အပိုင်း ၂၈။ ဘုံ ၃ဘုံ၏ ကနဦးအစ
စာကြည့်တိုက်က အလွန် တိတ်ဆိတ်နေတာကြောင့် ဖုန့်ရှီရဲ့အသံဟာ အရင်ကထက် အနည်းငယ် ပိုကျယ်နေသလို ဖြစ်နေတယ်။
သူက ဘာ့ကြောင့် လူအသေးလေးရဲ့ ခြေထောက်အောက် အဖိနှိပ်ခံရမှာလဲ? ကောင်းပြီ၊ သူ အပစားပေးမယ့် တစ်ဦးတည်းသော သူဟာ ဒီကမ္ဘာမှာ သူ့ခေါင်းဆောင်တစ်ယောက်တည်းပဲ။ အခြားသူတွေကိုတော့ သူ အဖက်တောင် လုပ်မှာမဟုတ်ဘူး!
ဖုန့်ရှီက လူအသေးလေးရဲ့ ကျေနပ်အားရပြီး မောက်မာနေတဲ့ပုံကို တွေ့ရတော့ လူသေးလေးဟာ အလွန် လူပါးဝတဲ့သူ တစ်ယောက်ပဲလို့ မှတ်ယူလိုက်တယ်။ အခြားသူတွေရှေ့ ဟန်ရေးပြ ကြွားဝါတတ်လွန်းတဲ့သူတွေကို ဖုန့်ရှီ အရင်ဘဝကတည်းက အရမ်းမုန်းခဲ့တယ်။ အဲ့လိုလူမျိုးတွေ အများကြီးကို သူ ကြုံခဲ့ဖူးတယ်။ အကျိုးဆက်အနေနဲ့ လူအသေးလေးပေါ် သူ့ရဲ့ အလိုအလျောက်တုန့်ပြန်မှုအနေနဲ့ တက်နင်းချလိုက်တယ်။
ကံဆိုးတာက ရွှေရောင် မာနတံခွန်လူသေးလေးဟာ ဖုန့်ရှီရဲ့ အနာပေါ် ကို တုတ်ကျသွားအောင် လုပ်မိလိုက်တာ ဖြစ်သွားတယ်။ အဲ့ဒါကြောင့် အခု လူသေးလေးဟာ ဖုန့်ရှီရဲ့ ခြေထောက်အောက် ရောက်သွားရခြင်း ဖြစ်တယ်။
စာအုပ်နတ်ဘုရားလို့ခေါ်တဲ့ လူသေးလေးဟာ စစ်နတ်ဘုရားတို့လို စွမ်းအားမကြီးပေမဲ့ သူ့မှာ သန်မာတဲ့ ကျင့်ကြံမှုအခြေခံရှိပြီး လူသားရဲ့ တိုက်ခိုက်မှုကို ရှောင်နိုင်စွမ်းလည်း ရှိတယ်။ တကယ်တမ်းတော့ လူသေးလေးဟာ ဖုန့်ရှီ သူ့ရဲ့ခြေထောက်ကို မြှောက်လိုက်ကတည်းက တစ်ခုခု အာရုံခံစားမိပြီး ဖြစ်တယ်။ သူ တိုက်ခိုက်ခံရမှာကို ရှောင်ခါနီးမှာပဲ လူသေးလေးဟာ ရုတ်တရက် အေးခဲတောင့်တင်းမှု ခံစားလိုက်ရပြီး အနည်းငယ်တောင် ရွှေ့မရ၊ လျုပ်မရ ဖြစ်သွားရတယ်။
ထိတ်လန့််တကြားနဲ့ သူ့မျက်လုံးကို အကျယ်ကြီး ပြူးလိုက်မိတဲ့အခါမှာပဲ ဖုန့်ရှီက သူ့ခေါင်းပေါ် တက်နင်းပြီးသား ဖြစ်နေပြီ။
"ဘမ်း" လူသေးလေးဟာ စာအုပ်အဖုံးဆီ ပြန်ပြီး နောက်ပြန်ဆုတ်လိုက်တယ်။
"ဝူး..." သူ့ စာရွက်အပိုင်းအစလေးကို တက်နင်းခံလိုက်ရတဲ့အတွက် လူသေးလေးက စပြီး ငိုကြွေးတော့တယ်။
'ဒါ ဘယ်လိုဖြစ်ရတာလဲ? ငါက စာအုပ်နတ််ဘုရားလေ။ လူသားတစ်ယောက်က ဘယ်လိုဖြစ်လို့ ငါ့အပေါ် အလွယ်တကူ တက်နင်းနိုင်ရတာလဲ၊ သူ့စိတ်စွမ်းအားနဲ့ ငါ့ခန္ဓာကိုယ်ကိုတောင် တောင့်သွားအောင် လုပ်လိုက်နိုင်သေးတယ်! လူသားတွေဆိုတာ ယုတ်အညံ့ဆုံး မျိုးနွယ်တွေပဲလေ။ လူသားတစ်ယောက်ရဲ့ ခြေထောက်အောက် ငါ အနင်းခံရတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်ရတာလဲ! ဒါ သိပ်ရှက်စရာကောင်းတာပဲ၊ ဒီကိစ္စ အခြား ဘယ်သူမှ မသိသင့်ဘူး!'
ဖုန့်ရှီ ပြုံးပြီး ပြောလိုက်တယ်၊ "မင်းစကားလုံးတွေ မင်း ပြန်ထပ်ပြောနိုင်မလား?"
