အပိုင်း( ၂၇ )

Background color
Font
Font size
Line height


ငွေတို့ သူငယ်ချင်းတွေ သင်တန်းပြီးကတည်းက အဆက်အသွယ် မပြတ်ရှိသူတွေ လည်း ရှိသလို.. မတွေ့ဖြစ်တဲ့ သူငယ်ချင်းတွေလည်း ရှိတာကြောင့် ဒီနေ့တော့ သင်တန်းက သူငယ်ချင်းတွေ အားလုံး ပြန်ဆုံတွေ့ကာ ဘူးဖေး HOT POT သွားစားကြ ရင်း စကားပြောကြဖို့ Dateကြခြင်းဖြစ်သည်…

ငွေကို ဧက က အိမ်အရောက် လာခေါ်သွားတာဖြစ်တာကြောင့် ၊ အပြန်တော့ မောင်က လာ ကြိုမည်ဖြစ်သည်... ပြန်ရမဲ့အချိန်ရောက်မှာ လာကြိုရမည့် ဆိုင်ကို ငွေက မောင်ကို ဖုန်းဆက်လာကြိုခိုင်းမည် ဖြစ်သည်....

ငွေနဲ့ ဧက စားချင်တဲ့ အသားတွေ ရွေးနေတုန်း....

‘’ ဟယ်လို .. !ငွေမှုန်းခင်နော် တူပါတယ်လို့ ကြည့်နေတာ၊ ဟင်းဟင်း.. မြို့ရောက်မှာ အရမ်းကို ပြောင်းလဲသွားတာဘဲ... တယောက်တည်းလား မော်ကော မပါဘူးလား ..‘’

ငွေမော့ကြည့်လိုက်တော့ ဟန်သွယ်ဆု....

‘’ ဪ..! ဟုတ်ကဲ့ ... သူငယ်ချင်းတွေနဲ့ လာတာပါ ၊ သွားလိုက်ပါအုန်းမယ်...’’

ငွေ ဒီတယောက်ကို စကားလည်း မပြောချင်သလို့  သိလည်း မသိချင်ပေ.. ဟိုတခါ ပို့စ်အောက်မှာ ဝင်ရေးကတည်းက သိပ်မကြည်လို့ ဖောဖောရွေရွေလည်း မနှုတ်ဆက် ချင်ပေ... လူကို နှိမ့်ခြင်းသလိုလို အပြောတွေ အပြုအမူတွေနဲ့ တကယ်ကို စိတ်ဓါတ် မပြည့်ဝပေ... ကိုယ့်မှာ သူ့ပြုမူသလို့ စိတ်ရှိတဲ့အတိုင်း ပြန်လည်ပြုမူခြင်းပေမဲ့လည်း
ကိုယ့်ယောကျာ်း သိက္ခာ ၊ ယောက္ခမ သိက္ခာတွေကို ငွေထည့်တွက်ပေးရမည်.. သူ့ရိုင်းပေ မဲ့ ကိုယ်မရိုင်းဘူးပေါ့.. အကောင်းဆုံးနည်းကတော့ ဉပက္ခာပြုပေးချင်ပင်ဖြစ်သည်...
ဘေးက ဧက က..

‘’ သူက ဟန်သွယ်ဆုဆိုတဲ့ မော်ဒယ်မလား၊ သူနဲ့ သိတာလား ငွေ..’’

‘’ ဟုတ်တယ်.. ၊ ငွေ အသိမဟုတ်ဘူး ၊ မောင့်အသိ...’’

‘’ ဪ .. ‘’

ဧက ကလည်း ဘာမှ ထပ်မပြောသလို ငွေတို့လည်း စားချင်တဲ့ အသား အသီးအရွက် တွေ ရွေးယူကာ သူငယ်ချင်းတွေ ဝိုင်းကို ပြန်လာကာ စားသောက်ကြ၊ စကားပြောနေကြ လေသည်...

