အပိုင်း( ၃၂ )

Background color
Font
Font size
Line height


Viber ကနေ ထိုင်းကုတ်နံပါတ်နဲ့ ပို့လာတဲ့ ပုံတွေက... မောင်နဲ့ ဟန်သွယ်ဆု ကုတင်ပေါ်က ပုံတွေပင်..... ငွေ ပုံတွေကိုကြည့်ကာ မျက်ရည်ကျနေလေတော့သည်.....

‘’ တောက်!!!!....လုပ်ရက်လိုက်ကြတာ’’

ငွေစိတ်တိုသွားကာ မျက်ရည်တွေ အဆက်မပြတ် ကျလာသည့်ကို သုတ်ရင်း အခန်းထဲ ခေါက်တုံခေါက်ပြန် လမ်းလျှောက်နေကာ ဘာလုပ်ရမလဲ စဉ်းစားနေသည်... မနက် ၆နာရီထိုးတော့ ငွေ အောက်ထပ် မဆင်းပါ... ကိုယ်လက်သန့်စင် ငိုထားတွေကို မရိပ်မိအောင် ၊ ရေချိုး ခေါင်းပါလျှော်လိုက်ကာ၊ ၉နာရီကျော်လောက်ရောက်မှာ ၊ငွေ ဧကဆီ ဖုန်းဆက်လိုက်လေသည်...

‘’ ဟယ်လို ဧက ... ငွေပါ...’’

‘’ အွန်း…! ငွေ ပြော...’’

‘’ ဧက အိမ်မှာလား ဆိုင်မှာလား... ‘’

‘’  အိမ်မှာ ငွေ ၊ ဆိုင်ကို ခတ္တာကြည့်ပေးနေတယ်... ဘာဖြစ်လို့လဲငွေ ‘’

‘’ ငွေ ဧကဆီ လာမလို့... မေးကြည့်တာ..’’

‘’ ဆိုင် လာမလား၊ အိမ် လာမလား ငွေ.. အိမ်ဘဲ လာခဲ့လိုက်‌ ... အိမ်က လူနည်းတော့ စကားပြောရတာ ပိုကောင်းတယ်ရယ်...’’

“ အွန်း…ဒါဆို အိမ်ဘဲ လာခဲ့လိုက်မယ် ဧက... အခု ဖုန်းချလိုက်တော့မယ် နော်...’’

‘’ အွန်း ငွေ၊  ခဏနေ တွေ့မယ်...’’

ငွေ ရွာပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ပါပြီး... ဘာလို့ မောင် ငွေကို ပွင့်ပွင့်လင်းလင်း မပြောဘဲ အဲမိန်းမနဲ့ တွဲနေရတာလဲ ..မောင့်ကို ငွေ ပြောခဲ့သာဘဲ ငွေကို မလိုရင်း ငွေ လက်လွှတ်ပေးမယ်လို့...ကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ဖိသုတ်ရင်း ၊ လိုအပ်တဲ့ ပိုက်ဆံအချို့နဲ့ မှတ်ပုံတင် အဝတ်အစားနည်းနည်းကို အိတ်နည်းနည်း ကြီးကြီးထဲကိုထည့်လိုက်သည်.... အဝတ်အိတ်ကိုဆွဲကာ ငွေ အောက်ထပ် ဆင်းလာခဲ့လိုက်သည်.. အောက်ထပ်ရောက်တော့ မာမီ ဆိုင်မသွားသေးပေ... ငွေကို မြင်တော့ အံသြသလိုကြည့်နေသည်။ ဘာမှတော့ မမေးပေ....

‘’ သမီး ငွေ ..မနက်က ဆင်းမလားလို့ စိုးစိုးကို တက်ကြည့်ခိုင်းတော့ ရေချိုးနေတယ် ဆို့လို့ မာမီထပ်မခေါ်ခိုင်းလိုက်တာ ၊ သမီးဒယ်ဒီတောင် မာမီကို ဆိုင် မသွားခင် သမီး ဆင်းမလာရင်း တက်ကြဖို့ မှာသွားတယ်။ ဆိုင်သွားမလို့မလား ...ကားယူသွားမှာလား သမီး.......  ’’

‘’ ဟင့်အင်း…၊ ငွေ ကားမယူသွားဘူး မာမီ ၊ ငွေ ဆိုင်သွားမှာ မဟုတ်ဘူး... ဧကရီတို့ အိမ်သွားမလို့ .........’’