သနားစဖွယ် လာဟန်ဆောင်နေတာလား? ဒါမျိုးကတော့ ဖုန့်ရှီက အရင်ဘဝတုန်းက သူ ကြိမ်ဖန်များစွာ ပြုလုပ်နေကြ ဖြစ်တယ်။ အဲ့ဒါကြောင့် ဒီအကွက်က သူ့အပေါ် အလုပ်မဖြစ်ဘူးလေ!
'မကောင်းဆိုးဝါး!' - တစ်လုံးတည်းသော အဲ့စကားလုံးကို တွေးရင်း လူသေးလေးက ကောင်လေးကို ငေးကြည့်လိုက်တယ်။
ဒါပေမဲ့ ကောင်လေးက ငရဲမင်းကြီးရဲ့ ပစားပေးခြင်း ခံထားရတဲ့သူ ဖြစ်တာကြောင့် လူသေးလေးက ကောင်လေးကို ကလန်ကဆန် ထပ်မလုပ်ရဲတော့ပေ။ တကယ်လို့ ဖုန့်ရှီက သူ့အကြောင်းကို ဘုရင်ကြီးရှေ့ တိုင်တန်းခဲ့ရင် သူ စာအုပ်နတ်ဘုရားအဖြစ် ဘယ်တော့မှ ဆက်ဖြစ်တော့မှာ မဟုတ်တော့ဘူး။
အဲ့လိုတွေးမိတော့ လူသေးလေးက ချက်ချင်းပဲ ပြုံးပြလိုက်တယ်။ သူ လေပေါ် ထပ်မံပျံလိုက်ပြီးနောက် သူ့ခန္ဓာကိုယ် နဂိုမူလအခြေအနေကို ပြန်ရောက်ရှိသွားတယ်။ သူ့ရဲ့ မျက်နှာဖောင်းဖောင်းက ချစ်ဖို့ကောင်းနေဆဲ၊ ဒါပေမဲ့ မောက်မာတဲ့ပုံစံကတော့ ပျောက်သွားပြီဖြစ်တယ်။ ခုတော့ သူ့မျက်နှာပေါ်က အပြုံးက ဖားနေသလိုလိုပင်။
"သခင်လေး၊ ကျွန်တော်က ဒီဘုံသုံးဘုံရဲ့ စာအုပ်တွေအားလုံးကို အစိုးရတဲ့ စာအုပ်နတ်ဘုရားပါ။ ကျေးဇူးပြုပြီး ကျွန်တော့်အပေါ် အထင်မသေးပါနဲ့။ ကျွန်တော်က အရမ်းကြီး စွမ်းအားမကြီးပေမဲ့ ဒီဘုံသုံးဘုံက ဘယ်သူမှ ကျွန်တော့လောက် ကိစ္စတော်တော်များများကို မသိနိုင်ကြဘူးဆိုတာ ကျွန်တော် ပြောဝံ့တယ်၊ ဟုတ်တာပေါ့လေ...ငရဲမင်းကြီးက လွဲရင်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ ဘယ်မေးခွန်းတွေကိုဖြစ်ဖြစ် ကျွန်တော် ဖြေနိုင်ပါတယ်။ စာရွက်လှန်ဖို့ အပင်ပန်းမခံပါနဲ့။
"မင်းက တကယ်အဲ့လောက် မိုက်တယ်လား?" ဖုန့်ရှီ လူသေးလေးပြောတဲ့ နောက်ဆုံးစကားလုံးကိုပဲ အာရုံထားလိုက်တယ်။
တကယ်တော့ စာအုပ် ငါးအုပ်ဆိုတာတောင် ဖုန့်ရှီအတွက် ဖတ်ဖို့တော်တော်များနေပြီဖြစ်တယ်။ ဒီစာအုပ်တွေမှာပါတဲ့ အကြောင်းအရာတွေအားလုံးကို အလွတ်မှတ်မိဖို့ဆိုတာ သူ့အတွက် ပိုတောင် ခက်ဦးမယ်။ သူ ထွက်ပြေးချင်ပေမဲ့ ဖုန့်ရှီ အတော်ကြောက်ရတဲ့ မျက်နှာသေနဲ့အဘိုးအိုက တံခါးကနေ စောင့်ကြပ်နေတယ်လေ။ ဦးလေးဖြူကို ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဖုန့်ရှီ တမင်တကာ ရန်စမှာ မဟုတ်!
ဒါ့ကြောင့် ဖုန့်ရှီက လူသေးလေးရဲ့ နောက်ဆုံးစာကြောင်းကို ကြားလိုက်ရတော့ သူ့မျက်လုံးတွေက အလင်းရောင်တောင် ထွက်လာလုလုပင်။
"ဒါပေါ့၊ ကျွန်တော်က စာအုပ်နတ်ဘုရား၊ ဒီကမ္ဘာက အရာအားလုံးကို သိတဲ့သူလေ!" ဖုန့်ရှီရဲ့ ချီးမွမ်းမှုကို ကြားလိုက်ရတော့ လူသေးလေးက မနေနိုင်တော့ပဲ ကျေနပ်အားရမှု ထပ်မံ ခံစားလိုက်ရပြန်တယ်။
ကံကောင်းတာက ဖုန့်ရှီဟာ လူသေးလေးရဲ့ နောက်ဆုံးစကားလုံးကိုပဲ စားမြုံ့ပြန်တွေးနေပြီး လူသေးလေးကို အာရုံစိုက်ဖို့အချိန်မရှိပေ။ အဲ့လိုမှမဟုတ်ရင်တော့ လူသေးလေးဟာ ထပ်ပြီး ခြေနဲ့အနင်းခံရဦးမှာ ဖြစ်တယ်။
"ဒါဆို၊ သခင်လေး၊ ကျွန်တော် မင်းအတွက် ဘာလုပ်ပေးရမလဲ?" လူသေးလေးက နောက်ဆုံး သူ့ကိုယ်သူ ကျေနပ်နေတဲ့ အနေအထားကနေ ပြန်လည် အသိဝင်လာတယ်။
"ကောင်းပြီလေ၊ ဒီလောကကြီးအကြောင်း ငါ့ကိုပြောပြ။ ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သေသွားခဲ့တယ်၊ ဒါပေမဲ့ ဒီနေရာက ဘယ်လိုနေရာမျိုးဆိုတာ ခုထိ ငါမသိသေးဘူး။ အဲ့အကြောင်း အရင်ပြောပြ!" ဖုန့်ရှီ မြေပြင်ပေါ်ကစာအုပ်ကို ကောက်ယူလိုက်တယ်။ လူသေးလေးပြောစကားအရ စာအုပ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်ဖြစ်လိမ့်မယ်။
လူသေးလေးက ချက်ချင်းပဲ အလန့်တကြား ထ အော်လိုက်တယ်။ "သခင်လေး၊ ဒီနေရာက ဘာလဲဆိုတာ မင်းတကယ်မသိဘူးလို့ ပြောနေတာလား? မင်းကို ဘယ်သူကမှ ဒီအကြောင်း မပြောဖူးဘူးလား?"
