Hyebin fanart
Wonri fanart and photo
Chaennie fanart
အစ်မဝူရီက စက်ဘီးနှင့်လာခေါ်လို့ ဟေ၀န်းက
အခုလေးတင် အစ်မဝူရီနှင့်လိုက်သွားတော့သည်။
Subinကို အစ်မက အတူသွားမယ်ပြောထားလို့
အစ်မရေချိုးပြီးတဲ့အထိစောင့်ရင်း အိမ်ရှေ့ကပြင်လေး
မှာ Subinထိုင်နေလိုက်သည်။ နေ့လည်က
အစ်မချယ်ယောင်းပြောသလိုပင် ညအချိန်မှာ
လမင်းကြီးဟာထိန်ထိန်သာနေသလို များပြားလှတဲ့
ကြယ်တွေကိုပါ Subinသဘောကျစွာငေးမောနေမိ
တယ်။
"စောင့်နေရတာကြာသွားလား Subinie "
"....."
Style pants အညိုနှင့် ပန်းနုရောင်ရှပ်အင်္ကျီခပ်ပွပွ
ကို၀တ်ထားသည့် အစ်မဟာ ဆံနွယ်ရှည်တွေကို
လျှော်ထားပုံရတာမို့ လေအ့ဝေ့မှာ ထိုဆံနွယ်တွေ
လှုပ်ရှားသွားတဲ့အချိန် ပူရှိန်းနံ့ခပ်သင်းသင်းလေးဟာ
Subinရဲ့ အသက်ရှုလမ်းကြောင်းကို လာကျီစယ်သည်။
ပေါ့ပေါ့ပါးပါးstyle၀တ်ဆင်တတ်တဲ့ အစ်မဟာ
Subinမျက်လုံးထဲ သိပ်ကြည့်ကောင်းလွန်းတယ်။
မေးတာပြန်မဖြေဘဲ ဟေရီ့ကိုငေးကြည့်နေသည့်
Subinieကြောင့် ငုတ်တုပ်များမေ့သွားသလားလို့
ထင်မှတ်မိသည်။ သူ့မျက်နှာလေးရှေ့ လက်ဝှေ့ယမ်း
ရင်း....
"မင်း အဆင်ပြေရဲ့လာ။ "
"အာ.... အဆင်ပြေပါတယ် အစ်မ။
ရှက်လိုက်တာ....။ သူများသမီးကို Subinအကြာ
ကြီး ငေးကြည့်နေမိတယ်။
"တကယ် အဆင်ပြေလို့လာ။ "
"ပြေပါတယ်။ ခုဏက.. အစ်မ အရမ်းလှတော့
ခဏလောက် အချိန်တွေရပ်တန့်သွားလို့ပါ။ "
"အဟင်း... "
"ဘာရယ်တာလဲ အစ်မ။ "
"မဟုတ်ပါဘူး။ ကလေးတစ်ယောက်ဆီက
ဒီလိုကြားရတာ ပထမဆုံးမို့ပါ။ "
"ညီမက ကလေးမဟုတ်ပါဘူး။ ၂၁ရှိပါပြီး။ "
"ဒါပေမဲ့ အစ်မက ၂၆ရှိပြီးလေ။ အစ်မထက်စာရင်
မင်းက ကလေးဘဲပေါ့... ပါးချိုင့်လေးရဲ့။ "
အစ်မကစကားကို တစ်ဖက်သူသဘောကျအောင်
များ ပြောတတ်တာလာ ဒါမှမဟုတ် အစ်မမို့လို့ဘဲ
သဘောကျနေမိတာလာ Subinမတွေးတတ်တော့ပါ။
သေချာတာတော့ အစ်မရဲ့စကားလေးကြောင့်
Subinစိတ်ထဲ အရမ်းပျော်ရွှင်နေမိတယ်။
"သွားကြတော့မလာ အစ်မ။ သူတို့စောင့်နေလောက်
ပြီး။ "
"အွန်း။ "
အစ်မတို့ရွာက အေးချမ်းပြီးသာယာလိုက်တာ။
လမ်းမီးတိုင်ရဲ့ အလင်းတွေအပြင် လမ်းမှာဒီအချိန်
