=13=

Background color
Font
Font size
Line height

Unicode

စုချီယွဲ့တွင် ဇာတ်ကွက်တစ်ခုသာရှိ၍ ရိုက်ကူးရေးပြီးသွားသည့်အခါ ထန်ယဲ့၏ယာဉ်မောင်းက သူ့ကို လေဆိပ်သို့လိုက်ပို့ပေးခဲ့သည်။

ကားပေါ်မှမဆင်းခင် ယာဥ်မောင်းက သူ့ဆီ စာအိတ်တစ်အိတ်ကမ်းပေးလာပြီး "မစ္စတာစု ဒါက ဘော့စ်ဆီကပါ"

စုချီယွဲ့ စာအိတ်ကိုဖွင့်ကြည့်လိုက်သည့်အခါ ထန်ယဲ့လက်မှတ်ထိုးထားသောဓာတ်ပုံအထပ်လိုက်ကို တွေ့လိုက်ရ၏။

စုချီယွဲ့ အကြာကြီးကြောင်အနေခဲ့ရသည်။ သူ ဘာလို့ သူ့ကို ရုတ်တရက်ကြီး လက်မှတ်ထိုးထားတဲ့ပုံတွေပေးတာပါလိမ့်?

ယာဥ်မောင်းလည်း သူ စိတ်ရှုပ်ထွေးနေမှန်း မြင်လိုက်သဖြင့် "မင်းမှာမေးစရာရှိရင် သူ့ဆီ တိုက်ရိုက်မေးလို့ရတယ်လို့ ဘော့စ်ကမှာခဲ့တယ်"

ထန်ယဲ့ အလုပ်များနေမှန်း စုချီယွဲ့သိသောကြောင့် လေယာဥ်ဆင်းသက်သည်အထိ စောင့်ဆိုင်းပြီးမှ WeChatမက်ဆေ့ချ်ပို့လိုက်လေသည်။

[ထန်လောင်ရှီး ကျွန်တော် ကျန်းချန်ရောက်ပါပြီ]

ထန်ယဲ့: [လေဆိပ်အပြင်ဘက်မှာ အနက်ရောင် Bentleyတစ်စီးရှိတယ်၊ ကိုယ့်ယာဉ်မောင်းက မင်းကို ပြန်လိုက်ပို့ပေးလိမ့်မယ်]

စုချီယွဲ့ : ... သူဂရုစိုက်ခံနေရတယ်လို့ ခံစားနေမိသလိုပဲနော်? ဒီအစီအစဉ်က အကွက်ကျလွန်းနေတာ။ ကြည့်ရတာ သူ အကြွေးတွေပိုပိုများလာတဲ့ပုံပဲလို့၊ ပြန်မပေးဆပ်နိုင်တော့ရင် သူဘာလုပ်သင့်လဲ?

အိပ်ဆောင်ပြန်ရောက်သည့်အခါ အခန်းဖော်များ အိပ်ပျော်နေကြပြီဖြစ်၍ သူလည်း တိတ်တဆိတ်ဆေးကြောလိုက်ပြီး အိပ်ရာပေါ် တက်လိုက်တော့သည်။ သူဘေးကင်းကြောင်း ထန်ယဲ့ဆီသတင်းပို့ခါနီးဆဲဆဲ၊ သူ့မက်ဆေ့ခ်ျက အရင်ရောက်လာခဲ့သည်။

[အိပ်ရာဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလား?]

[ဟုတ်၊ အခုလေးတင်လှဲအိပ်လိုက်တာ]

စုချီယွဲ့ ခဏစဥ်းစားကြည့်ပြီးမှ နောက်မက်ဆေ့ချ်တစ်စောင် ထပ်ပို့လိုက်သည်။

[ထန်လောင်ရှီးရဲ့ လက်မှတ်တွေက ရှားပါးတာကို၊ ဘာလို့ ကျွန်တော့်ကို တစ်ခါတည်း ဒီလောက်အများကြီးပေးလိုက်တာလဲဟင်?]

ထန်ယဲ့: [အင်း. ကိုယ့်လက်မှတ်က အရမ်းတန်ဖိုးရှိတယ်လို့ကြားလို့ မင်းနေထိုင်စရိတ်အတွက် ရောင်းစားလို့ရတာပေါ့]

စုချီယွဲ့ : ထန်လောင်ရှီးက အရမ်းစာနာတတ်တာပဲဗျာ။

ဖုန်းတစ်ဖက်မှထန်ယဲ့: မင်းရောင်းရဲရင်တော့ ဒုက္ခကောင်းကောင်းတွေ့မယ်!

နောက်တစ်နေ့မနက်တွင် စုချီယွဲ့ အိပ်ရာမှနိုးလာသည့်အခါ ဓာတ်ပုံများကို ထပ်ခါထပ်ခါကြည့်လိုက်၏။ ဓာတ်ပုံတစ်ပုံစီတိုင်း စတိုင်အမျိုးမျိုးရှိနေလေရဲ့။

စုချီယွဲ့သည် ချင်ဟောက်ချူးနှင့် စွင်းဇီတို့အတွက် နှစ်ပုံသိမ်းထားလိုက်ပြီး အချောဆုံးအမိုက်ဆုံးလို့ သူထင်သည့်တစ်ပုံကို သူ့အတွက်သူ သိမ်းထားလိုက်ပြီးမှ ထန်ယဲ့၏ နာမည်ကြီးခေါင်းစဥ်အောက်သို့​အပြေးသွားကာ weiboတွင် ပို့စ်တင်လိုက်၏။

@ စုဇီယဲ့: #ထန်ယဲ့# #ထန်ယဲ့RedLand# ဖြင့်... မှတ်ချက်နေရာကလူရှစ်ဦးကို ထန်လောင်ရှီးရဲ့ လက်မှတ်ထိုးထားတဲ့ဓာတ်ပုံ မဲဖောက်ပေးပါမယ်။ လိုအပ်သည့်အချက်များ - အဆင့်၁၂ သို့မဟုတ် အဆင့်၁၂အထက်ရှိရမယ်၊ ထန်လောင်ရှီးရဲ့ပရိသတ်ပဲဖြစ်ရမယ်၊ မသင့်လျော်တဲ့မှတ်ချက်တွေမပေးရဘူး။ မဲနှိုက်ပြီး ၂၄နာရီအတွင်း မင်းရဲ့အထောက်အထားကိုသက်သေပြဖို့ သီးသန့်မက်ဆေ့ချ်ပို့ပေးထားပါ။ သတ်မှတ်ချက်နဲ့မကိုက်ညီသူများအား အနိုင်ရရှိခြင်းမှ ပယ်ချမည်ဖြစ်သည်။

အောက်တွင် လက်မှတ်ထိုးထားသည့်ဓာတ်ပုံတစ်ပုံပါတွဲလျက်ရှိနေလေ၏။

စုချီယွဲ့မှာ ပိုက်ဆံပြတ်နေသော်လည်း ဒီလို အဖိုးတန်ဓာတ်ပုံတွေကို ရောင်းတာတော့ သိပ်မကောင်းဘူးလေနော်။ ဒီပရိသတ်တွေက ထန်ယဲ့ကို တကယ်ချစ်ကြတာဆိုတော့ အားလုံးပျော်ရအောင် မဲနှိုက်ပေးလိုက်မယ်လေ။

[အား အား အား... ငါ ငါ ငါ... ငါလိုချင်တယ်လို့!]

