part4
Background color
Font
Font size
Line height
Zawgyi
ကံမကောင်းတာက ယခုဈေးသည် အလ်ာအလတ်နေရာတွင်ပဲ ရပ်နေလေသည်။
"ကြက်မွေးမယ်"
"ဘယ်အမျိုးအစားလဲ"
"CP"
"ဥစားလား"
"အင်း"
"ရတယ်"
ဝဿန် - .....
"ရတယ်"
သင်္ခါ - ......
ကြည့်ရာတာ သူဒီအလုပ်ကို တိုးချဲ့လုပ်ကိုင်ဖို့ လိုအပ်နေပုံပဲ။
ဝဿန် - ......
"ဒါလည်းဟုတ်တာပဲ" ဟု။
Uni
"၂၅၁၈ပေါင် ပေါက်ဈေး၅၅၀ ပေါင်း ၁၃သိန်း ၈သောင်း ၄ထောင် ၉ရာ ရာဘာဈေးတက်တဲ့နှစ်သာဆို မင်းတော်တော်ရမှာပဲ"
ကံမကောင်းတာက ယခုဈေးသည် အလာ်အလတ်နေရာတွင်ပဲ ရပ်နေလေသည်။
သင်္ခါခေါင်းညိတ်ပြီး ဘေးခပ်လှမ်းလှမ်းရှိ ရာဘာပေါင်ချိန်စက်ကို ကြည့်နေသည်။ သူသည် ယခင်အခါများထက် ပို၍ တိတ်ဆိတ်နေသည်ဟု ဝဿန်ထင်လိုက်မိ၏။ အမြဲလိုလိုတိတ်ဆိတ်ပြီး စကားသိပ်ပြောလေ့မရှိပေမဲ့ တစ်ခါတလေတော့ အဖြေပြန်ပေးလာတတ်ပြီး ယနေ့တွင် ပို၍တိတ်ဆိတ်နေပုံရသည်။
အနားရှိဝန်ထမ်းလေးသည် သူပိုက်လာခဲ့သောပိုက်ဆံထုပ်ကို လူနှစ်ယောက်ကြားရှိ စားပွဲပေါ်ချလိုက်ပြီး အားကျမှုပေါင်းများစွာဖြင့် ပြောလာသည်။
"ကျွန်တော်လေ ကိုသင်္ခါ့ကြောင့် ကိုလေးဆီကအလုပ်ထွက်ပြီး ရာဘာခြစ်စားချင်လာပြီ"
ဝဿန်က သူ့ဘေးရပ်နေသောဝန်ထမ်းလေးကို ဖောင်တိန်ဖြင့်လှည့်တောက်၍...
"ငါလည်းမျှော်လင့်မိပါရဲ့... မင်းပုံစံနဲ့တစ်ပတ်ခံရင်ကံကောင်း"
ဝန်ထမ်းလေးက ခေါင်းခါရင်း စိတ်မောစွာဆိုကာ ပြန်ထွက်သွား၏။
"ဆိုးဝါးတာက ကျွန်တော်အိပ်ရေးပျက်မခံနိုင်ဘူးဗျ တစ်ယောက်တည်းသာလုပ်ရရင်တော့ ပင်ပန်းသေမှာ"
ထိုစကားကြားတော့ ဝဿန်ကရယ်သည်။
သင်္ခါ... သူ့ရှေ့ကလူကိုကြည့်ပြီး 'ဒီလူရယ်တဲ့ပုံက တော်တော်ကြည့်ကောင်းတာပဲ'ဟု တွေးလိုက်မိသည်။
ဝဿန် သူ့ရှေ့က ငေးငိုင်နေတဲ့ကောင်လေးအား ပြုံးပြကာ...
"ရာဘာခြစ်ရာသီကုန်ပြီဆိုတော့ ဘာဆက်လုပ်မယ်စဉ်းစားထားလဲ"
ပိုက်ဆံအတော်အတန်စုထားမိလောက်ပြီဖြစ်ကာ တစ်ခုခုတော့ အစီအစဉ်ရှိလိမ့်မည်ထင်သောကြောင့် ထိုသို့မေးလိုက်ခြင်းဖြစ်သည်။ သူ့(ဝဿန်)ဆီကနေတစ်ဆင့်ဝင်သွားသည့် ငွေသားကတင် သိန်းခြောက်ဆယ်ကျော်နေလေပြီ။
သင်္ခါတွန့်ဆုတ်နေပြီးမှ အမှန်တိုင်းဖြေလိုက်သည်။
"ကြက်မွေးမယ်"
ဝဿန် မေးကိုအသာထောက်၍ ကောင်လေးကို စိုက်ကြည့်ကာ...
