၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း
အပိုင်း ၃၁
ဝမ့်ရင်းသည် ထိုပစ္စည်းကြီး သုံးမျိုးနှင့် ပတ်သက်ပြီး ဘာခံစားချက်မှ ရှိမနေခဲ့ပါ။ သူမ ခံစားရသည်မှာ………
ဒါတွေက သူမ ဘယ်လိုလက်ထပ်မလဲဆိုသည့် အတွေးနှင့် မတူနေဟန် ရှိသည်။
သူမက ဘာမှ ပြန်မဖြေသည်ကို တွေ့လိုက်ရသည့်အခါ ရှုရွှမ်းက သူမအား ပေးခဲ့သည်။ “ဒါဆို ရက်နည်းနည်းလောက် စောင့်ပေး။ ငါ မင်းကို ကောင်စီမြို့ဆီ ခေါ်သွားမယ်။ အဲ့ကျတော့မှ ငါတို့ ကိုယ်တိုင် အဲ့က ပစ္စည်းတွေကို သွားကြည့်ကြမယ်။”
အောင်သွယ်တော် အမျိုးသမီးကြီးက မြန်မြန်ပဲ ကြားဖြတ်ပြောခဲ့သည်။ “ကောင်းပြီလေ။ ဒါဆို ငါတို့တွေ ဒီပစ္စည်းသုံးမျိုးကို ခနကျော်ပြီး အခြား အရာတွေအကြောင်း အရင်ပြောရအောင်။ ရှုမိသားစုရဲ့ ကောင်လေးက သူမ လိုချင်ရင် ဂွမ်းကပ်စောင် နှစ်ထည်၊ ရေကရား နှစ်ခုနဲ့ အဝတ်အထည် အချို့ကို သွားကြည့်ပြီး ဝယ်ရအောင်တဲ့။”
ရှုရွှမ်းက ပြောခဲ့သည်။ “ငါ့မှာ အဝတ်ဝတ်ဖို့ ရှစ်ပေလောက်ရှိတဲ့ ကူပွန်တွေ ရှိသေးတယ်။ အဲ့ဒါတွေကို ငါ့ရဲ့ လူပ်ဖော်ကိုင်ဖက်တွေနဲ့ လဲပေးလို့ ရတယ်။ အဲ့ဒါက သုံးစုံစာအတွက်ကတော့ လုံလောက်တယ်။”
အမျိုးသမီးကြီး မစ္စရှုက မကျေမနပ် ဖြစ်သွားခဲ့သည်။ “ငါတို့တွေ ဝမ့်ရင်းအတွက် အဝတ်တွေ ထပ်ချုပ်ပေးဖို့ လိုသေးတယ်။ ငါ့အထင် အကျင့်မကောင်းတဲ့ သူ့ဦးလေးတို့ လင်မယားက သူ့ကို ဘယ်တော့မှ အင်္ကျီအသစ်တွေ ဝယ်ပေးမှာ မဟုတ်ဘူး။ သားလေး။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လဲဖို့ သွားမပြောနဲ့တော့။ မြို့ကိုသွားပြီး မင်းရဲ့ဆရာကို သွားမေး။ ပြီးရင် အဝတ်တွေ ရှစ်စုံလောက် ပြင်သွားလိုက်။”
ရှုရွှမ်း - “ဟုတ်ကဲ့။”
ဝမ့်ရင်း - “…….”
