အပိုင်း(၇)

Background color
Font
Font size
Line height


‘’သူက မမငွေကို သဘောကျနေတာလေ အဲဒါကြောင့်.... ‘’

‘’ ဟာ ခွေးမ.သား သေပေတော့ ‘’

‘’ ဟာ မြတ်ဘုန်း .... ‘’

‘’ အား ... ‘’

မြတ်ဘုန်း ကိုဟိန်းပြောတဲ့ စကားကို ကြားပြီးတော့ ဒေါသထွက်လာကာ မလှမ်းမကမ်း မှာရှိတဲ့ မြတ်မင်းဆိုတဲ့လူရဲ့ တူဆိုသူကို ဆွဲထိုးလေသည်..ရုတ်တရက် မြတ်ဘုန်းရဲ့ အပြုအမူကြောင့် အားလုံး အံ့အားသင့်နေကြကာ ဝင်ဆွဲဖို့ သတိမရကြချေ... တဖက်ကောင်လေးလဲ ရုတ်တရက် ကြောင်သွားကာ မြတ်ဘုန်းကို ဘာမှ မလုပ်နိုင်ဘဲ ငြိမ်ခံနေ၏ နောက်မှာ သူ့သူငယ်ချင်းက သတိဝင်လာပြီးမြတ်ဘုန်းကို ထိုးလေ၏ မြတ်ဘုန်းနဲ့ သူတပြန် ကိုယ်တပြန် ထိုးနေကြတုန်း အားလုံးသတိဝင်ကာ ဝိုင်းဆွဲကြလေ၏

’’ ဒီမှာ ငါ့တူ ဦးလေးတို့ ညှိနှိုင်းပေးနေတယ်လေကွာ... စိတ်လျှော့မှာပေါ့….’’

‘’ ကျနော့်သူငယ်ချင်းက ခြေထောက်ဖြတ်ကန်ခံရတာလေ... ဒီအတိုင်း တောင်းပန်ရုံနဲ့ ကျေအေးရမှာလား မတော် ခြေထောက်ဖြတ်ရရင် ဘယ်လို လုပ်မလား... “

’’ ဦးလေးတို့ ညှိနှိုင်းပေးနေတယ်...ငါ့တူတို့ကလည်း ရန်ကုန်ကလာတာမလား၊ဆိုတော့ .... ‘’

ညှိပေးနေတဲ့ ဦးလေးကြီးစကားကို ဆုံးအောင် နားမထောင်ဘဲ မြတ်ဘုန်းက…

’’ ဘာလဲ ဒီနယ်က မဟုတ်လို့ လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ သဘောလား....ဒါမျိုးမရဘူး နော် ကျနော့် တရားရုံးထိ တိုင်မှာ... ‘’

ထိုအခါ မြတ်မင်းဆိုတဲ့ လူက…

’’ ငါ့ညီ အကို ထပ်တောင်းပန်ပါတယ် ဒီက ညီကိုလည်း ဒီကလေးကိုယ်စား တောင်းပန်ပါတယ် ဆေးကုစရိတ်ကို အကိုပေးပါမယ် နောက်ပြီး ညီလေးတို့ တည့်တဲ့အိမ်က လူကြီးတွေကိုလည်း အကို လိုက်တောင်းပန်ပါမယ်...’’

‘’ ဘာကိစ္စ လူကြီးတွေထိ ပါလာတာလဲ  တည့်တဲ့အိမ်လည်း လာစရာ မလိုဘူး။ကစားပွဲမှာ ဖြစ်တဲ့ ရန်ပွဲကို ကစားပွဲမှာဘဲ ရှင်းပေါ့၊နောက် ဆေးဖိုးလည်း ကျနော့်တို့ တက်နိုင်တယ်... ‘’

’’ အကိုပြောခြင်းတာ အဲအဓိပ္ပါယ် မဟုတ်ဘူး...’’

