ငွေတို့ အိမ်မှာ သမီးလေးတွေကို သီးသန့် အခန်းလေးထားပေမဲ့ ညအိပ်ချိန် တော့ ငွေတို့အခန်းမှာ ထားသိပ်လေသည်... နေ့ခင်းကြရင် သူနာပြု အကူ လေး တယောက်ခေါ်ထားကာ ကူကြည့်ပေးလေသည်... ညဘက်ကြရင်း တော့ မောင်က ကူကြည့်ပေးရသည်... မောင်က နောက်နေ့ ညဘက်ကိုလည်း သူနာပြုအကူ ထပ်ခေါ်ခိုင်းပေမဲ့ ငွေသည်လဲ သမီးလေးတွေ နည်းနည်းကြီး မှာသာ ခေါ်ချင်တော့သည်.... ၆လလောက်ထိတော့ သမီးလေးတွေကို ညဘက် သူများနဲ့မထားချင်ပေ....
အခု နေ့ခင်းဘက် သမီးတွေကို အောက်ထပ် ဧည့်ခန်းထဲမှာ ပုခက်လေးတွေ ကိုယ်စီနဲ့ထားထားလေသည်.... ငွေဆေးရုံးဆင်းပြီး နောက်ရက် အိမ်သို့ ကိုအောင်ထွန်း၊ ကိုဖြိုးသုတနဲ့ ကိုရန်နိုင်တို့ ရောက်လာလေသည်...ကိုရန်နိုင်က မောင့်ကို တွေ့တာနဲ့ .....
‘’ ဟျောင့်... ခမည်းခမက် ငါ့ချွေးမလေးတွေ ရော....’’
‘’ –ီးကို ခမည်းခမက်လား ... မင်းက ဘယ်လို့ကနေ ဘယ်လို့ ရောက်လာတာ လဲ....’’
‘’ ငါ့ချွေးမလေးတွေ မွေးတယ်ဆို့လို့ ငါ့လာကြည့်တာလေ... ဟား ဟား..’’
ကိုရန်နိုင်စကားကြောင့် မောင့်မျက်နှာအီလည်လည် ဖြစ်နေသည့်ကို ကိုအောင်ထွန်းက...
‘’ ဟျောင့်!!!.. မြတ်ဘုန်း...အခု မင်းစာနာတတ်ပြီးလား... ငါ့ကို စ,ထားသမျှ....’’
‘’ အေးပါကွာ.... ကဲ ပြော မင်းက ရန်ကုန်ဘာလာလုပ်တာလဲ.... ကလေးနဲ့ မိန်းမရောပါလာတာလား...’’
‘’ မိန်းမနဲ့ကလေးတွေက နယ်မှာ မပါပါဘူး.... ငါ့က ရန်ကုန်ကို ဆေးခန်းကိစ္စနဲ့ လာတာ...ဒီရောက်တော့ ငွေမွေးပြီးဆို့လို့ လာကြည့်တာ... ငွေ နေကောင်းတယ်နော်.... ဒီမှာ ကလေးတွေအတွက် လက်ဆောင်တွေ....’’
‘’ ဟုတ်... ကောင်းပါတယ်.... ကိုရန်နိုင်ရော နေကောင်းတယ်နော် ၊ကလေးအတွက် လက်ဆောာင်ပေးလို့ ကျေးဇူးပါနော်.....ကိုဖြိုးနဲ့ ကိုအောင်ထွန်းရောဘဲ ကျေးဇူးပါနော့် ....’’
‘’ ကောင်းတယ်... ပြစမ်းပါအုန်း ငါ့ချွေးမလေးတွေကို...’’
‘’ဟျောင့်!!!... မင်း ချွေးမ,ချွေးမနဲ့ခေါ်နေတာ တော်လောက်ပြီးနော်...’’
‘’ ဟား ... ဟား.... ဟား....’’
‘’ ဟား ... ဟား.... ဟား....’’
‘’ ဟား ... ဟား.... ဟား.... မင်းအလှည့်ကြ ဖြစ်နေလိုက်တာ မြတ်ဘုန်းရာ...’’