[ဒါက ငါ့ကောလက်မှတ်ပါတဲ့ဓာတ်ပုံအစစ်ပဲ၊ အရမ်းချောတာပဲ၊ အရမ်းချောတာပဲ၊ ငါမူးမေ့လဲရအောင်ထိ အရမ်းချောနေတာပဲဟယ်]

[ဒီလက်မှတ်က အစစ်လား? သူက လူလိမ်တော့မဟုတ်ပါဘူးနော်?]

[ဘလော့ဂါက ငါ့ထန်ကောနဲ့ သိကြတာလားနော်? အရင်တစ်ခေါက်တုန်းက ထန်ကောက နင့်ရုပ်ပြကာတွန်းကို likeပေးခဲ့တယ်လေ]

[ဖာ့ခ် ရုပ်ပြကာတွန်းဆွဲတဲ့ဘလော့ဂါမှန်း အခုပဲငါတွေ့လိုက်တာဟ...]

[အစစ်လို့ထင်တယ်၊ ပြောရရင် ငါ့ကောကောက ဘလော့ဂါကို followလုပ်တဲ့အပြင် သူ့ပို့စ်တွေကိုပါ likeပေးသေးတယ်လေ]

[အခု ငါအရမ်းတွေမနာလိုဖြစ်နေပါပြီနော်။ ဘလော့ဂါကို အရမ်းအားကျတာပဲ ဝူး ဝူး ဝူး...]

စုချီယွဲ့ မှတ်ချက်များကို ဖတ်လို့မပြီးသေးခင်မှာပဲ "မြင်မြင်ချင်းချစ်မိသွားတယ်" ပရိုဂရမ်အဖွဲ့မှ နောက်တစ်ခေါက်ဖုန်းခေါ်လာခဲ့သည်။

"ဟယ်လို မစ္စတာစု၊ ကျွန်တော်က "မြင်မြင်ချင်းချစ်မိသွားတယ်" ပရိုဂရမ်အဖွဲ့ကပါ။ မင်းကို နောက်တစ်ခါထပ်နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်နော်။ ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်ချက်ကို မင်းလက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။ မင်းရဲ့ လုပ်အားခကို ထပ်တိုးပေးလို့ရပါတယ်"

စုချီယွဲ့ : ပိုက်ဆံထပ်တိုးပေးမလို့? "... ဒါဆိုလည်း ကျွန်တော်တစ်ချက်စဉ်းစားကြည့်လိုက်ပါဦးမယ်"

တစ်ဖက်က ဆက်ပြောလာခဲ့သည်။ "မင်းအတွက် လုပ်အားခနှစ်ဆပေးမယ်ဆိုရင်ရော"

စုချီယွဲ့: "နှစ်ဆက ဘယ်လောက်လဲ?"

"ကျွန်တော်တို့က မင်းအတွက် လုပ်အားခဂဏန်း၇လုံးပေးနိုင်ပါတယ်၊ ကျေးဇူးပြုပြီး စဉ်းစားကြည့်ပေးပါဦး"

စုချီယွဲ့ ဂဏန်းခုနစ်လုံးဟုကြားလိုက်သည်နှင့် တွက်ချက်ရန် လက်ချောင်းများကို အမြန်အလုပ်ပေးလိုက်၏။

ဖာ့ခ် အရမ်းများတာပဲဟ!

ထို့ကြောင့် ကျိုးရှင်းယဲ့၊တခြားလေးယောက်နှင့် နှိုင်းယှဥ်ကြည့်ပါက ငွေကသာ ပို၍ဆွဲဆောင်နိုင်သည်မှာ သိသာနေလေ၏။ တစ်ခါတစ်လေတော့လည်း လူတစ်ဦးချင်းနှင့် ငွေကြားထဲမှာ ရွေးချယ်တတ်ဖို့ သင်ယူနေရသေးတယ်ဆိုတော့ သူ လက်ခံဖို့... ရွေးချယ်လိုက်မယ်။

"ကောင်းပါပြီ၊ ကျွန်တော် သဘောတူပါတယ်။ ဒီရက်ပိုင်းအတွင်း စာချုပ်မှာလက်မှတ်ထိုးပါမယ်"

တစ်ဖက်ရှိပရိုဂရမ်အဖွဲ့မှဝန်ထမ်းသည် ရက်အကြာကြီးမစောင့်နိုင်တော့သဖြင့် "မစ္စတာစု၊ အခုဆိုရင်ရော အဆင်ပြေလားဗျ? အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ စာချုပ်ယူပြီးချက်ချင်းလာခဲ့လိုက်ပါ့မယ်၊ စာချုပ်ပါစည်းကမ်းချက်တွေအားလုံးကိုတော့ မင်းကျေနပ်လိမ့်မယ်လို့ အာမခံနိုင်ပါတယ်"

စုချီယွဲ့ ကျောင်းအနီးရှိ ကော်ဖီဆိုင်တွင် ထိုင်ကာ သူ့ရှေ့က စာချုပ်ကို ငုံ့ကြည့်နေသည်။

ဒီပရိုဂရမ်ဟာ သူ့အတွက် အံဝင်ခွင်ကျဖြစ်အောင် လုပ်ထားသလိုမျိုး စာချုပ်ပါစည်းကမ်းချက်များမှာ အလွန်ကောင်းမွန်နေသည်။ လုပ်အားခ ဂဏန်း၇လုံးနှင့် ကြိုပေးငွေမှာ ၃၀%ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထား၏။

