Part 13

Background color
Font
Font size
Line height

သူတို့နှစ်ယောက်ရဲ့ညလေးကိုတူတူဖြတ်သန်းပီးတဲ့
နောက်မှာတော့ ရှောင်းကျန့်ဘက်က ဝမ်ရိပေါ်ကို
အရင်ကထက်ပိုမြတ်နိုးမိခဲ့တယ်။ပြီးတော့ အရင်ကလိုလည်း အတွေးမှားတွေမဝင်မိတော့ဘူး။ မဝင်မိဘူးဆို ရိပေါ်ဘက်ကလည်း သူ့ကိုစိတ်ချအောင်
နည်းမျိုးစုံနဲ့ပြသပေးတယ်။ ဥပမာ သူရာထူးတိုးတဲ့
ညပါတီလုပ်ဖို့ပြောတာတောင် ရှောင်းကျန့်မရှိလို့
မလုပ်ဘူးလို့ငြင်းဆိုခဲ့ရကြောင်း ၊ ပြီးတော့
အခြားသူ့ရာထူးအရ သွားရမယ့်ပါတီပွဲတွေကိုလည်း
မသွားခင်ရှောင်းကျန့်ကိုကြိုပြောပီး ခွင့်ပြုချက်ရမှ
သွားတာမျိုးပေါ့။

ဝမ်ရိပေါ်တို့တပ်ရင်းတစ်ခုလုံးကလည်းသူတို့
အကြောင်းကိုအလုံးစုံသိနေတာမလို့ အရင်လို
ခိုးတွေးစရာလည်းမလိုတော့ချေ။ဝမ်ရိပေါ်ဘက်က
တရားဝင်လူသိရှင်ကြားသူ့လက်ကိုဆွဲကိုင်ခဲ့သော်လည်းသူ့ဘက်ကအခုထိချုံချင်းအိမ်ကိုတစ်ခုမှ
မပြောရသေးတာမို့အားနာရပါတယ်။ အဲ့ဒီအကြောင်းကို ပြန်ပြောပြရင်တော့ သူ့ဘေးကဝမ်ရိပေါ်က
တော့ ကိုယ့်စိတ်ကိုဖိအားမပေးဖို့အမြဲတမ်းဖြောင်းဖျပေးတာပေါ့။

"ရှောင်ရှောင်း ကျွန်တော် နယ်စပ်ကိုတိုက်ပွဲဝင်ဖို့
သွားရတော့မယ်"

"ဟမ် ဟိုတနေ့ကမှပြန်လာတာမဟုတ်လား"

"အဲ့တာက ကင်းလှည့်တာလေ အခုက
အခြားပြည်နယ်ကလာတဲ့သောင်းကျန်းသူတွေကို
တိုက်ခိုက်ရမှာ"

"ရိပေါ်က ဗိုလ်ကြီးတောင်ဖြစ်နေပီပဲ
အဲ့ထိသွားစရာလိုသေးလို့လား"

"ဒီကနေကြီးကြပ်လို့ရတယ်ဆိုပေမယ့်
ကျွန်တော်ကလိပ်ပြာမလုံလို့ပါ ကိုကိုရယ်"

အဲ့လိုပဲဝမ်ရိပေါ်ရဲ့အကျင့်ကိုကြာလေသိလာလေပဲ။
ရှောင်ရှောင်းလို့ခေါ်ပြီး သူ့ကိုကလေးလိုချော့မော့ပြီးပြောမယ် တကယ်လို့သူကလက်မခံရင်
ကိုကိုဆိုပြီးမခွင့်ပြုမနေရတောင်းဆိုတော့မှာ။
ရှောင်းကျန့်ကမမြင်နိုင်မှန်းသိပေမယ့် ကိုင်ထားတဲ့
ဖုန်းခွက်လေးကိုမျက်စောင်းလှမ်းထိုးလိုက်တယ်။

"ဘယ်လောက်ကြာမှာလဲဟင်"

"လဝက်လောက်တော့ကြာမယ်ထင်တယ်
အတိအကျတော့မပြောတတ်ဘူးလေ ကိုကိုရဲ့"

"ဘာမှမဖြစ်ပဲ ပြန်လာမယ်မလား"

"သေချာပေါက်မှဲ့တပေါက်မစွန်းခဲ့စေရဘူး"

" ကိုယ့်ဆီကိုစာအမြဲတမ်းပို့ပေးမယ်မဟုတ်လား"

"အင်း အဲ့ဆီမသွားခင် ကျွန်တော် ရှောင်ရှောင်းဆီ
လာခဲ့အုန်းမယ်"

"မနက်ဖြန်လာခဲ့လေ ကိုယ်စောင့်နေမယ်"

"အင်း လာခဲ့မယ်နော် အခုတော့ဖုန်းချတော့မယ်
အလုပ်ပေါ်လာလို့"

"အွန်း ချစ်တယ်နော် ရိပေါ်"

"ကျွန်တော်လည်း ချစ်ပါတယ်"

18.1

ဒီနေ့ရဲ့နေ့လည်ခင်းကိုရောက်ဖို့သူ့မှာတမျှော်မျှော်နဲ့
စောင့်နေရတာ။ ဝမ်ရိပေါ်ကသူ့ရဲ့ဒုတိယမြောက်လက်ဆောင်အနေနဲ့ မက်မွန်ပင်အောက်မှာ သူကိုယ်တိုင်နှစ်ယောက်တွဲထိုင်ခုံလေး လုပ်ပေးထားခဲ့တယ်။ မှတ်မိပါသေးတယ် အဲ့တုန်းက.....

