17

Background color
Font
Font size
Line height

၁၉၆၀ ၌ စားဖိုးမှူးလေးနှင့် လက်ထပ်ခြင်း

အပိုင်း ၁၇


ကြက်သားဟင်းထဲတွင် အသီးအရွက်များစွာ ရှိနေသည့်အတွက် အရသာမှာ ပေါ့သွားခဲ့သည်။ ဝမ့်လင်းလင်းတစ်ယောက် လီချွမ်းကျင်၏ ဟင်းများမှာ အရသာ ရှိမနေဘူးဟူသည့် ဆိုးရွားသည့် ခံစားချက်မျိုး ခံစားနေရသည်။ ကြက်တစ်ကောင်ရဲ့ တစ်ဝက်သည် လူတစ်ယောက် စားဖို့အတွက် မလုံလောက်ပါ။ ဒီလိုလုပ်ဖို့က တကယ်ရော လိုအပ်လို့လား။ ဒါက အသားလား အရွက်တွေလား။

ထို့အပြင် ဒီပွဲသည် သူမရဲ့ အသက် ၁၈ နှစ်ပြည့် မွေနေ့ပွဲ ဖြစ်သည်။

“ဒါနဲ့၊ လင်းလင်း။ သမီး ရှုအိမ်ကို သွားတုန်းက ရှုရွှမ်းကို မတွေ့ခဲ့ဘူးလား။ ဒီနေ့က သမီးရဲ့ မွေးနေ့လေ။ အဲ့ဒါကို သူက ဘာ ခံစားချက်မျိုးကိုမှ ထုတ်မပြခဲ့ဘူးလား။”

လီချွမ်းကျင်၏ တူများမှာ မိုးစက်များကဲ့သို့ ပြုတ်ကျသွားခဲ့ပြီး သူမသည် ကြားဖြတ်ကာ ထိုမေးခွန်းမျိုးကို မေးနိုင်ခဲ့ပြီး သူမရဲ့ အရည်အချင်းက လူများကို အံ့ဩသွားအောင် လုပ်နိုင်ခဲ့သည်။

ဝမ့်လင်းလင်းသည် ထမင်း နှစ်ပန်းကန်လောက် စားပြီးနောက် ပြန်ဖြေခဲ့သည်။ “ဟင့်အင်း… သူ့အမေလည်း အိမ်မှာ မရှိဘူး။”

လီချွမ်းကျင်သည် အံ့ဩသွားခဲ့ရသည်။ “ဒါဆို ကြက်သားတွေကို သမီး ဘယ်လို လဲလာခဲ့တာလဲ။”

ဝမ့်လင်းလင်းသည် စူပုပ်ကာ ပြောလိုက်သည်။ “ဒါကို သူတို့ရဲ့ အိမ်အောက်မှာ ချိတ်ထားတာလေ။ အဲ့တော့ သမီးလည်း ချက်ချင်း အဲ့ဒါကို ယူလာလိုက်တာ။ ဘာလို့ အမေက ဒါတွေကို လာမေးနေရတာလဲ။ သမီး ပိုက်ဆံတော့ ထားခဲ့ပါတယ်။”

လီချွမ်းကျင်သည် အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။ “တကယ်လို့ ရှုရွှမ်းသာ ဒီမှာ ရှိနေမယ်ဆိုရင် သေချာပေါက် သမီးက ဘာမှ ပေးစရာ မလိုဘူးလို့ အမေ တွေးနေတာပါ။ ရှုရွှမ်းလည်း တူတူပဲ။ သူက သမီးရဲ့မွေးနေ့မှာတောင် အမေတို့ကို တစ်ခုခုပေးဖို့တောင် မတွေးထားဘူး။”

ဝမ့်လင်းလင်းသည် သူမရဲ့ အရင်ဘဝတုန်းက ရှုရွှမ်းရဲ့ ခေါင်းမာသော အပြုအမူကို တွေးမိကာ ဒေါသတကြီးနှင့် ပြောခဲ့သည်။ “သူက ဒီတိုင်းပဲ ခေါင်းမာတာပါ။”

