🩺 Chapter 1.1
Background color
Font
Font size
Line height
🩺 Chapter 1.1   
ညခုနစ်နာရီတွင် ရှန်းထင်းကျိုးသည် လိပ်ပြာခေါက်ဆွဲကို ကိုယ်တိုင်ချက်လိုက်သည်။
အိုးထဲ အသားဆော့စ်လောင်းပြီးသည်နှင့် တံခါးခေါက်သံရုတ်တရက်မြည်လာသည်။
တံခါးအပြင်ဘက်ရှိလူသည် အလျင်လိုနေပုံရပြီး လူခေါ်ခေါင်းလောင်းသံသာမက တံခါးကိုလည်း ကမန်းကတန်းခေါက်နေခဲ့သည်။
ရှန်းထင်းကျိုး အနည်းငယ်ထိတ်လန့်သွားသည်။  ပန်းကန်ပြားကိုချလိုက်ပြီးသည်နှင့် တံခါးဖွင့်ဖို့လျှောက်လာခဲ့သည်။
တံခါးအပြင်ဘက်တွင် အနက်ရောင်ဝတ်စုံနှင့် နေ ကာမျက်မှန်အမည်း ဝတ်ဆင်ထားသည့် ရင်းနှီးသောမျက်နှာနှစ်ခုအားတွေ့လိုက်ရသည်။
ရှန်းထင်းကျိုး၏တုံ့ပြန်မှုကိုစောင့်မနေဘဲ လူနှစ်ယောက်သည် သူ့အား တစ်ဖက်တစ်ချက်စီ ဂျိုင်းမှ 'မ' ကာထွက်သွားကြသည်။
ရှန်းထင်းကျိုး :!!!
ထွားကျိုင်းသောအမျိုးသားနှစ်ဦး၏ရှေ့တွင်၊ 1.8 မီတာရှိသော ရှန်းထင်းကျိုးသည် ၎င်းတို့ထံမှ ဓာတ်လှေကားအဝင်ပေါက်ဆီသို့ ကြက်ပေါက်လေးတစ်ကောင်နှယ် ဆွဲထုတ်ခံလိုက်ရသည်။
သူ့ခြေထောက်တွင်ဝတ်ထားသည့် အမွေးပွဖိနပ်တစ်ရံမှာ ခရီးအလယ်မှာပင်ပြုတ်ကျသွားသည်။
အနက်ရောင်၀တ်ထားသူမှာ ရပ်လိုက်ပြီး ဖိနပ်တစ် ဖက်ကိုကောက်ကိုင်လိုက်ပြီး သူ့အပေါ်ကိုပစ်တင်လိုက်သည်။
ရှန်းထင်းကျိုး၏သူငယ်အိမ်များ အနည်းငယ်တုန်ခါသွားကာ ပုံမှန်အားဖြင့် အေးဆေးတည် ငြိမ်သော မျက်နှာမှာ အပြိုပြိုအလဲလဲဖြစ်နေပြီး “မင်း ဘာလုပ်နေတာလဲ ?”
ဖိနပ်တစ်ရံကိုကောက်ကိုင်လိုက်သော အမျိုး သားကတစ်ချက်ကြည့်လိုက်ပြီး
“ဒေါက်တာရှန်း မစ်စတာဟဲ နည်းနည်းနေမကောင်းဘူး။"
ရှန်းထင်းကျိုးအသက်ရှုမဝတော့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ညဝတ်အင်္ကျီကိုကြည့်ပြီး “ဒါဆို မင်း ငါ့အဝတ်အစားလဲတာ ခဏစောင့်” ဟုကြောင်တောင်တောင်နှင့် ပြောလိုက်သည်။
ထိုလူ၏အမူအရာသည် ရှန်းထင်းကျိုးထက်ပင်ပိုသိမ်မွေ့လှသည်၊ “မစ္စတာ၊ သူ့ရောဂါက နည်းနည်းအရေးတကြီးဖြစ်နေတယ်” 
ရှန်းထင်းကျိုး သံသယဝင်လာပြီး
"ဘယ်လောက်အရေးကြီးနေလို့လဲ"
နည်းနည်းနေမကောင်းတာလို့ ပြောတာမဟုတ်ဘူးလား ??