ဖုန့်ရှီ ဇဝေဇဝါ ခံစားသွားရပြီး ပြောလိုက်တယ်၊ "ဒီလောကကြီးက ဘာတွေ ဒီလောက်တောင် ထူးဆန်းတယ်ဆိုတာ ငါမသိဘူး။ သူတို့တွေနဲ့စကားပြောရမှာ အရမ်းပျင်းဖို့ ကောင်းတယ်။ သူတို့အားလုံးက အလွန်ရိုရိုသေသေ ဆက်ဆံနေကြပုံရပြီး စကားပြောရတာ မကြိုက်ကြပုံလည်း ရတယ်။ ငါ ဒီနေရာအကြောင်း လေ့လာချင်ရင်တောင် ဘယ်သူမှ ဘာမှ ငါ့ကို မပြောကြဘူး။ ဒီနေရာကို ကောင်းကင်ထွတ်ထိပ်နန်းတော်လို့ ခေါ်တယ်ဆိုတာရယ်၊ ငါ့ခေါင်းဆောင်ကို အခြားသူတွေက ငရဲမင်းကြီးလို့ ခေါ်တယ်ဆိုတာရယ်ပဲ ငါသိတယ်။ ဒါ ငါသိသမျှ အကုန်ပဲ။"
လူသေးလေး ပါးစပ်အဟောင်းသား ဖြစ်သွားရတယ်။ ဒါပေမဲ့ သူ့ကို ပိုအံ့အားသင့်စေတာကတော့ ဖုန့်ရှီ ဒီနေရာအကြောင်း ဘာမှမသိဘူး ဆိုတာကြောင့် မဟုတ်ဘဲ ဖုန့်ရှီက ငရဲမင်းကြီးကို 'ခေါင်းဆောင်' လို့ ခေါ်တာကြောင့် ဖြစ်တယ်။
"ကျွန်တော် နားလည်ပြီ။ ကျွန်တော် ရှင်းပြပါ့မယ်။" လူသေးလေးက မျက်နှာပေါ်က သူ့အံ့အားသင့်မှုကို ခပ်မြန်မြန် ကွယ်ဝှက်လိုက်ရင်း ပြောလိုက်တယ်။
"ဟေး၊ ခဏလေးစောင့်!" ဖုန့်ရှီက ရုတ်တရက် လူသေးလေးကို တားလိုက်တယ်။ အဲ့နောက် သူ စာကြည့်တိုက် ကြမ်းပြင်ပေါ်က တစ်ခုတည်းသော ခုံကို မြန်မြန် ယူလာလိုက်ပြီး လူသေးလေးပြောမယ့် ဇာတ်လမ်းကို နားထောင်ဖို့ ထိုင်ချလိုက်တယ်။ လူသေးလေးက သူ့ကို ငေးစိုက်ကြည့်နေတာ တွေ့တော့ သူ ရှင်းပြလိုက်တယ်၊ "မင်းပြောမှာက ဇာတ်လမ်းအရှည်ကြီးလို့ ငါ ခံစားမိလိုက်လို့လေ။ ငါ ထိုင်နေမယ်ဆိုရင် မပင်ပန်းတော့ဘူးပေါ့။"
လူသေးလေးရဲ့ ပါးစပ်က ရုတ်ချည်း တွန့်သွားတယ်။
"အဟမ်း၊ သခင်ရောက်နေတဲ့ ဒီနေရာက ကောင်းကင်ထွတ်ထိပ်နန်းတော်။ ဒီနေရာက ငရဲပြည်ရဲ့ အထွတ်အမြတ်ဆုံးသောနေရာ။ ဆင့်ခေါ်ခြင်းမခံရတဲ့သူတွေဟာ ပြင်ပအရံအတားတွေကို ကျော်ဖြတ်ပြီး နန်းတော်တွင်းကို ဖောက်ဝင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ငရဲမင်းကြီးထက် ပိုပြီး အားကြီးတဲ့ စိတ်ဝိညာဉ်စွမ်းအား ရှိသူသာလျင် ဖောက်ဝင်နိုင်မှာ ဖြစ်တယ်။"
"ဘုံက သုံးဘုံရှိတယ်၊ လူ့ဘုံ၊ မိစ္ဆာဘုံနဲ့ ကောင်းကင်ဘုံတို့ ဖြစ်တယ်။ အဲ့ထဲမှာမှ လူ့ဘုံက အယုတ်ညံ့ဆုံးဘုံ ဖြစ်တယ်။ လူသာမာန်တွေမှာ ဘာထူးကဲစွမ်းရည်မှ မရှိဘူး၊ ဒါမှမဟုတ် ဘယ်လို ကျင့်ကြံရမလဲ မသိကြဘူး။ သူတို့ သေပြီးတဲ့အခါ ဘဝကူးပြောင်းသွားကြလိမ့်မယ်။ မိစ္ဆာဘုံနဲ့ ကောင်းကင်ဘုံတို့ကတော့ စစ်မှန်တဲ့ မိစ္ဆာတွေနဲ့ နတ်ဘုရားတွေ နေထိုင်ကြတဲ့ နေရာ ဖြစ်တယ်။ လူတွေနဲ့ မတူတာက မိစ္ဆာတိုင်း နတ်ဘုရားတိုင်း သူတို့ဖာသာ သူတို့ ကျင့်ကြံအားထုတ်နိုင်ကြတယ်။ သူတို့ နည်းမှန်လမ်းမှန် ကျင့်ကြံအားထုတ်နေကြသ၍ မသေမျိုးအစစ် ဖြစ်လာနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ အဲ့လိုဆိုလို့လည်း သူတို့က လုံးဝ မသေတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ သူတို့ထက် ပိုပြီး စွမ်းအားကြီးတဲ့သူတွေနဲ့ တိုက်ခိုက်ကြရရင် သူတို့ ချက်ချင်း ကြေမွပျက်ဆီးကုန်ကြရတယ်။ သူတို့ဝိညာဉ် အဖျက်ဆီးခံလိုက်ရရင် ဘယ်တော့မှ ဘဝတဖန် ပြန်မရနိုင်တော့ဘူး၊ ဆိုလိုတာကတော့ ဘုံသုံးဘုံကနေ ထာဝရ ပျောက်ကွယ်သွားကြရမှာ!"
"ခဏလေး၊ ခဏ၊ ခဏ။ ဘာလို့ ဘုံက သုံးဘုံပဲရှိရတာလဲ? ငရဲပြည်ဘုံ ရှိသေးတယ်မှတ်လား? ဖုန့်ရှီ ဘုံသုံးဘုံအကြောင်း ကြားရတော့ ကြက်သေသေသွားရပေမဲ့ သူတကယ်သိချင်နေတဲ့အရာကို ခုထိ မသိရသေးဘူး။
"ဟား ဟား၊ သခင်၊ ငရဲပြည်က အခြား သုံးဘုံနဲ့ မတူဘူး။ ငရဲမင်းကြီး စတင် မွေးဖွားလာတဲ့ နေ့ကတည်းက ဒီကမ္ဘာကြီးကို ဖန်တီးခြင်းခံရတာပဲ။ ပြောလို့ရတာက ငရဲပြည်ဟာ တကယ်တော့ ဘုရင်ကြီးရဲ့ ကမ္ဘာပဲ။ ငရဲပြည်ရဲ့ ဘယ်အရာကိုမဆို သူ ထိန်းချုပ်နိုင်တယ်။ သူက စွမ်းအားကြီးတဲ့ မိစ္ဆာတွေ၊ နတ်ဘုရားတွေကိုတောင် လက်တစ်ဖျောက်နဲ့တင် ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်။ တနည်းပြောရမယ်ဆိုရင် တစ်ခဏအတွင်းမှာပဲ ဒီကမ္ဘာက အရာအားလုံးကို ပြောင်းလဲသွားအောင် သူ လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ဘုံသုံးဘုံက သဘာဝအရ ဖြစ်တည်လာတာဖြစ်တယ်။ အဲ့ဘုံသုံးဘုံမှာ ပိုင်ရှင်ဆိုတာ မရှိဘူး၊ ငရဲပြည်ဘုံထက် အမျာကြီး ပိုကြီးတယ်။ အဲ့က သူတွေက မြေတစ်ကွက် ဒါမှမဟုတ် ရာထူးတစ်နေရာကို လိုချင်ရင် သူတို့ကိုယ်တိုင် ရယူကြရတယ်။ အနိုင်ရသူ အကုန်ယူပဲ၊ အသန်မာဆုံးက အုပ်ချုပ်သူပဲ!"
"ဒါဆို၊ ဘဝကူးပြောင်းတာနဲ့ ပတ်သက်လို့ အဲ့တာ ဘာကို ဆိုလိုတာလဲ?" ဖုန့်ရှီ မေးလိုက်တယ်။
20210918; 2217
—————————— Zawgyi —————————
အပိုင္း ၂၈။ ဘုံ ၃ဘုံ၏ ကနဦးအစ
စာၾကည့္တိုက္က အလြန္ တိတ္ဆိတ္ေနတာေၾကာင့္ ဖုန႔္ရွီရဲ့အသံဟာ အရင္ကထက္ အနည္းငယ္ ပိုက်ယ္ေနသလို ျဖစ္ေနတယ္။
သူက ဘာ့ေၾကာင့္ လူအေသးေလးရဲ့ ေျခေထာက္ေအာက္ အဖိႏွိပ္ခံရမွာလဲ? ေကာင္းၿပီ၊ သူ အပစားေပးမယ့္ တစ္ဦးတည္းေသာ သူဟာ ဒီကမၻာမွာ သူ႔ေခါင္းေဆာင္တစ္ေယာက္တည္းပဲ။ အျခားသူေတြကိုေတာ့ သူ အဖက္ေတာင္ လုပ္မွာမဟုတ္ဘူး!