‘’တော်ပြီကွာ... လမ်းထိပ်လက်ဖက်ရည်ဆိုင် သွားကြရအောင်...’’
မောင့်ကို ဝိုင်း စ,နေကြတာက ငွေက ပြုံး၍ သာနေလေသည်...မောင်တို့ သူ့ငယ်ချင်းတစု ထွက်သွားကြတော့ ကြီးကြီးသန်း,စိုးစိုးနှင့် ငွေသမီးလေးတွေကို ကြည့်ကူပေးနေတဲ့ သူနာပြုဆရာမလေးတွေ ရယ်၍သာ ကျန်ခဲ့တော့သည်...
-
-
-
-
-
‘’ ငွေရေ... ဧက ချွေးမလေးတွေကို ပြပါအုန်း...’’
သည့်နေ့ ဧက က သမီးတွေကို လာကြည့်ချင်း ဖြစ်သည်... ဧက က လူတောင် အိမ်ထဲမရောက်သေး အိမ်ပေါက်ကနေ ငွေကို လှမ်းအော်နေပြီ ဖြစ်သည်...မောင်က သူ့သမီးလေးတွေကို ငွေညစ်ပေးထားတဲ့ နို့ဘူးလေးတွေကို တိုက်နေခြင်း ဖြစ်သည်.... မောင်က ဧက အသံကြားတာနဲ့ မောင့်မျက်နှာက စူပုတ်နေပြီး ဖြစ် လေသည်....
‘’ လာ...လာ... ဧက .... တယောက်တည်းလား...’’
‘’ အွန်း.. သားတွေကို ကျောင်းပို့ရင်း အပြန်ဝင်လာခဲ့တာ.. ဒါက ချွေးမလေး တွေအတွက် ၊ ဒါက ငွေတို့ စားဖို့ ဖက်ထုတ်ကြော် ဝယ်ခဲ့တာ...’’
‘’ ကျေးဇူးဧက .... ထိုင်အုန်း သမီးတွေ နို့ဗူးစို့နေတုန်း...’’
မောင်က ရုပ်တည်ကြီးနဲ့မလို့ ဧကကို အားနာစွာ ထိုင်ဖို့ ခေါ်နေပေမဲ့ ဧက က သမီးတွေ အနားသွားကာ....
‘’ အမယ်လေး ချစ်စရာ ဝက်ပေါက်ကလေးတွေပါလား..... ဝတုတ်နေတာဘဲ ငွေ ရယ်... ဘယ်လောက်တောင် နို့တွေ စို့ထားကြတာလဲ... ငွေ သိလား ဧက က သမီး မိန်းကလေးအရမ်းလိုချင်တာ.... အမေနဲ့ သမီး အပြိုင်လန်းရအောင် လို့လေ. .. ဒါပေမဲ့ သားကြည့်ဘဲ နှစ်ကောင်ထွက်လာတော့တယ်.... ထပ်မွေးလို့လဲ မရတော့ဘူး.. ငွေနဲ့ မဖြစ်မနေကို ခမည်းခမက်တော်အုန်းမယ်..
‘’ ငွေ !!! !!..’’
‘’ အမယ်လေး!!!...’’
ဧကတောင် လန့်အော်လေသည်... ဧက ကို မောင် မျက်ထောင့်နီနဲ့ ကြည့်နေ တာ ဧက က မသိပေ....
‘’ ဆရာမရော!!... ကလေးတွေ အိပ်ချင်ရောပေါ့ သိပ်လိုက်တော့လေ....’’
‘’ ဆရာမက ခုနကမှာ ထမင်း သွားစားနေတာ....’’
မောင်က ငွေကို မှုန့်ကုတ်ကုတ်လှမ်းကြည့်ရင်း... သူ့သမီးတွေကို တယောက် တဖက်ချီကာ... အပေါ်ထပ်က သူ့သမီးတွေ အခန်းကို ချီသွားလေသည်...
