လမင်းနဲ့ပင်လယ်
ပင်လယ်ရေကို ဆွဲငင်နိုင်တဲ့လမင်းရယ်...လပြည့်ညတွေဆို သိပ်လှတဲ့ ပင်လယ်ရယ်...ဘယ်သူက ဘယ်သူ့ကြောင့်ပိုလှပတာလဲ...'တို့က ပင်လယ်ကိုချစ်တယ် သဘာဝလွန်တွေကိုစိတ်ဝင်စားတယ် ဝေ့ကိုသဘောကျတယ်''ချစ်လား''ဟင့်အင်း''ဒါဆိုသဘောကျတယ်ဆိုတာ လိမ်တာလား''ဟင့်အင်း သဘောကျတယ် ပိုင်ဆိုင်လိုစိတ်မပါဘူး လူတစ်ယောက်အနားမှာ ကြာကြာနေချင်ရင် သူငယ်ချင်းလိုနေရတယ်တဲ့ ဝေရဲ့...''တို့ကိုသဘောကျတာလား တို့ရဲ့သဘာဝလွန်ဖြစ်ရပ်တွေကိုသဘောကျတာလား''မုသားမဲ့ ပြောရရင် ၃အချိုး၇ လောက်ပေါ့'…