အပိုင်း ( ၆ )

Background color
Font
Font size
Line height

    ယနေ့ဟောပြောပွဲ၏ အဓိက Sponsor ဖြစ်ဟန်ရသော အသက်လတ်ပိုင်း လူတစ်ဦးသည် ဒေါ်သက်လျာကျော်အား သူနှင့်အတူ နေ့လယ်စာ စားရန် တောင်းဆိုနေသည်။ တီချယ်သက်၏ မျက်နှာသည် အလွန်အမင်းစိတ်သောကရောက်နေပုံရသော်လည်း ငြင်းပယ်မရသည့်အခြေအနေကြောင့် သည်းခံထိုင်နေပုံရသည်။ မြတ်သည် ထိုလူကြီးအား မျက်လုံးမှေးစင်းကာ ကြည့်လိုက်ပြီးနောက် သူသည် ဟောပြောပွဲခန်းမထဲသို့ ပြန်ဝင်လာပြီး လူတစ်ယောက်ကို ရှာဖွေလိုက်သည်။

   ကျောင်းသားရေးရာမှ အဖွဲ့ဝင်ဖြစ်သူ ထွဋ်စစ်မှူးလွင်သည် ဆရာမ၏ ကျောင်းသားစာရင်းစစ်ဆေးရာတွက် ကူညီနေသည်ကို တွေ့လိုက်သည်။ မြတ်သည် ထွဋ်စစ်မှူးလွင်ကို ချိုသာစွာ နှူတ်ဆက်၍ စကားအနည်းငယ်ပြောလိုက်သည်။ ထွဋ်စစ်မှူးလွင်သည် မြတ်ကို သံသယပင်မရှိဘဲ စကားပြန်ပြောနေ၏။

"ထွဋ်စစ်မှူးလွင် ဒီနေ့ ပွဲလုပ်တဲ့ လူကို သိလား? ရှပ်အင်္ကျီမီးခိုးရောင်နဲ့ လူလေ"

"သိတယ်လေ။ Starfish လုပ်ငန်းစုကပဲ။ဦးဇင်ဗိုလ်တဲ့။ "

" သူက အရင်ကလည်း ဒီလိုလုပ်ပေးနေကြလား?"

" မဟုတ်ဘူးထင်တယ်။ သူက အခုအသစ်ပြောင်းလာတဲ့ ကျောင်းအုပ်နဲ့ သိတာဆိုပဲ့။ မဟုတ်ရင် ဒီလိုမျိုး ပရိုမိုးရှင်းဆင်းသလို ဟောပြောပွဲကို ဘယ်သူက ခွင့်ပြုမှာလဲ။ နင်လည်း သိမှာပါ။ အဲဒီလို ရာထူးအထက်ပိုင်းလောက ဘယ်လောက်တောင် ပုပ်ပွနေတာလဲဆိုတာကိုပေါ့ "

"ထွဋ်စစ်မှူးလွင် ငါ့ကို ဖုန်းခဏငှါးပေးလို့ ရမလား? ငါ အရေးကြီးကိစ္စတစ်ခုပြောမလို့လေ။ ညကျောင်းအချိန်နောက်ကျမှာကို အိမ်ကို ပြောဖို့မေ့ခဲ့တာ"

"ကောင်းပါပြီ" ထွဋ်စစ်မှူးလွင်သည် သံသယကင်းရှင်းစွာပင် မြတ်ကို ဖုန်းပေးလိုက်သည်။

   မြတ်သည် ဦးဇင်ဗိုလ်၏ ကိုယ်ရေးအချက်အလက်အချို့အား သူ့အဖေ၏ အတွင်းရေးမှူးကို မေးလိုက်သည်။ အတွင်းရေးမှူးသည် မိနစ်အနည်းငယ်အတွင်း အရေးပါသော အတင်းအဖျင်းတစ်ချို့ကို ရှာခဲ့ပေးသည်။ မြတ်သည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။

"ငါ့အဖေက တကယ်ကောင်းတဲ့လူကို ရှာထားတာပဲ"

   မြတ်သည် ထွဋ်စစ်မှူးလွင်ကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ခုနက တီချယ်သက်ရှိရာ နေရာကို ပြန်လာခဲ့သည်။ အနှီမြေခွေးအိုကြီးသည် တီချယ်သက်အား နေ့လယ်စာအတူစားထွက်ရန် ကားကိုပင် ခေါ်သွားနေလေသည်။ မြတ်သည် တီချယ်ဆီ အလျင်အမြန်ပြေးသွားလေသည်။

"တီချယ်သက် မြတ် ဗိုက်အောင့်နေလို့၊ ကျောင်းဆေးခန်းကို လိုက်ခဲ့ပေးပါလား?" မြတ်သည် သူ၏ ဝမ်းဗိုက်ကို ဖိထားလျက်  အလွန်အမင်းနာကျင်နေသော အသံဖြင့် မျက်နှာငယ်လေးဖြင့် ပြောလေသည်။

" မြတ် ရရဲ့လား? တီချယ့်ကို စောစောပြောမှပေါ့။ ဦးဇင်ဗိုလ် မြင်တဲ့အတိုင်းပါပဲ ရှင်။ ကလေးရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် ကျွန်မ,မလိုက်ပေးနိုင်တာ စိတ်မရှိပါနဲ့ရှင် "

" ကျောင်းဆေးခန်းကို သွားမှာကို တခြားဆရာမတစ်ယောက်နဲ့ လွှဲထားခဲ့လို့ ရပါတယ်။ ကျွန်တော်တို့က ကျောင်းသားတွေရဲ့ သင်ထောက်ကူပစ္စည်းတွေအကြောင်းဆွေးနွေးဖို့ သွားကြမှာလေ" ဦးဇင်ဗိုလ်သည် ထိုကလေးမအား စိတ်ထဲတွင် မိုးမွှန်သည့်တိုင်အောင် ကျိန်ဆဲလျက်  လက်တွေ့တွင်မူ ချိုသာစွာပြောနေရသည်။

"အာ့ တီချယ် သမီးဗိုက်နာလိုက်တာ"

" ရှင် ကျွန်မကို တကယ်ပဲ ဒီမှါ ဆက်နေစေချင်သေးတာလား"

"ကောင်းပါပြီ။ ကျောင်းဆေးခန်းကို ကျွန်တော်ပါ လိုက်ပို့ပေးပါ့မယ်"