ထိ စုဖွဲ့ပြီးကစားနေကြသည့် ကလေးတွေရယ်၊
တချို့အိမ်တွေမှာဆို အိမ်ရှေ့ခြံဝိုင်းထဲမှာထိုင်ပြီး
စကားပြောနေကြသည့် လူအစုအဝေးလေးတွေကို
လည်း တွေ့ရသည်။ soulမှာဆို အလုပ်ပင်ပန်းလွန်း
လို့ ဒီအချိန်အနားယူဖို့သာတွေးကြမည်။
မြို့ပြနဲ့ ကျေးလက်ရဲ့ကွားခြားမှုတွေကိုကြည့်ပြီး
Subinသဘောကျနေမိတယ်။
ညလေအေးရဲ့ ခပ်ယဲ့ယဲ့တိုက်ခတ်မှုဟာ အစ်မနဲ့
Subinကြားတိုးဝှေ့လာတဲ့အခါ ရှန်ပူနံ့သင်းနေတဲ့
အစ်မဆံနွယ်လေးဟာ တစ်ချက်တစ်ချက်Subinရဲ့
မျက်နှာကို သာသာလေးထိရှပ်လာသည်။ အစ်မ
နောက်ကနေ အစ်မရဲ့ခါးသွယ်သွယ်လေးကို ဖက်ပြီး
စက်ဘီးစီးရတာကို Subinသဘောတွေ့နေမိပြီး။
မဆီမဆိုင် Subinလိုပင် အစ်မရဲ့အနောက်မှာ
လိုက်စီးဖူးတဲ့သူရှိမှာဘဲဟု တွေးမိတဲ့အခါ Subinရဲ့
ပြောလို့မရဘူး။ သူတို့ရဲ့ ပါးတွေနဲ့ အစ်မရဲ့ကျော
ပြင်ကို ထိကပ်ထားရင်ရော။ အာ.... အတွေးနဲ့တင်
စိတ်မကြည်သာလိုက်တာ။ Subin အစ်မကို သ၀န်တို
နေမိပြီး။ အစ်မကို သဘောကျနေမိပြီးလာမသိဘူး။
အစ်မနဲ့အတူရှိရင် စိတ်သက်သောင့်သက်သာဖြစ်ပြီး
ပျော်ရွှင်နေတဲ့ ဒီခံစားချက်ဟာ အချစ်သာဆိုရင် ...၊
အစ်မနဲ့ပတ်သတ်ပြီး ပိုင်စိုးပိုင်နင်းဆန်ချင်နေတဲ့
အလိုမကျမှုတွေဟာ ချစ်ချင်းမေတ္တာတစ်ခုဆိုရင်၊
အစ်မနဲ့ နီးကပ်လာတိုင်းသိသိသာသာရင်ခုန်လာတဲ့
နှလုံးသားသတိပေးချက်နဲ့ အစ်မရဲ့စကားလုံးတွေကို
နှစ်ခြိုက်နေမိတဲ့ စိတ်ခံစားချက်တွေဟာ အချစ်လို့
သတ်မှတ်ကြမယ်ဆိုရင်....
Subinအစ်မကို ချစ်မိနေပါပြီး။ မမြင်နိုင်တဲ့ ကြိုးတစ်
ချောင်းဟာ Subinနဲ့ အစ်မကို ချည်နှောင်လိုက်တာ
များလာ။
ချစ်မိနေတယ်ဆိုတဲ့ အတွေးကလေးကြောင့် Subinရဲ့
နှလုံးခုန်သားလေးဟာ သံစဥ်တစ်ပုဒ်အလား ညင်ညင်
သာသာလေး လှုပ်ခတ်နေလိုက်တာ ပင်လယ်ကမ်းခြေ
မှာ ညအချိန် yung kaiရဲ့ blueကို နားထောင်နေရ
သလိုပင် နူးနူးညံ့ညံ့လေး။
ခြံ၀င်းအကျယ်ကြီးတစ်ခုရဲ့ စိုက်စားပင်မျိုးစုံကို
ကျော်ဖြတ်ပြီးနောက် ကုတင်ကြီးတစ်ခုမှာထိုင်နေ
ကြသည့် အစ်မချယ်ယောင်းတို့က Subinတို့ကိုတွေ့
တော့...
