7 / 8 (Uni)

Background color
Font
Font size
Line height
နစ်မြုပ်သွားပြီး တိတ်ဆိတ်ငြိမ်သက်နေစဥ် တစ်ခုတည်းသော အသံမှာ အသက်ရှုသံများသာ ဖြစ်လေသည်။

ယဲ့အန်းသည် ရက်အနည်းငယ်သာ သိထားသည့် အမျိုးသားတစ်ဦးနှင့် ရုတ်တရက် အိပ်ရာဝင်ပြီးနောက် သူမအိပ်ရန် ခက်ခဲမည်ဟု မူလက ထင်ခဲ့သော်လည်း အံ့ဩစရာကောင်းစွာ လက်တွေ့နှင့် လွဲချော်နေခဲ့သည်။

သူမသည် နေ့ခင်းဘက်တွင် အလုပ်များနေပြီး နောက်ပိုင်းတွင် အရက်သောက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ သူမသည် အိပ်ပျော်ရုံသာမက နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်ခဲ့သည်။

……

မြူခိုးတွေကြားတွင် သစ်ကိုင်းနှင့်သစ်ရွက်များပေါ်သို့ မိုးကျသံခပ်တိုးတိုးသည်  ပဲ့တင်ထပ်ကာ နားထဲကို တိုးဝင်လာသည်...။

——

ဆူညံသော ရယ်မောသံများနှင့် အရက်သောက်သံများသည် တဖြည်းဖြည်းနှင့် ပြောင်းလဲသွားသည်။

ခဏအကြာတွင် မိုးရွာနေသည့် အသံများ သိသိသာသာ လွှမ်းခြုံထွက်ပေါ်လာပြန်သည်။

……

မှောင်မိုက်ပြီး နက်နဲသော စင်္ကြံတွင် မီးရောင်များ တဖျပ်ဖျပ်ဖျပ်လက်နေပြီး လူများက သူမနောက်ကို မပြတ်လိုက်နေကြသည်။ သူမသည် အားကုန်ထုတ်ကာ ပြေးသွားသည်... နောက်ဆုံးတွင် မထင်ရှားသော အသွင်အပြင်တစ်ခုကို မြင်လိုက်ရသည်။

သူမသည် ထိုလူ၏အသွင်အပြင်ကို မော့ကြည့်လိုက်သည်။ မျောပါနေသောသစ်တုံးကို ဖမ်းဆွဲရန်ကြိုးစားနေသည့် ရေနစ်နေသော လူတစ်ဦးကဲ့သို့ သူ့ထံသို့ ရောက်အောင်ကြိုးစားနေသည်။

အလင်းတန်းတစ်ခု လင်းလက်လာသည်။

……

“ကယ်ပါ…” လို့ တိုးတိုးလေးပြောသံကို သူမကိုယ်သူမ ကြားလိုက်ရသည်။

မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။

စိုးရိမ်တကြီး မျက်လုံးဖွင့်လိုက်သောအခါ ယဲ့အန်း၏ စိတ်သည် ဗလာဖြစ်သွားသည်။

သူမသည် အိပ်ယာခင်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ နဖူးတွင် အေးစက်သော ချွေးများဖြင့် ပြည့်နေသည်။

ဒီအိပ်မက်ကို သူမနောက်ဆုံးမက်ခဲ့သည်မှာ အတော်ကြာခဲ့ပြီ။

သူမ နိုးနေပြီဖြစ်သော်လည်း မိုးသံများက သူမနားထဲတွင် ကြားနေသေးသည်။

သူ့အသက်ရှုခြင်းကို ငြိမ်သက်အောင်ကြိုးစားရင်း သူမပတ်ဝန်းကျင်တွင် အမှောင်ထုက ကြီးစိုးနေသည်။ သူမ ဂရုတစိုက် နားထောင်သည်။

အပြင်မှာ တကယ် မိုးရွာနေတယ် ဆိုတာ သိလိုက်ရသည်။

ညည်းသံများသည် ကျယ်ကျယ်လောင်လောင်မဟုတ်သော်လည်း ပုရွက်ဆိတ်များ သူမနှလုံးသားထဲသို့ စိမ့်ဝင်နေသလို ခံစားရသည်။

