အပိုင်း ၁၈၇။ ကျွန်တော်တို့ အဲ့တာကို ရေထဲမှာ ထပ်မလုပ်တော့ဘူး
ဖုန့်ရှီသည် ကမ္ဘာပေါ်ရှိ ရတနာမျိုးစုံကို စုဆောင်းရတာကို နှစ်ခြိုက်ပြီး နေ့တိုင်း သူနှစ်သက်သည့် ရတနာ အပိုင်းအစတစ်ခုချင်းစီကို တွေးနေမှာ ဖြစ်သည်။
ဒါကြောင့် ငရဲမင်းကြီးတောင်မှ သူနဲ့တူလာပြီဖြစ်သည်။ အခု သူတို့ တခြားသူတွေကို ထိန်းချုပ်ပြီဆိုသည်နှင့် သူတို့ ပထမဆုံးလုပ်ရမည်က တခြားသူတွေဆီက ပစ္စည်းတွေကို ယူတာပဲဖြစ်သည်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ဈေးကြီးသည်ဖြစ်စေ စျေးပေါသည်ဖြစ်စေ၊ ထိုသူတို့၏ ပိုင်ဆိုင်မှုတွေအားလုံးကို သူတို့၏အိတ်ကပ်ထဲသို့ ထည့်ကြမည်သာ။
နှစ်လနီးပါး အတူတူ နေထိုင်ကြပြီးနောက်မှာတော့၊ ရေခဲချီလင် နောက်ဆုံးတော့ ဒါကို သဘောပေါက်သွားပြီဖြစ်သည်။ ပထမတော့ သူ မကျေမနပ်နဲ့ ပြောဖြစ်သေးပေမဲ့ နောက်ဆုံးတော့လည်း သူသည်လည်း ဒီဓားပြဖွဲ့ရဲ့ အဖွဲ့ဝင် ဖြစ်လာတော့သည်။ အတိတ်တုန်းက သူက အထူးဓါးပြတစ်ဦးဖြစ်ပြီး သူ၏ အကြီးမားဆုံးသော စိတ်ဝင်စားမှုမှာ ရတနာများ စုဆောင်းခြင်း ဖြစ်သည်။ ဒါပေမယ့် အခုတော့ သူ့ ရတနာတွေအကုန်လုံးက ဖုန့်ရှီ၏ လက်စွပ်ထဲရောက်သွားပြီဖြစ်လို့ သူ အစကနေ ပြန်ပြီး စုဆောင်းရုံသာ တတ်နိုင်တော့သည်။
ပထမဆုံး ခံရသူကတော့ သီနိုမိသားစုပဲဖြစ်သည်။
အနောက်ပိုင်းမဟာမိတ်တွင် အကြီးဆုံးမိသားစုများထဲမှ တစ်ခုဖြစ်သည့် သီနိုမိသားစုတွင် စုဆောင်းထးသော ရတနာများစွာရှိသည်မှာ ထင်ရှားသည်။ ထို့အပြင် သီနိုမိသားစုသည် ဖုန့်ရှီကို အလွန်နက်နက်ရှိုင်းရှိင်းကို အာဃာတ ထားရှိကြသူများဖြစ်သည့်အတွက် ရေခဲချီလင်က သည်မိသားစုထံမှ ရတနတွေကို ခိုးယူခြင်းမှာ မှန်ကန်သည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် တစ်ညတွင် သူသည် သီနိုမိသားစု၏ ရတနာစံအိမ်သို့ ခိုးဝင်ခဲ့ပြီး ထိုနေရာတွင်ရှိသော အဖိုးတန်ရတနာများအားလုံးကို ခိုးယူကာ တိတ်တဆိတ် ထွက်ပြေးသွားခဲ့သည်။ သီနိုမိသားစုမှာ ဘာတွေဖြစ်လာမလဲဆိုတာကတော့ သူနှင့် လားလားမှ မဆိုင်ပါလေ။
ရတနာများစွာဖြင့် ရေခဲချီလင်တစ်ယောက် စိတ်ကောင်းဝင်လို့နေသည်။ သို့သော်လည်း တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် မထင်မှတ်ထားသော ဧည့်သည်နှစ်ယောက်ဖြစ်သည့် ဖုန့်ရှီ နှင့် ငရဲမင်းကြီးတို့ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ဖုန့်ရှီက ငရဲမင်းကြီး၏ လက်မောင်းထဲတွင် ထိုင်နေကာ ယုတ်မာသောအပြုံး၊ တောက်ပသောမျက်နှာတို့ဖြင့် ဖုန့်ရှီက ရေခဲချီလင်ကို စိုက်ကြည့်နေသည်။
"ချီလင်လေး နောက်ဆုံးတော့ မင်းပြန်လာပြီ။ ငါမင်းကိုစောင့်နေခဲ့တာကြာပြီ" ဖုန့်ရှီက ရေခဲချီလင်ကို ပျော်ရွှင်စွာ အသံကျယ်ကျယ်နဲ့ လှမ်းပြောလိုက်တယ်။
"ဘာကိုဆိုလိုတာလဲ?" ရေခဲချီလင်သည် ရတနာများ သိမ်းဆည်းထားသည့် အိတ်ကပ်ကို မသိစိတ်ဖြင့် ဖုံးအုပ်လိုက်သော်လည်း ဖုန့်ရှီ၏ မျက်လုံးများက သူ့လက်သွားရာသို့ လိုက်ပါနေတာကြောင့် ရေခဲချီလင်ကို စိတ်အနှောင့်အယှက် ဖြစ်နေစေ၏။
"မင်းသိပါတယ်၊ ငါ့မှာလည်း ဝေစုတစ်ခု ရှိတယ်လေ" ဖုန့်ရှီက ငရဲမင်းကြီး၏ ကျောထောက်နောက်ခံ ရှိပေးမှုနှင့် သူ့တွင် ရပိုင်ခွင့်ရှိနေသည့်ဟန် ပြုမူလိုက်သည်။
"မင်း ဘာကိုဆိုလိုနေတာမှန်း ငါ မသိဘူး၊ မင်းမှာ ဘာဝေစုရှိတာလဲ" ရေခဲချီလင်က တကယ့်လူဆိုးဂိုဏ်း ဂန်းစတားတစ်ယောက်လို ပြုမူနေသည့် ဖုန့်ရှီကို စိုက်ကြည့်လိုက်သည်။ ရေခဲချီလင်က သူ အများကြီး ကြိုးစားအားထုတ်ပြီး ခိုးယူခဲ့ရသော ရတနာများကို မည်သို့ မျှဝေနိုင်မည်နည်း?
