မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤10
တစ်ညလုံးမအိပ်နိုင်ဘဲမနက်အစောကြီးန်ုးလာခဲ့တဲ့ရိပေါ်ကသူ့ရင်ခွင်ထဲကနတ်ဖုရားလေးကိုအရင်ငေးတယ်
ဖြေချထားတဲ့ဆံနွယ်တချို့ကမျက်နှာပေါ်မှာ
ဖယ်ရှားလိုက်တဲ့ဆံနွယ်တွေရဲ့နောက်သိပ်လှတဲ့မျက်နှာလေး
ပြီးပြည့်စုံလွန်းတယ် ခပ်ပြေပြေနှဖူးလေးရယ် မျက်ခုံးသွယ်လေးရဲ့အောက်ဖျာကျနေတဲ့မျက်တောင်တွေနဲ့မျက်ခွံလေးတွေရဲ့အောက်မှာသူသိပ်ကိုသဘောကျရတဲ့ယုန်မျက်သွယ်လေးတွေရှိတယ်
သိပ်လှတဲ့နှာတံလေးရယ် မောင့်ကိုအမြဲဆဲတတ်လွန်းတဲ့နှုတ်ခမ်းပါးလေးရယ်
အသူရာချောက်နက်လိုမောင့်ကိုဆွဲခေါ်လွန်းတဲ့မှဲ့နက်လေးရယ်
မင်းကမောင့်အတွက်နတ်ဖုရားလေးပဲကွယ်
ခပ်တင်းတင်းဖက်တွယ်ထားတဲ့လက်တစ်စုံ
အခုနေများနိုးလာရင်တော့မောင့်ကိုထတောင်ထိုးလောက်တယ်မဟုတ်လား
အပြစ်ကင်းစင်စွာအိပ်နေတဲ့လူသားကနှုတ်ခမ်းပါးလေးတွေကလည်းခပ်ဟဟပွင့်နေလေရဲ့
မောင်တော့ရူးပြီထင်တယ် မင်းနှုတ်ခမ်းလေးတွေကိုအခုပဲငုံခဲလိုက်ချင်ရဲ့
မောင့်ရှောင်းကမောင့်ကိုအမျိုးမျိုးပြုစားနေတော့တာပဲ
ညကပုံစံလေးကိုမောင်တော့သိပ်သဘောကျတာပဲ နောက်တစ်ခါမောင်မရှိပဲရှောင်းအရက်မသောက်ရဘူး
ညကပုံစံလေးကိုသာတခြားသူမြင်သွားရင်မောင်တော့အဲ့လူရဲ့မျက်လုံးတွေကိုအပြစ်ပေးမိမယ်ထင်တယ်
ခပ်ပြေပြေနဖူးပြင်လေးကိုခပ်ဖွဖွနမ်းလို့အသာလွှတ်ပေးလိုက်တယ်
နှုတ်ခမ်းတွေကိုတရား၀င်နမ်းရှိုက်ခွင့်ရအောင်မောင်အမြန်ကြံပါ့မယ်
*********
လေးလံတဲ့မျက်ခွံတွေကိုအားပြုလို့ဖွင့်နေပေမယ့်ပွင့်မလာသေး တဆစ်တစ်နဲ့ကိုက်နေတဲ့ခေါင်းအရက်သောက်လိုက်တဲ့အရှိန်ကပေါ့သေးသေးမဟုတ်မှန်းသူသိတယ်
သေချာအားယူပြီးဖွင့်လိုက်တော့မှပွင့်လာတဲ့မျက်လုံးတွေထဲ၀င်ရောက်လာတာကနက်ဆွေးဆွေးအရောင်တွေဟုတ်မနေခဲ့ဘူး
စိမ်းသက်နေကေမယ့်မှတ်မိနေတဲ့အခန်းဖွဲ့စည်းပုံအရသူ့အခန်းမဟုတ်တဲ့အခြားတစ်ယောက်ရဲ့အခန်း
သေချာအကဲခတ်ကြည့်လိုက်တဲ့အခါ သူ့ဘေးမှာတစ်ခြားလူတစ်ယောက်ကတော့ရှိမနေခဲ့ဘူး