သူမ၏အိမ်မက်နှင့် ထင်ယောင်ထင်မှား ရောနှောနေခဲ့သည်။

……

မဂ်လာဆောင်သော ပထမညတွင် အိပ်မက်ဆိုး မက်တာထက် ပိုကောင်းတာ ဘာမှ မရှိတော့ချေ… ယဲ့အန်းသည် နဖူးမှ ချွေးအေးတွေကို သုတ်လိုက်သည်။ သူမသည် ရှဲ့ရှောကို လှည့်ကြည့်လိုက်သော်လည်း သူမဘေးတွင် အမှောင်ပင်လယ်တစ်ခုကိုသာ တွေ့လိုက်ရသည်။

သူမ ခဏတုံ့ဆိုင်းသွားသည်။ ရှဲ့ရှောက မျက်မမြင်ဖြစ်တာကြောင့် မီးကိုဖွင့်လိုက်လျှင် သူ့အပေါ် သက်ရောက်မှုမရှိဟု ထင်သည်။

အလင်းသည် ချက်ချင်းပင် အခန်းထဲသို့ လွှမ်းသွားသည်။ ဂွမ်းစောင်များသည် အံ့သြစရာကောင်းလောက်အောင် ဗလာဖြစ်နေကြောင်း သူမ သိလိုက်သည်။ ရှဲ့ရှောသည် အိပ်ရာထဲတွင် လုံးဝမရှိပေ။

ယဲ့အန်းသည် အခန်းထဲကို အမြန်မရှာကြည့်မီ ခဏကြာ ငူငူကြီး စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် ဆိုဖာပေါ်တွင် ထိုင်နေသော ပုံကို သူမတွေ့လိုက်ရသည်။ အိပ်ယာမှ ထွက်သွားချိန် သို့မဟုတ် ထိုနေရာတွင် ထိုင်နေသည်မှာ မည်မျှကြာသည်ကို မသိရပေ။

“……”

ညနက်သန်းခေါင်မှာ သူဘာလို့ ဆိုဖာမှာသွားထိုင်နေတာလဲ။ သူ အဲ့ဆိုဖာကို စိတ်စွဲ တွယ်တာနေခဲ့တာလား ဒါမှမဟုတ် တစ်ခုခုလား။

ပြတင်းပေါက် အပြင်ဘက်တွင် မိုးသံများ ဆက်လက်ထွက်ပေါ်နေသည်။

ရီအန်းက သူ့ကိုကြည့်ရင်း သူ့စိတ်ဝိညာဉ်ကို တူးထုတ်ချင်ပြီး မေးလိုက်ချင်သည် – ဆိုဖာ ဒါမှမဟုတ် ပြင်သစ်ပြတင်းပေါက်တွေကို မင်းက ဘာကို သဘောကျနေတာလဲ။

"ရှင်နိုးနေတာလား?"

သူမ၏ အသံသည် တိတ်ဆိတ်နေရာမှ ရုတ်ခြည်းထွက်ပေါ်လာသည်။

ရှဲ့‌ရှောသည် သူမကို လုံးဝမကြားရသလို တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေလိုက်သည်။

ယဲ့အန်း၏ နှလုံးသားသည် တစ်ဆို့သွားသလို ခံစားလိုက်ရသည်။ သူမသည် ယောက်ျားတစ်ယောက်နှင့် လက်ထပ်မည်ဟု သူမမျှော်လင့်ထားဘဲ အိပ်ရာပေါ်၌ သူမတစ်ယောက်တည်း အိပ်ရခြင်းမှာ ကြုံရာကျပန်းမိန်းကလေးဖြစ်နေတာကြောင့်မဟုတ်ဘဲ ဆိုဖာတစ်လုံးနှင့် ပြင်သစ်ပြတင်းပေါက်အချို့ကြောင့်ဖြစ်သည်။

… သူမတွင် စကားမရှိပေ။

သူမ ထထိုင်ကာ စောင်ကို ပွေ့ဖက်၍ အသံကိုမြှင့်လိုက်ပြီး “အရမ်းနောက်ကျနေပြီလေ။ မအိပ်ဘဲ အဲ့မှာထိုင်ပြီး ဘာလုပ်နေတာလဲ"