လီချွမ်းကျင်သည် ဘာကိုမှ မပြောနိုင်တော့ပါ။ ရှုရွှမ်းက ဘယ်လောက်ပဲ ခေါင်းမာနေပါစေ၊ သူသည် အစိုးရအတွက် အလုပ် လုပ်ပေးနေရသော စားဖိုမှူးတစ်ယောက် ဖြစ်သည်။ သူသည် အဖွဲ့ထဲတွင် မိန်းမ လိုက်ရှာနေသော အခြားသော ယောက်ျားများထက်တော့ ပိုပြီး သာလွန်သည်။

ဝမ့်ယုံရွှင်းသည် နှစ်ခါပြန် ချောင်းဟန့်လိုက်ကာ ပြောခဲ့သည်။ “အဲ့အကြောင်းကို မပြောနဲ့တော့။ လူငယ်တွေ မေ့တယ်ဆိုတာက ပုံမှန်ပါပဲ။”

သူသည် လီချွမ်းကျင်ကဲ့သို့ စိတ်မရှုပ်နေခဲ့ပါ။ တကယ်လို့ သူသာ တပ်မဟာ တစ်ခုလုံးက လူတွေကို လိုက်ကြည့်ခဲ့ပါက မီးခွက်ထွန်းပြီး လိုက်ရှာရင်တောင် ရှုရွှမ်းလို လူမျိုး ရှာတွေ့ဖို့မှာ ခက်ခဲလှသည်။ အနာဂတ်တွင် သူ့မိသားစု စားသောက်ဖို့အတွက် အဆင်ပြေမည် ဖြစ််သည့်အတွက် သူသည် ရှုရွှမ်းကို အတော်လေး စိတ်တိုင်းကျနေခဲ့သည်။

အကြောင်းမှာ သူသည် ဒီလက်ထပ်ပွဲကို စိတ်တိုင်းကျသည့်အတွက် ဝမ့်ယုံရွှင်းသည် ဝမ့်လင်းလင်းကို အတော်လေး သည်းခံထားခြင်း ဖြစ်သည်။

သူ့တွင် သမီးနှစ်ယောက် ရှိသည်။ အကြီးဆုံးသမီး ဝမ့်ပင်းပင်းသည် လက်ထပ်ကာ မြို့သို့ လိုက်သွားခဲ့သည်။ သူမရဲ့ အိမ်ထောင်ရေးသည် ကောင်းမွန်သော အိမ်ထောင်ရေး တစ်ခုဟု သတ်မှတ်လို့ ရနိုင်သည်။ သူမရဲ့ ခန်းဝင် လက်ဆောင်ကိုပဲ ယွမ် ၁၀၀ ကုန်ကျခဲ့ရသည်။

ဝမ့်ယုံရွှင်း၏ စိတ်ထဲတွင် တွက်ချက်နေသည့် အရာမှာ ဝမ့်လင်းလင်းသည် ၁၈ နှစ် ပြည့်ပြီဖြစ်ပြီး နောင်လတွင် ရှုရွှမ်းနှင့် လက်ထပ်နိုင်တော့မည် ဖြစ်သည်။ ရှုရွှမ်းတို့ အနေအထားအရ သူမကို ယွမ် ၁၅၀ ပေးမည်ဆိုပါက အရမ်းများမှာ မဟုတ်ဘူး ဆိုပြီး တွေးနေခဲ့သည်။

ထိုပိုက်ဆံများနှင့် သူသည် ယောင်ကျုံးအတွက် ပစ္စည်းများကို ပိုပြီး ဝယ်ပေးလို့ ရနိုင်သည်။

ဝမ့်ယုံရွှင်းသည် အလုပ်ကို ဘယ်လို ကြိုးစားပြီး လုပ်ရမလဲဆိုတာသာ သိသည့် အရူးမျိုး မဟုတ်ပါ။ ယောင်ကျုံးသည် သူ့ရဲ့ မိသားစုထဲတွင် တစ်ဦးတည်းသော အဖိုးတန်သားလေး ဖြစ်သည်။ ထို့ကြောင့် ဝမ့်ယုံရွှင်းသည် သူ့ကို မြို့သို့ လွှတ်လိုက်ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ သူသည် မြို့ကို သွားရပြီး မြို့ကလူတွေရဲ့ လူနေမှုပုံစံကို သိရှိနိုင်မည် ဖြစ်သည်။