"ရိပေါ် ဘာလုပ်နေတာလဲ"

တကုပ်ကုပ်နဲ့အလုပ်ရှုပ်နေတဲ့ဝမ်ရိပေါ်ဘေးနားကို
လာထိုင်ရင်းရှောင်းကျန့်ကမေးလိုက်တယ်။

"ဒီမှာကိုကိုပန်းချီဆွဲရင်ဖြစ်ဖြစ် လေညင်းခံရင်ဖြစ်ဖြစ်
ထိုင်ရအောင်လို့ ထိုင်ခုံလေးလုပ်ပေးနေတာ"

"ကိုကို့အတွက်ဆို ကြီးလွန်းပါတယ်"

"ကိုကိုကလည်း ကျွန်တော်တခါတလေ လာရင်
ထိုင်ရအုန်းမယ်လေ ဘာလဲ ပေးမထိုင်ချင်တော့ဘူးလား"

"အဲ အဲ မဟုတ်ပါဘူး ကိုကိုကမေ့သွားလို့"

"ဟွန်းနော် ကျွန်တော့်ကိုအရှေ့ထားပီး ဘာလို့မေ့နေတာလဲ ပြီးပြီးထိုင်ကြည့်"

ဝမ်ရိပေါ်ကသူ့ကိုလည်းနှုတ်ခမ်းတထော်ထော်နဲ့ပြောရင်း နောက်ဆုံးသောသံချောင်းလေးကိုတချက်ရိုက်လိုက်ပြီး သူ့ကိုထိုင်ခိုင်းစေတယ်။

"Wow ကွက်တိပဲ ကိုကို့ကလေးလေးက
တော်လိုက်တာ is okပဲ"

"တော်ဆို မေတ္တာတွေနဲ့လုပ်ပေးထားတာလေ"

သူ့ရဲ့ချီးကျူးသံနောက်မှာဝမ်ရိပေါ်က မျက်လုံးလေးကို မှိတ်သွားအောင်ရီလိုက်ရင်း ခေါင်းကိုဟန်ချိိမော့ထားတယ်။ ပြီးတော့ ထိုင်ခုံပေါ်ထိုင်နေတဲ့သူ့အပေါ်ကို တက်ကာထိုင်လိုက်ပြီးလက်နှစ်ဖက်ကလည်း
လည်ပင်းလေးမှာတွယ်ထားတယ်။

"ရိပေါ် ခုံကျိုးကျမယ်"

"ကိုကိုကလည်း ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါ ကိုယ့်လက်ရာကိုယ်ယုံပြီးသား အေးဆေး"

"ကြည့်လည်းလုပ်ပါ ဆရာရေ မတော်လို့
ကျိုးကျမှ ကျော်မကောင်းကြားမကောင်းတွေ
ဖြစ်အုန်းမယ်"

"စိတ်ချ တကယ်ကျိုးမကျဘူး။ သေချာကျွန်းအစစ်ပဲ
သုံးထားတာ"

"ကျွန်းတောင်လား ရိပေါ်ဘယ်ကရလဲ"

"ဟီး တပ်ဘေးကသစ်တောထဲမှာမှောင်ခိုထုတ်တဲ့သူတွေရှိတယ်။သူတို့ကိုတခါမိတုန်းက ကျွန်တော့်ကိုပေးထားတာ"

"ရိပေါ်ကလည်းတောပြုန်းအောင်"

"အဲ့နောက်ပိုင်းသူတို့ကမယူကြတော့ပါဘူး
အဲ့တခါပဲလာတာ တခါဆိုတခါပွလိုက်တယ်လေ"

"မင်းကသူခိုး"

"အဲ့တာကိုကို့ကြောင့်"

"ဟင် ဘာဆိုင်လို့လဲ "

"ဆိုင်တယ်လေ ဝမ်မျိုးရိုးကဆင်းသက်လာတဲ့
ရိ​ပေါ်ဆိုတဲ့ကျွန်တော့်ဘဝမှာ အမြဲတမ်းဖြောင့်မတ်နေပြီးမှ ရှောင်းအိမ်တော်ကဒီလူကြီးကိုကြိုက်ပြီးမှပဲ
ပိုးကြေးပန်းကြေးအတွက် လာဘ်စားရတော့တယ်။
ချစ်လို့မိုက်တဲ့ချစ်လူမိုက်လေးပါ"

"ပြောချင်တာ ငါကြောင့်မင်းရဲ့ဖြောင့်တန်းတဲ့စိတ်ကြီးကအခုဆိုကွေးသွားပြီပေါ့"

"အမှန်ပဲလေ"

"ဖယ် ငါ့အပေါ်ကဆင်းတော့"

"နိုး နိုး မဆင်းပါဘူး"

"ဆင်း"

"မဆင်းဘူး"

"တွန်းချမှာနော်"

"လုပ်ရက်လို့လား"

"လုပ်ရက်တယ် ဖယ် လူမိုက်အားပေး မလုပ်ဘူး"

"ပြောပါတယ် ချစ်လို့မိုက်တာပါဆို ငြိုငြင်တာလား
မချစ်တော့ဘူးလား "

"ဝမ်ရိပေါ် တနေ့တနေ့ မင်းစကားတွေ
တော်တော်တက်လာတယ်နော်"

