အပိုင်း ၁၅၀။ ငါ့သတ္တုတွင်း ဘယ်သူထိတာလဲ
အဲ့စကားကိုပြောလိုက်ရင်း လူအုပ်ထဲကနေ လူငယ်တစ်ယောက် လျှောက်လှမ်းကာ ထွက်လာ၏။
သူက ကောင်းကင်ပြာရောင်အဝတ်တို့ကို ဝတ်ဆင်ထားကာ အတော်ကိုကြည့်ကောင်းနေပြီး သူ့မျက်နှာကလည်း အလွန့်အလွန် ခန့်ညားကာ နူးညံ့သိမ့်မွေ့လှ၏။ သူ့ရဲ့ ပင်လယ်လိုနက်ရှိုင်းလှတဲ့ မျက်လုံးအစုံတို့က လှိုင်ဂူအဝမှာ ရပ်နေတဲ့ ကာလွမ်သလာကို ကြည့်နေလျက်ပင်။ ဒီလူက ချောမောခန့်ညားပြီး နှစ်လိုဖွယ််ကောင်းတဲ့သူဖြစ်သင့်ပေမဲ့ သူ့ရဲ့ ကောက်ကျစ်တဲ့မျက်လုံးအစုံတို့က သူ့ရဲ့သွင်ပြင်ကို အတော်ကြီး မှုန်မှိုင်းသွားစေ၏။
သူထွက်လာတာကို လူအတော်များများက အံ့အားသင့်သွားကြပေမဲ့ ဒါမျိုးတွေ့ကြုံဖူးသလို ခံစားသွားမိကြသည်။
"သူပဲ!" သူ့ကို အတန်ကြာအောင် သေချာကြည့်နေပြီးနောက် ဒီလူငယ်က ဘယ်သူလဲဆိုတာကို နောက်ဆုံးတော့ တစ်ယောက်က တွေးမိသွားကာ ထူးထူးဆန်းဆန်းအကြည့်ဖြင့်ပြောလိုက်၏။
"သူက ဘယ်သူကြီးလဲ?" တစ်ခြားတစ်ယောက်ကလည်း ဒီလူငယ်ကို အတော်ကို ရင်းရင်းနှီးနှီးသိနေသလိုဖြစ်နေတာမို့ သူ့အသံက စိတ်လောနေသံပေါက်နေမှန်းတောင် သတိမထားမိဘဲ မေးလိုက်သည်။
လူငယ်ကို အကြာကြီး စိုက်ကြည့်ပြီးနောက် ပထမပြောလိုက်တဲ့လူက တုန့်ဆိုင်းနေကာ အသံနိမ့်နိမ့်ဖြင့် "နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ ဖြစ်သွားခဲ့တဲ့ တကယ့်အကြီးစား အမွှေကြီးတစ်ခုကို မင်း မှတ်မိလား? အဲ့မှာ ငရဲသားမိသားစုလို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ ဂုဏ်သရေမြင့် မိသားစုတစ်ခုရှိတယ်။ တကယ်လို့ ငါမှန်းတာမမှားဘူးဆိုရင် ဒီလူက ငရဲသားမိသားစုဝင်တစ်ယောက်ပဲ။"
"ငါ မှတ်မိတာပေါ့။ ဘယ်လိုလုပ်မေ့နိုင်ပါ့မလဲ? အဲ့ဖြစ်ရပ်က ဖြစ်ရပ်ဆိုးကြီးတစ်ခုပဲလေ။ ငရဲသားမိသားစုက တစ်ရက်တည်းနဲ့ကို သူတို့ရဲ့ ပါဝါတွေ တစ်ဝက်လောက် ဆုံးရှုံးသွားခဲ့တယ်လို့ကြားတယ်၊ မျိုးရိုးမြင့်အမှတ်အသားတစ်ခုဖြစ်တဲ့ သူတို့ရဲ့ နဖူးပေါ်က ကျောက်မျက်ရတနာတွေအားလုံးလည်း ပျောက်ကွယ်သွားခဲ့တယ်။ နောက်ပိုင်းကျတော့ ငရဲသားမိသားစုရဲ့ ဂုဏ်သရေမြင့်မိသားစုဆိုတဲ့အမှတ်အသားကို ငရဲမင်းကြီးက ပြန်ယူသွားခဲ့တယ်လို့ ပြောကြတယ်။ သူတို့ ဘုရင်ကြီးကို ဘယ်လိုများ သွားပြီး စော်ကားမိလိုက်ကြသလဲဆိုတာတော့ ငါမသိဘူး။"
သူ့သတိပေးစကားအပြီး လူအများစုက ချက်ချင်း မှတ်မိသွားကြတော့သည်။ အခု အဲ့အကြောင်းကို စဉ်းစားမိသွားကြတော့ သူတို့အရင်ကလို စိတ်ကူးကြည့်လို့ မရကြတော့ချေ။ ဖြစ်ပျက်ခဲ့တာ နှစ်ဝက်လောက် ကြာခဲ့ပြီဖြစ်ပြီး ငရဲသားမိသားစုတို့ကလည်း အလယ်ပိုင်းဒေသမှာ အရင်ကလောက လေးစားခံအသိုင်းအဝိုင်းထဲက မဟုတ်ကြတော့ပေ။ အလယ်ပိုင်းဒေသထဲက မိသားစုကြီးတွေက ငရဲသားမိသားစုကို သူတို့နယ်မြေအသိုင်းအဝိုင်းထဲကနေ ကန်မထုတ်ဘူးဆိုတာက သူတို့အနေနဲ့ ငရဲမင်းကြီးအပေါ် အပစ်မပြုချင်ကြလို့သာဖြစ်သည်။ အဲ့လိုမှမဟုတ်ရင် ငရဲသားမိသားစုအနေနဲ့ နေစရာတစ်နေရာတောင် ရှာလို့ရတော့မှာမဟုတ်ကြတော့ပေ။
