Part 26

Background color
Font
Font size
Line height


ယနေ့နံနက်ခင်းသည်သာယာလွန်းလှသည်။
တေးသီငှက်ကလေးတစ်ချို့က ကျောင်းတော်ကြီး၏ဝန်းအတွင်းတွင်ပျံလွှားကာ ဆော့ကစားနေကြလျက်။

ရှန်တစ်ယောက် မိမိအခန်းမှထွက်ကာ ကျောင်းတော် ဝန်းအတွင်းတစ်လျှောက် လမ်းလျှောက်ထွက်နေသည်။စိတ်ထဲတွင်လည်း ယခုလက်ရှိနေရာကို အင်မတန်ရင်းနှီးနေ၏။

မစ္စတာဝှိုက်ပြောပုံအရ မိမိသည်ဤကျောင်းတော် တွင်နေထိုင်ခဲ့၍ယခုလိုရင်းနှီးနေတာဖြစ်နိုင်ကြောင်းကောက်ချက်ချလိုက်သည်။ထို့အတူ မနေ့က
မိမိခေါင်းထဲရောက်လာသောပုံရိပ်တစ်ချို့ကိုပါ ပြန်တွေးကြည့်မိလေရာ

"အ!..."

"ကျစ်!..ခေါင်းကိုက်လာပြန်ပြီ"

အတိတ်ကိုပြန်မှတ်မိဖို့ကြိုးစားတိုင်း ခေါင်းက ခနခန ကိုက်တတ်၏။မဖြစ်သေး။အခန်းထဲသွားပြန်လှဲနေမှ ရမည်ဟုတွေးကာ ကျောင်းတော်တွင်းသို့ပြန်ဝင် မည်အလုပ်တွင်....

~~ခွမ်း!!~~

အသံကြားရာသို့လှည့်ကြည့်လိုက်သောအခါတွင်တော့ မိမိအားစိုက်ကြည့်နေကာ အံ့အားသင့်စွာဖြင့် ငိုမဲ့မဲ့ဖြစ်နေသောမိန်းကလေးတစ်ယောက်နှင့်အတူ မြေကြီးတွင်ကျကွဲသွားသောပန်းအိုး အကွဲအစအနများကိုပါတွေ့လိုက်ရသည်။ထိုမိန်းကလေးက မိမိဆီသို့
တန်းတန်းမတ်မတ် ပြေးလာကာ မိမိခန္ဓာကိုယ်ကို
ပွေ့ဖက်လိုက်၏။

"ရှန်!......"

ဂျူးဂျူးကရှန့်အားတင်းကျပ်စွာဖက်၍ ချုံးပွဲချ ငိုတော့သည်။

"ရှန်!.....ငါတို့ နင့်ကိုသတိရနေတာ..."

ဖက်ထားသည်ကိုဖြေလျော့၍ ရှန့်ကိုကြည့်လိုက်သည်။အူကြောင်ကြောင်ဖြင့် ကြည့်နေသောရှန်ကဘာလုပ်ရမှန်းမသိ။ရှန့်ရဲ့မျက်နှာအမူအရာကိုကြည့်ရင်း

"ထရစ်ဇ်ပြောတာတော့ ရှန် နင်အတိတ်မေ့သွား တယ်တဲ့...အဲ့တုန်းကငါမယုံခဲ့ဘူး..ဒီပုံအတိုင်းသာဆို တကယ်ကြီး.."

"ဒါနဲ့...ဘယ်သူလဲဟင်"

ရှန်ကသိချင်ဇောဖြင့်မေးလိုက်ရာ

"!...."

ဂျူးဂျူးတစ်ယောက်သိနှင့်နေပြီးသားဖြစ်သော်လည်း မိမိသူငယ်ချင်းဆီက ယခုလိုလက်တွေ့ကြားလိုက်ရသည့်အတွက် အနည်းငယ်လန့်သွားသည်။

"ရှန်!...ငါဂျူးဂျူးလေ နင့်သူငယ်ချင်း!..."