"ဘယ်အမျိုးအစားလဲ"
"CP"
"ဥစားလား"
"အင်း"
"ကြက်မွေးမယ်လို့ ဘယ်လိုစဉ်းစားမိလိုက်လဲ"
"လူတိုင်းဝယ်စားနိုင်တယ်"
ပြီးတော့ နေ့တိုင်းလည်း ဝယ်စားကြတယ်။
အမှန်တကယ်ပင် ကြက်ဥသည် လူအများစုစားသုံးသော ထမင်းဝိုင်းတွင်မကြာခဏပါတတ်သည့် အခြေခံအစားအစာတစ်မျိုးဖြစ်နေသည်။
သူမေးသမျှကို မှင်သေသေဖြင့် တိုတုတ်တုတ်ပြန်ဖြေလာပုံကြောင့် နှုတ်ခမ်းကို ခပ်သာသာကိုက်လိုက်မိ၏။ ဆံပင်အားဖွ၍ မျက်နှာကိုဖျစ်ညှစ်ပစ်လိုက်ချင်စိတ်က ထိန်းမနိုင်သိမ်းမရ။
အတွေးများဖြင့် ဝဿန်စိတ်မောသွားရသည်။ အဘယ်ကြောင့်ဆိုသော သည်ကောင်လေးအပေါ် သတိထားစူးစိုက်မိရာက သူ၏မရိုးမဖြောင့်စိတ်တို့ စတင်လာခဲ့ပြီဖြစ်ကြောင်းကို သိပ်မကြာသေးခင်ကမှ သတိထားမိလိုက်သောကြောင့်ပင်။ တစ္လေနမွ တစ်ခါသာတွေ့ဖြစ်ပြီး တွေ့ဖြစ်သောအချိန်တို၌လည်း အပိုစကားသိပ်မဆိုခဲ့ဖူးသော ခပ်စိမ်းစိမ်းအမျိုးသားလေးတစ်ယောက်အပေါ် စိတ်ခံစားချက်တို့ ရှိလာလိမ့်မည်ဟု မေတြးဖူးခဲ့။ ငါးလသောအချိန်၌ လေးခါသောတွေ့ဆုံမှုတို့ဖြင့် သူ၏သီးသန့်သောအချိန်များကို အေတြးထဲ၌ ဖဲ့ယူသည်။
ရိုးရိုးကုပ်ကုပ်လေးနဲ့ ဒီကောင်လေးက ခံစားချက်တို့သိမ်းပိုက်အနိုင်ယူရာမှာတော့ တော်တော်ဆိုးဆိုး။
မလွှဲတမ်းစိုက်ကြည့်နေမိ၍ထင့်။ လက်သီးဆုပ်လေးနှုတ်ခမ်းနားကပ်၍ အဟမ်းဟုချောင်းဆိုးလိုက်သော ပန်းရောင်ပြေပြေမျက်နှာလေးအပြင် နားသန်သီးတို့ကပါ ရဲရဲနီ၏။ အတော်အတန်ဖြူသောအသားအရည်ရှိ၍ သတိမထားမိလိုက်ဖို့ ခက်ခဲသည်။
"ဆိုတော့ အဆက်အသွယ်ရှိလား"
အကြပ်အတည်းကနေဆွဲထုတ်ပေးရင်း မေးတော့ ခေါင်းလေးခါပြသည်။ ဝဿန့်မျက်လုံးလက်ခနဲ ဖြစ်သွားခဲ့သည်။
"ဒါဆို ဘယ်လိုလုပ်မယ်စဉ်းစားထားလဲ..."
အချိန်ကြာသည်အထိ ပြန်ဖြေမလာ။ ကြည့်ရသည်မှာ ကြက်မွေးဖို့အတွေးသာရှိနေပြီး ဘာကိုမှစဉ်းစားရသေးဟန်မပေါ်။ ခဏအကြာတွင်မှ...
"ကိုမျိုးနဲ့တိုင်ပင်လိုက်မယ်" ဟုဆိုလာသည်။ ဝဿန်အနည်းငယ်ဘဝင်မကျဖြစ်သွားပြီး မထိန်းနိုင်စွာဖြင့်...
