Part 24

Background color
Font
Font size
Line height



~~(၃)နှစ်ခန့်ကြာသော်~~

ကြီးမားထည်ဝါသောနတ်နဂါးမျိုးနွယ်စုအင်ပါယာကြီး၏ ပလ္လင်အထက်တွင်တော့ ဧကရာဇ်မင်း အသစ်စက်စက်နန်းတက်ခဲ့သည်မှာ (၂)နှစ်ကျော်ပင်ရှိလှပြီ။နေအဂ္ဂ၏ဖခင်ဖြစ်သူ ဘုရင်ဟောင်းမှာ တိုက်ပွဲတွင်းရရှိခဲ့သောကျိန်စာဆိုးကြောင့်ပင် နတ်ရွာစံခဲ့ရလေ၏။

(၃)နှစ်တာကာလအချိန်လွန်မြောက်သွားသောအခါတွင်တော့ ဂျူးဂျူးလိုင်ရာ၊ထရစ်ဇ်လိုင်ရာတို့မောင်နှမနှင့်အတူ ချယ်ရီဆူးအပါအဝင် ရွှေသစ်နွယ်၌ အသီးသီး တာဝန်ထမ်းဆောင်လျက်ရှိသည်။

ညနေ နေဝင်ချိန် နတ်နဂါးမျိုးနွယ်စုအင်ပါယာအတွင်းမှာတော့ ဧကရာဇ်မင်းတစ်ပါး ကိုယ်ဖျောက်မန္တန်နှင့်အတူ မှော်အတတ်သုံးကာ နန်းတော်မှထွက်ခွါလာခဲ့သည်။ငွေရောင်အလင်းတန်းလေးက ထိုနန်းတော်မှတစ်ဆင့် ရွှေသစ်နွယ်ကျောင်းတော်သို့ဦးတည်နေရာ ကျောင်းတော်မရောက်မီ နှင်းဆီခင်းကြီး၏မလှမ်းမကမ်းနားက ရေတံခွန်သို့သွားရာလမ်းတွင်အဆုံးသတ်သွားသည်။

ငွေရောင်အလင်းတန်းမှတစ်ဆင့် တဖြည်းဖြည်းလူအသွင်ပြောင်းသွားသည်။ရေတံခွန်ရှိရာသို့ဦးတည်၍လမ်းလျှောက်သွားလေသည်။ တောင်ကျရေများတဟုန်းဟုန်းကျနေသောနေရာသို့ရောက်သွားသောအခါတွင်တော့ စိုစွတ်နေသောကျောက်နံရံကြီးကိုတွေ့ရလေသည်။

ထိုကျောက်နံရံကြီးအား မန္တန်ရွတ်၍ မှော်အတတ်သုံးဖွင့်လိုက်ရာ အလင်းများဖြင့်ပြည့်နှက်နေသောဝင်ပေါက်တစ်ခုဖြစ်ပေါ်လာသည်။

ထိုဝင်ပေါက်အတွင်းတဖြည်းဖြည်းဝင်သွားသော် နှင်းဆီများစီစီရီရီပေါက်နေသော လမ်းလေးတစ်ခုကိုဖြတ်ရ၏။အအေးငွေ့များကတဖြည်းဖြည်းလွှမ်းခြုံလာသလိုခံစားရသည်။

လမ်းအဆုံးတွင်တော့ အေးစက်တောင့်ခဲနေသော ရေခဲဖြင့်ပြုလုပ်ထားသည့်ခေါင်းတလားစင်ပေါ်က လှဲနေသောရှန့်ခန္ဓာကိုယ်လေးကိုတွေ့ရပါတော့သည်။နေအဂ္ဂက ရှန့်အနားသို့သွားကာ ရှန့်မျက်နှာလေးကို လက်ဖဝါးဖြင့်အသာအယာပွတ်သပ်လိုက်သည်။

(၃)နှစ်နီးပါးငိုကြွေးခဲ့ရ၍ ယခုတွင်တော့ငိုစရာမျက်ရည်ပင်ကုန်ခမ်းနေခဲ့သည်။ချိုင့်နေသောမျက်တွင်းများက ညတိုင်းအိပ်မပျော်နိုင်ခဲ့သည်ကိုသက်သေပြနေသည့်အလားပင်။