’’ ဘယ် အဓိပ္ပါယ်ဘဲ ဖြစ်... ‘’

‘’ဟျောင့် မြတ်ဘုန်း..... ‘’

မြတ်ဘုန်းတောင် စကားဆုံးအောင်မပြောလိုက်ရဘူး ဒယ်ဒီနဲ့ ဦးလေးခင်အောင်တို့ လိုက်လာလေ၏ ဒယ်ဒီ နဲ့ ဦးလေးက တဖက်လူကြီးတွေနဲ့စကားပြောဆိုညှိနှိုင်းပြီး နှစ်ဦး နှစ်ဖက် နစ်နာကြေးမပေးရဘဲ ကျေအေး လိုက်ကြ၏ ဟိုမြတ်မင်းဆိုတဲ့ အကောင်ကလည်း ဦးလေးခင်အောင်ကို.လေးလေး လေးလေးနဲ့ နွားပြောကြီးအောက်သွားမရှိသကဲ့သို့ဖြစ်နေ၏

[ တောက်..ငါ ဟိုကောင်ကို မထိုးဘဲ ဒီနွားကို အသေထိုးရမှာ ]
မြတ်ဘုန်း စိတ်ထဲက ကြိမ်းဝါးရင်း အိမ်ပြန်လာခဲ့ရာ၊အိမ်အပြန် လမ်းတလျှောက် .ဒယ်ဒီက ဆေးခန်းဝင်ပို့ပေးပြီး အပြန်တောက်လျှောက် ဆူနေတာကို တော်တော် ခံလိုက်ရလေသည်.....အိမ်ရောက်တော့ မာမီ,ဖွားမေ,အန်တီဖြူ,ယုယခင်, သူမလေးတို့ အားလုံး သူတို့ကို စိတ်ပူစွာနဲ့စောင့်နေ၏အန်တီဖြူက ကိုဟိန်းကို........

’’ ကိုဟိန်း ဘယ်လို့ဖြစ်ရတာလဲ၊မင်းနဲ့ကွယ် ဧည့်သည်တွေ ခေါ်သွားပြီး ရန်ဖြစ်ရတာလို့  ကြည့်ပါအုန်း၊သားကိုဘုန်းမျက်နှာမှာ ဒဏ်ရာတွေနဲ့ ..’’

မေမေစကားကြောင့် ငွေ သူတို့မျက်နှာကြည်လိုက်တော့ ကိုဘုန်းတယောက်ဘဲ မျက်နှာမှာ ဒဏ်ရာနဲ့ကိုဖြိုးကတော့ ခြေထောက်မှာ ပတ်တီးနဲ့ မျက်နှာမှာ ဘာဒဏ်ရာမှာမရှိ...ကိုရန်နိုင်နဲ့ ကိုအောင်ထွန်းလည်း ဘာဒဏ်ရာမှာ မရှိပေ၊

’’ ကျတော်တိုက အချင်းချင်းဘဲရန်ဖြစ်တာ၊ကိုဘုန်းက ကိုဖြိုးခြေထောက် ထိလို့ မင်းထွန်းကို ထိုးလိုက်တာ၊အဲမှာထပ်ပြီး ရန်ဖြစ်တာ အန်တီဖြူ ...’’

’’ ငါ့သားကတော့လေ ..ရောက်တဲ့နေရာကို ရန်ဖြစ်လိုက်ရမှာ .... ‘’

’’ မင်းသားအကြောင်း မင်းသိပြီးမလား ... အားလုံး အိမ်ထဲသွားရအောင်၊ဒီကောင်ကို ထားလိုက် ဒီလောက်ကတော့ ဘာမှာမဖြစ်ဘူး ၊ ဒူပေဒါပေ ခံပြီးသား ဒီကောင်က ..ဒေါ်ဒေါ်မေရော အဖေရော ထမင်း ဆာ ရောပေါ့ ထမင်းစားကြရအောင်.... ‘’

အန်တီဖြူက ..