တစ်ဖက်မှဝန်ထမ်းက သူ့ကို အာရုံစိုက်၍ ကြည့်နေသည်မှာ - 'ပြောတော့ လက်မှတ်ထိုးမယ်ဆို၊ မြန်မြန်လက်မှတ်ထိုးလိုက်တော့လေ၊ ဘာလို့အခုထိလက်မှတ်မထိုးသေးတာလဲ'လို့ပြောနေသည့်နှယ်။

စုချီယွဲ့ သူ့လက်ထဲက ဘောပင်ကိုခပ်ဖွဖွထိလိုက်ပြီး ခုံပေါ် ပြန်မှီလိုက်ရင်း "ပွင့်ပွင့်လင်းလင်းပြောရရင် ဒီစာချုပ်ပါစည်းကမ်းတွေကကောင်းလွန်းလို့ ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိတယ်"

ဝန်ထမ်းလေးရှောင်ချန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ စိတ်မပူပါနဲ့၊ ပရိုဂရမ်ရိုက်နေစဥ်အတွင်းမှာ မင်းပြောင်းလဲချင်တဲ့အချက်တွေရှိနေရင်လည်း ကျွန်တော်တို့ ခြွင်းချက်မရှိ ပူးပေါင်းဆောင်ရွက်သွားမှာပါ"

စုချီယွဲ့ လက်ထဲက ကော်ဖီကို တွန်းပေးလိုက်ကာ "အရသာကောင်းတယ်၊ မြည်းကြည့်လေ"

ရှောင်ချန်က ကော်ဖီခွက်ကိုကိုင်လိုက်ပေမယ့် အကြည့်တွေကတော့ စုချီယွဲ့အပေါ်မှာရှိနေဆဲ။

စုချီယွဲ့သည် ရသစုံရှိုးဟာ သူ့လိုအပျော်တမ်းသမားတစ်ယောက်ကို ဒီလိုဈေးမြင့်မြင့်နှင့် ဘာကြောင့်ကမ်းလှမ်းရသလဲဆိုတာ တကယ်မတွေးတတ်တော့ပေ၊ ဒီတော့ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ - "မင်းရဲ့ ဒါရိုက်တာက ကျွန်တော့်ကို သဘောကျသွားပြီး ကျွန်တော့်ကို လိုက်ချင်နေတာများဖြစ်နိုင်မလားနော်?"

ရှောင်ချန် ကော်ဖီတစ်ငုံသောက်လိုက်ရုံရှိသေး၊ ဤစကားကြောင့် အကုန်ထွေးထုတ်မိသွားရသည်။ ကံကောင်းထောက်မလို့ သူ အလျင်အမြန်တုံ့ပြန်ပြီး ဘေးကိုလှည့်လိုက်မိလို့ပေါ့၊ မဟုတ်ရင် စားပွဲပေါ်ကစာချုပ်ပျက်စီးသွားတော့မလို့။

ရှောင်ချန် အချိန်အတော်ကြာချောင်းဆိုးနေ၍ စုချီယွဲ့လည်း အနည်းငယ်အားနာသွားရကာ တစ်ရှူးတစ်ရွက်ကို ကမ်းပေးလိုက်၏။

"ကျွန်တော်ထင်တာမှန်ရင်တောင်မှ မင်း အရမ်းကြီးအံ့သြနေဖို့မလိုပါဘူးဗျာ"

ရှောင်ချန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ကာ "မင်း... မင်းနားလည်မှုလွဲနေတာပဲ။ ငါတို့ပရိုဂရမ်မှာ ရင်းနှီးမြုပ်နှံမှုတောင့်တင်းပြီးသား၊ ဒါကြောင့် ဧည့်သည်တွေအတွက် လုပ်အားခတွေက အရမ်းများနေတာပါ။ လုပ်အားခက အဆင်ပြေပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ ထုတ်ဖော်ပြောလို့မရဘူးဆိုတာတော့ မင်းသိထားရမယ်"

ရှောင်ချန်သည် သူ့အိတ်ထဲမှာပါလာသည့် ရုပ်မြင်သံကြားဌာန၏ စာရွက်စာတမ်းမျိုးစုံကို ပြလိုက်ရင်း "မင်းကြည့်ပါဦး၊ ကျွန်တော်တို့က ပုံမှန်ပရိုဂရမ်တစ်ခုပါပဲ၊ ဘာပြဿနာမှမရှိပါဘူးဗျာ"

စုချီယွဲ့သည် အလကားနေ့လည်စာဆိုတာမျိုးမရှိ​ဘူးလို့ အမြဲခံစားနေမိ၍ သူစိတ်ရှုပ်ထွေးနေရ၏။ ထပ်မံငြင်းပယ်တော့မည့်အချိန်မှာပင် ထန်ယဲ့ဆီကဖုန်းဝင်လာလေသည်။

စုချီယွဲ့တွေးမိသည်ကား - ထန်ယဲ့က နာနတ်သီးတီဗီချန်နယ်အကြောင်းသိတာကြောင့် သူ့ကို ဒီကိစ္စအကြောင်းစုံမြန်မြန်ပြောပြလိုက်သည်။

ထန်ယဲ့: "တရားဥပဒေနဲ့ကိုက်ညီတယ်၊ ဘာပြဿနာမှမရှိဘူး"

နောက်ဆုံးတွင်မူ ထန်ယဲ့စကားကြောင့် စုချီယွဲ့လည်း စာလုံးသုံးလုံးကို အကြီးကြီးရေးချလိုက်တော့သည်။ (လက်မှတ်ထိုးလိုက်တာကိုပြောတာပါ)

ရှောင်ချန်သည် စာချုပ်ချုပ်ပြီးနောက် သူ့နှလုံးသားထဲက ကျောက်တုံးကြီးပြုတ်ကျသွားသည့်နှယ် စိတ်သက်သာရာရသွားကာ သူ့နဖူးပေါ်မှချွေးကိုသုတ်ပစ်လိုက်၏။ ဒီအလုပ်က တကယ်မလွယ်ဘူးပဲ...

