အပိုင်း ( ၃၀ )

Background color
Font
Font size
Line height

"အဲလို လုပ်လို့ မဖြစ်ပါဘူးဆို။ ဒါက အနည်းဆုံး အဆင့်သတ်မှတ်ချက်တွေ မပါရင်တောင် 3 star အဆင့်လောက်တော့ ရှိသင့်တယ်မလား? နေရာထိုင်ခင်းတွေရဲ့ အရောင်ကို သဘာဝအရောင်တွေ ပိုသုံးသင့်တယ်မလား? ဒါက စီးပွားဖြစ်ဟိုတယ်မှ မဟုတ်တာ။ အပန်းဖြေဟိုတယ်လေ"

" အဲပြသနာကို ထားလိုက်ဦး ။ ပထမဆုံး လာလည်တဲ့သူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ အရာတွေကို သင်တန်းပြသ‌ထားပေးဖို့ကို အရင်စဉ်းစားပေးဦးလေ"

"ဟိုတယ် website မှာ တင်ဖို့ ကြောငြာဓာတ်ပုံတွေ ရိုက်မယ့် ဓာတ်ပုံဆရာကို မရှာရသေးဘူး "

   မြတ်၊ ရှင်းလက်ျာနှင့် မှူးသာကျော်က မပြေလည်သော ပြသနာများကို ရှင်းနေကြရင်း သူတို့သည် စကားပင် များလာကြသည်။ ဒါကို အခုမှ မဟုတ်။ နေ့တိုင်းလိုလို အချင်းများကြခြင်း ဖြစ်သည်။
"ကြောညာရိုက်ဖို့ မော်ဒယ်ခေါ်ကြရင်  ကောင်းမလား?"
မှူးသာကျော်က ဆိုရှယ်မီဒီယာပေါ်က ‌ဟိုတယ်ကြော်ညာတစ်ခုကို ပြရင်း ဆိုသည်။

"ရူးနေတာလား? ငါတို့ကို ချပေးထားတဲ့ ဘတ်ဂျက်က မော်ဒယ်ငှားရလောက်တဲ့အထိ မများဘူးလေ "

" ဒီတိုင်းရိုးရိုး ကြောငြာတာထက် နာမည်ကြီးတွေကို ခေါ်ရိုက်တာက ပိုအကျိူးရှိတယ်။ အဓိက,က  ငါတို့ချထားတဲ့ target ကို ရောက်ဖို့ပဲမလား?အခုလည်း တော်တော်များများက ပြင်ဆင်ပြီးသွားပြီ။ ဝန်ထမ်းခန့်အပ်ဖို့ လူရွေးတာတောင် လုပ်ပြီးပြီဆိုတော့ ကျန်နေတဲ့ ဘတ်ဂျက်ကို နည်းနည်းသုံးရမယ်။ "

" အွန်လိုင်းနာမည်ကြီးတွေ ဆိုရင်ရော၊။ သူတို့က social media ပေါ်မှာ အတော်လေးသက်ရောက်မှုများတယ်။ "

"အခုခေတ် ဆယ်လီတွေက ပေါကြောင်ကြောင်တွေများတယ်။ မလိုလားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယိ"

"ငါတို့ သေချာလေး ရွေးလို့ရတာပဲလေ၊ ပြီးတော့ အဲတာကို ငါတို့ ဆွေးနွေးပြီးရင် ဦးလေးကို အကြံတောင်းကြည့်မယ်လေ၊ ဘယ်လိုလဲ"

"မြတ် နင့်အဖေနာမည်နဲ့ လိုက်ရှာကြည့်ပါလား?"
ရှင်းလက်ျာက မကြာသေးခင်က တင်ထားသော mega လုပ်ငန်းစုခွဲတစ်ခု၏ အခမ်းအနားတစ်ခုက ပုံရိပ်တစ်ချို့ကို ကြည့်ရင်း ပြော၏။

" နင်တို့ ဘာလို့ နင်တို့ နာမည်ကို သုံးဖို့ မကြိုးစားကြတာလဲ?"

" နာမည်ကြီးမော်ဒယ်ထက် finance manager ကို ရှာဖို့ပဲ အားထုတ်ကြတာပေါ့။  အရေးကြီးတဲ့ ထုတ်ကုန်တွေက မကြာခင်ရောက်တော့မယ်။ စစ်ဆေးတဲ့အခါ အတူသွားကြတာပေါ့။ "
ရှင်းလက်ျာက သူ့နာမည်ကို ထုတ်သုံးရမည်စိုးတာကြောင့် တခြားခေါင်းစဉ်ပြောင်းလိုက်သည်။

" ဒါမှ မဟုတ် နင်တို့ ၂ ယောက် ရိုက်ကြပါလား? ကိုယ်တိုင်လုပ်တာက တခြားဟာတွေထက်ပိုကောင်းတယ်လေ။ ဟေး ငါ အခုမှ သတိရတယ်။ နင်တို့ အကောင့်တွေမှာ ဖော်လိုဝါတွေ အများကြီး ရှိကြတာပဲ။။ ဝိုးး အဲတာအကြံကောင်းပဲ၊ နင်တို့အဖေတွေလည်း မငြင်းလောက်ဘူး "
မှူးသာကျော်က မြတ်နှင့် ရှင်းလက်ျာ၏ ကိုယ်ပိုင်အကောင့်များကို ထောင်ပြရင်း ပြောသည်။

" မော်ဒယ်နဲ့ ကြောညာမယ့် အကြောင်းကို မေ့လိုက်တော့၊ ဒီနေ့ ငါ့အဖေလာစစ်မှာ ၊ မြန်မြန်လေး သွားကြိုရမယ် "

" ငါလည်း ဓာတ်ပုံဆရာ သွားရှာဖို့ တိုင်ပင်ရဦးမယ် "