ရေခဲချီလင်က ဝန်မခံတာကိုမြင်တော့ ဖုန့်ရှီက အလျင် လိုမနေပေ။ ယင်းအစား သူက ခေါင်းကို လှည့်လိုက်ကာ ငရဲမင်းကြီး၏ ခါးကို ဖက်လိုက်သည်။ ငရဲမင်းကြီး၏ ရင်ဘတ်ကို သူ၏ အနည်းငယ် နီမြန်းနေသည့် မျက်နှာနှင့် ပွတ်တိုက်လိုက်ရင်း အလိုလိုက်ခံတစ်ယောက်လို ပြောလိုက်သည်၊ "ခေါင်းဆောင်၊ ခေါင်းဆောင် ပြောခဲ့တာက "ကြွက်တစ်ကောင်"က သူခိုးတစ်ယောက်အဖြစ် ခိုးထွက်သွားခဲ့တယ်ဆို၊ ဟုတ်တယ်မဟုတ်လား? ဒါပေမဲ့ အဲ့ဒီ့ "ကြွက်"က ဝန်မခံဘူး။ ကျွန်တော်တို့ ဘယ်လိုလုပ်သင့်သလဲ?"
ငရဲမင်းကြီးက ဖုန့်ရှီနှင့် ပြောဆိုရာတွင်တော့ အမူအယာမဲ့မနေခဲ့ချေ။ လူငယ်လေး၏ တောက်ပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက "သူ ခိုးယူခဲ့တဲ့လုပ်ရပ်ကို လူသိရှင်ကြား လုပ်လိုက်ရင်ရော ဘယ်လိုလဲ?" လို့ တိုးတိုးလေး အကြံပေးလိုက်၏။
"ကောင်းလိုက်တဲ့အကြံ! အဲ့ဒီ့ 'ကြွက်' က အမြဲတမ်း မာနကြီးတယ်။ တကယ်လို့ အဲ့ဒီ့တုနှိုင်းမဲ့ 'ကြွက်' က သူခိုးအစစ်ဖြစ်ကြောင်း တခြားသူတွေသာ သိသွားခဲ့ရင် ဒေါသထွက်ပြီး အရှက်ရသွားလိမ့်မယ်" ဖုန့်ရှီက ပြီတီတီမျက်နှာနှင့် ခေါင်းညိတ်ပြလိုက်သည်။
ဖုန့်ရှီပြောတာကိုကြားတော့ ရေခဲချီလင် တကယ်ကို ဒေါသဖြစ်သွားရသည်။
ဖုန့်ရှီက သူ့ကို ကြွက်တစ်ကောင်လို လှောင်ပြောင်ခဲ့ခြင်းက ရေခဲချီလင်ကို တကယ်ကို ဒေါသထွက်စေခဲ့ပါသည်။ ဒီလောက် မြင့်မြတ်ပြီး၊ တန်ခိုးလည်းကြီး၊ ချောလည်းချောတဲ့ ကြွက်တစ်ကောင်က ကမ္ဘာပေါ် ရှိနိုင်လို့လား? ရေခဲချီလင်က ဘယ်လောက်တောင် တန်ခိုးကြီးခဲ့သလဲ? သူ့ကို ဘယ်လိုလုပ်ပြီးများ ကြွက်တစ်ကောင်နဲ့ လာနှိုင်းယှဉ်နိုင်ရတာလဲ?
"လူယုတ်မာလေး၊ မင်း ငါ့ကို တကယ်စိတ်ဆိုးအောင်လုပ်တာပဲ" ရေခဲချီလင်က ဒေါသတကြီး ဟောက်လိုက်တယ်။
"ဟာဟား၊ မင်းက ငါ့ကို မြှောက်နေပါပြီ" ဖုန့်ရှီက ပြုံးပြီး ပြန်ဖြေလိုက်သည်။
"ပြော၊ မင်းဘာလိုချင်လို့လဲ?" ရေခဲချီလင်က ဒေါသတကြီး ပြောလိုက်သည်။ ဒီအယုတ်တမာလေးနဲ့ ငရဲမင်းကြီးတို့က 'ဝေစု'ခွဲဖို့အတွက်လေးနဲ့ ညဉ့်သန်းခေါင်ကြီး သူ့အခန်းထဲ ပေါ်လာတယ်လို့ သူ မယုံ။ ဖုန့်ရှီ၏ လက်စွပ်ထဲတွင် ရတနာတွေနှင့် ပြည့်နှက်နေသောကြောင့် မနေ့က ရေခဲချီလင် ခိုးယူထားခဲ့သည့် ရတနာတွေကို သဘာဝအရဆို မက်မောမည် မဟုတ်။ ထို့ကြောင့် ဖုန့်ရှီတွင် အခြားအစီအစဉ်များရှိရမည်။ မဟုတ်လျင် သူက ရေခဲချီလင်ကို ဒီမှာ အထူးသဖြင့် လာစောင့်နေမည် မဟုတ်။
ဖုန့်ရှီက ငရဲမင်းကြီးကို "ခေါင်းဆောင်၊ သူ့ကိုပြောပြလိုက်ပါ"
တကယ်တော့ ဒီတစ်ကြိမ်တော့ ဖုန့်ရှီ အပြစ်ကင်းစင်သည်၊ ဒါက ငရဲမင်းကြီး၏ အစီအစဉ်ပဲဖြစ်၏။ ဖုန့်ရှီက သူ့ကို အကူအညီ အနည်းငယ်သာ ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် သူက များသောအားဖြင့် ထက်မြက်ပြီးပြီး ညစ်စုတ်ကာ ရတနာတွေ စုဆောင်းတာမှာလည်း စိတ်ဝင်စားသောကြောင့် ရေခဲချီလင်က ဖုန့်ရှီနှင့် ငရဲမင်းတို့ သူ့အခန်းထဲမှာ လာစောင့်နေပြိး သူ့ကို ခြိမ်းခြောက်နေခြင်းဟာ ဖုန့်ရှီ၏ အကြံအစည်ဖြစ်မည်ဟု ရေခဲချီလင်က ယူဆခဲ့ခြင်းဖြစ်သည်။