    တီချယ်သက်သည် သူ့အား အမှန်တကယ်စိတ်ပူနေသည်ကိုတွေ့ရသောအခါ မြတ်သည် ပျော်ရွှင်သွားသည် မှန်သော်လည်း အားနာစိတ်လေး ဝင်လာခဲ့သည်။ တီချယ်သက်သည် သူ့အား လမ်းလျှောက်ရာတွင် အကူအညီပေးနေတာကြောင့် သူသည် သတ္တိအနည်းငယ်ထုတ်ကာ တီချယ်သက်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ တီချယ်သက်ကတော့ သူနာကျင်နေ၍ဟုသာ ထင်နေသည်။ ဦးဇင်ဗိုလ်ကမူ အလွန်တရာကို သည်းခံထားရသော မျက်နှာထားနှင့် ဖြစ်သည်။ တိုက်ဆိုင်စွာပင် ထိုနေ့သည် ကျောင်းဆေးခန်းမှ ဆရာဝန်သည် ခွင့်ယူထားလေသည်။ ကျောင်း၏ တစ်ဖက်ခြမ်းတွင် ဆေးရုံရှိတာကြောင့် ဒေါ်သက်လျာကျော်သည် ဆေးရုံကိုသွားကာ သူနာပြုတစ်ဦးကို လျင်မြန်စွာ သွားခေါ်ခဲ့တော့သည်။

   ဦးဇင်ဗိုလ်သည် မည်းမှောင်နေသော မျက်နှာထားဖြင့် လူနာစောင့်ထိုင်ခုံတွင် ထိုင်နေလေသည်။ မြတ်သည် တီချယ်ထွက်သည်နှင့် တစ်ပြိုင်နက် ဟန်ဆောင်သော မျက်နှာထားကို ပြန်ပြင်ကာ အနည်းငယ်ရှုပ်နေသော ဆံပင်ကို သပ်ရပ်စေရန် ပြင်လိုက်သည်။

" နင် ဟန်ဆောင်နေတယ်!!"

"အင်း၊ ကိုယ့်ရာထူးကိုတောင် မထောက်ထားနိုင်လောက်အောင် အရမ်းကို သိက္ခာမဆည်နိုင်နေတော့လည်း ကျွန်မက စကားနည်းနည်းလောက် ပြောချင်လာလို့ပါ။ ပထမတစ်ချက် အနေနဲ့ ရှင်သိရမှာက ဒါက စာသင်ကျောင်းပါ။ကိုယ့်သမီး စာသင်နေတဲ့ကျောင်းက ဆရာမကို ခွေးအစာငတ်နေသလို သရေတမြားမြားကျနေတာက ရုပ်ပျက်လွန်းတယ်မလား? ရှင်ရဲ့ အပြင်ဖက်က အမြောင်မယားတစ်သိုက်ကိုတောင် နိုင်အောင် မထိန်းဘဲနဲ့ လာရှုပ်ချင်နေသေးတယ်။ ရှင့်ငယ်ငယ်တုန်းက ကျောင်းမှာ အရှက်ဆိုတဲ့ စကားလုံးကိုရော သင်ဖူးခဲ့ရဲ့လား?"

"ဒီမှါ ကလေးမ။ မင်း စကားပြောနေတာ လူကြီးဆိုတာကိုရော သိသေးရဲ့လား? လေးစားမှုဆိုတာကို အခုခေတ်ကလေးတွေက မသိကြဘူးပဲ"

"ရှင်က ကျွန်မထက် အသက်နှစ်ဆယ်လောက်ကြီးပေမဲ့  ဝမ်းနည်းစရာကောင်းတာက အဲအနှစ်နှစ်ဆယ်လောက်ကို သစ်တုံးတစ်တုံးလို ဖြတ်ကျော်ခဲ့ပုံရတယ်။ ရှင့်လို အဖိုးကြီးက ကျွန်မက လေးစားစရာလိုသေးလို့လား?"

"ဒီကလေးမကတော့ !!"

"ရှင် ဒီကျောင်းအတွက် Starfish လုပ်ငန်းစုကပေးထားတဲ့ ရန်ပုံငွေစာရင်းတွေ စစ်ခံနေရတယ်ဆိုတည ကြားမိပါသေးရဲ့။ ရှင် ဒီလို အရှက်မရှိ ဆက်လုပ်နေရင် ကျွန်မ ဘာလုပ်ရင် ကောင်းမလဲ?"

"မင်း!! မင်း ငါ့ကို ဘယ်သူထင်နေတာလဲ?"

" ရှင်ကရော ကျွန်မ ဘယ်သူလဲ သိလို့လား?"

" ဒီယဥ်ကျေးမှု မရှိတဲ့ ကလေးမကတော့ ငါ့ဒေါသကို တမင်သက်သက်လာဆွနေတာပဲ။ ငါက Starfish လုပ်ငန်းစုက ဒါရိုက်တာပဲ "

"အဲတာဆိုလည်း ကျွန်မအဖေက Mega လုပ်ငန်းစုရဲ့ CEO ပဲ။ ရှင့်ရဲ့ ဆိုးရွားလှသော အပုပ်အပွတွေ မပေါ်လာခင် ဒီအထန်းထဲက မြန်မြန်လေး ထွက်သွားစမ်းပါ။ လေထုညစ်ညမ်းတယ်။ "

   Starfish လုပ်ငန်းစုသည် Mega လုပ်ငန်းစုများထဲက လုပ်ငန်းသေးသေးလေးတစ်ခုသာဖြစ်တာကြောင့် ဦးဇင်ဗိုလ်သည် ကြက်လည်လိမ်ထားသကဲ့သို့ ဖြစ်သွားကာ အခန်းပြင်ထွက်သွားသည်။ မြတ်သည် သူ၏ မိဘများအကြောင်းကို ဖုံးဖိထားကာ သာမန်ကျောင်းသူတစ်ဦးကဲ့သို့သာ နေထိုင်ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့  နှာခေါင်းငယ်ထိပ်ရောက်နေသော သက်ကြားအိုတစ်ဦးကို ကိုင်တွယ်ရန် အသုံးပြုလိုက်ရသည်။ မြတ်သည် စိတ်ညစ်စွာ ညည်းညူလိုက်သည်။ မည်သို့ပင် ဖြစ်သော်လည်း ထိုမြေခွေးအိုထံကို တီချယ်သက် မပါသွားသည်က မြတ်ကို ပို၍ ပျော်ရွှင်စေတာကြောင့် မြတ်သည် ပြုံးလျက် ကျောင်းဆေးခန်းကုတင်ပေါ် လှဲနေလိုက်သည်။

     တီချယ်သက်သည် သူနာပြုနှင့်အတူ ပြန်လာခဲ့သည်။ သူနာပြုသည် သူ့အား စစ်ဆေးမှုများပြုလုပ်ကာ တက္ကသိုလ်ဝင်တန်း ဖြစ်တာကြောင့်  အလွန်အကျွံ့စာလုပ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ပြည့်ပြည့်ဝဝအနားယူရန်နှင့် အားဖြည့်ဓာတ်စာများပေးပြီးနောက် ပြန်သွားလေသည်။ တီချယ်သက်သည် အခန်းထဲ ဝေ့ဝိုက်ကြည့်လိုက်သည်။

"မြတ် ဟိုလူကြီးကရော "

"အလုပ်ကိစ္စအရေးတကြီးပေါ်လာလို့ ပြန်သွားရတယ်!