__________________________

ပန်းခြံထဲရှိ ကျောက်စားပွဲဝိုင်းတွင် လွန်ခဲ့သော(၃)နှစ် ခန့်ကအတိုင်း ရှန်၊ဂျူးဂျူးနှင့်ချယ်ရီတို့ သုံးယောက်စကားပြောနေကြ၏။ချယ်ရီ့ကိုတော့ ဂျူးဂျူး ကရှန်နှင့်အတူသွားခေါ်လာခဲ့ခြင်းဖြစ်သည်။ချယ်ရီလည်း ရှန့်ကိုတွေ့သည်နှင့် အလားတူပင် တငိုငိုတရီရီ ဖြစ်ခဲ့သေး၏။

"ဒါနဲ့ ငါတို့ရှန်လွန်းကအခု နတ်ဘုရားမ အဆင့်တောင် ရောက်သွားပြီဆိုတော့ ဒီလိုပေါ့ပေါ့ပါးပါးနဲ့ ပြောလို့ ဖြစ်ပါ့မလား?"

"ဟုတ်သားဘဲ...ဂျူးဂျူး..ငါတို့အရိုအသေပေးရဦးမယ်!.."

နှစ်ယောက်သားအခုမှအသိဝင်၍ ထိုင်ခုံမှထကာ ဂါရဝပြုမည်အလုပ်တွင်ရှန်ကဟန့်တားလိုက်၏။

"ဟာ!...မဟုတ်ဘူး..မပေးရဘူး...ငါအရှင်..အဲ!.."

လွှတ်ခနဲထွက်သွားသောအသုံးအနှုန်းကိုချက်ချင်းပင် ပြန်ပြင်ပြောလိုက်၏။

"ရှန့်ရဲ့သူငယ်ချင်းတွေကတော့ ဒီလိုပေးစရာမလိုဘူး သူငယ်ချင်းတွေကြားထဲမှာတော့ ပေါ့ပေါ့ပါးပါးပဲပြောချင်တယ်"

ထိုမှသာ ချယ်ရီတို့နှစ်ယောက် စိတ်ချလက်ချဖြင့် ပြန်ထိုင်ရ၏။

"ကဲ...ပြောပြပါဦး..ရှန့်အကြောင်းလေး.."

ရှန်ကကျောက်စားပွဲပေါ်သို့လက်တစ်ဖက်ဖြင့်မေးထောက်ကာ စကားစလိုက်လေသည်။

"ပြောစရာတွေကတော့အများကြီးပဲ ရှန်...ဒါပေမဲ့ရှန်တော်တော်ပြောင်းလဲသွားတယ်"

"ဟမ်!..."

ချယ်ရီ့စကားကို ရှန်အနည်းငယ် ဘဝင်မကျဖြစ်သွားလေသည်။

"ဟုတ်တယ် ရှန်..ချယ်ရီပြောတာမှန်တယ် ၊အရင်ကရှန်က နူးညံ့ပြီးရှက်တတ်တယ် ၊အခု ရှန်က ပိုရဲရင့်ပြီးပိုအရှိန်အဝါကြီးတဲ့ပုံပေါက်တယ်"

"ဒါပေမဲ့...ရှန်"

ဂျူးဂျူးက ရှန့်လက်တစ်ဖက်ကိုလှမ်းကိုင်လိုက်သည်။

"အရင်ကရှန်ကိုလည်းသဘောကျပေမဲ့ ငါတို့ကတော့ အခုရှန်ကိုပိုသဘောကျမိတယ်...ဘာလို့လဲဆိုရင် ရှန်အခုလိုပုံစံဆို ဘယ်သူကမှရှန့်ကိုအထင်သေးရဲမှာ မဟုတ်ဘူး အနိုင်လည်းကျင့်ရဲမှာမဟုတ်ဘူး"

"ရှန်ကပိုပြီးရင့်ကျက်လာတယ်၊ပိုပြီးတည်ငြိမ်လာ တယ်၊ပိုပြီးသန်မာလာတယ်၊ပိုပြီးယုံကြည်ချက်ရှိလာတယ်၊ပိုပြီးလည်းလှလာတယ်"

"အဓိကက နတ်ဘုရားမဖြစ်သွားတော့ ပိုပြီးအရှိန်အဝါကြီးလာတာ"

"အဲ့ဒါလုံးဝအမှန်ပဲ..ရှန်နဲ့သာသူငယ်ချင်းမဖြစ်ခဲ့ဘူးဆိုရင် အခုလိုပြောဖို့နေနေသာသာ အနားတောင်မကပ်ရဲလောက်ဘူး"

ဂျူးဂျူးနှင့်ချယ်ရီတို့စကား​ကြောင့် ရှန်ကရယ်မိသွားလေသည်။

"ဟုတ်ပါပြီ..ဘယ်သူမှရှန့်ကိုအနိုင်မကျင့်ရဲပါဘူး၊ရှန့်သူငယ်ချင်းတွေကိုလည်း ဘယ်သူမှအနိုင်မကျင့်စေရဘူး ၊တကယ်လို့လုပ်ရဲတဲ့သူရှိလာရင် အဲ့ဟာတွေကို ကိုယ်တိုင်သတ်ပြီး ငရဲကိုပို့ပစ်မယ်!..."