"အချစ်ကသင်ပေးသွားတာ ဒါနဲ့ ဒီခုံလေးကို
အဖြူရောင်လေးပဲသုတ်ပေးခဲ့မယ်နော် ကိုကို"

"မင်းသဘော ငါအားလုံးလက်ခံတယ်"

"ဒါလေးကိုမပျက်စီးအောင်ထားမယ်
ကျွန်တော်နဲ့ရှောင်ရှောင်း အသက်တွေကြီးလာလို့
အဘိုးကြီးတွေဖြစ်လာရင်လည်း ဒီခုံလေးပေါ်မှာ
ထိုင်ရင်းနေပူဆာလှုံကြမယ်လေနော် အဲ့ကျ
ရှောင်ရှောင်းက ပါးရေတွေတွန့်ကုန်တော့မှာ"

"မလှတော့ရင်မချစ်တော့ဘူးလား"

"အခုလည်း လှလို့လား ကိုကိုက"

"ဝမ်ရိပေါ် နော်"

"စတာပါ ကျွန်တော့်မျက်စိထဲ ဟောဒီကအသက်ကြီးပြီးကလေးလိုချွဲတတ်တဲ့ ရှောင်ရှောင်းကပဲ
အလှဆုံး"

"ဟွန်းနော်ဟွန်း"

"ခုနကဟာဆက်ပြောပါအုန်းမယ် အဲ့ကျရင်တော့
ကျွန်တော်ကကိုကို့ကိုသတင်းစာတို့ စာအုပ်တို့
ဖတ်ပြရမယ်ထင်တယ်။အခုကတည်းကကို
ကိုကိုကအနီးမှုန်နေတာ"

"ပြောတော့ကျ အေးချမ်းတဲ့နယ်မြို့လေးမှာပဲ
အခြေချချင်တယ်ဆို ဆရာကြီးရဲ့"

"အင်းလေ ချစ်သက်လက်ဆောင်ထဲ ဒါလေးပါတာမလို့ ဘယ်သွားသွားသယ်သွားမှာ"

အဲ့တုန်းကသူတို့နှစ်ယောက်ရဲ့ရယ်မောသံ
စကားသံတွေကအရမ်းပေါ့ပါးလွန်းပါတယ်။သူ
အတိတ်အကြောင်းတွေထိုင်စဉ်းစားနေလိုက်တာ
ညနေတောင်စောင်းလာပြီလေ။ သေချာပေါက်
လာမယ်ဆိုတဲ့သူ့ရဲ့ဝမ်ရိပေါ်ကတော့ အခုထိ
အရိပ်အယောင်တောင်မမြင်။ သူလည်းလည်တဆန့်ဆန့်နဲ့မျှော်နေတုန်း အညိုရောင်ရထားလုံးကြီးက
သူတို့ခြံထဲကိုဝင်လာတယ်။

"ကိိုကို"

ရိပေါ်ကရထားလုံးထဲကနေဆင်းလာကာသူ့ကို
လှမ်းခေါ်လိုက်တာမို့ အပြေးလေးလာလိုက်တယ်။

"ရိပေါ် မျက်နှာလည်းမကောင်းပါလား
ဘာဖြစ်လို့လဲ"

"နည်းနည်း ခရီးပန်းလာလို့ပါ စောင့်ရတာကြာသွားပြီလား "

ဗိုလ်ကြီးဖြစ်ပြီးတပ်ကရထားလုံးတွေမော်တော်ကားတွေမပေးခင်တုန်းက မြင်းတစ်ကောင်နဲ့
သူဆီလာတုန်းကတောင်တခါလေးမှ ပင်ပန်းဟန်မပြတဲ့ ရိပေါ်ကအခုခရီးပန်းလာတယ်ဆိုတော့

"နေမကောင်းဘူးလား"

"ကောင်းပါတယ် ရှောင်​ရှောင်းရဲ့"

ရှောင်းကျန့်ကအိတ်ကပ်ထဲမှာထည့်ထားတဲ့
အဖြူရောင်လက်ကိုင်ပဝါလေးကိုထုတ်ကာရိပေါ်ရဲ့
နဖူးလေးကိုခပ်ဖွဖွလေးသုတ်ပေးလိုက်တယ်။

"နောက်ကျနေလို့ စိတ်ပူနေတာ"

"ဟုတ်လား ကျွန်တော်ကထွက်လာတာကိုက
နောက်ကျသွားလို့ပါ တောင်းပန်တယ်နော်"

"ရပါတယ် မဟုတ်လည်း အိမ်ကစောင့်ရတာပဲ
ရိပေါ်လာမယ့်ရက်ဆို မားမားတို့ကအိမ်မှာကိုမရှိဘူး
ထူးဆန်းတယ်နော်"

"အင်း ကျွန်တော် ရှောင်ရှောင်းကို ပြောစရာရှိတယ်"

"အင်းပြောလေ"

"တကယ်လို့ ကျွန်တော်တို့မျှော်လင့်ထားသလို
အဆုံးသတ်ဖြစ်မလာရင် ကိုယ့်ကိုကိုအပြစ်တင်ပီး.
ဝမ်းနည်းမနေပါနဲ့နော် ဘယ်တော့မှမျက်ရည်မကျပါနဲ့"

"ဘာဖြစ်လို့လဲ "

