"ဟူး......."
လက်နက်သင်တန်းပြီးလို့အခန်းတံခါးဖွင့်လိုက်ရင်း အခုမှ အသက်ဘေးကလွတ်မြောက်လာသည့်လူလို သက်ပြင်းချလိုက်သည့်ထရစ်ဇ်။
"နေ့လည်စာစားချိန်တောင်ရောက်နေပြီပဲ၊အရင်နေ့ကအတန်းတွေထက်နှစ်ဆလောက်ကြာတဲ့အတန်း...ပင်ပန်းလိုက်တာ"
အခန်းတံခါးရှေ့တွင်ငုတ်တုတ်ထိုင်နေရင်း တစ်ယောက်တည်းပင် ညည်းညူလို့နေသည်။
ခနကြာသော် ဘေးအခန်းများမှ တံခါးများလည်းအသီးသီးပွင့်လာကာ ကျန်ရှိသောလေးယောက် ကိုယ်စီ ကိုယ်စီထွက်လာကြလေသည်။
"Hey...."
"အေး...."
ထရစ်ဇ်က လက်ပြလှမ်းနှုတ်ဆက်လိုက်သည်ကို ချယ်ရီတို့ကပြန်နှုတ်ဆက်လိုက်သည်။ထို့နောက် ဘေးက တစ်ဦးတည်းသောညီမအလိမ္မာလေးအား
"ဟဲ့...ဂျူးဂျူး နင်တို့အဆင်ပြေလား... ပြီးသွားကြပြီလား"
"ပြီးလို့ထွက်လာတာပေါ့..နင်ကလည်း...ရူးနေလား
ပင်ပန်းရကြားထဲ ဘာတွေလာမေးနေလဲမသိဘူး"
မျက်နှာကား မသာမယာဖြင့် စိတ်မကြည်နေသည့်ဂျူးဂျူးမှာ အစ်ကိုဖြစ်သူနှင့်ဘုနှင့်ဘောက်ပင်။
"အေး အေး ငါလည်းဗိုက်တွေဆာပြီးဘာတွေပြောမိနေမှန်းကိုမသိဘူး...နေ့လည်စာသွားစားကြမယ်လေဟ...ဗိုက်တွေတော်တော်ဆာနေပြီ"
တစ်ဖက်ဘေးတံခါးပေါက်ရှေ့ရပ်နေသော နေအဂ္ဂကိုလည်းထရစ်ဇ်ကလောကွတ်လှမ်းလုပ်၏။
"ဟေ့...နေအဂ္ဂ..ငါတို့နေ့လည်စာသွားစားကြမို့..လိုက်ခဲ့ပါလား.."
အင်တင်တင်ဖြစ်နေသော နေအဂ္ဂကို ထပ်မံ၍
"ငါတို့ဆရာတွေပြောထားတယ်လေ အခုဖွဲ့ထားတဲ့ငါးယောက်တစ်ဖွဲ့က ရှေ့လျှောက်မစ်ရှင်တွေလည်းအတူတူလုပ်ရမှာတဲ့နော်..အခုကတည်းကရင်းနှီးထားမှပေါ့ကွ"
လျစ်လျူရှုပြီးထိုနေရာမှထွက်ခွာဖို့လုပ်နေသော
နေအဂ္ဂ ဆရာဖြစ်သူ ဦးမြတ်ဝါပြောခဲ့သောစကားတွေထဲကတစ်ခွန်းကိုသတိရလိုက်သည်။
"ကလေး...မင်းတို့အဖွဲ့ကဒီတိုင်းရိုးရိုးဖွဲ့ထားတာမဟုတ်ဘူး..ရှေ့လျှောက်မစ်ရှင်တွေတာဝန်တွေအတူတူလုပ်ဖို့တစ်ခါတည်းခွဲထားတာ....ပြီးတော့မင်းတို့အဖွဲ့ထဲက'ရှန်လွန်းတာရာ'ဆိုတဲ့မိန်းကလေးနဲ့မင်းအဆင်ပြေအောင်နေရမယ်"
"ဗျာ..ဘယ်လို"
"ဟုတ်တယ်...မင်းရဲ့လျှို့ဝှက်ချက်ကိုအောင်မြင်ဖို့ဆိုရင်ငါတို့သူ့ကိုလိုအပ်တယ်..အဲ့ကောင်မလေးက သာမန်လူလုံးဝမဟုတ်ဘူး..ကလေး...မင်းသူနဲ့အဆင်ပြေအောင်နေကိုနေမှဖြစ်မယ်"
"နေကိုနေမှဖြစ်မယ်....နေကိုနေမှဖြစ်မယ်....နေကိုနေမှဖြစ်မယ်...."