ပိုပြီးသန်မာလာတဲ့ရှန့်စကားကြောင့် ဂျူးဂျူးတို့ နှစ်ယောက်လန့်သွား၍ တံတွေးပါအလိုလိုမြိုချမိသွားသည်။

"ဒါနဲ့...ရှန် နေအဂ္ဂကိုလည်း မမှတ်မိတော့ဘူးပေါ့နော်"

"နေအဂ္ဂဆိုတာ နတ်နဂါးမျိုးနွယ်စုရဲ့ဧကရာဇ်မလား?.."

"!!"

ရှန့်စကားကြောင့် ချယ်ရီနှင့်ဂျူးဂျူးတစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်မိသည်။

"စေ့စပ်ထားတယ်ဆိုတာ မစ္စတာဝှိုက်ပြောထားခဲ့လို့သိပြီးပါပြီ"

"ရှန်တို့နှစ်ယောက်က အဲ့ထက် အများကြီးပိုတယ်လေ..တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြတာ.."

"........."

ဂျူးဂျူးတို့စကားကြောင့် ရှန်အသံတိတ်နေမိသည်။

"ရှန်ကိုယ်တိုင်...သူ့ကို အသက်အဆုံးရှုံးခံပြီး အမြုတေ လွှဲပေးခဲ့တာပဲကြည့်တော့"

"အာ!..."

ရှန်ကထိုစကားကြားလိုက်ရသော် ခေါင်းကုတ်မလိုလိုဖြင့် ရှက်စိတ်ကိုဖုံးကွယ်မိသည်။မိမိကိုယ်မိမိ ယောကျ်ားတစ်ယောက်အတွက် ရူးမိုက်ခဲ့မိသည်ဟု ယူဆသောကြောင့်ပင်။

"ဟုတ်တယ်...နေအဂ္ဂဆိုလည်း ရှန့်ကိုဆုံးရှုံးလိုက်ရပြီဆိုပြီး အရူးမီးဝိုင်းပဲ ၊(၃)နှစ်လုံးလုံး ရှန့်အနားမှာအရူးတစ်ယောက်လို နေခဲ့ရတာ"

"................"

ရှန်အနည်းငယ်တော့အံ့ဩသွားမိသည်။ထိုယောကျ်ားက မိမိအားအဲ့လောက်ထိချစ်သည်ကိုတော့ မထင်ထားခဲ့ပေ။

"အခု..ရှန်ပြန်နိုးလာတော့လည်း...ဘာမှမမှတ်မိတော့ဘူးဆိုတော့ သူတော်တော်ခံစားရခက်နေမှာဘဲ"

ရှန်စိတ်ထဲ ထူးဆန်းစွာပင် ဝမ်းနည်းသောခံစားချက် တစ်ချို့ဝင်လာသည်။ထိုစကားကြောင့် ရုတ်တရက် ပင် ရှန့်ဘယ်ဖက်နှလုံးသားမှတဆစ်ဆစ်နာလာ၏။

___________________________

ကျောင်းတော်၏ထိပ်ဆုံးအလွှာရှိ ကျယ်ဝန်းတောက် ပြောင်နေသောရုံးခန်းတစ်ခုတွင် ရှန်ရှိနေသည်။ရွှေရောင်ကနုတ်များဖြင့်အလှဆင်ထားသော စားပွဲပေါ် တွင် စာရွက်စာတမ်းများကိုသေချာစစ်ဆေး ကြည့်ရှုနေသည်။

နတ်ဘုရားမအဆင့်သို့တက်လှမ်းသွား၍ ယခုတွင် တော့ ဤကျောင်းတော် ၊ဤပိုင်နက်၊ဤရွှေသစ်နွယ် တိုင်းပြည်၏ ဘုရင်မအဖြစ် အစစအရာရာ မိမိကိုယ်တိုင်လိုက်ကြီးကြပ်နေရခြင်းဖြစ်ပေသည်။

"ဒါနဲ့...အရှင်မ.."