"တော်သေးတာပေါ့။ ဟူးးး လူမှုဆက်ဆံရေးအသိုင်းအဝိုင်းဆိုတာ အဲလိုပဲ မြတ်ရေ။ အကောင်ကြီးကြီးမိမှ ဟင်းကောင်းတစ်ခွက်ဖြစ်တော့လည်း မဆုံးနိုင်တဲ့သံသရာပဲပေါ့။ မြတ်သာ ပေါ်မလာရင်  တီချယ်တော့ ဘယ်လောက်တောင် သည်းခံပြီးစကားဆက်ပြောနေရဦးမလဲ မသိတော့ဘူး " ဒေါ်သက်လျာကျော်သည် သူကိုယ်တိုင်တောင် မသိဘဲ ကလေးတစ်ယောက်ကဲ့သို့ ညည်းညူနေမိသည်။

   မြတ်သည် ကုတင်ပေါ် တင်ထားသော တီချယ်သက်၏ ကျောက်စိမ်းသဖွယ် နူးညံ့နေသော လက်လေးကို ဆုပ်ကိုင်လိုက်၏။

" တီချယ်သက်က သေချာပေါက် လုပ်နိုင်မှာပါ "

"ဟုတ်တယ်နော် " ဒေါ်သက်လျာကျော်သည် မျက်လုံးထောင့်စွန်းများကွေးတက်သွားသည်အထိ ရယ်မောနေခဲ့သည်။

" မြတ် ဘယ်တက္ကသိုလ်တက်ဖို့ တွေးထားလဲ၊ "

" Entrepreneurship ပါ၊ အဲထဲက Global Business ကို မြတ်သဘောကျတယ်"

" အိုး အခုခေတ်ကလေးတွေက မတူညီတာတွေကို သဘောကျတာပဲ။ တီချယ်ငယ်ငယ်တုန်းကဆို အဲလိုမေဂျာတွေ မတက်ချင်ခဲ့ဘူး။ အဲတာကြောင့် ပညာရေးတက္ကသိုလ်ကို ရွေးချယ်ခဲ့တာ။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ ရည်မှန်းချက်ထားပြီးရင် ဖြစ်အောင် လုပ်ရမယ်နော်။ တီချယ်က စိတ်ဓာတ် မပြတ်သားတဲ့ သူတွေကို သဘောမကျဘူး။"

"မြတ် အကောင်းဆုံး ကြိုးစားပါ့မယ်"

    မြတ်နှင့် တီချယ်သက်တို့သည် ကျောင်းဆေးခန်းတွင် ကျောင်းဆင်းသည်အထိ နေခဲ့ကြသည်။ မြတ်က သူနာပြုသွင်းပေးထားခဲ့သော ဂလူးကိုစ့်ကုန်သည်အထိ နေခဲ့ခြင်း ဖြစ်ကာ တီချယ်သက်ကမူ မြတ်ကို စောင့်နေပေးခြင်း  ဖြစ်သည်။ မြတ်သည် လူနာကုတင်ဘေးတွင်  စာအုပ်ကို အာရုံစူးစိုက်ကာ ဖတ်နေသော တီချယ်သက်ကို ကြည့်ရင်းသူ၏ နှလုံးသားသည် နူးညံ့ပျော်ရွှင်နေသည်။ တစ်နေ့ထက် တစ်နေ့သေချာလာသော သူ့၏ ခံစားချက်များကို ထုတ်ပြရန် အချိန်မတန်သေးတာကိုလည်း သူသိပါ၏။ သူ့ရှေ့က တီချယ်လေးကို သဘောကျတာ ဆရာမတစ်ဦးလို မဟုတ်ဘဲ သူဘဝရဲ့ မြတ်နိုးရာလေး တစ်ခုပါပဲ။

" မြတ့်အိမ်ကို တီချယ်ဖုန်းဆက်ပေးထားမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနေ့ တစ်ရက်တော့ အိမ်ပြန်နားလိုက် ဟုတ်ပြီလား? ထူးချွန်တာကောင်းပေမဲ့ တစ်ခါတလေတော့လည်း ကိုယ့်ကိုယ်ကို ဖိအားမပေးနဲ့။ ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်က ကြိုတင်မှန်းထားလို့ မရဘူးတဲ့  "

    မြတ်သည် အိမ်ပြန်လာသည့် လမ်းတစ်လျှောက်လုံး တီချယ်ပြောသည်ကို တစိမ့်စိမ့်ပြန်တွေးကာ မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ဘယ်လောက်တောင်မှ မြတ်နိုးဖို့ ကောင်းလိုက်လေသလဲ!

     အချိန်တွေ ကုန်လွန်လာသည်က နှစ်လဆိုသည့်အချိန်ကာလက မျက်တခတ်စာလေးအတွင်းပါပဲ။ လစဥ်စစ်ဆေးသည့် အမှတ်စာရင်း ထွက်လာသည့်အချိန်၌ တစ်တန်းလုံးသည် ကျွတ်ကျွတ်ညံကာ ​အမှတ်စာရင်းက လွဲ၍ ကျန်သောအကြောင်းအရာများ​အကြောင်းပြောနေကြသည်။ အတန်းခေါင်းဆောင်သည် တစ်ဒါဇင်ထက်မနည်းသော စာရွက်များကို သယ်ကာ အခန်းအတွင်းသို့ ဝင်လာသည်။

"ကဲ အတန်း ငြိမ်မယ် !!!" အတန်းခေါင်းဆောင်သည် ဆယ်ကြိမ်ထက်မနည်း အော်ပြောလိုက်သောအခါမှ အတန်းသည် ငြိမ်သက်သွားလေသည်။