မှူးသာကျော်က အသီးသီး လစ်ထွက်ရန်ကြိုးစားနေသော မြတ်နှင့် ရှင်းလက်ျာကို ပြန်ဆွဲထားလိုက်သည် ။

"လာကြပါ ညီမလေးတို့ ၊ ဒီက အစ်ကိုကြီးနဲ့ ဒီကိစ္စကို ဆွေးနွေးကြတာပေါ့၊ အဟား ဘီကီနီနဲ့ ကြောညာကြရင်ရော "

" ဗုန်း " " ဖြန်း "
ဆက်တိုက်ဆိုသလို မှူးသာကျော်၏ ကျောပြင်ပေါ်သို့ ကျရောက်လာခဲ့သည်။

"ညစ်ညမ်းတဲ့ အနက်ရောင် အတွေးတွေကို စွန့်ပစ်ပြီး ဘဝအသစ်နဲ့ ရှင်သန်လိုက်ပါ "

"ဂါးးး နင်တို့တွေ မိန်းကလေးတွေ မဟုတ်ကြဘူးလား? သေတော့မှာပဲ။ ငါ့ရဲ့ ရွှေနောက်ကျောလေးတော့ ပြဲကုန်ပြီလား မသိဘူး။ ငါ့အမေတော့ ရင်တွေနာတွေ ကုန်တော့မယ် "
မှူးသာကျော်သည် သူ၏ နောက်ကျောကို ပွတ်သပ်ရင်း ငိုလုဆဲဆဲ အသံဖြင့် ပြောလေသည် ။

"နောက်ကျောကို ရွှေချရင်း မွေးရာပါ ပစ္စည်းတွေကိုပဲ ရေတွက်နေစမ်းပါ။ မဟုတ်ရင်လည်း Bear Yoga ပဲ ကျင့်နေလိုက်  "

"ငါက ဘာလို့ အဲ ယောဂကို ကျင့်ရမှာလဲ"

"ကျင့်ဝတ်တစ်ထောင်ကို ကြေညက်သော စံပြ ဇနီးသည် ဖြစ်အောင်လေ "

( Bear Yoga က position တွေက  Uke တွေကို papapa တဲ့အခါ ပိုပြီး သက်သာစေပါတယ် ။မောင်တို့လည်း လေ့ကျင့်ဖို့ ကြိုးစားကြလော့ 😝)

" တော်ပြီ။ ငါ့ရဲ့ နူးနူးညံ့ညံ့အနာဂတ်ဇနီးလေးအကြောင်းပဲ တွေးတော့မယ် "

" နင့်အမေရဲ့ သားမက်လေးကတော့ ရွှေချထားတဲ့ နောက်ကျောပိုင်ရှင်ကြီးကို ရတော့မှာပဲ။ Congratulation "

" ဒီဆိုးသွမ်းနေတဲ့ သမီးလေးတွေတော့လေ "

   မြတ်တို့သုံးယောက် အစည်းအဝေးခန်းမထဲတွင် အငြင်းအခုံပြုလုပ်နေသည်ကို  ထိုင်ကြည့်နေသူ တစ်ဦးလည်း ရှိသည်။ ဦးမြတ်မင်းဦးသည် အလျင်အမြန်အကောင်အထည်ပေါ်လာသော project ကြောင့် ကလေးများအား သေသေချာချာလေးစောင့်ကြည့်နေသည်။ ကလေးများသည် လိုက်နာမှု အားနည်းကြသော်လည်း စည်းလုံးစွာအလုပ်လုပ်နေကြသေးသည်။ တစ်ဦးချင်းစီ တာဝန်ပေးခံထားသော မန်နေဂျာသုံးဦးသည်လည်း သူတို့၏ တာဝန်အလိုက် သက်ဆိုင်ရာ သခင်/မလေးများ၏ ပြောဆိုချက်များကို ပြန်တင်ပြလေ့ရှိသည်။

" ကလေးဘဝက ကောင်းလိုက်တာ။ ပြောချင်တာကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ "

    အစည်းအဝေးခန်းမထဲက သုံးယောက်ကမူ  လုံးဝကို ညှိနှိုင်းရခက်နေသည့် အခြေအနေတွင် ရှိနေလေသည်။ စိတ်သဘောထားချင်း မတိုက်ဆိုင်‌ကြတာကြောင့် အတော်လေးကို အချင်းများက အဝေမတည့်ဖြစ်နေကြသည်။ ‌သုံးယောက်စလုံးက ခေါင်းမာကာ ကြောငြာကိစ္စကို ဆွေးနွေးနေရင်း ညနေပင် ရောက်လာသည်။

"ဟေး နင်တို့ ပြီးကြပြီလား? ငါတို့နဲ့ တရုတ်တန်းသွားကြမလား? "
ဟန်နွေရာသည် အစည်းအဝေးခန်းမတံခါးကို ဟလျက် ခေါင်းတစ်လုံးသာ အခန်းထဲ ဝင်ကာ ပြောလေသည်။

"ပြီးပြီ !" ရှင်းလက်ျာက ဖွင့်ထားသော laptop ကို ဗြုန်းခနဲ ပိတ်ချကာ ထရပ်လိုက်သည် ။

"ဟန်နွေရာ ခဏနေရင် ငါတို့ ထွက်ခဲ့မယ်။အပြင်မှာ စောင့်နေပေး "
မြတ်က ရှင်းလက်ျာ ပခုံးကို ပြန်ဖိချရင်း ပြန်‌ဖြေလိုက်သည်။

" ကြော်ငြာကိစ္စနဲ့ ဝန်ထမ်းအသစ်တွေကို လေ့ကျင့်ဖို့ ကိစ္စကို အာရုံစိုက်စမ်းပါ "  မြတ်က ဖင်တကြွကြွဖြစ်နေသော ရှင်းလက်ျာကို laptop ပြန်ဖွင့်ပေးကာ ပြောလိုက်သည်။