‘’ဟင် ...ဪ... အေး...အေး မာမီဝင်ပို့ပေးခဲ့မယ်လေ.. အိမ်လည်းနီးသားဘဲကို မာမီနဲ့ လိုက်ခဲ့...’’

‘’ ဟုတ် မာမီ...’’

မာမီက အံဩသလိုလေ ငွေကိုကြည့်ပြီး လိုက်ခဲ့ဖို့ခေါ်လေ၏ လူကြီးက ခေါ်တော့ ငွေမငြင်းသာ တော့ ပေ... မာမီကားနဲ့ ဧကတို့ အိမ် လိုက်ခဲ့ရလေသည်....

ကားပေါ်ရောက်တော့ မာမီက....

‘’ သမီးငွေ မြတ်ဘုန်း ဖုန်းဆက်ရဲ့လား...’’

‘’ အခုရက်ပိုင်းတော့ ငွေနဲ့ အဆက်အသွယ်မရဘူး မာမီ...’’

‘’ ဟယ်…!! ဒီကောင်လေး ဘာတွေ အလုပ်များလို့ အိမ်ကို ဖုန်းမဆက်ရတာလဲ... သမီးဆီ ဖုန်းဆက်ရင်း မာမီတို့ဆီ ဖုန်းဆက်ခိုင်းလိုက်အုန်းနော့် သမီး...’’

“ ဟုတ်...မာမီ..’’

လူကြီးတွေကို လိမ်ရတာလည်း  ငွေ အတွက် လိပ်ပြာမလုံချင်ပေ... ငွေ ရွာရောက်မှာ မာမီတို့ဆီ ဖုန်းဆက် အကျိုးအကြာင်းပြောပြကာ တောင်းပန်ရပေမည်....မာမီက ဧကတို့အိမ်ရှေ့ ငွေကို ချခဲ့ကာ သူ့ဆိုင်သို့ ထွက်သွားလေပြီ.... ငွေကို ဧကက သူ့အိမ်ရှေ့ ကနေ ထွက်စောင့်နေလေသည်...

အထုတ်ကြီးကြီးတထုတ်နဲ့ ဝင်လာသည့် ငွေကို ဧက ကြည့်ကာ ၊ အင်း ..တခုခုတော့ တခုခုဘဲဟု တွေးလိုက်လေသည်..

‘’ လာ ငွေ.... အိမ်ထဲ ဝင်...’’

‘’ ကိုမင်းလွင် အလုပ်သွားပြီးလား ၊ ကလေးတွေရော ကျောင်းသွားကြပြီလား ..’’

‘’ဦးလည်း အလုပ်သွားပြီး ၊ ကလေးတွေလည်း ကျောင်းသွားတယ် ၊ အေးဆေးဘဲ ငွေ လာထိုင် ..... ပြော ဘာဖြစ်သလဲ....’’

‘’ ငွေ ... ဟင့် ..ဟင့်.. ဟီး ...ဟီး...’’

ငွေ တင်းထားသမျှ စိတ်တို့ကို လျှော့ချလိုက်တော့ ဧကရှေ့မှာ ငိုချလိုက် မိတော့သည်..

‘’ ဟယ်.. ငွေရယ် ဘာဖြစ်လာတာလဲ ၊  ဘယ်သူ နဲ့ ဘာဖြစ်တာလဲ.. ခုနကလဲ ယောက္ခမဘဲ လိုက်ပို့တာမလား.... ဟင်… ငွေ၊  အားရအောင် ငိုလိုက်၊ ငွေ ပြီးမှာ ပြော...’’

ဧက က ငွေကျောကလေး ပုတ်ပေးကာ ငွေ ငိုပြီးတဲ့အထိ စောင့်ကာ ချော့နေ သည်... ငွေ အားရအောင် ငိုပြီး တစ်ရူး ယူကာ သုတ်လိုက်သည်...ဧက က ငွေကို ရေတခွက်လှမ်းပေးလိုက်တော့ ငွေယူကာ သောက်လိုက်ပြီးငွေဖုန်းကို ထုတ်ကာ ဖုန်းထဲက ပုံတွေကို ဧက အား ပြလိုက်သည်... ဧက က ယူကြည့် ပြီး....