‘’ ငွေရေ…! ဟိုမှာ အအေးနဲ့ ရေခဲမုန့် ရှိတယ် ၊ သွားယူရအောင် လိုက်အုန်း မလား... ‘’

‘’ အင်း…၊  ငွေ လိုက်မယ်လေ ဧက...’’

ငွေနဲ့ ဧက ရေခဲမုန့် ယူနေတုန်း ဟိုဘက်အခြမ်း အအေးတွေယူနေတဲ့ ဟန်သွယ်ဆုက သူ့သူငယ်ချင်းတွေကို...

‘’ ငါ  ပြီးခဲ့တဲ့ တပတ်လောက်က( ---- )ကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ ဆုံပွဲနေ့မှာ Presenter လုပ်ခဲ့သေးတယ်ဟယ်... ပိုက်ဆံရလိုထက် တစ်စုံတစ်ယောက်က အကူအညီ တောင်းလို့လေ ၊ အရင်သံယောဇဉ်လေးတွေနဲ့ ဆိုတော့ သွားကူညီပေးခဲ့တာ ပေါ့..

ဟင်း ... ဟင်း .... အဲဒီပွဲက ဌားထားတဲ့ ဆိုင်နာမည်၊ဘာ.. ဪ ..! သိပြီး One wild ဆိုတဲ့ ဆိုင် ၊ အဲ့ဆိုင်က ဘဲကင်ကောင်းတယ် သိလား ၊ နောက်တခေါက်ကျရင် ငါ နင်တို့ကို လိုက်ကျွေးအုန်းမယ်...’’

ဟင်းး( --- )ကျောင်းကဆိုတော့ မောင့်တို့ကျောင်းပေါ့... ပြီးခဲ့တဲ့အပတ် ကျောင်းသား ဟောင်း တွေ့ဆုံပွဲ ဆိုတာလည်း ဟုတ်တယ်... အဲနေ့ကဘဲ မောင်ပြောသွားတာလဲ One wild စားသောက်ဆိုင်မှာ တွေ့မှာလို.. ဒါဆို မောင် ငွေကို လိမ်ထားတာပေါ့..
မောင့်ကို ငွေဖုန်းဆက်တော့ မိန်းကလေး အသံတွေကြားလို့ ငွေလည်း ဘာရယ်မဟုတ် မေးတော့ မစန္ဒီဇော်တို့လို ကျောင်းသူဟောင်းတွေဘဲ ပါတာလို့ ဖြေတယ်... ငွေ မောင့်ကို သဝန် လိုက် တိုနေတာ မဟုတ်ပေမဲ့၊ မောင့်မှာ လူမူရေး၊ စီးပွါးရေးတွေနဲ့ ပတ်သတ်ပြီး မိန်းကလေးတွေ ရှိနိုင်တာ ငွေနားလည်ပေးပါသည်..... အဲနေ့က ဟန်သွယ်ဆုကို Presenter ဖြစ် ဌားထားတယ် ၊ မောင့် ဖြေလည်း ငွေ ဘယ်လို့မှာ နေမည် မဟုတ်ပါ... ဘာလို့ဆို မောင်က ပွဲစီစဉ်သူ မဟုတ်ဘူးဆိုတာ ငွေ သိနေတဲ့ အတွက်ကြောင့် ဖြစ် သည်... ဒါပေမဲ့ အခုလို လိမ်ပြောတာတော့ ငွေ မောင့်ကို တအား စိတ်ဆိုးလေသည်....

ဘေးက ဧက က ရိပ်မိကာ...

‘’ လာ.. ငွေ ၊ ဧကတို့ တွိုင်းလက်နား သွားရအောင် ..’’

ငွေမျက်နှာက ဟန်သွယ်ဆုစကားကြောင့် မထိန်းနိုင်အောင် ပျက်နေတာမို့ ဧက ငွေလက်ကို ဆွဲ၍ လူရှင်းတဲ့ နား ခေါ်လာလိုက်သည်...

