"ခုခေတ် ဆံပင်တုတွေကောင်းလာလို့တော်သေးတာပေါ့"
ပိုင် မထင်ထားဘူး။ ပိုင်ဟာ ဒီလောက် ယောကျ်ားနဲ့ဆင်မှန်းကိုပေါ့။ အခုတော့ ပိုင် အသံဩရှရှကြောင့် ယောကျ်ားလေးနဲ့အတော်ကိုတူသွားသည်ပါ။ ပိုဆိုးတာ ပိုင်ကအရပ်လည်းရှည်သည်။ ယောကျ်ားလေးတွေထဲမှာတော့ ၅'၈" ခွဲလောက်ဟာ ရှည်သည့်ထဲမပါပေမဲ့ အနေတော်လောက်ပါပဲ။ ဒါကို ပိုင် Shoe အား မသိမသာဒေါက်ထည့်ပြီး ခိုးလိုက်တော့ အရပ်ဟာ ၅'၉" ကျော်သွားသည်။ မဆိုးဘူး မဟုတ်လား။ ဒီအရပ်လောက်ဆို ပိုင်ဟာ ယောကျ်ားလေးတစ်ယောက်နှင့် ရင်ဘောင်တန်းနိုင်ပြီ။
ဒီလောက်ဆို ပိုင့်ကို အဲ့မိန်းမ မမှတ်မိလောက်ပါဘူးနော်။ ပိုင် နည်းနည်းစိတ်ပူနေသေးသည်။
"မှတ်မိရအောင် ငါက ကလေးမှမဟုတ်တော့တာ!... ဘာတွေစိတ်ပူနေတာလဲ ခြူးမီးလျံပိုင်ရယ်။ ဟုတ်သား ဘုန်းလျံပိုင်!... အခု နင့်နာမည်က ဘုန်းလျံပိုင်... နာမည် မှားမတနဲ့"
ပိုင့်မှာ လမ်းလျောက်တာလည်း အဲ့နာမည်ကိစ္စကိုလည်း ထိန်းရသည့်အပြင် မိန်းမနဲ့သွားမတူအောင်လမ်းလျောက်ကျင့်ရသေးသည်။ မဟုတ်လျှင် ပိုင်ဟာ ဘယ်လောက်ယောကျ်ားလေးဆန်ဆန် နုဖတ်ဖတ်လေးဖြစ်နေတော့ အထင်မှားကြမှာ။
"ဒါဆို သမီးသွားတော့မယ်နော် ပါးပါး"
"သားလို့ပြောပါကွာ ဟားဟား"
ပိုင့် အဖေမှ ပိုင့်ကိုကြည့်ပြီး စလာတော့ ပိုင် နည်းနည်းရှက်မိသွားသည်။
"ပါးပါးနော်... သွားတော့မယ်။ ပြန်မလာဖြစ်တော့ ဖွားဖွားကြီးကို ကြည့်ပြောပေးပါ"
"ပါးပါး သိပါတယ်ကွာ! ပိုင်လေးသာ အဲ့မိန်းမကို..."
"ပိုင်သိပါတယ် ထပ်မပြောပါနဲ့တော့။ ဒါဆို ပိုင်သွားပြီနော်"
ပိုင်ပြောတော့ ပိုင့်ပါးပါးဟာ ခပ်ပြုံးပြုံးလေးခေါင်းညိတ်သည်။ ပါးပါးသည် ပိုင့်ကို လက်စားချေဖို့ကိစ္စမှာ သိပ်ကို အားထည့်ထားတာသိသာလွန်းသည်။ ဘာကြောင့်များ ဒီလောက် ပါးပါးက အဲ့မိသားစုကိုမုန်းနေရတာလဲ။ ပိုင် အရမ်းသိချင်တာရယ်လို့တော့မဟုတ်ပါ။ ပါးပါး မုန်းတဲ့သူမှန်သမျှ ပိုင် မုန်းသည်။ ပါးပါး ရန်သူမှန်သမျှဟာ ပိုင့် ရန်သူပဲပေါ့။
"အဆင်ပြေပါ့မလား"
အိမ်ကြီးရှေ့ရောက်ချိန်မှာတော့ ပိုင် စိတ်လှုပ်ရှားစွာပြောမိသည်။ ကိုယ့်ကားနဲ့ အိမ်ကို အတိုင်းတာတစ်ခုထိစွန့်ပြီး ဒီအိမ်ကိုလည်း တက်စီနဲ့ပဲလာခဲ့ခြင်းသာဖြစသည်။ မဟုတ်လျှင် အဲ့အမျိုးသမီးကြီး သူ့နောက်ကြောင်းကိုလိုက်လျှင် မိသွားနိုင်သည်မလား။
"ဘယ်သူလဲမသိဘူး"