" ပထမဆုံး စာမေးပွဲရလာဒ်က ထွက်လာပြီဆိုတော့ ဒီနေ့ရုံးခန်းကနေ အကြောင်းအရာတစ်ခု သိလာရတယ်။ အဲတာကတော့ ဆယ်တန်းကျောင်းသားတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်အပြင်ကို အထက်တန်းအောင် လက်မှတ်ပါ ထုတ်ပေးမယ်ဆိုတာကိုပဲ။ အဲလက်မှတ်က တက္ကသိုလ်တော့ ဝင်ခွင့်မရပေမဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ခွင့်ရှိတယ်။ အဲအတွက် ကျောင်းခေါ်ချိန် ၇၅% ပြည့်ရမယ်။ အားကစား၊ အသင်းပူးပေါင်းဆောင်ရွက်မှု၊မိတ္တဗလတွေပါ အကဲဖြတ်သွားမှာ ဖြစ်တယ်ဆိုပဲ။ ဒါကြောင့် အတန်းသားတွေအနေနဲ့ စာပဲတော်နေလို့ မဖြစ်ပါဘူး"

" အသေးစိတ်ကိုတော့ အတန်းပိုင်က ရှင်းပြမှာမို့ စိတ်မပူကြပါနဲ့။ ဒီနေ့ ညွှန်ကြားထားတာကတော့ သူတို့က ပြိုင်ပွဲနာမည်လေးတွေ ချပေးထားတယ်။ ကိုယ်အားသန်ရာ ခေါင်းစဥ်အောက်မှာ စာရင်းပေးနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ အားကစားမှာ ပါမည့် လူတွေအနေနဲ့ စာရွက်လာယူပြီး နာမည်ဖြည့်ပေးပြီး အားကစားကို အမှတ်ခြစ်ပေးရုံပါပဲ။ ဥပမာ စက်ဘီးစီးရတာ နှစ်သက်တယ်ဆိုရင် Cycling မှာ အမှန်ခြစ် သဘောပေါက်ကြလား? "

  တစ်ခဏအကြာတွင် စာရွက်များပြန်ရလာခဲ့သောအခါတွင် အတန်းခေါင်းဆောင်သည် ချွေးတောက်တောက်ကျသည်အထိ စာရင်းလုပ်နေခဲ့ရသည်။

"ကဲ ဟုတ်ပြီ အိမ်တွင်းမှု ပါမယ့်လူ လက်ထောင်ပေးပါ "

" ငါပါမယ်။ နာမည်က ဇွဲကပင်လမ်းမှာနေတဲ့ ခန့်ညားဟန်ပန်  ဥက္ကာမင်းဟန်၊ ဟင်းချက်တဲ့နေရာမှာနော် "

"ငါရောပဲ နာမည်က ပိတောက်လမ်းက မှုံကျအောင် လှပါတဲ့ ဟန်နွေရာ" ဟန်နွေရာသည် မတ်တပ်ထရပ်ရင်း ဖြေလိုက်သည်။

နာမည်ကို ကာရန်လိုက်ပြောနေပြသော သူတို့နှစ်ယောက်ကြောင့် တခြားသူလည်း လိုက်ပြောရင်းအတန်းအတွင်း ရယ်ပွဲကျသွားလေ၏။

"နင်က ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကို သိတယ်ပေါ့"
မြတ်သည် မျက်ခုံးပင့်ရင်း မေးလိုက်သည်။

"ဒါပေါ့။ ငါက စာလုပ်တာ မတော်ပေမဲ့ ဇွန်းဘယ်လိုကိုင်ရမလဲဆိုတာ သိတယ်လေ။ ပြီးတော့ "
ဟန်နွေရာသည် တိုးတိုးလေးဖြင့် အနားကပ်ဆိုသည်။

"မိန်းကလေးတွေရဲ့ နှလုံးသားကို လိုချင်ရင် သူတို့ဝမ်းဗိုက်ကို အရင်ဖြည့်ပေးရတယ်တဲ့။ ငါတို့ အလယ်တန်းတစ်လျှောက်လုံး ရှင်းလကျ်ာကို နေ့တိုင်း ကြက်ဥကြော်ကျွေးခဲ့တာ။ဒါကြောင့် ဟင်းချက်တာလောက်က အေးဆေးပဲ"

" ငါလည်း ပါရင်ကောင်းမယ် ထင်တယ်"

" နင်အရင်ချက်သင်လိုက်ဦး ။ ဒါက အမှတ်ပေးစနစ်နဲ့ နင် အမှတ်ရမယ့် ခေါင်းစဥ်ကိုသာ ရှာလိုက် "

"အတန်းခေါင်းဆောင် ငါလည်း ပါမယ် " ရှင်းလကျ်ာသည် ထရပ်ကာ ပြောလိုက်သည်။ သူသည် ဟန်နွေရာက ချက်ပြုတ်သင်တန်းအကြောင်းပြောနေသည်ကို ကြားခဲ့တာကြောင့် ပါဝင်ခဲ့သည်။

" မိန်းကလေးတွေရဲ့ နှလုံးသားက ဝမ်းဗိုက်မှာ ရှိတာပေါ့။
ကောင်းပြီလေ သူရဲ့ ဝမ်းဗိုက်သေးသေးလေးကို အပြည့်ဖြည့်ပေးရသေးတာပေါ့။ လိုအပ်ရင် ကလေးသေးသေးလေးပါ ထည့်ပေးလိုက်မယ် " ရှင်းလကျ်ာသည်သူ့ဘာသာတွေးပြီး ကျေနပ်စွာ ပြုံးလိုက်၏။

    ဟန်နွေရာသည် ရှင်းလက်ျာက အိမ်တွင်းမှုအတန်းကို ပါမည်ဆိုတာကြောင့် သူ၏ စပ်စုလိုစိတ်သည် တာဝတိံသာ ခုနစ်ထပ်ထက်ပင် မြင့်မားနေလေသည်။ ထို့ကြောင့် သူသည် ရှင်းလကျ်ာဘေးက ခုံကိုသွားကာ စတင်မေးမြန်းတော့သည်။