‘’ ဟင်..!!!  ဒါတွေက ..... ငွေကို ဘယ်သူပို့တာလဲ..’’

‘’ ငွေ မသိဘူး ၊ နံပါတ်က နံပါတ်စိမ်း ထိုင်းကုတ်နံပါတ်ကြီးနဲ့ပို့လိုက်တာ.... ‘’

‘’ ကိုမြတ်ဘုန်းမော်ကို မေးကြည့်ပြီးပြီးလား ငွေ..’’

‘’ ဟင့်အင်း…၊  သူ့နဲ့ အဆက်သွယ်မရတာ မနေ့ကနဲ့ ဒီမနက်ထိဘဲ ... ဒီရက်အတွင်း သူဟာမနဲ့ ဖြစ်ပျက်နေကြတာနေမှာပေါ့.... ဟင့်....’’

‘’ ငွေကို ..ပုံပို့သူကတော့ ဟန်သွယ်ဆုဘဲနေမယ်... သူ့ဘဲ ငွေကို မုန်းတာလေ.. ဒါပေမဲ့ ဟန်သွယ်ဆုနဲ့ ကိုမြတ်ဘုန်းမော်က ယိုဒယားမှာလား.. ငွေပြောတော့ လားရှိုးမှာဆို ...’’

‘’ ငွေမသိဘူး ၊ မောင်..အဲ ကိုမြတ်ဘုန်းမော် ပြောတော့ သူ့လားရှိုးမှာဘဲ... သူနဲ့ ဆက်သွယ်မရလို့ သူ့မန်နေဂျာကို မေးကြည့်တော့ Hotel ပိုင်ရှင်သူဌေးနဲ့ ထိုင်းက ကွန်ဒိုကို လိုက်ကြည်တာတဲ့ ၊  နေ့ချင်းပြန်ဘဲ ဆိုပြီး လိုက်သွားတာ ငွေဖုန်းဆက်တဲ့အချိန်ထိ ပြန်ရောက်မလာသေးဘူးတဲ့...’’

‘’ ဒါဆို Hotel ပိုင်ရှင်သူဌေးက ဟန်သွယ်ဆုလား..’’

‘’ ငွေကို ပြောတော့ ဝမ်ပေါင်လျမ်း တဲ့ တရုတ်နာမည်ပါ.... အသက်လည်း ကြီးတဲ့ပုံဘဲ.. ဟန်သွယ်ဆုနဲ့ ဘယ်လို့ကနေ ဘယ်လို့ စပ်ဆက်နေလဲ ငွေမသိဘူး...’’

‘’ အင်း…၊ အေးလေ ငွေအနေနဲ့ကလဲ ကိုမြတ်ဘုန်းမော်ပြောသလောက်ဘဲ သိမှာပေါ့... ငွေမှာ သူ့ရှိတဲ့နေရာ မရောက်ဘူးတာကို.. ငွေကို ကိုမြတ်ဘုန်းမော်က ဟန်သွယ်ဆု အကြောင်း မဟဘူးပေါ့... ‘’

‘’ အင်း… လုံးဝကို တစွန်းတစတောင်မဟဘူး...’’

‘’ ဒါဖြင့်ငွေ ကိုမြတ်ဘုန်းမော် မန်နေဂျာကို ဟန်သွယ်ဆုအကြောင်း မေးကြည့်ရင်း ရော..... ဒါဆို ကိုမြတ်ဘုန်းမော် လိမ် မလိမ် ငွေသိရမှာဘဲမလား..’’

‘’ အင်း… ငွေဖုန်းဆက်ကြည့်လိုက်မယ်.... ထိုင်းကို ဘယ်နှစ်ယောက်သွားလဲ ဆိုပြီး...’’

‘’ အွန်း… ငွေ မေးကြည့်လိုက်...’’

ငွေ ကိုမြတ်ဘုန်းမော် မန်နေဂျာကို ဖုန်းဆက်လိုက်၏

‘’ ဟယ်လို… ကိုသန်းဇော် ငွေပါ... မောင် အယ်...ကိုမြတ်ဘုန်းမော်နဲ့ အဆက်သွယ် ရပြီ လား....’’