"ဘာမှမဖြစ်ပါဘူး ဒီအတိုင်းစိတ်ထဲမှာရှောင်ရှောင်းကိုပြောချင်စိတ်ဖြစ်နေလို့"

"အင်းပါ "

"ပြီးတော့ ကျွန်တော်မရှိတဲ့အချိန်မှာ ရှောင်ရှောင်း
လူစီတို့နဲ့ပျော်အောင်နေပါ အရာရာကိုပျော့ညံမနေပဲ
သည်းခံပေးနော်"

"ငါတို့ကလမ်းခွဲကြမလို့လား"

"မဟုတ်တာ ကျွန်တော်ကဒီလောက်ချစ်တာ
ရှောင်ရှောင်းကိုခွဲသွားပါ့မလား"

"ကိုယ်အဲ့ဒီအငွေ့အသက်တွေရနေလို့"

"ကျွန်တော်ပြန်တော့မယ်"

"ချက်ချင်းကြီးလား"

"တပ်ထဲမှာကျွန်တော်မရှိလို့မဖြစ်လို့ပါ "

"အင်းပါ အခွင့်ရတာနဲ့ ငါ့ဆီဖုန်းဆက်နော်"

"အင်း စာလည်းအမြဲတမ်းပို့ပေးမယ်"

"ချစ်တယ်နော် ရိပေါ်"

"အင်း "

သူ့ကိုနှုတ်ဆက်ပြီးဝမ်ရိပေါ်ကပြန်သွားတယ်။ပေးနေကျနှုတ်ဆက်အနမ်းလေးတောင်သူ့ဆီမကျရောက်ခဲ့။
ထားပါလေ သူစိတ်တွေရှုပ်လို့နေမှာပါ။

အတွေးတွေနဲ့ရှောင်းကျန့်အိမ်တော်ထဲပြန်ဝင်လာတုန်း ဘယ်အချိန်ကပြန်လာမှန်းမသိတဲ့မားမားက
ဧည့်ခန်းထဲကစောင့်ကြိုနေတယ်။

"မင်းကိုမားမားလွတ်ထားပေးတာကြာပီထင်တယ်
အခုငါမသိပဲတောင်ရည်းစားတွေခိုးထားတတ်နေပြီ"

"ခိုးမထားပါဘူး အချိန်တန်ရင်မားမားကိုဖွင့်ပြော
မလို့ပါ"

"မင်းရဲ့ယောက်ျားလေးလက်တွဲဖော်ကို ငါ့ရှေ့ခေါ်လာမယ်ပေါ့ အဲ့လောက်သတိ္တတွေရှိနေတာလား"

"ကျွန်တော်ယောက်ျားလေးလက်တွဲဖော်ကိုထားတော့ရော ဘာဖြစ်လို့လဲ မားမား ကျွန်တော်သူ့ကို
ချစ်တယ်လေ"

"အချစ် အချစ်ကဘာမှသုံးစားလို့မရဘူး မင်းထက်
ပိုအဆင့်အတန်းမြင့်တဲ့သူတွေရင် အဲ့အချစ်ကပါသွားမှာ"

"ရိပေါ်ကိုမစော်ကားနဲ့မားမား"

"အော် ဘယ်တော့မဆိုအမြဲစကားနားထောင်တဲ့
ငါ့သားလေးကအခုတော့ မားမားကိုပြန်ခံပြောတတ်နေပြီပေါ့"

"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော့်ကိုရိပေါ်နဲ့
လက်တွဲခွင့်ပေးပါ"

"မင်းကငါတို့်အိမ်ကိုအရှက်ရအောင်လုပ်နေတာပဲ
ရှောင်းကျန့်"

"ကျွန်တော်တို့ကဘာတွေများအရှက်ရစေလို့လဲ
မိန်းကလေးတစ်ယောက်မဟုတ်တာကလွဲလို့
တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်လေ"

"မသိချင်ဘူး မင်းဒီတလအတွင်းငါပေးစားတဲ့
သူနဲ့လက်ထပ်ရမယ် "

"လက်မခံဘူးဆိုရင်ရော"

"မင်းကိုရှောင်းမျိုးရိုးကနေထုတ်ပစ်မယ်"

သူတို႔ႏွစ္ေယာက္ရဲ႕ညေလးကိုတူတူျဖတ္သန္းပီးတဲ့
ေနာက္မွာေတာ့ ေ႐ွာင္းက်န္႔ဘက္က ဝမ္ရိေပၚကို
အရင္ကထက္ပိုျမတ္ႏိုးမိခဲ့တယ္။ၿပီးေတာ့ အရင္ကလိုလည္း အေတြးမွားေတြမဝင္မိေတာ့ဘူး။ မဝင္မိဘူးဆို ရိေပၚဘက္ကလည္း သူ႔ကိုစိတ္ခ်ေအာင္
နည္းမ်ိဳးစံုနဲ႔ျပသေပးတယ္။ ဥပမာ သူရာထူးတိုးတဲ့
ညပါတီလုပ္ဖို႔ေျပာတာေတာင္ ေ႐ွာင္းက်န္႔မ႐ွိလို႔
မလုပ္ဘူးလို႔ျငင္းဆိုခဲ့ရေၾကာင္း ၊ ၿပီးေတာ့
အျခားသူ႔ရာထူးအရ သြားရမယ့္ပါတီပြဲေတြကိုလည္း
မသြားခင္ေ႐ွာင္းက်န္႔ကိုႀကိဳေျပာပီး ခြင့္ျပဳခ်က္ရမွ
သြားတာမ်ိဳးေပါ့။