ငရဲမင်းကြီးက ရေခဲချီလင်၏အကြည့်တို့ ရွေ့သွားသည်ကိုမြင်သောအခါ သူက "နောက်ပိုင်း ငါကိုယ်တော်တို့က ငရဲပြည်ကို ပြန်သွားရလိမ့်မယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာတော့ ကောင်းကင်ဘုံ ဘုရင့်သမီးတော်ရဲ့နှစ်တစ်ရာပြည့် မွေးနေ့လာတော့မယ်။ အဲ့အပြင် ငါကိုယ်တော်တို့မှာလည်း ငရဲပြည်ရဲ့ တချို့ပြဿနာလေးတွေ ဖြေရှင်းဖို့ရှိတယ်၊ အဲ့တာကြောင့် ငရဲပြည် ပြန်သွားရမှာ။ ဒါပေမယ့် နတ်ဘုရားမိစ္ဆာမျှော်စင်က ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တစ်ယောက်ယောက်လိုတယ်။"
"ဒါဆို ကျွန်တော့်ကို ဒီကိစ္စတွေကို ရှင်းစေချင်တာလား" ရေခဲချီလင်က အထိတ်တလန့်ဖြင့် သူ့ကိုယ်သူ ညွှန်ပြလိုက်သည်။
"ဟုတ်တယ်၊ မင်းရဲ့ခွန်အားနဲ့ဆို နတ်ဘုရားမိစ္ဆာမျှော်စင်ထဲက လူကြီးတွေက မင်းနဲ့မယှဉ်နိုင်ဘူး။ ငါကိုယ်တော်က မင်းကို သူတို့ကို သတိပေးစေချင်တယ်" လို့ ငရဲမင်းကြီးက ပြောလိုက်ပြီး ဖုန့်ရှီ လောင်းထည့်ထားသော လက်ဖက်ရည်ကြမ်းကို တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရည်ကြမ်းက အရသာ သိပ်မကောင်းပေမယ့်လည်း သူ တည်ငြိမ်စွာဖြင့် သောက်လိုက်၏။
ဒီစကားကြားတော့ ရေခဲချီလင်က သူ့နှာခေါင်းကို သူ ထိလိုက်သည။ သူ နည်းနည်း စိတ်လှုပ်ရှားသွားရ၏။ "သူတို့ကို သတိပေးဖို့က အဆင်ပြေပါတယ်၊ ဒါပေမယ့် နတ်ဘုရားမိစ္ဆာမျှော်စင်မှာ အုပ်ထိန်းသူ ရှိတယ်ဆိုတာ မှတ်မိတယ်၊ ဟုတ်တယ် မဟုတ်လား? ကျွန်တော် သူနဲ့ မတိုက်ဖြစ်တာ ကြာပြီ၊ သူက အခု ဘယ်လောက် အစွမ်းထက်နေသလဲတော့ မသိဘူး။ သူ ရုတ်တရက်နိုးလာခဲ့ရင်.."
"မင်း အဲဒါကို စိတ်ပူနေဖို့ မလိုဘူး။ သူက နှစ်ရှည်လများ အိပ်မောကျနေခဲ့တာ နှစ်တွေ မရေမတွက်နိုင်အောင်ပဲ။ နတ်ဘုရားနဲ့ မိစ္ဆာနိုင်ငံတော်ကို ခြိမ်းခြောက်စေတဲ့ ကြီးကြီးမားမား အဖြစ်အပျက်တွေကလွဲရင် တခြား အလွယ်တကူအဖြစ်အပျက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူ နိးထလာမှာ မဟုတ်ဘူး။"
ပုံမှန်ဆို အုပ်ထိန်းသူသည် နတ်ဘုရားမိစ္ဆာမျှော်စင်၏ ပိုင်ရှင်ဖြစ်သော်လည်း သူ၏တာဝန်မှာ နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော် မပျက်စီးစေဖို့ ကာကွယ်ရန်သာဖြစ်သည်။ နတ်ဘုရားမိစ္ဆာမျှော်စင်က ဤအကြောင်းကြောင့် တည်ရှိခြင်းဖြစ်၏။ သည်အခြေအနေတွင် ရန်သူတွေက နတ်ဘုရားမိစ္ဆာမျှော်စင်ကို ဖျက်ဆီးလျှင်ပင် အုပ်ထိန်းသူ မနိုးထနိုင်ပါ။ နိုးထရန် အချိန်မတန်သေးသောကြောင့်ဖြစ်သည့်အပြင် ရေခဲချီလင်ကလည်း မျှော်စင်ကို သွားဖျက်ဆီးမည်မဟုတ်ဘဲ သူတို့ကို သတိပေးရုံသာ ပေးမှာဖြစ်၏။
အစကတော့ ငရဲမင်းကြီးက သူတို့ကို သူ့ဘာသာသူ သတိပေးချင်ခဲ့ပေမယ့် ငရဲပြည်နှင့် တစ္ဆေလောကတို့ရှိ အပြောင်းအလဲတို့ကြောင့် သူ ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည့်အတွက် ရေခဲချီလင်ကို သူ့ကိုယ်စား နတ်ဘုရားနှင့်မိစ္ဆာမျှော်စင်ကိုသွားခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"ကောင်းပါပြီ၊ ဒါပေမယ့် အုပ်ထိန်းသူ ရုတ်တရက် နိုးလာခဲ့ရင်တော့ ဘာအကျိုးဆက်အတွက်မှ ကျွန်တော် တာဝန်ယူမှာ မဟုတ်ဘူးနော်။"
ရေခဲချီလင်က အချိန်အတော်ကြာ စဉ်းစားပြီးနောက် သဘောတူခဲ့သော်လည်း သူစိုးရိမ်သည့် အခြေအနေများကို ဆက်လက်ထောက်ပြခဲ့သည်။ သည်တစ်ကြိမ်တွင် သူသည် ဘုံသုံးဘုံကစားပွဲအတွက်သာမက သူ့တပည့်များနှင့် နောက်လိုက်များအတွက်ပါ လူလုံးထွက်ပြခြင်းဖြစ်သည်။ လက်ရှိတွင် တောင်ပိုင်းဒေသ၏ သစ်တောကို ကြီးမြတ်သော ကောင်းကင်ဘုံနတ်ဘုရား ယင်းဖုန်းက သိမ်းပိုက်ထားပုံရသောကြောင့် ဘာတွေဖြစ်နေသလဲဆိုတာကိုလည်း သူ မြင်ချင်သေးသည်။