အောင်သွယ်တော်က စကားကို ဆက်ပြောခဲ့သည်။ “ပရိဘောဂတွေ အတွက်ကတော့ မင်းတို့ရဲ့ အမြင်ပေါ်မှာပဲ မူတည်တယ်။ အိပ်ရာကတော့ အခုထဲက လုပ်ထားရမယ်။ ပြီးတော့ ဗီဒိုနှစ်လုံး ပါရမယ်။ တကယ်လိူ့ တစ်ခုခုက လိုနေသေးတယ်ဆိုရင် ဒီနေ့ တစ်ခါတည်း ဆုံးဖြတ်ရမယ်။ ပြီးရင် ရှုမိသားစုက ကောင်လေးက အဲ့ဒါတွေလုပ်ဖို့ တစ်ယောက်ယောက်ကို သွားရှာလာခဲ့။”
အမျိုးသမီးကြီး မစ္စရှုက ဝင်ပြောခဲ့သည်။ “လက်သမားဆရာ လျှိုကို သွားရှာလှည့်။ နွီဆိုတဲ့ တစ်ယောက်ကို ရှာမလာနဲ့။ သူလုပ်သမျှ အရာတိုင်းက အကြမ်းထည်တွေကြီးပဲ။”
ရှုရွှမ်း - “ဟုတ်ကဲ့။ ကျွန်တော် မနက်ဖြန် သွားလိုက်ပါ့မယ်။”
အောင်သွယ်တော် - “ပြီးတော့ ဖိနပ်တွေရောပဲ။”
ရှုရွှမ်း - “ကျွန်တော့်ဆရာကို လက်မှတ်အတွက် မေးလိုက်ပါ့မယ်။”
ဝမ့်ရင်းသည် ထိုကိစ္စတစ်ခုလုံး ဆွေးနွေးနေသည့် အချိန်တွင် ငြင်းဖို့တောင် မရှိခဲ့သည်ကို သူမ တွေ့ရှိခဲ့သည်။
သူမသည် ထိုကဲ့သို့ မလိုအပ်သော ပစ္စည်းများအတွက် ဒုက္ခခံဖို့ မလိုဘူးဟု ပြောလိုက်သည့်အခါ အမျိုးသမီးကြီး မစ္စရှုက ချက်ချင်းဆိုသလိုပဲ သူမအနား ရောက်လာကာ သိပ်ပြီး မချွေတာဖို့အတွက် အကြံပေးခဲ့သည်။ 'လက်ထပ်တယ်ဆိုတာက ပွဲကြီး တစ်ပွဲပဲ။ ပြီးတော့ အဲ့ဒါကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ လုပ်သင့်တာ။ ရှုရွှမ်းအတွက်တော့ သူက ဘုရင်အရူးဘေးက ခယနေတဲ့သူလိုပဲ။ တစ်ခါတည်း သူက ဒါလုပ်နိုင်တယ်ဆိုရင် ဒါပဲ။ ပြီးတော့ ဝမ့်ရင်းက ရွှေပြားသုံးပြား လိုချင်တယ် ဆိုရင်တောင် သူက သူ့ရဲ့ စိတ်တွေကို မပြောင်းလဲဘဲ အဲ့အရာကို ရအောင် လုပ်ပေးရမှာပဲ။'
ဝမ့်ရင်းသည် ထိုကိစ္စက အနည်းငယ် ကြီးကျယ်တယ်ဟု ခံစားခဲ့ရသော်လည်း တစ်ချိန်တည်းမှာပဲ သူမသည် ထူးခြားတဲ့ ပျော်ရွှင်မှုတစ်ခုကို ခံစားခဲ့ရသည်။
ရှုရွှမ်းသည် သူ့ရဲ့ကိစ္စကို ပြောပြီးနောက် အောင်သွယ်တော်သည် ဝမ့်ရင်း စကားပြောဖို့အတွက် စောင့်နေခဲ့သည်။ အောင်သွယ်တော်က ဒီလို အခြေအနေမျိုးကို ကြုံတွေရသည်မှာ ပထမဆုံး အကြိမ် ဖြစ်ပြီး အတော်ကို ထူးဆန်းနေခဲ့သည်။ သို့သော် သူမသည် အမူအရာကို ထိန်းထားကာ ဝမ့်ရင်းအား တစ်ခုခု လိုသေးလားနှင့် တစ်ခုခု ပြောချင်ပါက ရှုမိသားစုကို သေချာ ပြောလို့ရသည်ဟု ပြောပြခဲ့သည်။