ဖုန႔္ရွီက လူအေသးေလးရဲ့ ေက်နပ္အားရၿပီး ေမာက္မာေနတဲ့ပုံကို ေတြ႕ရေတာ့ လူေသးေလးဟာ အလြန္ လူပါးဝတဲ့သူ တစ္ေယာက္ပဲလို႔ မွတ္ယူလိုက္တယ္။ အျခားသူေတြေရွ႕ ဟန္ေရးၿပ ႂကြားဝါတတ္လြန္းတဲ့သူေတြကို ဖုန္႔ရွီ အရင္ဘဝကတည္းက အရမ္းမုန္းခဲ့တယ္။ အဲ့လိုလူမ်ိဳးေတြ အမ်ားႀကီးကို သူ ၾကဳံခဲ့ဖူးတယ္။ အက်ိဳးဆက္အေနနဲ႔ လူအေသးေလးေပၚ သူ႔ရဲ့ အလိုအေလ်ာက္တုန္႔ျပန္မွုအေနနဲ႔ တက္နင္းခ်လိုက္တယ္။
ကံဆိုးတာက ေရႊေရာင္ မာနတံခြန္လူေသးေလးဟာ ဖုန္႔ရွီရဲ့ အနာေပၚ ကို တုတ္က်သြားေအာင္ လုပ္မိလိုက္တာ ျဖစ္သြားတယ္။ အဲ့ဒါေၾကာင့္ အခု လူေသးေလးဟာ ဖုန္႔ရွီရဲ့ ေျခေထာက္ေအာက္ ေရာက္သြားရျခင္း ျဖစ္တယ္။
စာအုပ္နတ္ဘုရားလို႔ေခၚတဲ့ လူေသးေလးဟာ စစ္နတ္ဘုရားတို႔လို စြမ္းအားမႀကီးေပမဲ့ သူ႔မွာ သန္မာတဲ့ က်င့္ႀကံမွုအေျခခံရွိၿပီး လူသားရဲ့ တိုက္ခိုက္မွုကို ေရွာင္နိုင္စြမ္းလည္း ရွိတယ္။ တကယ္တမ္းေတာ့ လူေသးေလးဟာ ဖုန္႔ရွီ သူ႔ရဲ့ေျခေထာက္ကို ေျမႇာက္လိုက္ကတည္းက တစ္ခုခု အာ႐ုံခံစားမိၿပီး ျဖစ္တယ္။ သူ တိုက္ခိုက္ခံရမွာကို ေရွာင္ခါနီးမွာပဲ လူေသးေလးဟာ ႐ုတ္တရက္ ေအးခဲေတာင့္တင္းမွု ခံစားလိုက္ရၿပီး အနည္းငယ္ေတာင္ ေရႊ႕မရ၊ လ်ဳပ္မရ ျဖစ္သြားရတယ္။
ထိတ္လန့္္တၾကားနဲ႔ သူ႔မ်က္လုံးကို အက်ယ္ႀကီး ျပဴးလိုက္မိတဲ့အခါမွာပဲ ဖုန႔္ရွီက သူ႔ေခါင္းေပၚ တက္နင္းၿပီးသား ျဖစ္ေနၿပီ။
"ဘမ္း" လူေသးေလးဟာ စာအုပ္အဖုံးဆီ ျပန္ၿပီး ေနာက္ျပန္ဆုတ္လိုက္တယ္။
"ဝူး..." သူ႔ စာရြက္အပိုင္းအစေလးကို တက္နင္းခံလိုက္ရတဲ့အတြက္ လူေသးေလးက စၿပီး ငိုေႂကြးေတာ့တယ္။
'ဒါ ဘယ္လိုျဖစ္ရတာလဲ? ငါက စာအုပ္နတ္္ဘုရားေလ။ လူသားတစ္ေယာက္က ဘယ္လိုျဖစ္လို႔ ငါ့အေပၚ အလြယ္တကူ တက္နင္းနိုင္ရတာလဲ၊ သူ႔စိတ္စြမ္းအားနဲ႔ ငါ့ခႏၶာကိုယ္ကိုေတာင္ ေတာင့္သြားေအာင္ လုပ္လိုက္နိုင္ေသးတယ္! လူသားေတြဆိုတာ ယုတ္အညံ့ဆုံး မ်ိဳးႏြယ္ေတြပဲေလ။ လူသားတစ္ေယာက္ရဲ့ ေျခေထာက္ေအာက္ ငါ အနင္းခံရတယ္ဆိုတာ ဘယ္လိုျဖစ္နိုင္ရတာလဲ! ဒါ သိပ္ရွက္စရာေကာင္းတာပဲ၊ ဒီကိစၥ အျခား ဘယ္သူမွ မသိသင့္ဘူး!'
ဖုန္႔ရွီ ျပဳံးၿပီး ေျပာလိုက္တယ္၊ "မင္းစကားလုံးေတြ မင္း ျပန္ထပ္ေျပာနိုင္မလား?"
သနားစဖြယ္ လာဟန္ေဆာင္ေနတာလား? ဒါမ်ိဳးကေတာ့ ဖုန႔္ရွီက အရင္ဘဝတုန္းက သူ ႀကိမ္ဖန္မ်ားစြာ ျပဳလုပ္ေနၾက ျဖစ္တယ္။ အဲ့ဒါေၾကာင့္ ဒီအကြက္က သူ႔အေပၚ အလုပ္မျဖစ္ဘူးေလ!