လွန်ခဲ့သော(၃)နှစ်ခန့်က နေအဂ္ဂ၏တစ်ဖက်သက်စိတ်ဆန္ဒကြောင့် နတ်နဂါးမျိုးနွယ်စုနန်းတော်၌ပင် ရှန့်ကို မိမိဘေးနားထားရန်စီစဉ်ခဲ့သည်။ထိုအစီအစဉ်အား မစ္စတာဝှိုက်နှင့်ဒေါ်ဒေါ်မှူးက အနူးအညွတ်ကန့်ကွက်ခဲ့သည်။အကြောင်းမှာ မိမိတို့ကျောင်းတော်ရဲ့ အထွဋ်အမြတ်ထားရာ နတ်သမီး၏ရုပ်ခန္ဓာကိုယ်ကို  ကျောင်းတော်နှင့်အနီးစပ်ဆုံး၌ထားရန်အသင့်တော်ဆုံးအတွက်ကြောင့်ပင်။

နောက်ဆုံးတွင် တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်းမှုများအပြီးမှာတော့ ရှန့်၏ရုပ်ခန္ဓာကိုယ်အား ကျောင်းတော်နှင့်အနီးစပ်ဆုံးနေရာ နေအဂ္ဂနှင့်ရှန်၏လျှို့ဝှက် နိဗ္ဗာန်ဘုံလေးဖြစ်သော ရေတံခွန်နားတွင်ထားရှိရန်ဆုံးဖြတ်လိုက်ကြလေသည်။ရန်သူများ၊နတ်ဆိုးများ၊တခြားသော လောကသားများ မနှောင့်ယှက်စေရန် မှော်စွမ်းအင်ဖြင့်အထပ်ထပ်အရံရံ ကာကွယ်မှုများပြုလုပ်ထား၏။

အင်ပါယာ၏ဘုရင်တစ်ပါးအနေနှင့် နန်းတော်မှခွါမရဖြစ်နေသော်လည်း ချစ်ရသူဆီသို့ မနက်တစ်ကြိမ်၊နေ့လည်တစ်ကြိမ်၊ညတစ်ကြိမ် ဖြင့်နေ့ရက်တိုင်းမရရအောင်လာလေ့ရှိသည်။တစ်ရက်ကလေးတောင်ပျက်ကွက်ခြင်းမရှိခဲ့ပေ။

သုံးရောင်ခြည်ပန်းကိုတော့ ရှန်ရဲ့ခေါင်းရင်းရှိဖန်အိုးလေးထဲတွင်သေချာထားထားလျက်ရှိသည်။သုံးရောင်ခြည်ပန်း၏စွမ်းအင်၊နေအဂ္ဂ ၏နတ်ဘုရား အမြုတေ၊အထူးစီမံဖန်ဆင်းထားသော ရေခဲခေါင်းတလားတို့ကြောင့် ရှန့်ရဲ့ခန္ဓာကိုယ်ဟာ ပျက်စီးယိုယွင်းခြင်းလုံးဝမရှိပေ။

အဖြူရောင်ဂါဝန်ရှည်လေးကိုဝတ်ဆင်ထားပြီး ရေခဲဖန်သားကြီးပေါ်၌အိပ်စက်လဲလျောင်းနေသောရှန့်ကိုကြည့်ကာနေအဂ္ဂ ကတစ်နေ့တာကိစ္စ အရပ်ရပ်ကို ရင်ဖွင့်ပြောပြလျက်ရှိ၏။ယခုလည်း ရှန့်မျက်နှာလေးအားကိုင်ကာ

"ရှန်...ကိုယ်လေ..ဒီနေ့ညီလာခံမှာတော်တော်ဒေါသထွက်ခဲ့ရတယ်"

"အခုကတည်းက အိမ်ရှေ့စံအရိုက်အရာအတွက်ကိုယ့်ကို လက်ထပ်ဖို့တွန်းအားပေးနေကြပြီ"

"ကိုယ် ရှန်ကလွဲပြီးဘယ်သူ့ကိုမှလက်မထပ်ဘူး"

"ရှန်...သိလား..."

"ရှန် ဘယ်တော့မှနိုးလာမှာလဲဟင်"

"ရှန် ကိုယ့်ဆီဘယ်တော့ပြန်လာမှာလဲ...."