ထိုစကားလုံးဟာ နေအဂ္ဂ နားထဲသို့ပဲ့တင်သံလိုထပ်ခါထပ်ခါစွဲထင်နေသည်။
"ဟူး....."
သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီးမှထရစ်ဇ်တို့အဖွဲ့ဆီပြန်လှည့်လာလိုက်သည်။
"အေးပါ နောက်ဆိုတစ်ဖွဲ့တည်းတာဝန်တွေတူတူလုပ်ကြရမှာပဲ...ရင်းရင်းနှီးနှီးနေကြတာပေါ့"
"အမလေး...နွေခေါင်ခေါင်မိုးကြိုးပစ်တော့မှာဘဲ"
ဘေးနားကဂျူးဂျူးက ချယ်ရီ့ဘက်လှည့်ကာ မကြားတကြားပြောလိုက်သေး၏။
ထိုအခိုက်အတန့်လေးမှာတော့ နေအဂ္ဂ၏ အကြည့်များဟာ မျက်စောင်းထိုးရှိ အခန်းရှေ့နားက ရှန့်ဆီရောက်သွားသည်။
မိမိကိုဘယ်အချိန်ကတည်းကစိုက်ကြည့်နေမှန်းမသိသော သူမ နှင့်မျက်လုံးချင်းဆုံမိသွားလေသည်။
ဆရာ့စကားအတိုင်း အဆင်ပြေအောင်နေရမည်ဖြစ်သဖြင့် ညင်ညင်သာသာလှမ်းပြုံးပြလိုက်ရာ ရှက်ကိုးရှက်ကန်းဖြင့် ဆတ်ခနဲပင် မျက်နှာလွှဲလိုက်သည့်ရှန့်ကြောင့် သူတော်တော်လေး နေရခက်သွားသည်။
"ငါတော့မရတော့ဘူး ဗိုက်ဆာနေပြီ သွားတော့မယ်"
ဂျူးဂျူးက တဂွီဂွီမြည်နေသောဗိုက်ကိုဖိရင်းပြောလိုက်သည်။
"ဪ..အေးသွားကြမယ်လေဂန္ဒဝင်အဆောင်မှာဒီနေ့ဘာစားရမလဲမသိဘူး...Let's Go"
ပြောပြောဆိုဆိုဖြင့် ထရစ်ဇ်မှရှေ့ဆုံးကနေ၍အော်ပြောကာ ထိုနေရာမှထွက်ခွါလေသည်။
ယနေ့တော့ဂန္ဒဝင်အဆောင်တွင်၎င်းတို့(၅)ယောက် (၁)အုပ်စုသက်သက်နေ့လည်စာစားနေကြ၏။ကျန်သောအဖွဲ့များမှာလည်း သူတို့အုပ်စုနှင့်သူတို့နေရာနှင့်ပင်။
ယနေ့ကျောင်းတော်ကြီးတွင် နေ့လည်စာသည်
ဆယ်လ်မွန်ငါးနှင့်sandwich၊ဆလပ်သုတ်၊ဝက်အူချောင်းကင်။
လူတိုင်း မိမိနေ့လည်စာကိုသာအာရုံစိုက်၍ စားနေကြချိန်မှာတော့ နေအဂ္ဂတစ်ယောက် အကြံအဖန်များနေလေသည်။ဝက်အူချောင်းတစ်ချောင်းကိုရှန်ရဲ့ပန်းကန်ထဲသို့ သေသေချာချာကို လှမ်းထည့်ပေးလိုက်သည်။
ရုတ်တရက်ဆန်သောအပြုအမူကြောင့် ရှန်က သူ့ကိုကြောင်အမ်းအမ်းဖြင့်စိုက်ကြည့်မိလေသည်။မျက်နှာကိုအတတ်နိုင်ဆုံးရင်းနှီးဖော်ရွေအောင်ပြုံးပြလိုက်ပြီး
"အဲ့ဒါအရသာရှိတယ်လေ"
"ရှန်က..ဝက်အူချောင်းမကြိုက်ဘူး"
"ဟင်!.."