ချယ်ယောင်း " ကြာလို့ စိတ်ပူနေတာ။ "
ဟေရီ " ဖြည်းဖြည်း နင်းလာလို့ပါဟာ။ "
ဝူရီ " အံမယ်... ဟေရီမတို့များ ... သူ့အနောက်ကနေ
ငါတို့လိုက်စီးရင် ကျားလိုက်သလိုမြန်ပြီးတော့
Subinလိုက်ထိုင်တာကြ ဖြည်းဖြည်းလေးတဲ့။
ဘာအထာများလည်းနော်...။ "
ချယ်ယောင်း " သွားစမနေနဲ့ ဝူရီရယ်။ လူဆိုတာ
ပြောင်းလဲတတ်တယ်။ ဟေရီလည်း လူသားဘဲလေ။
စိတ်စေရာပေါ့။ သူ့ပြောင်းလဲချင်းက Subinတစ်ယောက်
ထဲအပေါ် သီးသန့်ဖြစ်နေတာတစ်ခုဘဲ။
သူတို့နှစ်ယောက်စကားက မမှားတာမို့ ဟေရီ
အပြုံးလေးနဲ့သာ တုန့်ပြန်ရင်း Subinieရဲ့လက်လေး
ဆွဲကာ ချယ်ယောင်းတို့ကိုကျော်ပြီး ကုတင်ပေါ်မှာ
ထိုင်နေတဲ့ အစ်မဂျင်းနီနဲ့ ဟေ၀န်းဆီခေါ်လာခဲ့လိုက်
သည်။
" Subinie... ဒီမှာ ဟေ၀န်း နဲ့ အစ်မဂျင်းနီအတွက်
လိုအပ်တာ ဝိုင်းလုပ်ပေးလိုက်နော်။ အစ်မ ချယ်ယောင်း
တို့နဲ့အတူ ငါးဝိုင်းကင်ပေးမလို့။ "
"ဟုတ် "
Subinကိုထားပြီး အစ်မက အစ်မဝူရီတို့ရှိရာ ကုတင်
နှင့် ခပ်လှမ်းလှမ်းရှိ မီးပုံသို့သွားတော့သည်။ အစ်မ
ကို ငေးကြည့်နေမိလို့လားမသိဘူး ... ဟေ၀န်းရဲ့လက်
တို့ သတိပေးမှုနဲ့အတူ အစ်မဂျင်းနီရဲ့ ပြီတီတီအပြုံး
ဟာ Subinကို တစ်ခုခုမေးတော့မလိုခံစားမိတာမို့
ကြိုတင်ရှောင်ဖို့ရန်အတွက် ရှေ့မှာချထားတဲ့ခွက်က
ရေကိုသောက်လိုက်မိတယ်။
ရေမဟုတ်ပေမဲ့ သောက်ကောင်းတာကြောင့် Subin
သဘောတွေ့သွားတယ်။
Subin " ဒါက ရေမဟုတ်ဘူးလာအစ်မ။ "
Jen " sojuလေ။ သူတို့နဲ့အတူ သောက်မလို့ပေမဲ့
အရမ်းသောက်ချင်လာလို့ ဟို၂ကောင်မသိအောင်
အစ်မတို့ ၁ပုလင်းလောက်ခိုးထည့်ပြီး ရေသောက်
သလိုလုပ်ရင်းသောက်နေတာ။ Subinက မသောက်
ဖူးဘူးလာ။ "
Jennieမေးတော့ Subinက ရယ်ရင်း....