တုန်ရီနေသောအသံ၊စိတ်ပျက်အားငယ်နေသောအသံဖြင့်ပြောနေသည့်နေအဂ္ဂအား ငြိမ်ငြိမ်လေးလှဲနေသောရှန့်ဆီမှမည်သည့်တုံ့ပြန်မှုမှပြန်မလာပေ။ရှန့်မျက်နှာလေးကိုင်ရင်းမှ ရှန့်ရဲ့လက်ကလေးတစ်ဖက်ကိုပြောင်းကိုင်ကာ မိမိ၏ပါးနှင့်ဆွဲထိကပ်လိုက်သည်။အတွေးပေါင်းများစွာက လွန်ခဲ့သော(၂)နှစ်ခန့်ဆီသို့~~~~

"ဘယ်လို!......."

"ရှန်...ရှန်..ပြန်နိုးလာချေရှိတယ်ဟုတ်လား"

မစ္စတာဝှိုက်က နေအဂ္ဂအား မျက်နှာမူကာ မျှော်လင့်ချက်တစ်ခုကို ပေးလိုက်သည်။

"ဟုတ်ပါတယ်....ရှန့်ရဲ့ခန္ဓာကိုယ်ထဲမှာဓာတ်တစ်ခု ကိန်းအောင်းနေတယ်။ပြီးတော့ ညစဉ် ကျွန်တော်သတိထားမိတဲ့အလျောက် ရှန့်ကိုမွေးဖွားချိန်မှစလို့ ကောင်းကင်ပေါ်မှာ သုံးလောကနတ်သမီး ကိုကိုယ်စားပြုတဲ့ကြယ်တစ်လုံးရှိနေခဲ့တယ်"

နန်းတက်ခါစဘုရင်အား မစ္စတာဝှိုက်မှယဉ်ယဉ်ကျေးကျေးသာ သုံးနှုန်းရပေသည်။

"လွန်ခဲ့တဲ့(၁)နှစ် ရှန့်နှလုံးခုန်ရပ်သွားချိန်ကစပြီးအဲ့ဒီကြယ်ဟာ တဖြည်းဖြည်းမှေးမှိန်သွားခဲ့တယ်။ဒါပေမဲ့ အခုရက်ပိုင်း အဲ့ဒီကြယ်က သိသိသာသာကို အရောင်ပြန်တောက်ပနေခဲ့တာ "

"ရှန်..ပြန်လာတော့မယ်ထင်တယ် အရှင်...

သူပြန်မွေးဖွားလိမ့်မယ်"

ထိုနေ့ကစလို့ နေအဂ္ဂ မျက်နှာမှာမျှော်လင့်ချက်ရောင်ခြည်ရိပ်ခနဲသန်းသွားခဲ့ရာ နေ့ရက်တိုင်းကိုထိုမျှော်လင့်ချက်နဲ့သာ အသက်ရှင်နေထိုင်ခဲ့သည်။သို့သော် နောက်ထပ်(၂)နှစ်သာထပ်ကြာသွားသည်။ရှန့်မှာနိုးမလာခဲ့။

နေအဂ္ဂစိတ်ပျက်လက်ပျက်ဖြင့်ထိုအတွေးတွေကို ဖယ်ထုတ်လိုက်သည်။ရှန့်ရဲ့နဖူးလေးကိုနမ်းကာ ထိုနေရာ၌ရှန်နှင့်အတူလှဲအိပ်လိုက်၏။မှိတ်ထားသောမျက်လုံးထောင့်စွန်းမှ မျက်ရည်စီးကြောင်းများက တဖြည်းဖြည်းကျလာသည်။

[ရှန်...ကိုယ့်ဆီဘယ်တော့ပြန်လာမှာလဲ.....]

__________________________

"မင်း...ဒါဘာလုပ်တာလဲ နှင်းလရောင်!"

ငွေရောင်စာလိပ်အထပ်ထပ်များကို နှင်းလရောင်ရှေ့သို့ ဖုန်းခနဲ ပစ်ချလိုက်သည်။

"မင်း..အထက်အရာရှိတွေကိုဘာတွေသွေးထိုးလှုံ့ဆော်ထားလဲ...မင်းကိုယ်မင်းသိတယ်နော်"

မည်သည့်စကားမှမဆိုဘဲ အံကြိတ်ကာမျက်နှာလွှဲလိုက်သည့်နှင်းလရောင်အား

"အခုအရာရှိတွေ တိုက်တွန်းနေကြတဲ့ မိဖုရားမြှောက်ဖို့ ကိစ္စမှာ ငါဘာမှလုပ်ဖို့အစီစဉ်မရှိဘူး၊အေး...လုပ်ချင်စိတ်လဲမရှိဘူး ၊လုပ်မှာလဲမဟုတ်ဘူး"

"ဒါကို မင်းက မင်းကိုယ်မင်းမိဖုရားနေရာ ရဖို့ကြိုးစားနေသေးတယ်ဆိုရင် ငါသတိပေးလိုက်မယ် အိပ်မက် မက်မနေနဲ့......"