ရုတ်တရက် မှူးသာကျော်က မြတ်နဲ့ ရှင်းလက်ျာကြားကို ရောက်လာပြီး ပခုံးတစ်ဖက်စီကို ဖက်လိုက်ကာ လူယုတ်မာလိုမျိုး အသံမျိုးနဲ့ ပြောလိုက်သည်။

"ဟန်နွေရာနဲ့ သန့်ဇင်မောင်ကို အကူအညီတောင်းပြီး ကြော်ငြာရိုက်ခိုင်းကြရင်ရော "

" ရူးနေလား!!!" ရှင်းလက်ျာက မှူးသာကျော်ကို ချာချာလည်အောင် ပိတ်ရိုက်ပစ်လိုက်ကာ အသေအချာကို ငြင်းပယ်နေ၏။

" သူပြောတာ မဆိုးဘူးပဲ။ဟန်နွေရာက ချစ်စရာလေး။ ပြီးတော့ သန့်ဇင်မောင်ကလည်း လန်းတယ်လေ ။ "

"ဆိုးတာ လုံးဝကို ဆိုးတာ ၊ကိုယ်ကျိုးစီးပွားအတွက် တခြားသူကို အသုံးချမလို့လား?"

" ဟန်နွေရာက တခြားသူမှ မဟုတ်တာ။ ပြီးတော့ ငါတို့က အလကား လုပ်ခိုင်းမှာမှ မဟုတ်တာ ပထမဆုံး ဟန်နွေရာကို မေးကြည့်ကြတာပေါ့"

    မြတ်တို့ အပြင်ထွက်လာသောအခါတွင် ဟန်နွေရာတို့ မောင်နှမနှင့်  သန့်ဇင်မောင်ကို တွေ့လိုက်ရသည်။

" ဒီညနေ တရုတ်တန်းသွားကြမလို့လေ၊ ရှလွတ်  ဒီအတွက် အချိန်အကြာကြီး ပိုက်ဆံစုထားရတာ "သန့်ဇင်မောင်က သူ၏ အိတ်လေးကို ပုတ်ပြကာ ပြောလေသည် ။

"အောင်စာရင်းထွက်ရင်လည်း ထပ်ရဦးမှာပဲကို "ဟန်စစ်သွေးက မဲ့ပြရင်း ပြောသည်။

"အစ်ကိုရာ အဲအကြောင်းကို အစမဖော်ပါနဲ့ဆို၊ စာမေးပွဲရလာဒ်သိရဖို့ နီးလာလေလေ ကျွန်တော် ရင်တွေခုန်ရလွန်းလို့ သေနိုင်တယ် "

" ငါ မေးစရာလေး ရှိလို့ ၊အဲတာထက် ကမ်းလှမ်းချင်တာဆို ပိုမှန်လိမ့်မယ်။ ငါတို့ ဟိုတယ်ကြော်ငြာအတွက် အဲတာ လူလိုနေလို့ အဲတာ သန့်ဇင်မောင်နဲ့ ဟန်နွေရာက ကူညီပေးနိုင်မလား? အဲအတွက် ငါတို့ ကျသင့်သလောက် ပေးမှာပါ "

" အစ်ကိုသွေးနဲ့ ရိုက်လို့မရဘူးလား"

" ရူးနေတာလား? ယောက်ျား ၂ ယောက်ပါတဲ့ ကြော်ငြာကို ဘယ်သူက ကြည့်မှာလဲ " မှူးသာကျော်က သန့်ဇင်မောင်ကို ငေါက်လိုက်၏။

" မင်း ဘယ်မှာ နေတာလဲ? ယုဇနမဟာမြိုင်တောထဲမှာလား?"

"ကဲ တော်ကြပါ ၊ ကာယကံရှင်တွေက ဖြေကြပါ "

" အင်း ၊ ငါ ရိုက်မယ်။ ဟန်နွေရာ ကရော "

" ငါလည်း ရိုက်ချင်တယ် " ဟန်နွေရာက သူ့အစ်ကိုကို တိုးတိုးလေး လှမ်းပြောသည်။ ဟန်စစ်သွေးက သူ့ညီမက မင်းသမီး ဖြစ်ချင်နေတာကို အသိဆုံးဖြစ်တာကြောင့် သူ ငြင်းတော့ မငြင်းပေ။ သူ့ညီမက သူ့ကို အနိုင်ကျင့်လေ့ရှိပေမဲ့ သူ့ကိုတော့ လေးစားသိတတ်ပေသည်။

" ဘယ်လိုပုံတွေ ရိုက်မှာလဲ ဆိုတာ ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့ " ဟန်စစ်သွေးက ပြောလိုက်သည်။

"အဲတာဆိုလည်း တရုတ်တန်းသွားကြစို့လေ "

    မြတ်တို့သည် တရုတ်တန်းသို့ အတူတကွ ထွက်လာကြသည်။ ကျောင်းပိတ်ထဲက ပထမဆုံးအကြိမ် သူငယ်ချင်းတွေ ပြန်ဆုံကြခြင်းဖြစ်ကာ  အတော်လေးကို ပျော်ရွှင်စရာကောင်းသည်။ သူတို့သည် ဂဏန်းအသားလုံးရောင်းသည့် ဆိုင်တွင် ထိုင်ကာ ဝိုင်းဖွဲ့စားသောက်နေစဉ် ရင်းနှီးသော ပုံရိပ်ကလေးက အနားရောက်လာသည်။

"တီလေး လာ လာ ၊ ကျွန်တော်က တီလေးကို နောက်ကျမယ် ထင်ထားတာ။ အဒေါ်ကြီး ငါးအသားလုံးကြော် နောက်တစ်ပွဲ ပေးပါဦး "
သန့်ဇင်မောင်သည် အဒေါ်ဖြစ်သူအား အနားခေါ်ကာ ထိုင်ခိုင်းလိုက်သည်။