အားးးးး
ချီးပဲရှောင်းကျန့်မင်းဘာတွေလျှောက်လုပ်ခဲ့တာလဲ
ဘယ်လိုတောင်အရှက်မဲ့ရတာလဲ သေချင်တယ် အဲ့ဒါဟိုခွေးနှစ်ကောင်မကောင်းလို့ဖြစ်ရတာ
ဒီ၀မ်ရိပေါ်ရှေ့မှာမှအဲ့လောက်ရုပ်ပျက်ဆင်းပျက်ဖြစ်ရတယ်လို့
ရားးးအဲ့ကောင်ငါ့ကိုဘယ်လောက်တောင်လှောင်နေလိုက်မလဲ
ငါအခုအောက်ကိုဘယ်လိုဆင်းမလဲ
ထူပူနေတဲ့ရှောင်းကျန့်ကမှန်ထဲမှာပေါ်နေတဲ့သူ့ရုပ်ကိုသေချာကြည့်ပြီးတော့မှလန့်သွားတယ်
အားးးးး
လည်ပင်းမှာနီနီအကွက်ကြီးနှစ်ကွက်ကထင်းလို့
ဒါဟိုခွေးကောင်လက်ချက်
ဒေါသတွေငယ်ထိပ်ရောက်နေတဲ့ရှောင်းကျန့်ကအခန်းထဲကပြေးထွက်လို့အောက်ကိုမြန်မြန်ဆင်းဖို့လုပ်တယ် ငါတော့ဒီနေ့မှသူ့မျက်နှာကိုမထိုးရရင်အိမ်မပြန်ဘူး
ဒါပေမယ့်လှေကားအဆင်းနားရောက်မှကြားလိုက်ရတဲ့ရယ်သံတစ်ချို့ကြောင့်သူ့ခြေလှမ်းတွေကိုရပ်တန့်လိုက်တယ်
ဘာကိစ္စသူ့အမကစောစောစီးစီးရောက်နေရတာတုန်း
အောက်ထပ်ကိုတန်းမဆင်းသေးဘဲနားထောင်နေဖို့ပဲလုပ်လိုက်တယ်
မေကျီကသက်သက်အလုပ်ရှုပ်အောင်
"မေကျီကမြို့အုပ်မင်းအတွက်စားစေချင်လို့လေ"
ကျွန်တော့်ကြောင့်များလား
"အို...မြို့အုပ်မင်းကလည်း"
အဟွန်း
"ဟိုတစ်ခါတည်းကလာပို့ဖို့ကိုရှောင်းကျန့်ကသူဘဲလာမယ်ဆိုပြီးအတင်းလုသွားလို့"
အဟွန်း
"မေကျီကိုယ်တိုင်လုပ်တာလေ"
သြော်
"မြို့အုပ်မင်းကတစ်ယောက်တည်းလားစားသောက်ရတာအခက်အခဲရှိရင်မေကျီကိုပြောပါနော်"
ကျစ်ယောင်ရှိတယ်သူကကိုယ်ခိုင်းထားလို့အပြင်သွားနေတာ
စားတာကအဆင်ပြေပါတယ်
"နမ်ချိုင်မြို့ကလှတယ်မဟုတ်လား"
ကျွန်တော်တောင်ဒီမြို့သားဖြစ်တော့မယ်
ဒီမြို့ကမောင်ကြီးမပြန်နိုင်ဖြစ်အောင်ညှို့ယူထားလို့လေ
"ဟို...ဟိုတကယ်လားမြို့အုပ်မင်း"
အင်း ပန်းရိုင်းလေးကသိပ်လှတယ်
ယုန်လေးကအရမ်းဆိုးတယ်
"ဟို...မြို့အုပ်မင်း မေကျီပြန်...ပြန်တော့မယ်နော်"
အိုးးးကိုယ်လိုက်မပို့နိုင်တာစိတ်မရှိပါနဲ့ယုန်လေးအိပ်ယာကနိုးလာရင်ရှာနေမှာစိုးလို့ပါ