ခြံရှေ့က Bell ကိုနှိပ်လိုက်တော့အထဲမှခြံစောင့်ဟာ ထွက်လာပြီး မေးလာသည်။ ထို့ကြောင့် ပိုင် လည်ချောင်းလေးကိုရှင်းလိုက်မိသည်။ တစ်ဆက်တည်း အသံလေးကို ဩရှရှအသံဖြစ်အောင် ပိုလုပ်ဆောင်လိုက်သည်။
"ကျွန်တော်က ဒါရိုက်ဘာအသစ်ပါဗျ... ဒီနေ့အလုပ်ဆင်းဖို့ခေါ်ထားလို့ရောက်လာတာပါ"
ဟုတ်ပါသည်။ ပိုင် ဒီလောက်အဆင့်နှင့် ထိုအမျိုးသမီးဆီမှာ အလုပ်ဝင်ခဲ့တာပါ။ အစကတော့ ရုံးတွင်းတစ်နေရာမှာ ဝင်လုပ်ဖို့ကြံခဲ့ပေမဲ့ ပိုင့်ဒက်ဒီလူ ပိုင့်ကို ထည့်ပေးလိုက်လျှင် သိပ်သိသာသွားနိုင်သည်။ ပြီးတော့ သိပ်မကြာခင်ကမှ သူတို့အလုပ်ခေါ်ထားတာမို့ နောက်တစ်ကြိမ်ထပ်မခေါ်သေးပါ။ ဒါ့ကြောင့် ထိုအမျိုးသမီးကြီး ကုမ္ပဏီက အလုပ်ခေါ်တာစောင့်လျှင် ပိုင် စောင့်နေရဦးမှာ။
ကံကောင်းစွာနှင့် ထိုအမျိုးသမီးရဲ့ ဒါရိုက်ဘာက နေရာကလစ်ဟာသွားသည်။ အလုပ်ချိန်အရက်သောက်မိ၍ အလုပ်ထုတ်ခံရခြင်းဖြစ်သည်။ ထို့ကြောင့် နောက်ဒါရိုက်ဘာကို အလျင်ခေါ်ယူသည့်အခါ ပိုင် နေရာဝင်ယူခွင့်ရသွားသည်။ နည်းနည်း နိမ့်ကျသလိုဖြစ်နေပေမဲ့ ပိုင့်အတွက်တော့ အဲ့လိုမခံစားရပါ။
ဘာလို့လဲဆိုလျှင် ထိုအမျိုးသမီးကြီးရဲ့ သွားလေရာတိုင်းကို ပိုင်လိုက်နိုင်မှာဖြစ်သည့်အတွက် ရုံးတွင်းအလုပ်ထက် ပိုအဆင်ပြေသည်။ ထို့ထက် ပိုအဆင်ပြေတာက နောက်ပိုင်း ကံကောင်းလျှင် အိမ် (ဒါမှမဟုတ်) ကုမ္ပဏီထဲ ဝင်ထွက်ခွင့်တောင် ကြုံနိုင်သေး၏။
"ဪ သိပြီ... ၈ ခွဲအရောက်ခေါ်ထားတာကို ၈ နာရီမထိုးခင်တည်းက ရောက်လာတာပဲ"
ခြံစောင့်ဟာ ပိုင့်ကိုဇွဲရှိသူလိုကြည့်ရင်းပြောလာတာမို့ ပိုင် ပြုံးရင်းခေါင်းညိတ်လိုက်သည်။
"ခဏလေးစောင့်ပေးပါ။ အိမ်ကြီးထဲကို သတင်းပို့လိုက်ဦးမယ်"
ထပ်ပြောလာသည့်စကားကြောင့် ပိုင် ခေါင်းညိတ်လိုက်မိသည်။ ထို့နော် ဝေါ်ကီတော်ကီတစ်လုံးနှင့် ထိုလူအလုပ်ရှုပ်နေတော့သည်။
'ဒီလောက်တောင် လုံခြုံရေးတင်းကျပ်တယ်ပေါ့လေ'
ပိုင် မျက်ခုံးပင့်မိသွားသည်။ ပိုင်တို့ အိမ်တောင် ဒီလောက်ထိမဆိုးလှပါ။ သူတို့က ဘာမို့လို့ အဲ့လောက် တင်းကျပ်နေရသည်လဲ။ မျက်ခုံးပင့်မိရုံမကပဲ နှာခေါင်းရှုံ့လိုက်မိသည်။
ခဏအနေမှာတော့ ခြံတံခါးလာဖွင့်သည်မို့ ပိုင်လည်း အထဲဝင်ခွင့်ရသည်။ ခြံစောင့် ၂ ယောက်ထဲက တစ်ယောက်ဟာ ပိုင့်ကိုအထဲထိလိုက်ပြရင်း တစ်ခါတည်း အိမ်နှင့်ခြံဝန်း အကြောင်းကို ဒါရိုက်ဘာတစ်ယောက်သိထားသင့်သလောက်ကိုရှင်းပြ၏။