ဝမ့်ရင်း - “လက်ထပ်ပြီးရင် ရှင်က ဘယ်မှာ နေမှာလဲဆိုတာပဲ ကျွန်မက မေးချင်တာပါ။”
ထုံးစံအရဆိုရင် မိန်းမဘက်က မိသားစုထဲသို့ လက်ထပ်ပြီး ဝင်မည်ဆိုပါက အမျိုးသမီး၏ အိမ်တွင်သာ နေထိုင်ရမည် ဖြစ်သည်။ သို့သော် အချိန်ခနလောက် အတူနေပြီးနောက် ဝမ့်ရင်းသည် ရှုမိသားစုမှာ အမျိုးသမီးကြီးရှုကို တစ်ယောက်တည်း ထားခဲ့ဖို့ရန်အတွက် အင်တင်တင် ဖြစ်သွားခဲ့သည်။ ယောက္ခမနှင့် ချွေးမကြားက ဆက်ဆံရေးသည် အခြေအနေပေါ် မူတည်သည်။ တကယ်လို့ သူတို့ကြားက အနေအထားသည် ကိုက်ညီပါက ဝမ့်ရင်းသည် အရာအများကြီး ပြင်ဆင်ရန် မလိုတော့ပါ။
အမျိုးသမီးကြီး မစ္စရှုက အရင်ဆုံး ပြောခဲ့သည်။ “ သေချာတာပေါ့။ သမီးတို့နှစ်ယောက်က အတူတူ နေရမှာလေ။ အန်တီက ဟိုဘက်မှာနေမယ်။ သမီးတို့က ဒီဘက်မှာ နေပေါ့။ စားတာကတော့ အတူတူ စားကြမယ်လေ။ ပြီးတော့ သားငယ်လေးက အလုပ်ကြောင့် အရမ်း နောက်ကျတယ်ဆိုရင် အန်တီကပဲ ချက်လိုက်မယ်။”
ရှုရွှမ်ူက ထပ်ပြောခဲ့သည်။ “ငါ့အမေ့က ဟိုမှာနေတာ အသားကျနေပြီ။ ငါတို့ခြံထဲမှာက ဖိအားနဲ့ ဆွဲတင်တဲ့ ရေတွင်း တစ်တွင်းရှိတယ်ဆိုတော့ အားလုံးက အဆင်ပြေတယ်လေ။ တကယ်လို့ မင်းက ဒီမှာနေရတာ တစ်ခုခု ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ငြီးငွေ့လာလို့ပဲ ဖြစ်ဖြစ်၊ ငါတို့တွေ ဟိုဘက်မှာ ပြောင်းနေလို့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်နေရာလုံးက နီးပါတယ်။”
ဝမ့်ရင်းက ဘာများ ပြောနိုင်ပါတော့မလဲ။ သူတို့က အားလုံးကို တွေးပြီးသား ဖြစ်နေခဲ့သည်။
အမျိုးသမီးကြီးရှုက ထပ်ပြောခဲ့သည်။ “အမေတို့ မင်္ဂလာပွဲနေ့ကျရင် အိမ်ဟောင်းကြီးမှာလည်း မင်္ဂလာပွဲ နောက်တစ်ခု ကျင်းပဦးမယ်။ ပွဲပြီးမှပဲ မင်းတို့က ပြန်နေပေါ့။ ဒါနဲ့ ဝမ့်ရင်းရေ၊ သမီးရဲ့အိမ်ကိုရော ပြန်ပြင်ချင်သေးလား။”
အမျိုးသမီးကြီး ရှုသည် သူ့အတွေးနှင့်သူ ရှိနေခဲ့သည်။ သူမသည် သူတို့လင်မယားနှင့် အတူနေချင်လို့ မဟုတ်ဘဲ မြေးများအတွက် ကြိုတွေးနေခြင်း ဖြစ်သည်။
အိမ်အိုဟောင်းကြီးသည် အသံလုံသည့်ဟန် မရှိပေ။ ထို့ကြောင့် လူငယ်စုံတွဲ အတူနေဖို့အတွက် အဆင်မပြေဘူးဟု ခံစားခဲ့ရသည်။ ဒီနေရာတွင် ကွာခြားချက် ရှိသည်။ အုပ်ပြာများဖြင့် ဆောက်ထားသော အိမ်သည် ပိုပြီး အသံလုံကာ စုံတွဲများ အတွက်လည်း သက်တောင့်သက်သာ ရှိသည်။ နောက်နှစ်ကျ သူမမှာ မြေးလေးတွေ မြေးမလေးတွေ ရှိလာနိုင်မလား ဆိုတာကို ဘယ်သူကများ ကြိုသိနိုင်မှာတဲ့လဲ။