"ပြောပါ..မစ္စတာဝှိုက်"

"အရှင်မ ဒီမှာနေရတာအဆင်မပြေရင် ရွှေသစ်နွယ် နန်းတော်မှာနေလို့ရပါပြီ..အရှင်မအလိုရှိတာနဲ့ပေါ်လာမှာပါ"

"ရွှေသစ်နွယ်နန်းတော်?"

"ဟင့်အင်း...လောလောဆယ် သွားချင်စိတ်မရှိသေးဘူး...။ဒီမှာနေရတာလည်းအဆင်ပြေသေးတယ်"

"ဟုတ်ကဲ့...အရှင်မ ဆန္ဒအတိုင်းပါ"

မစ္စတာဝှိုက်ရုံးခန်းမှထွက်သွားပြီးသည်နှင့် လူတစ်ယောက် ထပ်ဝင်လာသည်။

"ကျစ်!...အတင့်ရဲလိုက်တာ...ငါအရှင်မရုံးခန်းထဲ တံခါးမခေါက်!.."

စာရွက်စာတမ်းများကြည့်နေရင်းမှစိတ်တိုစွာဖြင့်မော့ကြည့်လိုက်သော်

"ကိုယ်ပါ...."

"ရှင်....ရှင်ဒီကိုဘယ်လိုရောက်လာတာလဲ"

"ကိုယ်လာတာ ဝမ်းမသာတဲ့ပုံပဲ စိတ်မကောင်းတောင် ဖြစ်သွားပြီ"

နေအဂ္ဂက ရှန့်မလှမ်းမကမ်းနားက ခုံမှာဝင်ထိုင်လိုက်သည်။

"ဘာကိစ္စရှိလို့လဲမသိဘူး...နတ်နဂါးမျိုးနွယ်စုရဲ့အရှင်သခင်က"

"အာ....စိမ်းကားလိုက်တာ..အရှည်ကြီးပဲ...အရင်လိုပဲခေါ်ပါ"

"ကျွန်မက ရှင့်ကိုအရင်က ဘယ်လိုခေါ်လို့လဲ"

"မမှတ်မိတော့ဘူးလား ကိုယ့်ကို အချစ်လို့ခေါ်ခဲ့တာလေ"

"ဟမ်!...မဖြစ်နိုင်တာ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ ရှန်ကအခုအတိတ်မေ့သွားလို့သာစိမ်းကားနိုင်တာ အရင်က ကိုယ်တို့နှစ်ယောက်ဘယ်လောက်တောင်ချစ်ခဲ့ကြလဲ"

"အို!.. ကျွန်မကအတိတ်မေ့သွားတာမှန်ပေမဲ့ ဒါကြီးကတော့မဟုတ်သေးပါဘူး..ဘယ်လိုမှရင်းနှီးတယ်လို့မခံစားရဘူး အဲ့အခေါ်အဝေါ်ကြီးကို ကျွန်မခေါ်ခဲ့တာ လုံးဝမဖြစ်နိုင်ဘူး"

နေအဂ္ဂက ရှန့်အပြောကြောင့် ဟက်ဟက်ပက်ပက်ရယ်မိသွားသည်။

"ဒါဆို...ရှန်က ရှန်လုပ်ခဲ့တာမှန်ရင်တော့ ရင်းနှီးတယ်ဆိုတာခံစားရတယ်ပေါ့"

"ဒါပေါ့"

နေအဂ္ဂက ရုတ်တရက်နေရာမှထလိုက်ကာ ရှန့်အနားသို့ကပ်လာ၏။နေအဂ္ဂအပြုအမူကြောင့် ရှန်လန့်သွားသည်။

"ရှင်..ရှင်ဘာလုပ်မလို့လဲ!"

မိမိအနားကပ်လာသော နေအဂ္ဂကို ကြောင်ကြည့်နေမိသည်။နေအဂ္ဂ က ရှန့်မျက်နှာနား တဖြည်းဖြည်းတိုးကပ်လာသည်ကို ရှန်ကတဖြည်းဖြည်း အလိုလို အနောက်ဆုတ်မိနေ၏။

ရှန့်ကုလားထိုင်တွင် အနောက်သို့ဆုတ်စရာနေရာမရှိတော့သောအခါတွင်တော့ မိမိမျက်နှာနားဆီတိုးကပ်လာသော နေအဂ္ဂကိုဟန့်တားရန် ရင်ဘတ်ကိုလက်ဖြင့်တွန်းထားလိုက်လေသည်။

"ရှင်....ဘာလုပ်မလို့လဲလို့!"