ပြီးခဲ့တဲ့နှစ်ဝက်အတွင်း ဘယ်သူကမှ ငရဲသားမိသားစုကို ခက်ခဲအောင် မလုပ်ခဲ့ကြပေမဲ့လည်း ငရဲသားမိသားစုရဲ့ ကံဆိုးမှုအပေါ် ကျေနပ်သာယာနေကြသူလူအများစုတော့ ရှိနေဆဲပင်။
ငရဲသားမိသားစုက အလွန်မောက်မာကြပြီး အခြားမိသားစုကလူတွေနဲ့ အဆက်အဆံသိပ်မလုပ်ကြချေ။ အရင်တုန်းက သူတို့ရဲ့ တော်ဝင်တဲ့ဂုဏ်သရေမြင့် အဆင့်အတန်းကြောင့် သူတို့ကိုယ်သူတို့ ဘုံသုံးဘုံမှာ တစ်ခုတည်းသော တော်ဝင်မိသားစုတစ်ခုအလား ပတ်ဝန်းကျင်ကလူတွေထက် မြင့်မြတ်နေသယောင် ခံယူနေခဲ့ကြတာဖြစ်သည့်အတွက် အချို့အချို့သောသူတွေက သူတို့ကို မနှစ်မြို့ခဲ့ကြတာ ကြာလှပြီဖြစ်သည်။
လွန်ခဲ့တဲ့နှစ်ဝက်ကအဖြစ်အပျက်တို့ ဖြစ်ပျက်ခဲ့ပြီးနောက် ငရဲသားမိသားစုက အလုံးစုံ ယိုယွင်းပျက်ဆီးသွားပြီး နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုတို့ ဆုံးရှုံးသွားခဲ့ကြ၏။
ငရဲသားမိသားစုအကြောင်းကို လူအတော်များများက မေ့သွားခဲ့ကြပြီးဖြစ်သည့်အတွက်ရယ်၊ သူတို့နဖူးထက်မှာ ကျောက်မျက်လည်း မရှိကြတော့တဲ့အတွက်တို့ကြောင့်ရယ်ကြောင့် လူငယ်လေးရဲ့မျက်နှာကို တခြားသူတွေက ချက်ချင်း မမှတ်မိကြပေ။
"အဲ့လူက မင်ချင်းရှ၊ ငရဲသားမိသားစုရဲ့ လူငယ်ခေါင်းဆောင်။ အဲ့တုန်းက သူက လူတိုင်းအားကျရတဲ့သူ၊ ဒါပေမဲ့ ငရဲသားမိသားစု ကျဆင်းပြီးနောက်ကတည်းက သူ တစ်ခါမှ ပေါ်မလာခဲ့တော့ဘူး။"
"သူ ဒီကို ဝေစုလာလုဖို့အတွက် လာတာဖြစ်ရမယ်!"
"ငါတို့လို လူသာမာန်တွေနဲ့ ယှဉ်ပြီး ဒီရတနာတွေကို နှိမ်နှိမ်ချချနဲ့ လာလုရတာ သူ့အတွက် အတော်ကို ခက်ခဲမှာပဲ။"
ပြောလိုက်သူက ခနဲ့သံဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ အဲ့အချိန်တုန်းက ငရဲသားမိသားစုတွေက အလွန့်အလွန် မောက်မာကြကာ တခြားသူတွေနဲ့ ဘာဆိုဘာမှ အဆက်အဆံတောင် မလုပ်ချင်ကြခဲ့တာဖြစ်သည်။ အဲ့အတွက်ကြောင့် သူတို့ သတ္တုကြောကို ရှာတွေ့ခဲ့ကြမယ်ဆိုရင်တောင်မှ လာချင်စိတ်ရှိကြမည်မဟုတ်။ ဒါပေမဲ့ သူတို့တွေက ငရဲပြည်ရဲ့ ကနဦးလူသားတွေဖြစ်ကြတာကြောင့်ရယ်၊ ဟိုးရှေးခေတ်ပဝေဏသီကတည်းက အခြေကျနေထိုင်ခဲ့ကြသူတွေဖြစ်ကြတာကြောင့်ရယ်တို့ကြောင့် သူတို့သိမ်းဆည်းထားခဲ့ကြတဲ့ ပိုင်ဆိုင်ပစ္စည်းတို့က တခြားဘယ်မိသားစုထက်မဆို များပြားလှသည်။ အဲ့အတွက်ကြောင့် တခြားမိသားစုတွေအနေနဲ့ ငရဲသားမိသားစုက သတ္တုကြောကို သူတို့နဲ့ယှဉ်ပြီး ဝင်မလုရင် ပိုကောင်း၏။
မင်ချင်းရှက သူတို့ရဲ့ဆွေးနွေးစကားတွေကို ကြားပြီးဖြစ်ကာ သူ့ရဲ့ ချောမောခန့်ညားတဲ့မျက်နှာက လုံးဝကို ဆူပုပ်သွားတော့သည်။
ငရဲသားမိသားစုက သူတို့ရဲ့တောက်ပမှုတွေ ပျောက်ကွယ်သွားပြီးဖြစ်ကြပေမဲ့ သူ့အနေနဲ့တော့ တခြားသူတွေ သူတို့မိသားစုကို ခုလိုမျိုး လာစော်ကားနေတာကို ခွင့်ပြုမှာမဟုတ်။ လွန်ခဲ့တဲ့ခြောက်လအတွင်း သူတို့ငရဲသားမိသားစု ရခဲ့ရတဲ့ အရှက်ကွဲမှုတွေအကုန်လုံးကို သူ သေချာပေါက် ပြန်တုန့်ပြန်လက်စားချေမှာ!