တစ်သက်နှင့်တစ်ကိုယ် မည်သူနဲ့မှ ရင်းနှီးခဲ့သည်မရှိ။ပထမဦးဆုံးအကြိမ် မိန်းကလေးတစ်ယောက်နှင့်ရင်းနှီးအောင်နေရသည်မှာ နတ်ဆိုးတစ်ကောင်နှင့်တိုက်ခိုက်ရသည်ထက်ပိုခက်သည်ဟု သူတွေးမိသည်။
"ဟဲ့.. နေအဂ္ဂ"
ဂျူးဂျူးမှရုတ်တရက်ကြီးထအော်ချသဖြင့် တစ်ဝိုင်းလုံးလန့်ဖျပ်သွားသည်။
"အာ...ဘာထဖြစ်တာလဲဂျူးဂျူးလိုင်ရာ..နင်ပါနင်တော့မယ်ဟ"
ထရစ်ဇ်အမေးကိုမသိချင်ယောင်ဆောင်ကာ နေအဂ္ဂဘက်လှည့်၍
"နေအဂ္ဂ..နင်ငါတို့ရှန်လွန်းကိုကြိုက်နေတာလား"
"ဟမ်.....မ..မကြိုက်ပါဘူး"
"အဲ့ဒါဆိုနင်ဘာလို့ဒီလိုတွေလုပ်နေလဲ...နင်မဟုတ်တဲ့အတိုင်း"
"ငါတို့ရင်းရင်းနှီးနှီးနေကြမယ်လို့တိုင်ပင်ထားလို့လေ"
"မဟုတ်တာ...နင်အားလုံးထဲမှာမှရှန့်ကိုပဲတမူထူးနေတာ....ဟဲ့ငါ့မှာမျက်လုံးပါတယ်.."
ဂျူးဂျူးကလက်နှစ်ချောင်းဖြင့် သူမမျက်လုံးကိုသူမညွှန်ပြရင်း အံကြိတ်ပြီးပြောလိုက်သည်။
ထရစ်ဇ်မှ သူ့ညီမဖြစ်သူအား
"ဂျူးဂျူးမရာ...ရေးကြီးခွင်ကျယ်တွေမလုပ်စမ်းပါနဲ့ သူလည်းဒီအတိုင်းရင်းရင်းနှီးနှီးနေတာ ဖြစ်မှာပေါ့"
"နင်တိတ်တိတ်နေ"
အစ်ကိုဖြစ်သူအား လှည့်ဆုံးမလိုက်ပြီး တစ်ဖန် နေအဂ္ဂအား ကြည့်ကာ
"ဘာပဲဖြစ်ဖြစ်...နင်ကြည့်ကြပ်နေနော်..ရှန်လွန်းကငါတို့သူငယ်ချင်း...တစ်ခုခုမဟုတ်တာကြံရင် နင့်ကိုရုံးခန်းထဲထိပို့ပြစ်မယ်"
သူမက နေအဂ္ဂအား လက်ညှိုးတစ်ထိုးထိုးဖြင့်ပြောနေရာ ရှန့်ခမျာ နေရထိုင်ရခက်လှချေပြီ။
'အဲ့ဒီရုံးခန်းကို ငါကဘာဂရုစိုက်ရမှာလဲ' ဟု နေအဂ္ဂ သူ့ပါသူ စိတ်ထဲကြိတ်တွေးလိုက်လေသည်။
"နင်ငါတို့အဖွဲ့နဲ့ရင်းရင်းနှီးနှီးနေမယ်ဆိုကတည်းကကြက်သီးထဖို့ကောင်းနေပြီ...တစ်သက်လုံးအေးတိအေးစက်နေလာတဲ့သူက"
"ကဲကဲ...တော်ပြီ..."