ဝမ္ရိေပၚတို႔တပ္ရင္းတစ္ခုလံုးကလည္းသူတို႔
အေၾကာင္းကိုအလံုးစံုသိေနတာမလို႔ အရင္လို
ခိုးေတြးစရာလည္းမလိုေတာ့ေခ်။ဝမ္ရိေပၚဘက္က
တရားဝင္လူသိ႐ွင္ၾကားသူ႔လက္ကိုဆြဲကိုင္ခဲ့ေသာ္လည္းသူ႔ဘက္ကအခုထိခ်ံဳခ်င္းအိမ္ကိုတစ္ခုမွ
မေျပာရေသးတာမို႔အားနာရပါတယ္။ အဲ့ဒီအေၾကာင္းကို ျပန္ေျပာျပရင္ေတာ့ သူ႔ေဘးကဝမ္ရိေပၚက
ေတာ့ ကိုယ့္စိတ္ကိုဖိအားမေပးဖို႔အျမဲတမ္းေျဖာင္းဖ်ေပးတာေပါ့။

"ေ႐ွာင္ေ႐ွာင္း ကြၽန္ေတာ္ နယ္စပ္ကိုတိုက္ပြဲဝင္ဖို႔
သြားရေတာ့မယ္"

"ဟမ္ ဟိုတေန႔ကမွျပန္လာတာမဟုတ္လား"

"အဲ့တာက ကင္းလွည့္တာေလ အခုက
အျခားျပည္နယ္ကလာတဲ့ေသာင္းက်န္းသူေတြကို
တိုက္ခိုက္ရမွာ"

"ရိေပၚက ဗိုလ္ႀကီးေတာင္ျဖစ္ေနပီပဲ
အဲ့ထိသြားစရာလိုေသးလို႔လား"

"ဒီကေနႀကီးၾကပ္လို႔ရတယ္ဆိုေပမယ့္
ကြၽန္ေတာ္ကလိပ္ျပာမလံုလို႔ပါ ကိုကိုရယ္"

အဲ့လိုပဲဝမ္ရိေပၚရဲ႕အက်င့္ကိုၾကာေလသိလာေလပဲ။
ေ႐ွာင္ေ႐ွာင္းလို႔ေခၚၿပီး သူ႔ကိုကေလးလိုေခ်ာ့ေမာ့ၿပီးေျပာမယ္ တကယ္လို႔သူကလက္မခံရင္
ကိုကိုဆိုၿပီးမခြင့္ျပဳမေနရေတာင္းဆိုေတာ့မွာ။
ေ႐ွာင္းက်န္႔ကမျမင္ႏိုင္မွန္းသိေပမယ့္ ကိုင္ထားတဲ့
ဖုန္းခြက္ေလးကိုမ်က္ေစာင္းလွမ္းထိုးလိုက္တယ္။

"ဘယ္ေလာက္ၾကာမွာလဲဟင္"

"လဝက္ေလာက္ေတာ့ၾကာမယ္ထင္တယ္
အတိအက်ေတာ့မေျပာတတ္ဘူးေလ ကိုကိုရဲ႕"

"ဘာမွမျဖစ္ပဲ ျပန္လာမယ္မလား"

"ေသခ်ာေပါက္မွဲ႔တေပါက္မစြန္းခဲ့ေစရဘူး"

" ကိုယ့္ဆီကိုစာအျမဲတမ္းပို႔ေပးမယ္မဟုတ္လား"

"အင္း အဲ့ဆီမသြားခင္ ကြၽန္ေတာ္ ေ႐ွာင္ေ႐ွာင္းဆီ
လာခဲ့အုန္းမယ္"

"မနက္ျဖန္လာခဲ့ေလ ကိုယ္ေစာင့္ေနမယ္"

"အင္း လာခဲ့မယ္ေနာ္ အခုေတာ့ဖုန္းခ်ေတာ့မယ္
အလုပ္ေပၚလာလို႔"

"အြန္း ခ်စ္တယ္ေနာ္ ရိေပၚ"

"ကြၽန္ေတာ္လည္း ခ်စ္ပါတယ္"

18.1

ဒီေန႔ရဲ႕ေန႔လည္ခင္းကိုေရာက္ဖို႔သူ႔မွာတေမ်ွာ္ေမ်ွာ္နဲ႔
ေစာင့္ေနရတာ။ ဝမ္ရိေပၚကသူ႔ရဲ႕ဒုတိယေျမာက္လက္ေဆာင္အေနနဲ႔ မက္မြန္ပင္ေအာက္မွာ သူကိုယ္တိုင္ႏွစ္ေယာက္တြဲထိုင္ခံုေလး လုပ္ေပးထားခဲ့တယ္။ မွတ္မိပါေသးတယ္ အဲ့တုန္းက.....