‘’ ဟုတ်ပါ့ ထမင်းဆာကြရောပေါ့ ထမင်းပြင်ပေးမယ် ခဏနော်၊ယုယ ထမင်း သွားပြင်ရအောင်၊ ကိုဟိန်းလည်း ဒီမှာထမင်းစားသွားလိုက်၊ နင်အဖေ မင်းမျက်နှာ မြင်ရင် မင်းကို ထပ်ရိုက်နေအုန်းမယ်၊ညနေမှာမင်းမမငွေကို အိမ်လိုက်ပို့ ခိုင်းလိုက် ကြားလား... ‘’

‘’ ဟုတ်အန်တီဖြူ .... ‘’

အိမ်ထဲ အားလုံးထမင်းစားဖို့ ဝင်သွားကြ၏ အပြင်တွင် မြတ်ဘုန်းတို့ သူငယ်ချင်းတစ်စုရယ် ကိုဟိန်းရယ် ငွေရယ် ကျန်ခဲ့၏ ငွေက ကိုဟိန်းကို...

’’ ကိုဟိန်း ရန်ဖြစ်တယ်ဆိုတာ၊ လူမိုက်အလုပ်တွေနော်၊ နောက်မတွေ့မဲ့ လူတွေ့ကြလို့ အချင်းချင်းသည်းခံမှာပေါ့ ..... “

’’ ငွေက ကိုယ့်ကို လူမိုက်လို့ ပြောတာလား၊ကိုယ့်လူမိုက်လား လူလိမ္မာလား သိချင်ရင် ကိုယ့်နဲ့ ပေါင်းကြည့်ကြမလား.... ‘’

’’ဟမ်း... ရှင့်ကို ငွေ ဘာမှာမပြောဘူး ငွေမောင်လေးကို ငွေဆုံးမနေတာ၊
နောက်ပြီး တခါတည်းပြောထားရအုန်းမယ်၊ကျမက တသက်လုံး အပျိုကြီး လုပ်မှာ .... ‘’

’’ ဟင်း ... ဟင်း ကိုယ့်ဘာပြောလို့လည်း၊ကိုယ့်နဲ့မိတ်ဆွေဖြစ်ကြည့်လို့ ပြောတာ အဲမှာ လိမ္မာလား မိုက်လား သိမှာပေါ့ ၊နောက်ဘာဖြစ်မလဲ မသိတော့ အပြော မစောနဲ့အုန်းပေါ့နော်.... ‘’

ငွေ သူကို မျက်စောင်းထိုးပစ်လိုက်၏ ဒီလူ ဘယ်လို့ လူပါလိမ့်..ဒီလူ အပြုအမူတွေက ငွေစိတ်ကို သို့လောသို့လော တွေးမိစေသော်ကြောင့် ငွေတခါတည်း ငွေသဘောထားကို ပြောပြလိုက်တာပါ..နောက် မိန်းကလေးတွေရဲ့ ဆဌမ အာရုံအရ လူတယောက် ကိုအပေါ် ရိုးသားလားမရိုးသားလား သိနိုင်ကြတာ မလို့လဲ ပါပါတယ်၊ ငွေ ဒီလူနဲ့ ယုယု ကိစ္စကို မိဘတွေရော ၊ယုယုနဲ့ပါ ဆွေးနွေးဖို့ လိုပြီးဖြစ်သည်၊ ငွေ ဒီလူနဲ့ ထပ်ရှိနေရင် သူ့ရဲ့ အနှောက်အသွား မလွှတ် စကားတွေ ထပ်ကြားနေရမှာဆို့လို၊ ငွေ ကိုဟိန်းကို ခေါ်ကာ ခြံဘက်သို့ ထွက်လာခဲ့လိုက် လေတော့သည်။
-
-
-
-

-
နောက် ၂ ရက်ကြာပြီးနောက်...