အခုဖြစ်ပျက်သွားတဲ့ဖြစ်ရပ်က ဒီလူတွေ ဒီကို ဒီနေ့ရောက်လာရတဲ့ရည်ရွယ်ချက်ကိုတော့ မေ့သွားအောင်မလုပ်နိုင်ချေ။ သူတို့က မင်ချင်းရှပြောစကားတွေကို မသိမသာထောက်ခံကာ လောင်နန်ရှုနဲ့တခြားသုံးယောက်တို့ရဲ့ ရှင်းရှင်းလင်းလင်းဖြေဆိုချက်ကို စောင့်နေကြ၏။
"မင်းတို့တွေ ငါ့ကို စော်ကားနေတယ်လို့ ငါထင်တယ်။" လောင်နန်ရှုဘယ်လောက်ပဲ စိတ်ရှည်ရှည်၊ ဒီ့ထက်ပိုပြီး သူ သည်းမခံနိုင်တော့ကာ မကြည်မသာဖြစ်လာတော့သည်။
'ဒီအရူးတွေက ရတနာတွေကြောင့် လုံးဝကြီးကို မျက်ကန်းဖြစ်သွားကြပြီ။ သူတို့ ဘာလို့ အကြောင်းရင်းကို နားမထောင်နိုင်ကြတာလဲ? သူတို့က ငါ့ကိုတောင် စော်ကားရဲနေကြပါလား? သည်းမခံနိုင်စရာပဲ။ မင်းတို့တွေ ငါ့မယုံမှတော့ ငါတစ်ခွန်းမှ ထပ်မပြောတော့ဘူး'
"သခင်လေးလောင်၊ စိတ်မဆိုးပါနဲ့။ တကယ်တော့လည်း ဒါက အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပဲလေ။ ငါတို့ လက်ဗလာနဲ့ပြန်သွားမယ်ဆိုရင် ငါတို့ခေါင်းဆောင်က ငါ့ကိုအပစ်တင်ပြောဆိုလာကြတော့မှာ၊ ငါ သူ့ကိုမရှင်းပြနိုင်ဘူး။ ငါက အခြေအနေတစ်ရပ်လုံးကို ရှင်းရှင်းလင်းလင်း နားလည်ချင်တာပဘ။ တကယ်လို့ မြစိမ်းရောင်နဂါးတောင်တန်းတွေမှာ တကယ်ကြီးကို ပိုင်ရှင်ရှိနေခဲ့တယ်ဆိုရင် ငါ ငါ့လူတွေကို ဒီနေရာကနေ ပြန်ခေါ်သွားပြီး တစက်ကလေးတောင် မတုန့်ဆိုင်းဘဲ လှည့်ပြန်သွားမှာပါ။" လောင်နန်ရှု ဒေါသထွက်လာတာကိုမြင်တော့ ဖော်ယင်းက ဂူနီလာကုန်သည်ကြီးများအသင်းရဲ့ အနေအထားကို ထည့်တွေးပြီး ထပ်ဆောင်းပြောလိုက်၏။
မာနမောက်နေတဲ့မျက်နှာရှိတဲ့မင်ချင်းရှကလွဲလို့ တခြားသူတွေကလည်း ဖော်ယင်းပြောတဲ့အပေါ် ဝင်ထောက်ခံလိုက်ကြသည်။
သူတို့ရဲ့ရှင်းပြချက်တွေကို ကြားပြီးနောက် လောင်နန်ရှု မျက်နှာပြန်ကောင်းလာကာ မီးစ စမွှေးလိုက်တဲ့ မင်ချင်းရှကို ကြည့်လိုက်၏။ တဖက်သားက နဂိုအတိုင်း သဘောထားပြောင်းမသွားတာကိုမြင်တော့ လောင်နန်ရှု မျက်ခုံးပင့်မသွားပဲ မနေနိုင်တော့ချေ။ မင်ချင်းရှက လောင်နန်ရှုရဲ့ အကြည့်ကို ခံစားမိလိုက်ကာ တဖက်လူရဲ့ အပစ်ကင်းစင်မှုကို ရယ်သွမ်းသွေးလိုက်သလိုမျိုး လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။
"မင်းက စွန့်ပစ်ခံလူတစ်ယောက်လေးပဲ။ တချိန်လုံး အဲ့ဒီ့ထီမထင်မျက်နှာထားကြီးလုပ်နေပြီး မင်းမှာ ဦးဏှောက်လုံးဝ ရှိမနေတာတော့ ရှက်စရာကောင်းလိုက်တာ။"
အဲ့အချိန်မှာပဲ လောင်နန်ရှုနောက်ကနေ အေးစက်တဲ့အသံတစ်သံ ထွက်လာ၏။ ပြောလိုက်သူကတော့ တချိန်လုံး စကားတစ်ခွန်းမှ မပြောသေးတဲ့ ကာလွမ်သလာပင်။
လူတိုင်း ကြည့်လိုက်ကြတော့ ကာလွမ်သလာက သူ့ရဲ့ ချောမောတဲ့မျက်နှာက ဇွန်ဘီတစ်ကောင်လို အေးစက်တဲ့မျက်နှာအဖြစ်ပြောင်းသွားကာ လှောင်ရိပ်စွက်နေတဲ့ မျက်လုံးတို့နဲ့ မင်ချင်းရှကို အေးစက်စက်ကြည့်နေတာကို တွေ့လိုက်ရ၏။ သူ့လေသံကလည်း အတော်ကြီးကို လှောင်သံစွက်နေသည်။
မင်ချင်းရှရဲ့မျက်နှာ တမဟုတ်ချင်း မည်းသွားကာ ကာလွမ်သလာကို ဒေါသတကြီးအကြည့်တို့နဲ့ကြည့်လိုက်ပြီး၊ "ငါ့မှာ ဦးဏှောက်မရှိဘူးလို့ မင်းကများပြောဝံ့တယ်?"
"အထင်မမှားပါနဲ့။ ငါပြောတာက ငရဲသားမိသားစုတစ်စုလုံးကိုပြောတာပါ၊ မင်းကိုပဲမဟုတ်ပါဘူး။" ကာလွမ်သလာက အေးစက်စက်ပြောလိုက်၏။ သူ မင်ချင်းရှရော ငရဲသားမိသားစုကိုရော မျက်စိထဲမထားတာ ရှင်းလှသည်။
"မင်း..." ကာလွမ်သလာ အဲ့လို တည့်တို့ပြောလိုက်ပြီးနောက် မင်ချင်းရှတစ်ယောက် ကြောက်စရာအရှိန်အဝါကို တကိုယ်လုံးထုတ်လွှတ်လိုက်တော့သည်။
"ဟမ့်၊ ခုခေတ်လူငယ်တွေ အရမ်းရိုင်းကြတာပဲ။ ငါ့မိသားစု ဘာပဲဖြစ်သွားဖြစ်သွား မင်းလိုအငယ်တစ်ယောက်အနေနဲ့ ငါတို့ကို လာအကဲဖြတ်ဖို့အလှည့်မရောက်သေးဘူး။ ငါထင်တာမမှားရင် မင်းက ဆူးလားမိသားစုကပဲ!"