'မေကာင္းဆိုးဝါး!' - တစ္လုံးတည္းေသာ အဲ့စကားလုံးကို ေတြးရင္း လူေသးေလးက ေကာင္ေလးကို ေငးၾကည့္လိုက္တယ္။
ဒါေပမဲ့ ေကာင္ေလးက ငရဲမင္းႀကီးရဲ့ ပစားေပးျခင္း ခံထားရတဲ့သူ ျဖစ္တာေၾကာင့္ လူေသးေလးက ေကာင္ေလးကို ကလန္ကဆန္ ထပ္မလုပ္ရဲေတာ့ေပ။ တကယ္လို႔ ဖုန္႔ရွီက သူ႔အေၾကာင္းကို ဘုရင္ႀကီးေရွ႕ တိုင္တန္းခဲ့ရင္ သူ စာအုပ္နတ္ဘုရားအျဖစ္ ဘယ္ေတာ့မွ ဆက္ျဖစ္ေတာ့မွာ မဟုတ္ေတာ့ဘူး။
အဲ့လိုေတြးမိေတာ့ လူေသးေလးက ခ်က္ခ်င္းပဲ ျပဳံးျပလိုက္တယ္။ သူ ေလေပၚ ထပ္မံပ်ံလိုက္ၿပီးေနာက္ သူ႔ခႏၶာကိုယ္ နဂိုမူလအေျခအေနကို ျပန္ေရာက္ရွိသြားတယ္။ သူ႔ရဲ့ မ်က္ႏွာေဖာင္းေဖာင္းက ခ်စ္ဖို႔ေကာင္းေနဆဲ၊ ဒါေပမဲ့ ေမာက္မာတဲ့ပုံစံကေတာ့ ေပ်ာက္သြားၿပီျဖစ္တယ္။ ခုေတာ့ သူ႔မ်က္ႏွာေပၚက အျပဳံးက ဖားေနသလိုလိုပင္။
"သခင္ေလး၊ ကၽြန္ေတာ္က ဒီဘုံသုံးဘုံရဲ့ စာအုပ္ေတြအားလုံးကို အစိုးရတဲ့ စာအုပ္နတ္ဘုရားပါ။ ေက်းဇူးျပဳၿပီး ကၽြန္ေတာ့္အေပၚ အထင္မေသးပါနဲ႔။ ကၽြန္ေတာ္က အရမ္းႀကီး စြမ္းအားမႀကီးေပမဲ့ ဒီဘုံသုံးဘုံက ဘယ္သူမွ ကၽြန္ေတာ့ေလာက္ ကိစၥေတာ္ေတာ္မ်ားမ်ားကို မသိနိုင္ၾကဘူးဆိုတာ ကၽြန္ေတာ္ ေျပာဝံ့တယ္၊ ဟုတ္တာေပါ့ေလ...ငရဲမင္းႀကီးက လြဲရင္ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ မင္းရဲ့ ဘယ္ေမးခြန္းေတြကိုျဖစ္ျဖစ္ ကၽြန္ေတာ္ ေျဖနိုင္ပါတယ္။ စာရြက္လွန္ဖို႔ အပင္ပန္းမခံပါနဲ႔။
"မင္းက တကယ္အဲ့ေလာက္ မိုက္တယ္လား?" ဖုန္႔ရွီ လူေသးေလးေျပာတဲ့ ေနာက္ဆုံးစကားလုံးကိုပဲ အာ႐ုံထားလိုက္တယ္။
တကယ္ေတာ့ စာအုပ္ ငါးအုပ္ဆိုတာေတာင္ ဖုန္႔ရွီအတြက္ ဖတ္ဖို႔ေတာ္ေတာ္မ်ားေနၿပီျဖစ္တယ္။ ဒီစာအုပ္ေတြမွာပါတဲ့ အေၾကာင္းအရာေတြအားလုံးကို အလြတ္မွတ္မိဖို႔ဆိုတာ သူ႔အတြက္ ပိုေတာင္ ခက္ဦးမယ္။ သူ ထြက္ေျပးခ်င္ေပမဲ့ ဖုန္႔ရွီ အေတာ္ေၾကာက္ရတဲ့ မ်က္ႏွာေသနဲ႔အဘိုးအိုက တံခါးကေန ေစာင့္ၾကပ္ေနတယ္ေလ။ ဦးေလးျဖဴကို ဘယ္လိုအေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ဖုန္႔ရွီ တမင္တကာ ရန္စမွာ မဟုတ္!
ဒါ့ေၾကာင့္ ဖုန္႔ရွီက လူေသးေလးရဲ့ ေနာက္ဆုံးစာေၾကာင္းကို ၾကားလိုက္ရေတာ့ သူ႔မ်က္လုံးေတြက အလင္းေရာင္ေတာင္ ထြက္လာလုလုပင္။
"ဒါေပါ့၊ ကၽြန္ေတာ္က စာအုပ္နတ္ဘုရား၊ ဒီကမၻာက အရာအားလုံးကို သိတဲ့သူေလ!" ဖုန္႔ရွီရဲ့ ခ်ီးမြမ္းမွုကို ၾကားလိုက္ရေတာ့ လူေသးေလးက မေနနိုင္ေတာ့ပဲ ေက်နပ္အားရမွု ထပ္မံ ခံစားလိုက္ရျပန္တယ္။
ကံေကာင္းတာက ဖုန္႔ရွီဟာ လူေသးေလးရဲ့ ေနာက္ဆုံးစကားလုံးကိုပဲ စားျမဳံ႕ျပန္ေတြးေနၿပီး လူေသးေလးကို အာ႐ုံစိုက္ဖို႔အခ်ိန္မရွိေပ။ အဲ့လိုမွမဟုတ္ရင္ေတာ့ လူေသးေလးဟာ ထပ္ၿပီး ေျခနဲ႔အနင္းခံရဦးမွာ ျဖစ္တယ္။
"ဒါဆို၊ သခင္ေလး၊ ကၽြန္ေတာ္ မင္းအတြက္ ဘာလုပ္ေပးရမလဲ?" လူေသးေလးက ေနာက္ဆုံး သူ႔ကိုယ္သူ ေက်နပ္ေနတဲ့ အေနအထားကေန ျပန္လည္ အသိဝင္လာတယ္။
"ေကာင္းၿပီေလ၊ ဒီေလာကႀကီးအေၾကာင္း ငါ့ကိုေျပာျပ။ ငါ လြန္ခဲ့တဲ့ ရက္အနည္းငယ္က ေသသြားခဲ့တယ္၊ ဒါေပမဲ့ ဒီေနရာက ဘယ္လိုေနရာမ်ိဳးဆိုတာ ခုထိ ငါမသိေသးဘူး။ အဲ့အေၾကာင္း အရင္ေျပာျပ!" ဖုန္႔ရွီ ေျမျပင္ေပၚကစာအုပ္ကို ေကာက္ယူလိုက္တယ္။ လူေသးေလးေျပာစကားအရ စာအုပ္ဟာ သူ႔ရဲ့ ခႏၶာကိုယ္အစစ္အမွန္ျဖစ္လိမ့္မယ္။
လူေသးေလးက ခ်က္ခ်င္းပဲ အလန္႔တၾကား ထ ေအာ္လိုက္တယ္။ "သခင္ေလး၊ ဒီေနရာက ဘာလဲဆိုတာ မင္းတကယ္မသိဘူးလို႔ ေျပာေနတာလား? မင္းကို ဘယ္သူကမွ ဒီအေၾကာင္း မေျပာဖူးဘူးလား?"