   ဒေါ်သက်လျာကျော်က အကြောင်းတစ်ခုကြောင့် တရုတ်တန်းနားရောက်နေစဉ် အစ်ကိုဖြစ်သူက အိမ်ပြန်နောက်ကျလေ့ရှိသော သားဖြစ်သူကို ပြန်ခေါ်ပေးရန် လာခဲ့ခြင်း ဖြစ်သည်။ မြတ်တို့ပါ ရှိနေမည်ဟု ထင်မထားပေ။ လွတ်နေသော နေရာက မြတ်နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံဖြစ်တာကြောင့် မတတ်သာပဲ ဝင်ထိုင်လိုက်ရသည်။

    မြတ်သည် စားပွဲအောက်က လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။

~ ထားရစ်မယ်ဆိုလည်း ဒီလူရှေ့မှာ ခဏခဏ မပေါ်လာပါနဲ့လား တီချယ်ရယ်။ မြတ်လည်း ပိုင်ဆိုင်လိုစိတ်ရှိတဲ့ လူသားပါပဲ။ ပျော်ပါစေဆိုပြီး ရင်ဘတ်ထဲက နာကျင်ခံပြီး လွှတ်ချပေးခဲ့တာပါ။ အခုလိုကတော့ မြတ်လည်း အဆင်မပြေဘူး ~

   အဖွဲ့ထဲက အကြောင်းသိသော ရှင်းလက်ျာနဲ့ ဟန်နွေရာ မျက်နှာသိပ်မကောင်းပြသော်လည်း ကာယကံရှင်များက တုတ်တုတ်ပင်မလှုပ်ကြတာကြောင့် သူတို့လည်း မမြင်ချင်ယောင်ဆောင်လိုက်သည်။

那一幕怎忘记 ♫♫♫♫ 初次相遇的你♫♫♫♫
    စားပွဲပေါ် တင်ထားသော ဟန်နွေရာ၏ ဖုန်းက သီချင်းသံနဲ့အတူ တုန်ခါလာသည်။ ဟန်နွေရာသည် ဖုန်းကို တစ်ချက်ကြည့်ပြီးနောက် သူသည် စိတ်အလိုမကျဟန် ပါးကို ဖောင်းပစ်လိုက်သည်။ ရှင်းလက်ျာက တစ်ချက်ကြည့်လိုက်သောအခါတွင် ခတ်စစ်ပိုင် ဟူသော contact ကြောင့် သူ၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားသည်။ ဟန်နွေရာက ဖုန်းချလိုက်ပြီးနောက် ဆက်လက်စားနေလေသည်။

   မြတ်သည် ဂဏန်းအသားလုံးကို ဖြေးညှင်းစွာ ဝါးစားလိုက်သည်။ ချိုမြသော ဂဏန်းအသားအရသာက လျှာထဲကို ပျံ့နှံ့လာသော်လည်း သူ မပျော်နိုင်ပါ။ ထိုစဉ် ဒေါ်သက်လျာကျော်က ဆော့စ်ကို ယူရန်ပြင်နေတာကြောင့် မြတ်သည် အစပ်မပါသော ဆော့စ်ကို ခွက်သေးသေးလေးနှင့် ထည့်ပေးကာ ချပေးလိုက်သည်။ လှပစွာ စီခြယ်ထားသော လက်သည်းရှည်တို့ကို မြင်လိုက်ရတာကြောင့် မြတ်သည် မြတ်သည် သက်ပြင်းအသာချလိုက်သည် ။

~ တီချယ်ရယ် ဒီလိုပုံမျိုးနဲ့ မြတ် ဘယ်လိုများ စိတ်ချရပါ့မလဲ ~

   မြတ်သည်  တစ်ခါသုံး လက်အိတ်စွပ်ကို စွပ်ကာ ကျောက်ပုဇွန်ကို အခွံနွှာပေးလိုက်သည်။ ပန်းကန်ထဲသို့ ရောက်လာသော နူးအိနေသော ပုစွန်အသားများကို ကြည့်ကာ ဒေါ်သက်လျာကျော် မျက်ရည်စတို့ ဝေ့တက်လာသည်။ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြုံးလိုက်သည် ။ မြတ်သည် သူ့ပန်းကန်ထဲတွင် ရေညှိနှင့် ယောက်သွားလိပ်ကို မြင်သောအခါတွင် သတိလက်လွတ်ဖြင့် တူနှင့် ညှပ်ကာ ဒေါ်သက်လျာကျော်အား ခွံ့ကျွေးလိုက်သည်။

   ရုတ်တရက် စားသောက်ဝိုင်းက တိတ်ဆိတ်သွားလေသည်။ များမြောင်လှသော မျက်လုံးများက သူတို့ဆီကျရောက်လာတာကြောင့် မြတ် ဒေါ်သက်လျာကျော်ကို အားနာသွားသည်။ သူ့ကြောင့် အနေများ ခက်သွားသလား?

"ငါ့အစ်ကို အာ " ဟန်နွေရာသည် သူ့အစ်ကို လက်ထဲက အသားလုံးကို ငုံ့ကာ စားပစ်လိုက်သည်။

" ဂါးး ဟန်နွေရာ ဒါ ငါ့နင့်အစ်ကိုအတွက် လုပ်ပေးထားတာကွ " သန့်ဇင်မောင်က ထအော်တော့ အားလုံးက သန့်ဇင်မောင်နဲ့ ဟန်နွေရာ အသားလုံး လုစားသည့် ကိစ္စသို့ ရောက်သွားကာ ပုံမှန်ပြန်ဖြစ်သွားသည်။

   ဒေါ်သက်လျာကျော်သည် ခါးကို အနည်းငယ် ငုံ့ကာ မြတ် ခွံ့ကျွေးသော ယောက်သွားလေးကို စားလိုက်သည်။ မြတ်သည်  တူကို ကျစ်ကျစ်ပါအောက် ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့လျက် ဆက်စားနေခဲ့သည်။ ဒေါ်သက်လျာကျော်ကလည်း ပါးစပ်ထဲက အရသာလေးကို တမြုံ့မြုံဝါးစားလိုက်သည်။