လမ်းလျောက်ပြီးသွားတာဟာ အိမ်ရဲ့လော်ဘီရောက်ဖို့ကို ၁၅ မိနစ် (ဒါမှမဟုတ်) မိနစ် ၂၀ လောက်ကြာလေသည်။ ထိုတော့မှ ပိုင် နားလည်လိုက်သည်က သူတို့ထက်ပင် ဒီကြောက်စရာ အမျိုးသမီးကြီးတို့အသိုင်းဝိုင်းက ပိုချမ်းသာသည်ဆိုတာ။ အဲ့လိုပြောပေမဲ့ သူမ အဖေဟာလည်း အဲ့ထက်တော့ နိမ့်နေတာမဟုတ်ဘူး။ ဘာလို့လဲဆိုလျှင် သူတို့ အချင်းချင်းပြိုင်ဆိုင်နေတာ အချိန်တစ်ခုထိရှိနေခဲ့ပြီ။ ဒါပေမဲ့ ဘယ်သူမှ အလဲမထိုးနိုင်သေးပါ။ ဒါကိုကြည့်လျှင် သူမ အဖေကလည်းပေါ့သေးသေးမဟုတ်ပင်။
"ဒီမှာစောင့်နေပေး"
အိမ်ထဲကို ပေးမဝင်ပဲလော်ဘီရှေ့မှာသာ စောင့်နေခိုင်းသည်။ ပိုင်လည်း ဒါကိုမျှော်လင့်ပြီးသားပါ။ လုံခြုံရေးတင်းကျပ်သည့် ဒီအိမ်က သူ့လိုဒရိုက်ဘာအဆင့်လောက်ကို အိမ်ထဲပေးဝင်ပါ့မလား။
သို့သော် ပိုင် အပြင်မှာပဲ ရပ်စောင့်နေသည်က နာရီဝက်နီးနီးရှိသွားသည်။ နာရီကြည့်တော့ ၈ ခွဲပြီး ၅ မိနစ်ဖြစ်နေခဲ့ပြီ။ ပိုင် အချိန်မလေးစားသည့် အမျိုးသမီးကြီးကို စိတ်မရှည်ဖြစ်မိပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။ ထိုအချိန် ပိုင့် မျက်လုံးအကြည့်ဟာ တစ်နေရာဆီရောက်သွားသည်။ ပန်းအိုးတွေကိုရွေ့ဖို့လုပ်နေသည့် ပန်းခြံက ဥယျာဉ်မှူး အဒေါ်ကြီးလေ။ အစတည်းက ထိုမဒေါ်ကြီးကို ပိုင် တွေ့သားပါ။ အဲ့တုန်းက ထို အသက်ကြီးကြီးအဒေါ်ကြီးဟာ ပန်းပင်ရေလောင်းတာကိုပဲ လုပ်နေသဖြင့် ပိုင် အဲ့လောက်စိတ်မဝင်စားခဲ့ပေ။ သို့သော် အခုတော့ ပိုင် အဲ့အနားကို အမြန်သွားလိုက်မိသည်။
"ကျွန်တော်လုပ်ပေးပါ့မယ်ဗျ"
ပိုင့်ရဲ့ ရုတ်တရက်ဆန်မှုကြောင့် အဒေါ်ကြီးဟာ မျက်လုံးလေး အပြူးသားနှင့်မော့ကြည့်သည်။
"ကျွန်တော် လူကောင်းပါဗျ... ကျွန်တော်က ဒီအိမ်ရဲ့ အသစ်ရောက်တဲ့ ဒရိုက်ဘာကောင်လေးပါဗျ... အခု သူဌေးကိုစောင့်နေရင်း အားနေလို့ ကူညီပေးတာပါ"
"အိုး ရပါတယ် လူလေး... ဒါတွေက လုပ်နေကြမို့သယ်နိုင်ပါတယ်"
ပိုင် ဆိုလိုတာကို အသက်ကြီးကြီးအဒေါ်ကြီးဟာ နားလည်ပုံပင် ငြင်းလာလေသည်။ သို့သော် ပိုင့်မျက်စိရှေ့မှာမို့ မကြည့်ရက်ပါ။
"ဒါဆိုရင်တောင် ကျွန်တော်ကူညီလို့ရနိုင်မလားဟင်... ခါးနားမှာစိုးလို့ပါဗျ"
လူကြီးတွေနဲ့သုံးလျှင် 'တရှင်ရှင်' ပြောတတ်သည့် ပိုင်ဟာ အခုတော့ 'တဗျဗျ' နှင့်ပြောနေမိသည်။ ကံကောင်းတာက ယောင်ပြီး 'ရှင်'လို့ မထွက်သွားမိတာပဲ။
"ဒါပေမဲ့..."