ဖုန္႔ရွီ ဇေဝဇဝါ ခံစားသြားရၿပီး ေျပာလိုက္တယ္၊ "ဒီေလာကႀကီးက ဘာေတြ ဒီေလာက္ေတာင္ ထူးဆန္းတယ္ဆိုတာ ငါမသိဘူး။ သူတို႔ေတြနဲ႔စကားေျပာရမွာ အရမ္းပ်င္းဖို႔ ေကာင္းတယ္။ သူတို႔အားလုံးက အလြန္ရိုရိုေသေသ ဆက္ဆံေနၾကပုံရၿပီး စကားေျပာရတာ မႀကိဳက္ၾကပုံလည္း ရတယ္။ ငါ ဒီေနရာအေၾကာင္း ေလ့လာခ်င္ရင္ေတာင္ ဘယ္သူမွ ဘာမွ ငါ့ကို မေျပာၾကဘူး။ ဒီေနရာကို ေကာင္းကင္ထြတ္ထိပ္နန္းေတာ္လို႔ ေခၚတယ္ဆိုတာရယ္၊ ငါ့ေခါင္းေဆာင္ကို အျခားသူေတြက ငရဲမင္းႀကီးလို႔ ေခၚတယ္ဆိုတာရယ္ပဲ ငါသိတယ္။ ဒါ ငါသိသမၽွ အကုန္ပဲ။"
လူေသးေလး ပါးစပ္အေဟာင္းသား ျဖစ္သြားရတယ္။ ဒါေပမဲ့ သူ႔ကို ပိုအံ့အားသင့္ေစတာကေတာ့ ဖုန္႔ရွီ ဒီေနရာအေၾကာင္း ဘာမွမသိဘူး ဆိုတာေၾကာင့္ မဟုတ္ဘဲ ဖုန္႔ရွီက ငရဲမင္းႀကီးကို 'ေခါင္းေဆာင္' လို႔ ေခၚတာေၾကာင့္ ျဖစ္တယ္။
"ကၽြန္ေတာ္ နားလည္ၿပီ။ ကၽြန္ေတာ္ ရွင္းျပပါ့မယ္။" လူေသးေလးက မ်က္ႏွာေပၚက သူ႔အံ့အားသင့္မွုကို ခပ္ျမန္ျမန္ ကြယ္ဝွက္လိုက္ရင္း ေျပာလိုက္တယ္။
"ေဟး၊ ခဏေလးေစာင့္!" ဖုန္႔ရွီက ႐ုတ္တရက္ လူေသးေလးကို တားလိုက္တယ္။ အဲ့ေနာက္ သူ စာၾကည့္တိုက္ ၾကမ္းျပင္ေပၚက တစ္ခုတည္းေသာ ခုံကို ျမန္ျမန္ ယူလာလိုက္ၿပီး လူေသးေလးေျပာမယ့္ ဇာတ္လမ္းကို နားေထာင္ဖို႔ ထိုင္ခ်လိုက္တယ္။ လူေသးေလးက သူ႔ကို ေငးစိုက္ၾကည့္ေနတာ ေတြ႕ေတာ့ သူ ရွင္းျပလိုက္တယ္၊ "မင္းေျပာမွာက ဇာတ္လမ္းအရွည္ႀကီးလို႔ ငါ ခံစားမိလိုက္လို႔ေလ။ ငါ ထိုင္ေနမယ္ဆိုရင္ မပင္ပန္းေတာ့ဘူးေပါ့။"
လူေသးေလးရဲ့ ပါးစပ္က ႐ုတ္ခ်ည္း တြန္႔သြားတယ္။
"အဟမ္း၊ သခင္ေရာက္ေနတဲ့ ဒီေနရာက ေကာင္းကင္ထြတ္ထိပ္နန္းေတာ္။ ဒီေနရာက ငရဲျပည္ရဲ့ အထြတ္အျမတ္ဆုံးေသာေနရာ။ ဆင့္ေခၚျခင္းမခံရတဲ့သူေတြဟာ ျပင္ပအရံအတားေတြကို ေက်ာ္ျဖတ္ၿပီး နန္းေတာ္တြင္းကို ေဖာက္ဝင္နိုင္ဖို႔ မျဖစ္နိုင္ဘူး။ ငရဲမင္းႀကီးထက္ ပိုၿပီး အားႀကီးတဲ့ စိတ္ဝိညာဥ္စြမ္းအား ရွိသူသာလ်င္ ေဖာက္ဝင္နိုင္မွာ ျဖစ္တယ္။"