Subin " ညီမ တစ်ခါမှ စမ်းမသောက်ဖူးဘူး
အစ်မ။ သောက်ကြည့်လိုက်မှ ကောင်းသား
ဘဲ။ "
Jen " တကယ်ကြီး.... Hyewonကသောက်ဖို့
အဖော်မစပ်ဘူးလာ။ "
Hyewon " ဟီး... ညီမကိုလည်း အိမ်ကသောက်ဖို့
ခွင့်မပြုသေးလို့ပါ။ အသက်ပြည့်ပြီးဆိုပေမဲ့ အခု
ထိ ကလေးလို့မြင်နေကြတုန်း အစ်မရယ်။ အဲ့တာ
ကြောင့် ဒီရောက်တုန်းလေး အ၀သောက်သွားမှာ
ဟီးဟီး...။
Jen " တကယ်တော့ soju ဆိုတာက နှလုံးသားကို
လည်း ရယ်မောစေနိုင်သလို ၊ နှလုံးသားကိုလည်း
ငိုကြွေးစေနိုင်တယ်ဆိုတာ ညီမတို့သိလာ။ အစ်မတို့
ရဲ့ရင်ထဲမှာရှိတဲ့ ဖွင့်ထုတ်ဖို့ခက်တဲ့ ခံစားချက်တွေကို
အစ်မJennieက ပုလင်းထဲကနေ တစ်ခွက်ထပ်ထည့်
ကာ သောက်လိုက်သည်။
ရင်ထဲက ခံစားချက်တွေပွင့်ထွက်လာမယ်ဆိုရင်
Subinဆက်သောက်လို့ဖြစ်ပါ့မလာ။
Jen "ပြီးတော့ လူတစ်ယောက်နဲ့တစ်ယောက်မတူ
တော့ alcoholတွေလက်ခံနိုင်စွမ်းလည်း ကွာသလို ၊
ပုံပျက်ပန်းပျက်ဖြစ်တာချင်းလည်း ကွာတယ်။ ဟိုမှာ
ငါးကင်နေတဲ့ ၃ယောက်လုံးက အရက်ဂျိုးတွေလေ။
soju ဆယ်ပုလင်းလောက်က သူတို့အတွက် ရေတစ်
ခွက်လိုဘဲ။ ဘာမှ သက်ရောက်မှုမရှိဘူး။ "
Hyewon " အစ်မကကော။ "
Jen " အစ်မက ၅ပုလင်းတောင်အနိုင်နိုင်ဘဲ။ အလယ်
အလတ်လို့ ပြောလို့ရတယ်နော်။ တစ်ချို့ဆို တစ်ပုလင်း
ကုန်တာနဲ့ မနိုင်တော့ဘူး။ "
Subin " တကယ်လို့ Sojuသောက်ပြီးမူးလာတဲ့အခါ
ရန်ထသတ်ကြရင်ရော။ "
Jen " ဟာ.... အဲ့တာတော့ တကယ်အန္တရာယ်များတာ
နော်။ သွေးဆိုးတဲ့သူအချင်းချင်းသောက်ရင် ရန်ဖြစ်
တာနဲ့တင် လက်လွန်ကြက်သွန်နဲ့ သတ်ပွဲတွေဖြစ်သွား
နိုင်တယ်။ ဒါပေမဲ့ ညီမတို့၂ယောက်ကလွဲရင် ကျန်တဲ့
လူတွေက အန္တရာယ်ကင်းတယ်။ ဟို၃ယောက်က ၁၀
ပုလင်းကျော်မှ သူတို့ရဲ့ပုံစံတွေပြောင်းနိုင်တာ။ အခု
အစ်မတို့ဆီမှာ အားလုံးပေါင်းမှ ၇ပုလင်းထဲ။ တဖွဲ့
လုံးသောက်ကြမှာဆိုတော့ no problemဘဲ။
တကယ်လို့ ညီမတို့၂ယောက်သာ Alcoholလက်ခံ
နိုင်စွမ်းနည်းရင် ဘယ်လိုဖြစ်မလဲ မသိနိုင်တာ။ "
Hyewon " ညီမတော့ ရောက်တုန်းလေးသောက်ချင်
တယ်။ အစ်မဟေရီတောင် အရက်ဂျိုးဆိုရင် သူ့ညီမ
ဖြစ်တဲ့သူက ပိုတောင်သောက်နိုင်ရမှာပေါ့။ ဘာမှ
မပူပါနဲ့အစ်မ။ "....ရယ်ကြဲကြဲနဲ့ပြောရင်း ဟေဝန်းက
တစ်ငုံသောက်လိုက်သည်။
Jen " အဲ့တာမျိုးမှ ကြိုက်တာ။ ညီမကကော။
ဆန်းကြည့်ချင်လာ။ "