"ကျွန်တော် အားရှိပါတယ်ဗျ"
ပိုင် ပြောရင်းဖြင့် ဗလပြဟန်ဖြင့် လက်တစ်ဖက်ကိုကွေးပြလိုက်သည်။ Suit ဝတ်ထားလို့မမြင်ရပေမဲ့ ပိုင့်မှာ ဗလသေးသေးလေးက တကယ်ရှိပါသည်။ Gym ဆော့ထားလို့တော့မဟုတ်ပါ။ ငယ်ငယ်က ပြန်ပေးဆွဲခံရပြီးတည်းက ပိုင် ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင် ကိုယ်ခံပညာနဲ့ပတ်သက်ပြီး အများကြီးတက်ခဲ့ရသည်။ ထိုတက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်နေသည့် ဗလသေးသေးလေးသာ။
"ကောင်းပါပြီကွယ်"
ပိုင့် အပြုမူကြောင့် အသက်ကြီးကြီး အဒေါ်ကြီးကကြောင်သွားပေမဲ့ ပိုင့်ကိုခွင့်ပြုလိုက်သည်။ ပိုင် ထိုပန်းအိုးကို ပိုင် မလိုက်တော့ အရမ်းမလေးသော်လည်း လေးတော့လေးသည်။ ၃ အိုးလောက် မပြီးချိန်မှာ ပိုင်ပင် ခါးနာချင်သွားသည်။ ဒါကို ဒီလိုအသက်ကြီးကြီး အဒေါ်ကြီးတွေ ဒီလုပ်လုပ်ရတော့ စိတ်ထဲဝမ်းနည်းမိသည်။ ဒီအရွယ်က နားနေသင့်တာကို။ အသက်ကလည်း ၅၀ ဝန်းကျင်လောက်ဖြစ်နေပြီ။ ၅၀ ကျော်ပြီလားတောင်မသိပါ။
"ကျေးဇူးတင်ပါတယ် လူလေး"
"ရပါတယ်ဗျ... လိုအပ်တာရှိလည်း ထပ်ခိုင်းပါနော် ကျွန်တော်လုပ်ပေးပါ့မယ်"
ပိုင် ချွေးသုတ်ရင်းပြောလိုက်မိသည်။ အရမ်းချွေးထွက်သွားတာမဟုတ်ပေမဲ့ ချွေးတော့ နည်းနည်းထွက်သွားသည်မို့သုတ်လိုက်ခြင်းသာ။
"မေမေ အဲ့ဒါဘာလုပ်နေတာလဲ"
ပိုင့် နောက်မှထွက်လာသည့် ဩဇာသံလေးငြိမ့်ညောင်းသည့် အသံချိုချိုလေးကြောင့် ပိုင် ရင်ခုန်နေနှုန်းတွေကျယ်လောင်သွားသည်။ အတိတ်က ထရမ်မာတွေ ပြန်သတိရသလိုမျိုး ပိုင့် တစ်ကိုယ်လုံး တုန်ရီလာသည်။
'ဟိုကလေးရော'
'ကျွတ်စ် သနားစရာပဲ'
ပိုင် ငယ့်ဘဝရဲ့ ကြောက်စရာကောင်းဆုံးနောက်ဆုံးနေ့မှာ ကြားလိုက်ရသည့် နောက်ဆုံးစကားသံ ၃ ခွန်းထဲက ဒီ ၂ ခွန်းဟာ အခု အနောက်ကထွက်လာသည့်အသံကြားလိုက်ချိန်မှာပဲ သိပ်ကိုရင်းနှီးသွားသည်။
ပိုင် လှည့်မကြည့်ရဲပါ။ ပိုင့် လက်ဖဝါးလေးတွေ သိသိသာသာတုန်နေသည်ကို ခံစားမိတာမို့ လက်သီးဆုပ်ထားလိုက်သည်။
"ဒါဆို နန်းတို့သွားတော့မယ် မေမေ... ပန်းလေးတွေ ရေလောင်းမယ်ဆိုလို့ လွှတ်ထားပေးတာနော်။
စိတ်တိုင်းကျဖို့ နေရာအပြောင်းရွေ့တွေမလုပ်နဲ့... လုပ်မယ်ဆိုလည်း တစ်ယောက်ယောက်ခေါ်ခိုင်း"
"မေမေသိပါတယ် နန်းရယ်။ အခုလည်း လူလေး ကူပေးနေတာ... နန်းသာ သွားတော့။ သွားသင့်နေပြီ... အချိန်မတိကျတာကတော့ သူ့အစ်ကိုနဲ့ကွာတာ အခုထိပဲ"
"သူ့ကိုပြောတိုင်း အမြဲနန်းဘက်လှည့်... ဒါဆိုကွယ် နန်း သွားပြီနော် မေမေ"
"သွား... သွား!"