"ကောင်းပြီ" ငရဲမင်းကြီးက ခေါင်းညိတ်လိုက်၏။
သူတို့ စကားပြောပြီးသွားသောအခါ ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့သည် ရေခဲချီလင်၏အခန်းမှ ထွက်လာခဲ့ပြီး သူတို့၏အခန်းသို့ ပြန်သွားခဲ့ကြသည်။
"ခေါင်းဆောင်၊ ကျွန်တော်တို့ ဘယ်တော့ ငရဲပြည်ကို ပြန်မှာလဲ?" ဖုန့်ရှီက အပြင် ရောက်နေခဲ့သည်မှာ သုံးလနီးပါးရှိနေပြီဖြစ်သည်။ သူ လျှောက်ပတ်ကစားပြီး အတွေ့အကြုံတွေ အများကြီး ရခဲ့၏။ အခုအချိန်တွင် ဖုန့်ရှီက သူ ငရဲပြည်ကို ပြန်မရောက်ဖြစ်တာ အချိန်အတော်ကြာနေသလို ခံစားလာရသောကြောင့် ဦးလေးဖြူနှင့် အမျိုးသမီး အစေခံလေးယောက်တို့ကို သူ သတိရနေခဲ့သည်။
"ကိုယ်တော်တို့ မနက်ဖြန်ပြန်ကြမယ်" ငရဲမင်းကြီးက သူ့ကိုကုတင်ဘေးမှာထိုင်ခိုင်းပြီး သူ့ဖိနပ်နှင့် အင်္ကျီကို ချွတ်လိုက်၏။
ငရဲမင်းကြီးက သူ့အင်္ကျီကို ချွတ်လိုက်တဲ့အခါမှာတော့ ဖုန့်ရှီက နူးညံ့တဲ့မွေ့ရာထက် လဲလျောင်းနေပြီးဖြစ်သည်။ ဖုန့်ရှီက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး "ခေါင်းဆောင်၊ ခေါင်းဆောင် ကျွန်တော့်ကို ဦးလေးဖြူနဲ့ တခြားသူတွေအတွက် လက်ဆောင်တွေ သယ်သွားပေးစေချင်လား? ကျွန်တော် မပြန်ဖြစ်တာ အတော်ကြာပြီ။ ဒီတစ်ခါတော့ ကျွန်တော် ရတနာတွေ အများကြီးရခဲ့တယ်၊ ဒါကြောင့် ကျွန်တော် တချို့ကို သူတို့ကို ပေးသင့်တယ်မဟုတ်လား?"
"ကောင်းပြီ၊ ရှီပေးချင်ရင် ပေးလိုက်လေ" ငရဲမင်းကြီးက ဖုန့်ရှီ၏ ရှပ်အင်္ကျီကို ချွတ်လိုက်ပြီး သူ့ဘေးနားက ဘီဒိုပေါ် တင်လိုက်သည်။ အဲ့နောက်မှာတော့ ဖုန့်ရှီတွင် အတွင်းဝတ်အင်္ကျီနှင့် အဖြူရောင် ဘောင်းဘီရှည်တစ်ထည်သာ ကျန်ရှိတော့သည် ။ ငရဲမင်းကြီးက အဲ့တာတွေကိုပါ ချွတ်ပစ်ရမလားလို့ စဉ်းစားနေတဲ့အချိန်မှာ ဖုန့်ရှီ၏ စိတ်အနှောက်အယှက်ဖြစ်နေသည့် အသံကို ကြားလိုက်ရသည်။
"ကျွန်တော် သူတို့ကို ဘာလက်ဆောင်ပေးရမလဲ?" ဖုန့်ရှီက ဦးလေးဖြူ၏ အေးစက်စက် ပုံစံကို တွေးကြည့်မိတော့ သူ ဦးလေးဖြူကို ဘာပေးရမည်ကို အမှန်တကယ် မသိတော့ပေ။ အစေခံအမျိုးသမီးလေးယောက်အတွက်ကတော့ သူတို့အတွက် လက်ဆောင်တွေက ပြင်ဆင်ရတာ ပိုလွယ်၏။ မိန်းကလေးများက လှပသည့်အရာများကို နှစ်သက်တတ်သောကြောင့် ဖုန့်ရှီက ငရဲပြည်တွင် မရှိသောအရာများကို လက်ဆောင်အဖြစ် ပေးလိုက်လို့ရသည်။
"ရှီ ပေးချင်တာကိုသာ ပေးလိုက်ပါ" ငရဲမင်းကြီးက ဖုန့်ရှီ၏ အတွင်းခံဝတ် အင်္ကျီကို ကြည့်ပြီး ခဏလောက် စဉ်းစားလိုက်ကာ နောက်ဆုံးတော့ ကြယ်သီးကို ဖြုတ်လိုက်တော့သည်၊ "ရှီ့လက်ကို မြှောက်ထားလိုက်။"
"အိုး" ဖုန့်ရှီက အဲ့လိုပြောလိုက်တဲ့အချိန်မှာတော့ နောက်ဆုံးတော့ သူက တုံ့ပြန်လာပြီဖြစ်သည်။ သူ့ခေါင်းဆောင်က သူ့အဝတ်တွေကို ချွတ်နေတာပဲ၊ သူ့မှာ အတွင်းဝတ်အင်္ကျီနဲ့ အဖြူရောင် ဘောင်းဘီရှည်တစ်ထည်ပဲ ကျန်တော့တယ်! ဖုန့်ရှီက ခဏတာမျှ မတုံ့ပြန်နိုင် ဖြစ်နေပြီးနောက် "ခေါင်းဆောင် ကျွန်တော့် အဝတ်အစားတွေကို ဘာလို့ချွတ်နေတာလဲ?" ဟု မေးလိုက်၏။
ငရဲမင်းကြီးက အမူအယာကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်၊ "လုပ်ဖို့"
ဖုန့်ရှီ၏ မျက်လုံးတွေ ရုတ်တရက် တောက်ပလာကာ ကုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ငရဲမင်းကြီးကို ပွေ့ဖက်လိုက်ကာ "ခေါင်းဆောင်၊ နောက်ဆုံးတော့ ခေါင်းဆောင် ကျွန်တော်နဲ့ နောက်တစ်ကြိမ် ထပ်လုပ်တော့မှာလား?" ဟု စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ တကယ်တော့ သူလည်း ဒီနေ့ကို မျှော်လင့်နေခဲ့ပေမယ့် သူ ရေထဲမှာတော့ ထပ်မလုပ်ချင်တော့ပေ။