Subinကိုမေးတော့ Subinသောက်ဖို့အတွက် တွန့်
ဆုတ်နေမိတယ်။
Subin " မသောက်တော့ရင် ကောင်းမလားလို့။
သောက်ပြီးရင် သွေးဆိုးနေရင် ဘယ်လိုလုပ်မလဲ။ "
Hyewon " အေဟေ.... လုပ်စမ်းပါ Subinကလည်း။
မြို့ရောက်ရင် သောက်ကြည့်ဖို့ခက်သွားမှာ။ အလုပ်
ခွင်၀င်တဲ့အခါ ပါတီတွေလုပ်ရင်လည်း ငါတို့မဖြစ်
မနေသောက်ရမှာဘဲ။ အထက်လူကြီးတွေကို ငါတို့
လွန်ဆန်နိုင်မှာလည်း မဟုတ်ဘူး။ အခုသောက်ကြည့်
ထားမှ ငါတို့ရဲ့ limitကိုလည်း သိရတာပေါ့။ စိတ်မပူ
ပါနဲ့။ ငါတစ်ယောက်လုံးနင့်ကိုထိန်းမှာပါ။ "
Jen " ဟေ၀န်းပြောတာ အစ်မလည်းထောက်ခံ
တယ်။ "
Subinလည်း စမ်းကြည့်ချင်တဲ့အပြင် အရသာကို
လည်း သဘောတွေ့နေမိတာမို့ ဟေ၀န်းနဲ့ အစ်မJen
ကို ပြုံးစစဖြင့် တစ်လှည့်စီကြည့်ရင်း...။
Subin " အဲ့လိုလုပ်လိုက်ရမလာ။ "
Subinမေးတော့ နှစ်ယောက်သား ပြိုင်တူခေါင်း
တဆတ်ဆတ်ငြိမ့်သည်။
Subin " အဲ့တာဆို စမ်းကြည့်မယ်။
တစ်ဖက်တွင် ,
ချယ်ယောင်း " ဟေရီ... နင် Subinကို ကြိုက်နေတာ
မဟုတ်လာ။ "
ဝူရီ " လိမ်ဖို့မကြိုးစားနဲ့နော်။ ငါတို့ ရိပ်မိနေတာကြာ
ပြီး။ "
ဟေရီ " အီဟေရီက သတ္တိမကြောင်ပါဘူးဟာ။
ဟုတ်တယ်.... နင်တို့ထင်သလိုဘဲ ။ ငါ Subinieကို
ချစ်မိနေတာ။ "
ချယ်ယောင်း " ဖွင့်ပြောလိုက်လေ။ နောက်၃ရက်လောက်
ဆို ဟေ၀န်းတို့ပြန်တော့မှာ။ "
ဝူရီ " နင် သိထားပြီးသားဘဲမလာ။ အချိန်ဆွဲမနေဘဲ
ဖွင့်သာပြောလိုက်။ "
ဟေရီ " ငါ ဖွင့်ပြောမှာပါ။ ဒါပေမဲ့ ငါ့အပေါ် Subin
သဘောမကျရင် အနေခက်ကုန်မှာစိုးလို့ ပြန်ခါနီးမှ
ပြောမလို့။ သူလက်မခံရင်တော့ ထပ်တွေ့ရမှာ
လည်း မဟုတ်တော့ တစ်ခန်းရပ်ဇာတ်လမ်းအနေ
နဲ့ sad endingဖြစ်သွားမှာပေါ့။ သူလက်ခံရင်
တော့ Soulနဲ့ ဒီကို မျောက်သစ်ကိုင်းကူးသလို
ငါအသွားအပြန်လုပ်မှာပေါ့ ဟင်းဟင်း။ "
ချယ် " အွန်း.... နင်ပြောတာလည်း မှန်သားဘဲ။
ဝူရီတောင် ဟေ၀န်းလေးဘက်က ဖွင့်ပြောလို့။
မဟုတ်ရင် အခုထိ ခွေးအ,ကြီးလှည်းတက်ကြိတ်ခံ
မိသလို အူတူတူအတတနဲ့ ရည်းစားကိုဖြစ်မှာ
မဟုတ်ဘူး။ "
ဝူရီ " ရား... ငါက ငယ်လေးအနားရောက်ရင်
စိတ်လှုပ်ရှားပြီး ဘာမှဆက်မပြောနိုင်တော့လို့ဟာ
ကို။ "
ဟေရီ " ဟို အချိန်ကြရင်လည်း စိတ်လှုပ်ရှားပြီး
ငြိမ်နေနော်။ "
ချယ်" ဟားဟား.... ငါတို့ရဲ့ nekoလေးကို မစဘဲ