စကားသံလေးရပ်သွားမှ ပိုင့် နှလုံးခုန်မြန်တာ နည်းနည်းလျော့သွားသည်ဟု ခံစားရသည်။
"ဒီမယ် ဘာလုပ်နေသလဲ မလိုက်လာဘူးလား"
ပိုင့် အနားမှာ အရမ်းနီးကပ်သည့် ဩဇာရှိအသံသာသာလေးကြောင့် အလန့်တကြားနောက်လှည့်မိလိုက်သည်။ အနီတောက်တောက် မြန်မာဝတ်စုံလေးကို ဦးစွာ မြင်လိုက်ရပြီးနောက် ပိုင် မှင်တက်သွားလေသည်။ ပိုင် ဘာမှကိုမတွေးနိုင်တော့တဲ့အထိကို မှင်တက်သွားမိသည်ပါ။
"ဟိတ်"
ထပ်ခေါ်လိုက်သည့်အချိန်မှာမှ ပိုင် သတိဝင်လာသည်။
'Omg! ဒီမိန်းမက စောက်ရမ်းလှတယ်ဟ'
ပိုင့်ရင်ထဲ အံ့ဩတကြီးခေါ်ဟစ်ပြောလိုက်မိသည့်စကားသံ။ အမြဲ ယဉ်ယဉ်ကျေးကျေးပြောတတ်တဲ့သူဟာ ရင်ထဲမှာတောင် ခြူးမီးလျံပိုင်နှင့်မတူလောက်အောင်ကို မယဉ်ကျေးတဲ့ စကားတစ်လုံးပိုပြီးထွက်ကာ ပြောမိသွားသည်အထိပါ။
အသက်က ပိုင့်ထက် ၂ ဆကြီးပေမဲ့ မျက်နှာတွင်အရေးကြောင်းတစ်ခုတောင်မရှိပါ။ အသားရေက ဖြူဥနေပြီး ထိရက်စရာမရှိပါလေ။ စူးရှသည့်မျက်ဝန်းဟာ ပိုင်သိတဲ့ နန်းထိုက်ပန်ကဲ့သို့ရက်စက်နေပေမဲ့ အကြည့်မလွှဲနိုင်အောင်လှပါသည်။ ပြီးတော့ နှာတံဆင်းဆင်းလေးဟာလည်း မွေးရာပါ ကံကောင်းခြင်းတစ်ခုလိုမျိုးဖြောင့်ဆင်းလှပနေသည်။
မွေးရာပါ ကံကောင်းခြင်းတဲ့လား။ ဒါနဲ့တင်စားရမယ်ဆိုရင်တော့ နှာတံတင်မဟုတ် မျက်ခုံးကောင်းကောင်းဟာလည်း ကံကောင်းခြင်းပဲမလား။ ဒါ့တင်မကသေး ပါးရိုးသွယ်သွယ်လေးနဲ့ မျက်နှာကျဟာလည်း သိပ်ကိုကြည့်ကောင်းသည်ဟု ပြောရမှာထက်ကိုပိုသည်။ ပြီးတော့ အမျိုးသမီးရဲ့ နှုတ်ခမ်းပါးလေး။ ဒါကတော့ အဆိုးဆုံးပေါ့။ ပိုင့်လို မိန်းမတစ်ယောက်ကိုတောင် ထိုနေရာသို့အကြည့်ရောက်မိလျှင် ရင်ခုန်နိုင်စွမ်းပေးသည့် နှုတ်ခမ်းပါးလေးသာ။
ရဲရဲနီနေသည့် အနီရောင်မြန်မာဝတ်စုံလေးဝတ်ထားတာတောင် ကြည့်သူအဖို့ မျက်လုံးစူးရှမနေပဲ အမျိုးသမီးရဲ့ ခန္ဓာကိုယ်က ကိုယ်ရောင်ကိုယ်ဝါထွက်နေသလိုတောင် ခံစားမိသွားသည်။ ဒီခံစားချက်ကို ပိုင် ငယ်ငယ်က နန်းထိုက်ပန်ဆိုသည့် အမျိုးသမီးနှင့် တွေ့တုန်းက ခံစားခဲ့ဖူးသည်။
'တကယ်ပဲ နတ်သမီးများလား'
ပိုင့်ရဲ့ပုံစံကိုကြည့်ပြီး ထိုအမျိုးသမီး မျက်ခုံးပင့်သွားတာကိုမြင်လိုက်သည်။ ထို့နောက် ကားသော့ဟာ လေပေါ်ဝဲသွားသည်မို့ အမြန်ဖမ်းလိုက်ရသည်။
"တို့သွားနှင့်မယ်ကွယ်... နောက်ကသာလိုက်ခဲ့ချေတော့"
ထိုသို့ပြောပြီးထွက်သွားသည့် အမျိုးသမီးကြောင့် ပိုင်လည်း အခုမှအသိဝင်ပြီးနောက်ကလိုက်ရသည်။ ဟိတ်ဟန်ကြီးပြီး ရှိန်ချင်စရာကောင်းသော်လည်း မာန်မာနကြီးသည်လောက်ထိတော့ မဆိုးရွားလောက်ဘူးထင်၏။ ဘာလို့လဲဆိုတော့ အခုအခြေကြည့်ရုံနှင့် ပိုင်ခန့်မှန်းမိပါသည်။
"ဖွင့်တော့လေ"
ဆယ်စီးထက်မနည်းတဲ့ကားတွေရှိရာနေရာရောက်တော့ ပိုင်လည်း ခေါင်းညိတ်လိုက်မိသည်။ တကယ်ကို ကားတွေအများကြီးပါ။ ကားအရောင်းပြခန့်ထက်ပင် များပြားနေသေးသည်။ လမ်းတစ်လျောက်လုံး ကားထားဖို့လုပ်ထားခဲ့တာ။ ပိုင် ခေါင်းညိတ်လိုက်သော်လည်း ဘယ်ကားလည်းဆိုတာအတိကျမသိပါ။ ကားတစ်စီးချင်းစီကို ခလုတ်လိုက်နှိပ်ပြီးမရှာချင်ပါ။ အဲ့လောက် ပိုင့်အတွက် ပင်ပင်ပန်းပန်းရှာစရာမလိုဘူးဟုခံစားရသည်။
ထို့ကြောင့် ကားသော့ကိုကြည့်လိုက်မိသည်။ 'R' ဆိုသည့် တံဆိပ်ကြောင့် ပိုင် နည်းနည်းစဉ်းစားစရာဖြစ်သွားသည်။
'Rolls Royce များလား'
ပိုင့် အတွေးကြောင့် ပတ်ဝန်းကျင်ကကားတွေကိုကြည့်ပြီး မျက်လုံးကစားလိုက်သည်။ Ferrari, Ford, Lamborghini စသည့် ကား Series နဲ့ Brands တွေအများကြီးကြားမှ Rolls Royce Cullinan နဲ့ Rolls Royce Droptail La Rose Noire ကိုသွားတွေ့လေသည်။ ဒေါ်လာ 30 Million တန်ကားကိုတွေ့လိုက်တော့ ပိုင် နည်းနည်းမျက်ခုံးပင့်မိသည်။
'တီ... တီ'
ပိုင် ဒီအခြေနေမှာ ကားနှစ်စီးထဲကတစ်စီးကိုရွေးလိုက်ပြီး ခလုတ်နှိပ်လိုက်တော့ ကားမှအသံလေးထွက်လာကာ ပွင့်သွားသည်။ ပိုင် ထင်သားပါလေ။ ဒီကားသော့ဟာ Rolls Royce Droptail La Rose Noire မဟုတ်မှန်း။ ဘာလို့လဲဆိုတော့ ထိုကားက နှစ်ယောက်စီးမဟုတ်လား။ အလုပ်သွားမှာကိုတော့ ပိုင်နှင့် နှစ်ယောက်တည်း ထိုကားစီမယ်မထင်။
"အဟင်း..."