ဖုန့်ရှီတွေးနေတာကို မြင်လိုက်သလိုပဲ ငရဲမင်းကြီးက ဖုန့်ရှီ၏ ဦးခေါင်းကို ထိလိုက်ကာ ခပ်ပြုံးပြုံးဖြင့် "မပူပါနဲ့၊ ကိုယ်တော်တို့ ဒီတစ်ခါ ရေထဲမှာ မလုပ်ပါဘူး"
"ခေါင်းဆောင်ပြောတာ ခေါင်းဆောင် သတိရနော်။ ကျွန်တော် အဲ့တာကို ရေထဲမှာ မလုပ်ချင်တော့ဘူး" ဖုန့်ရှီက ကျောက်စိမ်းပြာမိသားစုမှာရှိတုန်းက သူတို့ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ အချက်ကို မမေ့နိုင်ဘဲ နှုတ်ခမ်းစူပြလိုက်သည်။ နောက်ဆုံးမှာတော့ သူပျော်ခဲ့ရပေမယ့် အစပိုင်းမှာတော့ အလွန် ဆိုးဝါးလှသည်ဟု သူ ခံစားခဲ့ရပြီး လှပတဲ့အမှတ်တရတွေ မရရှိခဲ့သည့်အတွက် နောင်ကို အဲ့တာကို ရေထဲမှာ လုပ်ဖို့ဆို သူ ကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့သည်။
ငရဲမင်းကြီးက သူ့ကိုကုတင်ပေါ်တင်လိုက်ပြီး "ဟုတ်ပြီ၊ ကိုယ်တော်တို့ အဲ့တာကို ရေထဲမှာ မလုပ်တော့ဘူးနော်"
ငရဲမင်းကြီး၏ ကတိစကားကြောင့် ဖုန့်ရှီ ချက်ချင်းပဲ ရွှင်လန်းသွားပြီး "ကောင်းပြီ! အခု ခေါင်းဆောင်ရဲ့အဝတ်တွေကို ကျွန်တော် ချွတ်ရမယ့်အလှည့်ရောက်ပြီ"
လုပ်ခဲ့ဖူးသည့် အမှတ်တရကောင်းများရှိနေသည့်အတွက် ဖုန့်ရှီက ငရဲမင်းကြီး၏ အဝတ်အစားများကို အမြန်ချွတ်နိုင်ရန် ကူညီပေးလိုက်သည်။ ဖုန့်ရှီက ငရဲမင်းကြီး၏ ကြွက်သားအဖုအထစ်တို့ကို မြင်ေတာ့ ဖုန့်ရှီ သူတို့ကို မပွတ်သပ်ပဲ မနေနိုင်တော့ချေ "ခေါင်းဆောင်၊ မြန်မြန်လုပ်ကြရအောင်!"
ဖုန့်ရှီက ငရဲမင်းကြီးကို အိပ်ယာပေါ် တွန်းချလိုက်ပြီး သူတို့ကို ဖုံးသွားစေဖို့ ပါးလွှာသည့် စောင်ကြီးတစ်ထည်ကို ယူလိုက်၏။
"ဖုန့်ရှီလေးက အဲ့တာကို စောင်ထဲမှာ လုပ်ချင်နေတာလား?"
"အမ်၊ အဲ့တာ မဖြစ်နိုင်ဘူး။"
ဖုန့်ရှီ၏ နက်မှောင်သော မျက်လုံးများ ရုတ်တရက် လှည်သွားတော့သည်။ "ရေခဲချီလင် ချောင်းအကြည့် မခံရအောင်လို့ ကျွန်တော်တို့ စောင်ခြုံထားတာ ပိုကောင်းမယ်" ဒါပေမဲ့ ဖုန့်ရှီ မသိလိုက်သည်က ငရဲမင်းကြီးက သူနဲ့ သူ့အချစ်ကလေးတို့ ကိုယ်ခန္ဓာကို တခြားသူတွေ မြင်စေဖို့အထိ မရက်ရောသည့်အတွက် သူတို့အခန်းတစ်ဝိုက်ကို ထိန်းချုပ်တန့်ကာပြီးဖြစ်သည်။ ဆိုတော့ကာ တခြားသူတွေမပြောနှင့် ရေခဲချီလင်တောင်မှ သူတို့ကို မမြင်နိုင်။
ထို့နောက် ငရဲမင်းကြီးက ဖုန့်ရှီ၏ ခေါင်းကို ဖိချလိုက်ပြီး...
20230415; 2124
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၈၇။ ကၽြန္ေတာ္တို႔ အဲ့တာကို ေရထဲမွာ ထပ္မလုပ္ေတာ့ဘူး
ဖုန႔္ရွီသည္ ကမၻာေပၚရွိ ရတနာမ်ိဳးစုံကို စုေဆာင္းရတာကို ႏွစ္ၿခိဳက္ၿပီး ေန႔တိုင္း သူႏွစ္သက္သည့္ ရတနာ အပိုင္းအစတစ္ခုခ်င္းစီကို ေတြးေနမွာ ျဖစ္သည္။
ဒါေၾကာင့္ ငရဲမင္းႀကီးေတာင္မွ သူနဲ႔တူလာၿပီျဖစ္သည္။ အခု သူတို႔ တျခားသူေတြကို ထိန္းခ်ဳပ္ၿပီဆိုသည္ႏွင့္ သူတို႔ ပထမဆုံးလုပ္ရမည္က တျခားသူေတြဆီက ပစၥည္းေတြကို ယူတာပဲျဖစ္သည္။ ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ၊ ေဈးႀကီးသည္ျဖစ္ေစ ေစ်းေပါသည္ျဖစ္ေစ၊ ထိုသူတို႔၏ ပိုင္ဆိုင္မွုေတြအားလုံးကို သူတို႔၏အိတ္ကပ္ထဲသို႔ ထည့္ၾကမည္သာ။