ပြဿနာ တစ်ခုကတော့ ဘေးအခန်းတွင် နေထိုင်နေသည့် စိတ်ပျက်ဖို့ကောင်းသော ဆွေမျိုးများ ရှိနေခြင်း ဖြစ်သည်။
ဒါကလည်း ကိစ္စမရှိပါပေ။ အလယ်မှာ နံရံတစ်ခု ဆောက်ဖို့ ရှုရွှမ်းကို တစ်ယောက်ယောက် ရှာခိုင်းလိုက်မည်။ ပြီးရင် အနောက်ခြံကို ခွဲထွက်လို့ ရမလားဆိုပြီး လုံခြုံရေးကို မေးလိုက်မည်။ ဒီအိမ်က အိမ်ထဲမှာ ဝင်ပြီး နေဖို့အတွက် နေရာကောင်း တစ်ခု ဖြစ်သွားလိမ့်မည်။
ဝမ့်ရင်းက ခေါင်းငြိမ့်ပြခဲ့သည်။ သူမသည် ဟိုးအရင်ကတည်းက ဒီအိမ်ကို ပြင်ချင်နေခဲ့သည်။ သို့သော် သူမတွင် ပိုက်ဆံ လုံလုံလောက်လောက် မရှိခဲ့ပါ။
ဒါကလည်း အဆင်ပြေပါတယ်။ သူမတို့တွေ ဒီ လက်ထပ်ပွဲကနေ အကျိုးအမြတ်တွေ ယူလို့ရတာပဲ။ ဝမ့်ရင်းက ပြတင်းပေါက်ဘေးမှာ နံရံတစ်ခု ဆောက်ဖို့အတွက် စီစဥ်ထားခဲ့သည်။ မနေ့ညက လောင်ကုန်းလုပ်သွားသည့် ကိစ္စသည် သူမအတွက် စိတ်မသက်မသာ ဖြစ်နေဆဲ ဖြစ်သည်။ သူမ စိတ်သက်သာရာ ရဖို့အတွက် ခြံအနောက်ဘက်ရှိ တံခါးကိုလည်း ပိတ်ဖို့ လိုနေခဲ့သေးသည်။
အစတုန်းက ရှုရွှမ်းသည် အချိန်ရွေးပြီး တပ်မဟာဆီ သွားကာ အုတ်ခဲများ သွားယူဖို့အတွက် လက်ခံခဲ့သည်။ အခုချိန်တွင် လူများသည် လယ်ယာစိုက်ပျိုးရေး မလုပ်ချင်ကြသည့်အတွက် တပ်မဟာထဲက လူတို့သည် ခြံစည်းရိုးတံတိုင်း တည်ဆောက်ဖို့အတွက် ကူညီကြလိမ့်မည် ဖြစ်သည်။
အခုဆိုရင် အရာအားလုံး ဆွေးနွေးပြီးလုနီးပါး ဖြစ်သွားခဲ့သည်ကို အောင်သွယ်တော်က သိရှိခဲ့ရသည်။ သူမသည် အိမ်ရဲ့အခြေအနေကို ပြောဖို့အတွက် အမျိုးသမီးကြီး ရှုအနားသို့ ကပ်သွားခဲ့သည်။ သူမသည် ရည်ရွယ်ချက်ရှိရှိဖြင့် ဝမ့်ရင်းနှင့် ရှုရွှမ်းတို့ကို နှစ်ကိုယ်ကြား စကားများ ပြောရန် နှစ်ယောက်တည်း လွှတ်ထားပေးခဲ့သည်။ ထို့နောက် အချို့သော အရာများသည် အမျိုးသမီးကြီးရှုနှင့် ဆွေးနွေးဖို့အတွက် မသင့်တော်နေခဲ့ပါ။
ဝမ့်ရင်းက ရှုရွှမ်းရဲ့ အင်္ကျီစကို ဆွဲပြီး အသံတိုးတိုးလေးဖြင့် ပြောခဲ့သည်။ “ရှင် ပိုက်ဆံတွေ ဒီလောက်အများကြီး သုံးနေမှတော့ ပိုက်ဆံ မကုန်ဘဲ ဘယ်နေပါ့မလဲ။”