‘’ မရသေးဘူး အမ... ကျနော် ကြိုးစားဆက်သွယ်ကြည့်နေပါတယ် အမ၊  ရတာနဲ့ အကိုကို ပြောပြီး ၊ အမကို ဆက်သွယ်ဖို့ ပြောလိုက်ပါမယ်...’’

‘’ ဟုတ် .. ကိုသန်းဇော် ကိုမြတ်ဘုန်းမော်တို့ ယိုဒယားသွားတာ ဘယ်နှစ်ယောက်လဲ ဟင် ၊Hotel ပိုင်ရှင်အပြင် နောက်ဘယ်သူပါသေးလဲ...’’

‘’ ဟုတ် အမ ၊ သူ့စက်ကတ်ထရီ အမ ပါသေးတယ်... အဲ့အမကို ကျနော် ဖုန်းဆက် ကြည့် သေးတယ်.. အဲအမလည်း ဖုန်းမကိုင်ဘူး...’’

‘’ ဟုတ်လား…၊ ဒါနဲ့ အဲ့ စက်ကက်ထရီက ဟန်သွယ်ဆုလား....’’

‘’ ဟုတ်တယ်အမ...သူဘဲ..’’

‘’ ဟန်သွယ်ဆုက လားရှိုးရောက်နေတာ ကြာပြီလား .... အခုမှ ရောက်လာ တာလား.... ‘’

‘’ ကျနော်တို့ Hotel ပရော်ဂျက် စကတည်းက ၊ အဲ့အမ ရှိတယ်..’’

‘’ ဪ…!! ဒါဆို ငွေ ဖုန်းချလိုက်တော့မယ်၊ ကျေးဇူးနော် ကိုသန်းဇော် ၊ ကိုမြတ်ဘုန်းမော် ဖုန်းဆက်လာရင်းသာ သူ့အိမ်ကို ဖုန်းဆက်ခိုင်းလိုက်ပါ... ငွေ ဖုန်းချလိုက်တော့မယ် နော်... ‘’

‘’ ဟုတ် အမ..’’

ငွေ  ပြောပြီး ဖုန်းချလိုက်လေသည်... ဒါဆို မောင်က ငွေကို တလျှောက်လုံး ထပ် လိမ်ထားပြန်ပြီပေါ့.. ငွေမျက်ဝန်းဒေါင့်က မျက်ရည်စတွေကို ကျမလာအောင် ငွေ တစ်ရူးနဲ့ တို့ထိသုတ်လိုက်သည်....

‘’ ဟင်းးးး ငွေ ဘယ်လို့လုပ်ချင်လဲ.. ကိုမြတ်ဘုန်းမော်ကို စောင့်ပြီး သူ့ဖြေရှင်းချက်ကို နားထောင်မလား..’’

‘’ ဟင့်အင်း…ဟင့်အင်း …ငွေ သူ့ရဲ့ ဘာဖြေရှင်းချက်မှာ လက်ခံမပေးတော့ဘူး... ငွေ သူ့ကို ဟိုတခါကတည်းက ပြောပြီးသား ငွေကို ထပ်လိမ်ရင် ငွေ ခွင့်မလွှတ်တော့ဘူး လို့…  သူ့ထပ်လိမ်တဲ့အပြင် အခု ကွယ်ရာမှာတောင် ဖောက်ပြန်တဲ့ အဆင့်ရောက်နေ ပြီ... ဟင့်..ဟင့်....ဟီး… ဟီး....’’

‘’ ငွေရယ် တိတ်ပါ...အခု ငွေ ဘာလုပ်ချင်လဲ....’’

‘’ ငွေ... ငွေ ရွာပြန်တော့မယ်... ရွာရောက်မှာ သူ့ဆီကို ကွာရှင်းစာချုပ် ပို့ပေးလိုက်မယ် ...’’

‘’ အဲ့လောက်ထိ လုပ်မလို့လား.. အေးလေ ဒီပုံတွေ မြင်ရင် ဘယ်မိန်းမ မဆို ဒီလိုတော့ ဖြစ်မှာပါဘဲ... အခု ငွေ ရွာပြန်မဲ့အကြောင်း ငွေယောက္ခမကို ပြောခဲ့လား... ‘’

‘’ ဟင့်အင်း…မာမီတို့ကို ပြောရင်း ငွေကို တားကြမှာမို့လို့ ၊ ငွေရွာရောက်မှာ အကျိုးအကြောင်းပြောပြတော့မယ်လို့ စိတ်ကူးထားတာ....’’