ႏွစ္လနီးပါး အတူတူ ေနထိုင္ၾကၿပီးေနာက္မွာေတာ့၊ ေရခဲခ်ီလင္ ေနာက္ဆုံးေတာ့ ဒါကို သေဘာေပါက္သြားၿပီျဖစ္သည္။ ပထမေတာ့ သူ မေက်မနပ္နဲ႔ ေျပာျဖစ္ေသးေပမဲ့ ေနာက္ဆုံးေတာ့လည္း သူသည္လည္း ဒီဓားျပဖြဲ႕ရဲ့ အဖြဲ႕ဝင္ ျဖစ္လာေတာ့သည္။ အတိတ္တုန္းက သူက အထူးဓါးျပတစ္ဦးျဖစ္ၿပီး သူ၏ အႀကီးမားဆုံးေသာ စိတ္ဝင္စားမွုမွာ ရတနာမ်ား စုေဆာင္းျခင္း ျဖစ္သည္။ ဒါေပမယ့္ အခုေတာ့ သူ႔ ရတနာေတြအကုန္လုံးက ဖုန့္ရွီ၏ လက္စြပ္ထဲေရာက္သြားၿပီျဖစ္လို႔ သူ အစကေန ျပန္ၿပီး စုေဆာင္း႐ုံသာ တတ္နိုင္ေတာ့သည္။
ပထမဆုံး ခံရသူကေတာ့ သီနိုမိသားစုပဲျဖစ္သည္။
အေနာက္ပိုင္းမဟာမိတ္တြင္ အႀကီးဆုံးမိသားစုမ်ားထဲမွ တစ္ခုျဖစ္သည့္ သီနိုမိသားစုတြင္ စုေဆာင္းထးေသာ ရတနာမ်ားစြာရွိသည္မွာ ထင္ရွားသည္။ ထို႔အျပင္ သီနိုမိသားစုသည္ ဖုန့္ရွီကို အလြန္နက္နက္ရွိုင္းရွိင္းကို အာဃာတ ထားရွိၾကသူမ်ားျဖစ္သည့္အတြက္ ေရခဲခ်ီလင္က သည္မိသားစုထံမွ ရတနေတြကို ခိုးယူျခင္းမွာ မွန္ကန္သည္ဟု ယူဆခဲ့သည္။ ထို႔ေၾကာင့္ တစ္ညတြင္ သူသည္ သီနိုမိသားစု၏ ရတနာစံအိမ္သို႔ ခိုးဝင္ခဲ့ၿပီး ထိုေနရာတြင္ရွိေသာ အဖိုးတန္ရတနာမ်ားအားလုံးကို ခိုးယူကာ တိတ္တဆိတ္ ထြက္ေျပးသြားခဲ့သည္။ သီနိုမိသားစုမွာ ဘာေတြျဖစ္လာမလဲဆိုတာကေတာ့ သူႏွင့္ လားလားမွ မဆိုင္ပါေလ။
ရတနာမ်ားစြာျဖင့္ ေရခဲခ်ီလင္တစ္ေယာက္ စိတ္ေကာင္းဝင္လို႔ေနသည္။ သို႔ေသာ္လည္း တံခါးကို တြန္းဖြင့္လိုက္ေသာအခါတြင္ မထင္မွတ္ထားေသာ ဧည့္သည္ႏွစ္ေယာက္ျဖစ္သည့္ ဖုန႔္ရွီ ႏွင့္ ငရဲမင္းႀကီးတို႔ ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ ဖုန႔္ရွီက ငရဲမင္းႀကီး၏ လက္ေမာင္းထဲတြင္ ထိုင္ေနကာ ယုတ္မာေသာအျပဳံး၊ ေတာက္ပေသာမ်က္ႏွာတို႔ျဖင့္ ဖုန႔္ရွီက ေရခဲခ်ီလင္ကို စိုက္ၾကည့္ေနသည္။
"ခ်ီလင္ေလး ေနာက္ဆုံးေတာ့ မင္းျပန္လာၿပီ။ ငါမင္းကိုေစာင့္ေနခဲ့တာၾကာၿပီ" ဖုန႔္ရွီက ေရခဲခ်ီလင္ကို ေပ်ာ္ရႊင္စြာ အသံက်ယ္က်ယ္နဲ႔ လွမ္းေျပာလိုက္တယ္။
"ဘာကိုဆိုလိုတာလဲ?" ေရခဲခ်ီလင္သည္ ရတနာမ်ား သိမ္းဆည္းထားသည့္ အိတ္ကပ္ကို မသိစိတ္ျဖင့္ ဖုံးအုပ္လိုက္ေသာ္လည္း ဖုန႔္ရွီ၏ မ်က္လုံးမ်ားက သူ႔လက္သြားရာသို႔ လိုက္ပါေနတာေၾကာင့္ ေရခဲခ်ီလင္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေနေစ၏။
"မင္းသိပါတယ္၊ ငါ့မွာလည္း ေဝစုတစ္ခု ရွိတယ္ေလ" ဖုန႔္ရွီက ငရဲမင္းႀကီး၏ ေက်ာေထာက္ေနာက္ခံ ရွိေပးမွုႏွင့္ သူ႔တြင္ ရပိုင္ခြင့္ရွိေနသည့္ဟန္ ျပဳမူလိုက္သည္။
"မင္း ဘာကိုဆိုလိုေနတာမွန္း ငါ မသိဘူး၊ မင္းမွာ ဘာေဝစုရွိတာလဲ" ေရခဲခ်ီလင္က တကယ့္လူဆိုးဂိုဏ္း ဂန္းစတားတစ္ေယာက္လို ျပဳမူေနသည့္ ဖုန့္ရွီကို စိုက္ၾကည့္လိုက္သည္။ ေရခဲခ်ီလင္က သူ အမ်ားႀကီး ႀကိဳးစားအားထုတ္ၿပီး ခိုးယူခဲ့ရေသာ ရတနာမ်ားကို မည္သို႔ မၽွေဝနိုင္မည္နည္း?
ေရခဲခ်ီလင္က ဝန္မခံတာကိုျမင္ေတာ့ ဖုန့္ရွီက အလ်င္ လိုမေနေပ။ ယင္းအစား သူက ေခါင္းကို လွည့္လိုက္ကာ ငရဲမင္းႀကီး၏ ခါးကို ဖက္လိုက္သည္။ ငရဲမင္းႀကီး၏ ရင္ဘတ္ကို သူ၏ အနည္းငယ္ နီျမန္းေနသည့္ မ်က္ႏွာႏွင့္ ပြတ္တိုက္လိုက္ရင္း အလိုလိုက္ခံတစ္ေယာက္လို ေျပာလိုက္သည္၊ "ေခါင္းေဆာင္၊ ေခါင္းေဆာင္ ေျပာခဲ့တာက "ႂကြက္တစ္ေကာင္"က သူခိုးတစ္ေယာက္အျဖစ္ ခိုးထြက္သြားခဲ့တယ္ဆို၊ ဟုတ္တယ္မဟုတ္လား? ဒါေပမဲ့ အဲ့ဒီ့ "ႂကြက္"က ဝန္မခံဘူး။ ကၽြန္ေတာ္တို႔ ဘယ္လိုလုပ္သင့္သလဲ?"