ဒီနေ့ ဖိုးဖိုးဒီပရယ်,မြတ်ဘုန်းဒယ်ဒီနဲ့မာမီရယ်..ဖိုးဖိုးသူငယ်ချင်းရှိတဲ့ရွာကို အလှူဖိတ်ရန် ရန်နိုင်ကိုခေါ်၍ သွားကြ၏ မြတ်ဘုန်းတို့လည်း နေ့လည်စာ စားပြီး ကိုဟိန်းကိုခေါ်ကာ လက်ဖက်ရည်ဆိုင် သို့ ထွက်သွားလေကြ၏

ငွေတို့မိသားစုလေး အိမ်အဖီးလေးမှာ ထိုင်ကာ လက်ပံပွင့်သုတ် စားကာ စကားထိုင် ပြောနေကြ၏ ယုယက အလှူကြရင်း ခွင့်ထပ်ယူမှာမလို့ အခုရက် ကျောင်းပြန်တက် နေ၏

‘’ မေမေ ငွေတခုပြောချင်လို့ ကိုမြတ်ဘုန်းနဲ့ ယုယုက မဖြစ်မနေ ယူရမယ် အဲလို့လား ‘’

‘’ အင်း...အဲလို့ဘဲလို့တော့ ပြောလို့ရတယ်၊ အလှူပြီးမှာ ဒီကိစ္စကို ပြောဆိုကြမှာ သမီးရဲ့  ယုယုကို မေးကြည့်တော့ သူမှာ ရည်းစားမရှိဘူးတဲ့ ကောင်လေးဘက်က ရည်းစား ဘာညာ ရှိရင်တော့ တမျိုးပေါ့၊ရွာထိ လိုက်လာပုံ ထောက်တော့ ရည်းစားမရှိဘူးနဲ့ တူတယ်... ‘’

’’ ကောင်လေးကြည့်ရတယ် ခပ်ခပ်ဆိုးဆိုးပုံစံဘဲ ဟိုနေ့ကဘဲကြည့် လူကြီးတွေ ဖြန့်ဖြေးပေးနေတာကို ထပ်ထိုးတယ်တဲ့၊ ငါကို ဟိုဘက်အုပ်စုက လူကြီးတွေ တိုင်လိုက်တယ်၊ငါတို့ သမီးနဲ့ ဖြစ်ပါလားဖြူရယ်... သေချာ လေ့လာကြပါအုန်း အမေကတော့ သူယောကျာ်းဆန္ဒ ဆိုတော့ ဖြစ်စေချင်မှာပေါ့လေ ..............’’’

’’ ကောင်လေးက ရန်ဖြစ်တက်ပေမဲ့ သူအဖေအလုပ်တောင် ဝင်မလုပ်ဘဲ၊ကိုယ်ပိုင်စီးပွါးရေးလုပ်တယ်တဲ့၊ စီးပွါးရေးလည်း အဆင်ပြေတယ်၊ နိုင်ငံခြားမှာ ကျောင်းတက်တုန်းကလည်း အိမ်က တနှစ်လောက်ဘဲ ထောက်ပံရပြီး ဘွဲ့ရတဲ့အထိ သူကျောင်းစရိတ် သူရှာပြီး ဘွဲ့ယူခဲ့တာတဲ့ သူကို ထိန်းသိမ်း ပေမဲ့ သူရှိရင် ဒီလောက်မဆိုးဘူးလို့ ကျမ ထင်တယ်... ‘’

’’ ငွေသဘောကတော့ သေသေချာချာ မေးမြန်ကြပြီး ရှေ့ဆက်ကြတာ ကောင်းတယ်လို့ ထင်တယ်.၊စီးပွါးရှာနိုင်တယ် တခုထဲနဲ့တော့ မဆုံးဖြတ်စေချင်ဘူး၊အိမ်ထောင်တခုမှာ ကိုယ်ကို့ ချစ်ဖို့ သစ္စာရှိဖို့လည်း လိုတယ်လေ၊ကိုယ်ကို့ ပိုက်ဆံဘဲ အပ်နေပြီး ပွေနေ ရှုပ်နေရင် ဘာလုပ်မှာလဲ,၊ပိုက်ဆံ တော့ ရှိပါရဲ့ နေ့တိုင်း မျက်ရည်နဲ့မျက်ခွက် ဖြစ်နေလိမ့်မည်.... “