မိမိရင်ဘတ်ကိုဖိတွန်းထားသော လက်ကလေးတစ်ဖက်ကို ဆွဲကိုင်ကာ နမ်းလိုက်၏။

"ဟေး....ရှင်!..."

"ရှန်ပဲ...ရှန်တကယ်လုပ်ခဲ့တဲ့အရာတွေဆို ရင်းနှီးတယ်လို့ခံစားမိတယ်ဆို...ဒါကိုကောမခံစားမိဘူးလား?.."

"...!!...."

ပါးလေးနှစ်ဖက်နီရဲသွားသည်ကို နေအဂ္ဂ
ကျေနပ်သွားသည်။

[ရှန့်မှာမပြောင်းလဲသေးတဲ့အရာလေးတွေ
ရှိပါသေးတယ်]

ရဲနေသောပါးလေးတစ်ဖက်ကို လှမ်းနမ်းမည်အလုပ်တွင်တော့ ရှန်ကဆတ်ခနဲဆောင့်တွန်းကာ တခြားခုံဆီသို့ပြောင်းထိုင်လိုက်လေသည်။

"ဒီမှာ....ကိုနေအဂ္ဂရှင့်..မြင်တဲ့အတိုင်းပဲ ကျွန်မမှာမအားသေးဘူး အဲ့တော့ရှင်နဲ့ တစ်တီတူးတာတွေမလုပ်နိုင်သေးဘူး "

"မလုပ်နိုင်သေးဘူးဆိုတော့..အားရင်.."

"ဒီမှာ!.....အရင်ကကျွန်မတို့ကြားဘယ်လိုရှိခဲ့ပါစေ၊ လောလောဆယ်ဘာမှမမှတ်မိသေးတဲ့ကျွန်မအတွက် အခုလိုအပြုအမူတွေဆင်ခြင်ပေးဖို့ ပြောချင်တယ်"

"........."

"ဟုတ်ပါပြီ..ကိုယ့်ဇနီးလောင်းလေးကတောင်းဆိုမှတော့ ဘယ်တတ်နိုင်ပါ့မလဲ"

နေအဂ္ဂစကားကြောင့် ရှန်တစ်ယောက်မျက်စောင်းလှမ်းထိုးမိလိုက်၏။နေအဂ္ဂ ရယ်ချင်စိတ်ကိုထိန်းထားလိုက်ရသည်။

"အဟမ်း!...စိတ်တော့မကောင်းဘူး ကိုယ်တောင်အလုပ်တွေပစ်ထားပြီးလာခဲ့ရတာကို"

"ရပါတယ်...အဆင်မပြေရင် ပြန်ပြီးအလုပ်လုပ်တော့လေ...မလာလည်းရတယ်ရှင့် ဘယ်သူမှအတင်းမလာခိုင်းဘူး"

"မဟုတ်ဘူး!...ကိုယ့်အတွက်တော့ အလုပ်ထက် ရှန်ကပိုအရေးကြီးတယ်...ဒီမှာပဲရှန့်ကိုထိုင်ကြည့်နေမယ်"

".........."

ရှန်ဘာမှဆက်မပြောတော့ချေ။သက်ပြင်းချပြီးမိမိအလုပ်သာအာရုံစိုက်နေလိုက်သည်။နေအဂ္ဂ ကတော့ခြေထောက်တစ်ဖက်ချိတ်ထိုင်ကာ ကုလားထိုင်လက်တန်း၌လက်တစ်ဖက်ထောက်တင်၍ခေါင်းမှီကာ ရှန့်ကိုသာငေးကြည့်နေသည်။

နာရီအနည်းငယ်ကြာသော် ရှန်တစ်ယောက်ငိုက်ခါစပြုနေလေပြီ။တဖြည်းဖြည်းနှင့်အိပ်ချင်စိတ်ကိုထိန်းမရဖြစ်လာကာ နောက်ဆုံးတွင်တော့ လက်ထဲကစာရွက်တစ်ရွက်လေးလွတ်ကျသွား၏။

_________________________

တဖြည်းဖြည်းနှင့် အလင်းရောင်စူးစူးကြောင့်ရှန်တစ်ယောက်နိုးလာ၏။ဘေးဘီဝဲယာကိုကြည့်လိုက်သောအခါတွင်တော့ မိမိအိပ်ခန်းဆီရောက်နေသည်ကိုသိလိုက်ရသည်။

"ငါခုနက ရုံးခန်းမှာပါ"

အခန်းအပြင်ထွက်လာသောအခါတွင်တော့ မိမိအားအလုပ်အကျွေးပြုနေသောအခြွေရံတစ်ယောက်ကိုတွေ့လေသည်။

"အရှင်မကို အရိုအသေပေးပါတယ်"

"ရတယ်ရတယ်...အဲ..နေဦး!.."