ငရဲမင္းႀကီးက ဖုန့္ရွီႏွင့္ ေျပာဆိုရာတြင္ေတာ့ အမူအယာမဲ့မေနခဲ့ေခ်။ လူငယ္ေလး၏ ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ သူ႔ကို စိုက္ၾကည့္ေနသည္ကို ျမင္ေသာအခါ သူက "သူ ခိုးယူခဲ့တဲ့လုပ္ရပ္ကို လူသိရွင္ၾကား လုပ္လိုက္ရင္ေရာ ဘယ္လိုလဲ?" လို႔ တိုးတိုးေလး အႀကံေပးလိုက္၏။
"ေကာင္းလိုက္တဲ့အႀကံ! အဲ့ဒီ့ 'ႂကြက္' က အျမဲတမ္း မာနႀကီးတယ္။ တကယ္လို႔ အဲ့ဒီ့တုႏွိုင္းမဲ့ 'ႂကြက္' က သူခိုးအစစ္ျဖစ္ေၾကာင္း တျခားသူေတြသာ သိသြားခဲ့ရင္ ေဒါသထြက္ၿပီး အရွက္ရသြားလိမ့္မယ္" ဖုန့္ရွီက ၿပီတီတီမ်က္ႏွာႏွင့္ ေခါင္းညိတ္ျပလိုက္သည္။
ဖုန့္ရွီေျပာတာကိုၾကားေတာ့ ေရခဲခ်ီလင္ တကယ္ကို ေဒါသျဖစ္သြားရသည္။
ဖုန့္ရွီက သူ႔ကို ႂကြက္တစ္ေကာင္လို ေလွာင္ေျပာင္ခဲ့ျခင္းက ေရခဲခ်ီလင္ကို တကယ္ကို ေဒါသထြက္ေစခဲ့ပါသည္။ ဒီေလာက္ ျမင့္ျမတ္ၿပီး၊ တန္ခိုးလည္းႀကီး၊ ေခ်ာလည္းေခ်ာတဲ့ ႂကြက္တစ္ေကာင္က ကမၻာေပၚ ရွိနိုင္လို႔လား? ေရခဲခ်ီလင္က ဘယ္ေလာက္ေတာင္ တန္ခိုးႀကီးခဲ့သလဲ? သူ႔ကို ဘယ္လိုလုပ္ၿပီးမ်ား ႂကြက္တစ္ေကာင္နဲ႔ လာႏွိုင္းယွဥ္နိုင္ရတာလဲ?
"လူယုတ္မာေလး၊ မင္း ငါ့ကို တကယ္စိတ္ဆိုးေအာင္လုပ္တာပဲ" ေရခဲခ်ီလင္က ေဒါသတႀကီး ေဟာက္လိုက္တယ္။
"ဟာဟား၊ မင္းက ငါ့ကို ေျမႇာက္ေနပါၿပီ" ဖုန႔္ရွီက ျပဳံးၿပီး ျပန္ေျဖလိုက္သည္။
"ေျပာ၊ မင္းဘာလိုခ်င္လို႔လဲ?" ေရခဲခ်ီလင္က ေဒါသတႀကီး ေျပာလိုက္သည္။ ဒီအယုတ္တမာေလးနဲ႔ ငရဲမင္းႀကီးတို႔က 'ေဝစု'ခြဲဖို႔အတြက္ေလးနဲ႔ ညဉ့္သန္းေခါင္ႀကီး သူ႔အခန္းထဲ ေပၚလာတယ္လို႔ သူ မယုံ။ ဖုန့္ရွီ၏ လက္စြပ္ထဲတြင္ ရတနာေတြႏွင့္ ျပည့္ႏွက္ေနေသာေၾကာင့္ မေန႔က ေရခဲခ်ီလင္ ခိုးယူထားခဲ့သည့္ ရတနာေတြကို သဘာဝအရဆို မက္ေမာမည္ မဟုတ္။ ထို႔ေၾကာင့္ ဖုန့္ရွီတြင္ အျခားအစီအစဥ္မ်ားရွိရမည္။ မဟုတ္လ်င္ သူက ေရခဲခ်ီလင္ကို ဒီမွာ အထူးသျဖင့္ လာေစာင့္ေနမည္ မဟုတ္။
ဖုန႔္ရွီက ငရဲမင္းႀကီးကို "ေခါင္းေဆာင္၊ သူ႔ကိုေျပာျပလိုက္ပါ"
တကယ္ေတာ့ ဒီတစ္ႀကိမ္ေတာ့ ဖုန့္ရွီ အျပစ္ကင္းစင္သည္၊ ဒါက ငရဲမင္းႀကီး၏ အစီအစဥ္ပဲျဖစ္၏။ ဖုန႔္ရွီက သူ႔ကို အကူအညီ အနည္းငယ္သာ ေပးခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ သူက မ်ားေသာအားျဖင့္ ထက္ျမက္ၿပီးၿပီး ညစ္စုတ္ကာ ရတနာေတြ စုေဆာင္းတာမွာလည္း စိတ္ဝင္စားေသာေၾကာင့္ ေရခဲခ်ီလင္က ဖုန႔္ရွီႏွင့္ ငရဲမင္းတို႔ သူ႔အခန္းထဲမွာ လာေစာင့္ေနၿပိး သူ႔ကို ၿခိမ္းေျခာက္ေနျခင္းဟာ ဖုန့္ရွီ၏ အႀကံအစည္ျဖစ္မည္ဟု ေရခဲခ်ီလင္က ယူဆခဲ့ျခင္းျဖစ္သည္။
ငရဲမင္းႀကီးက ေရခဲခ်ီလင္၏အၾကည့္တို႔ ေရြ႕သြားသည္ကိုျမင္ေသာအခါ သူက "ေနာက္ပိုင္း ငါကိုယ္ေတာ္တို႔က ငရဲျပည္ကို ျပန္သြားရလိမ့္မယ္။ မၾကာခင္ရက္ပိုင္းအတြင္းမွာေတာ့ ေကာင္းကင္ဘုံ ဘုရင့္သမီးေတာ္ရဲ့ႏွစ္တစ္ရာျပည့္ ေမြးေန႔လာေတာ့မယ္။ အဲ့အျပင္ ငါကိုယ္ေတာ္တို႔မွာလည္း ငရဲျပည္ရဲ့ တခ်ိဳ႕ျပႆနာေလးေတြ ေျဖရွင္းဖို႔ရွိတယ္၊ အဲ့တာေၾကာင့္ ငရဲျပည္ ျပန္သြားရမွာ။ ဒါေပမယ့္ နတ္ဘုရားမိစၧာေမၽွာ္စင္က ကိစၥေတြကို ကိုင္တြယ္ေျဖရွင္းေပးဖို႔ တစ္ေယာက္ေယာက္လိုတယ္။"