ရှဲ့‌ရှောက သူမကို နောက်တစ်ကြိမ် လျစ်လျူရှုလိုက်သည်။

“……”

သူ့ပြဿနာက ဘာလဲ။ ယဲ့အန်းသည် ဒေါသအလွန်ထွက်လာကာ ခေါင်းကိုက်သွားသည်။ သူမနှင့် မဆက်ဆံချင်သော်လည်း အဖိုးနှင့် ရှဲ့ပိုင်ယန်၏ နှလုံးသားထဲမှ တောင်းဆိုမှုကို တွေးပြီးနောက်တွင် သူမသည် သူ့ကို လျစ်လျူရှုရန် မတတ်နိုင်တော့ပေ။ သူမ သက်ပြင်းတစ်ချက်ချပြီး အိပ်ယာမှ ထလိုက်သည်။

စကားပုံက ဘယ်လိုပါလိမ့်။

ဤသည်မှာ သူမ၏အတိတ်ဘဝက ဝဋ်ကြွေးဖြစ်ရမည်။

ဖိနပ်ကို ဝတ်ကာ သူ့အနားသို့ လျှောက်သွားလိုက်သည်။ သူမက သိမ်မွေ့သောလေသံဖြင့် “ဘာဖြစ်လို့လဲ၊ ရှင်အိပ်လို့မပျော်ဘူးလား?"

ရှဲ့ရှောသည် နောက်ဆုံးတွင် အနည်းငယ် တုံ့ပြန်သည်။ သူမ၏ အသံ လာရာဖက်သို့ သူ့ခေါင်းကို လှည့်လိုက်သည်။ သူ စကားပြန်မပြောပေ။

ယဲ့အန်းက သူ့ဘေးတွင် ဝင်ထိုင်သည်။ " အဆင်မပြေတဲ့‌နေရာရှိသလား ခေါင်းကိုက်နေတာလား''

ရှဲ့ရှောသည် ခပ်တည်တည်ပင်။

"ရှင့်ရဲ့နားထင်တွေကို နှိပ်ပေးရမလား"

သူမပြောသည့်အတိုင်း ဒူးထောက်ထိုင်ကာ သူ့နားထင်များကို နှိပ်‌ပေးရန် လက်ကိုလှမ်းလိုက်သည်။

ဒါပေမယ့် သူ့နားထင်တွေကို ထိလိုက်တာနဲ့ သူမလက်ကို ဖမ်းဆုပ်လိုက်သည်။

သူ့လက်က အနည်းငယ်အေးနေပြီး သူ့မျက်နှာက မောပန်းနွမ်းနယ်နေပြီး နုံးချိနေသည်။ ဒေါသကို မတွေ့ရတော့ဘဲ သိပ်ဗွေမယူပုံရသည်။

သူသည် ယဲ့အန်း၏လက်ကို ဖယ်လိုက်ပြီး အဝေးကို လှမ်းကြည့်ကာ ငြိမ်နေလိုက်သည်။

ယဲ့အန်က သူကိုင်ထားတဲ့လက်ကို ကြည့်ပြီး ဒေါသဖြစ်ပုံမပေါ်။ စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ခမ်းကို စိကာ အခန်းထဲမှ ထွက်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူမလက်ထဲတွင် အပူပေးထားသော နို့တစ်ခွက်နှင့် ပြန်လာခဲ့သည်။ ရှဲ့ရှော ရှေ့တွင် ကိုင်ထားလိုက်သည်။ “ရှင့်အတွက် ကျွန်မ နို့တစ်ခွက် နွှေးလာ‌ပေးတယ်။ သောက်လိုက်။ ရှင့်ကို ပိုကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးလိမ့်မယ်"

သူ ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်ရပြီး သူ့လက်ကို တိုက်ရိုက်ဆွဲကိုင်လိုက်ကာ နို့ခွက်ကို ကမ်းပေးလိုက်တယ်။

သို့သော် ရှဲ့ရှော က လုံးဝကျေးဇူးမတင်။ သူ့မျက်ခုံးတွေကို ကြုတ်လိုက်ပြီး ငြင်းလိုက်သည်။ "မလိုပါဘူး။"