~ ဒီအရသာလေးကို လွမ်းနေခဲ့တာ ~

   စားသောက်ပြီးသောအခါတွင်  အားလုံးက ဈေးတန်းကို လျှောက်ကြည့်နေကြသည်။ မြတ်သည် ဒေါ်သက်လျာကျော်ဘေးတွင် တိတ်တိတ်လေး ကပ်လျှောက်လာခဲ့သည်။ ဘာလို့မှန်း မသိချေ။ စည်းကားနေသော ဈေးတန်းက သူ့အတွက် ဝမ်းနည်းစရာကောင်းသော အ‌ငွေ့အသက်လွှမ်းနေသယောင်ရှိသည်။ မှူးသာကျော်က သူ့မိသားစု၏ တင်းကြပ်သော စည်းကမ်းကြောင့် အမြန်ပြန်သွားခဲ့သည်။ရှင်းလက်ျာက ဟန်နွေရာကို ကစားစရာတွေ ရှိသော နေရာသို့ ခေါ်သွားကာ သန့်ဇင်မောင်က အစ်ကိုအသေးလေးကို လက်ဆွဲကာ လူအုပ်ကြားထဲ တိုးဝင်သွားတာကြောင့် မြတ်နဲ့ ဒေါ်သက်လျာကျော်သာ ကျန်ခဲ့သည်။

    လေထုက ချက်ချင်းပင် သက်တောင့်သက်သာ မရှိတော့ချေ။ တရုတ်တန်း၏ မီးပုံးနီနီလေးတွေအောက်က မျက်နှာသွယ်သွယ်လေးက ရဲသွေးဆင်နေကာ လှပနေသည်။ မြတ်သည် သူ့ရှေ့က လှပသော အမျိုးသမီးလေးကို ကြည့်နေမိသည်။ ဒေါ်သက်လျာကျော်သည် သစ်သီးတုတ်တံနှစ်ခုစီကို ဝယ်ကာ တစ်ခုကို မြတ်ကို ပေးလိုက်သည်။ မြတ်သည် သကြားရည်များ ရွှမ်းစိုနေသော သစ်သီးတုတ်တံလေးကို အရသာ ခံကြည့်လိုက်သည်။

"ချိုတယ် "

ဒေါ်သက်လျာကျော်ကတော့ စတော်ဘယ်ရီသီးကို ကိုက်ဝါးလိုက်သည်။

" ကျောင်းတွေတောင် ပြန်ဖွင့်ပြီနော် "

"အင်း "

" မနှစ်တုန်းက အချိန်တွေ ကုန်တာ တကယ်မြန်ခဲ့တယ်။ အချိန်တွေကိုသာ ရပ်ထားလို့ရရင် တစ်စုံတစ်ယောက်နဲ့ အတူရှိနေတဲ့ အချိန်တွေမှာပဲ အမြဲနေချင်မိတယ်။ ဒါပေမဲ့ သနားစရာကောင်းတာက အကယ်၍ဆိုတာမျိုးက နောင်တပဲ ရှိတတ်တာမျိုးပဲလေ ၊ ဒီအတောအတွင်း အဆင်ပြေရဲ့လား သိချင်မိခဲ့တယ်။ သတိရနေတဲ့အချိန် တစ်ခါလေး အပြေးသွားကြည့်ချင်မိတယ်။ တစ်ဖက်ကလည်း အနှောင့်အယှက်ဖြစ်မိသွားမှာ စိုးရိမ်တယ် "‌

   ဒေါ်သက်လျာကျော်က ခုံတန်းလေးပေါ် ထိုင်ရင်း တိတ်တဆိတ်နားထောင်ပေးနေသည်။

" ကိုယ့်အတွက် တစ်ဦးတည်းသော အမျိုးသမီးလေး ဖြစ်ပေးမယ်ဆိုတဲ့သူက ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ဆီ ရှိနေတော့ ကိုယ့်ကိုယ်ကို စိတ်တိုမိတယ်။

ကိုယ် တစ်ယောက်ထဲ ခေါ်ခွင့်ရှိတယ် ထင်တဲ့ နာမ်စားလေးက တခြားတစ်ယောက်ဆီက ကြားလိုက်ရတော့ ဒီရင်ဘတ်နားလေးက နာတယ်။

အရာအားလုံးကို ကျော်ဖြတ်ပေးပြီးတော့ အတူရှိနေ‌ချင်ပေမဲ့ ဘာမှ မရှိတဲ့ ကိုယ့်ကိုယ်ကြောင့် သူ့အနား ပြန်မသွားရဲခဲ့ဘူး။

ငယ်ရွယ်သေးတာကြောင့် ယုံကြည်မှုနဲ့ မထိုက်တန်ဘူးလို့ ထင်ခံရတဲ့အခါ တကယ်ပဲ ပျော့ညံ့နေတဲ့ ကိုယ်ကိုယ်ကို မြင်လိုက်ရတယ် ။

သူမပျော်နေတာလေးကိုပဲ ကြည့်ပြီး နေနိုင်မယ် ထင်ခဲ့ပေမဲ့ အမှန်တကယ်တော့လည်း တစ်ကိုယ်လုံး ထုံထိုင်းနေသလို နာကျင်နေရပြန်တယ်။

သူမရှေ့မှာ အခုလို အားနည်းနေတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းမိတယ်။

တကယ့်ကိုပဲ သူမသာ ပြန်လာနိုင်မယ့် နည်းလမ်းလေး ရှိရင် ဘာမဆို ပေးဆပ်ပစ်လိုက်ဖို့အထိ မိုက်ရူးရဲ ဆန်နေမိတယ်။