ဝမ့်ရင်းသည် ထိုင်လိုက်ကတည်းက ဘာစကားတစ်ခွန်းမှ မပြောခဲ့ပါ။ သူမသည် ခေါင်းကိုငုံ့ကာ စားဖို့ အတော်လေးကို အားယူနေရသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းကသာ သူမသည် သူမဦးလေးတို့ မိသားစုအပေါ်မှာ တည်တည်ငြိမ်ငြိမ် ဆက်ဆံခဲ့သော်လည်း အခုချိန်တွင် သူမသည် ထိုမိသားစုအပေါ်မှာ အဲ့လောက်ထိ စိတ်မရှည်တော့ပါ။

ဒီလို အကျင့်မကောင်းတဲ့ လူတွေနဲ့ စကားပြောစရာမှ မလိုတာ။

ဟမ်…ဒီလေသလှပ်ထားတဲ့ ကြက်သားတွေကို ဘယ်လို လုပ်ထားတာလဲ။ ဘာလို့ ဒီလောက်တောင် အရသာ ရှိနေရတာလဲ။

ကြက်သားက ဝါးရလွယ်တယ်ပြီး ခြောက်ကပ်မနေပေ။ အရွက်တွေနဲ့ ရောပြုတ်လိုက်တော့ အဲ့ထဲမှာ ထူးခြားတဲ့ အရသာမျိုး ရှိသွားသည်။ ဘေးက အိုးထဲမှာရှိတဲ့ အရွက်တွေကလည်း နူးညံ့တဲ့ အာလူးတွေ ချိုနေတဲ့ ဂေါ်ဖီတွေနဲ့ အရသာကို ရှိနေတာပဲ။

ခနလေး အတွင်းမှာပဲ ဝမ့်ရင်းသည် နှစ်ပန်းကန် စားခဲ့သည်။

လီချွမ်းကျင်သည် နှလုံးသားများ နာကျင်ကာ ငိုကျွေးနေခဲ့သည်။

ဝမ့်ယုံရွှင်းသည် နှစ်ခါပြန် ချောင်းဟန့်လိုက်ကာ ဝမ့်ရင်းရဲ့ အာရုံစိုက်မှုကို ရယူဖို့ ကြိုးစားနေခဲ့သည်။

သူသည် ဝမ့်ရင်းကို ကောင်းကောင်းမွန်မွန် ကြိုဆိုခဲ့သည်။ ထို ဖိတ်ခေါ်မှုမှာ ဝမ့်လင်းလင်း၏ မွေးနေ့ပွဲကို ကျင်းပမည့် အရေးမကြီးသည့် ကိစ္စမျိုးအတွက် မဟုတ်သည်မှာ သေချာသည်။

“စန်းယာ၊ သမီးရဲ့အစ်မလင်းလင်းက အရွယ်ရောက်ပြီးလို့ စေ့တောင် စေ့စပ်ပြီးသွားပြီ။ သမီးက ဦးလေးတို့ မိသားစုထဲမှာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ။ သမီးရဲ့မိဘတွေက အစောကြီးကတည်းက ဆုံးသွားကြပြီ။ အထူးသဖြင့် သမီးရဲ့အမေ မဆုံးခင်က သူက သမီးကို စောင့်ရှောက်ပေးဖို့ ဦးလေးတို့ကို တောင်းဆိုခဲ့တာ။… အတိတ်မှာတုန်းက ဦးလေးတို့ သမီးအပေါ်မှာ မှားခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဦးလေးတို့က မိသားစုတွေပဲလေ။ ဦးလေးတို့အားလုံးက သက်ဆိုင်နေကြတာပဲ။ သမီးက ၁၇ နှစ်တောင် ရှိနေပြီ။ ဦးလေးတို့က သမီးရဲ့ ဒုတိယအစ်မကိုပဲ ဂရုစိုက်ပြီး သမီးကို လျစ်လျူရှုမိတယ်။… သမီးရဲ့အဒေါ်ကို မိသားစုအချို့ကို ပြဖို့ ဦးလေး ပြောထားတယ်။ သူတို့အားလုံးက ဖော်ရွေကြပါတယ်။ သမီး သူတို့နဲ့ တွေ့ချင်လား။”