‘’ အင်း.. ဧကလည်း ငွေကို ဘယ်လို့ အကြံပေးရမလဲ မသိဘူး... စိတ်ပြေ လက်ပျောက် ဖြစ်အောင်တော့ ရွာပြန်ပေါ့... ကွာရှင်းတာတော့ ငွေကို အလောသုံးဆယ်မလုပ်စေချင် ဘူး... ဘာဖြစ်လို့လဲဆိုတော့ ဧက တို့က တဖက်က ပို့လာတဲ့ ပုံကို ကြည့်ပြီး မှတ်ချက် ပြုရသလို ဖြစ်နေတယ်... ကိုမြတ်ဘုန်းမော်ရဲ့ ဖြေရှင်းချက်က ဘာမှန်းလဲ ဧက တို့ မသိရဘူးလေ..ကိုမြတ်ဘုန်းမော်က ငွေကို့ သိပ်ချစ်တာလည်း အသိသာကြီးကို...’’

‘’ သူ့ ငွေကို ချစ်ရင် ဟန်သွယ်ဆုနဲ့ အဲမှာ တွေ့နေကြောင်း ဘာလို့ ပွင့်ပွင့်လင်းလင်း မပြောပြလဲ... ဘာလို့ လိမ်ထားလဲ... အခု ဒီပုံတွေ့တော့မှာဘဲ သူ့တို့ နှစ်ယောက် အတူတူရှိနေတာ ကြာပြီဆိုတာ သိရတယ်... ထားလိုက်တော့။ ငွေတော့ ရွာကို ပြန်မယ််... သူနဲ့ ကွာရှင်းမယ်ဘဲ.. ငွေကို တခုကူညီပါ၊ ငွေ ဒီနေ့ မန်းလေးကို လေယာဉ်နဲ့ ပြန်ချင်လို့ ငွေကို လေယာဉ်လက်မှတ် စီစဉ် ပေးပါ.. ‘’

‘’ အင်းပါ.. ဦးကို လေယာဉ်လက်မှတ် လှမ်းမှာခိုင်းလိုက်မယ်... သူ့တူတွေက လေယာဉ် လက်မှတ် အေ့ဂျင့်တွေ လွယ်ပါတယ်.... မန်းလေးရောက်ရင် ငွေ ဘာနဲ့ရွာပြန်မလဲ...’’

‘’ မန်းလေးက အဒေါ်တွေဆီ ဝင်လည်ပြီးမှာ ရွာပြန်မယ်....’’

‘’ အင်း အင်း ဦးကို ဖုန်းဆက် မှာလိုက်အုန်းမယ်... ‘’

ဧက က သူ့အမျိုးသားနဲ့ဖုန်းဆက်ပြီး ငွေအတွက်လက်မှတ်မှာပေးသည်.. နောက် ဧကကဘဲ လေယာဉ်ကွင်းကို သူ့ကိုယ်တိုင် လိုက်ပို့ပေးသည်... ငွေကို လည်း စိတ်လိုက်မာန်ပါ မလုပ်လုပ်ဖို့ ဧက က တတွတ်တွတ်နဲ့ နားချလေ သည်... မန်းလေးရောက်ရင် သူ့မကို ရောက်ပြီးဆိုတဲ့အကြောင်း ဖုန်းဆက်ဖို့ ပြောရင်း ငွေ လေယာဉ်တက်ခါနီးထိမှာကာ ပြန်သွားလေသည်...

ငွေလေယာဉ်ပေါ်ကနေ ရန်ကုန်ကို ကြည့်ရင်း...

ငွေတို့ ရေစက်က ဒီလောက်ဘဲ ပါတယ် ထင်တယ် မောင်ရယ်....
-
-
-
-
-

မြတ်ဘုန်းမော် အိပ်ရာနိုးတော့ အကျီချွတ်နဲ့ ကိုယ်တုံးလုံးပင်၊  နေပါအုန်း ငါ မနေ့ညက အရက်သောက်တာ ဒီလောက်မများဘဲ ၊ ဘာလို ဒီလောက်ထိ  အိပ်ပျော်သွားရတာလဲ...

