"ဒါနဲ့ချမ်းနိ မင်းတို့ရဲ့systemမှာလေ point တွေဘာတွေမရှိဘူးလား"
"ရှိတယ်လေhostရဲ့ ဘာလိုလဲ"
"အဲတာဆို ငါmissionတွေလုပ်နေတာဆိုတော့pointရမှာပေါ့နော်"
"ရတယ်လေ"
"အဲတာကိုမင်းက ဘာလို့ငါကိုမပြောတာလဲ"
"မေ့သွားလို့ပါ ဟို hostရဲ့ခြွေနည်းတွေမှာကြွေကြွေသွားပြီး မေ့နေလို့ပါ"
"အေး နောက်ဆို မင်းရဲ့Hostကငါဆိုတာပါမေ့နေအုံးမယ်"
"အဲတာတော့မမေ့ပါဘူးhostရဲ့"
"ပြောဝာာဘဲ ထားပါ ငါအခုpointဘယ်လောက်ရပြီးလဲ"
"သတ်မှတ်တဲ့pointအရေးအတွက်က၁၀၀
ဒါမဲ့အခုhost mission လုပ်ရင် ရလာတဲ့pointက ၄၀"
ကြားလိုက်ရတဲ့pointအမှတ်ကအားရချင်စရာကြီး ငါဒီလောက်ကြိုးစားတာတောင် ရတဲ့အမှတ်က၄၀တဲ့
"မင်းတို့ system က မှန်တော့မှန်တယ်မလား"
"မှန်ပါတယ်hostရဲ့ ဘာလို့လဲ"
"ငါဒီလောက်ကြိုးစားတာတောင် ရလာတဲ့အမှတ်ကနည်းနေလို့"
"ဒါကတော့ hostကြိုးစားတာညံနေလို့လေ"
"ငါကညံတာမဟုတ်ဘူး မင်းဇာတ်လိုက်ကသာ ငါဒီလောက်ချွဲနေတာတောင် ဘယ်လိုမှမနေဘူး ဘာသားနဲ့ထုထားမှန်းမှမသိတာ"
"Hostကလဲ ဘာသားနဲ့ထုထားထား အချစ်နဲ့တွေရင် ပျော်ကြရတာပါဘဲ hostကလုပ်ဆောင်ချက်ညံနေတာလဲဖြစ်နိုင်တာဘဲ"
"ဒီ system အစုတ်ကတော့"
"ကျားရွေ့"
ချမ်းနိနဲ့စိတ်ထဲမှာစကားပြောနေတုန်း သူကိုခေါ်လာတဲ့ ယင်လိန်
"ပြောလေ ယင်လိန်"
"ငါတို့အခုအသစ်ဖွင့်တဲ့ကော်ဖီဆိုင်သွားရအောင်"
"ကော်ဖီဆိုင်ကြီးဘာသွားလုပ်မှာလဲ"
"ကော်ဖီဆိုင်သွားပါတယ်ဆိုကော်ဖီသွားသောက်မှာပေါ့ နောက်ပြီးကသူကအခုမှဖွင့်ထားတာမကြာသေးပင်မဲ့ သူရဲ့ဆိုင်အပြင်အဆင်က အရမ်းမိုက်တာ အဲမှာငါတို့ကော်ဖီသောက်ရင် ဓာတ်ပုံလှလှရိုက်လို့ရတယ်လေ"
ယင်လိန်ရဲ့အကြံမဆိုးတာကြောင့်သူလက်ခံလိုက်တော့သည်။ဘာလိုဆို သူကဓာတ်ပုံရိုက်ရတာကြိုက်တယ်လေ
"ကောင်းပြီး ဒါမဲ့ ငါတို့နှစ်ယောက်ထဲသွားမှာလား"
"အကို ကိုပါခေါ်မယ်လေ တော်ကြာသူမခေါ်လို့ စိတ်ကောက်နေရင် မင်းဘဲချော့ရမှာ"
"အဲတာလဲဟုတ်သား ဒါဆိုမင်းသွားခေါ်လိုက် ငါဒီကစောင့်နေမယ်"