ဝမ့်ရင်းသည် ဘာမှ ပြန်မပြောခဲ့ပါ။ “ငါ့အဒေါ်က ဘယ်မိသားစုကို ငါ့အကြောင်း ပြောထားလဲဆိုတာပဲ သိချင်တာ။”

လီချွမ်းကျင်သည် ဝမ့်ရင်းကို ဆွဲဆောင်ဖို့အတွက် အချိန်ကြာမည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ထားဘဲ ဝမ့်ရင်းသည် တည့်တိုးကြီး မေးချလိုက်သည်။

သို့သော် ထိုကိစ္စကို နားလည်ပေးလို့ ရနိုင်သည်။ မိန်းကလေးငယ် တစ်ယောက်အနေဖြင့် သူမသည် ဒီဆွေမျိုးများထံမှ ထွက်မသွားရဲခဲ့ပါ။ တကယ်လို့ သူမသာ ထွက်သွားခဲ့ပါက သူမ၏ မိဘအိမ်ထံ ပြန်လာလို့ရော ရနိုင်ပါဦးမလား။

လီချွမ်းကျင်သည် အစောတလျင်ဖြင့် ထပ်ပြောခဲ့သည်။ “သူ့ရဲ့ မျိုးရိုးနာမည်က ကျောက်ပါ။ သူက တခြား တပ်မဟာကလေ။ သူက တခြားအဖွဲ့ကဆိုပေမယ့် သိပ်လည်း မဝေးပါဘူး။ အဲ့လူငယ်လေးက တပ်မဟာထဲမှာဆို တပ်စုမှူး။ အဒေါ် သူ့ရဲ့ပုံတွေ ကြည့်ပြီးပြီ။ သူက တော်တော်လေး တက်တက်ကြွကြွရှိတယ်။… စန်းယာ၊ အရင်က အဒေါ် စိတ်တွေ ရှုပ်သွားတယ် ဆိုပေမယ့်လည်း သူက သမီးနဲ့ဆို သင့်တော်တယ်။ အချိန်ယူလိုက်ပါ။ ဥပမာ ဒီမိသားစုက အခြားဘေးက တပ်မဟာထဲက မိသားစုတွေထက် ပိုပြီးလည်း အခြေအနေ ကောင်းသွားလိမ့်မယ်။ တပ်မဟာထဲမှာဆို အစားအသောက်တွေက အလကားပဲ။ လစဥ် ခံစားခွင့်တွေကလည်း ရာနဲ့ချီနေတာပဲ။ သမီးမြင်လား။ သမီး အဒေါ်က သမီးအပေါ်မှာ ကြင်ကြင်နာနာရှိပါတယ်။ ဟုတ်တယ်မလား။”

“လူငယ်လေူကလည်း ဒီကိစ္စကို လေးလေးနက်နက်ရှိတယ်။ ပြီးတော့ သူက နောက်ရက်ပိုင်းလောက်နေရင် ပြန်လာတော့မယ်လို့ ပြောသေးတယ်။”

“သမီးသဘောမတူဘူး။”

လီချွမ်းကျင်က ထပ်ပြောလိုက်သည်။ “ခေါင်းမာမနေနဲ့၊ စန်းယာ။ ငါတို့မှာ ဒီလောက် အခြေအနေ ကောင်းနေတာကို။”

သူမစကား တစ်ဝက်မှာတင် ထိုစကားသည် ဝမ့်ရင်းရဲ့ ပါးစပ်မှ ထွက်လာတာ မဟုတ်သည်ကို လီချွမ်းကျင်တစ်ယောက် သိလိုက်ရပြီး ထိုစကားမှာ သူမရဲ့သမီး ဝမ့်လင်းလင်းထံမှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဝမ့်လင်းလင်းရဲ့မျက်နှာမှာ ဖြူဖျော့နေပြီး ဒေါသများ ထွက်နေကာ အနည်းငယ် တုန်လှုပ်နေခဲ့သည်။