မင်ချင်းရှ ကာလွမ်သလာရဲ့စကားတို့ကြောင့် တစ်ဆို့သွားတဲ့အချိန်မှာ လူအုပ်အနောက်ဘက်ကနေ အသက်ကြီးကြီးအသံတစ်သံ ထွက်လာ၏။ အစိမ်းရောင်ဝတ်ရုံဝတ်ထားတဲ့ မုတ်ဆိတ်ဖြူ အဘိုးကြီးတစ်ယောက် ရှေ့ထွက်လာကာ ကာလွမ်သလာကို အသေအချာ စိုက်ကြည့်လိုက်သည်။ သူက ငရဲသားမိသားစုက အကြီးအကဲတစ်ယောက်ဆိုတာကို သူ့စကားက လူတိုင်းပြောနိုင်သည်။
ကာလွမ်သလာက အကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲက ဓါးကိုသုတ်ဖို့ ငုံ့ကြည့်လိုက်သည်။
ကာလွမ်သလာရဲ့အမြင်မှာတော့ ဒီလူက ငရဲသားမိသားစုက အသုံးမတည့်တဲ့လူအိုတစ်ယောက်သာသာပင်။ အဲ့အချိန်ကတည်းက သူ ငရဲသားမိသာစုကို မျက်လုံးထဲ ကြည့်မရခဲ့တာဖြစ်သည်။ အခု ဒီမိသားစုကျဆင်းသွားပြီဆိုတော့ ကာလွမ်သလာအနေနဲ့ သူတို့ကို အာရုံထဲတောင် မထည့်တော့ချေ။ ခုတစ်ကြိမ်ကတော့ သူ မနေနိုင်တော့ဘဲ ဒီလိုခပ်လှောင်လှောင်မှတ်ချက်ကို မဆိုင်းမတွ ပေးလိုက်မိတာဖြစ်သည်။
အစိမ်းနဲ့လူအိုကြီးကလည်း ကာလွမ်သလာနဲ့ပြောချင်ပုံမရချေ။ တစ်ဖက်သားက ဘာတုံ့ပြန်မှုမှ မရှိတာကိုမြင်တော့ သူက နှာမှုတ်လိုက်၏။ သူက ဒီမှာရှိနေတဲ့လူတွေအားလုံးထဲမှာ အသက်အကြီးဆုံးဖြစ်သည်။ ငရဲသားမိသားစုက ကျဆင်းသွားပြီဆိုပေမဲ့ အဲ့တာက လွန်ခဲ့တဲ့ခြောက်လလောက်တုန်းကမှ ဖြစ်ခဲ့တာဖြစ်ပြီး တခြားသူတွေအပေါ်တော့ အဟန့်ရှိနေဆဲပဲဖြစ်သည်။ ဒီအဘိုးကြီးရဲ့ အတိမ်အနက်ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူမှ မမှန်းနိုင်ကြတော့ သူတို့ တစ်ခွန်းမှာ ဝင်မပြောကြချေ။ ငရဲသားမိသားစုက ဘာ့ကြောင့် သတ္တုကြောတူးဖော်တာကို ဝင်စွက်တာလဲဆိုတာ သူတို့မသိကြပေမဲ့လည်း ငရဲသားမိသားစုရဲ့အရေးကိစ္စမှာတော့ သူတို့ လက်မလျှိုနိုင်ကြဆဲပင်။
"မင်းတို့လူငယ်သုံးယောက်လုံးက အင်အားကြီးမိသားစုတွေကဆိုတာ ငါသိတယ်၊ ဒါပေမဲ့လည်း မြစိမ်းရာင်နဂါးတောင်တန်းတွေက သတ္တုကြောကို ဘယ်သူရနိုင်မလဲဆိုတာကိုတော့ မင်းတို့ မဆုံးဖြတ်နိုင်ဘူး။" အစိမ်းနဲ့အဘိုးအိုက လောင်နန်ရှုနဲ့တခြားနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ ငရဲသားမိသားစုကလည်း ဝေစုလိုချင်တယ်ဆိုတာကို ပြောဖို့ကြိုးစားလိုက်ခြင်းဖြစ်ပြီး လောင််နန်ရှုပြောတဲ့အချက်ကို သူ မယုံကြောင်းပါ ပြောလိုက်ခြင်းပင်။
"ဘယ်သူကဆုံးဖြတ်နိုင်တယ်လို့ ထင်တာလဲ?" လောင်နန်ရှုက လက်ပိုက်ကာ ဒေါသနဲ့ရယ်လိုက်သည်။ သူ့မျက်နှာပေါ်ကအမူအယာက အတော်ကြီးကို မာနေပြီဖြစ်သည်။
"ငါ့အမြင်ကတော့ ငါတို့အခု စပြီး မတူးဖော်နိုင်သေးဘူး။ ကောင်းကင်လမ်းမြို့တော်ကို လူစုံရောက်ပြီဆိုတော့မှ ဒီသတ္တုကြောက ဘယ်သူ့ဟာဖြစ်မလဲဆိုတာကို ငါတို့ ဆုံးဖြတ်ကြတာပေါ့။" အစိမ်းနဲ့အဘိုးအိုက သူ့ရဲ့မုတ်ဆိတ်ဖြူကို သပ်လိုက်ပြီး အကြံပြုလိုက်သည်။
လောင််နန်ရှု ရယ်သွမ်းမသွေးဘဲမနေနိုင်တော့ကာ၊ "အဘိုး၊ ခင်များက ဒီသတ္တုကြောရဲ့ပိုင်ဆိုင်မှုကို ယှဉ်ချင်တာလား၊ ဟုတ်လား?"
အဘိုးကြီးက ရှုပ်ထွေးသွားအောင်လုပ်ချင်နေတယ်ဆိုတာရှင်းနေသည်။ အကယ်၍ ကောင်းကင်လမ်းမြို့တော်ကို တခြားအင်အားကြီးအင်အားစုတွေက ပညာရှင်တွေ ရောက်လာကြမယ်ဆိုရင် အခြေအနေတွေက ပိုလို့တောင် ရှုပ်ထွေးသွားမှာဖြစ်သည်။ အဲ့အခါဆို လူတိုင်းက ဝေစုပိုရဖို့အတွက် ပိုလို့တောင် ချည်းကပ်လာကြမှာဖြစ်သည်။ အဲ့တာဆိုရင်တော့ တကယ်ကို ခက်ခဲရှုပ်ထွေးသွားမှာပင်!
"ဘာလို့မရရမှာလဲ၊ နတ်ဘုရားနဲ့မိစ္တာနိုင်ငံတော်မှာ အားကြီးတဲ့သူကပဲသာ အလေးစားခံရတာလေ။" အစိမ်းနဲ့အဘိုးအိုက မျက်နှာကိုအကဲခတ်လိုက်ကာ ထောက်စွက်လိုက်၏။
ဒီမှာရှိကြတဲ့လူတွေအားလုံးက အင်အားကြီးမိသာစုတွေက အစွမ်းထက်လူတွေချည်းပဲဖြစ်ကြကာ အဘိုးအိုရဲ့စကားကို အားလုံးက ထောက်ခံကြ၏။ သူတို့ သဘောမတူဘူးဆိုရင် သူတို့အနေနဲ့ မြစိမ်းရောင်နဂါးတောင်တန်းကသတ္တုကြောကို ထိလို့တောင်ရလိုက်မှာမဟုတ်။ လောင်နန်ရှုနဲ့တခြားနှစ်ယောက်တို့ရဲ့နောက်ခံက ဘယ်လောက်တောင်အင်အားကြီးလို့ သူတို့သုံးယောက်တည်းနဲ့ သတ္တုကြောကို အလွယ် မောင်ပိုင်စီးချင်ရတာလဲ!