အနောက်မှ ရယ်သံသဲ့သဲ့လေးထွက်လာတော့ ပိုင် နည်းနည်းထိတ်လန့်သွားမိသည်မို့ လှည့်ကြည့်လိုက်မိသည်။ ပိုင် ထင်သလိုပဲ၊ ပိုင့်ကိုကြည့်ပြီးရယ်ခြင်းသာ။ သို့သော် ရယ်သံလေးကစ သဘောကျစရာကောင်းနေသည်။ အဲ့ကိစ္စထားပါဦး။ အခု ပိုင် ဘာလုပ်လိုက်မိလို့ ရယ်တာပါလဲ။
"မင်းက မဆိုးဘူးပဲ... ပုံစံက အူကြောင်ကြောင်နိုင်သားပေမဲ့ အရင်တစ်ယောက်လိုတော့ မထုံတာကျေးဇူးတင်ရမယ်ထင်ပါ့... မင်း ဒီကားကိုတော့ ကိုင်တွယ်နိုင်တယ်မလား"
ပိုင် နားလည်လိုက်သည်။ ပိုင် အစမ်းသပ်ခံလိုက်ရတာပဲ။ တွေ့တာ မိနစ်ပိုင်းပဲရှိသေးပေမဲ့ ပိုင် မလွယ်တော့ဘူးဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ခေါင်းအကြိမ်ကြိမ် ညိမ့်လိုက်မိသည်။
"ဒါဆို တက်တော့... တို့ နောက်ကျနေပြီ"
ပြောရင်း ပိုင့်ကိုတက်ခိုင်းသလို အမျိုးသမီးဟာလည်း ကားပေါ်တက်သွားသည်။ ထို့ကြောင့် ပိုင်လည်းကားပေါ်လိုက်တက်လိုက်သည်။
"ထွက်တော့မယ်နော်ဗျ"
"နေရာကိုသိထားပြီးသားမလား"
"ဟုတ်ကဲ့ အလုပ်စလျောက်တုန်းက သိထားပါတယ်ဗျ"
"ဒါဆိုလည်း သွားတော့"
အမိန့်ရတာနဲ့ ပိုင်လည်း ကားစထွက်လိုက်သည်။ ကိုယ့်သဘောနဲ့ ကိုယ်မထွက်ရဲပါ။ မဟုတ်လျှင် ပထမရက်တွင်သာ အလုပ်ထုတ်ခံနေရမှာစိုး၏။
ပိုင်တို့ ကားသွားနေသည့်တစ်လျောက်လုံး တိတ်ဆိတ်နေသည်။ အမျိုးသမီးဟာ လက်ထဲမှ IPad M4 ကိုသာ ကြည့်နေသည်။ အလုပ်ကိစ္စတွေထင်ပါရဲ့။
"ပုံမှန်ဆို တို့ အတွင်းရေးမှူးကြည့်ရတာတွေဆိုပေမဲ့ ဒီနေ့တစ်ရက်ခွင့်ယူထားလို့"
ပိုင် ကြည့်နေတာကိုသိသည့်အလား အမျိုးသမီးဆီမှ အသံထွက်လာသည်။ ဒါတောင် ပိုင် ဘက်ကြည့်မှန်ကသာကြည့်နေမိတာပါ။
"ဟု...ဟုတ်"
ထိုခဏတာမှ ကားထဲပြန်တိတ်သွားပြန်သည်။ နောက်တော့မှ ပိုင်သတိရလာတာတစ်ခုရှိသည်။ ပိုင် ကိုယ့်ကိုယ်ကို မမိတ်ဆက်ရသေးဘူးပဲ။
"ဟိုလေဗျ ကျွန်တော့်နာမည်က ဘုန်းလျံပိုင်ပါ... မိတ်ဆက်ဖို့မေ့သွားလို့ တောင်းပန်ပါတယ်ဗျ"