ဝမ့်ရင်းသည် ကိစ္စတစ်ခုကို သေသေချာချာ သိလိုက်ရသည်။ ထိုအရာမှာ ကျောက်မိသားစု အကြောင်းကို ပြောပြီးသည်နှင့် ဝမ့်လင်းလင်း၏ မျက်နှာ အမူအရာမှာ စတင် ပြောင်းလဲလာခဲ့သည်။ အစပိုင်းတွင် အံ့ဩသွားပြီး ကြောက်လာကာ နောက်ပိုင်းတွင် ဒေါသထွက်လာခဲ့သည်။ အခုချိန်တွင် သူမ၏ မျက်နှာ တစ်ခုလုံးသည် တင်းမာနေခဲ့သည်။

“သမီး သဘောမတူဘူး။”

လီချွမ်းကျင်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ “လင်းလင်း၊ ငါ့ကိုလာပြီး မနှောက်ယှက်နဲ့။ ငါက စန်းယာကို ပြောနေတာ။”

ဝမ့်လင်းလင်းသည် ထိတ်လန့်သွားခဲ့ပြီး ဘာကိုမှ ထပ်မပြောရဲတော့ပါ။ သူမသည် ကျောက်ကျွင်းကို လက်လွှတ်လိုက်ရမည်ကို ကြောက်လန့်နေခြင်းကြောင့် ဖြစ်သည်။

“သဘောမတူဘူးလို့ သမီးပြောလိုက်တာပါ။ သူက ဘာလို့ ကျောက်ကျွင်းကို လက်ထပ်ရမှာလဲ။”

ဝမ့်လင်းလင်းသည် အားယူပြီး ကျယ်လောင်စွာ အော်လိုက်သည်။

လီချွမ်းကျင်၏ မျက်နှာမှာ အတော်လေး စိတ်ရှုပ်သွားခဲ့သည်။ “လင်းလင်း၊ သမီး ဘာတွေကို ပြောနေတာလဲ။”

ဝမ့်ယုံရွှင်းသည်လည်း မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။ “ဒါ နင်နဲ့ ဘာမှမဆိုင်ဘူး။ နင်က ဘယ်သူ့ကို လာအော်နေတာလဲ။”

ဝမ့်ရင်းသည် မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ကာ တစ်ခုခုကို တွေးနေခဲ့သော တစ်ယောက်တည်းသောသူ ဖြစ်သည်။

လီချွမ်းကျင်သည် ထိုစကားကို ပြောပြီးနောက် သူသည် မိသားစု မျိုးရိုးနာမည်မှာ ကျောက်ဖြစ်သည်ဟု ပြောခဲ့သော်လည်း ထိုလူ၏ နာမည်မှာ ကျောက်ကျွင်းဖြစ်သည်ဟု သူ မမပြောပြခဲ့ပါ။

ဝမ့်ရင်းကိုယ်တိုင်လည်း ထိုနာမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

အမျိုးသမီးကြီး မစ္စကျောက်နှင့် လီချွမ်းကျင်တို့သည် အိမ်ထဲတွင် ပုန်းပြီး အတင်းတုပ်နေတုန်းက သူမရဲ့တတိယသား နာမည်မှာ ကျောက်ကျွင်းဆိုပြီး မပြောသွားခဲ့ပါ။

ဝမ့်ရင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဒီဝမ်းကွဲအစ်မက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။

ပထမဆုံး သူမရဲ့ စိတ်အခြေနေက စိုးရိမ်တကြီးဖြစ်ကာ ပြောင်းလဲသွားခဲ့ပြီး သူမအမြဲတမ်း ပြောပြလေ့ရှိတဲ့ သူမနဲ့ စေ့စပ်ထားတဲ့သူကို ဖယ်ရှားချင်ခဲ့သည်။ ပြီးတော့ သူမက(ဝမ့်လင်းလင်း) သူမကို(ဝမ့်ရင်း) အသားပေါက်စီ စားဖို့အတွက် ခေါ်ထုတ်သွားပြီး သူမကို ထူးဆန်းသလို စိုက်ကြည့်နေခဲ့သည်။ အခုလည်းကျတော့ ကျောက်ကျွင်းရဲ့နာမည်ကို လွှတ်ခနဲ ထပ်ပြောလိုက်ပြန်ရော။