"ဘာလို့ကိုယ်နဲ့မတိုင်ပင်တာလဲ"
ပြောလိုက်ပြီးခါမှ သူတို့နှစ်ယောက်၏ဆက်ဆံရေးသည် သူငယ်ချင်းမိတ်ဆွေအဖြစ်တောင်မရောက်သေးမှန်း သတိပြန်ထားမိလိုက်ပြီး ဟန်ကိုယ်ကို့ဖို့လိုက်သည်။
"ကိုယ်ပြောချင်တာက ကိုယ့်မှာအဆက်အသွယ်ကောင်းရှိတယ်လေ"
"ရတယ်"
ဝဿန် - .....
ကောင်လေးရေ... နည်းနည်းလောက်ဖြစ်ဖြစ် လိုက်လျောညီထွေဖြစ်စမ်းပါ။
ဝဿန်က လက်မလျော့ဘဲ ဆက်၍...
"ကိုယ်လည်းနည်းနည်းလောက်မွေးမလားလို့ စဉ်းစားနေခဲ့တာ။ ဘာဖြစ်ဖြစ်ကိုယ်ကအမြဲမကြည့်အားသလို မင်းကလည်းအများကြီးနားမလည်ဘူး"
တကယ်တော့ သူကိုယ်တိုင်ကလည်း ကြက်မွေးသည့်အကြောင်းနားမလည်ပါဘူး။
ကောင်လေးက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ မျက်ဝန်းနက်နက်တို့က တွေးတောနေဟန်။ ဝဿန်ဆက်၍ မြူဆွယ်ရေးတရားစဟောလိုက်သည်။
"ညီက ရိုးသားတဲ့ ကြက်သားဖောက်သူနဲ့တွေ့ခဲ့ရင် အဆင်ပြေပေမဲ့ တခြားလှည့်စားတတ်တဲ့သူတွေနဲ့ဆို အထာမနပ်ရင်ခံရလိမ့်မယ်"
သူပြောသမျှကို နားစွင့်နေပုံက ငြိမ်ငြိမ်ကုပ်ကုပ်ကလေး။ ဝဿန်တစ်ယောက် ကြားဖူးနားဝရှိသမျှတို့ကို စရွှီးတော့သည်။
"ကြက်မွေးတော့မယ်ဆို ညီ့ရွေးခြယ်မှုမှန်ကန်မှရလိမ့်မယ်။ တအားနုတဲ့ကြက်ကိုဝယ်ရင်လည်း ဥမဥခင်တင် အစာဖိုးအများကြီးစိုက်ထုတ်ထားရပြီး ရနိုင်မဲ့အမြတ်ရာခိုင်နှုန်းက ပိုနည်းသွားမှာ။ မှန်ကန်တဲ့အခြေနေကိုရွေးနိုင်ရင်တောင် လိမ်လည်သူနဲ့တိုးလို့ ညီသတိမထားမိလိုက်ရင် ခံရမွာပဲ။ ဥပမာကြာ ညီက ကြက်မဒမ်းတွေကိုရွေးထားပေမဲ့ သွားထုတ်ယူတဲ့အချိန်ကြမှ ဥဆုံးခါနီးလို့ ဈေးကွက်ထဲဈေးပေါပေါနဲ့ပြန်ရောင်းချမဲ့အကောင်နဲ့ အစားထိုးလိုက်တာမျိုးတို့ပေါ့"
သင်္ခါထိုစကားများကြားပြီးနောက် တွက်ချက်လိုက်သည်။ တစ်ယောက်နဲ့အတူ တွဲလုပ်ရလိုက်ရလည်း ကိစ္စတော့မရှိ။ သူကိုယ်တိုင်ကလည်း ထိုလူ့ကို မသိစိတ်ကနေယုံကြည်မိသည်။
"ကျွန်တော်ရွာမှာပဲမွေးမှာ... ခင်ဗျား..."
"ရတယ်"
သင်္ခါ့စကားပင်မဆုံးလိုက်။ ဝဿန်က မျက်ဝန်းများပိတ်ကျသွားသည်အထိ ကျေနပ်ပြုံးဖြင့်ပြုံးလိုက်ကာ...