"ပရိုဂရမ်ရိုက်ကူးရေးနဲ့ပတ်သက်တဲ့အခြားကိစ္စတွေအတွက်ကတော့ သက်ဆိုင်ရာဝန်ထမ်းက မင်းကိုဆက်သွယ်လာပါလိမ့်မယ်"

ရှောင်ချန်က စုချီယွဲ့ကို ဘာဆက်လုပ်ရမလဲဆိုသည်ကို ရှင်းပြခဲ့ပြီး "ပရိုဂရမ်ရဲ့ ပထမပိုင်းကို သုံးရက်အကြာမှာ ရိုက်ကူးတော့မှာပါ။ အချိန်အတိအကျကိုတော့ ကျွန်တော်တို့ဘက်က ပြန်အကြောင်းကြားပေးပါမယ်။ ဒီသုံးရက်မှာ မင်းယူဖို့လိုအပ်တာတွေပြင်ဆင်ထားရုံပါပဲ"

စုချီယွဲ့ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"နောက်ကျရင် လုပ်အားခရဲ့ ၃၀%ကို မင်းရဲ့အကောင့်ထဲကို လွှဲပေးပါလိမ့်မယ်။ မင်းမှာ မေးစရာတစ်ခုခုရှိရင် ကျွန်တော်တို့ဆီအချိန်မရွေးဆက်သွယ်လို့ရပါတယ်"

ရှောင်ချန်က သူ့ကို သတိတရ​ဖြင့် "ဒါနဲ့ စကားမစပ်၊ မစ္စတာစုရေ မင်းစာချုပ်မှာလက်မှတ်ထိုးပြီးပြီဆိုတော့ ရိုက်ကူးရေးအတွင်း ဘာတွေပဲဖြစ်နေပါစေ မင်းဆန္ဒအလျောက်ထွက်လို့မရဘူးနော်။ ဒါလေးပဲ မင်းသိထားဖို့လိုပါတယ်"

စုချီယွဲ့လည်း စာချုပ်ကို အကြိမ်ပေါင်းများစွာ ဖတ်ထားပြီးပြီဖြစ်၍ ဤအချက်ကိုသိပေသည်။ သူစောစောထွက်သွားခဲ့ရင် လျော်ကြေးငွေနှစ်ဆပေးရမှာတဲ့။

"မင်းမှာ Weiboအကောင့်ရှိလား? နောက်ပိုင်းကျ ကျွန်တော်တို့ပရိုဂရမ်ကို တရားဝင်ကြေညာတော့မှာပါ" ရှောင်ချန် မေးလိုက်သည်။

စုချီယွဲ့ ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်ကာ "မရှိဘူးဗျ၊ ကျွန်တော် Weibo သိပ်မကြည့်ဖြစ်လို့"

သူ့အကောင့်က ထန်ယဲ့နှင့် အပြန်အလှန်followလုပ်ထားသလို ထန်ယဲ့ကလည်း သူ့ပို့စ်တွေကို likeလုပ်ထားတာလေ။ ဒါကိုတရားဝင်ကြေညာခဲ့ရင်တော့ပြီးသွားမှာသေချာပြီပဲ။ သူ တအားနာမည်မကြီးချင်ပါဘူးလို့...

စုချီယွဲ့ အိပ်ဆောင်သို့ပြန်ရောက်သည့်အခါ ကာတွန်းထပ်ဆွဲလိုက်၏။ သူတင်ပြီးသည်နှင့် ထန်ယဲ့က likeပေးလိုက်ပြန်သဖြင့် သူ့weiboလည်း ချက်ချင်းဆိုသလို ပေါက်ကွဲသွားရပြန်သည်။

စုချီယွဲ့သည် အနှီခွဲခြားဆက်ဆံခံရမှုကို အမြန်ဆုံးလိုက်လျောညီထွေဖြစ်အောင်လုပ်ရမည်ဟု ခံစားလာရသည်။

[ထန်လောင်ရှီး ကျွန်တော် အဲဒီရှိုးမှာ လက်မှတ်ထိုးလိုက်ပြီဗျ]

ထန်ယဲ့: [မင်း ချစ်ချင်နေပြီလား?]

စုချီယွဲ့ : [မဟုတ်ပါဘူးဗျာ၊ မဟုတ်ပါဘူး၊ အဲဒါက လုပ်အားခအရမ်းများလို့ [ရှက်ရွံ့နေပုံ]]

ထန်ယဲ့: [ကိုယ် မင်းကိုပေးလိုက်တဲ့ဆိုင်းထိုးထားတဲ့ဓာတ်ပုံတွေအားလုံးကို မဲဖောက်ပေးလိုက်တယ်လို့ ကိုယ်ကြားမိတယ်]

စုချီယွဲ့: [ဟုတ်၊ ထန်လောင်ရှီးက ကျွန်တော့်ကို ရောင်းဖို့ပြောထားပေမယ့် ကျွန်တော်မလုပ်နိုင်ဘူးဗျ။ ပရိတ်သတ်တွေက ခင်ဗျားကို အရမ်းချစ်တယ်ဆိုတော့ ကျွန်တော် သူတို့ကိုပေးလိုက်တာ ပိုကောင်းတယ်လို့ထင်တာပဲ [ဂုဏ်ယူနေပုံ]]

ထန်ယဲ့: [ဒါပေမယ့် ကိုယ်ကတော့ ဒါကိုကောင်းတယ်လို့မထင်မိဘူး]

စုချီယွဲ့က ဆိုင်းထိုးထားသောဓာတ်ပုံများနှင့် လျှောက်ဆော့နေရင်း သူ့လက်ထဲရှိဓာတ်ပုံများဟာ ရုတ်တရက် အလွန်ပူလာသည်ဟု ခံစားလိုက်ရသည်။ ထန်ယဲ့က မဲဖောက်ပေးတာကိုမကြိုက်တဲ့ပုံပဲ၊ ဒါဆို သူဘာလုပ်သင့်လဲ? ဒါပေမယ့် ထန်ယဲ့က သူ့ပရိသတ်တွေအတွက် လက်မှတ်ထိုးထားတဲ့ဓာတ်ပုံတွေပို့ပေးဖို့ စတူဒီယိုကို အမြဲပြောနေကျပဲလို့ သူ အင်တာနက်မှာတွေ့ဖူးတယ်လေ။ အခု သူ့ပရိသတ်တွေဆီ ဘာလို့မပေးချင်ရတာလဲနော်?

စုချီယွဲ့ စိုးရိမ်သွားရကာ သူ့ဆံပင်သူဆွဲ၍: [[နစ်နာနေပုံ] တောင်းပန်ပါတယ် ထန်လောင်ရှီး၊ ကျွန်တော် အခုဘာလုပ်သင့်လဲဟင်?]

ထန်ယဲ့: [ကိုယ် မင်းနဲ့တွေ့တဲ့အခါကျမှ စာရင်းရှင်းမယ်ကွာ]

စုချီယွဲ့ : ... သူက ဘာလို့အမှားလုပ်မိထားတဲ့ ကလေးလေးလို ဖြစ်နေရတာလဲ? ထန်ယဲ့ကရော သူနဲ့ဘယ်လိုစာရင်းရှင်းမှာလဲ?