ဝမ့်ရင်းသည် သူမရဲ့စိတ်ထဲတွင် ခန့်မှန်းမှုများ ပြုလုပ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝမ့်လင်လင်းသည် ဘာကိုမှ ဂရုမစိုက်ခဲ့ပါ။ သူမရဲ့ မျက်နှာပေါ်မှ မျက်ရည်များ ကျလာခဲ့သည်။ သူမသည် မကျေနပ်ချက်များ ဖြစ်ကာ ပြောခဲ့သည်။ “သမီးက ရှုရွှမ်းကို လက်မထပ်ချင်ဘူး။ အမေက ဘာလို့ သမီးကို ကျောက်ကျွင်းနဲ့ လက်မထပ်ပေးရတာလဲ။”

အစပိုင်းတွင် လီချွမ်းကျင်သည် သူမရဲ့သမီးက မျက်ရည်များ ကျလာသည့်အတွက် ထိတ်လန့်သွားခဲ့သည်။ သို့သော် သူမသည် ထိုစကားကို ကြားပြီးနောက် တည်တည်ငြိမ်ငြိမ် မရှိနိုင်တော့ပါ။ “လင်းလင်း၊ သမီး ဘာတွေပြောနေတာလဲ။ အခြေအနေကောင်းတဲ့ ရှုရွှမ်းကို သမီးက မလိုချင်ဘဲ ကျောက်မိသားစုထဲကို ဝင်ချင်တာလား။ ကျောက်မိသားစုဆိုတာက ဘာလဲဆိုတာရော သိရဲ့လား။”

ဝမ့်ယုံရွှင်းသည် အချိန်မှီ ဝင်ပြောခဲ့သည်။ “ငါတို့က ရှုရွှမ်း မိသားစုနဲ့ သိလာတာက နှစ်တွေအကြာကြီး ရှိနေပြီ။ အခု နင်ပြောချင်တဲ့ အဓိက အကြောင်းအရာက ဘာလဲ။”

ဝမ့်ယုံရွှင်းက ထိုစကားကို ပြောပြီးနောက် လီချွမ်းကျင်သည် အိမ်ခန်းထဲတွင် သူတို့ မိသားစုသာမက ဝမ့်ရင်းပါ ရှိနေသည်ကို သတိရသွားခဲ့သည်။

ဝမ့်ယုံရွှင်းသည်လည်း အားနာနာဖြင့် ကြည့်လိုက်သည်။ “စန်းယာ၊ ဘာလို့ သမီး အရင်မပြန်သေးတာလဲ။ သမီးအမ လင်းလင်းက ကောင်းကောင်းအိပ်မပျော်တာတွေ များနေတော့ အဓိပ္ပါယ် မရှိတာတွေပဲ ပြောနေတာလေ။”

ဝမ့်ရင်းသည့် မျက်လုံးများ မှိတ်တုပ် မှိတ်တုပ်လုပ်ကာ ပြောခဲ့သည်။ “ဒါပေမယ့် သမီးကမှ စားလို့ မဝသေးတာ။”

ဝမ့်ယုံရွှင်းသည် ရှိုက်ကြီးတငင် ငိုနေသည့် ဝမ့်လင်းလင်းကို ကြည့်ကာ သူ့ရဲ့စိတ်ကို ပြင်လိုက်သည်။ “ဒါဆို သမီးက တစ်အိုးလုံး ယူသွားလိုက်တော့။ သမီးအဒေါ်နဲ့ ဦးလေးတို့က ဗိုက်ဝနေပြီ။”

အစားအသောက်များ ယူသွားနိုင်သည့်အတွက် ဝမ့်ရင်းသည် ပိုပြီး စကားများလာကာ သူမရဲ့ အရှေ့မှာရှိသော ကြက်သားဟင်းအိုးကို ယူကာ ထွက်သွားခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ သူတို့ကို အခန်း တစ်ခန်းက ခြားထားခဲ့သော်လည်း ဝမ့်ရင်းသည် သူတို့ပြောသမျှ စကားများ အားလုံးကို ကြားနေခဲ့ရသည်။