"မင်းကအဝတ်အစားမလဲတော့ဘူးလား"
"လဲစရာမလိုဘူး ထျန်းကျားရွေ့တို့က တစ်ရေးနိုးထရင်တောင် ချောပြီးသားမလို့ မင်းအဝတ်အစားလဲပြီး မောင်ကိုခေါ်ခဲ့လိုက်"
"အေးအေး"
ကျားရွေ့တစ်ယောက် အပေါ်ထက်တတ်သွားတဲ့ယင်လိန်ကိုကြည့်ကာ ဧည့်ခန်းမှာဂိမ်းထိုင်ဆော့ရင် စောင့်နေလိုက်တော့သည်။
"အိမ်မှာလဲကော်ဖီရှိတာကို သောက်ချင်ရင် ဖျော်သောက်လို့ရဘ ဘာလို့ဆိုင်သွားချင်နေတာလဲ"
ယင်လိန်အဝတ်အစားလဲပြီး ရန်အန်းကိုလိုက်ပို့ပေးဖို့ပြောနေခြင်း
"အကိုကလဲ မတူဘူးလေး ဟိုကဆိုင်ဖျော် ဒီမှာကအိမ်ဖျော်လေ"
"အရသာအတူတူပါဘဲ သောက်ချင်ရင် အိမ်ကကော်ဖီကိုအဝသောက် လိုက်မပို့ဘူး ဘယ်နဲ့အေးကအေး အပြင်လိုက်ပို့ရအုံးမယ် ငါလဲအလုပ်မအားဘူး"
ယင်လိန်အကိုစကားကြောင့်စူပုတ်သွားတော့သည်။
"ဒါဆို ကိုယ်ဘာသာ...."
"ဘယ်နဲ့ကိုယ်ဘာသာလဲ ကိုယ်ဘာသာလဲမသွားရဘူး ငါပြောပြီးပြီးနော် ယင်လိန် အိမ်ကကော်ဖီဘဲသောက်လို့ သွားသွား အလုပ်ကရှုပ်ပါတယ်ဆို...."
အတင်းနှင်လွှတ်နေတဲ့အကိုဖြစ်သူကြောင့် ယင်လိန် စူပုတ်ပြီးထွက်လာတော့သည်။
"ကျားရွေ့"
"အင်း ပြီးပြီးလာ သွားမယ်လေ ဒါနဲ့မောင်ရောမလာသေးဘူးလား"
"လိုက်မပို့ဘူးတဲ့ ငါတို့ကိုသောက်ချင်လဲ ကိုယ်ဘာသာအိမ်မှာဖျော်သောက်တဲ့"
"ဟာ တူမလား အိမ်မှာဖျော်တာနဲ့ ဆိုင်မှာဖျော်တာ "
"အတူတူဘဲတဲ့ အကိုက ငါကတော့ဓာတ်ပုံရိုက်ဖို့ဆိုပြီးရှိုးစမိုးနဲ့ထွက်လာတာ အကိုကလိုက်မပို့တော့ အဝတ်စားပြန်လဲရတော့မှာပေါ့"
မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ယင်လိန်ကြောင့် ကျားရွေ့စိတ်မကောင်းဖြစ်သွားတော့သည်။အစကကျားရွေ့လဲသွားချင်စိတ်မရှိသောလည် ဒီကိုရောက်ထဲက ဘယ်မှမသွားရသေးတာမို့ ကျားရွေ့သွားချင်စိတ်ပေါ်လာခြင်း။
"ငါသွားခေါ်လိုက်မယ်"
"မရလောက်ဘူးထင်တယ် အကိုအခုအလုပ်အရမ်းရှုပ်နေတာရယ်"
"ရတယ် မင်းသာ ဒီမှာစောင့်နေ အဝတ်အစားသွားမလဲပစ်နဲ့ "
"အင်း"
ကျားရွေ့ အခန်းထဲဝင်လာတော့ အလုပ်စာပွဲပေါ်မှာ အလုပ်ရှုပ်နေတဲ့ သူရဲ့ဇာတ်လိုက်