ပြီးသွားပြီလို့ ကိုယ့်ကိုယ်ကို ပြောနေပေမဲ့ အမှန်တကယ်တော့လည်း သူမကို  သေလောက်အောင် လွမ်းနေတယ်။ "

   မြတ်သည် ကျဆင်းလာသော မျက်ရည်များကို မမြင်စေရန် မျက်နှာကို လက်ဖဝါးနဲ့ အုပ်ထားလိုက်သည်။ တိုက်ဆိုင်စွာပင် ကောင်းကင်ယံက ကျဆင်းလာသော မိုးရည်များက သူ့ကို လွှမ်းခြုံသွားလေသည်။

   ဒေါ်သက်လျာကျော်သည် ခုံတန်းလေးမှ ထကာ တစ်ဖက်သို့ ထွက်သွားလေသည်။ မြတ်သည် ဒေါ်သက်လျာကျော်၏ လက်ကို ဖမ်းဆွဲထားလိုက်သည် ။

" တကယ်ပဲ မြတ်တို့ ပြီးဆုံးသွားပြီလားဟင် ၊ တီချယ် စိတ်တိုနေသေးရင်လည်း ကျေနပ်တဲ့အထိ မြတ် တောင်းပန်ပါတယ်။ မြတ်ကို မထားခဲ့ပါနော်။ မြတ်လေ တီချယ် လိုချင်တာတွေ အကုန်လုပ်ပေးပါ့မယ်။ "

" မိုးရွာနေပြီ အိမ်ပြန်တော့ "

" မြတ် တောင်းပန်ပါတယ်။ မြတ်ကို မထားခဲ့ပါနဲ့ ၊ မြတ် ရူးသွားလိမ့်မယ် ၊ တီချယ် မြတ်ကို ဘာလို့ မရွေးချယ်တာလဲဟင် တီချယ် မြတ်ကို ချစ်တယ်မလားဟင် "

မြတ်သည် လမ်းမပေါ် ဒူးထောက်ရင်း ငိုကြွေးနေမိသည်။ မိုးရေများ စိုစွတ်နေသော လမ်းမထက်တွင် ဒူးထောက်ငိုနေသော ဆယ်ကျော်သက်လေးကြောင့် တခြားသူများက ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။

" ခေါင်းမာတဲ့ ကလေးကို တီချယ် မကြိုက်ဘူး၊ အိမ်ပြန်တော့ "

" တစ်ခုလောက်တော့ ဖြေပေးပါ၊ မြတ်ကို ချစ်နေတုန်းမလားဟင် "
ဖြူစင်သော မျက်နှာလေးက မျက်ရည်စီးကြောင်းများဖြတ်သန်းလျက် သူ့အား တောင်းပန်ခယနေသော ကလေးကြောင့် ဒေါ်သက်လျာကျော် ထိန်းထားသော မျက်ရည်များ မကျမိစေရန် ခေါင်းမော့လိုက်သည်။

" တီချယ် မြတ်ကို ချစ်ပါတယ် "

"အဲတာ ဘာလို့လဲ? ဘာလို့ မြတ်ကို ထားခဲ့တာလဲ? မြတ်က ယောက်ျားတစ်ယောက် မဟုတ်လို့လား? ငယ်သေးလို့လား? အပြောင်းအလဲလွယ်တယ်လို့ ထင်လို့လား? "
မြတ်သည် ဒေါ်သက်လျာကျော်၏ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း မေးလိုက်သည်

" မင်းက အားနည်းလွန်းတယ် "

ပြီးနောက် ဒေါ်သက်လျာကျော်သည် မြတ်၏ လက်များကို ဖြုတ်ချကာ ထွက်လာခဲ့သည်။

"ကောင်းပြီ။ မြတ် တီချယ် ယုံကြည်လောက်တဲ့အထိ သန်မာလာခဲ့ရင် တီချယ် မြတ်ဆီ ပြန်လာမှာလား? "

  ဒေါ်သက်လျာကျော်သည် နောက်လှည့်ကာ တစ်စုံတစ်ခုကို ပြောလိုက်သည်။

   အရှိန်ပြင်းပြင်း ကျဆင်းနေသော မိုးရေတွေက သွပ်ခေါင်မိုးကို ပြင်းစွာ ထိရိုက်နေတာကြောင့် ပတ်ဝန်းကျင်က ဆူညံနေသယောင်ထင်ရတယ်။ လေပြင်းတစ်ချက်ဝှေ့လိုက်သောအခါတွင် အိမ်အပေါ်ထပ်က လှန်းထားသော ပဝါလေးက အောက်ပြုတ်ကျသွားသည်။ တုန်ချိနေသော အဖွားအိုသည် ထီးအိုလေး ဆောင်းကာ ပြုတ်ကျသွားသော ပဝါကို ပြန်ကောက်လိုက်သည်။

" ခုနက ကလေး ၂ ယောက် မရှိတော့ဘူးပဲ "

  အဖွားအိုသည် သူ၏ အိမ်လေးထဲကို ပြန်ဝင်သွားလေသည်

Thanks for reading ❤️

ဒွမ်မာတွေ ခင်းနေလို့ ကျွန်မလေးကို စိတ်ဆိုးနေရင် ကလေး သုံးယောက်က သူတို့ပျော်အောင်ထားပေးမှာမို့ စိတ်ရှည်ကြပါတဲ့။ ဒါနဲ့ နေစမ်းပါဦး။ ဒီကလေးတွေက ဘယ်သူ့ကလေးတွေပါလိမ့် 🤔။




"အဲလို လုပ္လို႔ မျဖစ္ပါဘူးဆို။ ဒါက အနည္းဆုံး အဆင့္သတ္မွတ္ခ်က္ေတြ မပါရင္ေတာင္ 3 star အဆင့္ေလာက္ေတာ့ ရွိသင့္တယ္မလား? ေနရာထိုင္ခင္းေတြရဲ႕ အေရာင္ကို သဘာဝအေရာင္ေတြ ပိုသုံးသင့္တယ္မလား? ဒါက စီးပြားျဖစ္ဟိုတယ္မွ မဟုတ္တာ။ အပန္းေျဖဟိုတယ္ေလ"

