ထမင်းစားခန်းထဲကျွန်တော်၀င်ထိုင်ပြီးဟင်းများကိုမျက်လုံးဝေ့ကာစူးစမ်းလိုက်သည်။ ကျွန်တော့်အိမ်လောက်မများပေမယ့် ကိုကိုချက်ထားတယ်ဆိုတဲ့အသိနဲ့ စားကောင်းမှာသေချာသည်။ တစ်စိတ်..ကျွန်တော့်ကိုယ်ပေါ်မှာ cotton candyနံ့လေးသင်းနေသလားလို့
ပိုသေချာသွားအောင် အကျီ ်ကိုဆွဲနမ်းကာအနံ့ခံကြည့်လိုက်သည်။ သေချာပေါက်ကိုကို့အကျီ ်ကနေထွက်လာတာပင်...
အင်းး ကျွန်တော်မှတ်ထားလိုက်ပြီကိုကိုရေ
" အရင်စားထားနှင့်ပါဆို ခုံပေါ်ထိုင်ပြီးဘာတွေတွေးနေတာလဲ ပတ်ဟွန်းး ဗိုက်မဆာဘူးလား "
ကျွန်တော်ရေချိုးရအုံးမှာမို့ ဗိုက်ဆာနေမည်စိုး၍ အရင်စားထားနှင့်ခိုင်းပေမယ့် ငိုယ်တော်က မစားသေးပဲနဲ့ကျောက်ရုပ်ကြီးလို ထမင်းစားခုံရှေ့မှာ ငေးလို့..
" တူတူစားမယ်လေ ထိုင်ကိုကို ..ရော့ ကိုကို့အတွက် "
တူဖြင့်ညှပ်ကာ ပန်းကန်လုံးထဲထည့်လာပေးသော အသားဖတ်ကိုကြည့်ရင်းကျွန်တော်မျက်ရည်ဝဲလာသည်။ မရှိတော့သည့်မိဘနှစ်ပါးကိုလဲလွမ်းလာသည်။
" ဟို ..ကိုကိုမကြိုက်ရင်ကျွန်တော်မထည့်တော့ပါဘူးး "
ခုနကထမင်းစားနေရင်းကျွန်တော်ကိုကို့ပန်းကန်ထဲအသားတစ်ဖတ်ထည့်ပေးလိုက်မိသည်။သို့ပေမယ့်မျက်ရည်ဝဲလာသောကိုကို့ကြောင့် ကျွန်တော်ဘာလုပ်ရမည်မသိတော့
" မဟုတ်..မဟုတ်ပါဘူးးငါကြိုက်ပါတယ်
ဒီနေ့ဘာနေ့လဲမင်းသိလားပတ်ဟွန်း "
" ဟင့်အင်း..ဘာနေ့လဲကိုကို "
" ငါ့မိဘရဲ့ 2yrs နှစ်ပတ်လည်နေ့ပဲ "
" အာ..ကျွန်တော်တောင်းပန်ပါတယ် နှောက်ယှက်မိသလိုများဖြစ်သွားးး "
" ကျေးဇူးတင်ပါတယ် ...မင်းကြောင့် မင်းကြောင့် ဒီနှစ်ငါတစ်ယောက်ထဲမဖြတ်သန်းရတာ အရင်နှစ်တွေဆိုငါတစ်ယောင်ထဲပဲ အရမ်းအထီးကျန်တယ် သိလား "
ကျွန်တော့ကိုယ်ကျွန်တော်လဲအရမ်းအံ့ဩမိသည်။မမLimတို့ကိုေတာင်ကျွန်ေတာ့်ခံစားချက်တွေကိုဘာတစ်ခုမှမဖွင့်ပြောခဲ့ဖူးပါပဲ အဘယ်ကြောင့်အခုမှတွေ့ဖူးသည့်သူကို မိမိခံစားချက်တွေကိုရင်ဖွင့်ပြရတယ်လို့ ..
" ရပါတယ်ဗျာ ...ကျေးဇူးတင်ရင်ကျွန်တော့်ကိုစကားပဲကောင်းကောင်းပြောပေး "
" မပြောင်နဲ့ ပတ်ဟွန်း "
" ကျွန်တော်ဘယ်မှာပြောင်နေလို့လဲ ကိုကိုရဲ့ "
" ငါသွားအိပ်တော့မယ်..စားပြီးရင်တခါထဲဆေး..မကုန်ရင်ရေခဲသေတ္တာထဲထည့်ထား ငါ ပြောတာကြားရဲ့လားပတ်ဟွန်း "
" ကြားပါတယ်ဗျာ "
" ငါသွားပြီ "
ဆက်စားချင်စိတ်လဲမရှိတော့တာမို့ အိပ်ယာ၀င်ဖို့ရန်သာ ဆုံးဖြတ်လိုက်သည်။
" Good night နော် ကိုကို ! "
ပြန်မပြောနားမထောင်သောကိုကို့ကိုကြည့်ရင်းကျွန်တော်ပြုံးမိသည်။
စားသောက်ပြီး၍ပန်းကန်ဆေးလိုက်သည်။ပန်းကန်ဆေးနေရင်း ကိုကို့အသံကြောင့်လှည့်ကြည့်လိုက်သည်။စောင်နှင့်ခေါင်းအုံးကိုပိုက်ကာထွက်လာသော ကိုကိုရယ်ပါ..