"မောင်"
သူခေါ်သံကြောင့် အလုပ်လုပ်ရာမှမော့ကြည့်လာတဲ့ဇာတ်လိုက်
"ပြော"
"မောင်ကလဲထူးတာကြီးက"
"ငါအလုပ်မအားဘူးကျားရွေ့ မင်းဘာဖြစ်ချင်တာလဲ"
"ငါကော်ဖီဆိုင်သွားချင်လို့"
"ယင်လိန်းကိုပြောလိုက်တယ်လေ အိမ်ကသောက်လဲရတယ်လို့"
"တူမလား မောင်ရဲ့ ဟိုကဆိုင်ဖျော်လေ"
"ဆိုင်ဖျော်နဲ့အိမ်ဖျော်ဆိုပြီးဘဲ ကွဲသွားတာ
အရသာတော့အတူတူဘဲ နောက်ပြီး ငါအခုအလုပ်ရှုပ်နေတယ် လိုက်မပို့နိုင်ဘူး"
"ယောင်္ကျားကလဲ ငါကသွားချင်လို့သွားတယ်ထင်နေလား ငါက ယောင်္ကျားနဲ့ဒိတ်ရအောင်သွားတာ"
ကျားရွေ့ပြောလဲပြော ဇာတ်လိုက်ရဲ့ပခုံး
ကိုနှိပ်ပေးနေတော့သည်။
"နော် ယောင်္ကျားနော် သွားရအောင်လေ"
"ကျစ် ......"
"ယောင်္ကျားကမလိုက်ပို့ဖူးဆိုလဲရပါတယ် ငါမသွားတော့ပါဖူး ဒါမဲ့ ငါမယ် နေမကောင်းဖြစ်ချင်နေတဲ့ကြာက ယောင်္ကျားနဲ့ဒိတ်ရအောင်ဆိုပြီး မောင့်နှုတ်ခမ်းလောက်တောင်မချိုတဲ့ဆေးခါးခါးတွေကိုသောက်ထားရတာ ယောင်္ကျားသဘောပါ..ယောင်္ကျားမအားတော့ ယောင်္ကျားအလုပ်ရှုပ်နေတယ်မလာ ငါအောက်မှယင်လိန်နဲ့ညစာချက်လိုက်အုံးမယ်"
"ထျန်ကျားရွေ့"
ကျားရွေ့နောက်ပါးက ဇာတ်လိုက်ခေါ်သံကြောင့်အသာပြုံးကာ ဇာတ်လိုဘက်ကို မျက်နှာငယ်နဲ့ကြည့်လိုက်တော့သည်။
"ဟင် ပြောလေမောင်"
"ခနစောင့် အဝတ်စားသွားလဲမို့ မင်းကရော မလဲတော့ဘူးလား"
"ငါကမလဲတော့ဘူးဘာလိုဆိုမောင်ရဲ့ချောမောမှုတွေငါကြောင့်မှေးမှိန်သွားမှာဆိုလို့လေ ဒါဆို မောင်လဲပြီးအောက်ဆင်းခဲ့နော် ငါအောက်မှာစောင့်နေမယ်"
မိနစ်အနည်းငယ်အကြာ
"သွားကြမယ် ရော့ မင်းထက်ဝတ်ထား အပြင်မှာအေးတယ်"
ယင်လိန်နဲ့ကျားရွေ့အောက်မှစောင့်နေတုန်းအသံကြားရကိုကြည့်လိုက်တော့