    အတန်းတွင်း စာရင်းကောက်မှု ပြီးဆုံးသွားပြီးနောက် အတန်းသည် နောက်ထပ်သင်ခန်းစာ အသစ်များဖြင့် တစ်ဖန် သက်ဝင်ကာ နေ့ရက်တိုင်းကို ကုန်ဆုံးနေခဲ့ပြန်သည်။ နေ့ရက်တိုင်းသည် ရေပြင်အလား တည်ငြိမ်နေသည်ဆိုတာက ပြင်းထန်သော မုန်တိုင်း၏ အစပေလော မသိချေ။
နေ့တစ်နေ့၏ မနက်ပိုင်းတွင် အတန်းပိုင်ဆရာမသည် စာသင်ခန်းထဲသို့ ဒေါသတကြီး ဝင်ရောက်လာသည်။ ထိုအချိန်သည် ဘုရားဝတ်ပြုပြီးချိန် ဖြစ်တာကြောင့် အတန်းစရန် ပြင်နေချိန် ဖြစ်သည်။ ဆရာမသည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်သောအခါ အခန်းသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

" ငါ ဒီမနက်ပိုင်းက အလယ်တန်းဆရာမတွေဆီက တိုင်ကြားစာတစ်ခုကို ရရှိခဲ့တယ်။ မနေ့နေ့လယ်ပိုင်းက အထက်တန်းကျောင်းသားစုံတွဲတစ်တွဲက ကျောင်းစတိုခန်းမှာ ချိန်းတွေ့နေခဲ့တယ်တဲ့။ ပြီးတော့ သူက အဲတာ သိပ္ပံဘာသာတွဲက ဖြစ်နိုင်ပြီး ကလေးတွေက တန်းခွဲAကလို့ ဆိုကြတယ်။ ဘယ်သူက ကျောင်းမှာ အဲလိုကိစ္စတွေကို လုပ်ရဲတာလဲ? ကိုယ့်အသိစိတ်ဓာတ်နဲ့ ထွက်ဝန်ခံကြစမ်း!!"

Zucchinin 😿 တကယ်တော့ ဒီနေ့ မတင်ဘူးလို့ ဆုံးဖြတ်ထားတာပဲ။ ဘာလို့ဆိုတော့ ကိုယ့်အချစ်ဆုံးကြောင်လေးပျောက်သွားတာ ဒီနေ့ဆို တစ်လပြည့်ပြီလေ။အဲတာကြောင့် စိတ်သိပ်မကောင်းဘူး ဖြစ်နေတာ။ ဘာပဲ ဖြစ်ဖြစ် စောင့်နေမယ် ထင်လို့ တင်ပေးလိုက်ပါတယ်။ 






    ယေန့ေဟာေျပာပြဲ၏ အဓိက Sponsor ျဖစ္ဟန္ရေသာ အသက္လတ္ပိုင္း လူတစ္ၪီးသည္ ေဒၚသက္လ်ာေက်ာ္အား သူႏွင့္အတူ ေန့လယ္စာ စားရန္ ေတာင္းဆိုေနသည္။ တီခ်ယ္သက္၏ မ်က္ႏွာသည္ အလြန္အမင္းစိတ္ေသာကေရာက္ေနပံုရေသာ္လည္း ျငင္းပယ္မရသည့္အေျခအေနေၾကာင့္ သည္းခံထိုင္ေနပံုရသည္။ ျမတ္သည္ ထိုလူႀကီးအား မ်က္လံုးေမွးစင္းကာ ၾကည့္လိုက္ၿပီးေနာက္ သူသည္ ေဟာေျပာပြဲခန္းမထဲသို႔ ျပန္ဝင္လာၿပီး လူတစ္ေယာက္ကို ရွာေဖြလိုက္သည္။

   ေက်ာင္းသားေရးရာမွ အဖြဲ႔ဝင္ျဖစ္သူ ထြဋ္စစ္မွဴးလြင္သည္ ဆရာမ၏ ေက်ာင္းသားစာရင္းစစ္ေဆးရာတြက္ ကူညီေနသည္ကို ေတြ့လိုက္သည္။ ျမတ္သည္ ထြဋ္စစ္မွဴးလြင္ကို ခ်ိဳသာစြာ ႏႉတ္ဆက္၍ စကားအနည္းငယ္ေျပာလိုက္သည္။ ထြဋ္စစ္မွဴးလြင္သည္ ျမတ္ကို သံသယပင္မရိွဘဲ စကားျပန္ေျပာေန၏။

"ထြဋ္စစ္မွဴးလြင္ ဒီေန့ ပြဲလုပ္တဲ့ လူကို သိလား? ရွပ္အက်ႌမီးခိုးေရာင္နဲ႔ လူေလ"

"သိတယ္ေလ။ Starfish လုပ္ငန္းစုကပဲ။ၪီးဇင္ဗိုလ္တဲ့။ "

" သူက အရင္ကလည္း ဒီလိုလုပ္ေပးေနၾကလား?"

" မဟုတ္ဘူးထင္တယ္။ သူက အခုအသစ္ေျပာင္းလာတဲ့ ေက်ာင္းအုပ္နဲ႔ သိတာဆိုပဲ့။ မဟုတ္ရင္ ဒီလိုမ်ိဳး ပရိုမိုးရွင္းဆင္းသလို ေဟာေျပာပြဲကို ဘယ္သူက ခြင့္ျပဳမွာလဲ။ နင္လည္း သိမွာပါ။ အဲဒီလို ရာထူးအထက္ပိုင္းေလာက ဘယ္ေလာက္ေတာင္ ပုပ္ပြေနတာလဲဆိုတာကိုေပါ့ "

"ထြဋ္စစ္မွဴးလြင္ ငါ့ကို ဖုန္းခဏငွါးေပးလို႔ ရမလား? ငါ အေရးႀကီးကိစၥတစ္ခုေျပာမလို႔ေလ။ ညေက်ာင္းအခ်ိန္ေနာက္က်မွာကို အိမ္ကို ေျပာဖို႔ေမ့ခဲ့တာ"

"ေကာင္းပါၿပီ" ထြဋ္စစ္မွဴးလြင္သည္ သံသယကင္းရွင္းစြာပင္ ျမတ္ကို ဖုန္းေပးလိုက္သည္။

   ျမတ္သည္ ၪီးဇင္ဗိုလ္၏ ကိုယ္ေရးအခ်က္အလက္အခ်ိဳ႕အား သူ႔အေဖ၏ အတြင္းေရးမွဴးကို ေမးလိုက္သည္။ အတြင္းေရးမွဴးသည္ မိနစ္အနည္းငယ္အတြင္း အေရးပါေသာ အတင္းအဖ်င္းတစ္ခ်ိဳ႕ကို ရွာခဲ့ေပးသည္။ ျမတ္သည္ မၿပံဳးဘဲ မေနႏိုင္ခဲ့ေပ။