"ရိေပၚ ဘာလုပ္ေနတာလဲ"

တကုပ္ကုပ္နဲ႔အလုပ္႐ႈပ္ေနတဲ့ဝမ္ရိေပၚေဘးနားကို
လာထိုင္ရင္းေ႐ွာင္းက်န္႔ကေမးလိုက္တယ္။

"ဒီမွာကိုကိုပန္းခ်ီဆြဲရင္ျဖစ္ျဖစ္ ေလညင္းခံရင္ျဖစ္ျဖစ္
ထိုင္ရေအာင္လို႔ ထိုင္ခံုေလးလုပ္ေပးေနတာ"

"ကိုကို႔အတြက္ဆို ႀကီးလြန္းပါတယ္"

"ကိုကိုကလည္း ကြၽန္ေတာ္တခါတေလ လာရင္
ထိုင္ရအုန္းမယ္ေလ ဘာလဲ ေပးမထိုင္ခ်င္ေတာ့ဘူးလား"

"အဲ အဲ မဟုတ္ပါဘူး ကိုကိုကေမ့သြားလို႔"

"ဟြန္းေနာ္ ကြၽန္ေတာ့္ကိုအေ႐ွ႕ထားပီး ဘာလို႔ေမ့ေနတာလဲ ၿပီးၿပီးထိုင္ၾကည့္"

ဝမ္ရိေပၚကသူ႔ကိုလည္းႏႈတ္ခမ္းတေထာ္ေထာ္နဲ႔ေျပာရင္း ေနာက္ဆံုးေသာသံေခ်ာင္းေလးကိုတခ်က္႐ိုက္လိုက္ၿပီး သူ႔ကိုထိုင္ခိုင္းေစတယ္။

"Wow ကြက္တိပဲ ကိုကို႔ကေလးေလးက
ေတာ္လိုက္တာ is okပဲ"

"ေတာ္ဆို ေမတၱာေတြနဲ႔လုပ္ေပးထားတာေလ"

သူ႔ရဲ႕ခ်ီးက်ဴးသံေနာက္မွာဝမ္ရိေပၚက မ်က္လံုးေလးကို မွိတ္သြားေအာင္ရီလိုက္ရင္း ေခါင္းကိုဟန္ခ်ိိေမာ့ထားတယ္။ ၿပီးေတာ့ ထိုင္ခံုေပၚထိုင္ေနတဲ့သူ႔အေပၚကို တက္ကာထိုင္လိုက္ၿပီးလက္ႏွစ္ဖက္ကလည္း
လည္ပင္းေလးမွာတြယ္ထားတယ္။

"ရိေပၚ ခံုက်ိဳးက်မယ္"

"ကိုကိုကလည္း ကြၽန္ေတာ္ကိုယ္တိုင္လုပ္ထားတာပါ ကိုယ့္လက္ရာကိုယ္ယံုၿပီးသား ေအးေဆး"

"ၾကည့္လည္းလုပ္ပါ ဆရာေရ မေတာ္လို႔
က်ိဳးက်မွ ေက်ာ္မေကာင္းၾကားမေကာင္းေတြ
ျဖစ္အုန္းမယ္"

"စိတ္ခ် တကယ္က်ိဳးမက်ဘူး။ ေသခ်ာကြၽန္းအစစ္ပဲ
သံုးထားတာ"

"ကြၽန္းေတာင္လား ရိေပၚဘယ္ကရလဲ"

"ဟီး တပ္ေဘးကသစ္ေတာထဲမွာေမွာင္ခိုထုတ္တဲ့သူေတြ႐ွိတယ္။သူတို႔ကိုတခါမိတုန္းက ကြၽန္ေတာ့္ကိုေပးထားတာ"

"ရိေပၚကလည္းေတာျပဳန္းေအာင္"

"အဲ့ေနာက္ပိုင္းသူတို႔ကမယူၾကေတာ့ပါဘူး
အဲ့တခါပဲလာတာ တခါဆိုတခါပြလိုက္တယ္ေလ"

"မင္းကသူခိုး"

"အဲ့တာကိုကို႔ေၾကာင့္"

"ဟင္ ဘာဆိုင္လို႔လဲ "

"ဆိုင္တယ္ေလ ဝမ္မ်ိဳး႐ိုးကဆင္းသက္လာတဲ့
ရိ​ေပၚဆိုတဲ့ကြၽန္ေတာ့္ဘဝမွာ အျမဲတမ္းေျဖာင့္မတ္ေနၿပီးမွ ေ႐ွာင္းအိမ္ေတာ္ကဒီလူႀကီးကိုႀကိဳက္ၿပီးမွပဲ
ပိုးေၾကးပန္းေၾကးအတြက္ လာဘ္စားရေတာ့တယ္။
ခ်စ္လို႔မိုက္တဲ့ခ်စ္လူမိုက္ေလးပါ"

"ေျပာခ်င္တာ ငါေၾကာင့္မင္းရဲ႕ေျဖာင့္တန္းတဲ့စိတ္ႀကီးကအခုဆိုေကြးသြားၿပီေပါ့"

"အမွန္ပဲေလ"

"ဖယ္ ငါ့အေပၚကဆင္းေတာ့"

"ႏိုး ႏိုး မဆင္းပါဘူး"

"ဆင္း"

"မဆင္းဘူး"

"တြန္းခ်မွာေနာ္"

"လုပ္ရက္လို႔လား"

"လုပ္ရက္တယ္ ဖယ္ လူမိုက္အားေပး မလုပ္ဘူး"

"ေျပာပါတယ္ ခ်စ္လို႔မိုက္တာပါဆို ၿငိဳျငင္တာလား
မခ်စ္ေတာ့ဘူးလား "

"ဝမ္ရိေပၚ တေန႔တေန႔ မင္းစကားေတြ
ေတာ္ေတာ္တက္လာတယ္ေနာ္"