သူ့လှုပ်ရှားမှုကြောင့် နွားနို့က ခွက်ထဲ ဖိတ်စင်လာပြီး ယဲ့အန်း၏ လက်ပေါ် ကျသွားသည်။

ယဲ့အန်းသည် ဒေါသတကြီးနှင့်။ "ရှင် ကျေနပ်ဖို့ ဘာလို့ ဒီလောက်ခက်ခဲနေရတာလဲ။ ညကြီးသန်းခေါင် ရှင့်အတွက် နို့ကိုနွှေးပေးဖို့ ကျွန်မ ခက်ခက်ခဲခဲ လုပ်လာရတာ၊ ဒါကို ရှင်က မှောက်ပစ်ပြီး ကျွန်မလက်ကိုအပူလောင်အောင်လုပ်တယ်!”

“……”

"အိုး၊ ပူလိုက်တာ!" သူမလက်ကိုသုတ်လိုက်ပြီး ရှဲ့ရှော ကိုပြသည်။ စိတ်ဆိုးပြီး “ကြည့်စမ်း၊ နီရဲနေတာပဲ။ အမာရွတ်တောင် ကျန်ခဲ့လောက်တယ်…”

ရှဲ့ရှော မမြင်နိုင်သော်လည်း ရှိုက်နေသော သူမ၏အသံကိုကြားပြီးနောက်တွင် သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။

သူမ တကယ်ထိခိုက်မှာကို စိုးရိမ်ပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “ဆေးဘူးထဲမှာ အပူလောင်တာ သက်သာတဲ့ဆေးရှိတယ်၊ ကိုယ့်ဟာကိုယ်ယူလိုက်ပါ။"

ယဲ့အန်းက သူ့ကို နို့ခွက်ကိုထပ်ပေးသည်။ ချစ်စရာကောင်းသော ကလေးမလေးကဲ့သို့ အသံနေအသံထားနှင့် အခြေအနေတွေကို အခွင့်ကောင်းယူဖို့ ကြိုးစားသည်။ "ဒါဆို နွားနို့သောက်ပါ"

ခွက်သည် သူ့လက်ချောင်းများကိုထိလိုက်ပြီး ရှဲ့ရှော သည် နောက်ဆုံးတွင် မငြင်းဆန်ခဲ့ပေ။ သူသည် ခွက်ကို  စမ်းတဝါးဝါးဖြင့် လှမ်းယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သိပ်မကြာခင်တွင် သူ့အမူအရာများ ပြောင်းလဲလာသည်။

ခေါင်းကို မော့ပြီး အံ့သြစွာ မေးသည်။ “မင်းလက်က ဘာနဲ့ လုပ်ထားလို့လဲ။ ဒီအပူချိန်လောက်နဲ့ မင်းကို ဘယ်လိုများ အပူလောင်ရတာလဲ"

အလင်းရောင်အောက်တွင် ယဲ့အန်း၏ လက်သည် လှပ ဖြူဖွေးပြီး မော်ဒယ်ဆန်သည်။ အပူလောင်ဒဏ်ရာ အနည်းငယ်မျှ မရှိပေ။

ယဲ့အန်း - ...သူမရဲ့ တိကျ၍ ကရုဏာကင်းမဲ့သော မုသားကို အချိန်တိုင်း သူ ဘယ်လို ဖော်ထုတ်နိုင်မလဲ။

သူမ၏ အသံသရုပ်ဆောင်စွမ်းရည်ဖြင့် သူမသည် မည်သူမဆို မျက်ရည်ကျလောက်သော သရုပ်ဆောင်ချက်ဖြင့် အလွယ်တကူ လှည့်စားနိုင်သည်။

ဒီလူက နှလုံးသားမရှိဘူး။

ယဲ့အန်းသည် အေးစက်သောမျက်နှာဖြင့် “ကျောက်စိမ်းလိုလှသည်” ဆိုတဲ့ စကားလုံးကို ရှင်ကြားဖူးလား။

ရှဲ့ရှော - "...."









You are reading the story above: TeenFic.Net