လိုအပ်ချက်များနဲ့ ‘ ( Love is forever ) အချစ်သည် ထာဝရအတွက် တည်မည် ဖြစ်သည် ‘ ဆိုတဲ့ fic ပြီးသွားပါပြီ ။
အမှတ်တရများ …
Fiction လေးမှာ ကဗျာတွေ ထည့်ထားပေးတာက .. ကဗျာကို တန်ဘိုးထား ဖတ်စေချင်လို့ပါ... ကျမတို့ဆီက အနုပညာတွေထဲမှာ ကဗျာတွေကို တန်ဘိုးထား မခံရပါဘူး ။ ဂျာနယ်တွေ ခေတ်ကောင်းစဉ်က ကဗျာတပုဒ် မှာ သောင်းကျော်ရုံလေးဘဲ ရတာလို့ ကြားဘူးတယ်... ကဗျာရေးရတာ စကားလုံးနည်းနည်းနဲ့ ဖတ်တဲ့သူ ရင်ထဲ ရောက်ဖို့က ပိုခက်ပါတယ်.. ဒါကြောင့် ဖတ်ဖြစ်အောင် ထည့်ရေးတာပါ...
ရေးနေစဉ် တလျှောက် Male Lead နာမည်ကို ၃ခါပြောင်းရတယ် ၊ နောက်ဆုံးမှာ မြတ်ဘုန်းမော်ဆိုတဲ့ နာမည်က အတည်ဖြစ်တာ... Female Lead က နှစ်ခါ ပြောင်းရတယ်.. ဒီ fic နဲ့ ပတ်သတ်ပြီး အဲ့လို့ ဂယက်တွေ အများကြီး ရှိသေးတယ်..
နောက်ပြီး အမှတ်မထင် စိတ်ဝင်စားခံရတဲ့ character ကတော့ ယုယုပါ ...
ကျေးဇူးတင်ရှိခြင်း….
အရင်ဆုံး ကျေးဇူးတင်ချင်တာကတော့ ဆရာမ Hlaing Lay ပါ ၊ ဆရာမဆီ fic တွေ ဝယ်ရင်း စကားပြော ဖြစ်ရာကနေ Fic လေး တပုဒ်လောက် ရေးချင်တယ်ပြောတော့ ၊ ဆရာမက ရေးကြည်ဖို့ တွန်းအားပေးခဲ့တာပါ ၊ ကိုယ်က ရေးချင်တာသာ ရှိတာ ဘယ်လို့ စ ရေးရမှန်းမသိဘူး ။ ဘာဇာတ်လမ်းရေးရမှန်းလည်းမသိဘူး ။ စာရေးဖို့ Apps လေးတွေ ၊ စာရေးးနည်းလမ်းညွှန်းစာအုပ်လေးတွေ ပြပေး ၊ ညွှန်းပေးခဲ့တယ် ။ ဆရာမက တက်တက်ကြွကြွ ပို့ပေးတော့ ၊ ငါတော့ မဖြစ်တော့ဘူး .. ကြိုးစားရေးကြည့်အုန်းမယ်.. ခေါင်းထဲလည်း ဘာဇာတ်လမ်းမှာ ရောက်မလဲခဲ့သေးဘူး အဲအချိန်ထိ .. နောက်တော့ အသိတယောက်နဲ့ စကားပြောရင်း သူတို့ရွာအုပ်စုလေးတွေ အကြောင်းပြောပြတယ်. . မန်းကျည်းပင်အုပ်စု ၊ ထနောင်ပင်အုပ်စု သူတို့အုပ်စုနဲ့ သူတို့နေတဲ့အကြောင်း ပြောပြရင်းနဲ့ ဒီဇာတ်လမ်းကို ရေးဖြစ်သွားတာပါ...
အဲ့တော့ ဆရာမ Hlaing Lay ကို ကျေးဇူးအများကြီးတင်ပါတယ် .. I did it , Sayar ma ... ဆရာမက စိတ်ရင်း အရမ်း ကောင်းပါတယ် ၊ သူ့ Fic တွေ အမြဲတမ်းဝယ်ဖတ်ရင်း လက်ဆောင် Fic ဆိုပြီး ပေးဖတ်သေးတယ်.. သွား ဝယ်ကြည့်ကြပါ ..