"မြို့အုပ်မင်းကယုန်မွေးထားတာလား"
ယုန်ရိုင်းလေးတစ်ကောင်ပေါ့သိပ်ကိုဒေါသကြီးတာလေ အဟင်း
"သြော်...မေကျီကိုခွင့်ပြုပါဦး"
ကောင်းပါပြီ
ခြေလှမ်းမှန်မှန်နဲ့ထွက်သွားတဲ့ရှောင်းမေကျီရဲ့နောက်ကျောကိုကြည့်လို့ရိပေါ်ကပြုံးတယ်
အားနာပေမယ့်လို့ပေါ့
တူတူပုန်းတမ်းကစားနေတဲ့ယုန်လေးကထွက်လာလို့ရပြီ
၀မ်ရိပေါ်
ခွပ်...ခွပ်
ရှောင်းနိုးလာရင်အမူးပြေသောက်ရအောင်မောင်ပျားသံပုရာဖျော်ထားတယ်သောက်လိုက်နော်
၀မ်ရိပေါ်
မင်းမနာဘူးလား
ရှောင်းထိုးလိုက်လို့လား
မောင်မနာတာမဟုတ်ပါဘူး
ရှောင်းစိတ်ကျေနပ်အောင်လို့ခွင့်ပြုပေးထားတာပါ မောင့်နှလုံးသားတော့နာကျင်တာပေါ့
၀မ်ရိပေါ် ဘယ်လိုလူလဲ
မင်းကငါ့ကိုထိကပါးရိကပါးပြောတာမလုံလောက်တဲ့အပြင်ကိုယ်ထိလက်ရောက်ပါစော်ကားထားတယ်
ဒါ့အပြင်ငါ့အမကိုပါမြူဆွယ်တယ်ဆိုတော့
မင်းကမျက်နှာများလွန်းတာပဲ
ရှောင်းကမောင့်ကိုအထင်လွဲနေတာပဲ
ငါ့မျက်လုံးနဲ့တပ်အပ်မြင်တာထောင်အထင်လွဲနေတာဆိုပြီးပေါ်တင်လိမ်တဲ့မင်းက နည်းနည်းမှကိုအရှက်မရှိဘူးပဲ
ရှောင်း
တော်တော့၀မ်ရိပေါ် ငါ့ကိုအဲ့လိုလာမခေါ်နဲ့တော့ မင်းကိုမြင်ရတာငါသိပ်စိတ်ပျက်တာပဲ
ရှောင်းကမောင့်ကိုမြင်ရတာစိတ်ပျက်တယ်လား
ကောင်းပါပြီစိတ်ချပရှောင်းရဲ့ရှေ့ကိုမောင်ဘယ်တော့မှပေါ်မလာတော့ပါဘူး
အခုတော့ခေါင်းတွေကိုက်နေတယ်မဟုတ်လား သောက်လိုက်အုံးနော်
ဒီအထဲမှာ
စိတ်ချလို့ရပါတယ်သောက်လိုက်ပါ
မောင်ကရှောင်းကိုအမြတ်တနိုးချစ်တာမို့ရှောင်းထိခိုက်အောင်မလုပ်ပါဘူး
အာ....တောင်းပန်ပါတယ်စိတ်ရှုပ်စေမိပြီ
အင်း
ကျစ်ယောင်ကလိုက်ပို့ပေးပါလိမ့်မယ်
အင်း
ထွက်သွားတဲ့ကားလေးပေါ်မှာမျက်လုံး မှိတ်လို့ပါသွားတဲ့ရှောင်းကိုကြည့်လို့၀မ်ရိပေါ်ရဲ့မျက်နှာမှာနတ်ဆိုးအပြုံးကြီးပေါ်လာတယ်
သူ့ယုန်ဆိုးလေးသူ့ဆီမြန်မြန်ရောက်လာဖို့နည်းနည်းလောက်သရုပ်ဆောင်လိုက်ရုံပါပဲ
B Bhone🖤
You are reading the story above: TeenFic.Net