အိုမို အိုမို ငါယောင်္ကျားက ငါနီးနီးချောတယ်ရော ငါယောင်္ကျားလို့မပြောရဘူး မိမိုက်နေတာဘဲချောတယ် တည်ကြည့်တယ် ဒီလိုပြည့်စုံနေမှုတွေကြောင့် ဇာတ်လိုက်က သူယောင်္ကျားဖြစ်ရတာ။တစ်ဖက်ကယင်လိန်းတစ်ယောက်ကတော့သူအကိုရန်အန်းအကြောင်းကိုစိတ်ထဲကနေ အတင်းတုတ်နေတော့သည်။ငါခေါ်တုန်းကတော့အလုပ်ရှုပ်တယ်လေ အိမ်ကော်ဖီနဲ့ဆိုင်ကော်ဖီကအတူတူဘဲလေနဲ့ ယောင်္ကျားကသွားခေါ်တော့ ယောင်္ကျားအတွက်ပါအနွေးထည်ယူလာပေးတာ။တော်သေးတာပေါ့ အဖြောင့်မလို့ဘဲ အကွေးတာဆို ယောင်္ကျားတစ်ခွန်ဆိုတစ်ခွန်အပြီးဘဲနေမှာ။လောကကြီးကFa,တွေကိုတအားရက်စက်တာဘဲ။
"ငါကမအေး....ယောင်္ကျားသဘော ယောင်္ကျားသဘော"
ကျားရွေ့မအေးဘူးလို့ပြောတော့မဲ့အချိန်သူကိုစူရဲ့စွာကြည့်နေတဲ့ဇာတ်လိုက်ကြောက့်အမြန်ယူဝတ်လိုက်သည်။ကျားရွေ့ကအအေးကိုကြိုက်တဲ့သူမို့ ဒီလိုမျိုးအေးတာကိုသဘောကျပင်မဲ့ သူယောင်္ကျားဇာတ်လိုက်စိတ်ဆိုးမည်ဆိုတာကြောင့် ဝတ်လိုက်ခြင်း
ဘာလို့ဒီလောကိအေးနေရတာလား။ကျားရွေ့ ကားပေါ်ကဆင်းတော့ရုတ်တရက်ချမ်းလာတော့သည်။သူအရင်ကဆိုအအေးဓာတ်ကိုမမှုပင်မဲ့ အခုတော့တော်လေးအေးနေသည်မှာနှာဖျားထိတ်လေးတွေရဲလို့။ကြည့်ရတာ မူရင်းကိုယ်က အအေးမခံနိုင်ပုံပေ။
"ငါပြောတယ်မလား အပြင်မှာအေးတယ်လို့ ရောထက်ဝတ်ထား"
အနွေးထည်ဝတ်ပေးလာတဲ့ဇာတ်လိုက်ကိုကြည့်ရင်တွေးမိသည်က ရိုမန်တစ်ဆန်လိုက်တာဟီးဟီး။ယင်လိန်ကတော့မမြင်ချင်ယောက်ဆောင်ထားလိုက်သညိ ဒီလိုမြင်ကွင်တွေကသူလို့faအတွက် ခွေးစာကျွေးနေသလို့ပေ။
"ဘာမှာကြမလဲရှင့်"
"ကော်ဖီသုံးခွက်ပေးပါ"
"ဟုတ်ကဲ့ အခြားကိတ်ရောယူအုံးမလား"
"ယင်လိန်က ချောကလတ်ကိတ်မလား ကျားရွေ့မင်းကရော"
"ငါကမောင့်နဲ့အတူတူစားမှာ မောင့်ဘာသာမှာလိုက်"
"စတော်ဘယ်ရီကိတ်ရယ် ချောကလတ်ကိတ်ရယ် အဲတာဘဲ"
"ဟုတ်ကဲ့ ရရင် လာချပေးပါမယ်ရှင့်"
"ယင်လိန်မင်းဆိုင်ရွေးတာတော်သားဘဲ ဆိုင်က ဓာတ်ပုံရိုက်စရာတွေကြည့်ဘဲ မိုက်တယ်"
"ငါတို့စားပြီးရင် ဓာတ်ပုံရိုက်လို့ရတယိ ဒီမှာဝတ်စုံတွေငှားပေးတယ် ရှေးခေတ်ဝတ်စုံတွေ"
"ဝါး...မိုက်တာပေါ့"
စကားဝိုင်ထဲယင်လိန်နဲ့ကျားရွေ့သာအဓိကပြောနေပြီး ရန်အန်းကတော့နားထောင်သူအဖြစ်ငြိတ်မ်သတ်နေတော့သည်။
"မှာထားဝာာတွေရပါပြီး"
"အာ...."
"ကျားရွေ့!"