ပထမဆုံး Fic ရေးတော့ ငါ Fic လေး ဖတ်ပေးမဲ့သူရှိပါမလား ၊ တကယ်စိတ်ပူခဲ့ရတယ် ။ ဒီလောကနဲ့က အစိမ်း သက်သက်ဘဲဆိုတော့လေ ၊ နောက်ပြီး ဘယ်သူနဲ့မှာလည်း မသိဘူး ၊ FB အကောင့်မှာလည်း စာဖတ်သူ မရှိဘူး ။ တခြား စာရေးသူတွေရဲ့ Fic တွေ ဝယ်ဖတ်ဘူးပေမဲ့ စကား မပြောဘူးဘူး ၊ ဆရာမ Hlaing Lay နဲ့ဘဲ သိပြီး စကားပြောဘူးတာ ၊ ဆရာမ Hlaing Lay က Fic စတင်ရင်း ပြော .. သူ့အကောင့်ကနေ ကြော်ငြာပေးပါမယ် လို့ ပြောတယ်ရယ် ။ ကိုယ်ကို အားတင်းပြီး တယောက်လောက်တော့ လာဖတ်မှာပါလေ စိတ်နဲ့ ရေးလိုက်တာပါ ။
ဒီ Love is Forever က ရေးပြီးတာ ပြီးခဲ့တဲ့နှစ် ၁၁လပိုင်းကဘဲ ၊ နောက်ဆုံး သုံးတဲ့ APT သီချင်း အဲအချိန်က အရမ်း နာမည် ကြီး ၊ ရေးပြီးပေမဲ့ အကြောင်းကြောင်းကြောင့် ချက်ချင်း မတင်ဖြစ်ဘူး ၊ ၂၀၂၅ ဖေဖဝါရီမှာ စတင်ဖြစ်တယ်၊ ဆရာမကို ဖေဖါဝါရီလောက်တော့ စာတင်ဖြစ်မယ်လို့ပြောတဲ့ ဆရာမက တင်တဲ့အချိန်ကြရင်း ပြော သူကြော်ငြာ ပေးမယ် ပြောတယ်.. ဖေဖါဝါရီလ ၂ရက်နေ့ ရောက်မှာ ဪ.. ငါ စာ စတင်မယ်ပြောထားတာဘဲ ဆိုတာ သတိရ ပြီး ၊ ညကျ စာစတင်တာပါ .. ဆရာမကို စာစတင်တော့မယ်ပြောတော့ ,, ဆရာမက Wattpad မှာ စာတင်နည်း ပြပေးတယ် ... ဇော်ဂျီပြောင်းတော့ အဆင်မပြေပြန်ဘူး ၊ မထူးဘူး Uni နဲ့ဘဲ အစမ်းတင်ကြည့်တာပေါ့ ဆိုပြီး တင်လိုက်တယ် ။ ဆရာမလည်း အဲ့မှာ စ ဖတ်ပြီး.. အမ အဆင်ပြေတယ် .. နောက်ရက်လည်း update ပေးနော် ပြောလို့ .. စာတွေ ဆက်တင်ဖြစ်သွားတာ ၊ ကိုယ့်ဘာသာ ကိုယ်ဆို တရက်ခြား တင်အုန်းမလို့ ... 😁
စာက ညမှာ စတင်တာဆိုတော့ ဆရာမက မနက်ကျရင်း သူWattpad အကောင့်ကနေ ကြော်ငြာပေးမယ် ပြောတယ် ။ ဒါနဲ့ ညမှာစာတွေ တင်ပြီး မနက် ၈နာရီလောက် ဖွင့်ကြည့်တော့ ၁၃ယောက် လာဖတ်သွားတယ် .။လာဖတ်တယ်ထင်တာဘဲ .. ဒီအတိုင်းကြည့်သွားတာလည်း ဖြစ်နိုင်တာဘဲကိုး 😁( သူငယ်ချင်းကပြောတယ် နင် အဲ့ ၁၃ယောက်ကို လက်လွှတ်လိုက်ပါတော့ဆိုပြီး ... just fun ) ကိုယ်က ဘယ်ဂရုမှာ ၊ ဘယ်မှာမှာ Announce မလုပ်ရသေးဘဲ လာဖတ်တော့ ပျော်တာပေါ့... ဆရာမကဘဲ သူ့Wattpad ကနေ ပြောပေး ၊ တချို့ FBဂရုတွေ ရှယ်ဖို့ Linkတွေပေး ကူညီပေးတယ်.. ဒါနဲ့ စာလာဖတ်တဲ့သူတွေ နည်းနည်းရှိလာတာပေါ့... ဆရာမကို ထပ်ပြီး ကျေးဇူးတင်ပါတယ်… ဒီလို fiction တပုဒ်လုံးကို ပြီးအောင်ရေးနိုင်ခဲ့တဲ့ ကိုယ့်ကိုလည်း ကျေးဇူးတင်ရင်း…