ရှေ့သို့ခြေတစ်လှမ်းတိုးကာ နှင်းလရောင်မျက်လုံးသို့တည့်တည့်မတ်မတ်စူးစိုက်ကြည့်ရင်း

"မင်းအဖေကြောင့်သာမဟုတ်ရင် မင်းကိုနန်းတော်ကမောင်းထုတ်လိုက်တာကြာပြီ"

"လရောင် မိဖုရားနေရာ မလိုချင်ဘူး...အရှင့်နားမှာပဲနေချင်တာ..."

"..............."

"ဘာပြောတယ်....."

"အရှင်တကယ်မသိတာလား....ဒါမှမဟုတ် မသိချင်​ယောင်ဆောင်နေတာလား....လရောင်အရှင့်ကိုချစ်..."

"တော်တော့...နှင်းလရောင်!..."

"ငါ့ရင်ထဲမှာရှန်တစ်ယောက်ပဲရှိတယ် အရင်ကလဲသူပဲ၊အခုလဲသူပဲ၊နောင်လဲ သူပဲ.....ဒါ့ကြောင့် မင်းမလိုအပ်တဲ့ခံစားချက်တွေငါ့ဆီမထားတာအကောင်းဆုံးပဲ"

"အခုမင်းလုပ်နေတဲ့အရာတွေရပ်တန်းကရပ်လိုက် မဟုတ်ရင်ငါ့အဆိုးမဆိုနဲ့"

နေအဂ္ဂထိုနေရာမှလှည့်ထွက်မည်အလုပ်တွင်နေအဂ္ဂလက်ကိုလှမ်းကိုင်၍

"လရောင်..အရှင့်အနားမှာပဲနေချင်တာပါ.."

"အဲ့ဒါကပိုလို့တောင်မဖြစ်နိုင်သေးတယ်"

မိမိလက်အားကိုင်ထားသောလက်ကိုဆွဲဖယ်ပစ်လိုက်သည်။

_________________________

"ဂျူးဂျူး.........."

ကျောက်စားပွဲတွင်ထိုင်ကာ တစ်စုံတစ်ခုကိုငေးမောဟန်ရှိနေသော ဂျူးဂျူးကို ချယ်ရီကလှမ်းခေါ်လိုက်သည်။

"အထဲမဝင်သေးဘူးလား....ဒီမှာဘာလုပ်နေတာလဲ....အေးတယ်လေ"

"အင်း.....မဝင်ချင်သေးဘူး"

ချယ်ရီကပါ ဂျူးဂျူးအနားတွင်ဝင်ထိုင်လိုက်သည်။

"(၃)နှစ်တောင်ရှိသွားပြီနော်...."

ချယ်ရီ့ဘက်ကစကားစလိုက်သည်။

"အင်း....သူထွက်သွားတာ(၃)နှစ်တောင်ကြာပြီ..."

ချယ်ရီကဝမ်းနည်းနေသည့်အရိပ်အယောင်ကို မသိသာအောင်ထိန်းရင်း

"ငါမယုံနိုင်သေးဘူး...ငါ့စိတ်ထဲရှန်ခရီးထွက်သွားတယ်လို့ပဲခံစားနေရတယ်...."

ဂျူးဂျူးကသဘောကျစွာဖြင့် တစ်ချက်ရယ်မိလိုက်ရာ

"အဲ့လိုဆိုရင်တော့ကောင်းတာပေါ့...."

နှစ်ယောက်သားခနတာငြိမ်သက်သွားသည်။ငိုချင်စိတ်များကိုထိန်းထားနေကြသည်မှာ သိသာလွန်းလှပေသည်။

ထိုစကားဝိုင်းကိုလှမ်း၍ငေးကြည့်နေသူမှာတော့ ထရစ်ဇ်ပင်။စိတ်မကောင်းဖြစ်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။အနောက်သို့လှည့်ပြန်မည်အလုပ်တွင်တော့

"ဟင်.....နေအဂ္ဂ!....."

________________________
ကျောင်းတော်နှင့်မလှမ်းမကမ်း မက်မွန်တောထဲတွင်ဖြစ်ပေသည်။မက်မွန်ပင်အောက်တွင်တော့ ဝိုင်ပုလင်း (၂)ပုလင်းနှင့်အတူ နေအဂ္ဂနှင့် ထရစ်ဇ်တို့အတူရှိနေကြသည်။

"အဆင်ပြေတယ်မလား....."