"သိပြီ။ ကြည့်ရတာ လူတိုင်းက ဒီပြဿနာကို လက်သီးနဲ့ပဲဖြေရှင်းချင်ကြပုံပဲ။" လောင်နန်ရှုက သတ်ဖြတ်ချင်ရိပ်စွက်နေတဲ့အပြုံးနဲ့ပြောလိုက်သည်။ ပြဿနာကို အားသုံးပြီးဖြေရှင်းဖို့ သူ တစ်ခါမှ နောက်မတွန့်ခဲ့ချေ။
"ငတုံးတစ်သိုက်ပဲ!"
ကာလွမ်သလာက ကောင်းကင်ကိုကြည့်လိုက်ပြီးနောက် သူတို့ကိုသူတို့ အသာစီးရနေပြီလို့အထင်ရောက်နေကြတဲ့အရူးတွေကို ကြည့်လိုက်၏။
ကာလွမ်သလာရဲ့စကားကိုကြားလိုက်ရတဲ့အဘိုးအိုက ဒေါသထွက်သွားတဲ့အမူအယာဖြစ်သွားကာ ချက်ချင်း ဒေါသတကြီး တုန့်ပြန်ချင်သွားတဲ့အချိန်မှာပဲ ရုတ်တရက် ကောင်းကင်ထက်မှ မြည်ဟီးသံကြီး ထစ်ချုန်းထွက်ပေါ်လာတော့သည်။
"ငါ့သတ္တုကြောကို ဘယ်သူထိဝံ့တာလဲ?!"
အသံကျယ်ကျယ်ဟိန်းသံက လူတိုင်းနီးပါး ကြားလိုက်ရသည်။ လူတိုင်း သူတို့ခေါင်းတွေ မော့ကာ ကောင်းကင်ကို ကြည့်လိုက်ကြတော့ တောက်ပတဲ့အလင်းတန်းက ကောင်းကင်တစ်လျောက် ဖြတ်သန်းသွားကာ သူတို့နေရာဆီ ဆိုက်ရောက်လာတော့သည်။ အဲ့နောက်မှာတော့ အဖြူရောင် အလင်းစက်ဝိုင်းရဲ့ ထိပ်မှာ ပုံရိပ်နှစ်ခုကပေါ်လာကာ နှစ်ဦးထဲက တစ်ဦးကတော့ အနီနဲ့ ချစ်စရာကောင်လေးတစ်ယောက်ဖြစ်သည်။ သူ မြေပြင်ကို သက်ဆင်းလိုက်တဲ့အချိန်မှာပဲ သူ့အောက်တည့်တည့် မြေကြီးပေါ်က ကျောက်တုံးကို မမြင်လိုက်ဘဲ တက်နင်းမိသွားတော့သည်။
လူတိုင်းကြောင်အမ်းနေတဲ့အချိန်မှာပဲ အနီနဲ့ကောင်လေးက သူ့ခြေထောက်ကို ကိုင်ကာ "အု" ခနဲ စတင်အော်လိုက်ကာ အကျိုးဆက်အနေနှင့် သူ့နောက်ခြေထောက်တစ်ဖက်က ဟန်ချက်ပျက်သွားကာ လဲကျတော့မတတ်ဖြစ်သွားတော့ ကောင်လေးရဲ့ အနောက်က လူကြီးက သူ့ကို လက်တစ်ဖက်နဲ့ကောက်မလိုက်ပြီး လက်မောင်းထဲ ထွေးပိုက်ထားလိုက်၏။ လူကြီးရဲ့ အလွန်တရာ ခန့်ညားလှတဲ့ မျက်နှာထက် အပြုံးနုနုတစ်ချက် ပေါ်လာကာ ကြည့်ရတာ အလွန်ကိုတောက်ပလို့နေသည်။
အစိမ်းဝတ်အဘိုးအိုနဲ့ မင်ချင်းရှတို့ လုံးလုံးလျားလျား စွံ့အသွားကြတာကို ဘယ်သူမှ သတိမပြုမိလိုက်ကြချေ!
20220815; 2032
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၅၀။ ငါ့သတၱဳတြင္း ဘယ္သူထိတာလဲ
အဲ့စကားကိုေျပာလိုက္ရင္း လူအုပ္ထဲကေန လူငယ္တစ္ေယာက္ ေလၽွာက္လွမ္းကာ ထြက္လာ၏။
သူက ေကာင္းကင္ျပာေရာင္အဝတ္တို႔ကို ဝတ္ဆင္ထားကာ အေတာ္ကိုၾကည့္ေကာင္းေနၿပီး သူ႔မ်က္ႏွာကလည္း အလြန့္အလြန္ ခန့္ညားကာ ႏူးညံ့သိမ့္ေမြ႕လွ၏။ သူ႔ရဲ့ ပင္လယ္လိုနက္ရွိုင္းလွတဲ့ မ်က္လုံးအစုံတို႔က လွိုင္ဂူအဝမွာ ရပ္ေနတဲ့ ကာလြမ္သလာကို ၾကည့္ေနလ်က္ပင္။ ဒီလူက ေခ်ာေမာခန့္ညားၿပီး ႏွစ္လိုဖြယ္္ေကာင္းတဲ့သူျဖစ္သင့္ေပမဲ့ သူ႔ရဲ့ ေကာက္က်စ္တဲ့မ်က္လုံးအစုံတို႔က သူ႔ရဲ့သြင္ျပင္ကို အေတာ္ႀကီး မွုန္မွိုင္းသြားေစ၏။
သူထြက္လာတာကို လူအေတာ္မ်ားမ်ာက အံ့အားသင့္သြားၾကေပမဲ့ ဒါမ်ိဳးေတြ႕ၾကဳံဖူးသလို ခံစားသြားမိၾကသည္။
"သူပဲ!" သူ႔ကို အတန္ၾကာေအာင္ ေသခ်ာၾကည့္ေနၿပီးေနာက္ ဒီလူငယ္က ဘယ္သူလဲဆိုတာကို ေနာက္ဆုံးေတာ့ တစ္ေယာက္က ေတြးမိသြားကာ ထူးထူးဆန္းဆန္းအၾကည့္ျဖင့္ေျပာလိုက္၏။
"သူက ဘယ္သူႀကီးလဲ?" တစ္ျခားတစ္ေယာက္ကလည္း ဒီလူငယ္ကို အေတာ္ကို ရင္းရင္းႏွီးႏွီးသိေနသလိုျဖစ္ေနတာမို႔ သူ႔အသံက စိတ္ေလာေနသံေပါက္ေနမွန္းေတာင္ သတိမထားမိဘဲ ေမးလိုက္သည္။