"ဘုံက သုံးဘုံရွိတယ္၊ လူ႔ဘုံ၊ မိစၧာဘုံနဲ႔ ေကာင္းကင္ဘုံတို႔ ျဖစ္တယ္။ အဲ့ထဲမွာမွ လူ႔ဘုံက အယုတ္ညံ့ဆုံးဘုံ ျဖစ္တယ္။ လူသာမာန္ေတြမွာ ဘာထူးကဲစြမ္းရည္မွ မရွိဘူး၊ ဒါမွမဟုတ္ ဘယ္လို က်င့္ႀကံရမလဲ မသိၾကဘူး။ သူတို႔ ေသၿပီးတဲ့အခါ ဘဝကူးေျပာင္းသြားၾကလိမ့္မယ္။ မိစၧာဘုံနဲ႔ ေကာင္းကင္ဘုံတို႔ကေတာ့ စစ္မွန္တဲ့ မိစၧာေတြနဲ႔ နတ္ဘုရားေတြ ေနထိုင္ၾကတဲ့ ေနရာ ျဖစ္တယ္။ လူေတြနဲ႔ မတူတာက မိစၧာတိုင္း နတ္ဘုရားတိုင္း သူတို႔ဖာသာ သူတို႔ က်င့္ႀကံအားထုတ္နိုင္ၾကတယ္။ သူတို႔ နည္းမွန္လမ္းမွန္ က်င့္ႀကံအားထုတ္ေနၾကသ၍ မေသမ်ိဳးအစစ္ ျဖစ္လာနိုင္မွာ ျဖစ္တယ္။ ဒါေပမဲ့ အဲ့လိုဆိုလို႔လည္း သူတို႔က လုံးဝ မေသေတာ့ဘူးလို႔ ဆိုလိုတာမဟုတ္ဘူး။ သူတို႔ထက္ ပိုၿပီး စြမ္းအားႀကီးတဲ့သူေတြနဲ႔ တိုက္ခိုက္ၾကရရင္ သူတို႔ ခ်က္ခ်င္း ေၾကမြပ်က္ဆီးကုန္ၾကရတယ္။ သူတို႔ဝိညာဥ္ အဖ်က္ဆီးခံလိုက္ရရင္ ဘယ္ေတာ့မွ ဘဝတဖန္ ျပန္မရနိုင္ေတာ့ဘူး၊ ဆိုလိုတာကေတာ့ ဘုံသုံးဘုံကေန ထာဝရ ေပ်ာက္ကြယ္သြားၾကရမွာ!"
"ခဏေလး၊ ခဏ၊ ခဏ။ ဘာလို႔ ဘုံက သုံးဘုံပဲရွိရတာလဲ? ငရဲျပည္ဘုံ ရွိေသးတယ္မွတ္လား? ဖုန္႔ရွီ ဘုံသုံးဘုံအေၾကာင္း ၾကားရေတာ့ ၾကက္ေသေသသြားရေပမဲ့ သူတကယ္သိခ်င္ေနတဲ့အရာကို ခုထိ မသိရေသးဘူး။
"ဟား ဟား၊ သခင္၊ ငရဲျပည္က အျခား သုံးဘုံနဲ႔ မတူဘူး။ ငရဲမင္းႀကီး စတင္ ေမြးဖြားလာတဲ့ ေန႔ကတည္းက ဒီကမၻာႀကီးကို ဖန္တီးျခင္းခံရတာပဲ။ ေျပာလို႔ရတာက ငရဲျပည္ဟာ တကယ္ေတာ့ ဘုရင္ႀကီးရဲ့ ကမၻာပဲ။ ငရဲျပည္ရဲ့ ဘယ္အရာကိုမဆို သူ ထိန္းခ်ဳပ္နိုင္တယ္။ သူက စြမ္းအားႀကီးတဲ့ မိစၧာေတြ၊ နတ္ဘုရားေတြကိုေတာင္ လက္တစ္ေဖ်ာက္နဲ႔တင္ ေပ်ာက္ကြယ္သြားေအာင္ လုပ္နိုင္တယ္။ တနည္းေျပာရမယ္ဆိုရင္ တစ္ခဏအတြင္းမွာပဲ ဒီကမၻာက အရာအားလုံးကို ေျပာင္းလဲသြားေအာင္ သူ လုပ္ေဆာင္နိုင္တယ္။ ဒါေပမဲ့ ဘုံသုံးဘုံက သဘာဝအရ ျဖစ္တည္လာတာျဖစ္တယ္။ အဲ့ဘုံသုံးဘုံမွာ ပိုင္ရွင္ဆိုတာ မရွိဘူး၊ ငရဲျပည္ဘုံထက္ အမ်ာႀကီး ပိုႀကီးတယ္။ အဲ့က သူေတြက ေျမတစ္ကြက္ ဒါမွမဟုတ္ ရာထူးတစ္ေနရာကို လိုခ်င္ရင္ သူတို႔ကိုယ္တိုင္ ရယူၾကရတယ္။ အနိုင္ရသူ အကုန္ယူပဲ၊ အသန္မာဆုံးက အုပ္ခ်ဳပ္သူပဲ!"
"ဒါဆို၊ ဘဝကူးေျပာင္းတာနဲ႔ ပတ္သက္လို႔ အဲ့တာ ဘာကို ဆိုလိုတာလဲ?" ဖုန႔္ရွီ ေမးလိုက္တယ္။
20210918; 2217
You are reading the story above: TeenFic.Net