"ဒါဆို ကၽြန္ေတာ့္ကို ဒီကိစၥေတြကို ရွင္းေစခ်င္တာလား" ေရခဲခ်ီလင္က အထိတ္တလန့္ျဖင့္ သူ႔ကိုယ္သူ ညႊန္ျပလိုက္သည္။
"ဟုတ္တယ္၊ မင္းရဲ့ခြန္အားနဲ႔ဆို နတ္ဘုရားမိစၧာေမၽွာ္စင္ထဲက လူႀကီးေတြက မင္းနဲ႔မယွဥ္နိုင္ဘူး။ ငါကိုယ္ေတာ္က မင္းကို သူတို႔ကို သတိေပးေစခ်င္တယ္" လို႔ ငရဲမင္းႀကီးက ေျပာလိုက္ၿပီး ဖုန့္ရွီ ေလာင္းထည့္ထားေသာ လက္ဖက္ရည္ၾကမ္းကို တစ္ငုံေသာက္လိုက္သည္။ လက္ဖက္ရည္ၾကမ္းက အရသာ သိပ္မေကာင္းေပမယ့္လည္း သူ တည္ၿငိမ္စြာျဖင့္ ေသာက္လိုက္၏။
ဒီစကားၾကားေတာ့ ေရခဲခ်ီလင္က သူ႔ႏွာေခါင္းကို သူ ထိလိုက္သည။ သူ နည္းနည္း စိတ္လွုပ္ရွားသြားရ၏။ "သူတို႔ကို သတိေပးဖို႔က အဆင္ေျပပါတယ္၊ ဒါေပမယ့္ နတ္ဘုရားမိစၧာေမၽွာ္စင္မွာ အုပ္ထိန္းသူ ရွိတယ္ဆိုတာ မွတ္မိတယ္၊ ဟုတ္တယ္ မဟုတ္လား? ကၽြန္ေတာ္ သူနဲ႔ မတိုက္ျဖစ္တာ ၾကာၿပီ၊ သူက အခု ဘယ္ေလာက္ အစြမ္းထက္ေနသလဲေတာ့ မသိဘူး။ သူ ႐ုတ္တရက္နိုးလာခဲ့ရင္.."
"မင္း အဲဒါကို စိတ္ပူေနဖို႔ မလိုဘူး။ သူက ႏွစ္ရွည္လမ်ား အိပ္ေမာက်ေနခဲ့တာ ႏွစ္ေတြ မေရမတြက္နိုင္ေအာင္ပဲ။ နတ္ဘုရားနဲ႔ မိစၧာနိုင္ငံေတာ္ကို ၿခိမ္းေျခာက္ေစတဲ့ ႀကီးႀကီးမားမား အျဖစ္အပ်က္ေတြကလြဲရင္ တျခား အလြယ္တကူအျဖစ္အပ်က္ေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ သူ နိးထလာမွာ မဟုတ္ဘူး။"
ပုံမွန္ဆို အုပ္ထိန္းသူသည္ နတ္ဘုရားမိစၧာေမၽွာ္စင္၏ ပိုင္ရွင္ျဖစ္ေသာ္လည္း သူ၏တာဝန္မွာ နတ္ဘုရားႏွင့္ မိစၧာနိုင္ငံေတာ္ မပ်က္စီးေစဖို႔ ကာကြယ္ရန္သာျဖစ္သည္။ နတ္ဘုရားမိစၧာေမၽွာ္စင္က ဤအေၾကာင္းေၾကာင့္ တည္ရွိျခင္းျဖစ္၏။ သည္အေျခအေနတြင္ ရန္သူေတြက နတ္ဘုရားမိစၧာေမၽွာ္စင္ကို ဖ်က္ဆီးလၽွင္ပင္ အုပ္ထိန္းသူ မနိုးထနိုင္ပါ။ နိုးထရန္ အခ်ိန္မတန္ေသးေသာေၾကာင့္ျဖစ္သည့္အျပင္ ေရခဲခ်ီလင္ကလည္း ေမၽွာ္စင္ကို သြားဖ်က္ဆီးမည္မဟုတ္ဘဲ သူတို႔ကို သတိေပး႐ုံသာ ေပးမွာျဖစ္၏။
အစကေတာ့ ငရဲမင္းႀကီးက သူတို႔ကို သူ႔ဘာသာသူ သတိေပးခ်င္ခဲ့ေပမယ့္ ငရဲျပည္ႏွင့္ တေစၧေလာကတို႔ရွိ အေျပာင္းအလဲတို႔ေၾကာင့္ သူ ကိုယ္တိုင္ကိုယ္က် သြားေရာက္ ကိုင္တြယ္ေျဖရွင္းရမည္ျဖစ္သည့္အတြက္ ေရခဲခ်ီလင္ကို သူ႔ကိုယ္စား နတ္ဘုရားႏွင့္မိစၧာေမၽွာ္စင္ကိုသြားခြင့္ျပဳဖို႔ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။
"ေကာင္းပါၿပီ၊ ဒါေပမယ့္ အုပ္ထိန္းသူ ႐ုတ္တရက္ နိုးလာခဲ့ရင္ေတာ့ ဘာအက်ိဳးဆက္အတြက္မွ ကၽြန္ေတာ္ တာဝန္ယူမွာ မဟုတ္ဘူးေနာ္။"
ေရခဲခ်ီလင္က အခ်ိန္အေတာ္ၾကာ စဥ္းစားၿပီးေနာက္ သေဘာတူခဲ့ေသာ္လည္း သူစိုးရိမ္သည့္ အေျခအေနမ်ားကို ဆက္လက္ေထာက္ျပခဲ့သည္။ သည္တစ္ႀကိမ္တြင္ သူသည္ ဘုံသုံးဘုံကစားပြဲအတြက္သာမက သူ႔တပည့္မ်ားႏွင့္ ေနာက္လိုက္မ်ားအတြက္ပါ လူလုံးထြက္ျပျခင္းျဖစ္သည္။ လက္ရွိတြင္ ေတာင္ပိုင္းေဒသ၏ သစ္ေတာကို
You are reading the story above: TeenFic.Net