"အခ်စ္ကသင္ေပးသြားတာ ဒါနဲ႔ ဒီခံုေလးကို
အျဖဴေရာင္ေလးပဲသုတ္ေပးခဲ့မယ္ေနာ္ ကိုကို"

"မင္းသေဘာ ငါအားလံုးလက္ခံတယ္"

"ဒါေလးကိုမပ်က္စီးေအာင္ထားမယ္
ကြၽန္ေတာ္နဲ႔ေ႐ွာင္ေ႐ွာင္း အသက္ေတြႀကီးလာလို႔
အဘိုးႀကီးေတြျဖစ္လာရင္လည္း ဒီခံုေလးေပၚမွာ
ထိုင္ရင္းေနပူဆာလွံုၾကမယ္ေလေနာ္ အဲ့က်
ေ႐ွာင္ေ႐ွာင္းက ပါးေရေတြတြန္႔ကုန္ေတာ့မွာ"

"မလွေတာ့ရင္မခ်စ္ေတာ့ဘူးလား"

"အခုလည္း လွလို႔လား ကိုကိုက"

"ဝမ္ရိေပၚ ေနာ္"

"စတာပါ ကြၽန္ေတာ့္မ်က္စိထဲ ေဟာဒီကအသက္ႀကီးၿပီးကေလးလိုခြၽဲတတ္တဲ့ ေ႐ွာင္ေ႐ွာင္းကပဲ
အလွဆံုး"

"ဟြန္းေနာ္ဟြန္း"

"ခုနကဟာဆက္ေျပာပါအုန္းမယ္ အဲ့က်ရင္ေတာ့
ကြၽန္ေတာ္ကကိုကို႔ကိုသတင္းစာတို႔ စာအုပ္တို႔
ဖတ္ျပရမယ္ထင္တယ္။အခုကတည္းကကို
ကိုကိုကအနီးမႈန္ေနတာ"

"ေျပာေတာ့က် ေအးခ်မ္းတဲ့နယ္ၿမိဳ႕ေလးမွာပဲ
အေျခခ်ခ်င္တယ္ဆို ဆရာႀကီးရဲ႕"

"အင္းေလ ခ်စ္သက္လက္ေဆာင္ထဲ ဒါေလးပါတာမလို႔ ဘယ္သြားသြားသယ္သြားမွာ"

အဲ့တုန္းကသူတို႔ႏွစ္ေယာက္ရဲ႕ရယ္ေမာသံ
စကားသံေတြကအရမ္းေပါ့ပါးလြန္းပါတယ္။သူ
အတိတ္အေၾကာင္းေတြထိုင္စဥ္းစားေနလိုက္တာ
ညေနေတာင္ေစာင္းလာၿပီေလ။ ေသခ်ာေပါက္
လာမယ္ဆိုတဲ့သူ႔ရဲ႕ဝမ္ရိေပၚကေတာ့ အခုထိ
အရိပ္အေယာင္ေတာင္မျမင္။ သူလည္းလည္တဆန္႔ဆန္႔နဲ႔ေမ်ွာ္ေနတုန္း အညိဳေရာင္ရထားလံုးႀကီးက
သူတို႔ျခံထဲကိုဝင္လာတယ္။

"ကိုိကို"

ရိေပၚကရထားလံုးထဲကေနဆင္းလာကာသူ႔ကို
လွမ္းေခၚလိုက္တာမို႔ အေျပးေလးလာလိုက္တယ္။

"ရိေပၚ မ်က္ႏွာလည္းမေကာင္းပါလား
ဘာျဖစ္လို႔လဲ"

"နည္းနည္း ခရီးပန္းလာလို႔ပါ ေစာင့္ရတာၾကာသြားၿပီလား "

ဗိုလ္ႀကီးျဖစ္ၿပီးတပ္ကရထားလံုးေတြေမာ္ေတာ္ကားေတြမေပးခင္တုန္းက ျမင္းတစ္ေကာင္နဲ႔
သူဆီလာတုန္းကေတာင္တခါေလးမွ ပင္ပန္းဟန္မျပတဲ့ ရိေပၚကအခုခရီးပန္းလာတယ္ဆိုေတာ့

"ေနမေကာင္းဘူးလား"

"ေကာင္းပါတယ္ ေ႐ွာင္​ေ႐ွာင္းရဲ႕"

ေ႐ွာင္းက်န္႔ကအိတ္ကပ္ထဲမွာထည့္ထားတဲ့
အျဖဴေရာင္လက္ကိုင္ပဝါေလးကိုထုတ္ကာရိေပၚရဲ႕
နဖူးေလးကိုခပ္ဖြဖြေလးသုတ္ေပးလိုက္တယ္။

"ေနာက္က်ေနလို႔ စိတ္ပူေနတာ"

"ဟုတ္လား ကြၽန္ေတာ္ကထြက္လာတာကိုက
ေနာက္က်သြားလို႔ပါ ေတာင္းပန္တယ္ေနာ္"

"ရပါတယ္ မဟုတ္လည္း အိမ္ကေစာင့္ရတာပဲ
ရိေပၚလာမယ့္ရက္ဆို မားမားတို႔ကအိမ္မွာကိုမ႐ွိဘူး
ထူးဆန္းတယ္ေနာ္"

"အင္း ကြၽန္ေတာ္ ေ႐ွာင္ေ႐ွာင္းကို ေျပာစရာ႐ွိတယ္"