"အရမ်းအရေးကြီးတယ်"  ထိုလူသည် ရှန်းထင်းကျိုး၏အကြည့်ကိုရှောင်လိုက်သည်။ 
"အဲဒီကိုရောက်ရင် သိပါလိမ့်မယ်။"
အောက်ထပ်ရောက်သည်နှင့်ဓာတ်လှေကားတံခါးပွင့်လာသည်။
သူတို့နှစ်ဦးအကြည့်ချင်းဖလှယ်ကာ ရှန်းထင်းကျိုး ထံမှ လက်ကိုတိတ်တဆိတ်ရုတ်သိမ်းကာ ဓာတ်လှေကားထဲမှလျှောက်ထွက် သွားကြသည်။
ရှန်းထင်းကျိုး : ……
–
လွှမ်းမိုးချုပ်ကိုင်တတ်သော သူဌေးဝတ္ထုတိုင်းတွင် "သခင်လေး အရမ်းပျော်နေတာ မမြင်ရတာကြာပြီ" ဟုပြောမည့် အိမ်ထိန်းမှ တပါး မိသားစုဆရာဝန်တစ်ဦးလည်းမရှိမဖြစ်လိုအပ်သည်။
ရှန်းထင်းကျိုး သည် မိသားစုဆရာဝန်တစ်ဦးဖြစ်ပြီး လွှမ်းမိူးချုပ်ကိုင်တတ်သောသူဌေးများ၏ ခက်ခဲသောပြဿနာအားလုံးကို ဖြေရှင်းရန်ကူညီပေးခဲ့သည်။
အမှန်ပဲ၊ သူဌေးတွေ !!
သူ့ထံ အလုပ်ရှင်စုစုပေါင်းလေးယောက်ရှိသည်။  အလုပ်ရှင်နံပါတ် 1 သည် သူ့အား ခေါင်းကိုက်စေသည်။ ဒီကိုယ်ရံတော်နှစ် ယောက်သည် အလုပ်ရှင် 1 ထံမှဖြစ်သည်။
ရှန်းထင်းကျိုးကို သက်တော်စောင့်များမှကားထဲသို့ တွန်းပို့ပြီးနောက် အနက်ရောင် Bentley သည် ဖြတ်လမ်းကိုဖြတ်ကာ ဟဲရန်ထင်း၏ဗီလာဆီသို့ မိနစ်နှစ်ဆယ်ကျော်ကြာအောင်မောင်းခဲ့ရသည်။
ရှန်းထင်းကျိုးကို ကိုယ်ရံတော်များမှ ကားထဲသို့တွန်းပို့ပြီးနောက် အနက်ရောင် Bentley သည် ဖြတ်လမ်းကိုဖြတ်ကာ ဟဲရန်ထင်း ၏ဗီလာသို့ သွားရာလမ်းတွင် မိနစ်နှစ်ဆယ်ကျော်ကြာမောင်းခဲ့ရသည်။
သူကားပေါ်မှ ဆင်းသည့်အခါ မူးဝေအားနည်း၍ ခြေမခိုင်သလို ခံစားလိုက်ရသည်။
ဒါကို ကိုယ်ရံတော်ကမြင်သွားပြီး တုံ့ဆိုင်းမနေပဲ သူ့ကိုလှမ်းဖမ်းလိုက်သည်။ ထို့နောက် မြန်မြန်လမ်း လျှောက်သွားလိုက်သည်။
ဟဲရန်ထင်း၏လက်ထောက်တံခါးကိုဖြတ်၍ဝင်လာသောအခါ ရှန်းထင်းကျိုးမျက်နှာပူသွားပြီး မလိုဘူးဟုပြောလုနီးပါးဖြစ်သွားသည်။
လက်ထောက်သည် ရှေ့သို့လှမ်းလာပြီး ရှန်းထင်းကျိုး၏လက်ထဲကို ဆေးသေတ္တာအားထည့်ပေးလိုက်ကာ " ဒုက္ခဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ် ဒေါက်တာရှန်း "ဟု ပြောလိုက်သည်။
ရှန်းထင်းကျိုးသည် သူနှင့် ဆေးသေတ္တာကို တံခါးအားဖြတ်၍ တွန်းပို့လိုက်သည့် အချိန်မတိုင်ခင်အထိစကားတစ်ခွန်းမှပြောရန် အချိန်မရလိုက်ပေ။
ရှန်းထင်းကျိုး: …….
ဒါက ဘယ်လိုအခြေအနေလဲ ??