" အဲျပသနာကို ထားလိုက္ဦး ။ ပထမဆုံး လာလည္တဲ့သူေတြအတြက္ ဝန္ေဆာင္မႈေပးတဲ့ အရာေတြကို သင္တန္းျပသ‌ထားေပးဖို႔ကို အရင္စဥ္းစားေပးဦးေလ"

"ဟိုတယ္ website မွာ တင္ဖို႔ ေၾကာျငာဓာတ္ပုံေတြ ႐ိုက္မယ့္ ဓာတ္ပုံဆရာကို မရွာရေသးဘူး "

   ျမတ္၊ ရွင္းလက္်ာႏွင့္ မႉးသာေက်ာ္က မေျပလည္ေသာ ျပသနာမ်ားကို ရွင္းေနၾကရင္း သူတို႔သည္ စကားပင္ မ်ားလာၾကသည္။ ဒါကို အခုမွ မဟုတ္။ ေန႔တိုင္းလိုလို အခ်င္းမ်ားၾကျခင္း ျဖစ္သည္။
"ေၾကာညာ႐ိုက္ဖို႔ ေမာ္ဒယ္ေခၚၾကရင္  ေကာင္းမလား?"
မႉးသာေက်ာ္က ဆိုရွယ္မီဒီယာေပၚက ‌ဟိုတယ္ေၾကာ္ညာတစ္ခုကို ျပရင္း ဆိုသည္။

"႐ူးေနတာလား? ငါတို႔ကို ခ်ေပးထားတဲ့ ဘတ္ဂ်က္က ေမာ္ဒယ္ငွားရေလာက္တဲ့အထိ မမ်ားဘူးေလ "

" ဒီတိုင္း႐ိုး႐ိုး ေၾကာျငာတာထက္ နာမည္ႀကီးေတြကို ေခၚ႐ိုက္တာက ပိုအက်ိဴးရွိတယ္။ အဓိက,က  ငါတို႔ခ်ထားတဲ့ target ကို ေရာက္ဖို႔ပဲမလား?အခုလည္း ေတာ္ေတာ္မ်ားမ်ားက ျပင္ဆင္ၿပီးသြားၿပီ။ ဝန္ထမ္းခန႔္အပ္ဖို႔ လူေ႐ြးတာေတာင္ လုပ္ၿပီးၿပီဆိုေတာ့ က်န္ေနတဲ့ ဘတ္ဂ်က္ကို နည္းနည္းသုံးရမယ္။ "

" အြန္လိုင္းနာမည္ႀကီးေတြ ဆိုရင္ေရာ၊။ သူတို႔က social media ေပၚမွာ အေတာ္ေလးသက္ေရာက္မႈမ်ားတယ္။ "

"အခုေခတ္ ဆယ္လီေတြက ေပါေၾကာင္ေၾကာင္ေတြမ်ားတယ္။ မလိုလားတဲ့ သက္ေရာက္မႈေတြ ရွိလာႏိုင္တယိ"

"ငါတို႔ ေသခ်ာေလး ေ႐ြးလို႔ရတာပဲေလ၊ ၿပီးေတာ့ အဲတာကို ငါတို႔ ေဆြးေႏြးၿပီးရင္ ဦးေလးကို အႀကံေတာင္းၾကည့္မယ္ေလ၊ ဘယ္လိုလဲ"

"ျမတ္ နင့္အေဖနာမည္နဲ႔ လိုက္ရွာၾကည့္ပါလား?"
ရွင္းလက္်ာက မၾကာေသးခင္က တင္ထားေသာ mega လုပ္ငန္းစုခြဲတစ္ခု၏ အခမ္းအနားတစ္ခုက ပုံရိပ္တစ္ခ်ိဳ႕ကို ၾကည့္ရင္း ေျပာ၏။

" နင္တို႔ ဘာလို႔ နင္တို႔ နာမည္ကို သုံးဖို႔ မႀကိဳးစားၾကတာလဲ?"

" နာမည္ႀကီးေမာ္ဒယ္ထက္ finance manager ကို ရွာဖို႔ပဲ အားထုတ္ၾကတာေပါ့။  အေရးႀကီးတဲ့ ထုတ္ကုန္ေတြက မၾကာခင္ေရာက္ေတာ့မယ္။ စစ္ေဆးတဲ့အခါ အတူသြားၾကတာေပါ့။ "
ရွင္းလက္်ာက သူ႔နာမည္ကို ထုတ္သုံးရမည္စိုးတာေၾကာင့္ တျခားေခါင္းစဥ္ေျပာင္းလိုက္သည္။

" ဒါမွ မဟုတ္ နင္တို႔ ၂ ေယာက္ ႐ိုက္ၾကပါလား? ကိုယ္တိုင္လုပ္တာက တျခားဟာေတြထက္ပိုေကာင္းတယ္ေလ။ ေဟး ငါ အခုမွ သတိရတယ္။ နင္တို႔ အေကာင့္ေတြမွာ ေဖာ္လိုဝါေတြ အမ်ားႀကီး ရွိၾကတာပဲ။။ ဝိုးး အဲတာအႀကံေကာင္းပဲ၊ နင္တို႔အေဖေတြလည္း မျငင္းေလာက္ဘူး "
မႉးသာေက်ာ္က ျမတ္ႏွင့္ ရွင္းလက္်ာ၏ ကိုယ္ပိုင္အေကာင့္မ်ားကို ေထာင္ျပရင္း ေျပာသည္။

" ေမာ္ဒယ္နဲ႔ ေၾကာညာမယ့္ အေၾကာင္းကို ေမ့လိုက္ေတာ့၊ ဒီေန႔ ငါ့အေဖလာစစ္မွာ ၊ ျမန္ျမန္ေလး သြားႀကိဳရမယ္ "