လူငယ္ကို အၾကာႀကီး စိုက္ၾကည့္ၿပီးေနာက္ ပထမေျပာလိုက္တဲ့လူက တုန့္ဆိုင္းေနကာ အသံနိမ့္နိမ့္ျဖင့္ "နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္မွာ ျဖစ္သြားခဲ့တဲ့ တကယ့္အႀကီးစား အေမႊႀကီးတစ္ခုကို မင္း မွတ္မိလား? အဲ့မွာ ငရဲသားမိသားစုလို႔ သူတို႔ကိုယ္သူတို႔ေခၚတဲ့ ဂုဏ္သေရျမင့္ မိသားစုတစ္ခုရွိတယ္။ တကယ္လို႔ ငါမွန္းတာမမွားဘူးဆိုရင္ ဒီလူက ငရဲသားမိသားစုဝင္တစ္ေယာက္ပဲ။"
"ငါ မွတ္မိတာေပါ့။ ဘယ္လိုလုပ္ေမ့နိုင္ပါ့မလဲ? အဲ့ျဖစ္ရပ္က ျဖစ္ရပ္ဆိုးႀကီးတစ္ခုပဲေလ။ ငရဲသားမိသားစုက တစ္ရက္တည္းနဲ႔ကို သူတို႔ရဲ့ ပါဝါေတြ တစ္ဝက္ေလာက္ ဆုံးရွုံးသြားခဲ့တယ္လို႔ၾကားတယ္၊ မ်ိဳးရိုးျမင့္အမွတ္အသားတစ္ခုျဖစ္တဲ့ သူတို႔ရဲ့ နဖူးေပၚက ေက်ာက္မ်က္ရတနာေတြအားလုံးလည္း ေပ်ာက္ကြယ္သြားခဲ့တယ္။ ေနာက္ပိုင္းက်ေတာ့ ငရဲသားမိသားစုရဲ့ ဂုဏ္သေရျမင့္မိသားစုဆိုတဲ့အမွတ္အသားကို ငရဲမင္းႀကီးက ျပန္ယူသြားခဲ့တယ္လို႔ ေျပာၾကတယ္။ သူတို႔ ဘုရင္ႀကီးကို ဘယ္လိုမ်ား သြားၿပီး ေစာ္ကားမိလိုက္ၾကသလဲဆိုတာေတာ့ ငါမသိဘူး။"
သူ႔သတိေပးစကားအၿပီး လူအမ်ားစုက ခ်က္ခ်င္း မွတ္မိသြားၾကေတာ့သည္။ အခု အဲ့အေၾကာင္းကို စဥ္းစားမိသြားၾကေတာ့ သူတို႔အရင္ကလို စိတ္ကူးၾကည့္လို႔ မရၾကေတာ့ေခ်။ ျဖစ္ပ်က္ခဲ့တာ ႏွစ္ဝက္ေလာက္ ၾကာခဲ့ၿပီျဖစ္ၿပီး ငရဲသားမိသားစုတို႔ကလည္း အလယ္ပိုင္းေဒသမွာ အရင္ကေလာက ေလးစားခံအသိုင္းအဝိုင္းထဲက မဟုတ္ၾကေတာ့ေပ။ အလယ္ပိုင္းေဒသထဲက မိသားစုႀကီးေတြက ငရဲသားမိသားစုကို သူတို႔နယ္ေျမအသိုင္းအဝိုင္းထဲကေန ကန္မထုတ္ဘူးဆိုတာက သူတို႔အေနနဲ႔ ငရဲမင္းႀကီးအေပၚ အပစ္မျပဳခ်င္ၾကလို႔သာျဖစ္သည္။ အဲ့လိုမွမဟုတ္ရင္ ငရဲသားမိသားစုအေနနဲ႔ ေနစရာတစ္ေနရာေတာင္ ရွာလို႔ရေတာ့မွာမဟုတ္ၾကေတာ့ေပ။
ၿပီးခဲ့တဲ့ႏွစ္ဝက္အတြင္း ဘယ္သူကမွ ငရဲသားမိသားစုကို ခက္ခဲေအာင္ မလုပ္ခဲ့ၾကေပမဲ့လည္း ငရဲသားမိသားစုရဲ့ ကံဆိုးမွုအေပၚ ေက်နပ္သာယာေနၾကသူလူအမ်ားစုေတာ့ ရွိေနဆဲပင္။
ငရဲသားမိသားစုက အလြန္ေမာက္မာၾကၿပီး အျခားမိသားစုကလူေတြနဲ႔ အဆက္အဆံသိပ္မလုပ္ၾကေခ်။ အရင္တုန္းက သူတို႔ရဲ့ ေတာ္ဝင္တဲ့ဂုဏ္သေရျမင့္ အဆင့္အတန္းေၾကာင့္ သူတို႔ကိုယ္သူတို႔ ဘုံသုံးဘုံမွာ တစ္ခုတည္းေသာ ေတာ္ဝင္မိသားစုတစ္ခုအလား ပတ္ဝန္းက်င္ကလူေတြထက္ ျမင့္ျမတ္ေနသေယာင္ ခံယူေနခဲ့ၾကတာျဖစ္သည့္အတြက္ အခ်ိဳ႕အခ်ိဳ႕ေသာသူေတြက သူတို႔ကို မႏွစ္ၿမိဳ႕ခဲ့ၾကတာ ၾကာလွၿပီျဖစ္သည္။
လြန္ခဲ့တဲ့ႏွစ္ဝက္ကအျဖစ္အပ်က္တို႔ ျဖစ္ပ်က္ခဲ့ၿပီးေနာက္ ငရဲသားမိသားစုက အလုံးစုံ ယိုယြင္းပ်က္ဆီးသြားၿပီး နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္မွာ သူတို႔ရဲ့ ဩဇာလႊမ္းမိုးမွုတို႔ ဆုံးရွုံးသြားခဲ့ၾက၏။
ငရဲသားမိသားစုအေၾကာင္းကို လူအေတာ္မ်ားမ်ားက ေမ့သြားခဲ့ၾကၿပီးျဖစ္သည့္အတြက္ရယ္၊ သူတို႔နဖူးထက္မွာ ေက်ာက္မ်က္လည္း မရွိၾကေတာ့တဲ့အတြက္တို႔ေၾကာင့္ရယ္ေၾကာင့္ လူငယ္ေလးရဲ့မ်က္ႏွာကို တျခားသူေတြက ခ်က္ခ်င္း မမွတ္မိၾကေပ။
"အဲ့လူက မင္ခ်င္းရွ၊ ငရဲသားမိသားစုရဲ့ လူငယ္ေခါင္းေဆာင္။ အဲ့တုန္းက သူက လူတိုင္းအားက်ရတဲ့သူ၊ ဒါေပမဲ့ ငရဲသားမိသားစု က်ဆင္းၿပီးေနာက္ကတည္းက သူ တစ္ခါမွ ေပၚမလာခဲ့ေတာ့ဘူး။"
"သူ ဒီကို ေဝစုလာလုဖို႔အတြက္ လာတာျဖစ္ရမယ္!"