ဒါက မိန်းမယူတာနဲ့ မတူဘဲ အိမ်က ရှိသမျှ စည်းစိမ်တွေ အကုန်လုံးကို ရောင်းထုတ်နေသလိုပဲ။
ဝမ့်ရင်း - “ရှင် ဒါကို နောင်တရဖို့ ကျွန်မ ရှင့်ကို အခွင့်အရေး တစ်ခု ပေးမယ်။ ကျေးဇူးပြုပြီး ဒါတွေကို သေချာလေး ပြန်တွေးစမ်းပါ။”
ရှုရွှမ်းရဲ့ မျက်ဝန်းများသည် အပျော်များဖြင့် ပြည့်နေခဲ့သည်။ “ငါက ပိုက်ဆံပြတ်နေတဲ့ ပုံမျိုး မဟုတ်ပါဘူး။”
ဒါတွေအားလုံး တွက်ချက်လိုက်ရင် တကယ့် ကုန်ကျစရိတ်တွေက အဓိက ပစ္စည်းသုံးမျိုးနဲ့ ခြံဝန်း တံတိုင်း ဆောက်ဖို့ပဲ ကုန်မှာပင်။ အဲ့အဓိက ပစ္စည်း သုံးမျိုးမှာက ပိုက်ဆံနဲ့ လက်မှတါတွေလည်းပါသည်။ အဲ့ဒါတွေက အနည်းဆုံး ယွမ် ၂၀၀ လောက်တော့ ကုန်လိမ့်မည်။ ပြီးရင် တံတိုင်းဆောက်တာကလည်း ယွမ် တစ်ရာ နှစ်ရာလောက်တော့ သေချာပေါက် ကုန်မှာပဲ။ ကျန်တာတွေကတော့ ကုန်ကျစရိတ် အသေးစားလေးတွေပဲ။ အဲ့ဒါတွေ အားလုံး ပေါင်းလိုက်ရင် ယွမ်တစ်ရာ ကျော်ကျော်လောက်ပဲ ရှိသည်။
ရှုမိသားစု၏ ဝင်ငွေအများစုမှာ ရှုရွှမ်းရဲ့ စားဖိုမှူး အလုပ်မှ ရတာဖြစ်သော်လည်း သူ့မိသားစုကလည်း အစကတည်းက မဆင်းရဲနေခဲ့ပါ။ ရှုရွှမ်းရဲ့အဖေမှာ စားဖိုမှူးတစ်ယောက် ဖြစ်သော်လည်း အစောကြီး ဆုံးသွားခဲ့သည်။ ထို့ကြောင့် အမျိုးသမီးကြီး မစ္စရှုသည် ရှုရွှမ်းအား သူမယောက်ျားရဲ့ အငယ်တန်း အလုပ်သင်အဖြစ် လေ့လာစေခဲ့သည်။ ထို့နောက် သူသည် နှစ်အနည်းငယ် အတွင်းမှာပဲ ဆရာအဆင့် ဖြစ်လာခဲ့သည်။
ရှုရွှမ်းက သူ့အဖေထက် ပိုပြီး ဉာဏ်ကောင်းသည်။ သူသည် နိုင်ငံပိုင် အဆင့်ရှိသော စားသောက်ဆိုင်တွင် အလုပ်လုပ်သည်သာမက မင်္ဂလာဆောင်များ၊ အသုဘများ၌ပါ ချက်ပြုတ်ပေးသည်။ တစ်ခါတစ်လေ သူသည် တောင်ပေါ်သို့တက်ကာ သူ့ဘဝကို တိုးတက်စေမည့် အချို့သော အရာများကိုလည်း ယူလာတတ်သည်။ သူက ထိုပစ္စည်းများကို တိတ်တဆိတ် ရောင်းနေလားဆိုတာကို ဘယ်သူကမှ မသိခဲ့ကြပါ။
အမျိုးသမီးကြီး မစ္စရှုသည် ထူးဆန်းသည့် သူမျိုးလည်း ဖြစ်သည်။ ရှုရွှမ်းရဲ့ လစာမှာ စားဝတ်နေရေးအတွက် လုံလောက်သော်လည်း သူမသည် တစ်ခါတစ်လေ အလုပ်ထွက်လုပ်လေ့ ရှိသည်။ သူမသည် အိမ်တွင်သာ လှဲနေပြီး သူမ အသက်ကြီးသွားသည့်အခါ လူတွေက ပြုစုပေးတာကို ထိုင်စောင့်နေမည့် လူစားမျိုး မဟုတ်ပါ။