"နေရာဒေသနဲ့ပတ်သက်လို့ ပြဿနာမရှိဘူး။ ညီဘယ်မှာပဲမွေးမွေး ကိုယ့်အတွက်အဆင်ပြေတယ်"
နောက်ဆုံးတွင် နှစ်ဦးသားသဘောတူညီချက်ရကာ ကြက်မွေးမြူရေးစင်တာသို့ သွားရောက်စုံစမ်းရန် ရက်ချိန်းလိုက်ကြသည်။
သူတို့ရွေးခြယ်ခဲ့သည့် ကြက်တစ်ကောင်၏ဈေးနှုန်းမာှ ခြောက်ထောင်ဖြစ်ကာ အကောင်လေးရာအတွက် ၂၄သိန်းဖြစ်သည်။ ကြက်စာများမှာ တစ်အိတ်ကိုနှစ်သောင်းကျော်ကျ၍ ကြက်ကောင်ရေလေးရာ၏ တစ်ပတ်စာအတွက် အကြမ်းဖျင်းလေးအိတ်ကုန်လိမ့်မည်။ အစာနှင့်ဆေးကိုရွေးရာ၌လည်းကောင်း၊ အစာကျွေးနှုန်း၌လည်းကောင်း ဥထွက်နှုန်းကောင်းသော၊ ကြီးသော စသည်တို့အပေါ် သက်ရောက်မှုရှိသည်။ အရင်းနှင့်အမြတ်အစွန်းမှန်သမျှကိုတော့ တစ်ယောက်တစ်ဝက်ဟု နှစ်ဦးသဘောတူထားခဲ့ကြသည်။
(AN/ ကြက်မွေးဖူးသူတွေရှိလား။ လိပ်ပတ်လည်အောင်မရှင်းပြတတ်ဘူး။ ပြီးတော့အစာကျွေးနှုန်းတွေကလည်း မှန်ချင်မှမှန်လိမ့်မယ်။ မှတ်ဉာဏ်ကဝေဝါးဝါးရယ်နဲ့မို့ သိပ်သေချာမမှတ်မိ။ GGကလည်း မခေါက်ချင်(ခေါက်နေရင်း စာရေးချင်စိတ်ပျောက်တတ်လို့)
ကြက်မွေးမည့်နေရာကိုတော့ ရွာနားကလယ်ကွင်းထဲတွင် ဆောက်မည်ဖြစ်ပြီး ရွာနှင့် ဆယ့်ငါးမိနစ်စာလမ်းလျှောက်ရမည့်အကွာအဝေးတွင်ရှိသည်။ ကြက်ရုံဆောက်ရန်အတွက် သင်္ခါက တောင်ပေါ် ဝါးတက်ခုတ်မည်ဖြစ်သည်။ ထို့နောက် ဝယ်ထားသောဓနိမိုးဖြင့် အမိုးအကာပြုလုပ်ကြမည်။ ဘေးတွင်တော့ ကြက်စာအိတ်များသိမ်းရန်နှင့် အနားယူရန်အတွက် နေရာနည်းနည်းယူကာ ဆောက်ရမည်ဖြစ်သည်။
ဝဿန်ကတော့ ကြက်များထည့်ရန် ကြက်လှောင်အိမ်(ကြက်ခြင်း)တို့နှင့် ရေသွယ်မည့်ပိုက်များ၊အစာထည့်ရန်နေရာများအတွက် တာဝန်ယူသည်။ ကြက်ရုံစဆောက်သည့်နေ့တွင် ကိုမျိုးသည် လူအချို့ကိုခေါ်လာခဲ့ပြီး ဝိုင်းကူလေရာ မြန်မြန်ဆန်ဆန်ပြီးသွားခဲ့သည်။
ကြက်ရုံပုံစံ၏အကြမ်းဖျင်းမှာ ဘေးဘယ်ညာနှင့်အလယ်တွင် သံခြင်းများကို အလျားလိုက်တန်းထားသည်ဖြစ်ကာ ထိုခြင်းများ၏ရှေ့တွင် အစာခွက်ရှိနေပြီး အပေါ်ဘက်တွင် ရေသောက်ရန်နေရာရှိသည်။ ရေသောက်သည့်နေရာနှင့်ကြက်စာထည့်သည့်နေရာကို ၎င်းအရှည်အတိုင်း ထက်ခြမ်းခွဲထားသော ကော်ပိုက်လုံးများဖြင့် တပ်ဆင်ထားခြင်းသာ။ ကြက်သည်အစာစားရန်အတွက် ခေါင်းအားအပြင်ထုတ်ရုံသာလိုပြီး ရေသောက်ရန်အတွက် လည်ဆန့်လိုက်ရုံသာလိုအပ်သည်။