ထိုတော့မှ အမျိုးသမီးဟာ IPad လေးကိုပိတ်ပြီး ပိုင့်ဆီသို့ကြည့်လာသည်။ ထို့ကြောင့် ဘက်ကြည့်မှန်ကြည့်နေရာကနေ ရှေ့တည့်တည့်ကြည့်လိုက်ရသည်။ အမျိုးသမီးအကြည့်တွေက တကယ်ကို စူးရှလိုက်တာ။
"တို့နာမည်ကိုတော့ သိထားရဲ့လား"
"ဟုတ် သိထားပါတယ်"
"ဟုတ်ပြီ... မင်း အသက်က ၂၂ နှစ်မလား"
"ဟုတ်ကဲ့ ၂၂ နှစ်ထဲမှာပါ"
ပိုင်ပြောရင်း မှန်ကိုပြန်ကြည့်လိုက်တော့ ခေါင်းလေးတစ်ချက်ညိတ်တာမြင်လိုက်ရသည်။
"တို့နဲ့ အသက် ၂၀ တိတိကွာတာပေါ့... မင်းက ကလေးပဲ ရှိသေးပဲကိုး"
ဒါပေမဲ့ ပိုင်ကတော့ အဲ့လိုမခံစားရပါဘူး။ ဘာလို့လဲဆိုတော့ အမျိုးသမီးဟာ သိပ်ကိုနုဖတ်လွန်းနေသည်။ အသက် ၂၀ လောက်ကွာမှန်း မသိလောက်အောင်ပင် သိပ်ကိုနုနေတာပါ။ အဲ့လိုပြောလျှင် အပိုပြောတာဆိုနိုင်လောက်သည်အထိကို နုတာပါ။ ပိုင်နှင့် ယှဉ်သွားလျှင် ညီအစ်မတွေလို့ထင်ကောင်းထင်နိုင်သည်အထိ။ သို့သော် အမျိုးသမီးမှာ တစ်ခုတော့ပြောစရာရှိသည်။ အဲ့ဒါက အရပ်လေးပုတာပါပဲ။ ပိုင်နှင့်ယှဉ်ပါက တော်တော်လေးပုသည်။
၅'၁" ဒါမှမဟုတ် ၅'၂" လောက်သာရှိနိုင်သည်။ ဒါကြောင့်လည်း ပိုနုသွားတာဖြစ်မည်။
"အဲ့လောက်ကြီးလည်း မငယ်တော့ပါဘူး သူဌေး"
"သူဌေး!... အိုး နားဝင်ဆိုးလိုက်တာကွယ်... ဒီထက်ကောင်းကောင်းလေး မင်း မခေါ်တတ်သလား...
တို့ကို ရုံးကလူတွေကလွဲရင် အိမ်ကအလုပ်သမားတွေဘယ်သူမှ သူဌေးလို့မခေါ်ကြဘူး... မင်းက ရုံးကမှမဟုတ်ပဲ။ တခြားတစ်ခုခုခေါ်စမ်းကွယ်"
အလိုမကျစွာမျက်မှောင်လေးကြုတ်ပြီးပြောလာတော့ ပိုင်လန့်သွားမိသည်။ ပိုင် အမှားလုပ်မိသွားပြီလား။ ဒါပေမဲ့ အလိုမကျစွာ မျက်မှောင်ကြုတ်သည်တောင် ဒေါ်နန်းထိုက်ပန်က သိပ်လှသည်။
"အိုး မင်းရဲ့ ငြိမ်ငြိမ်သွားတတ်တဲ့အကျင့်ကတော့ တို့နဲ့ သိပ်မကိုက်ဘူးကွယ်... တို့က သွက်သွက်လက်လက်ရှိမှကြိုက်တာ"
ပိုင် ပြန်မဖြေလို့ထင်ပါရဲ့ အမျိုးသမီးဆီမှ အသံလေးထပ်ထွက်လာသည်။ ထို့ကြောင့် ပိုင် ဘယ်လိုခေါ်ရမလဲမသိလည်း အရဲစွန့်ခေါ်ဖို့ကြိုးစားလိုက်သည်။
"ဟုတ်ကဲ့ တီပန်က သွက်သွက်လက်လက်ဖြစ်တာကိုသဘောကျရင် ပိုင် အဲ့လိုဖြစ်အောင်ကြိုးစားနေပါ့မယ်ဗျ"
"တီပန်..."