ချယ်ရီက ဂျူးဂျူးအား လက်ကိုလှမ်းကိုင်၍ စိတ်လျှော့ဖို့ပြောသည်။
နေအဂ္ဂလည်းဘာမှပင်ပြန်မပြောတော့ဘဲ စိတ်ရှုပ်သည့်ဟန်ဖြင့် ပန်းကန်ထဲမှ ဝက်အူချောင်းကို ခက်ရင်းနှင့်သာ ထိုးစိုက်ပြီး စားနေလိုက်သည်။
ထိုအချိန်...မစ္စတာဝှိုက်နှင့်ကျောင်းအုပ်ကြီးဒေါ်ဒေါ်မှူးတို့စားပွဲဝိုင်းများရှေ့ရောက်လာကြသည်။
"ကဲ..ကျောင်းသား/သူများ ခနလောက်အချိန်လေးပေးကြပါ"
ဒေါ်ဒေါ်မှူးက ကျောင်းသား/သူများကို အာရုံစိုက်စေရန် ပထမဦးစွာ စကားအစချီလိုက်သည်။ထို့နောက် မစ္စတာဝှိုက်က ဆက်လက်ပြောကြားသည်။
"မင်းတို့ကို ဒီနေ့ပဲအဖွဲ့ကိုယ်စီ ဖွဲ့ပေးထားကြတယ်နော်၊အခုပြောမဲ့အကြောင်းအရာကမနက်ဖြန်မင်းတို့တွေအကုန်လုံး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချင်းချင်းယှဉ်ပြိုင်ကြရမယ်၊ဒါကမင်းတို့တစ်ဖက်လောကကနတ်ဆိုးတွေနဲ့တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်မဖြစ်ကို စစ်ဆေးခြင်းပဲ"
ထိုအကြောင်းအရာကို ကြားသည်နှင့် ကျောင်းသားများအားလုံး အချင်းချင်းကွက်ကြည့်ကွက်ကြည့်လုပ်ကုန်ကြတော့လေသည်။
"ဒါကြောင့်မနက်ဖြန်မနက်(၁၀)နာရီတိတိတွင်
"ဟင်..မနက်ဖြန်တဲ့..ငါတို့ဒီနေ့မှစသင်တာလေ"
ချယ်ရီကစိတ်ပူတကြီးပြောသည်။
"ရပါတယ်...ဘယ်လိုပဲဖြစ်ဖြစ်အရင်သင်ထားတဲ့မှော်အတတ်တွေလည်းရှိတာဘဲ..ငါစိတ်ပူတာကရှန့်ကို
သူမနေ့ကမှစရောက်ပြီး..ဒီနေ့မှစသင်တာလေ"
"ရပါတယ်ဂျူး..ငါလုပ်နိုင်မယ်ထင်တာဘဲ"
"ဖြစ်ပါ့မလား...နင်မလာခင်ကတည်းကငါတို့ကဒီနေ့သင်တန်းလိုလက်နက်ပိုင်းဆိုင်ရာမှမဟုတ်ဘူး
တခြားမှော်အတတ်တွေပါသင်နှင့်ပြီးသွားပြီလေ
နင်ကဒီနေ့မှလက်နက်သင်တန်းပြီးရုံရှိသေးတာ"
ထရစ်ဇ်မှမနေနိုင်မထိုင်နိုင် ဝင်ပြောပြန်လေသည်။
"ကဲပါ..ဂျူးဂျူးရယ်..အဆင်ပြေသွားမှာပေါ့
ဆရာတွေလည်းအဲ့လောက်တော့သိပါတယ်ဟာ"
"ဒီလိုပြိုင်ပွဲတွေကအသက်မသေရင်ပြီးရော
ထိခိုက်ဒဏ်ရာအရအများဆုံးပြိုင်ပွဲတွေ...ငါရှန့်ကိုစိတ်ပူတယ်"
ထိုအခါ ချယ်ရီက သူကြားခဲ့သောအကြောင်းကို ဥပမာထား၍ဖောက်သည်ချတော့သည်။
"အဲ့ဒါတော့ငါလည်းထောက်ခံတယ်..ငါ့အသိတစ်ယောက်တောင် ဒီပြိုင်ပွဲဝင်ပြိုင်ပြီး ခြေထောက်တစ်ဖက်ကျိုးသွားတာ တော်သေးတယ် မှော်သက်ဝင်ဆေးကယ်လို့ ခုနှစ်ရက်ပဲတင်းခံလိုက်ရတာ မဟုတ်ရင်သူ့ခြေထောက်တော့မတွေးဝံ့စရာပဲ"
"ဟမ်!....မှော်သက်ဝင်ဆေးသောက်တာတောင် ခုနှစ်ရက်တောင်ခံရသေးတယ်တဲ့လား.."
ထရစ်ဇ်က အံ့ဩတကြီးနှင့် ချယ်ရီ့စကားကိုတုံ့ပြန်သည်။နေအဂ္ဂက သူတို့အချင်းချင်းပြောနေကြသောစကားများကို မနေနိုင်တော့ဘဲ ဝင်ပြောလေ၏။
"တော်ပါတော့..မင်းတို့ကအခု ကြောက်နေတဲ့လူကို ဖြဲခြောက်နေကြသလိုပဲ"
ထိုအခါမှသာ သူတို့သုံးယောက် အသိဝင်၍ ရှန့်ကိုဝိုင်းကြည့်ကြရာ ချယ်ရီမှ
"အာ...ရှန်..တောင်းပန်ပါတယ် ငါကဖြဲခြောက်တာမဟုတ်ပါဘူး ကြိုတင်ပြင်ဆင်သင့်တာကိုပြင်ရအောင်လို့ပါ"
"ရပါတယ်..ချယ်ရီ...ဘာမှမဖြစ်ဘူး"
ရှန်က ထိတ်လန့်နေသည့်စိတ်ခံစားချက်ကိုဖုံးကွယ်ကာ ပြုံး၍ပြန်ပြောသည်။သို့သော်လည်း သူမအပြုံးက ထိုခံစားချက်ကို အပြည့်အဝ မဖုံးကွယ်နိုင်။
ဂျူးဂျူးက ရှန့်ကိုကြည့်ကာပြောသည်။
"ရှန် နင်တကယ်လို့အဆင်မပြေရင် ငါတို့တွေ ရုံးခန်းသွားပြီး ဒေါ်ဒေါ်မှူးကိုသွားပြောကြမလား နင့်ကိုချွင်းချက်အနေနဲ့ဝင်မပြိုင်ခိုင်းသေးဖို့လေ.."