စုချီယွဲ့ ရက်အတော်ကြာစိတ်ပူပန်နေခဲ့ရပြီးနောက် "မြင်မြင်ချင်းချစ်မိသွားတယ်"ထုတ်လုပ်ရေးအဖွဲ့မှ အကြောင်းကြားစာရရှိခဲ့သည်။ သြဂုတ်လသာရှိသေးသော်ငြား သူ့အား အဝတ်ထူထူများများယူခဲ့ရန် ထပ်ခါထပ်ခါသတိပေးခဲ့သည်။

စုချီယွဲ့ လွန်စွာအံ့အားသင့်သွားရလျက်။ သူတို့ဘယ်သွားကြမှာမို့လဲလို့? သြဂုတ်လပဲရှိသေးတာကို၊ အဝတ်ထူထူတွေ ဘာလို့ယူသွားရမှာလဲ? မြောက်ဝင်ရိုးစွန်းကို သွားကြမှာများလား?

သို့သော်လည်း စုချီယွဲ့သည် ယဥ်ကျေးမှုရှိသူဖြစ်သလို အလွန်နာခံတတ်သူပင်။ သူ့ကို အဝတ်ထူထူတွေယူလာခိုင်းတဲ့သူတွေက ကြင်နာတတ်သူတွေပဲဖြစ်ရမယ်။ ထို့ကြောင့် သူလည်း ငှက်မွှေးဂျာကင်ကို ခရီးဆောင်အိတ်ထဲ ထိုးထည့်လိုက်လေ၏။

ဤတစ်ကြိမ်တွင်မူ စုချီယွဲ့မှာ ပထမတန်းစားအခန်းfacilitiesအပြည့်အစုံနှင့် ကောင်းကောင်းမွန်မွန်ဆက်ဆံခံရပေသည်။ ကြည့်ရတာ ရှောင်ချန်ပြောတာ အမှန်ပဲဖြစ်မယ်နော်၊ ဒီရှိုးရဲ့ ရင်းနှီးမြှုပ်နှံသူတွေက တကယ်ငွေကြေးတောင့်တင်းပုံပဲ။

သို့သော်လည်း သူတို့ ဒီလောက်အများကြီးရင်းနှီးမြှုပ်နှံထားတာ၊ ratingအရမ်းဆိုးရွားပြီး အားလုံးဆုံးရှုံးသွားမှာကို မကြောက်ဘူးလားမသိဘူးနော်?

လျှို့ဝှက်ဆန်းကြယ်သောဧည့်သည်တစ်ဦးက နောက်ဆုံးမှရောက်လာမည်ဟု ပြောကြသော်လည်း မည်သူမည်ဝါမှန်းမသိရသေးပေ။

လေယာဉ်ပေါ်တက်ပြီးနောက် စုချီယွဲ့နောက်မှ ကင်မရာမန်းတစ်ဦးအတူတူလိုက်ပါလာခဲ့ပြီး ရှိုးပြီးသည်အထိ ထိုကင်မရာမန်းက သူ့နောက်လိုက်နေမည်ဖြစ်သည်။

စုချီယွဲ့က သူ့ကို "မင်္ဂလာပါ"လို့ နှုတ်ဆက်လိုက်သည်။

ကင်မရာမန်းသည် သူက အရမ်းကြည့်ကောင်းလွန်းတာကြောင့် ချဥ်းကပ်ရခက်ခဲမည်ဟု ထင်မြင်ခဲ့သော်လည်း သူက အရင်နှုတ်ဆက်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့၊ သူလည်း အလျင်စလိုခေါင်းညိတ်ပြလိုက်၏။

"ဘယ်သူတွေကိုဖိတ်ကြားထားလဲဆိုတာ ခင်ဗျားသိလားဗျ?"

စုချီယွဲ့က ကင်မရာမန်းနှင့် ခဏလောက် စကားစမြည်ပြောချင်ခဲ့သည်၊ မဟုတ်ရင် အရမ်းပျင်းစရာကောင်းနေတော့မှာလေ။

"ပရိုဂရမ်အဖွဲ့က တရားဝင်ကြေငြာချက်ထုတ်ပြီးသားပဲလေ၊ မင်း Weiboမကြည့်ဘူးလား?"

ကင်မရာမန်းမှာ လွန်စွာအံ့အားသင့်နေမိလျက်။

စုချီယွဲ့လည်း ကြက်သေသေသွားရ၏။ သူ့စိတ်ထဲမှာ ထန်ယဲ့ဓာတ်ပုံကိစ္စတွေပဲပြည့်နှက်နေခဲ့ရသဖြင့် ဒီတရားဝင်ကြေငြာချက်ကိုဖတ်ဖို့ သူဘယ်လိုလုပ်ပြီးစိတ်ဝင်စားနေမှာတုန်းလို့..

စုချီယွဲ့က သူ့ဖုန်းကိုဖွင့်ကာ 'မြင်မြင်ချင်းချစ်မိသွားတယ်' တရားဝင်ကြေငြာထားသော Weiboပို့စ်ကို ရှာကြည့်လိုက်သည့်နောက် ပရိုဂရမ်အဖွဲ့ထဲမှာ @ကျန်းဇီဖင်းကို သူတွေ့လိုက်ရတယ်!

ကျန်းဇီဖင်း၏Weiboကို ကလစ်နှိပ်လိုက်သည်နှင့် ဤလူဟာ မူရင်းစာအုပ်တွင် သူ့ဆီမှအလှည့်စားခံရမယ့် ဖျော်ဖြေရေးနယ်ပယ်၏ အနာဂတ်ထိပ်တန်းကြယ်ပွင့်တစ်ဖြစ်လဲ သူသိတဲ့ထရိန်နင်ကျန်းဇီဖင်းတဲ့လေ!

ဒါက dating showတစ်ခုမဟုတ်ဘူးလား? အရွယ်မရောက်သေးတဲ့သူတွေ ဘာလို့ပါဝင်လို့ရတာတုန်းဟ? စုချီယွဲ့လည်း ပိုင်တုမှတဆင့် ရှာဖွေကြည့်လိုက်တော့... တကယ့်ကိုအမေးဇင်းပဲဟေ့... ကျန်းဇီဖင်းက ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ ၁၈နှစ်ပြည့်သွားခဲ့ပြီဆိုတော့ သူက အသက်မပြည့်သူမဟုတ်တော့ဘူးပဲ၊ သူတို့ကုမ္ပဏီက အရမ်းမိုက်တာပဲနော်။

သူနှင့် ကျန်းဇီဖင်း အုပ်စုတစ်ခုထဲကျရင်ဘယ်လိုလုပ်ကြမတုန်း?