သူသည် အမွှေးပွဖိနပ်နှင့် ညဝတ်အကျီကိုဝတ်ဆင်ထားပြီး စံအိမ်ဝင်ပေါက်မှာ မှင်သက်ကာ မတ်တပ်ရပ်နေခဲ့သည်။
လေထုထဲတွင် ပျံ့လွှင့်နေသည့်သံချေးတက်နေသောအနံ့သည် ရှန်းထင်းကျိုး၏ နှာခေါင်းထိပ်ကိုလှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။
ဆရာဝန်တစ်ယောက်အနေဖြင့် သွေးနံ့ကို ထူးထူးခြားခြားအာရုံခံစားမိပြီး အနံ့၏နောက်သို့လိုက်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။
ဝင်ပေါက်ကိုဖြတ်သွားပြီး ဧည့်ခန်းထဲမှ အခြေအနေကိုမြင်လိုက်ရသောအခါ ရှန်းထင်းကျိုး၏နှလုံးခုန်သံများမြန်သွားရသည်။
ကြမ်းပြင်တွင် တစ်စစီဖြစ်နေသောမှန်ကွဲစများနှင့် သွေးများစွန်းထင်းနေသည်။ ပရိဘောဂများမှာ ဝရုန်းသုန်းကားမှောက်လျက်သား ဖြစ်နေပြီး စကျင်ကျောက်ကော်ဖီစားပွဲမှာလည်း ပင့်ကူအိမ်ကဲ့သို့အက်ကွဲကြောင်းများရှိနေပြန်သည်။
ကြမ်းပြင်မှမျက်နှာကြက်ထိ ကြီးမား သောပြတင်းပေါက်ရှေ့တွင် ရှန်းထင်းကျိုး၏ အလုပ်ရှင်သည် ရင်ဘတ်နှင့် လက်များတွင် သွေးများစွန်းထင်းနေပြီး ရှပ်အကျီမှာလည်း သွေးများစွာစွန်း ထင်းနေသော လူငယ်တစ်ဦးကိုလည် ပင်းညှစ်ထားသည်။ သူ့နံဘေးရှိလိုက် ကာများမှာ လေကြောင့်တလွှားလွှားလွင့်ပျံလို့နေသည်။
Oh My God ! ဒါ ဘယ်လိုလူသတ်မှုမျိုးလဲ ??
ရှန်းထင်းကျိုး ကြက်သီးမွေးညင်းများထသွားကာ ထိတ်လန့်သွားပြီး ရဲခေါ်ရန် သူ့ဖုန်းကိုလှမ်းကိုင်လိုက်သည်။ သို့သော် သူ အဲ့လိုမလုပ်နိုင်ခင်မှာပဲ အေးစက်ပြီးလှောင်ပြောင်သည့် အသံတစ်ခုဧည့်ခန်းထဲမှာထွက်ပေါ်လာသည်။
" မင်း ငါ့ကို မသတ်ချင်ဘူးလား ?"
ဟဲရန်ထင်းသည် အသီးလှီးဓားတစ်ချောင်းကိုင်ထားသည့် လူငယ်၏လက်ကိုဆုပ်ကိုင်လိုက်ပြီး သွေးစွန်းနေသောဓားအဖျားအား သူ့ကိုယ်ကို ဦးတည်၍ အေးစက်နေသောအကြည့်ဖြင့် "မင်းလက်ကို မလှုပ်နဲ့၊  မြဲမြဲကိုင်ထားပြီး ဒီကိုထိုး"
အယ် ?