"ငါ့အေဖက တကယ္ေကာင္းတဲ့လူကို ရွာထားတာပဲ"

   ျမတ္သည္ ထြဋ္စစ္မွဴးလြင္ကို ေက်းဇူးတင္ေၾကာင္းေျပာၿပီးေနာက္ ခုနက တီခ်ယ္သက္ရိွရာ ေနရာကို ျပန္လာခဲ့သည္။ အႏွီေျမေခြးအိုႀကီးသည္ တီခ်ယ္သက္အား ေန့လယ္စာအတူစားထြက္ရန္ ကားကိုပင္ ေခၚသြားေနေလသည္။ ျမတ္သည္ တီခ်ယ္ဆီ အလ်င္အျမန္ေျပးသြားေလသည္။

"တီခ်ယ္သက္ ျမတ္ ဗိုက္ေအာင့္ေနလို႔၊ ေက်ာင္းေဆးခန္းကို လိုက္ခဲ့ေပးပါလား?" ျမတ္သည္ သူ၏ ဝမ္းဗိုက္ကို ဖိထားလ်က္  အလြန္အမင္းနာက်င္ေနေသာ အသံျဖင့္ မ်က္ႏွာငယ္ေလးျဖင့္ ေျပာေလသည္။

" ျမတ္ ရရဲ့လား? တီခ်ယ့္ကို ေစာေစာေျပာမွေပါ့။ ၪီးဇင္ဗိုလ္ ျမင္တဲ့အတိုင္းပါပဲ ရွင္။ ကေလးရဲ့ က်န္းမာေရးက အေရးႀကီးတာေၾကာင့္ ကြၽန္မ,မလိုက္ေပးႏိုင္တာ စိတ္မရိွပါနဲ႔ရွင္ "

" ေက်ာင္းေဆးခန္းကို သြားမွာကို တျခားဆရာမတစ္ေယာက္နဲ႔ လႊဲထားခဲ့လို႔ ရပါတယ္။ ကြၽန္ေတာ္တို႔က ေက်ာင္းသားေတြရဲ့ သင္ေထာက္ကူပစၥည္းေတြအေၾကာင္းေဆြးေနြးဖို႔ သြားၾကမွာေလ" ၪီးဇင္ဗိုလ္သည္ ထိုကေလးမအား စိတ္ထဲတြင္ မိုးမႊန္သည့္တိုင္ေအာင္ က်ိန္ဆဲလ်က္  လက္ေတြ့တြင္မူ ခ်ိဳသာစြာေျပာေနရသည္။

"အာ့ တီခ်ယ္ သမီးဗိုက္နာလိုက္တာ"

" ရွင္ ကြၽန္မကို တကယ္ပဲ ဒီမွါ ဆက္ေနေစခ်င္ေသးတာလား"

"ေကာင္းပါၿပီ။ ေက်ာင္းေဆးခန္းကို ကြၽန္ေတာ္ပါ လိုက္ပို႔ေပးပါ့မယ္"

    တီခ်ယ္သက္သည္ သူ႔အား အမွန္တကယ္စိတ္ပူေနသည္ကိုေတြ့ရေသာအခါ ျမတ္သည္ ေပ်ာ္ရႊင္သြားသည္ မွန္ေသာ္လည္း အားနာစိတ္ေလး ဝင္လာခဲ့သည္။ တီခ်ယ္သက္သည္ သူ႔အား လမ္းေလ်ွာက္ရာတြင္ အကူအညီေပးေနတာေၾကာင့္ သူသည္ သတၲိအနည္းငယ္ထုတ္ကာ တီခ်ယ္သက္၏ လက္ကို ဆုပ္ကိုင္လိုက္သည္။ တီခ်ယ္သက္ကေတာ့ သူနာက်င္ေန၍ဟုသာ ထင္ေနသည္။ ၪီးဇင္ဗိုလ္ကမူ အလြန္တရာကို သည္းခံထားရေသာ မ်က္ႏွာထားႏွင့္ ျဖစ္သည္။ တိုက္ဆိုင္စြာပင္ ထိုေန့သည္ ေက်ာင္းေဆးခန္းမွ ဆရာဝန္သည္ ခြင့္ယူထားေလသည္။ ေက်ာင္း၏ တစ္ဖက္ျခမ္းတြင္ ေဆးရံုရိွတာေၾကာင့္ ေဒၚသက္လ်ာေက်ာ္သည္ ေဆးရံုကိုသြားကာ သူနာျပဳတစ္ၪီးကို လ်င္ျမန္စြာ သြားေခၚခဲ့ေတာ့သည္။

   ၪီးဇင္ဗိုလ္သည္ မည္းေမွာင္ေနေသာ မ်က္ႏွာထားျဖင့္ လူနာေစာင့္ထိုင္ခံုတြင္ ထိုင္ေနေလသည္။ ျမတ္သည္ တီခ်ယ္ထြက္သည္ႏွင့္ တစ္ၿပိဳင္နက္ ဟန္ေဆာင္ေသာ မ်က္ႏွာထားကို ျပန္ျပင္ကာ အနည္းငယ္ရႈပ္ေနေသာ ဆံပင္ကို သပ္ရပ္ေစရန္ ျပင္လိုက္သည္။

" နင္ ဟန္ေဆာင္ေနတယ္!!"

"အင္း၊ ကိုယ့္ရာထူးကိုေတာင္ မေထာက္ထားႏိုင္ေလာက္ေအာင္ အရမ္းကို သိကၡာမဆည္ႏိုင္ေနေတာ့လည္း ကြၽန္မက စကားနည္းနည္းေလာက္ ေျပာခ်င္လာလို႔ပါ။ ပထမတစ္ခ်က္ အေနနဲ႔ ရွင္သိရမွာက ဒါက စာသင္ေက်ာင္းပါ။ကိုယ့္သမီး စာသင္ေနတဲ့ေက်ာင္းက ဆရာမကို ေခြးအစာငတ္ေနသလို သေရတျမားျမားက်ေနတာက ရုပ္ပ်က္လြန္းတယ္မလား? ရွင္ရဲ့ အျပင္ဖက္က အေျမာင္မယားတစ္သိုက္ကိုေတာင္ ႏိုင္ေအာင္ မထိန္းဘဲနဲ႔ လာရႈပ္ခ်င္ေနေသးတယ္။ ရွင့္ငယ္ငယ္တုန္းက ေက်ာင္းမွာ အရွက္ဆိုတဲ့ စကားလံုးကိုေရာ သင္ဖူးခဲ့ရဲ့လား?"