စာရေးသူမှာ ပြောစရာရှိပါတယ်။

ထန်ယဲ့: ကိုယ်ဒီမှာရှိနေမှတော့ မင်းကဘယ်လိုလုပ်ပြီး တခြားသူနှင့် အဖွဲ့တူတူကျမှာလဲကွာ?

xxx

Zawgyi

စုခ်ီယြဲ႔တြင္ ဇာတ္ကြက္တစ္ခုသာရိွ၍ ရိုက္ကူးေရးၿပီးသြားသည့္အခါ ထန္ယဲ့၏ယာဉ္ေမာင္းက သူ႔ကို ေလဆိပ္သို႔လိုက္ပို႔ေပးခဲ့သည္။

ကားေပၚမွမဆင္းခင္ ယာဥ္ေမာင္းက သူ႔ဆီ စာအိတ္တစ္အိတ္ကမ္းေပးလာၿပီး "မစၥတာစု ဒါက ေဘာ့စ္ဆီကပါ"

စုခ်ီယြဲ႔ စာအိတ္ကိုဖြင့္ၾကည့္လိုက္သည့္အခါ ထန္ယဲ့လက္မွတ္ထိုးထားေသာဓာတ္ပံုအထပ္လိုက္ကို ေတြ့လိုက္ရ၏။

စုခ်ီယြဲ႔ အၾကာႀကီးေၾကာင္အေနခဲ့ရသည္။ သူ ဘာလို႔ သူ႔ကို ရုတ္တရက္ႀကီး လက္မွတ္ထိုးထားတဲ့ပံုေတြေပးတာပါလိမ့္?

ယာဥ္ေမာင္းလည္း သူ စိတ္ရႈပ္ေထြးေနမွန္း ျမင္လိုက္သျဖင့္ "မင္းမွာေမးစရာရိွရင္ သူ႔ဆီ တိုက္ရိုက္ေမးလို႔ရတယ္လို႔ ေဘာ့စ္ကမွာခဲ့တယ္"

ထန္ယဲ့ အလုပ္မ်ားေနမွန္း စုခ်ီယြဲ႔သိေသာေၾကာင့္ ေလယာဥ္ဆင္းသက္သည္အထိ ေစာင့္ဆိုင္းၿပီးမွ WeChatမက္ေဆ့ခ်္ပို႔လိုက္ေလသည္။

[ထန္ေလာင္ရွီး ကြၽန္ေတာ္ က်န္းခ်န္ေရာက္ပါၿပီ]

ထန္ယဲ့: [ေလဆိပ္အျပင္ဘက္မွာ အနက္ေရာင္ Bentleyတစ္စီးရိွတယ္၊ ကိုယ့္ယာဉ္ေမာင္းက မင္းကို ျပန္လိုက္ပို႔ေပးလိမ့္မယ္]

စုခ်ီယြဲ႔ : ... သူဂရုစိုက္ခံေနရတယ္လို႔ ခံစားေနမိသလိုပဲေနာ္? ဒီအစီအစဉ္က အကြက္က်လြန္းေနတာ။ ၾကည့္ရတာ သူ အေႂကြးေတြပိုပိုမ်ားလာတဲ့ပံုပဲလို႔၊ ျပန္မေပးဆပ္ႏိုင္ေတာ့ရင္ သူဘာလုပ္သင့္လဲ?

အိပ္ေဆာင္ျပန္ေရာက္သည့္အခါ အခန္းေဖာ္မ်ား အိပ္ေပ်ာ္ေနၾကၿပီျဖစ္၍ သူလည္း တိတ္တဆိတ္ေဆးေၾကာလိုက္ၿပီး အိပ္ရာေပၚ တက္လိုက္ေတာ့သည္။ သူေဘးကင္းေၾကာင္း ထန္ယဲ့ဆီသတင္းပို႔ခါနီးဆဲဆဲ၊ သူ႔မက္ေဆ့ခ္်က အရင္ေရာက္လာခဲ့သည္။

[အိပ္ရာဝင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလား?]

[ဟုတ္၊ အခုေလးတင္လွဲအိပ္လိုက္တာ] စုခ်ီယြဲ႔ ခဏစဥ္းစားၾကည့္ၿပီးမွ ေနာက္မက္ေဆ့ခ်္တစ္ေစာင္ ထပ္ပို႔လိုက္သည္။ [ထန္ေလာင္ရွီးရဲ့ လက္မွတ္ေတြက ရွားပါးတာကို၊ ဘာလို႔ ကြၽန္ေတာ့္ကို တစ္ခါတည္း ဒီေလာက္အမ်ားႀကီးေပးလိုက္တာလဲဟင္?]

ထန္ယဲ့: [အင္း. ကိုယ့္လက္မွတ္က အရမ္းတန္ဖိုးရိွတယ္လို႔ၾကားလို႔ မင္းေနထိုင္စရိတ္အတြက္ ေရာင္းစားလို႔ရတာေပါ့]

စုခ်ီယြဲ႔ : ထန္ေလာင္ရွီးက အရမ္းစာနာတတ္တာပဲဗ်ာ။

ဖုန္းတစ္ဖက္မွထန္ယဲ့: မင္းေရာင္းရဲရင္ေတာ့ ဒုကၡေကာင္းေကာင္းေတြ့မယ္!

ေနာက္တစ္ေန့မနက္တြင္ စုခ်ီယြဲ႔ အိပ္ရာမွႏိုးလာသည့္အခါ ဓာတ္ပံုမ်ားကို ထပ္ခါထပ္ခါၾကည့္လိုက္၏။ ဓာတ္ပံုတစ္ပံုစီတိုင္း စတိုင္အမ်ိဳးမ်ိဳးရိွေနေလရဲ့။

စုခ်ီယြဲ႔သည္ ခ်င္ေဟာက္ခ်ူးႏွင့္ စြင္းဇီတို႔အတြက္ ႏွစ္ပံုသိမ္းထားလိုက္ၿပီး အေခ်ာဆံုးအမိုက္ဆံုးလို႔ သူထင္သည့္တစ္ပံုကို သူ႔အတြက္သူ သိမ္းထားလိုက္ၿပီးမွ ထန္ယဲ့၏ နာမည္ႀကီးေခါင္းစဥ္ေအာက္သို႔​အေျပးသြားကာ weiboတြင္ ပို႔စ္တင္လိုက္၏။