အားနေ... ဘယ်လောက်မှာ မရသေးတဲ့ သမီးတွေကိုဘဲ လာလာခလုတ် တိုက် နေကြတယ်... ခမည်းခမက်ဆိုတာလဲ သားယောကျာ်းလေးတွေ မွေးထားတိုင်း ခေါ်စရာလား... အမေနဲ့ သမီးတွေကိုတောင် အပြိုင်လန်းခိုင်းနေသေး တယ်.. သေချာပေါက် ငွေကို မြှောက်ပေးအုန်းမယ်... အရိပ် ၃ပါးလည်း နားမလည်ဘူး… .ဒယ်ဒီက ဒယ်ဒီသမီးတွေအတွက် ယောကျာ်းကို ဒယ်ဒီ သေချာ အကဲခတ်ပြီးမှာကို ရွေးပေးစားမယ်နော်.. သမီးတို့
‘’ ငွေ... ရှင့် လင်တော်မောင် ဘာဖြစ်သွားတာတုန်း.....’’
‘’ ဂျေ ကိုက်သွားတာ...’’
‘’ ဟမ်းးးးး....’’
-
-
-
-
-
သမီးလေးတွေ အိပ်တုန်း ငွေ ဧည့်ခန်းမှာ ထိုင်ကာ TV ကြည့်နေ၏ ထိုအချစ် ငွေဖုန်း ဝင်လာတော့ ကြည့်လိုက်တော့ မစန္ဒီဇော် ဖုန်းဖြစ်နေသည်။ ငွေ ကိုင်လိုက်တော့
‘’ ဟယ်လို... တီတီငွေ.... မီးမီးက သီရိပါရှင့်...’’
‘’ ဟုတ်ကဲ့ပါ သမီးရေ ၊ တီတီငွေပါ.၊ပြောပါရှင့်...’’
‘’ တီတီ မီးမီး စွမ်းနဲ့ စကားပြောချင်လို့ပါ....’’
‘’ အွန်း....ခဏကိုင်ထားနော် ၊သမီးလေး တီတီ ခေါ်ပေးပါမယ်...’’
‘’ ဟုတ်...’’
‘’ သားသားရေ ဒီမှာ ဖုန်းလာပြောလိုက်အုန်း ၊ သီရိလေး ... သား...’’
သားသားက သူ့အဖေနဲ့ LEGO အရုပ်ဆက်နေရာမှာ ထကာ ဖုန်းလာကိုင်လေ၏
‘’ ဟယ်လို... သီရိ... ပြော...’’
‘’ ........... ............ ............... ‘’
‘’ အွန်း....’’
‘’ ........... ............ ............... ‘’
‘’ အင်း..’’
‘’ ........... ................. ‘’
‘’ အင်း ဒယ်ဒီတို့ကို ပြောလိုက်အုန်းမယ်....’’
‘’ ........... ............ ....... ‘’
သားက သူ့သူငယ်ချင်းမနဲ့ဘာတွေ ပြောနေလဲ မသိ... အင်း..အွန်း ...နဲ့သာ..
‘’ ဒါဆို.. စွမ်း ၊ ဖုန်းချလိုက်တော့မယ် သီရိ.. တာ့ တာ့..’’
ဖုန်းချပြီး ၊ ငွေအား ဖုန်းလာပြန်ပေးရင်း ၊ကျေးဇူးပါမာမီ ဟုပြောကာ သူ့အဖေအား...
‘’ ဒယ်ဒီ လာမဲ့ တနင်္ဂနွေကျရင် သီရိတို့က သူ့တို့ မှော်ဘီခြံထဲ သွားမလို့တဲ့ သားကို ခေါ်နေတယ်... သူ့ထက်ထူးရော လိုက်မယ်လို့ပြောတယ်... သား လိုက်သွားရမလားဟင်..’’
‘’ သားက ဒယ်ဒီ,မာမီ မပါဘဲနဲ့ တယောက်တည်းလိုက် သွားဖို့ အဆင်ပြေ လား... သားကိုယ် သားရော အန္တရယ် မဖြစ်အောင် နေနိုင်လား...’’
‘’ ဟုတ်... သားသား သွားဖို့ အဆင်ပြေပါတယ်....’’