"ဒီမွါ ကေလးမ။ မင္း စကားေျပာေနတာ လူႀကီးဆိုတာကိုေရာ သိေသးရဲ့လား? ေလးစားမႈဆိုတာကို အခုေခတ္ကေလးေတြက မသိၾကဘူးပဲ"

"ရွင္က ကြၽန္မထက္ အသက္ႏွစ္ဆယ္ေလာက္ႀကီးေပမဲ့  ဝမ္းနည္းစရာေကာင္းတာက အဲအႏွစ္ႏွစ္ဆယ္ေလာက္ကို သစ္တံုးတစ္တံုးလို ျဖတ္ေက်ာ္ခဲ့ပံုရတယ္။ ရွင့္လို အဖိုးႀကီးက ကြၽန္မက ေလးစားစရာလိုေသးလို႔လား?"

"ဒီကေလးမကေတာ့ !!"

"ရွင္ ဒီေက်ာင္းအတြက္ Starfish လုပ္ငန္းစုကေပးထားတဲ့ ရန္ပံုေငြစာရင္းေတြ စစ္ခံေနရတယ္ဆိုတည ၾကားမိပါေသးရဲ့။ ရွင္ ဒီလို အရွက္မရိွ ဆက္လုပ္ေနရင္ ကြၽန္မ ဘာလုပ္ရင္ ေကာင္းမလဲ?"

"မင္း!! မင္း ငါ့ကို ဘယ္သူထင္ေနတာလဲ?"

" ရွင္ကေရာ ကြၽန္မ ဘယ္သူလဲ သိလို႔လား?"

" ဒီယဥ္ေက်းမႈ မရိွတဲ့ ကေလးမကေတာ့ ငါ့ေဒါသကို တမင္သက္သက္လာဆြေနတာပဲ။ ငါက Starfish လုပ္ငန္းစုက ဒါရိုက္တာပဲ "

"အဲတာဆိုလည္း ကြၽန္မအေဖက Mega လုပ္ငန္းစုရဲ့ CEO ပဲ။ ရွင့္ရဲ့ ဆိုးရြားလွေသာ အပုပ္အပြေတြ မေပၚလာခင္ ဒီအထန္းထဲက ျမန္ျမန္ေလး ထြက္သြားစမ္းပါ။ ေလထုညစ္ညမ္းတယ္။ "

   Starfish လုပ္ငန္းစုသည္ Mega လုပ္ငန္းစုမ်ားထဲက လုပ္ငန္းေသးေသးေလးတစ္ခုသာျဖစ္တာေၾကာင့္ ၪီးဇင္ဗိုလ္သည္ ၾကက္လည္လိမ္ထားသကဲ့သို႔ ျဖစ္သြားကာ အခန္းျပင္ထြက္သြားသည္။ ျမတ္သည္ သူ၏ မိဘမ်ားအေၾကာင္းကို ဖံုးဖိထားကာ သာမန္ေက်ာင္းသူတစ္ၪီးကဲ့သို႔သာ ေနထိုင္ခဲ့သည္။ သို႔ေသာ္လည္း ယခုကဲ့သို႔  ႏွာေခါင္းငယ္ထိပ္ေရာက္ေနေသာ သက္ၾကားအိုတစ္ၪီးကို ကိုင္တြယ္ရန္ အသံုးျပဳလိုက္ရသည္။ ျမတ္သည္ စိတ္ညစ္စြာ ညည္းၫူလိုက္သည္။ မည္သို႔ပင္ ျဖစ္ေသာ္လည္း ထိုေျမေခြးအိုထံကို တီခ်ယ္သက္ မပါသြားသည္က ျမတ္ကို ပို၍ ေပ်ာ္ရႊင္ေစတာေၾကာင့္ ျမတ္သည္ ၿပံဳးလ်က္ ေက်ာင္းေဆးခန္းကုတင္ေပၚ လွဲေနလိုက္သည္။

     တီခ်ယ္သက္သည္ သူနာျပဳႏွင့္အတူ ျပန္လာခဲ့သည္။ သူနာျပဳသည္ သူ႔အား စစ္ေဆးမႈမ်ားျပဳလုပ္ကာ တကၠသိုလ္ဝင္တန္း ျဖစ္တာေၾကာင့္  အလြန္အကြၽံ႔စာလုပ္ျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။ ထို႔ေၾကာင့္ ျပည့္ျပည့္ဝဝအနားယူရန္ႏွင့္ အားျဖည့္ဓာတ္စာမ်ားေပးၿပီးေနာက္ ျပန္သြားေလသည္။ တီခ်ယ္သက္သည္ အခန္းထဲ ေဝ့ဝိုက္ၾကည့္လိုက္သည္။

"ျမတ္ ဟိုလူႀကီးကေရာ "

"အလုပ္ကိစၥအေရးတႀကီးေပၚလာလို႔ ျပန္သြားရတယ္!

"ေတာ္ေသးတာေပါ့။ ဟူးးး လူမႈဆက္ဆံေရးအသိုင္းအဝိုင္းဆိုတာ အဲလိုပဲ ျမတ္ေရ။ အေကာင္ႀကီးႀကီးမိမွ ဟင္းေကာင္းတစ္ခြက္ျဖစ္ေတာ့လည္း မဆံုးႏိုင္တဲ့သံသရာပဲေပါ့။ ျမတ္သာ ေပၚမလာရင္  တီခ်ယ္ေတာ့ ဘယ္ေလာက္ေတာင္ သည္းခံၿပီးစကားဆက္ေျပာေနရၪီးမလဲ မသိေတာ့ဘူး " ေဒၚသက္လ်ာေက်ာ္သည္ သူကိုယ္တိုင္ေတာင္ မသိဘဲ ကေလးတစ္ေယာက္ကဲ့သို႔ ညည္းၫူေနမိသည္။

   ျမတ္သည္ ကုတင္ေပၚ တင္ထားေသာ တီခ်ယ္သက္၏ ေက်ာက္စိမ္းသဖြယ္ ႏူးညံ့ေနေသာ လက္ေလးကို ဆုပ္ကိုင္လိုက္၏။

" တီခ်ယ္သက္က ေသခ်ာေပါက္ လုပ္ႏိုင္မွာပါ "