"ငါတို႔လို လူသာမာန္ေတြနဲ႔ ယွဥ္ၿပီး ဒီရတနာေတြကို ႏွိမ္ႏွိမ္ခ်ခ်နဲ႔ လာလုရတာ သူ႔အတြက္ အေတာ္ကို ခက္ခဲမွာပဲ။"
ေျပာလိုက္သူက ခနဲ႔သံျဖင့္ေျပာလိုက္ျခင္းျဖစ္သည္။ အဲ့အခ်ိန္တုန္းက ငရဲသားမိသားစုေတြက အလြန့္အလြန္ ေမာက္မာၾကကာ တျခားသူေတြနဲ႔ ဘာဆိုဘာမွ အဆက္အဆံေတာင္ မလုပ္ခ်င္ၾကခဲ့တာျဖစ္သည္။ အဲ့အတြက္ေၾကာင့္ သူတို႔ သတၱဳေၾကာကို ရွာေတြ႕ခဲ့ၾကမယ္ဆိုရင္ေတာင္မွ လာခ်င္စိတ္ရွိၾကမည္မဟုတ္။ ဒါေပမဲ့ သူတို႔ေတြက ငရဲျပည္ရဲ့ ကနဦးလူသားေတြျဖစ္ၾကတာေၾကာင့္ရယ္၊ ဟိုးေရွးေခတ္ပေဝဏသီကတည္းက အေျခက်ေနထိုင္ခဲ့ၾကသူေတြျဖစ္ၾကတာေၾကာင့္ရယ္တို႔ေၾကာင့္ သူတို႔သိမ္းဆည္းထားခဲ့ၾကတဲ့ ပိုင္ဆိုင္ပစၥည္းတို႔က တျခားဘယ္မိသားစုထက္မဆို မ်ားျပားလွသည္။ အဲ့အတြက္ေၾကာင့္ တျခားမိသားစုေတြအေနနဲ႔ ငရဲသားမိသားစုက သတၱဳေၾကာကို သူတို႔နဲ႔ယွဥ္ၿပီး ဝင္မလုရင္ ပိုေကာင္း၏။
မင္ခ်င္းရွက သူတို႔ရဲ့ေဆြးေႏြးစကားေတြကို ၾကားၿပီးျဖစ္ကာ သူ႔ရဲ့ ေခ်ာေမာခန့္ညားတဲ့မ်က္ႏွာက လုံးဝကို ဆူပုပ္သြားေတာ့သည္။
ငရဲသားမိသားစုက သူတို႔ရဲ့ေတာက္ပမွုေတြ ေပ်ာက္ကြယ္သြားၿပီးျဖစ္ၾကေပမဲ့ သူ႔အေနနဲ႔ေတာ့ တျခားသူေတြ သူတို႔မိသားစုကို ခုလိုမ်ိဳး လာေစာ္ကားေနတာကို ခြင့္ျပဳမွာမဟုတ္။ လြန္ခဲ့တဲ့ေျခာက္လအတြင္း သူတို႔ငရဲသားမိသားစု ရခဲ့ရတဲ့ အရွက္ကြဲမွုေတြအကုန္လုံးကို သူ ေသခ်ာေပါက္ ျပန္တုန့္ျပန္လက္စားေခ်မွာ!
အခုျဖစ္ပ်က္သြားတဲ့ျဖစ္ရပ္က ဒီလူေတြ ဒီကို ဒီေန႔ေရာက္လာရတဲ့ရည္ရြယ္ခ်က္ကိုေတာ့ ေမ့သြားေအာင္မလုပ္နိုင္ေခ်။ သူတို႔က မင္ခ်င္းရွေျပာစကားေတြကို မသိမသာေထာက္ခံကာ ေလာင္နန္ရွုနဲ႔တျခားသုံးေယာက္တို႔ရဲ့ ရွင္းရွင္းလင္းလင္းေျဖဆိုခ်က္ကို ေစာင့္ေနၾက၏။
"မင္းတို႔ေတြ ငါ့ကို ေစာ္ကားေနတယ္လို႔ ငါထင္တယ္။" ေလာင္နန္ရွုဘယ္ေလာက္ပဲ စိတ္ရွည္ရွည္၊ ဒီ့ထက္ပိုၿပီး သူ သည္းမခံနိုင္ေတာ့ကာ မၾကည္မသာျဖစ္လာေတာ့သည္။
'ဒီအ႐ူးေတြက ရတနာေတြေၾကာင့္ လုံးဝႀကီးကို မ်က္ကန္းျဖစ္သြားၾကၿပီ။ သူတို႔ ဘာလို႔ အေၾကာင္းရင္းကို နားမေထာင္နိုင္ၾကတာလဲ? သူတို႔က ငါ့ကိုေတာင္ ေစာ္ကားရဲေနၾကပါလား? သည္းမခံနိုင္စရာပဲ။ မင္းတို႔ေတြ ငါ့မယုံမွေတာ့ ငါတစ္ခြန္းမွ ထပ္မေျပာေတာ့ဘူး'
"သခင္ေလးေလာင္၊ စိတ္မဆိုးပါနဲ႔။ တကယ္ေတာ့လည္း ဒါက အေရးႀကီးတဲ့ကိစၥရပ္တစ္ခုပဲေလ။ ငါတို႔ လက္ဗလာနဲ႔ျပန္သြားမယ္ဆိုရင္ ငါတို႔ေခါင္းေဆာင္က ငါ့ကိုအပစ္တင္ေျပာဆိုလာၾကေတာ့မွာ၊ ငါ သူ႔ကိုမရွင္းျပနိုင္ဘူး။ ငါက အေျခအေနတစ္ရပ္လုံးကို ရွင္းရွင္းလင္းလင္း နားလည္ခ်င္တာပဘ။ တကယ္လို႔ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြမွာ တကယ္ႀကီးကို ပိုင္ရွင္ရွိေနခဲ့တယ္ဆိုရင္ ငါ ငါ့လူေတြကို ဒီေနရာကေန ျပန္ေခၚသြားၿပီး တစက္ကေလးေတာင္ မတုန့္ဆိုင္းဘဲ လွည့္ျပန္သြားမွာပါ။" ေလာင္နန္ရွု ေဒါသထြက္လာတာကိုျမင္ေတာ့ ေဖာ္ယင္းက ဂူနီလာကုန္သည္ႀကီးမ်ားအသင္းရဲ့ အေနအထားကို ထည့္ေတြးၿပီး ထပ္ေဆာင္းေျပာလိုက္၏။