"ငါ...အခန်းဆီဘယ်လိုပြန်ရောက်လာတာလဲ?"

"အာ...ခုနကနတ်နဂါးအရှင်က အရှင်မကိုသယ်လာပြီးအခန်းထဲလာပို့ပေးသွားတာပါ"

"ဟင်!....."

_______________________

ညနေစောင်းနေပြီဖြစ်သည့်အတွက် ရှန်အောက်ထပ်သို့ဆင်းလာသည်။ကျောင်းသူအဖြစ်နေထိုင်တုန်းက ဂန္ဓဝင်အဆောင်တွင် အစားအသောက်သုံးဆောင်ရပေမဲ့ ယခုလိုနတ်ဘုရားမအဆင့်ရောက်သွားသောအခါတွင်တော့ အမြင့်မြတ်ဆုံးသီးသန့် အဆောင်တွင်သုံးဆောင်ရလေသည်။

ဖြတ်သွားသမျှအခြွေအရံ၊လက်ပါးစေတိုင်းမှာလည်း ရှန့်ကိုတွေ့တိုင်း ဦးညွတ်ရ၏။

ထမင်းစားခန်းသို့ဝင်လာသောအခါတွင်တော့

"ဟင်!...ရှင်...မပြန်သေးဘူးလား?.."

နေအဂ္ဂတစ်ယောက်စားပွဲရှည်ကြီး၏ ထိပ်ဆုံးခုံ(ရှန့်နေရာ)ဘေးတွင် ခပ်တည်တည်ဖြင့်ထိုင်စောင့်နေလေသည်။

"ကိုယ်ကဘာလို့ပြန်ရမှာလဲ..ကိုယ့်မိန်းကလေးနဲ့ညနေစာအတူစားဖို့စောင့်နေရတာ"

"ဒီလူ!..."

စိတ်ကိုမနည်းပြန်ထိန်းလိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ မိမိနေရာသို့သာဝင်ထိုင်လိုက်၏။ခနကြာသော် အခြွေရံ ၃ ၄ ယောက်ဝင်လာပြီး အစားအသောက်ပြင်ဆင်ပေးသွားသည်။

စားနေရင်း ရှန်ကနေအဂ္ဂကိုကြည့်လိုက်သည်။ထို့နောက်

"ရှင်...ပြီးရင်တော့ပြန်မှာမလား..ညထိတော့မနေဘူးမလား"

"အွန်း...ပြန်ရမှာပေါ့...ဖြစ်နိုင်ရင် ရှန့်ကိုပါခေါ်သွားချင်တာ"

"မလိုက်ပါဘူး"

"ဘာလို့လဲ...ကိုယ်တို့လက်ထပ်ပြီးရင်ကိုယ်နဲ့အတူလိုက်နေရမှာလေ...ကိုယ်နဲ့နန်းတော်တစ်ခုထဲမှာ၊
အဆောင်တစ်ခုထဲမှာ၊အိပ်ခန်းတစ်.."

"အဟမ်း!...ဒီကိုရေတစ်ခွက်လာပေးပါ"

"ဟုတ်ကဲ့!!...အရှင်မ...."

မကြားချင်ယောင်ဆောင်ကာ ညနေစာစားနေသောရှန့်ကိုကြည့်ပြီးနေအဂ္ဂ အူယားလာ၏။ဖက်နမ်းပစ်ချင် စိတ်ကိုအလွန်ပင်ထိန်းထားရသည်။

__________________

"ဟူး....သူဒီအချိန်တော့မလာလောက်ပါဘူးနော်"

ရှန်တစ်ယောက်ညဝတ်ဂါဝန်အဖြူရောင်လေးလဲဝတ်နေရင်းမှသက်ပြင်းချနေမိသည်။ဝရံတာဘက်ကိုလည်းထွက်ကြည့်ကာ ထိုယောကျ်ားရှိမရှိ စစ်ဆေးနေ၏။မရှိတာသေချာမှ စိတ်ချလက်ချဖြင့်အိပ်ရာသို့သွားတော့သည်။