ဝမ့်ရင်း ထွက်သွားပြီးနောက် ဝမ့်ယုံရွှင်းက မျက်နှာ ပျက်သွားခဲ့သည်။ “ငါ့ကိုပြောစမ်း။ နင့်ခေါင်းက ဘာဖြစ်နေတာလဲ။ နင်က ရှုရွှမ်းအစား မိန်းမနဲ့ ကွာရှင်းထားတဲ့ အကောင်ကို လက်ထပ်ချင်တယ်ပေါ့။”

သူ့ရဲ့သမီးမှာ တစ်ဖက်လူ၏ နာမည်ကိုတောင် သိနေခဲ့ပြီး သူမသည် အချိန်အတော်ကြာ ကျောက်မိသားစု၏ အခြေအနေကို သိနေပြီးသားဆိုတာ သိသာနေခဲ့သည်။

ဝမ့်ယုံရွှင်းသည် ဘာမှမပြောနိုင်တော့ဘဲ သူ့စိတ်ထဲတွင် ပိုပြီး သံသယဖြစ်ကာ ဒေါသထွက်လာခဲ့သည်။ ထို့ကြောင့် သူသည် ဝမ့်လင်းလင်းကို ဆွဲခေါ်သွားပြီး အရင်ဆုံး မေးနေခဲ့သည်။

ဝမ့်လင်းလင်းသည် သူမရဲ့ မျက်ရည်များကို သုတ်ကာ ပြောခဲ့သည်။ “အဖေတို့ နားမလည်ပါဘူး။ ကျောက်ကျွင်းက နောက်ပိုင်းကျရင် သေချာပေါက် အောင်မြင်လာတော့မှာ။”

ဝမ့်ယုံရွှင်းက စိတ်ရှုပ်လာခဲ့သည်။ “သူ့ဟာသူ အောင်မြင်တာက နင်နဲ့ ဘာဆိုင်လို့လဲ။ သူက နောက်ထပ်တစ်ခါ အိမ်ထောင်ထပ်ပြုပြီး နင်က မိထွေးလို အစေခံလို ဖြစ်လာမှာ။ သူက ဘယ်လောက်ထိ အောင်မြင်နိုင်မှာ မလို့လဲ။ နင့်ကိုခေါ်သွားပြီး တပ်မဟာထဲ ထည့်ပေးလိုက်ရမလား။”

ဝမ့်လင်းလင်း၏ ရင်ဘက်ထဲတွင် ခပ်တင်းတင်း ဖြစ်နေခဲ့သည်။ “အဖေတို့ နားမလည်ပါဘူး။”

ကျောက်ကျွင်းက အလားအလာကောင်း ရှိသည်။ သူက တပ်မဟာကနေ အနားယူပြီး ငွေရှာဖို့အတွက် သူ့မိသားစုကိုပါ ခေါ်သွားတာပင်။ သူက ဘေးပတ်ပတ်လည်မှာရှိတဲ့ တပ်မဟာက လူတွေထဲမှာ ပထမဆုံး မီလီယံနာ တစ်ယောက် ဖြစ်လာလိမ့်မည်။

သူက မီလီယံနာ တစ်ယောက်သာမက အချမ်းသာဆုံး လူတစ်ယောက်လည်း ဖြစ်လာမှာ။ သူ့ရဲ့ သားနဲ့ သမီး နှစ်ယောက်လုံးကလည်း အရမ်းကို အောင်မြင်လာကြလိမ့်မည်။

ဝမ့်လင်းလင်းသည် သူမရဲ့မိဘများက ဘာကို ပြောနေလဲဆိုတာ သူမလည်း မသိတော့ပါ။ အခုချိန်တွင် ကျောက်ကျွင်းလို လူမျိုးကို လက်ထပ်လိုက်ခြင်းသည် အနာဂတ်ရှိ ကိုယ့်ရဲ့ တန်ဖိုးကိုယ် မြှင့်တင်လိုက်ခြင်း ဖြစ်သည်။ သူမသည် ပြန်ထိုင်နေပြီး သူမရဲ့ တန်ဖိုးကို အသိအမှတ် ပြုပေးဖို့ကို ထိုင်စောင့်ရန်သာ လိုအပ်သည်။

