ကျားရွေ့ သူကိုယ်သူဓားနဲ့မထိုးခင်။ချမ်းနိနဲ့စကားပြောခဲ့သေးသည်။
"ချမ်းနိ..."
"ဗျာ host..."
"ငါတို့ ရှုံးသွားတာလား..."
"ဟုတ် ပါတယ်Host..."
"ငါက ဘာဖြစ်သွားမှာလဲ....မင်းပြောဖူးသလို့ ဒီမှာပိတ်မိပြီး ယင်လိန်စိတ်ကြိုက်ပုံဖော်တာကိုခံယူရတော့မှာလား..."
"အဲလို့ သဘောမျိုးမှာရှိနေပါပြီး..."
ကျားရွေ့ ကြားလိုက်ရတဲ့စကားတွေကြောင့်သူမျက်နှာဟာ စိတ်ပျက်မှုတွေကိုအထင်သာမြင်နေရသည်။သူဒီမှာနေပြီး ယင်လိန်သဘောကျမနေနိုင်ပေ။ဒီလောကတွေမောင်လဲမရှိတော့ပေ။ကျားရွေ့ သူဘေးနာမှာစထားတဲ့ ခုနကယင်လိန်ကိုရွယ်တဲ့ဓားကိုကြည့်ကာ..
"ချမ်းနိ...."
"ရှင့် Host...."
"တကယ်လို့ ငါကို့ငါ အဆုံးစီရင်လိုက်ရင်ရော...."
"ဒါဆိုရင် Hostကဒီလောကကနေရောအပြင်လောကမှာပါပျောက်ကွယ်သွားမှာပါ....."
ကျားရွေ့ချမ်းနိစကားကိုနားထောင်ပြီး ပြုံးလိုက်သည်။
"Hostဘာလုပ်ဖို့ကြံနေတာလဲ.....မဟုတ်မှ...."
"သေကြည့်မလို့...."
"Host...!"
ကျားရွေ့သည် သူခုနက ယင်လိန်ကိုရွယ်ထားတဲ့ဓားနဲ့ နှလုံးရှိရာ ရင်ဘတ်ကို ထိုးခဲ့သည်။
"ကျားရွေ့....!"
ကြားလိုက်ရတဲ့ ယင်လိန်ရဲ့စိုးရိမ်တကြီးခေါ်သံကြောင့် ကျားရွေ့ ပြုံးမိသွားသည်။ စိတ်ပူတယ်မလားယင်လိန် မင်းချစ်တဲ့ငါ သေတော့မယ်ဆိုတော့။အဲလို့ဘဲမောင်တုန်းကလဲငါအခုလို့ဘဲခံစားရတာ။ရူးမတတ်ခံစားရတာ။တောင်းပန်ပါတယ်ကလေးရေး အပါးက ရူးမိုက်မိသွားတဲ့အတွက်။မောင် မင်းမရှိတဲ့နေရာက ငါအတွက်ငရဲထက်ဆိုးတာမလို့ မင်းမရှင်သန်ချင်ဘူးမောင်။နောက်ဆုံးအထိအတွေ့အနေနဲ့ ကျားရွေ့သိလိုက်သည်က သူကိုဖတ်ကာ ငိုကြွေးနေတဲ့ယင်လိန်ကိုပေ။ကျားရွေ့ မျက်လုံးမှိတ်ကာ ငြိမ်သတ်သွားတော့သည်။
******************************
"သူဘယ်တော့သတိပြန်ရမလဲခင်ဗျာ..."
"ခနနေဆိုရတော့မှာ လူနာကို အားရှိစေမဲ့ အစားအစာတွေဘဲကျွေးပါ လူနာက အားနည်းနေတယ်...."
"ဟုတ်ကဲ့ခင်ဗျာ...."
"ဒါဆို ကျွန်တော်ကိုခွင့်ပြုပါအုံး..."
"ဒါဆို ဆရာကို မမ လိုက်ပို့လိုက်အုံးမယ်.."
ကျားရွေ့ နားထဲမှာကြားနေရတဲ့အသံတွေမောင်အသံနဲ့တူတဲ့အသံရယ် သူမသိတဲ့လူစိမ်းရဲ့အသံကြောင့်မျက်လုံးဖွင့်ချင်ပါသော်လည် ဖွင့်မရပေ။
"ဒုန်း..."
တံခါးပိတ်သံကိုတော့ ကျားရွေ့ကြားမိသည်။ကျားရွေ့ မျကိလုံးကိုအားယူဖွင့်တော့။သူနဲ့မစိမ်းသတ်တဲ့အခန်းငယ်။ချမ်းနိပြောတော့သူပျောက်ကွယ်သွားမှာဆို။အခု မပျောက်ကွယ်ဘဲဘယ်ကိုရောက်လာတာလဲ။ထိုစဉ်
"အချစ် သတိရပြီးလား..."