ကျားရွေ့ရဲ့အလန့်တကြားအော်သံအဆုံး ရန်အန်းနဲ့ ယင်လိန်တို့ရဲ့ စိုးရိန်တကြီးခေါ်သံကိုကြားလိုက်ရတော့သည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ကျွန်မ ကျွန်မ"
ကော်ဖီလာထားတဲ့ကောင်မလေးမှာ ခြေထောက်ခေါက်ပြီး ကော်ဖီခွက်တွေ ကျားရွေ့ပေါ်ဖိတ်ကျခြင်း။
"တောင်းပန်းလိုက်တာနဲ့ရသွားရောလား ဒီမယ် မင်းကြောင့် ငါအမျိုးသားဘယ်လောက်ထိ ထိခိုက်သွားလဲတွေ့လား"
ကော်ဖီတွေရဲ့အပူကြောင့်ရဲနေတဲ့ အပူလောင်နေတဲ့လက်ကိုပြကာ ဒေါသတကြီးပြောနေတဲ့ဇာတ်လိုက်ကြောင့်
"မောင်စိတ်လျော့ ငါကဘာမှသိပ်မဖြစ်ဘူးရယ်"
"ဘာလို့ဘာမှမဖြစ်ရမှာလဲ မင်းလက်တွေရဲနေတာကို မောင်ဘယ်လို့ကြည့်ရက်မှာလဲ"
ရန်အန်းဘယ်လောက်ထိစိတ်ပူသွားလဲဆို သူကိုယ်သူ 'မောင်'ဆိုတဲ့နာမ်စားသုံးလောက်တာကိုပေ သတိမထားမိ။
"မင်းရဲ့မန်နေဂျာကိုခေါ်လိုက် မင်းနဲ့မပြောဘူး မန်နေဂျာနဲ့ပြောမယ် မန်နေဂျာဘယ်မှာလဲ"
"ကျွန်တော်ပါ ဘာများဖြစ်လို့လဲဗျ"
"သူကြောင့် ငါအမျိုးသားရဲ့လက်ထိခိုက်သွားပြီး ရှက်တီရှပ်ဖြာနိုင်ရင်လဲ အလုပ်ခန့်မထားနဲ့လေ"
"တောင်းပန်းပါတယ် သူ့အစားကျွန်တော်တောင်းပန်ပါတယ် လီချင်းချင်း ဘာလုပ်နေတာလဲ တောင်းပန်လိုက်လေ"
"တောင်းပန်ပါတယ် ဒီကအကို ကိုလဲ ကျွန်မတောင်းပန်ပါတယ်"
ခနကြားလိုက်ရတဲ့နာမည်ကဘာ လီချင်းချင်း
ငါကိုဇာတ်လိုက်မပေါ်လာပြီးလို့မပြောနဲ့နော်
______________________________________
ကဲပျင်းနေကြမှာဆိုလို့ ဇာတ်လိုက်မကိုခေါ်လိုက်ပြီး ဒါနဲ့ ဒီအပိုင်းကတော်တော်ရှည်ရှည်အပ်ပေးထားတယ်နော်။ပျင်းဖို့ကောင်းတဲ့ချမ်းရဲ့ဇာတ်လမ်းကိုမန့်ပေးတဲ့cmတွေနဲ့voteပေးကြတဲ့အတွက်လဲ ချမ်းကကျေးဇူးတင်ပါတယ်ရှင့်။အစကဒီနေ့နေသိပ်မကောင်းလို့မလာတော့ဘူးလုပ်ထားတာ ဒါဒါလေးတို့ကြောင့် ဦးနှောက်ကိုအမြန်အလုပ်ပေးပြီးတင်ပေးလိုက်တယ်။^_^
ဒါနဲ့ရှင်တို့ရဲ့သား ရန်အန်းက လုံးဝကြိအဖြောင့်ကြီးပါနော် တော်ကြာမယုံမှာဆိုလို့ သံပေသံထက်တောင်ဖြောင့်တဲ့အဖြောင့်စစ်ကြီးပါလို့။
စာလုံးပေါင်းစစ်ထားခြင်းမရှိ။
ချမ်း
Date-23.1.2025(ကြာသပတေးနေ့)
You are reading the story above: TeenFic.Net