‘’ အိုကေ.. ဒါဆို သားဘာသာ သား လိုက်သွားလိုက်နော်... ဒယ်ဒီမှာထားတာ တွေလည်း မမေ့နဲ့နော်.....’’
‘’ ဟုတ်ကဲ့ ဒယ်ဒီ... သား သီရိကို ဖုန်းပြန်ဆက်လိုက်အုန်းမယ်နော့်.... မာမီ သားကို ဖုန်းခဏဌားပါ....’’
‘’ အေးအေး သား...ရော့..’’
သားက သူ့ဘာသာ သူဖုန်းဖွင့်ကာ သီရိကို ဖုန်းဆက်ပြီး သူ့လိုက်မဲ့အကြောင်း ပြောနေလေ၏ ခဏနေ ငွေကို ဖုန်းပြန်လာပေးရင်း....
‘’ ဒယ်ဒီနဲ့မာမီ သား ရေသွားချိုးတော့မယ်.....ခဏနေ ပန်းချီတီချယ် လာတော့မှာမို....’’
‘’ အေးအေး သား, သားကို ကူပြင်ဆင်ပေးဖို့ မမပေါက်ပေါက်ကို ခေါ်သွားနော်....’’
‘’ ဟုတ် မာမီ...’’
သားက သူ့ဆော့ခဲ့တဲ့အရုပ်တွေကို ပုံထဲ ပြန်ထည့်သိမ်းနေလေသည်.. သားက အရွယ်နဲ့မလိုက် စည်းကမ်းရှိသလို... လိမ်လည်း လိမ်မာလေသည်.. သူ့အဖေ စည်းကမ်းတွေကိုလည်း တသွေ့မတမ်းလိုက်နာတတ်လေသည်... ပုခတ် ကိုယ်စီနဲ့ သမီးနှစ်ယောက်ကတော့ ဘယ်လို့လာမည်မသိ.. သားပစ္စည်းတွေ သိမ်းပြီး ရေချိုးရန်ထွက်သွားတော့...
‘’ မောင် သားကို တယောက်တည်း ထည့်လိုက်မလို့လား...’’
‘’ အွန်း.. သူဘာသာ သူရပ်တည်နိုင်အောင်လို့လေ... နိုမိုဆို မိဘကို အားကိုး နေလိမ့်မယ်..... ယောကျာ်းလေးဆိုတော့ နောက်ဆို့ ဦးဆောင်သူ လုပ်ရမယ်..သားကို တယောက်တည်း အခက်အခဲ ဖြစ်လာရင်းလည်း သူဘာသာ သူ ဖြေရှင်းနိုင်အောင် မောင့်တို မပါဘဲ ထည့်လိုက်တာပါ.... အောင်ထွန်းတို့က လည်း ကလေးတွေကို တာဝန်ယူခေါ်သွားရင် လက်လွှတ်စပယ်ထားမှာ မဟုတ်ပါဘူး.... မောင် နောက်မှာ အောင်ထွန်းကို သားမသိအောင် ဖုန်းဆက်ပြီး သေချာ မှာလိုက်ပါမယ်......’’