ကြက်များကို ကားဖြင့်တင်ဆောင်လာသည့်နေ့မှာတော့ ဝဿန်ကပါ လိုက်လာခဲ့သည်။ ခြင်းတစ်ခြင်းစီတွင် ကြက်အကောင်ရေ နှစ်ကောင်သုံးကောင်မျှထည့်ပြီးနောက် လေးရာသောကြက်တို့က ရုံအပြည့်နေရာယူလိုက်ကြသည်။ ကြက်များဥချလာသောအခါ အနည်းငယ်စောင်းထားသောခြင်းအောက်ခြေကနေလိမ့်ကျလာလိမ့်မည်ဖြစ်ပြီး အလွယ်တကူလိုက်ကောက်ယူရုံ။
တိ-ဘက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်များကို အလေးအနက်နားထောင်နေသော သင်္ခါ။ တစ်စုံတစ်ယောက်၏စိုက်ကြည့်နေခြင်းကို ခံစားသိရှိလိုက်ကာ ဘေးလှည့်ကြည့်သည်။ ဝဿန်က ခေါင်းကိုခါ၍ ဆရာဝန်ညွှန်ကြားချက်အား အာရုံစိုက်ရန်သတိပေးလိုက်ရင်း တစ်ဖက်လှည့်ပြုံးလိုက်သည်။
တစ်ပတ်လောက်အကြာတွင် ကြက်များစဥလာပြီဖြစ်သည်။ ဥခါစဖြစ်သောကြောင့် ဟိုတစ်လုံးဒီတစ်လုံးနှင့်အရေအတွက်သိပ်မများချေ။ သို့သော်လည်း ကြက်မွေးခြင်းကို အထူးအဆန်းလာကြည့်ကြသည့် ပန်းလှည်းရွာသားတို့က ဝယ်ယူအားပေးဖို့အတွက် တွန့်ဆုတ်မနေခဲ့။
ဒါက လက်ကားဆိုင်များထက် သာ၍ဈေးချိုကာ ပိုမိုလတ်ဆတ်လေသည်။ ကြက်စဥပြီး နှစ်ရက်မြောက်နေ့မှာပင် မကြာခင်ရောက်ရှိလာမည့် ပန်းလှည်းပွဲတော်အတွက် အော်ဒါအလုံးနှစ်ရာကျော်ကို လက်ခံရရှိလိုက်သည်။
သင်္ခါ - ......
ကြည့်ရာတာ သူဒီအလုပ္ကို တိုးချဲ့လုပ်ကိုင်ဖု့ိ လိုအပ်နေပုံပဲ။
ဝဿန်ကသူ၏အတွေးကို ဖမ်းဆုပ်၍...
"အရမ်းကြီးမလောနဲ့... ဖြည်းဖြည်းချင်းသွား။ မင်းရဲ့အကောင်ပေါက်တွေကဖြင့် တစ်နေ့နေလို့မှ အလုံးရေတစ်ရာမဥချနိုင်သေးဘူး"
သီးသန့်အော်ဒါကိုထည့်မတွက်နဲ့ဦး။ နေ့စဉ်စားသုံးသူတွေနဲ့တင် မလောက်ငှသေးတာ။
သင်္ခါက တွေးဆဆဖြင့် တီးတိုးပြောလာသည်။
" ကျွန်တော်တို့ မဖြစ်မနေထပ်တိုးသင့်တယ် "
အစမှာတောင် ဒီလောက်တောင်ရောင်းရရင် နောင်အနီးအနားရွာကလူတွေပါသိလာချိန် ဘယ်လောက်တောင်အရောင်းသွက်လိမ့်မလဲ။
ပြီးတော့ အရေအတွက်အများကြီးနဲ့ပိုက်ဆံတွေကိုလည်း နေ့တိုင်းမြင်နေရလိမ့်မယ်။ ပြီးရင် သူ့ရဲ့ငွေသေတ္တာလေးထဲ ပိုက်ဆံတွေပြည့်လာလိမ့်မယ်။
ဝဿန် - ......
"မင်းအခုထပ်တိုးရင်တောင် ခုချက်ချင်း မဥချနိုင်ဘူးလေကွာ"
စိတ်အားတက်ကြွနေသောမျက်နှာလေးသည် ရုတ်တရက်ပြန်ညိုးကျသွားခဲ့ပြီး နှုတ်ခမ်းလှုပ်ရုံရေရွတ်လာလေသည်က...
"ဒါလည်းဟုတ်တာပဲ" ဟု။
ဝဿန်တစ်ယောက်သည်တော့ ဒီတစ်ယောက် ငွေကိုအရူးအမူးစွဲလန်းသည့်နေရာမှာ သူ့ထက်ပိုဆိုးနေပြီဟု တွေးလိုက်မိလေသည်။
You are reading the story above: TeenFic.Net