နွံတောထဲကကြာပန်းဖြူ (white lotus in the bemire)og.oc.nl.uni
နွံတောထဲကကြာပန်းဖြူIntroအချစ်ဆိုတာကို လူတွေက ဘယ်လိုအဓိပ္ပာယ်သတ်မှတ်ကြပါသလဲသီချင်းတွေထဲမှာ ကဗျာတွေထဲမှာ ပုံပြင်တွေထဲမှာ ရာဇဝင်တွေထဲမှာ အချစ်ကိုအမျိုးမျိုးပုံဖော်ပြခဲ့ကြတယ် ပန်းကလေးလို သစ်ရွက်ကလေးလို လေပြေလေးလို ဒါမှမဟုတ် လောကကိုဖျက်ဆီးနိုင်တဲ့ လေမုန်တိုင်းကြီး တခုလိုပါပဲတဲ့အချစ်ကြောင့် ဘဝပျက်တာ အချစ်ကြောင့် သေကြေတာ ပျက်စီးတာ တိုင်းပြည်ပျက်ရတာ ဆင်းရဲတာ အချစ်ကြောင့် အောင်မြင်တာ အမြင့်ဆုံးကိုရောက်တာ ချမး်သာတာ နောင်တမရှိဘူး စသဖြင့် အမျိုးမျိုးကြုံတွေခဲ့ကြရသတဲ့သူမကတော့ အဲ့ဒါတွေကြားတိုင်း တကယ်နားမလည်ခဲ့ဘူး အချစ်ဆိုတဲ့ဝေါဟာရက သူမနဲ့အရမ်းစိမ်းလွနး်တယ် အချစ်ဆိုတဲ့စကားလုံးဟာ သူမနဲ့ တကမ္ဘာစာဝေးနေသလိုပါပဲ ထိတွေ့ဖို့မပြောနဲ့ မော့ကြည့်ခွင့်တောင်မရှိခဲ့ပါဘူးကြာလာတော့ အဲ့အချစ်ဆိုတာကိုမေ့ပြီး ဘဝအတ…