လဝန်း အတိတ်တွေထဲက ရုန်းထွက်နိုင်အောင် အချိန်တွေအများကြီးပေးခဲ့ရတယ်.......သူပြောခဲ့သလိုကံမကုန်လို့ပြန်ဆုံတွေ့ချိန် ရင်ခုန်သံတွေမဖြစ်ပေါ်မိအောင်ကြိုးစားနေခဲ့တာ, .......ဒီလောက်ဆိုလုံလောက်ပါပြီလေ..............................
လဝန်း.....ဟင်.... နင်ဘာတွေတွေးနေတာလဲ....သြော်ဘာမှမဟုတ်ဘူးဟိုတွေးဒီတွေးပါမြတ်ရယ်.....အင်းပါ.......အပြင်မှာအကြာကြီးမထိုင်နဲ့နော်....လေစိမ်းတိုက်တာကြာရင်ဖျားမယ်နော်.....အင်းပါ.........
လဝန်းချစ်ရသူက တည်ငြမ်တယ်၊အေးဆေးတယ်၊မိန်းကလေးတွေနဲ့အရှုပ်အရှင်းကင်းတယ်၊အလုပ်နဲ့ပက်သက်ရင်လည်း တိကျတယ်၊စည်းစနစ်ကြီးတယ်၊လွဲချော်မှုဆိုတာတစ်ကြိမ်တစ်ခါလေးတောင်မရှိဘူး၊သူကအရာရာကိုPERFECTဆိုတဲ့စကားလုံးနဲ့ လိုက်ဖက်မှုရှိစွာတောက်ပပေမယ့် လဝန်းအတွက်ဆို သူက အရာရာအေးစက်တည်ငြိမ်လွန်းနေခဲ့တယ်။
လဝန်းကိုမိဘတွေသဘောကျချစ်ရေးဆိုခဲ့တယ်၊လဝန်းသဘောကျဆိုတာထက် သူ့သဘောအတိုင်းပဲ လဝန်းဘက်ကအရာအားလုံးလိုက်လျောပေးခဲ့ရတယ်.........သူ့ဘက်ကချစ်ရသူဆုံးရှုံးခဲ့တယ်......လဝန်းဘက်ကနှလုံးသားတစ်ခုပြန်ပေးဆပ်ခဲ့ရတယ်။
လဝန်းနဲ့မဆိုင်တဲ့ကစားပွဲတစ်ခုမှာ....လဝန်းကိုယ်တိုင်တောင်မသိရပါပဲကစားခံခဲ့ရတယ်
လဝန်းကိုဒီကစားပွဲထဲကိုယ်တိုင်ဆွဲခေါ်ခဲ့သူက သူဖြစ်နေပြီး လဝန်းနှလုံးသားကို အကြိမ်ကြိမ်နင်းခြေခဲ့တယ်................... အဟက် သိပ်ကိုတရားမျှတလွန်းပါတယ်
ပြဿနာတွေအားလုံးပြီးဆုံးသွားချိန်သူပြောခဲ့တာက တောင်းပန်စကားတစ်ခွန်းမဟုတ်ခဲ့ဘဲ မင်းဖြစ်နေလို့ငါမချစ်နိုင်ခဲ့တာတဲ့
လဝန်းကိုနာကျင်မှုတွေပေးခဲ့တဲ့ချစ်ရသူနာမည်က လရောင်နက်တဲ့🖤
လဝန်း လဝန်း လဝန်း ဟင် ထတော့လေ ဒီနေ့နင်အန်နီချိုတို့ဆီသွားမယ်လို့လုပ်ထားတာလေ............အင်းဟုတ်တယ်အခုဘယ်နှနာရီရှိပြီလဲမြတ် ၇နာရီလေ ဟားနောက်ကျတော့မှာပဲ ငါမနက်စာပြင်ပေးထားတယ်.........မြန်မြန်လုပ်.....အင်းအင်း လဝန်းအိပ်ယာကနေအမြန်ထပြီး ပြင်ဆင်ရတော့တယ်
လှေကားကနေ လဝန်းပြေးဆင်းလာတဲ့အသံက သာယာငြိမ့်ညောင်းလှပါပေတယ်
လဝန်းကိုဒီနေ့မနက်စိတ်မကြည်မှာစိုးနေတာ မနေ့ကခြံထဲမှာထိုင်နေရင်း တွေးနေတာကလရောင်နက်အကြောင်းဆိုတာ မပြောလည်းသိနေတယ် လဝန်းကထုတ်သာမပြောတာသူအမြဲ အဲ့လူကိုသတိရနေတယ်ဆိုတာ သူ့အစ်ကိုကြောင့်ဖြစ်ခဲ့ရတဲ့ပြဿနာတွေပြီးကတည်း လဝန်းကအိမ်ကနေထွက်လာခဲ့ပြီး သူမနဲ့အတူ ၂ထပ်တိုက်ကိုစပ်တူဝယ်ပြီးသူ့မိသားစုနဲ့ခွဲနေတာ၅နှစ်တောင်ရှိပြီ....လဝန်းကိုအမြဲပြုံးရွှင်နေစေချင်တာ မြတ်အမြဲဖြစ်စေချင်တဲ့အရာတစ်ခုပါ
လဝန်း ဂေဟာကိုရောက်တော့ကလေးတွေစာသင်ချိန်ဖြစ်နေတယ် အဲ့တာနဲ့ဂေဟာမှူးအန်တီချိုနဲ့အတူမရောက်ဖြစ်တာကြာပြီဖြစ်တဲ့ဂေဟာကိုလှည့်လည်ကြည့်ရှူနေမိတယ်
သမီးမလာတာကြာတော့ကလေးတွေက မမလဝန်းရော မလာသေးဘူး သားတို့ကိုမေ့သွားပြီလားမသိဘူးနော်ဆိုပြီးတီချိုကိုလာလာမေးနေကြတာ သမီးအလုပ်တွေတအားများနေလို့ပါတီချို....တီချိုလည်းကလေးတွေကိုအဲ့လိုပဲပြောထားပါတယ်.....ကလေးတွေကိုအမြဲသတိရနေပြီးသားပါ
အခုသမီးလာတာသိရင်သူတို့လေးတွေတအားပျော်သွားမှာ......ဟီးဟီးဟုတ်ကဲ့တီချို
Author. Ester Linn🌻
You are reading the story above: TeenFic.Net