ဝမ့်လင်းလင်းက တောင်းပန်ခဲ့သည်။ “အဖေ၊ ကျေးဇူးပြုပြီး သမီးက ကျောက်ကျွင်းကိုပဲ လက်ထပ်ပါရစေ။ သမီး အကုန်လုံးကို သိပါတယ်။ သမီးက မိထွေးတစ်ယောက် ဖြစ်လာလိမ့်မှာကိုရော။ ကျောင်းကျွင်းရဲ့ ကလေးနှစ်ယောက်ကိုလည်း ဒုက္ခတွေထဲက ကယ်ပေးနိုင်ပါတယ်။ သမီး မိထွေးတစ်ယောက် ဖြစ်ရလည်း အဆင်ပြေပါတယ်။”

ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝမ့်ယုံရွှင်းက ဘာမှ မပြောနိုင်ခင်မှာပဲ လီချွမ်းကျင်က အရင်ဆုံး အော်လိုက်သည်။

လီချွမ်းကျင်သည် သူမသမီး၏ နှာခေါင်းကို လက်ညှိုးထိုးကာ စတင် ဆူပူနေခဲ့သည်။ “နင်ရူးနေလား။ ဒါမှမဟုတ် နင့် မျက်လုံးက ကန်းသွားတာလား။ မိထွေးတစ်ယောက် လုပ်ရတာက အဲ့လောက် လွယ်မယ်တဲ့လား။ နင်က အခြား သူတွေကို ခစားဖို့ သူတို့ မိသားစုထဲကို ဝင်သွားလိုက်တာနဲ့ နင်က အပြင်လူ ဖြစ်သွားလိမ့်မယ်။ သူတို့မှာက သားရော သမီးရော ရှိတယ်။ ဒါပေမယ့် နင့်မှာက ဘာဆို ဘာမှမရှိဘူး။ နင့်ညီမက မြို့မှာရှိတဲ့ ကွာရှင်းပြီးသား လူတစ်ယောက်ကို ယူရမှာ။ နောက်ပိုင်းကျရင် နင့်မောင့်ရဲ့ဘဝကို ဘယ်လိုတောင် ရှင်သန်ခိုင်းဖို့ နင်မျှော်လင့်ထားတာလဲ။ မိန်းမတွေနဲ့ ပတ်သက်တဲ့ အကြောင်းဆို နင် သူ့ကို ဘယ်လိုပြောမှာလဲ။”

လီချွမ်းကျင်သည် သူ့သမီးကို ချစ်သော်လည်း သူ့သမီးက ဆိုးယုတ်သည့် မိထွေးတစ်ယောက် ဖြစ်လာမည်ကို တွေးလိုက်တိုင်း သူမ ဒေါသထွက်ရသည်။ မိထွေးတစ်ယောက် ဖြစ်ဖို့က ဒီလောက် လွယ်မယ်တဲ့လား။

သူမက ခံစားရရုံတင်မကဘူး နင့်ကို လူတွေ အများကြီးက ဝိုင်းကြည့်နေတာကိုလည်း ခံရဦးမှာ။ ပြီးရင် သူတို့တစ်ဖွဲ့လုံးက သူမမိသားစုကို လက်ညှိုးထိုးပြီး သူတို့ရဲ့ မိထွေးက မကောင်းတဲ့သူဆိုရင်လည်း သူမကို ကျိန်ဆဲကြဦးမှာ။

ဝမ့်ရင်းအကြောင်းကိုတော့ မေ့ထားလိုက်။ သူမက လက်ထပ်လိုက်ရင် ဝမ့်ယုံဖုရဲ့ အမျိုးတွေက ကုန်သွားပြီ။ အဲ့တော့ သူမကို ဘယ်သူကမှ အပြစ်တင်လို့ မရတော့ဘူး။

ဒါပေမယ့် ဝမ့်လင်းလင်းသာ လက်ထပ်သွားရင် အဲ့ဒါက တစ်မိသားစုလုံးရဲ့ ဂုဏ်သိက္ခာအပေါ်မှာ သက်ရောက်မှု ရှိလာလိမ့်မည်။

လီချွမ်းကျင်သည် ထိုကိစ္စက ယောင်ကျုံးအပေါ်မှာ ဘယ်လိုမျိုး သက်ရောက်မှု ရှိမလဲဆိုတာကိုလည်း မတွေးရဲခဲ့ပါ။






You are reading the story above: TeenFic.Net