နေကြရအောင်။ သူ့မျက်နှာကြီး ရဲနေပြီး။ "
Woori " နင်တို့ဟာ... "
Woori ရှက်ရမ်းရမ်းပြီး ကင်ပြီးတဲ့ငါးတွေကို
အစ်မဂျင်းနီတို့ဆီယူသွားတော့ ဟေရီတို့လည်း
မီးသတ်ကာ အစ်မတို့ဝိုင်းဆီထလာခဲ့တော့
သည်။
ငါးကင်မွှေးမွှေးလေးကို ဆော့စ်ချဥ်ချဥ်လေးနဲ့တို့စား
လိုက် sojuလေးသောက်လိုက်နှင့် ဟေရီတို့အဖွဲ့
သာယာနေပါသည်။
Hyewon " မမ... "
Woori " ဟင် "
Hyewon " မမက ဘာလို့၂ယောက်တောင်
ဖြစ်နေတာလဲ။ "
မျက်နှာအနားတိုးကပ်ရင်း မျက်မှောင်လေးကြုံ့ကာ
မေးနေပုံက ချစ်ဖို့ကောင်းလွန်းလို့ ဝူရီပြုံးလိုက်မိတယ်။
ငယ်လေးက မူးနေပြီးထင်တယ်။
Woori " ငယ်လေး မူးနေပြီး။ ဆက်မသောက်နဲ့တော့
နော်။ "
Hyewon " ဟင့်အင်း။ သောက်ချင်သေးတယ်။
မတားနဲ့နော်....နော်လို့။ "
Woori " အင်းပါ။ မတားတော့ဘူး။ "
Hyewon " အဟဲ... လိမ်မာတယ်။ မမကို ဆုချမယ်။
Mwah ... Mwah "
ပါးနှစ်ဖက်ကို အနမ်းပေးလာတဲ့ ငယ်လေးကြောင့်
Woori နှလုံးသားထဲမှာ ရထားခုတ်မောင်းသံဖြင့်
ဆူညံ့ကုန်ရသည်။
Woori ".... "
Hyewon " Boya.... မမရဲ့မျက်နှာလေးရဲနေတာ
ကြည့်ပါအုံး ။ ချစ်စရာလေး။ "
At Hyebin side ,
Subin " အစ်မ "
Hyeri " ဘာဖြစ်လို့လဲ Subinie။ မူးနေပြီးလာ။
အန်ချင်လို့လာ။ "
မျက်နှာလေးရဲပြီး ရီဝေဝေကြည့်နေလို့ ဟေရီစိတ်ပူ
ပြီး မေးလိုက်သည်။
Subin " ညီမ အိပ်ချင်တယ်။ "
Hyeri " ဒါဆို အစ်မ မင်းကိုအိပ်ဖို့ခေါ်သွားပေး
မယ်လေ။ "
Subin " ဟုတ် "
Hyeri " ချယ်ယောင်းရေ... ငါ Subinieကို အိပ်ခန်းထဲ
ပို့ပေးလိုက်အုံးမယ်။ ပြီးမှ သိမ်းဖို့ပြန်လာမယ်။ "
Chae " ရတယ်။ ငါနဲ့ နီနီဘဲရှင်းလိုက်မယ်။ Woori
တို့သွားရင် နီနီနဲ့အတူ ကြယ်ကြည့်ရင်း ဒီမှာအိပ်မလို့။ "
Hyeri " ok "
မူးနေတဲ့ Subinနဲ့ Subinရဲ့ပခုံးကိုဖက်ပြီးတွဲခေါ်
သွားတဲ့ ဟေရီ့ကို ချယ်နဲ့ နီနီ၂ယောက်သားကြည့်ပြီး
ပြုံးလိုက်မိတယ်။
Jen " Subinက မူးရင်ဟေ၀န်းထက် ပိုငြိမ်တယ်
ထင်တယ်နော်။ "
ချယ် " ဟုတ်မယ် နီနီ။ "
🖇️
Subinieအိပ်ဖို့ မွေ့ယာတွေခင်းပေးပြီးနောက်
Hyeri အနောက်လှည့်ကြည့်တဲ့အခါ အပေါ်ပိုင်း
ဘရာသာကျန်တော့သည့် Subinieကြောင့် မျက်၀န်း
များကျယ်ကာ ရင်ခုန်သံမြန်လာရသည်။
မျက်လုံးကို မျက်နှာကျက်သို့အကြည့်ပို့ရင်း
Subinieအနားသို့ လက်နှင့်စမ်းပြီးသွားကာ....