ဟင်းးးး တောက်…!!!! မိန်းမယုတ်ကွာ ....

မြတ်ဘုန်း စောင်ကိုခွါချကာ အဝတ်အစားတွေ ပြန်ဝတ်ပြီး၊ စားပွဲပေါ်က ဖုန်းကို အိတ်ထဲ ထည့်ကာ ပြန်မလို့ပြင်တုန်း အခန်းထဲကိုဝင်လာသူက ဟန်သွယ်ဆုပင် ....

‘’ ဘယ်လို့လဲ မော် ... အခု သွယ်ကို စားပြီး နားမလည်လုပ်မလို့လား.. ဟင်း …ဟင်း မရဘူးနော်... သွယ်က သက်သေ သက်ကာရတွေ ရှိပြီးသားး’’

‘’ အေး…ဟန်သွယ်ဆု၊  ငါ နင်ထောင်ထားတဲ့ ထောင်ချောက်ထဲ ဝင်လာရအောင် ငါ့နွားမဟုတ်ဘူး... ငါနဲ့နင် မနေ့က ဘာမှာ မဖြစ်ခဲ့ဘူးဆိုတာ နင်လည်း သိတယ် ငါလည်း သိတယ်... ဒီကိစ္စ ဒီမှာတင်ရပ်လိုက်တော့ ၊ နိမိုဆို နင်ပိုပြီး အရှက်ကွဲရလိမ့်မယ်.... ‘’

‘’ ဟင်း…ဟင်း လူမှန်းသူမှန်း မသိတဲ့ သူက ဘာမှာ မဖြစ်ပါဘူးတဲ့လား..’’

‘’ အဲ့လို့ လူမှန်းသူမှန်း မသိလိုကို့ ဘာမှာ မဖြစ်တာပိုသေချာသွားတာပေါ့...

လူမှန်းသူမှန်း မသိသူက ဘာလုပ်နိုင်မှာမို့လိုလဲ..... ‘’

‘’ ဒါပေမဲ့ မိန်းကလေးဖြစ်တဲ့ သွယ်က ဖြစ်ခဲ့ပါတယ်လို့ ပြောရင် ၊ လူတွေက မော်စကားကို ယုံမလား... သွယ်စကားကို ယုံမလား... ဟင်း ဟင်း တရား ရင်ဆိုင်ရင်တောင် မဒိန်းမူဆို မိန်းကလေးက နိုင်ခြေများတယ်နော့်...’’

‘’ နင်က တရားစွဲခြင်းတာလား လုပ်လိုက်လေ... ငါအဆုံးထိ လိုက်ခဲ့ပေးမယ်.. နင်အရှက်ကွဲဖို့လည်း ပြင်ဆင်ထား...’’

‘’ ဟင်း… ဟင်း တရားစွဲလောက်အောင်ထိ မလုပ်ပါဘူး... ဒါပေမဲ့ FB ပေါ် တင်တာ လောက်တော့ လုပ်လို့ရတယ်မလား .. အနဲဆုံးတော့ နင်နဲ့ နင့်မိန်းမ ကွာရှင်းဖို့လောက် တော့ ဖြစ်မှာဘာ.....’’

‘’ နင်… ငါ့မိန်းမကို ထိရဲ ထိကြည့် ၊ နင်ကို သေချာပေါက် ပြန်ခံစားစေရမယ်...’’