"ဟုတ္တယ္ေနာ္ " ေဒၚသက္လ်ာေက်ာ္သည္ မ်က္လံုးေထာင့္စြန္းမ်ားေကြးတက္သြားသည္အထိ ရယ္ေမာေနခဲ့သည္။

" ျမတ္ ဘယ္တကၠသိုလ္တက္ဖို႔ ေတြးထားလဲ၊ "

" Entrepreneurship ပါ၊ အဲထဲက Global Business ကို ျမတ္သေဘာက်တယ္"

" အိုး အခုေခတ္ကေလးေတြက မတူညီတာေတြကို သေဘာက်တာပဲ။ တီခ်ယ္ငယ္ငယ္တုန္းကဆို အဲလိုေမဂ်ာေတြ မတက္ခ်င္ခဲ့ဘူး။ အဲတာေၾကာင့္ ပညာေရးတကၠသိုလ္ကို ေရြးခ်ယ္ခဲ့တာ။ ဘယ္လိုပဲ ျဖစ္ျဖစ္ေလ ရည္မွန္းခ်က္ထားၿပီးရင္ ျဖစ္ေအာင္ လုပ္ရမယ္ေနာ္။ တီခ်ယ္က စိတ္ဓာတ္ မျပတ္သားတဲ့ သူေတြကို သေဘာမက်ဘူး။"

"ျမတ္ အေကာင္းဆံုး ႀကိဳးစားပါ့မယ္"

    ျမတ္ႏွင့္ တီခ်ယ္သက္တို႔သည္ ေက်ာင္းေဆးခန္းတြင္ ေက်ာင္းဆင္းသည္အထိ ေနခဲ့ၾကသည္။ ျမတ္က သူနာျပဳသြင္းေပးထားခဲ့ေသာ ဂလူးကိုစ့္ကုန္သည္အထိ ေနခဲ့ျခင္း ျဖစ္ကာ တီခ်ယ္သက္ကမူ ျမတ္ကို ေစာင့္ေနေပးျခင္း  ျဖစ္သည္။ ျမတ္သည္ လူနာကုတင္ေဘးတြင္  စာအုပ္ကို အာရံုစူးစိုက္ကာ ဖတ္ေနေသာ တီခ်ယ္သက္ကို ၾကည့္ရင္းသူ၏ ႏွလံုးသားသည္ ႏူးညံ့ေပ်ာ္ရႊင္ေနသည္။ တစ္ေန့ထက္ တစ္ေန့ေသခ်ာလာေသာ သူ႔၏ ခံစားခ်က္မ်ားကို ထုတ္ျပရန္ အခ်ိန္မတန္ေသးတာကိုလည္း သူသိပါ၏။ သူ႔ေရ႔ွက တီခ်ယ္ေလးကို သေဘာက်တာ ဆရာမတစ္ၪီးလို မဟုတ္ဘဲ သူဘဝရဲ့ ျမတ္ႏိုးရာေလး တစ္ခုပါပဲ။

" ျမတ့္အိမ္ကို တီခ်ယ္ဖုန္းဆက္ေပးထားမယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဒီေန့ တစ္ရက္ေတာ့ အိမ္ျပန္နားလိုက္ ဟုတ္ၿပီလား? ထူးခြၽန္တာေကာင္းေပမဲ့ တစ္ခါတေလေတာ့လည္း ကိုယ့္ကိုယ္ကို ဖိအားမေပးနဲ႔။ ရာသီဥတုနဲ႔ သဘာဝေဘးအႏၲရာယ္က ႀကိဳတင္မွန္းထားလို႔ မရဘူးတဲ့  "

    ျမတ္သည္ အိမ္ျပန္လာသည့္ လမ္းတစ္ေလ်ွာက္လံုး တီခ်ယ္ေျပာသည္ကို တစိမ့္စိမ့္ျပန္ေတြးကာ မၿပံဳးဘဲ မေနႏိုင္ခဲ့ေပ။

ဘယ္ေလာက္ေတာင္မွ ျမတ္ႏိုးဖို႔ ေကာင္းလိုက္ေလသလဲ!

     အခ်ိန္ေတြ ကုန္လြန္လာသည္က ႏွစ္လဆိုသည့္အခ်ိန္ကာလက မ်က္တခတ္စာေလးအတြင္းပါပဲ။ လစဥ္စစ္ေဆးသည့္ အမွတ္စာရင္း ထြက္လာသည့္အခ်ိန္၌ တစ္တန္းလံုးသည္ ကြၽတ္ကြၽတ္ညံကာ ​အမွတ္စာရင္းက လြဲ၍ က်န္ေသာအေၾကာင္းအရာမ်ား​အေၾကာင္းေျပာေနၾကသည္။ အတန္းေခါင္းေဆာင္သည္ တစ္ဒါဇင္ထက္မနည္းေသာ စာရြက္မ်ားကို သယ္ကာ အခန္းအတြင္းသို႔ ဝင္လာသည္။

"ကဲ အတန္း ၿငိမ္မယ္ !!!" အတန္းေခါင္းေဆာင္သည္ ဆယ္ႀကိမ္ထက္မနည္း ေအာ္ေျပာလိုက္ေသာအခါမွ အတန္းသည္ ၿငိမ္သက္သြားေလသည္။

" ပထမဆံုး စာေမးပြဲရလာဒ္က ထြက္လာၿပီဆိုေတာ့ ဒီေန့ရံုးခန္းကေန အေၾကာင္းအရာတစ္ခု သိလာရတယ္။ အဲတာကေတာ့ ဆယ္တန္းေက်ာင္းသားေတြအေနနဲ႔ တကၠသိုလ္ဝင္ခြင့္အမွတ္အျပင္ကို အထက္တန္းေအာင္ လက္မွတ္ပါ ထုတ္ေပးမယ္ဆိုတာကိုပဲ။ အဲလက္မွတ္က တကၠသိုလ္ေတာ့ ဝင္ခြင့္မရေပမဲ့ အသက္ေမြးဝမ္းေၾကာင္းပညာရပ္ေတြ သင္ခြင့္ရိွတယ္။ အဲအတြက္ ေက်ာင္းေခၚခ်ိန္ ၇၅% ျပည့္ရမယ္။ အားကစား၊ အသင္းပူးေပါင္းေဆာင္ရြက္မႈ၊မိတၲဗလေတြပါ အကဲျဖတ္သြားမွာ ျဖစ္တယ္ဆိုပဲ။ ဒါေၾကာင့္

You are reading the story above: TeenFic.Net