" ရော့..စောင်နဲ့ခေါင်းအုံးး မင်းဆိုဖာပေါ်မှာပဲအိပ်လိုက် "
ပြောပြီးသည်နှင့် အခန်းထဲပြန်၀င်သွားသောကျွန်တော့်ရဲ့တစ်ဦးတည်းသောလေး။ဒီနေ့ကြားလိုက်ရသည့်ကိုကို့အကြောင်းတွေကြောင့် ကိုကို့ကိုကျွန်တော်ပို၍ပင်အချစ်တိုးလာရသည်။ဒီနေ့ကစပြီးကိုကို့ကိုပျော်ပောင်ပဲထားမှာ ကိုကိုဘယ်တော့မှစိတ်မညစ်စေရဘူးး
ထိုညတွင်တော့ ပြိုင်ကားအနီလေးကား cafeဆိုင်၏ဘေး သစ်ပင်အောက်လေးမှာ သခင့်အလာကိုစောင့်နေလေရဲ့..
လှုပ်လှုပ်ရှားရှားအသံတွေကြောင့်ကျွန်တော်နိုးလာသည်။ထမင်းစားခန်းဘက်ကိုကြည့်လိုက်တော့ ကိုကိုနိုး၍မနက်စာတောင်ပြင်ပြီးနေပြီ
" နိုးရင်လဲမြန်မြန်ထတော့ပတ်ဟွန်း .. နှေးနှေးကွေးကွေးလုပ်မနေနဲ့ ငါဆိုင်သွားရမယ် မအားဘူး
ရေချိုးခန်းထဲမှာ သွားတိုက်တံအသစ်ထုတ်ထားပေးတယ် ပြီးရင်မနက်စာလာစားကြားလား "
ဘယ်လိုကောင်လေးမှန်းမသိပါ။နိုးနေပြီကိုငူငူငိုင်ငိုင်နှင့်ထိုင်မိုင်နေသည်။အသက်ငယ်ပြီး သွက်သွက်လက်လက်ကိုမရှိဘူး
" ထပြီ ထပြီ "
" ဒါနဲ့မင်းကျောင်းမသွားဘူးလားပတ်ဟွန်း..အ၀တ်တွေရော "
ကျွန်တော်ဘယ်လိုဖြေရမည်နည်း။ Park Sunghoon ..Park Sunghoon မင်းတော်တော်တုံးတာပဲ ခုတော့အခက်တွေ့နေပြီမလားးသေစမ်းး
" ဟို ဟိုလေ ကျွန်တော်စိတ်တိုတိုနဲ့ဆင်းလာလိုက်တာ ဘာမှမယူလာမိဘူး ကျွန်တော့်ဘဏ်ကဒ်ထဲပိုက်ဆံနဲနဲကျန်သေးတယ် အဲ့ပိုက်ဆံနဲ့၀ယ်လိုက်မယ်လေ "
" အဆင်ပြေရင်ပြီးတာပါပဲ ..စားပြီးရင်အခန်းသော့သေခြာခတ် ပြီးရင်ငါ့လာပေး ငါသွားပြီနော် "
" သဘောအတိုင်းပါခင်ဗျ "
ခုဆိုကိုကိုတောင် ဆိုင်ဖွင့်ဖို့ထွက်သွားပြီ..မနက်ခင်းချစ်ရသူမျက်နှာကိုမြင်ရတာဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်သနည်း။ ရေချိုးခန်းထဲ၀င်ကာသွားတိုက်ဖို့ရာ သွားတိုက်တံလေးကိုကြည့်ရင်းကျွန်တော်တွေးမိသည်။ ကိုကိုက သူ့ကိုဂရုစိုက်သားပဲ
အတွေးများကရူးကြောင်ကြောင်နိုင်သည်ဟုေပြာကြလျှင် ကိုကို့အတွက်ကြောင့်ရူးမယ်ဆိုကျွန်တော် Park Sunghoon ကျေကျေနပ်နပ်ကြီးခံယူပါ့မယ်
#noted - If my fic is so boring to you, please do not read it..ပေါ့ပေါ့ပါးပါးပုံစံပဲရေးထားတာမို့ plotမရှိဘူးလားဘာလားလာမေးရင် ဟုတ် မရှိပါဘူးး စိတ်ကူးပေါက်မှထရေးလို့အမှားပါကောင်းပါနိုင်ပါတယ် ဖတ်ပေးတဲ့တယောက်ဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် 🤍
" မပြောင်နဲ့ ပတ်ဟွန်း "
" ကြားပါတယ်ဗျာ "
" ငါသွားပြီ "
" Good night နော် ကိုကို ! "
" ထပြီ ထပြီ "
" သဘောအတိုင်းပါခင်ဗျ "
အတွေးများကရူးကြောင်ကြောင်နိုင်သည်ဟုပွောကွလြှငျ ကိုကို့အတွက်ကြောင့်ရူးမယ်ဆိုကျွန်တော် Park Sunghoon ကျေကျေနပ်နပ်ကြီးခံယူပါ့မယ်
You are reading the story above: TeenFic.Net