သို့သော် အပြင်လူတွေက ဘယ်လိုပဲ ထင်နေကြပါစေ၊ ရှုမိသားစုကတော့ သူတို့ရဲ့ ချမ်းသာမှုတွေကို ဘယ်တော့မှ ကြွားလုံးထုတ်နေမည် မဟုတ်ပါ။ သူတို့ မိသားစုမှာ စက်ဘီးတစ်စီးတောင်မှ မရှိဘူးဆိုတာကို မသိဘူးမလား။
ဒါဟာ အမျိုးသမီး၏ မစ္စရှု၏ အတွေးအခေါ် ကောင်းမွန်ခြင်းကြောင့် ဖြစ်သည်။ မြေရှင်များနှင့် ချမ်းသာသော သူများ၏ ဆက်ဆံမှုသည် တစ်ညတည်းနှင့် ဘယ်လို ပြောင်းလဲဆိုတာကို သူမ မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ အရမ်းချမ်းသာနေတာက ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးလို့ သူမ ခံစားခဲ့ရသည်။ ထိုကြောင့် သူမသည် ထိုအရာများကို အပြင်ဘက်သို့ ထုတ်မပြခဲ့ခြင်း ဖြစ်သည်။
ရှုရွှမ်းက လစာရသည့် အခေါက်တိုင်းတွင် သူမက အကြီးဆုံးသားထံ သူ့ရဲ့လစာကို ပို့ပေးဖို့အတွက် ရှုရွှမ်းအား ပြောခဲ့သည်။ ထို့အပြင် ရှုရွှမ်း၏ လစာမှာ လူနှစ်ယောက်ကို ထောက်ပံ့ဖို့အတွက် လုံလောက်ပြီး သူမကတော့ ဘာပိုက်ဆံကိုမှ မစုဖြင့်ခဲ့ပါ။
တကယ်တော့ အကြီးဆုံးကလည်း ပိုက်ဆံအားလုံးကို မသုံးခဲ့ပါ။ ရှုမင်းက ကျောင်းသားတစ်ယောက် ဖြစ်သော်လည်း သူ့ဆရာက သူ့ကို စည်းကမ်းရှိရှိ ထိန်းထားခဲ့ပြီး သူနှင့်အတူ အရာအားလုံးကို ဝေမျှပေးခဲ့သည်။ ရှုမင်းသည် ထောက်ပံ့ကြေးငွေလည်း ရရှိခဲ့ပြီး တစ်လကို အပိုငွေ ငါးယွမ်ရရှိခဲ့သည်။ သူသည် ထိုပိုက်ဆံဖြင့် နေထိုင်ရင်တောင် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
သို့သော် အမျိုးသမီးကြီး မစ္စရှုသည် အလုပ်လုပ်ရာ၌ တကယ်ကို တော်သည့်သူတစ်ယောက် ဖြစ်ခဲ့သည်။ ရွာထဲက လူတိုင်းသည် ရှုရွှမ်းဟာ လစာရသည်နှင့် သူ့အစ်ကိုကို ထောက်ပံ့ပေးရသည်ဟု သိထားခဲ့ကြသည်။ သူတို့အားလုံးက အမျိုးသမီးကြီရှုသည် မောက်မာပြီး သားအငယ်ဆီက ပိုက်ဆံကိုယူကာ အသားအကြီးကို ပေးသည်ဟု ပြောခဲ့ကြသည်။ သူမသည် သားငယ်ရဲ့ ပိုက်ဆံအားလုံးကိုယူကာ သားကြီးကို ပေးလိုက်တာ ဖြစ်ကိုဖြစ်ရမည်။
ရလဒ်အနေဖြင့် လူအနည်းအကျဥ်းကသာ ရှုရွှမ်းကို စောင့်ကြည့်ခဲ့ကြပြီး ဘယ်သူကမှ ရှုမိသားစုထံ လာပြီး ပိုက်ဆံမချေးခဲ့ကြပါ။
သို့သော် အခုဆိုရင် သူမသားက လက်ထပ်တော့မှာ ဖြစ်သည့်အတွက် သူမသည် ထိုကိစ္စများကို လုံးဝ ဂရုမစိုက်တော့ပါ။ သူမသည် ပိုက်ဆံကို သုံးသင့်သည့် နေရာတွင် အကုန်လုံးကို သုံးပစ်သည်။