’’ အမယ် ငါ့သမီးလေးတောင် အိမ်ထောင်အကြောင်းတွေ ပြောလို့ပါလား၊ ငါ့ သမီးလေးကို လည်း မေမေက အိမ်ထောင်ပြုစေချင်တယ်၊မေမေတို့ မရှိတော့ရင်း ငါ့သမီးလေး တယောက်တည်း ကျန်ခဲ့မှာကို မဖြစ်စေချင်ဘူး၊တကိုယ်တည်းလည်း မဖြတ်သန်းစေချင်ဘူး... "

’’ မင်းကလည်းကွာ ငါက ငါ့သမီးကြီးကို ဘယ်သူနဲ့မှာ သဘောမတူဘူး၊ ဟိုအရင်ကတည်းက လာကြောင်းလမ်းတာတွေကိုလည်း၊ငါမှာ မတက်သာလို့ လက်ခံနေရတာ၊နောက်ပိုင်း ဖြစ်လာတဲ့ ကိစ္စတွေလည်း ငါ ကျေနပ်တယ်၊အဲ့မှာ ငါ့သမီးလေး ငါတို့နဲ့ တသက်လုံး နေရမှာ ... နိမိုဆို ဆိုင်သာဆိုင် မပိုင် ဖြစ်ရတယ်၊ဟော အိမ်ထောင်ပြုသွားပါပြီရဲ့  တမြို့တရွာကို ငါသမီးလေးက လိုက်သွားရမယ် ၊အဲကြ ငါ့သမီးလေးကို နေ့တိုင်း မမြင်ရတော့ဘူး၊အခုဆို ငါ့သမီးလေးကို နေ့တိုင်း မြင်ရတွေ့ရတယ်၊ငါသမီးလေး ချက်ကျွေး တာ စားရတယ်၊ငါသမီး နင်းနှိပ် ပြုစုတာတွေ ခံရတယ်၊ဘယ်လောက် ကံကောင်းလိုက်လဲ  နော် သမီးရာ .... ‘’

ဖေဖေက အဲလို့ပြောတော့ ငွေက ဖေဖေလက်မောင်းလေးကို ဖက်ပြီးခေါင်း လေး တင်လိုက်ကာ....

’’ ဒါပေါ့ ဖေဖေရဲ့ သမီးက တသက်လုံး အပျိုကြီးလုပ်ပြီး ပြုစုပေးမယ်နော်..’’

’’ အမလေးဟဲ့.... အဖေချစ် သမီးလေးပါနော်....’’

‘’ဟား ...ဟား ...ဟား ‘’

‘’ဟင်း ...ဟင်း ...ဟင်း ‘’

ဟင်းးး ကိုခင်အောင်နဲ့တော့ ခက်ပါတယ်.. ဖြူသမီးတွေကို မချစ်လို့ မဟုတ်ဘဲ   ဖြူတို့ မရှိရင်း သမီးတယောက်တည်း ဖြစ်မှာကို တကယ်စိတ်ပူ၏ မိန်းမ တယောက်တည်း ရပ်တည်ဖို့ဆိုတာ လွယ်တာမှာ မဟုတ်တာကို....အဖေချစ် သမီးနဲ့ သမီးချစ် အဖေနဲ့ ကတော့ ဟုတ်တော့ ဟုတ်နေပြီး....