‘’ ငါ အဲ့ကြောင့်ကို နင်တို့ကို ကွဲစေချင်တာ... နင်အဲ့လို့ သဲသဲလှုပ်နေတာကို အမြင်ကတ် လို့ကို လုပ်တာ.... ငါကို့ နင့်မိန်းမအတွက်နဲ့ ဘာအကြောင်းပြချက် မရှိ ဖုန်းဆက်ပြီး လမ်းခွဲပစ်တယ်... နင်နဲ့ ရည်းစားဖြစ်နေစဉ် တလျှောက်လုံး ဘယ်သူ့ SPONSER မှာ မယူခဲ့ဘူး.. ဒါကြောင့်မိုလဲ ငါ နာမည်ကြီးသင့်သလောက် မကြီးဘူး... လူတောင် သိပ်မသိခဲ့ဘူး..အဲဒါတောင် အဲမိန်းမအတွက်နဲ့ ငါ့ကို ထားခဲ့တယ်.... အဲမိန်းမက ဘယ်လောက် စွဲဆောင်မူ ကောင်းနေလို့လဲ... ကော်မန့်ဝင်ရေးတာကို ငါ့မိန်းမ စိတ်အနှောင့်အယှက်ဖြစ်ရလို့ ဖျက်ပေးပါလို့ တောင်းဆို့လို့ တောင်းဆို … ငါနဲ့အမှတ်မထင် ဆုံရင်း မိန်းမ သိရင် စိတ်ညစ်နေမှာဆို့လို့ ဖုံးကွယ်ပေးနေရတာနဲ့... ငါ နင်ကို လမ်းခွဲပေးဖို့ တော်တော် စိတ်ကို ပြင်ဆင်ထားရတယ်...အဲဒါကို ငါရှေ့လာပြီး သဲသဲလှုပ် ချစ်ပြနေတော့ ၊ ငါ အမြင်ကတ်လို့ကို မကွဲ ကွဲအောင်လုပ်တော့မယ်လို့ကို ဆုံးဖြတ်ထားတာ ရှင်းလားး.....’’

‘’ အေး…၊ ငါကလဲ နင့်ကို တဖက်သတ် လမ်းခွဲသလို့ ဖြစ်လို့ နင်နဲ့ မိတ်ဆွေ ဆက်ဆံရေးမှာ ထားတာ.. ငါ့မိန်းမ စိတ်အနှောင့်အယှက် ဖြစ်ရင်း ဘာကိစ္စမဆို ငါ ဖြ.တ်မှာဘဲ.... ဒါပေမဲ့ ငါ့ဘက်ကလည်း နင့်အပါ် အရမ်းလွန်ထားသလို့ ဖြစ်လို့ … ငါ့မိန်းမကို ဉပက္ခာပြုရင်း နင်ကို အပြင်မှာ တွေ့ရင်း  အခေါ် ပြောမပြတ် နေနေတာ.. အခု နင် မကျေနပ်တာ ငါ့ကို မလား ငါကိုဘဲ လုပ်... ငါ့မိန်းမနဲ့ မဆိုင်ဘူး... သူကို့ မထိနဲ့...’’

‘’ နောက်ကျ သွားပြီး မြတ်ဘုန်းမော်.... ငါ့ သိက္ခာအတွက် ငါက ငါ့အရှက်ကွဲမဲ့ အလုပ်မလုပ်ဘူး ... နင်နဲ့ နင့်မိန်းမ ကွဲရုံဘဲဆိုတော့ နင့်မိန်းမနဲ့ နင့်မိန်းမ မိသားစုဆီကို ပုံပို့ပေးရုံလေးဘဲ လုပ်မှာပါ…”

မြတ်ဘုန်းမော်မှာ ဟန်သွယ်ဆုကို တအံ့တဩ ကြည့်နေတော့တယ်.. မိန်းမ တယောက်ရဲ့ အမုန်းက ဒီလောက်ထိ ပြင်းထန်ပါသလား...

‘’ ကဲ မြတ်ဘုန်းမော်…၊  နင့်ပြန်ရင်း နင့်မိန်းမ ကွာရှင်းစာချုပ်နဲ့ စောင့်နေလိမ့်မယ်... အိုကေ... ဘိုင် ... ဘိုင်...’’

မြတ်ဘုန်းမော် အံ့အားသင့်နေတုန်း ဟန်သွယ်ဆုက ဟိုတယ်ခန်းထဲက ထွက်သွားပြီး ဖြစ်လေသည်.. မြတ်ဘုန်းမော် ပြီးမှာ သတိဝင်လာကာ လားရှိုး အမြန်ပြန်ဖို့ လုပ်ရပေလိမ့်မည်... လားရှိုးမှာ ရှင်းစရာရှိတာ အရင် ရှင်းပြီးမှာ ငွေဆီ သွားလို့ရပေမည်... အခုတော့ မြန်မာပြည်ပြန်ဖို့ လုပ်ရပေလိမ့်မည်...

**************** ****************** ***************
အပိုင်း( ၃၃ ) ဆက်ရန်

စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်‌များ‌ကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....

#With Love
#Author:HNINN Pann Mho
#နှင်းပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်


You are reading the story above: TeenFic.Net