နားမလည်သလိုတွေးဆရင်း ပန်ဟာ ပြန်မေးလာသည်။ ထို့ကြောင့် ပိုင် အသက်ဝဝရှုလိုက်မိသည်။ ကိုယ့်ကိုယ်ကို မကြောက်အောင် အရမ်းတွန်းအားနေရသည်လေ။
"ဟုတ်ကဲ့ အဲ့လိုခေါ်လို့ရမလားဗျ သူဌေးလို့မခေါ်နဲ့ဆိုလို့ပါ"
"အဟင်း ဟင်း"
ပိုင့် စကားအဆုံးမှာ ပန့်ဆီမှ ရယ်သံလေးထွက်ပေါ်လာသည်။ တကယ့်ကို ကြားသူတိုင်းအဖို့ ထိုရယ်သံလေးဟာ သဘောကျစရာပါ။ သို့သော် ပိုင့်အတွက်တော့ ကြောက်ရွံ့စေမှုလေးတွေလည်း ဖြစ်ပေါ်စေသည်။
"တို့အတွင်းရေးမှုးတောင် ဒေါ်လေးနန်းလို့ခေါ်တာ... မင်းကျမှ ထူးထူးဆန်းဆန်း ပန်ကိုရွေးလို့ပါလား"
ဒီလိုပြောပုံထောက်လျှင် အမျိုးသမီးဟာ ပန်ဆိုသည့်နာမ်စားကိုသိပ်သုံးပုံမပေါ်။ ပိုင်ကလည်း သုံးချင်လွန်းလို့ သုံးတာမဟုတ်ပါ။ မေမေဟာ ပန့်အပေါ် နန်းထိုက်ဟု ခေါ်သဖြင့် အဲ့နာမည်နှစ်လုံးမပါတာကိုတမင်ခေါ်လိုက်ခြင်းဖြစ်သည်။
"ကောင်းသား အဲ့သလိုခေါ်ပေါ့"
ထိုတော့မှပဲ ပိုင် သက်ပြင်းလေးခိုးချနိုင်သည်။ တော်သေးသည်မဟုတ်လား။
"ဟုတ်ကဲ့ ကျေးဇူးပါ တီပန်"
"ဒါဆိုကွယ် ကားကိုသေချာကြည့်မောင်းပေါ့... တို့ မျက်နှာကိုပဲ ကြည့်မောင်းနေရင် ပထမဆုံးအလုပ်စဆင်းတဲ့နေ့မှာတင် ယာဉ်တိုက်မှုတွေဖြစ်ကုန်ပါ့မယ်... အပိုင်"
ပန့်ရဲ့ သတိပေးမှုကြောင့် ပိုင် တောင်းပန်စကားပြောလိုက်ချင်သော်လည်း နောက်ဆုံးမှထွက်လာသည့် 'အပိုင်' ဆိုသည့်စကားကြောင့် ပိုင် တွေးဆဆလေးဖြစ်သွားသည်။ 'အပိုင်' ဆိုတာကဘာကြီးလဲ။
"အဟင်း"
ပိုင် ပြန်မမေးရဲသည့်အခါ ထပ်ပြီး ရယ်လေးထွက်လာပြန်သည်။ ဒီနေ့တင် ပန့်ဆီမှ ရယ်သံလေးကို အချိန်ပိုင်းလေးကြားရသည်က ၃ ကြိမ်ရှိပြီ။ ပိုင် ထင်သလို မာနကြီးပြီး ခက်ထန်သည့်သူတစ်ယောက်မဟုတ်တာသေချာသည်။
"မင်းကို ခေါ်တာလေကွယ် 'အပိုင်' လို့... မင်းနာမည်က ဘုန်းလျံပိုင် မဟုတ်ဘူးလားကွယ်"
အံ့ဩမှုကြောင့် 'ရှင်'လို့ပင် ပိုင်နှုတ်က ထွက်မိသွားတော့မလို့ပင်။ ထိန်းနိုင်လိုက်လို့တော်သေးသည်။
"ရမလား အပိုင်... မင်းကို တို့အပိုင် လို့ခေါ်လို့ရမယ်မလား"
ခွင့်တောင်းနေပေမဲ့ ခွင့်တောင်းနေတာမဟုတ်တာ ပိုင် သိသည်။ ပြီးတော့ စကားအသွားလာကြီးက ပိုင့် နှလုံးကို ဆောင့်တွန်းလိုက်သလိုပဲ လှုပ်ခါသွားသည်။ ခေါင်းထဲ ပန့်စကားက အသွင်သွင်ပြောဆိုနေသည်။ 'တို့အပိုင်' တဲ့။ သမရိုးကျပြောလိုက်သည့်စကားဆိုပေမဲ့ ပိုင့်အတွက် တော်တော်လေး နေရခက်သွားစေသည်။ သေချာစဉ်းစားကြည့်မှ 'မင်းကို အပိုင်လို့ တို့ ခေါ်လို့ရမယ်မလား' လို့ပြောခြင်းဟု သဘောပေါက်လိုက်သည်။
လုပ်ရသည့်အလုပ်ဟာ ဒရိုက်ဘာအလုပ်လေးပဲ စပေမဲ့ အရမ်းခက်ခဲသလိုခံစားလိုက်ရသည်။ ပိုင့် ဘဝရဲ့ လှပတဲ့ခက်ခဲခြင်း အစလေးပေါ့။
...
TBC...
အမှားပါလျှင် ခွင့်လွှတ်ပါ 🧡
3.9 k words
Thanks For Reading 📖
...
Zawgyi....
"အဆင်ပြေပါ့မလား"
"ဘယ်သူလဲမသိဘူး"
ခဏအနေမှာတော့
You are reading the story above: TeenFic.Net