မောင်အသံကြောငိ့ ကျားရွေ့ ဘေးကိုကြည့်တော့ သူကို စိုးရိမ်တကြီး ကြည့်နေတဲ့မောင်။မောင်က ဘယ်လို့ဖြစ်ပြီး အသက်ရှင်နေတာလဲ။မောင်ကို သူရှေ့မှာတင် ယင်လိန်သတ်လိုက်သည့်မဟုတ်လား။မောင်သည့် သူလက်ထဲမှာပေ သေဆုံးသွားပြီးမဟုတ်လား။ဒါမှမဟုတ် ဒါက အိပ်မက်လား။အိပ်မက်ဆို ငါဘယ်တော့မှမနိုးပါရစေနဲ့။
"အချစ် ဘာတွေးငေးနေတာလဲ..သက်သာလာတစ်ခုခုနာတာမျိုးတွေရှိလား..."
သူအနားကိုလာကို သူကိုဂရုတစိုက်မေးနေတဲ့မောင်။ဟင်မောင်အသားတွေကနွေးလိုက်တာ။
"အချစ် အဆင်မပြေတာရှိလို့လား
.."
"ဟင့်အင့်...မောင်..."
"အင်း ပြောလေး အချစ်ရယ်..."
"မောင်...ငါမောင်ကိုလွမ်းနေတာ ငါမောင်ရဲ့ကိုယ်သင်းနံ့ကိုသတိရနေတာ..ငါ.."
ကျားရွေ့ ရန်အန်ကိုဖတ်ကာ ပြောလဲပြော ငိုလဲငိုနေတော့သည်။
"ဟော အချစ်ရယ် ဘာလို့ငိုနေတာလဲ ခနလေ သတိမေ့သွားတာကို မောင်ကိုအရမ်းလွမ်းနေတာပေါ့..."
ကျားရွေ့မောင့်စကားကြောင့် တွေးဝေသွားတော့သည်။သတိမေ့တယ် သူက။မဟုတ်ဘူးလေ သူကိုယ်တိုင် သူကို့သူအဆုံးစီရင်ခဲ့တာလေ။အခုအခြေအနေက ဘာတွေဖြစ်နေတာလဲ။ယင်လိန်ရောဘယ်မှာလဲ။
"မောင်မင်းကိုအရမ်းကျေးဇူးတင်တာဘဲ ကျားရွေ့ မောင့်သွေးသားကိုခေါ်လာပေးလို့..."
"မောင်..."
"ဗျာ...."
"ယင်လိနါရော....."
"ဘယ်သူလဲ ယင်လိန်က...."
ကျားရွေ့မောင့်စကားကြောင့်အံ့ဩသွားတော့သည် မောင်သည်ယင်လိန်ကိုမသိတဲ့အတွက်။
"မောင် မမရဲ့ မွေးစားသားလေ..ယင်လိန်က.."
"မောင်မမမှာ မွေးစားသားမရှိပါဘူး.."
"ဟင်...."
"ကြည့်ရတာ ကျားရွေ့ပင်ပန်းပြီး အိပ်မက်ထဲကဟာတွေကိုအမှန်ထင်နေတာထင်တယ်..."
အိပ်မက်မဟုတ်ဘူး။ဒီလောက်အတိအကျနာကျင်ခဲ့ရတာက အိပ်မက်မဟုတ်ဘူးဆိုတာကို ကျားရွေ့သိသည်။
"ခနနားလိုက်အုံး မောင် မင်းစားဖို့ စွပ်ပြုတ်ပြုတ်လိုက်အုံးမယ်..."
ထွက်သွားတဲ့မောင့်ကျောပြင်ကိုကြည့်ကာ ကျားရွေ့အတွေးများရတော့သည်။
"ချမ်းနိ..."
ချမ်းနိများရှိမလားလို့ခေါ်ကြည့်လိုက်တော့
"ရှင့်..."
"ဒီဇာတ်ကြောင်းက ဘာတွေဖြစ်ကုန်တာလဲ...ယင်လိန်ကိုရော မောင်ကဘာလို့မသိတာလဲ..မင်းပြောတော့ ငါကပျောက်ကွယ်သွားမှာဆို..ဘာတွေဖြစ်နေတာလဲချမ်းနိရယ်..."
"Host အကြောင်းအရာအားလုံးကို ကျွန်မပြောပြတာထက် hostကိုယ်တိုင်ကြည့်လိုက်တာပိုကောင်းမယ်.အဲတာကြောင့် Hostခနလောက်အိပ်ပေးပါ ကျွန်မ Hostသိချင်တာတွေကိုပြပေးမယ်..."
ကျားရွေ့ ယင်လိန်စကားကြောင့် ခနအိပ်လိုက်တော့သည်။ထိုအခါ သူရောက်ဖူးနေကြဟင်လင်ပြင်ကြီးထဲရောက်လာတော့သည်။ဘေးနားမှာဘယိအချိန်ကတည်းကရောက်နေမှန်းမသိတဲ့ခွေးပုံစံ ချမ်းနိ။ကျားရွေ့ ကြည့်နေတုန်း ဟင်လင်ပြင်ကြီးသည် ပုံစံပြောင်းသွားတော့သည်။မြင်လိုက်ရတဲ့ပုံစံကြောင့် ကျားရွေ့ခြေလှမ်းအနည်းငယ်အနောက်ဆုတ်မိသွားသည်။မြင်လိုက်ရသည်က
"ကျားရွေ့ မင်းဘာလို့ဒီလောက်တောင်ရူးမိုက်ရတာလဲ..."