ရှုရွှမ်းက ဝမ့်ရင်းအား နံပါတ်တစ်ခုကို ပြောပြလိုက်သည့်အခါ ဝမ့်ရင်းက တုန်လှုပ်သွားခဲ့သည်။ “ရှင် ဒီလောက်ထိ ချမ်းသာလိမ့်မယ်လို့ ကျွန်မဖြင့် ထင်တောင် မထင်ထားဘူး။”
နံပါတ်လေးလုံးကို ပြောပြီးနောက် ရှုရွှမ်းက ပိုက်ဆံတွေကို ဒီလိုမျိုး တံခါးမရှိ ဓားမရှိ သုံးနေတာက အံ့ဩစရာ မဟုတ်တော့ပါ။
ယှဥ်ကြည့်မယ် ဆိုပါက ဝမ့်ရင်းကတောင် နည်းနည်းလေး ပိုက်ဆံမရှိဘူးဟုတောင် ခံစားခဲ့ရသည်။
“ကျွန်မမှာ ၁၅ ယွမ်နဲ့ ၅၀ဆင့်ပဲ ရှိတယ်။”
ရှုရွှမ်းက ပြုံးကာ ပြောခဲ့သည်။ “ဘာမှမဖြစ်ဘူး။ ငါပိုင်သမျှ အရာတိုင်းဟာ မင်းဟာတွေကြီးပဲ။”
ဝမ့်ရင်းက ရှက်သွေးဖြာသွားခဲ့သည်။ “ရှင်က ဘာလို့ ပိုက်ဆံတွေကို သေချာ မသုံးရတာလဲ။”
သူမသည် အခြားသူများတွင် ရှိသော အရာတစ်ခုကိုတောင် မယှဥ်နိုင်ဘဲ မိသားစုရဲ့ စုဆောင်းထားသည့်ငွေကို ထိန်းထားဖို့ရန်အလို့ငှာ သူမအတွက် အနည်းငယ် ခက်ခဲနေလိမ့်မည်။
ဒီတစ်ကြိမ်မှာတော့ ရှုရွှမ်းက သဘောမတူခဲ့ပါ။ “ဒါက မင်းရဲ့ ကိစ္စပဲလေ။ ငါက မင်းမိသားစုဘက်ကို လိုက်မှာလေ။”
ဝမ့်ရင်းက မှင်သက်သွားခဲ့သည်။ သူသည် ထောင်ဂဏန်းလောက်ရှိတဲ့ ပိုင်ဆိုင်မှုများနှင့် သူမရဲ့ မိသားစုထဲကို ရောက်လာခဲ့သည်။ သူက ချမ်းသာတဲ့ သားမက်ပဲ မဟုတ်ပါလား။
ရှုရွှမ်း - “ယူသာ ယူလိုက်ပါ။ ဒီပိုက်ဆံတွေကို မင်းသုံးလိုက်လည်း အဆင်ပြေပါတယ်။”
ဝမ့်ရင်းက အင်တင်တင်နှင့် သဘောတူခဲ့သည်။ ထို့နောက် အောင်သွယ်တော်သည် အခြေအနေတွေက အဆင်သင့်ဖြစ်နေပြီကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူမသည် လက်ထပ်မည့် ရက်အကြောင်းကို စပြီး ပြောခဲ့သည်။
“အခုက အောက်တိုဘာလည်း ရောက်နေပြီ။ ငါတို့နားက တောင်တွေကလည်း ဒီဇင်ဘာရောက်တိုင်း ပိတ်နေကြပဲ။ အချိန်ကလည်း မရှိတော့ဘူး။ ငါတော့ အချိန်နှစ်ချိန်ကို တွေ့ထားတယ်။ တစ်ချိန်က နိုဝင်ဘာ ကိုးရက်နေ့နဲ့ နောက်တစ်ရက်က နိုဝင်ဘာ ၂၆ရက်နေ့။ ဒါပေမယ့် ၉ရက်နေ့ဆို သေချာပေါက် ကပ်နေပြီ။ မင်းတို့မှာလည်း လုပ်စရာတွေ အများကြီး ရှိနေသေးတာဆိုတော့ ၂၆ ရက်နေ့မှ ဆိုရင်ရော။”
ဝမ့်ရင်းက ဘာကိုမှ မကန့်ကွက်ခဲ့ပါ။ “ဒါဆို ၂၆ရက်နေ့လို့ပဲ သတ်မှတ်ကြတာပေါ့။”