မာနေမာက္ေနတဲ့မ်က္ႏွာရွိတဲ့မင္ခ်င္းရွကလြဲလို႔ တျခားသူေတြကလည္း ေဖာ္ယင္းေျပာတဲ့အေပၚ ဝင္ေထာက္ခံလိုက္ၾကသည္။
သူတို႔ရဲ့ရွင္းျပခ်က္ေတြကို ၾကားၿပီးေနာက္ ေလာင္နန္ရွု မ်က္ႏွာျပန္ေကာင္းလာကာ မီးစ စေမႊးလိုက္တဲ့ မင္ခ်င္းရွကို ၾကည့္လိုက္၏။ တဖက္သားက နဂိုအတိုင္း သေဘာထားေျပာင္းမသြားတာကိုျမင္ေတာ့ ေလာင္နန္ရွု မ်က္ခုံးပင့္မသြားပဲ မေနနိုင္ေတာ့ေခ်။ မင္ခ်င္းရွက ေလာင္နန္ရွုရဲ့ အၾကည့္ကို ခံစားမိလိုက္ကာ တဖက္လူရဲ့ အပစ္ကင္းစင္မွုကို ရယ္သြမ္းေသြးလိုက္သလိုမ်ိဳး ေလွာင္ျပဳံးတစ္ခ်က္ ျပဳံးလိုက္၏။
"မင္းက စြန့္ပစ္ခံလူတစ္ေယာက္ေလးပဲ။ တခ်ိန္လုံး အဲ့ဒီ့ထီမထင္မ်က္ႏွာထားႀကီးလုပ္ေနၿပီး မင္းမွာ ဦးေဏွာက္လုံးဝ ရွိမေနတာေတာ့ ရွက္စရာေကာင္းလိုက္တာ။"
အဲ့အခ်ိန္မွာပဲ ေလာင္နန္ရွုေနာက္ကေန ေအးစက္တဲ့အသံတစ္သံ ထြက္လာ၏။ ေျပာလိုက္သူကေတာ့ တခ်ိန္လုံး စကားတစ္ခြန္းမွ မေျပာေသးတဲ့ ကာလြမ္သလာပင္။
လူတိုင္း ၾကည့္လိုက္ၾကေတာ့ ကာလြမ္သလာက သူ႔ရဲ့ ေခ်ာေမာတဲ့မ်က္ႏွာက ဇြန္ဘီတစ္ေကာင္လို ေအးစက္တဲ့မ်က္ႏွာအျဖစ္ေျပာင္းသြားကာ ေလွာင္ရိပ္စြက္ေနတဲ့ မ်က္လုံးတို႔နဲ႔ မင္ခ်င္းရွကို ေအးစက္စက္ၾကည့္ေနတာကို ေတြ႕လိုက္ရ၏။ သူ႔ေလသံကလည္း အေတာ္ႀကီးကို ေလွာင္သံစြက္ေနသည္။
မင္ခ်င္းရွရဲ့မ်က္ႏွာ တမဟုတ္ခ်င္း မည္းသြားကာ ကာလြမ္သလာကို ေဒါသတႀကီးအၾကည့္တို႔နဲ႔ၾကည့္လိုက္ၿပီး၊ "ငါ့မွာ ဦးေဏွာက္မရွိဘူးလို႔ မင္းကမ်ားေျပာဝံ့တယ္?"
"အထင္မမွားပါနဲ႔။ ငါေျပာတာက ငရဲသားမိသားစုတစ္စုလုံးကိုေျပာတာပါ၊ မင္းကိုပဲမဟုတ္ပါဘူး။" ကာလြမ္သလာက ေအးစက္စက္ေျပာလိုက္၏။ သူ မင္ခ်င္းရွေရာ ငရဲသားမိသားစုကိုေရာ မ်က္စိထဲမထားတာ ရွင္းလွသည္။
"မင္း..." ကာလြမ္သလာ အဲ့လို တည့္တို႔ေျပာလိုက္ၿပီးေနာက္ မင္ခ်င္းရွတစ္ေယာက္ ေၾကာက္စရာအရွိန္အဝါကို တကိုယ္လုံးထုတ္လႊတ္လိုက္ေတာ့သည္။
"ဟမ့္၊ ခုေခတ္လူငယ္ေတြ အရမ္းရိုင္းၾကတာပဲ။ ငါ့မိသားစု ဘာပဲျဖစ္သြားျဖစ္သြား မင္းလိုအငယ္တစ္ေယာက္အေနနဲ႔ ငါတို႔ကို လာအကဲျဖတ္ဖို႔အလွည့္မေရာက္ေသးဘူး။ ငါထင္တာမမွားရင္ မင္းက ဆူးလားမိသားစုကပဲ!"
မင္ခ်င္းရွ ကာလြမ္သလာရဲ့စကားတို႔ေၾကာင့္ တစ္ဆို႔သြားတဲ့အခ်ိန္မွာ လူအုပ္အေနာက္ဘက္ကေန အသက္ႀကီးႀကီးအသံတစ္သံ ထြက္လာ၏။ အစိမ္းေရာင္ဝတ္႐ုံဝတ္ထားတဲ့ မုတ္ဆိတ္ျဖဴ အဘိုးႀကီးတစ္ေယာက္ ေရွ႕ထြက္လာကာ ကာလြမ္သလာကို အေသအခ်ာ စိုက္ၾကည့္လိုက္သည္။ သူက ငရဲသားမိသားစုက အႀကီးအကဲတစ္ေယာက္ဆိုတာကို သူ႔စကားက လူတိုင္းေျပာနိုင္သည္။
ကာလြမ္သလာက အႀကီးကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူ႔လက္ထဲက ဓါးကိုသုတ္ဖို႔ ငုံ႔ၾကည့္လိုက္သည္။
ကာလြမ္သလာရဲ့အျမင္မွာေတာ့ ဒီလူက ငရဲသားမိသားစုက
You are reading the story above: TeenFic.Net