အတန်ကြာသော် ငွေရောင်အလင်းတန်းလေးတစ်ခု ရှန့်အိပ်ခန်းကဝရံတာဘက်သို့ဆင်းသက်လာသည်ကိုတော့ ရှန်သတိမထားမိလိုက်ချေ။ရှန်တစ်ယောက်အိပ်ပျော်နေသောကြောင့်ဖြစ်ပေသည်။

_______________________

နံနက်(၁၀)နာရီဝန်းကျင်အချိန်ဖြစ်သည်။ရှန်တစ်ယောက် ရုံးခန်းတွင်အလုပ်တွေပုံနေ၍ အခုမှနားရသည်။ရုံးခန်းမှထွက်ကာ လျှောက်လမ်းအဆုံးရှိ ဝရံတာဘက်သို့လေညင်းခံရန်ထွက်လာခဲ့သည်။

"ရှန်!...."

နောက်ကျောဘက်မှအသံတစ်သံ။လှည့်မကြည့်ရင်တောင် ဒီအသံကဘယ်သူခေါ်မှန်းရှန်သိနေပြီ။

ရှန်တမင်တကာ လှည့်မကြည့်ဘဲ မကြားချင်ယောင်ဆောင်နေလိုက်သည်။ဘာသံမှမကြားရတော့ပေ။သို့သော် မိမိနားနားသို့လေသံတစ်ခုတိုးတိုးလေးရောက်လာ၏။

"ရှန်...မင်းဒီလိုမသိချင်ယောင်ဆက်ဆောင်နေမယ်ဆို ကိုယ့်အဆိုးမဆိုနဲ့နော်"

"အ!..ရှင်နော်.."

ရုတ်တရက်မိမိနားနားသို့ကပ်လာသောကြောင့် လန့်ဖျပ်ကာလှည့်ကြည့်မိ၏။နားရွက်လေးတစ်ဖက်ပင်ရဲသွားသည်။လှည့်ကြည့်မိကာမှပိုဆိုးသွားသည့်အလား။

ဝရံတာလက်ရန်းတန်းကိုမှီထားသော ရှန့်ကို
နေအဂ္ဂ ကအနောက်မှနေပြီး ထိုလက်ရန်းတန်းကိုကိုင် ထားသဖြင့် ရှန့်အသားမထိသော်လည်းဖက်ထားသလိုဖြစ်နေသည်။

ရှန်လှည့်ကြည့်လိုက်သောကြောင့်မျက်နှာချင်းဆိုင် ကာပိုလို့ပင် နီးကပ်သွား၏။

ရှန့်ရဲ့မျက်နှာဟာ နေအဂ္ဂရင်ဘတ်ကြီး၌ အပ်ထားသည့်အလား။မိမိထက်အရပ်ပိုမြင့်သော ထိုယောကျ်ားကို မော့ကြည့်လိုက်သော် ရင်းနှီးသောခံစားချက်တစ်ချို့က ရှန့်နှလုံးသားကိုထိုးဆွနေသလိုပင်။

ရှက်ကိုးရှက်ကန်းဖြင့် ချက်ချင်းပင်နေအဂ္ဂ လက်အောက်ဘက်မှလျှို၍ထွက်လာခဲ့လိုက်သည်။

"ရှင်...လာပြန်ပြီ...ရှင့်အင်ပါယာမှာဘာအလုပ်မှမရှိဘူးလား"

အသံကိုမတုန်အောင်ထိန်း၍ပြောလိုက်သည်။သို့သော်ရှက်နေမှန်းသိသာနေ၏။နေအဂ္ဂ မျက်လုံးများကိုစေ့စေ့မကြည့်ရဲပေ။

မျက်နှာလွှဲထားသော ရှန့်ကိုနေအဂ္ဂက ဆွဲလှည့်လိုက်ပြီး

"ကိုယ်က..ရှန့်အနားမှာနေချင်ရုံပါ"

ရှန့်မျက်နှာနီရဲသွားသည်။နေအဂ္ဂတစ်ယောက် အလွန် စိတ်ထိန်းထားရ၏။ရှက်ယမ်းယမ်းနေသော မိမိမိန်းကလေးမှာ အလွန်ချစ်ဖို့ကောင်းနေသည်။

"အဟမ်း!.."

ရှန် အယောင်ဆောင်ချောင်းဟန့်လိုက်သည်မှာ
မပီပြင်နေ။

"ဒီမှာ...ကျွန်မ အလုပ်တွေရှိသေးတယ်..ရှင့်ကိုအဖော်မပြုနိုင်သေးဘူး"

".................."