ကိုခင်အောင် သမီးကြီးငွေကို သိပ်ချစ်သည်။ အိမ်ထောင်ကျပြီး ပထမ ကိုယ်ဝန် ပျက်ကျကာ နောက်ကလေး တော်တော်နဲ့ ထပ်မရပေ၊နောက်၂နှစ်လောက်နေမှာ ကိုယ်ဝန် ရ၏ ၊ကိုယ်ဝန်ရှိနေမှန်းလည်းသိရော ရွာလုံးကျွတ် ခေါ်ကာ ထမင်းကျွေး၏ ၊မွေးလာတော့ သမီးလေးဖြစ်ကာ ကလေးလာကြည့်သူများက အဖေတူသမီးလေးဆို၍ ထမင်းထပ်ကျွေး၏၊သမီးလေးကို ဖြူ တစ်နှစ်ကျော်ထိသာ ဖြူထိန်းရပြီး နောက်ပိုင်း သူအဖေဘဲ တောက်လျှောက်ထိန်းကာ သမီးကို နာမည်ပေးတော့လည်း သူနာမည် ပါအောင် ထည့်မှည့်၏ မူကြို့တက်တော့ အဖေနဲ့ သမီး စတွေ့ရော သမီးက ကျောင်း ပို့ရင်းငိုလို့ သူ့က ကျောင်းမထားတော့ဘူးလုပ်ရော ၊ ဖြူရော မေမေရော မနည်းဝိုင်ပြောလိုက်ရသည်။

ယုယုကိုယ်ဝန်ကြ သမီးကြီးကိုယ်ဝန်လောက် သဲသဲမလှုပ်တော့ပေ ၊လင်မယားနှစ်‌ယောက်လုံးက စီးပွါးရေး မဲလုပ်နေချိန် ဖြစ်လို့ ယုယုကို ဖိုးဖိုးအဖွားနဲ့သာ ထားရသည်။ယုယုကိုယ်တိုင်ကလည်း ဖိုးဖိုးအဖွားကို  ပိုကပ်၏ ရွာမှာက အထက်တန်းထိ ကျောင်းရှိသော်ကြောင့် အထက်တန်းထိ ပြသာနာမရှိပေ.ဒါတောင် အလုပ်လုပ်အားရင်း အားသလို သမီးတွေကို ကြိုပို့လုပ်သေးသည်၊ သမီးအထက်တန်းရောက်မှာ ဆိုင်ကယ် ဝယ်ပေးကာကျောင်းသွားစေ၏ သမီး‌ငွေတက္ကသိုလ်တက်တော့ မြို့မှာ အဆောင်ထားကာ ကျောင်းတက်စေသည်။သမီး‌ငွေကို တလတခါ သွားသွားတွေ့ရတာ သူမှာ အမော...သူသမီး ဒုတိယနှစ်ကျောင်းမတက်တော့ သူမှာပျော်မဆုံး...

သမီးကြီးက တသက်လုံး အပျိုကြီးလုပ်မယ်များ ပြောရင်း သူမှာ ပျော်မဆုံး ရှိသမျှ သွားဖြီးပြီး သဘောတွေကြနေသူဖြစ်၏၊ နေမကောင်းရင်း သမီးပြုတ် ပေးတဲ့ ဆန်ပြုတ်မှာသောက်သူ ညဘက် အကြောပြေ ဆေးလိမ်းပေးရင်း သူသမီးလိမ်းတဲ့ဆေးမှာ သက်သာတယ် ထင်သူ တလက်ကိုင်လေ ....သူသမီးကို သဲသဲလှုပ်လှုပ်ပုံကို ပြောမပြောချင်တော့ပေ....

ငွေတို့ မိသားစု စကားကောင်းနေတုန်း အိမ်ရှေ့တံခါး ကနေ တယောက်ယောက် ပြန်ထွက်သွားတာကို သူတို့အားလုံး မသိလိုက်ကြပါ...

**************** ****************** *************** 
အပိုင်း(၈) ဆက်ရန်

စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်‌များ‌ကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....

#With Love
#Author:Pann Mohn
#ပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်


You are reading the story above: TeenFic.Net