ထရစ်ဇ်က စကားစလိုက်ရင်း ဝိုင်ပုလင်းကိုကောက်ယူလိုက်သည်။

"လုံးဝပြေမနေဘူး....."

"အာ....broရာ အဲ့လိုကြီးတော့မပြောနဲ့လေ...ငိုစရာရှိတာငို၊ရယ်စရာရှိတာ ရယ်ပေါ့ ဘဝဆိုတာဒီလိုပဲလေ"

"ရယ်စရာရှိတာ...?"

နေအဂ္ဂကဝိုင်ပုလင်းကိုကိုင်ကာ တစ်ငုံမော့လိုက်သည်။

"ရယ်စရာဆိုတာငါ့ဘဝမှာ ဘာမှန်းတောင်မသိတော့ဘူး"

ထရစ်ဇ်က နေအဂ္ဂကိုကြည့်ပြီးသက်ပြင်းပါးပါးလေးချလိုက်၏။

"မင်းတို့ရော...အဆင်ပြေတယ်မလား"

"ပြေပါတယ်...ရွှေသစ်နွယ်မှာပဲတာဝန်ထမ်းဆောင်နေရတာဆိုတော့ ဘာမှတော့မပြောင်းလဲသွားပါဘူး၊တစ်ခုပဲ ကျောင်းသားဘဝနဲ့ အခု အမှုထမ်းဘဝ တူတော့မတူဘူးပေါ့"

"ချယ်ရီကတော့ ကျောင်းသားအသစ်တွေကိုသင်ကြားရေးပြန်လုပ်ဖို့တာဝန်ယူရတယ်၊ဂျူးဂျူးကတော့ ငါနဲ့အတူတူပဲ"

"အဆင်ပြေတယ်ကြားရတာ ဝမ်းသာပါတယ်"

ခနတာတိတ်ဆိတ်ငြိမ်သက်သွားသည့်ကြားမှ နေအဂ္ဂဆီမှ စကားသံကထွက်ပေါ်လာသည်။

"ငါ...ရှန့်ကိုအရမ်းလွမ်းတယ်"

ဝိုင်ပုလင်းကိုကောက်မော့ချလိုက်သည်။မိမိရင်ဘတ်အား အရှိန်ပြင်းပြင်းနှင့်ထုချလိုက်ရာ

"ငါ့ဒီရင်ဘတ်ကြီး...တစ်ခုလုံး တင်းကျပ်နေတယ်"

"Hey.....စိတ်လျှော့လေ နေအဂ္ဂ!.."

"၃နှစ်!.....၃နှစ်!.....၃နှစ်ရှိပြီကွ....ငါရှန့်ကိုစောင့်နေတာ ရက်ပေါင်းများစွာ...... လပေါင်းများစွာ"

လက်တစ်ဖက်ဖြင့် မိမိမျက်လုံးနှစ်ဖက်အား အုပ်လိုက်သည်။မျက်ရည်ကျနေသည်ကို မမြင်စေချင်လိုမှန်း ရိပ်မိသဖြင့် ထရစ်ဇ်က မျက်နှာလွှဲပေးလိုက်၏။

"ရှန့်ကိုလွမ်းလွန်းလို့.....ရူးတော့မယ်ထင်တယ်"

တုန်ရီနေသောအသံကတဖြည်းဖြည်းတိမ်ဝင်သွားသည်။မျက်နှာကိုလက်ဖြင့်သပ်ချလိုက်ရင်း

"ငါသွားမှရတော့မယ်...ရှန်ငါ့ကိုစောင့်နေတော့မှာ...ဒီအချိန်ဆိုသူ့ဆီသွားနေကျပဲ"

"ကျေးဇူးပဲထရစ်ဇ်.....နောက်မှဆုံကြတာပေါ့"

"ဟေ့...နေဦးလေ....အာ..ဒီကောင်လုပ်ချလိုက်ပြန်ပြီ"

ထရစ်ဇ် ပုခုံးတစ်ဖက်ကိုလက်ဖြင့်အသာပုတ်ပြီး ထိုနေရာမှထွက်လာခဲ့လိုက်၏။ငွေရောင်အလင်းတန်းလေးက ကောင်းကင်မှဖြတ်သွားသည်ကို မည်သူမျှသတိမထားမိလိုက်ချေ။

ရေခဲဖန်သားကြီးဘေးတွင် နေအဂ္ဂရောက်နေပြန်သည်။ရှန့်ဘေးနားထိုင်ကာ

"ရှန်....စောင့်နေတာကြာပြီလား..."