ကျားေရွ့ရဲ့အလောင်းကိုဖတ်ကာ အရူးတစ်ယောက်လို့စကားတွေပြောနေတဲ့ ယင်လိန်။
"မင်းမောင်ကို မငဲ့ရင်တောင်အနည်းဆုံးတော့ မင်းဗိုက်ထဲက ကလေးကိုငဲ့ပြီးဒီလို့မလုပ်သင့်ဘူးလေ..."
"System...."
ယင်လိန်သည်မကောင်းဆိုးဝါးsystemကိုခေါ်လိုက်တဲ့ပုံပေ။ထိုအခါ အမဲရောင်ဝံပုလွေတစ်ကောင်းသည် ယင်လိန်ရှေ့ကိုပေါ်လာတော့သည်။
"ငါတို့Missionနိုင်တယ်မလား..."
"အဲလို့ပြောလို့မရပါဘူး hostဇာတ်ကောင်ထျန်ကျားရွေ့ကို ကာကွယ်ရမဲ့Missionက ကျဆုံးသွားတဲ့အတွက်..."
"........."
"နိုင်တစ်ဝက်ရှုံးတစ်ဝက်ပါ..."
"ကျားရွေ့ကိုအသက်ရှင်အောင်ပြန်လုပ်ပေးနိုင်လား..."
"အဲဒီလို့မရပါဘူး..ဒီဇာတ်လမ်းကိုHostစိတ်ကြိုက်ပုံဖော်နိုင်ပါတယ်။ဒါမဲ့ဇာတ်ကောင်ထျန်ကျားရွေ့က အပြင်လောကကရောဒီလောကကပါ ပျောက်ကွယ်သွားတော့မှာဖြစ်တဲ့အတွက်သူအစားအခြားဇာတ်လိုက်ပေါ်မှာပါ...."
"ဒါဆို ကျားရွေ့က အပြင်လောကမှာပါပျောက်ကွယ်သွားမှာပေါ့...."
"ဟုတ်ပါတယ်Host...."
ယင်လိန်သည်ငေးငိုက်သွားကာ။ကျားရွေ့ရဲ့မျက်နှာတွေကိုညှင်ညှင်သာသာ ထိတွေ့နေတော့သည်။
"ဒါကဘယ်လို့ဖြစ်တာလဲ.."
ကျားရွေ့ရဲ့ခန္ဓာကိုယ်သည် တဖြေးဖြေးမြူမှုန့်လေးအသွင်ပြောင်းလာတော့သည့်အတွက်ယင်လိန်မေးလိုက်ခြင်း။
"ဒါက ထျန်ကျားရွေ့ပျောက်ကွယ်တော့မှာမလို့ပါ..."
မကောင်းဆိုးဝါးsystemကိုစိုးရိမ်တကြီးမေးနေတဲ့ ယင်လိန်
"တကယ်ဘဲ ကျားရွေ့ကိုကယ်ဖို့နည်းလမ်းမရှိတော့ဘူးလား...."
".....ရှိတော့ ရှိပါတယ်...."
"ဘာလဲ ဘာနည်းလမ်းလဲ...."
".............."
"ဘာဘဲပေးဆပ်ရပေးဆပ်မှာမလို့ နည်းလမ်းကိုသာပြော...."
"Hostသူ့အစားပျောက်ကွယ်ပေးရင် သူအသက်ရှင်နေမှာပါ....ကျွန်တော်တို့ကအဲလိုအစားပျောက်ကွယ်ပေးခြင်းကို ကြီးလေးတဲ့အပေးယူလို့ခေါ်ပါတယ်..."
ကျားရွေ့ကြားလိုက်ရတဲ့စကားကြောင့်ယင်လိန်ကိုကြည့်တော့အတွေးများနေဟန်။သူထင်သလို့တော့ ယင်လိန်လုပ်မှာတော့မဟုတ်ဘူးမလား။
"ငါ..လက်ခံတယ်..."
".........."
"ဒီကြီးလေးတဲ့အပေးအယူကိုငါလက်ခံတယ်..."
"Host..တကယ်ဘဲအဲလိုလုပ်တော့မို့လား hostပျောက်ကွယ်သွားမှာနော်.."
"ငါသိတယ်....."
"............"
"ငါကျားရွေ့ကိုပျောက်ကွယ်ခွင့်မပြုနိုင်ဘူး..."
"........."
"အဲဒီအစား ငါဘဲပျောက်ကွယ်သွားပါရစေ။"
______________________________________
ချမ်း
Date-21.3.2025(သောကြာနေ့)
စာလုံးပေါင်းမစစ်ထား။
You are reading the story above: TeenFic.Net