နောက်ထပ် ကျေးဇူးတင်ချင်တာကတော့ Normal Fic by Mee and Zeru Novels By Mee က Admin နှစ်ယောက်ဘဲ .. သူတို့ကတော့ ကိုယ့်ကို တကယ့် စပရိုက်တိုက်တာပါ.. စာတင်တလပြည့်ပြီးတော့ 9k ကျော်ဘဲ ရှိတယ် .. အဲ့နေ့ညကမှာ မှတ်မှတ်ရရ 10K ပြည့်တော့မယ်ဆိုပြီး ကြည့်ပြီးအိပ်လိုက်တာ ၊ မနက်ရောက်လို့ FBမှာ စာတင်မယ်ဆိုပြီး ဝင်တော့ Wattpad noti အများကြီးတတ်နေတယ်.. 11K ဖြစ်နေတယ် .. ဪ မြန်လိုက်တာ ပေါ့ .. အံ့သြပြီး FB My day တောင် ကောက်တင်လိုက်သေးတယ် ... အဲ့အထိ မသိသေးဘူး..Wattpad မှာ စာတင်တော့မယ်ဆိုပြီး ဝင်တော့ 21K ဖြစ်နေပြီး ၊ ဟာ ဒါ တယောက်ယောက် ညွှန်းပေးလို့ဘဲ ဆိုပြီး အဲ့မှာ သတိထားမိသွားတယ်ရယ်.. Admin နှစ်ယောက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
နောက်ပြီး ကျေးဇူးတင်ချင်တာ .. Ongoing လိုက်ပေးတဲ့ စာဖတ်သူလေးတွေပါ ။ တကယ် ကျေးဇူးအများကြီး တင်ပါတယ် .. သူတို့မှာ အစအဆုံး မပြီးသေးတော့ ဆန့်တငင်ငင်နဲ့ လိုက်ဖတ်ပေးနေရတယ်... Vote ပေးကြတာ ကိုရော ၊......... ‘s Reading List ထဲ ထည့်ပေးကြတဲ့ သူတွေကိုရော ၊ Followers များရော အထူးကျေးဇူး တင်ပါ တယ် ရှင့် ၊ comment တွေကိုလည်း ဂရုတစိုက် ဖတ်ပါတယ်၊ Comment လေးတွေ ပေးရင် သူတို့ ဒီficကို ဖတ်ပြီး ခံစားပြီး သေချာကော်မန့်ပေးတာဘဲဆိုပြီး အားတက် ရပါတယ် ။ Comment တွေအတွက်လည်း ကျေးဇူးတင်ပါတယ် ။ paid Group လာမေးတဲ့ သူ နည်းနည်းကို ရော ကျေးဇူးတင်ပါတယ်.. လိုအပ်ချက်တွေကလည်း လေ့လာမူ အားနဲခဲ့လို့ပါ ၊fbက friend အချို့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် Fiction လေးကို နှစ်သက်ပြီး သဘောကျတယ်လို့ ပြောတိုင်း ပျော်ရပါတယ် …
နောက်ထပ် fic အသစ်လေးကိုလည်း အားပေးကြပါအုန်းလို့... Fic အသစ်လေးကို ဒီလ၂၉ရက် နေ့မှာ စ တင်ပါမယ်နော်၊
နောက်ပြီး Love is Forever နဲ့ပတ်သတ်ပြီး စာဖတ်သူလေးတွေ မှတ်ချက်လေးတွေ ပြောခြင်းတဲ့အကြောင်းအရာလေးတွေ ရှိရင်း ပြောပေးကြပါ။ ဒါမှာ နောက် fiction တင်ဖို့ အားပိုရှိမယ် ။ အများကြီး ကျေးဇူးပါရှင့်...
Thank you so much and love you all ......
With Love💗
#Hnin Pann Mho
You are reading the story above: TeenFic.Net