"အာ...."
ရှန် ပြောရဆိုရခက်သွားသည်။ထို့နောက် စိတ်အခြေအနေကိုငြိမ်အောင်ပြန်ထိန်းလိုက်ရင်း
"ရပါတယ်..ဂျူးဂျူး အဲ့လောက်ကြီးမလိုပါဘူး၊ရှန်အဆင်ပြေမှာပါ...ပြီးတော့ပြိုင်ပွဲအတွေ့အကြုံလည်းရတာပေါ့"
"ဒါပေမဲ့...."
ချယ်ရီ့က ဝင်ဖြတ်ပြောရန်ဟန်ပြင်သည်။သို့သော် ထရစ်ဇ်က စကားဝိုင်းကို သူ၏ခပ်ကျယ်ကျယ်အသံဖြင့် လွှမ်းစေလိုက်ကာ
"ကဲ..တော်ပြီ...ရှန်အဆင်ပြေသွားမှာပါဟာ..မစ္စတာဝှိုက်နဲ့ဒေါ်ဒေါ်မှူးက အသိညဏ်မရှိတဲ့လူတွေလည်းမဟုတ်ဘူး ရှန်မနေ့ကမှကျောင်းကိုစရောက်တာ သူတို့မသိဘဲနေမလား အဆင်ပြေနိုင်လို့ ပြိုင်ပွဲထဲထည့်ပေးတာပေါ့ဟ"
"ဟာ...ဒါပေမဲ့ သူတို့မေ့နေရင်ရော"
ဂျူးဂျူးကခပ်စွာစွာဖြင့် ထရစ်ဇ်အားပြောလိုက်သည်။
"ဂျူးရယ်..ရှန်အဆင်ပြေမှာပါ.....နော်"
ရှန်က ဂျူးဂျူးလက်အားကိုင်လိုက်၍ စိတ်ချလက်ချဖြစ်အောင် တည်ငြိမ်သောလေသံနှင့် ပြောလိုက်သည်။သို့ပေမဲ့လည်း ရှန့်ရင်ထဲက ဟိုးအတွင်းတစ်နေရာမှာတော့ အတော်လေး စိတ်လှုပ်ရှားနေ၏။
မနက်(၁၀)နာရီပင်ရောက်လို့လာပါသည်။
'အနန္တ'အမည်ရှိသောကွင်းပြင်ကြီးသို့ ကျောင်းသား/သူများစုံလင်စွာရောက်နေကြလေပြီ။
ကွင်းပြင်ကြီး၏အောက်ခြေတွင်မည်သည့်မြေသားမျှမပါစကြဝဠာ၌လွင့်နေသကဲ့သို့မျောနေလေ၏။
ထိုအနန္တကွင်းပြင်ကြီးသို့သွားရန်မှော်အတတ် တတ်မြောက်ထားရမည်။စကြဝဠာအစစ်အမှန်မဟုတ်သော်လည်း စကြဝဠာနှင့်ခပ်ဆင်အောင်ဖန်ဆင်းထားသော နေရာဖြစ်သည်။မဲမမှောင်နေချေ။အလင်းတန်းများနှင့်ပြည့်နှက်နေသည်။
~~ဤပြိုင်ပွဲကြီးတွင်မည်သူမဆိုကြိုက်ရာမှော်အတတ်သုံးခွင့်ရှိ၏။အသက်သေဆုံးခြင်းမှလွဲ၍မည်သည့်ထိခိုက်မှုမဆိုဖြစ်ပွားနိုင်သည့်အတွက်သတိထားပါ~~
ထိုဆောင်ပုဒ်ကိုမှော်ကျောင်းတော်ကြီးရှိ လူများအားလုံးသိရှိပြီးကြသည်ဖြစ်သည်။
To be continued....
Rena GG
You are reading the story above: TeenFic.Net