တစ်လတည်းနဲ့ မလုံလောက်ဘူး ဆိုပေမယ့် ဒီနေရာက မြောက်ဘက်လို့ သတ်မှတ်ထားပြီး တောင်တွေကလည်း နှင်းထူတော့ နှစ်လကျော်လောက်ကို ပိတ်ထားတာ။ ဒါက ပုံမှန်ပါပဲ။ အဲ့လိုမှ မဟုတ်ရင်လည်း လူတွေက ဒီလို နှင်းတောထဲမှာ ပွဲတွေ ကျင်းပလို့မှ မရတာ။
အောင်သွယ်တော်က အသေးစိတ်ကို ထပ်ပြီး ရှင်းပြခဲ့ပြီး နောက်ဆုံးမှာတော့ နှစ်ဖက်လုံးက သဘောတူသွားခဲ့သည်။
အမျိုးသမီးကြီးရှုသည် အောင်သွယ်တော်အပေါ်မှာ အမြင်ကြည်နေခဲ့သည်။ ထို့ကြောင့် သူမသည် မင်္ဂလာပွဲရဲ့ ကိစ္စများကို ကူညီပေးဖို့အတွက် အောင်သွယ်တော်ဆီမှာ အပ်နှံခဲ့သည်။ သူမ မိသားစု၏ အခြေအနေမှာ ပြဿနာတစ်ခု မဟုတ်သော်လည်း အမျိုးသမီးကြီး မစ္စရှုက စိတ်မသက်မသာ ဖြစ်နေဆဲ ဖြစ်သည်။ အရင်က သူမတို့နဲ့ ကောင်းကောင်း ပြောဆို ဆက်ဆံခဲ့ကြသော အချို့မိန်းမကြီးများကလည်း သူမထံ လာရောက် လာပတ်ခြင်း မရှိကြတော့ပါ။ သူတို့က သူမတို့မိသားစုသည် နောက်ခံကောင်းသည့် ချွေးမတစ်ယောက် ရှာနိုင်မလားဆိုတာကို စောင့်ကြည့်နေကြပုံ ရသည်။
အမျိုးသမီးကြီးရှုသည် မပျော်မရွှင်ဖြစ်ကာ သူမနှင့် တပ်မဟာ တစ်ခုတည်းက မိန်းကလေးတစ်ယောက်ကို မရှာချင်ခဲ့ပါ။ သူမသည် အောင်သွယ်တော်အား အခြား တပ်မဟာတစ်ခုက ကောင်မလေးတစ်ယောက်ကို ရှာဖို့အတွက် ပြောခဲ့သည်။ ထို့နောက် သူမသည် ထိုအောင်သွယ်တော်တို့နှင့် ထမင်းလက်စုံစားကာ ဘာပြဿနာမှ မဖြစ်ချင်သည့်အတွက် ပိုက်ဆံပေးပြီး ထွက်သွားခဲ့သည်။
အောင်သွယ်တော် အမျိုးသမီးက အတော်လေးကို ပျော်သွားခဲ့သည်။ သူမရဲ့ အလုပ်သည် ယောက်ျား၊ မိန်းမများထံမှ ပိုက်ဆံယူရုံသာ မဟုတ်ဘဲ အချို့ သူများအတွက် ယာယီအလုပ်များဖြစ်သော မျိုးဆက် ပျံ့ပွားခြင်း၊ တစ်ယောက်ယောက်ရဲ့ မိသားစုအတွက် ပြောတိုင်းလုပ်မည့် သူများကို ရှာပေးရခြင်းနှင့် အခြားသော စုံတွဲများနှင့်ဆိုင်သည့် အလုပ်များကိုလည်း လုပ်ပေးရသေးသည်။
သူမသည် အခြားလူများအတွက် မင်္ဂလာပွဲ ရှာပေးရသည့် အလုပ်ကို သဘောအကျဆုံး ဖြစ်သည်။ သူမသည် မင်္ဂလာပွဲတွင် စကားကောင်းများကို စားလို့ ရနိုင်ပြီး အမျိုးသမီးများက သူမထံကို အပြေးလေး ရောက်လာလိမ့်မည် ဖြစ်သည်။ သူမသည် မိတ်ဆက်ပေးလည်း ရနိုင်ဦးမည် ဖြစ်သည်။
“စိတ်မပူပါနဲ့။ အရည်အချင်းရှိတဲ့ လူတွေကို သေချာပေါက် ကျွန်မ ရှာလာခဲ့ပါ့မယ်။”
You are reading the story above: TeenFic.Net