေၾကာက္ရတာပါ အကိုရယ္။ တခါတေလ ကိုယ္မင္းခံစားခ်က္ေတြကိုျမင္မေနဖို႔ ဆုေတာင္းတယ္။ မင္းမွာ ကိုယ့္ကို ခ်စ္ေနတုန္းဆိုတဲ့၊ ကိုယ္နဲ႔တူေနတဲ့ခံစားခ်က္ကပဲ ကိုယ့္ကိုဒဏ္ရာေတြေပးတာကို။ ဒါေပမဲ့ အဲ့လိုဆက္ခ်စ္ေနေပးလို႔ ကိုယ္ဘယ္ေလာက္ေက်းဇူးတင္တဲ့အေၾကာင္း မင္းသိပါေစအခ်စ္ရယ္။ ကိုယ္ မင္းစီကထပ္ရတဲ့အခြင့္အေရးေလးကို မင္းေလာက္မခ်စ္ေပမဲ့ တကယ္ခ်စ္မိပါတယ္။ သိပ္ကိုေပ်ာ္ရတာပဲ။*

ေဆာ့ဂ်င္လက္ဖ်ားေတြတုန္လာသည္။
စာ႐ြက္ေပၚကို ႐ုတ္တရက္က်လာတဲ့ ဘယ္ကမွန္းမသိတဲ့ေရစက္ဟာ သူ႔မ်က္လုံးထဲမွာခပ္ဝါးဝါးသာျမင္ေနရၿပီး သူကေတာ့ၿပဳံးေနဆဲျဖစ္သည္။
ေဆာ့ဂ်င္ တကယ္ကိုၿပဳံးေနပါသည္။

*ဒါေၾကာင့္ ကိုယ္ မင္းစီကို မာယာေတြမပါတဲ့အခ်စ္မ်ိဳးနဲ႔ အသစ္ကေနျပန္စၿပီး ကင္မ္နမ္ဂြၽန္းအသစ္အေနနဲ႔ ျပန္လာခဲ့ပါ့မယ္။ မင္းအနားမွာေနရင္ ကိုယ့္အခ်စ္ေတြကေန အမွားေတြလုပ္မိမွာကို ကိုယ္တိုင္အတြက္ေၾကာက္ေနတာမလို႔ ဒီတစ္ခါေတာ့..*

"ေဆာ့ဂ်င္..."

"...."

"အဆင္ေျပရဲ႕လား"

ပုခုံးေပၚဆုပ္ကိုင္ကာ ေမးလာတဲ့အမဟယ္ဂ်ဴးကို ျပန္လွည့္ၾကည့္လိုက္သည္။
အေနာက္ကတံခါးအျပင္မွာ သူ႔ကိုစိုးရိမ္စြာရပ္ၾကည့္ေနၾကတဲ့ ဒယ္ဒီနဲ႔ကေလးေတြကို လွမ္းျမင္ေနရသည္။
စာ႐ြက္စီ အမဟယ္ဂ်ဴးမ်က္လုံးေတြေ႐ြ႕သြားေပမဲ့ ေဆာ့ဂ်င္ တစ္ဖက္လက္ဖဝါးထဲမွာဆုပ္ထားမိတဲ့ ပစၥည္းေလးကို ျဖန္႔ျပလိုက္သည္။

"ဟင္?"

*ဒီတစ္ခါေတာ့ ကိုယ္ကပဲ ခဏထြက္ေျပးပါရေစအခ်စ္ေရ။ ဒါေပမဲ့ ျပန္လာမွာပါ။ ေသခ်ာပါတယ္။ အဲ့တာေၾကာင့္ ဘယ္သူ႔ကိုမွ မခ်စ္ပဲ ဒီလူ႔ကိုပဲေစာင့္ေနေပးပါလို႔ ေနာက္ဆုံးအတၱအေနနဲ႔ ေတာင္းဆိုပါရေစေနာ္။
ဘာဒဏ္ရာမွမရွိၾကေတာ့တဲ့ ႏွလုံးသားေတြက အခ်ိန္တစ္ခုမွာေတာ့ ေသခ်ာေပါက္ျပန္ဆုံၾကမယ္ဆိုတာ မင္းယုံၾကည္ပါကြယ္။*

"ကြၽန္ေတာ္ဘြဲ႕ယူတဲ့ေန႔က သူေပးဖို႔စီစဥ္ထားတာေလးပါ"

လက္ဖဝါးထဲက လက္စြပ္ေလးဟာ ဘယ္ေတာ့မွမေဟာင္းႏြမ္းမယ့္သက္ေသေတြလို အေရာင္လတ္ေနဆဲ။
ေဆာ့ဂ်င္ေခါင္းေမာ့ကာ အသက္ေငြ႕ေငြ႕တစ္ခ်က္ ရွဴသြင္းလိုက္သည္။

"ကြၽန္ေတာ္ အဆင္ေျပပါတယ္"

*တကယ့္လက္ေဆာင္ကို ကိုယ္ထပ္စီစဥ္ထားေသးတယ္*

*ဘာလက္ေဆာင္လဲဟင္*

*မၾကာခင္သိရမွာေပါ့အခ်စ္ရယ္...အခုေတာ့သြားေတာ့ေနာ္...ကိုယ္မင္းကိုၾကည့္ေနမယ္...ခ်စ္တယ္ ကိုယ့္အခ်စ္*

(a piece of Seokjin's dialogue in S1 part6)

🦋

-11.12.2018

ကားေပၚကေန ခဏဆင္းကာ ၿခံတံခါးေသာ့ကိုဖြင့္လိုက္သည္။
အိမ္ထဲလွမ္းၾကည့္ေတာ့ ပြင့္ေနတဲ့ျပတင္းေပါက္တစ္ခ်ပ္နဲ႔ ခပ္လြင္လြင္ထြက္လာတဲ့အထဲက ရယ္ျမဴးျမဴးအသံေလးေၾကာင့္ ေဆာ့ဂ်င္ၿပဳံးလိုက္သည္။
ၿပီးေတာ့ ၿခံထဲကားမဝင္ခင္ အုတ္တံတိုင္းအစြန္းက စာတိုက္ပုံးေလးစီဖြင့္ၾကည့္လိုက္သည္။

"ဟမ္င္?"

ဘာမွရွိမေနတာမို႔

You are reading the story above: TeenFic.Net