@ စုဇီယဲ့: #ထန္ယဲ့# #ထန္ယဲ့RedLand# ျဖင့္... မွတ္ခ်က္ေနရာကလူရွစ္ၪီးကို ထန္ေလာင္ရွီးရဲ့ လက္မွတ္ထိုးထားတဲ့ဓာတ္ပံု မဲေဖာက္ေပးပါမယ္။ လိုအပ္သည့္အခ်က္မ်ား - အဆင့္၁၂ သို႔မဟုတ္ အဆင့္၁၂အထက္ရိွရမယ္၊ ထန္ေလာင္ရွီးရဲ့ပရိသတ္ပဲျဖစ္ရမယ္၊ မသင့္ေလ်ာ္တဲ့မွတ္ခ်က္ေတြမေပးရဘူး။ မဲႏိႈက္ၿပီး ၂၄နာရီအတြင္း မင္းရဲ့အေထာက္အထားကိုသက္ေသျပဖို႔ သီးသန္႔မက္ေဆ့ခ်္ပို႔ေပးထားပါ။ သတ္မွတ္ခ်က္နဲ႔မကိုက္ညီသူမ်ားအား အႏိုင္ရရိျွခင္းမွ ပယ္ခ်မည္ျဖစ္သည္။

ေအာက္တြင္ လက္မွတ္ထိုးထားသၫ့္ဓာတ္ပံုတစ္ပံုပါတြဲလ်က္ရိွေနေလ၏။

စုခ်ီယြဲ႔မွာ ပိုက္ဆံျပတ္ေနေသာ္လည္း ဒီလို အဖိုးတန္ဓာတ္ပံုေတြကို ေရာင္းတာေတာ့ သိပ္မေကာင္းဘူးေလေနာ္။ ဒီပရိသတ္ေတြက ထန္ယဲ့ကို တကယ္ခ်စ္ၾကတာဆိုေတာ့ အားလံုးေပ်ာ္ရေအာင္ မဲႏိႈက္ေပးလိုက္မယ္ေလ။

[အား အား အား... ငါ ငါ ငါ... ငါလိုခ်င္တယ္လို႔!]

[ဒါက ငါ့ေကာလက္မွတ္ပါတဲ့ဓာတ္ပံုအစစ္ပဲ၊ အရမ္းေခ်ာတာပဲ၊ အရမ္းေခ်ာတာပဲ၊ ငါမူးေမ့လဲရေအာင္ထိ အရမ္းေခ်ာေနတာပဲဟယ္]

[ဒီလက္မွတ္က အစစ္လား? သူက လူလိမ္ေတာ့မဟုတ္ပါဘူးေနာ္?]

[ဘေလာ့ဂါက ငါ့ထန္ေကာနဲ႔ သိၾကတာလားေနာ္? အရင္တစ္ေခါက္တုန္းက ထန္ေကာက နင့္ရုပ္ျပကာတြန္းကို likeေပးခဲ့တယ္ေလ]

[ဖာ့ခ္ ရုပ္ျပကာတြန္းဆြဲတဲ့ဘေလာ့ဂါမွန္း အခုပဲငါေတြ့လိုက္တာဟ...]

[အစစ္လို႔ထင္တယ္၊ ေျပာရရင္ ငါ့ေကာေကာက ဘေလာ့ဂါကို followလုပ္တဲ့အျပင္ သူ႔ပို႔စ္ေတြကိုပါ likeေပးေသးတယ္ေလ]

[အခု ငါအရမ္းေတြမနာလိုျဖစ္ေနပါၿပီေနာ္။ ဘေလာ့ဂါကို အရမ္းအားက်တာပဲ ဝူး ဝူး ဝူး...]

စုခ်ီယြဲ႔ မွတ္ခ်က္မ်ားကို ဖတ္လို႔မၿပီးေသးခင္မွာပဲ "ျမင္ျမင္ခ်င္းခ်စ္မိသြားတယ္" ပရိုဂရမ္အဖြဲ႔မွ ေနာက္တစ္ေခါက္ဖုန္းေခၚလာခဲ့သည္။

"ဟယ္လို မစၥတာစု၊ ကြၽန္ေတာ္က "ျမင္ျမင္ခ်င္းခ်စ္မိသြားတယ္" ပရိုဂရမ္အဖြဲ႔ကပါ။ မင္းကို ေနာက္တစ္ခါထပ္ေနွာင့္ယွက္မိလို႔ ေတာင္းပန္ပါတယ္ေနာ္။ ကြၽန္ေတာ္တို႔ရဲ့ ဖိတ္ေခၚခ်က္ကို မင္းလက္ခံႏိုင္မယ္လို႔ ေမ်ွာ္လင့္ပါတယ္ဗ်ာ။ မင္းရဲ့ လုပ္အားခကို ထပ္တိုးေပးလို႔ရပါတယ္"

စုခ်ီယြဲ႔ : ပိုက္ဆံထပ္တိုးေပးမလို႔? "... ဒါဆိုလည္း ကြၽန္ေတာ္တစ္ခ်က္စဉ္းစားၾကည့္လိုက္ပါၪီးမယ္"

တစ္ဖက္က ဆက္ေျပာလာခဲ့သည္။ "မင္းအတြက္ လုပ္အားခႏွစ္ဆေပးမယ္ဆိုရင္ေရာ"

စုခ်ီယြဲ႔: "ႏွစ္ဆက ဘယ္ေလာက္လဲ?"

"ကြၽန္ေတာ္တို႔က မင္းအတြက္ လုပ္အားခဂဏန္း၇လံုးေပးႏိုင္ပါတယ္၊ ေက်းဇူးျပဳျပီး စဉ္းစားၾကည့္ေပးပါၪီး"

စုခ်ီယြဲ႔ ဂဏန္းခုနစ္လံုးဟုၾကားလိုက္သည္ႏွင့္ တြက္ခ်က္ရန္ လက္ေခ်ာင္းမ်ားကို အျမန္အလုပ္ေပးလိုက္၏။

ဖာ့ခ္ အရမ္းမ်ားတာပဲဟ!