ဓားကိုင်ထားသည့် လူငယ်ကိုမြင်လိုက်ရသဖြင့် ရှန်းထင်းကျိုး သူ၏လှုပ်ရှားမှုကိုရပ်တန့်လိုက်သည်။
ကျန်းကျီသည် ဟဲရန်ထင်း၏ချုပ်ထားသောလက်ကို ဖယ်ထုတ်ရန်ကြိုးစားရင်း အော်ဟစ်ဆဲဆိုကာအံကြိတ်နေသည်။
ဓားအဖျားသည် ဟဲရန်ထင်း၏ခန္ဓာကိုယ်ပေါ်ရှိအဝတ်များကိုဖြတ်၍ အသားကိုလှီးဖြတ်သွားသည်။
ပြန့်ကျဲနေသော သွေးစများကိုကြည့်ရင်း ကျန်းကျီသည် သူ့လက်ကိုဖြည်လျော့လိုက်ပြီး နီရဲနေသည့် သူ့မျက်လုံးများထဲ နာကျင်မုန်းတီးမှုများနှင့်ပြည့်နှက်နေကာ
"မင်းက အရူးပဲ"
ဟဲရန်ထင်းသည် ရယ်နေသော်လည်း သူ့မျက်လုံးထဲရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် "လင်းရွှယ်ယန်ကို မင်း နောက်တစ်ကြိမ် ထပ်တွေ့ရဲရင် ငါ သူ့လက်ချောင်းတစ်ချောင်းကိုဖြတ်မယ် "
ကျန်းကျီ၏ဖြူဖျော့နေသော နှုတ်ခမ်းများမသိမသာတုန်လှုပ်သွားသည်။
ဝင်ပေါက်ထောင့်နားမှချောင်းကြည့်နေသောရှန်းထင်းကျိုးသည် နားထောင်ရင်းခေါင်းညိတ်လိုက်သည်။ လင်းရွှယ်ယန်၏ နာမည်ကို ကြားလိုက်ရပြီး သူ့အလုပ်ရှင်ဒေါသထွက်နေသည့် အကြောင်းကို နောက်ဆုံးတော့နားလည်သွားသည်။
လင်းရွှယ်ယန်သည် ကျန်းကျီ၏အချစ်ဦးဖြစ်သည်။ ဟဲရန်ထင်း မပေါ်လာခင်အထိ သူတို့သည် သုံးနှစ်ကြာတည်ငြိမ်သောဆက်ဆံရေးရှိခဲ့သည်။
ဟဲရန်ထင်းသည် အေးစက်ပြီးတပ်မက်ဖွယ်ကောင်းသော ကျန်းကျီကို မြင်မြင်ချင်းချစ်မိသွားကာ ' ငါမင်းကို လိုက်မယ်၊ မင်း ထွက်ပြေးရင်၊ ငါမင်းနောက်ကို ထပ်ပြီးလိုက်မယ် ' ဆိုတဲ့ ဂိမ်းတစ်ခုကိုစတင်လိုက်ကြသည်။
ထိုသို့စိမ်ပြေးတန်းဆော့ကြသည်မှာ လင်းရွှယ်ယန်ကားမတော်တဆမှုဖြစ်ပြီး ခွဲစိတ်မှုအတွက် ငွေပမာဏတော်တော်များများ လိုအပ်နေချိန် မတိုင်ခင်အထိဖြစ်သည်။ အဖြစ်အပျက်များပြောင်းလဲသွားသည်။
ကျန်းကျီသည် မိဘမဲ့တစ်ယောက်ဖြစ်ပြီး လင်းရွှယ်ယန်၏မိသားစုမှာလည်းသာမန်သာဖြစ်ကာ ဈေးကြီးလှသော ဆေးဖိုးဝါးခများ ကိုမတတ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ဟဲရန်ထင်းသည်အခြေ အနေများကို အခွင့်ကောင်းယူကာ လင်းရွှယ်ယန်၏ဆေးဖိုးဝါးခအလဲအလှယ်အဖြစ် ကျန်းကျီအား ၎င်း၏ချစ်သူဖြစ်လာစေရန်အကျပ်ကိုင်ခဲ့သည်။
ခွဲစိတ်ပြီးနောက် လင်းရွှယ်ယန်၏အသက်ကိုကယ်လို့ရခဲ့သော်လည်း ဆေးရုံတွင် နှစ်ဝက်ကျော်ကြာအောင်လဲလျောင်းကာ သတိလစ်နေခဲ့သည်။
အဲ့နောက်……
ကျန်းကျီသည် လင်းရွှယ်ယန်ကိုတွေ့ရန် ဆေးရုံသို့တိတ်တဆိတ်သွားခဲ့ရာ ဟဲရန်ထင်း၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ယနေ့မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သည်။
ရှန်းထင်းကျိုး : ဒီဆက်ဆံရေးက ဒီလောက်ထိသွေးထွက်သံယိုဖြစ်မှရမှာလား ??
သူ အခုသွားပြီး ဟဲရန်ထင်းရဲ့ဒဏ်ရာကိုပတ်တီးစီးပေးသင့်လား ??