"ဟို.... အင်္ကျီ၀တ်ထားလေ Subinie။ အအေးပတ်
မယ်။ "
"ပူတယ် အစ်မ။ "
"အခုပူပေမဲ့ နောက်ကြရင်အေးသွားမှာ "
Subinက အနားကိုပိုတိုးကပ်လာတော့
ဟေရီမျက်၀န်းများမှိတ်ထားမိတယ်။
"အဲ့ခါကြရင် အစ်မကဖက်ထားပေးပေါ့။ "
လေးတိလေးပင့်နှင့် တစ်လုံးချင်းစီ ပြောနေတဲ့
Subinieစကားသံလေး...
"ဒါပေမဲ့ ....
ဟေရီ့စကားမဆုံးခင် ပခုံးပေါ်ပြိုဆင်းလာတဲ့
Subinieရဲ့ နဖူးလေးကြောင့် ရင်ခုန်သံတွေမြန်ဆန်
လာခဲ့သည်။
ပုခုံးကိုကိုင်လိုက်တဲ့အခါ နူးညံ့တဲ့အသားအရည်
ကြောင့် ဟေရီစိတ်များတည်ငြိမ်အောင်ကြိုးစား
နေမိသည်။ အိပ်ပျော်သွားသည့် Subinieကို ချီရင်း
မွေ့ယာပေါ်ဖြည်းညင်းစွာ ချပေးလိုက်သည်။
ပြီးနောက် ဆောင်သေချာခြုံပေးပြီး Subinie
ဘေးနား၀င်လှဲရင်း တစ်စောင်းအနေအထားဖြင့်
subinieရဲ့မျက်နှာကို ငေးကြည့်နေမိသည်။
မျက်ခုံးတန်းရှည်ရှည်လေးနဲ့ Subinieရဲ့မျက်ခုံးက
မထူမပါးလေး။ အသားအရည်ကအစ နူးညံ့လွန်းတဲ့
ဒီကလေးက သူများအပိုင်ဖြစ်သွားရင် သိပ်နှမြော
ဖို့ကောင်းသွားမှာ။ အင်း.... အဲ့နှုတ်ခမ်းလေးက
ငှက်နှုတ်သီးလေးလိုဘဲ။ စကားပြောလိုက်ရင်ကော
ချစ်ဖို့ကောင်းပြီး ၊ ပြုံးလိုက်ရင်ပါ သိပ်လှလွန်းနေ
တာ။
မျက်လုံးပေါ်ဝဲကျနေတဲ့ Subinieရဲ့ ဆံနွယ်လေးကို
သပ်တင်ပေးလိုက်ရင်း သူမလေးရဲ့ ပါးလေးကို
ခပ်ဖွဖွ ဟေရီနမ်းလိုက်မိတယ်။
အသားယူတယ်လို့ ပြောလို့ရသလို၊ ပြောလို့မရနိုင်
တဲ့ ရိုးရိုးသားသား အနမ်းလေးတစ်ပွင့်ပေါ့။
ကလေးလေးတစ်ယောက်ကို အူးယားပြီးနမ်းချင်လာ
သလို ခံစားချက်လေးမို့ အရောင်အသွေးမပါသေးတဲ့
အနမ်းလို့ပြောလို့ရပါတယ်။
You are reading the story above: TeenFic.Net