ထို႔ေၾကာင့္ က်ိဳးရွင္းယဲ့၊တျခားေလးေယာက္ႏွင့္ ႏိႈင္းယွဥ္ၾကၫ့္ပါက ေငြကသာ ပို၍ဆြဲေဆာင္ႏိုင္သည္မွာ သိသာေနေလ၏။ တစ္ခါတစ္ေလေတာ့လည္း လူတစ္ဦးခ်င္းႏွင့္ ေငြၾကားထဲမွာ ေရြးခ်ယ္တတ္ဖို႔ သင္ယူေနရေသးတယ္ဆိုေတာ့ သူ လက္ခံဖို႔... ေရြးခ်ယ္လိုက္မယ္။

"ေကာင္းပါၿပီ၊ ကြၽန္ေတာ္ သေဘာတူပါတယ္။ ဒီရက္ပိုင္းအတြင္း စာခ်ဳပ္မွာလက္မွတ္ထိုးပါမယ္"

တစ္ဖက္ရိွပရိုဂရမ္အဖြဲ႔မွဝန္ထမ္းသည္ ရက္အၾကာႀကီးမေစာင့္ႏိုင္ေတာ့သျဖင့္ "မစၥတာစု၊ အခုဆိုရင္ေရာ အဆင္ေျပလားဗ်? အဆင္ေျပတယ္ဆိုရင္ ကြၽန္ေတာ္တို႔ စာခ်ဳပ္ယူၿပီးခ်က္ခ်င္းလာခဲ့လိုက္ပါ့မယ္၊ စာခ်ဳပ္ပါစည္းကမ္းခ်က္ေတြအားလံုးကိုေတာ့ မင္းေက်နပ္လိမ့္မယ္လို႔ အာမခံႏိုင္ပါတယ္"

စုခ်ီယြဲ႔ ေက်ာင္းအနီးရိွ ေကာ္ဖီဆိုင္တြင္ ထိုင္ကာ သူ႔ေရ႔ွက စာခ်ဳပ္ကို ငံု႔ၾကၫ့္ေနသည္။

ဒီပရိုဂရမ္ဟာ သူ႔အတြက္ အံဝင္ခြင္က်ျဖစ္ေအာင္ လုပ္ထားသလိုမ်ိဳး စာခ်ဳပ္ပါစည္းကမ္းခ်က္မ်ားမွာ အလြန္ေကာင္းမြန္ေနသည္။ လုပ္အားခ ဂဏန္း၇လံုးႏွင့္ ႀကိဳေပးေငြမွာ ၃၀%ျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း ေဖာ္ျပထား၏။

တစ္ဖက္မွဝန္ထမ္းက သူ႔ကို အာရံုစိုက္၍ ၾကည့္ေနသည္မွာ - 'ေျပာေတာ့ လက္မွတ္ထိုးမယ္ဆို၊ ျမန္ျမန္လက္မွတ္ထိုးလိုက္ေတာ့ေလ၊ ဘာလို႔အခုထိလက္မွတ္မထိုးေသးတာလဲ'လို႔ေျပာေနသည့္ႏွယ္။

စုခ်ီယြဲ႔ သူ႔လက္ထဲက ေဘာပင္ကိုခပ္ဖြဖြထိလိုက္ၿပီး ခံုေပၚ ျပန္မွီလိုက္ရင္း "ပြင့္ပြင့္လင္းလင္းေျပာရရင္ ဒီစာခ်ဳပ္ပါစည္းကမ္းေတြကေကာင္းလြန္းလို႔ ကြၽန္ေတာ္အရမ္းစိတ္လႈပ္ရွားမိတယ္"

ဝန္ထမ္းေလးေရွာင္ခ်န္က အလ်င္အျမန္ ေခါင္းညိတ္လိုက္ၿပီး "ဟုတ္ပါတယ္၊ ဟုတ္ပါတယ္၊ စိတ္မပူပါနဲ႔၊ ပရိုဂရမ္ရိုက္ေနစဥ္အတြင္းမွာ မင္းေျပာင္းလဲခ်င္တဲ့အခ်က္ေတြရိွေနရင္လည္း ကြၽန္ေတာ္တို႔ ႁခြင္းခ်က္မရိွ ပူးေပါင္းေဆာင္ရြက္သြားမွာပါ"

စုခ်ီယြဲ႔ လက္ထဲက ေကာ္ဖီကို တြန္းေပးလိုက္ကာ "အရသာေကာင္းတယ္၊ ျမည္းၾကည့္ေလ"

ေရွာင္ခ်န္က ေကာ္ဖီခြက္ကိုကိုင္လိုက္ေပမယ့္ အၾကည့္ေတြကေတာ့ စုခ်ီယြဲ႔အေပၚမွာရိွေနဆဲ။

စုခ်ီယြဲ႔သည္ ရသစံုရိႈးဟာ သူ႔လိုအေပ်ာ္တမ္းသမားတစ္ေယာက္ကို ဒီလိုေဈးျမင့္ျမင့္ႏွင့္ ဘာေၾကာင့္ကမ္းလွမ္းရသလဲဆိုတာ တကယ္မေတြးတတ္ေတာ့ေပ၊ ဒီေတာ့ တစ္ခုတည္းေသာ ျဖစ္ႏိုင္ေခ်မွာ - "မင္းရဲ့ ဒါရိုက္တာက ကြၽန္ေတာ့္ကို သေဘာက်သြားၿပီး ကြၽန္ေတာ့္ကို လိုက္ခ်င္ေနတာမ်ားျဖစ္ႏိုင္မလားေနာ္?"

ေရွာင္ခ်န္ ေကာ္ဖီတစ္ငံုေသာက္လိုက္ရံုရိွေသး၊ ဤစကားေၾကာင့္ အကုန္ေထြးထုတ္မိသြားရသည္။ ကံေကာင္းေထာက္မလို႔ သူ အလ်င္အျမန္တံု႔ျပန္ၿပီး ေဘးကိုလွည့္လိုက္မိလို႔ေပါ့၊ မဟုတ္ရင္ စားပြဲေပၚကစာခ်ဳပ္ပ်က္စီးသြားေတာ့မလို႔။

ေရွာင္ခ်န္ အခ်ိန္အေတာ္ၾကာေခ်ာင္းဆိုးေန၍ စုခ်ီယြဲ႔လည္း အနည္းငယ္အားနာသြားရကာ တစ္ရႉးတစ္ရြက္ကို ကမ္းေပးလိုက္၏။ "ကြၽန္ေတာ္ထင္တာမွန္ရင္ေတာင္မွ မင္း အရမ္းႀကီးအံ့ၾသေနဖို႔မလိုပါဘူးဗ်ာ"

ေရွာင္ခ်န္ သူ႔လက္ကို အျမန္ေဝ႔ွယမ္းလိုက္ကာ "မင္း... မင္းနားလည္မႈလြဲေနတာပဲ။ ငါတို႔ပရိုဂရမ္မွာ

You are reading the story above: TeenFic.Net