"ကိုယ်နည်းနည်းနောက်ကျသွားတယ် ထရစ်ဇ်နဲ့တွေ့နေတာ"

ရှန့်လက်ကလေးကိုကိုင်ကာရှိုက်နမ်းလိုက်၏။

"ပြီးတော့.......ကိုယ်နည်းနည်းသောက်ခဲ့သေးတယ်"

"ရှန့်ကိုလွမ်းလို့လေ......"

မျက်ရည်စများကထိန်းမနိုင်အောင်စီးကျလာပြန်သည်။ယခုတစ်ခါတော့မသုတ်တော့ပေ။ကိုယ်ကို အနည်းငယ်ကိုင်းလိုက်ကာ ရှန့်ခန္ဓာကိုယ်ကို ညင်ညင်သာသာ ဖက်လိုက်၏။

"ရှန်.......ကိုယ်ရူးတော့မယ်ထင်တယ်....."

"ကိုယ်တကယ်ကို....ရှန်မရှိဘဲမနေနိုင်ဘူး"

ရှိုက်ငိုနေမိသဖြင့် အသံများကလည်းတုန်ယင်နေ၏။ရှန့်ကိုဖက်ထားရင်းမှ ရှန့်လက်ကလေးကိုကောက်ကိုင်လိုက်သည်။

"ကိုယ့်ဆီပြန်လာပါတော့ကွာ......ရှန်!!...."

"ချစ်တယ်......ရှန့်ကိုအရမ်းချစ်တယ်"

နေအဂ္ဂဖက်ထားသော ရှန့်ရဲ့ခန္ဓာကိုယ်မှာ တဖြည်းဖြည်းမြူမှုန်သဖွယ် ပြောင်းလဲသွား၏။ပုံမှန်မဟုတ်သောရှန့်အခြေအနေကြောင့် နေအဂ္ဂလန့်ဖျပ်ကာစိတ်ပူသွားလေသည်။

"ရှန်....!!....."

ဖန်အိုးထဲက သုံးရောင်ခြည်ပန်းမှာလည်းတဖြည်းဖြည်း မြူမှုန်သဖွယ်ပြောင်းလဲသွားကာ ရှန့်ရဲ့ခန္ဓာကိုယ်စီသို့တဖြည်းဖြည်းပျံ့လွင့်လာ၍ အစုအဝေးသဖွယ်ဖြစ်သွားသည်။ထိုမြူမှုန်များမှာ တဖြည်းဖြည်းအရောင်ပိုတောက်ပလာပြီး ပန်းနုရောင် ဘက်သန်းလာသည်။

~~~~~~~~~~~~~~~~~~~~~~~
Note : ရွှေသစ်နွယ်ကျောင်းတော်သည် စကြာဝဠာ၏အမြုတေမှမွေးဖွားလာသူနတ်သမီး၏ လက်အောက်ခံ ကျောင်းတော်ဖြစ်သည်။ထိုကျောင်းတော်၏ပိုင်နက်အတွင်း အထက်အရာရှိမြောက်မြားစွာမှာ ကိုယ်ပိုင်နယ်မြေအားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိကြသလို သာမန် အရာရှိများနှင့်အမှုထမ်းများသည် ရွှေသစ်နွယ်နယ်မြေ၌သာ တာဝန်ထမ်းဆောင်ကြရသည်။ဒေါ်ဒေါ်မှူးသည်ကျောင်းအုပ်ဖြစ်၍ ဒုတိယ အထက်အရာရှိစာရင်း၌ပါဝင်သည်။မစ္စတာဝှိုက်သည် ထိုနယ်မြေ၏ အရေးပါသူတစ်ယောက်ဖြစ်၍ဒုတိယ အဆင့်အတန်းနှင့်ကိုက်ညီမှုရှိ၏။နိဂုံးချုပ်အနေနှင့်ဆိုရသော် ထိုအရာရှိအမှုထမ်းများသည် သုံးလောကစောင့်နတ်သမီးကိုအလုပ်အကျွေးပြုရသော လက်အောက်ခံအမှုထမ်းများသာ။

~~~~~~~~~~~~~~~~~~~~~~

To be continued......
Rena GG


You are reading the story above: TeenFic.Net