"နေနိုင်ရင်နေပေါ့ ကျွန်မကတော့မအားဘူး"

ထိုနေရာမှရှန်လှည့်ထွက်လာခဲ့လိုက်သည်။အနောက်သို့ခြေသံကြား၍လှည့်ကြည့်လိုက်သော်

"ဟာ!...ဒီလူ လိုက်လာတယ်?.."

ထိုအချိန်မှစ၍ မနက်၊နေ့လည်၊ညနေ တစ်ချိန်လုံး နေအဂ္ဂ တစ်ယောက် ရှန့်နားတွင်တွယ်ကပ်နေသည်မှာ ရက်သတ္တပတ်မျှကြာရှိလေပြီ။

_____________________________

"ခုကစပြီး....ရှန်ပေးတဲ့လက်ဆောင်မို့....ကောင်းကောင်းမွန်မွန်..ဂရုစိုက်ပြီး...အသက်ရှင်ပါနော်..."

"...................."

"ရှန်!....ရှန်ဘာလုပ်မလို့လဲ....."

"ချစ်တယ်..........."

"ရှန်!.....ဘာလုပ်မလို့လဲလို့!!"

"ရှန်!!!!!!.........."

"အားးးးးးးး!!!!..."

ညသန်းခေါင်ယံအချိန် ရှန်တစ်ယောက်အိပ်မက်ဆိုးများမှရုန်းထွက်၍ကုန်းရုန်းအော်လိုက်မိသည်။နဖူးမှချွေးစများ စိုရွှဲနေ၏။မောဟိုက်စွာအသက်ကို ဖြည်းဖြည်းချင်းရှုနေရသည်။

ပြန်အိပ်ဖို့အဆင်မပြေတော့သောကြောင့် ဝရံတာဘက်သို့လေညင်းခံရန်ထွက်လာခဲ့လိုက်သည်။
မက်ခဲ့သောအိပ်မက်ကိုပြန်စဉ်းစားနေမိကာ မိမိရင်ဘတ် ဘယ်ဖက်အားကိုင်ကြည့်လိုက်သည်။
နှလုံးကတဆစ်ဆစ်နာနေ၏။

အိပ်မက်ကိုပြန်စဉ်းစားနေရင်း မျက်ရည်များကျလာသည်။မိမိမျက်နှာကိုကိုင်ကာ ကျလာသောမျက်ရည်များကိုစမ်းကြည့်ပြီးအံ့ဩမိသည်။

"ဟင်...မျက်ရည်တွေဘာလို့ကျလာတာလဲ"

မျက်ရည်များကိုလက်ဖမိုးနှင့် သုတ်ချလိုက်ပြီးအိပ်ရာပေါ်သို့ပြန်သွားရာ

"ရှန်!....."

"ဟင်!....နေအဂ္ဂ...ရှင်ဒီချိန်ကြီးဘယ်လို"

"ရှန်ငိုနေတယ်?..."

ဝရံတာဘက်မှဘယ်ချိန်ကဘယ်လိုရောက်လာမှန်းမသိသော နေအဂ္ဂ ကရှန့်ဆီအပြေးအလွှားလာကာ

"ရှန်...ဘာလို့ငိုနေတာလဲ!..."

"မငိုပါဘူးနော်..."

"ကိုယ့်ကိုပြော...ဘယ်သူရှန့်ကိုငိုအောင်လုပ်တာလဲ?..."

ပြောရင်းဆိုရင်း နေအဂ္ဂကရှန့်မျက်နှာကိုကိုင်ကာ ကျန်ရှိနေတဲ့ မျက်ရည်စတွေကိုသုတ်ပေးနေသည်။

"ဟင့်အင်း....အဲ့လိုမဟုတ်ပါဘူးဆို!.."

နေအဂ္ဂက ရှန့်မျက်ရည်တွေကိုသုတ်ဖို့ကြိုးစားရင်း တဖြည်းဖြည်းရှေ့တိုးလာသည်။ရှန်ကအနောက်ဆုတ်ရင်းမှ နှစ်ယောက်သားခြေထောက်ချင်းခလုတ်တိုက်မိကာ အနောက်ကအိပ်ရာပေါ်သို့ မှောက်လျက်ပင် ကိုယ်ချင်းထပ်ကာလဲကျသွားလေ၏။


To be continued.....
Rena GG


You are reading the story above: TeenFic.Net