" ငါလည္း ဓာတ္ပုံဆရာ သြားရွာဖို႔ တိုင္ပင္ရဦးမယ္ "

မႉးသာေက်ာ္က အသီးသီး လစ္ထြက္ရန္ႀကိဳးစားေနေသာ ျမတ္ႏွင့္ ရွင္းလက္်ာကို ျပန္ဆြဲထားလိုက္သည္ ။

"လာၾကပါ ညီမေလးတို႔ ၊ ဒီက အစ္ကိုႀကီးနဲ႔ ဒီကိစၥကို ေဆြးေႏြးၾကတာေပါ့၊ အဟား ဘီကီနီနဲ႔ ေၾကာညာၾကရင္ေရာ "

" ဗုန္း " " ျဖန္း "
ဆက္တိုက္ဆိုသလို မႉးသာေက်ာ္၏ ေက်ာျပင္ေပၚသို႔ က်ေရာက္လာခဲ့သည္။

"ညစ္ညမ္းတဲ့ အနက္ေရာင္ အေတြးေတြကို စြန႔္ပစ္ၿပီး ဘဝအသစ္နဲ႔ ရွင္သန္လိုက္ပါ "

"ဂါးးး နင္တို႔ေတြ မိန္းကေလးေတြ မဟုတ္ၾကဘူးလား? ေသေတာ့မွာပဲ။ ငါ့ရဲ႕ ေ႐ႊေနာက္ေက်ာေလးေတာ့ ၿပဲကုန္ၿပီလား မသိဘူး။ ငါ့အေမေတာ့ ရင္ေတြနာေတြ ကုန္ေတာ့မယ္ "
မႉးသာေက်ာ္သည္ သူ၏ ေနာက္ေက်ာကို ပြတ္သပ္ရင္း ငိုလုဆဲဆဲ အသံျဖင့္ ေျပာေလသည္ ။

"ေနာက္ေက်ာကို ေ႐ႊခ်ရင္း ေမြးရာပါ ပစၥည္းေတြကိုပဲ ေရတြက္ေနစမ္းပါ။ မဟုတ္ရင္လည္း Bear Yoga ပဲ က်င့္ေနလိုက္  "

"ငါက ဘာလို႔ အဲ ေယာဂကို က်င့္ရမွာလဲ"

"က်င့္ဝတ္တစ္ေထာင္ကို ေၾကညက္ေသာ စံျပ ဇနီးသည္ ျဖစ္ေအာင္ေလ "

( Bear Yoga က position ေတြက  Uke ေတြကို papapa တဲ့အခါ ပိုၿပီး သက္သာေစပါတယ္ ။ေမာင္တို႔လည္း ေလ့က်င့္ဖို႔ ႀကိဳးစားၾကေလာ့ 😝)

" ေတာ္ၿပီ။ ငါ့ရဲ႕ ႏူးႏူးညံ့ညံ့အနာဂတ္ဇနီးေလးအေၾကာင္းပဲ ေတြးေတာ့မယ္ "

" နင့္အေမရဲ႕ သားမက္ေလးကေတာ့ ေ႐ႊခ်ထားတဲ့ ေနာက္ေက်ာပိုင္ရွင္ႀကီးကို ရေတာ့မွာပဲ။ Congratulation "

" ဒီဆိုးသြမ္းေနတဲ့ သမီးေလးေတြေတာ့ေလ "

   ျမတ္တို႔သုံးေယာက္ အစည္းအေဝးခန္းမထဲတြင္ အျငင္းအခုံျပဳလုပ္ေနသည္ကို  ထိုင္ၾကည့္ေနသူ တစ္ဦးလည္း ရွိသည္။ ဦးျမတ္မင္းဦးသည္ အလ်င္အျမန္အေကာင္အထည္ေပၚလာေသာ project ေၾကာင့္ ကေလးမ်ားအား ေသေသခ်ာခ်ာေလးေစာင့္ၾကည့္ေနသည္။ ကေလးမ်ားသည္ လိုက္နာမႈ အားနည္းၾကေသာ္လည္း စည္းလုံးစြာအလုပ္လုပ္ေနၾကေသးသည္။ တစ္ဦးခ်င္းစီ တာဝန္ေပးခံထားေသာ မန္ေနဂ်ာသုံးဦးသည္လည္း သူတို႔၏ တာဝန္အလိုက္ သက္ဆိုင္ရာ သခင္/မေလးမ်ား၏ ေျပာဆိုခ်က္မ်ားကို ျပန္တင္ျပေလ့ရွိသည္။

" ကေလးဘဝက ေကာင္းလိုက္တာ။ ေျပာခ်င္တာကို လြတ္လြတ္လပ္လပ္ ေျပာလို႔ရတယ္။ "

    အစည္းအေဝးခန္းမထဲက သုံးေယာက္ကမူ  လုံးဝကို ညႇိႏႈိင္းရခက္ေနသည့္ အေျခအေနတြင္ ရွိေနေလသည္။ စိတ္သေဘာထားခ်င္း မတိုက္ဆိုင္‌ၾကတာေၾကာင့္ အေတာ္ေလးကို အခ်င္းမ်ားက အေဝမတည့္ျဖစ္ေနၾကသည္။ ‌သုံးေယာက္စလုံးက ေခါင္းမာကာ ေၾကာျငာကိစၥကို ေဆြးေႏြးေနရင္း ညေနပင္ ေရာက္လာသည္။

"ေဟး နင္တို႔ ၿပီးၾကၿပီလား? ငါတို႔နဲ႔ တ႐ုတ္တန္းသြားၾကမလား? "
ဟန္ေႏြရာသည္ အစည္းအေဝးခန္းမတံခါးကို ဟလ်က္

You are reading the story above: TeenFic.Net