-
မောင်ဒယ်ဒီနဲ့ မာမီကတော့ ကလေးငိုသံကြားမှာ အိမ်ကျက်သရေတိုးသည် တဲ့လေ.... သမီးနှစ်ယောက်ကလဲ လည်သည်... မောင်ဒယ်ဒီနဲ့မာမီတို့ကို တွေ့လျှင် ချွဲတတ်လေသည်... မောင်ဒယ်ဒီနဲ့မာမီကလဲ သမီးနှစ်ယောက်ကို အသဲစွဲပင်... သားသားက သူတို့ကို သိပ်မကပ်တော့ သိပ်ကပ်တဲ့ မြေးမလေး တွေက သူ့တို့ အသဲစွဲပင်... မွေးထားတာလဲ သားနှစ်ယောက်...မြေးရလာပြန် တော့လည်း မြေး သားလေး ၃ယောက်ဆိုတော့ မြေးမလေးတွေမွေးတော့ သူတို့မှာ ချစ်မဝနိုင်ဖြစ်နေလေသည်.... အရင်တုန်းက စင်္ကာပူကို ခေါက်တုံ ခေါက်ပြန်သွားနေကြသလောက်.. မြေးမလေးတွေ ကြီးမှာ နှစ်နှစ်တခါ လောက်သာ သွားလည်ကြသည်... ဒါတောင် သူ့တို့သားကြီး ဇွတ်ခေါ်လို့ ပင်သမီးလေး တွေကို မာမီက သောကြာသမီးလေးတွေမို့ သမီးကြီးလေကို သဇင်ဘုန်းမော်, သမီးငယ်လေးကို သရဖီဘုန်းမော်လို့ နာမည် ပေးထားလေသည်...သားသားကိုလည် ညီမနှစ်ယောက်က နိုင်စားသည်... ဆံပင်စုပ်ဆွဲတာတို့ စာရေးနေရင်း စာအုပ်ကို ဆွဲယူတာတို့လုပ်တတ်သည်... ပြီးရင် သူ့တို့ မလုပ်သလို့ သားကို အပြိုင် အာဝါးလုပ်ကြသေးသည်...
-
-
-
-
-
ငွေ သား၊သမီးတွေနဲ့ မောင် စားဖို့ ပန်းသီး , သစ်တော်သီးကိုခွဲကာ အပေါ် ထပ်က သားအဖတွေရှိတဲ့ တီဗီကြည့်ဖို့ လုပ်ထားတဲ့အခန်းကို တက်လာခဲ့ လိုက်လေသည်.... တံခါးဖွင့်လိုက်တော့ အဖေနဲ့ သမီးနှစ်ယောက် TV မှာ Rose & Bruno Mars ရဲ့ ( APT ) ကို ဖွင့်ကာ ကနေကြလေသည်... သမီးသေးသေး လေးတွေက ဘယ်အချိန်ကတည်းက ဒီသီချင်းနဲ့ဖွင့်ကာ လေ့ကျင့်ထားသလဲ မသိ ... ဖင်လေးတွေ လှုပ်တုတ်လှုပ်တုတ်နဲ့ ကနေကြသည်.... ဒီ၂နှစ်ကျော် အရွယ် လေးနဲ့ လိုက်ကနိုင်တာ ငွေဖြင့် အံ့သြနေရ သည်... သမီးအကြီးက အလှအပ သီးချင်းတွေ စိတ်ဝင်စားသလို.... အငယ်လေးက ပန်းချီဆွဲတာ စိတ်ဝင်စားလေသည်.... သူတို့ စိတ်ဝင်စားတာမျိုးလုပ်နေရရင်း ဘာငိုသံမှာ မကြားရသလို.. ငြိမ်ငြိမ်ပြီး စိတ်ဝင်တစားလုပ်နေကြသည်... သားက သူ့ညီမ တွေနဲ့ သူ့အဖေ ကနေတာကို ကြည့်ပြီး ဖုန်းနဲ့မှတ်တမ်းတင်နေလေသည်..
မောင်က နောက်လှည့်ကြည်တော့ ငွေကို မြင်သွားကာ ငွေရှိရာ လျှောက် လာ လိုက်ပြီး ငွေပခုံးကို ဖက်ကာ သူ့ကလေးတွေကို ပြုံးကြည့်နေလေသည်...မောင်၏အချစ်သည် ... ငွေတို့ သားအမိအပေါ် ထာဝရတည်မည် ဟု ငွေယုံသလို... ငွေ၏အချစ်သည်လည်း မောင်နဲ့ ငွေရဲ့သားနဲ့သမီးတွေအပေါ် ထာဝရ တည်မည် ဖြစ်ပါကြောင်း..........
ပြီးပါပြီး။
အချစ်တွေ ထာဝရတည်မြဲနိုင်ပါစေလို့ ဆန္ဒပြုရင်း
#with Love
#နှင်းပန်းမိုရ်
#Hnin Pann Mohn
You are reading the story above: TeenFic.Net