"အင္းေျပာေလ"

"တကယ္လို႔ ကြၽန္ေတာ္တို႔ေမ်ွာ္လင့္ထားသလို
အဆံုးသတ္ျဖစ္မလာရင္ ကိုယ့္ကိုကိုအျပစ္တင္ပီး.
ဝမ္းနည္းမေနပါနဲ႔ေနာ္ ဘယ္ေတာ့မွမ်က္ရည္မက်ပါနဲ႔"

"ဘာျဖစ္လို႔လဲ "

"ဘာမွမျဖစ္ပါဘူး ဒီအတိုင္းစိတ္ထဲမွာေ႐ွာင္ေ႐ွာင္းကိုေျပာခ်င္စိတ္ျဖစ္ေနလို႔"

"အင္းပါ "

"ၿပီးေတာ့ ကြၽန္ေတာ္မ႐ွိတဲ့အခ်ိန္မွာ ေ႐ွာင္ေ႐ွာင္း
လူစီတို႔နဲ႔ေပ်ာ္ေအာင္ေနပါ အရာရာကိုေပ်ာ့ညံမေနပဲ
သည္းခံေပးေနာ္"

"ငါတို႔ကလမ္းခြဲၾကမလို႔လား"

"မဟုတ္တာ ကြၽန္ေတာ္ကဒီေလာက္ခ်စ္တာ
ေ႐ွာင္ေ႐ွာင္းကိုခြဲသြားပါ့မလား"

"ကိုယ္အဲ့ဒီအေငြ႔အသက္ေတြရေနလို႔"

"ကြၽန္ေတာ္ျပန္ေတာ့မယ္"

"ခ်က္ခ်င္းႀကီးလား"

"တပ္ထဲမွာကြၽန္ေတာ္မ႐ွိလို႔မျဖစ္လို႔ပါ "

"အင္းပါ အခြင့္ရတာနဲ႔ ငါ့ဆီဖုန္းဆက္ေနာ္"

"အင္း စာလည္းအျမဲတမ္းပို႔ေပးမယ္"

"ခ်စ္တယ္ေနာ္ ရိေပၚ"

"အင္း "

သူ႔ကိုႏႈတ္ဆက္ၿပီးဝမ္ရိေပၚကျပန္သြားတယ္။ေပးေနက်ႏႈတ္ဆက္အနမ္းေလးေတာင္သူ႔ဆီမက်ေရာက္ခဲ့။
ထားပါေလ သူစိတ္ေတြ႐ႈပ္လို႔ေနမွာပါ။

အေတြးေတြနဲ႔ေ႐ွာင္းက်န္႔အိမ္ေတာ္ထဲျပန္ဝင္လာတုန္း ဘယ္အခ်ိန္ကျပန္လာမွန္းမသိတဲ့မားမားက
ဧည့္ခန္းထဲကေစာင့္ႀကိဳေနတယ္။

"မင္းကိုမားမားလြတ္ထားေပးတာၾကာပီထင္တယ္
အခုငါမသိပဲေတာင္ရည္းစားေတြခိုးထားတတ္ေနၿပီ"

"ခိုးမထားပါဘူး အခ်ိန္တန္ရင္မားမားကိုဖြင့္ေျပာ
မလို႔ပါ"

"မင္းရဲ႕ေယာက္်ားေလးလက္တြဲေဖာ္ကို ငါ့ေ႐ွ႕ေခၚလာမယ္ေပါ့ အဲ့ေလာက္သတိၱေတြ႐ွိေနတာလား"

"ကြၽန္ေတာ္ေယာက္်ားေလးလက္တြဲေဖာ္ကိုထားေတာ့ေရာ ဘာျဖစ္လို႔လဲ မားမား ကြၽန္ေတာ္သူ႔ကို
ခ်စ္တယ္ေလ"

"အခ်စ္ အခ်စ္ကဘာမွသံုးစားလို႔မရဘူး မင္းထက္
ပိုအဆင့္အတန္းျမင့္တဲ့သူေတြရင္ အဲ့အခ်စ္ကပါသြားမွာ"

"ရိေပၚကိုမေစာ္ကားနဲ႔မားမား"

"ေအာ္ ဘယ္ေတာ့မဆိုအျမဲစကားနားေထာင္တဲ့
ငါ့သားေလးကအခုေတာ့ မားမားကိုျပန္ခံေျပာတတ္ေနၿပီေပါ့"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ကြၽန္ေတာ့္ကိုရိေပၚနဲ႔
လက္တြဲခြင့္ေပးပါ"

"မင္းကငါတို္႔အိမ္ကိုအ႐ွက္ရေအာင္လုပ္ေနတာပဲ
ေ႐ွာင္းက်န္႔"

"ကြၽန္ေတာ္တို႔ကဘာေတြမ်ားအ႐ွက္ရေစလို႔လဲ
မိန္းကေလးတစ္ေယာက္မဟုတ္တာကလြဲလို႔
တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ၾကတယ္ေလ"

"မသိခ်င္ဘူး မင္းဒီတလအတြင္းငါေပးစားတဲ့
သူနဲ႔လက္ထပ္ရမယ္ "

"လက္မခံဘူးဆိုရင္ေရာ"

"မင္းကိုေ႐ွာင္းမ်ိဳး႐ိုးကေနထုတ္ပစ္မယ္"

You are reading the story above: TeenFic.Net