နေပါဦး၊ ဘယ်သူ့မှာ ဓါးရှိနေတာလဲ??
ရှန်းထင်းကျိုးချောင်းကြည့်လိုက်ပြီးသဘော ပေါက်သွားသည်။ အိုးးး မဟုတ်ဘူး၊ ဓါးက မစ္စတာဟဲ လက်ထဲမှာရှိနေတာ။
၎င်းသည် စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်နေပြီး ရူးသွပ်မှုထဲကျရောက်နေသောကြောင့် မိမိကိုယ်ကို ထိခိုက်ဒဏ် ရာရခြင်းမျိုးမဖြစ်စေရန် အချိန်ပိုကြာအောင်စောင့်နေခြင်းသည်အကောင်းဆုံးဖြစ်သည်။
ရုတ်တရက် ရှန်းထင်းကျိုး၏မျက်လုံးများပြူးကျယ်သွားသည်။
ဧည့်ခန်းထဲတွင် ဟဲရန်ထင်းက ကျန်းကျီကိုပြတင်းပေါက်နှင့်ကပ်လျက်တွန်းလိုက်ပြီး ခေါင်းကိုမော့ထားရန် အတင်း အကြပ် ကျန်းကျီ၏မေးစေ့ကို လက်မနှင့်လက်ညှိုးဖြင့်ညှပ်ထားပြီးနောက် သူ့နှုတ်ခမ်းများဖြင့်အုပ်ကာ ကျန်းကျီ၏ ပါးစပ်ကို သူ့သွားများဖြင့် ဖွင့်ဟလိုက်သည်။
ကျန်းကျီသည် အလွန်တုန်လှုပ်သွားပြီး ဒေါသဖြစ်သဖြင့် ဟဲရန်ထင်း၏ပခုံးကိုတွန်းရန် သူ့ခေါင်းကိုလှုပ်ယမ်းလိုက်သော်လည်း မလုပ်နိုင်တဲ့အခါမှာ ဟဲရန်ထင်း၏ဒဏ်ရာရနေသော လက် မောင်းကိုလှမ်းဆွဲလိုက်လေသည်။
ဟဲရန်ထင်း နာကျင်သွားသော်လည်း ကျန်းကျီကိုအလွှတ်ပေးဘဲ သူ့ကိုပိုလို့ပင်ခပ်ကြမ်းကြမ်းနမ်းလိုက်လေသည်။
သွေး၏ရနံ့၊ အားလျော့နေသော ပြတ်တောင်း ပြတ်တောင်း အသက်ရှုသံ၊ စိုစွတ်မှုများရောနှောနေသော မပြတ်မသားအသံများက အာရုံခံစားမှုအားလုံးကိုလှုံ့ဆော်ပေးနေသည်။
ရှန်းထင်းကျိုးသည် ယခုလိုရုတ်ချည်းပြောင်းလဲသွားသည့် အဖြစ်အပျက်များကိုနားမလည်နိုင်ဘဲ ရပ်နေသည့်နေရာတွင်ပင် မှင်သက်နေမိသည်။
မဟုတ်ဘူးလေ ဘာကြောင့် ဒီလိုပြောင်းသွားတာလဲ ??  အကြောင်းပြချက်တစ်ခုခုတော့ရှိရမယ်လေ ဟုတ်တယ်မလား??
ဘယ်လိုဖြစ်လို့ သူတို့ကနမ်းတာနဲ့ အဆုံးသတ်သွားရတာလဲ ??
Gp မ စသေးဘူး၊ Gp စရင်ပြောမယ် Ok
🩺 Chapter 1.1   
ရှန်းထင်းကျိုး :!!!
ရှန်းထင်းကျိုး : ……
–
ရှန်းထင်းကျိုး သည် မိသားစုဆရာဝန်တစ်ဦးဖြစ်ပြီး လွှမ်းမိုးချုပ်ကိုင်တတ်သောသူဌေးများ၏ ခက်ခဲသောပြဿနာအားလုံးကို ဖြေရှင်းရန်ကူညီပေးခဲ့သည်။
အမှန်ပဲ၊ သူဌေးတွေ !!
ရှန်းထင်းကျိုး: …….
ဒါက ဘယ်လိုအခြေအနေလဲ ??
အယ် ?
"မင်းက အရူးပဲ"
အဲ့နောက်……
You are reading the story above: TeenFic.Net