‘’ ငွေ..၊ သူက ငွေရဲ့ အချစ်ပြိုင်ဘက်လား...’’

‘’ ဟင်း..ဟင်း..ပြိုင်ဘက်တော့ မဟုတ်ပါဘူး၊ မောင့်ရဲ့ Ex လေ....’’

‘’ ဟယ်တော့..! ဒါကို သူက သိသိကြီး ငွေကို့ ရန်စတာဘဲ... အဆင့်အတန်း မရှိလိုက်တာ ဟယ်... ငွေ ဘာလုပ်ချင်လဲ‌ ပြော.... အဲ့ဟာမကို ငွေ ပေါက်ကွဲခြင်းလား ၊ ဧက ငွေဘက်က ကူပြီး ရန်ဖြစ်ပေးမယ်ရယ်...’’

‘’ ဟင့်အင်း..၊ငွေ သူနဲ့ ရန်မဖြစ်ချင်ဘူး ၊ ရန်ဖြစ်ရင်း မောင်က ငွေကို ဖုံးကွယ်ထားတယ် လို့  အဲ့ဟာမ သိလို့မဖြစ်ဘူး..  ငွေတကယ် စိတ်ဆိုးတာ သူထက် မောင်ကို ဧကရယ်... သူဘာလို့ ငွေကို အမှန်အတိုင်း မပြောရတာလည်း ၊ မောင် ဒီအတိုင်း အမှန်ပြောရင်း တောင် ငွေ ဒီလောက် စိတ်ဆိုးဖြစ်မှာ မဟုတ်ဘူး ... အခုတော့..’’

‘’ ဒါပေမဲ့ ငွေ၊ အဲ့ဟာမက ငွေကို တမင်ကို အဲပွဲမှာ သူရှိတယ်ဆိုတာ သိစေချင်ပုံဘဲ၊ သူ့ ငွေတို့နှစ်ယောက် ဇာတ်လမ်းကို သိလို့ကို တမင် ပြောနေတာလို့ ဧက ထင်တယ်.. ရုပ်လေ ချောသလောက် စိတ်ပုတ်လိုက်တာ ၊ သူများ လင်မယားကြား ကတုံးကတိုက်နဲ့ ရယ်... ငွေ ဘာလုပ်ချင်လဲ ၊ ဧက ဘာကူညီရမလဲ...’’

‘’ ရတယ် ဧက၊ ငွေ မောင့်ကို ဒီကိစ္စကို သေချာမေးမယ်... အခု ငွေ ကားဌားပြီး အိမ်ပြန်တော့မယ်... ဧက နေချင်နေခဲ့လေ...’’

‘’ ဟယ်…! ငွေတယောက်တည်း မပြန်ရပါဘူး၊ ဧက လိုက်ပို့ပေးမယ်... ‘’

‘’ ဧက သားကို ကျောင်းကြိုရမယ်ဆို... ရတယ်၊ ငွေ ကိုယ့်ဘာသာ ကိုယ် ပြန်လိုက်မယ်ရယ် ၊ ငွေကို စိတ်ချပါ...’’

‘’ အယ်..! ဟုတ်သားဘဲ .. ဒီလိုလုပ် သားကို ကျောင်းမှာ ဝင်ကြိုပြီး ၊ ငွေကို ပြန်ပို့ပေးမယ်လေ...’’

‘’ ငွေကို စိတ်ချပါ... ငွေ ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်... ဧက သာ ကိုယ် ဘာသာကိုယ် သားကို သွားကြိုလိုက်....’’

‘’ ဒါဆိုလဲ သူဇာတို့ ရွှန်းလဲ့တို့ကို နှုတ်ဆက်ပြီး ပြန်ရအောင်၊ ငွေကို ကားဌား ပေးပြီး ကားပေါ်တင်ပေးလိုက်မယ်.... ငွေသာ အိမ်ရောက်ရင်း ဧကကို ရောက်တဲ့အကြောင်း ဖုန်းဆက်နော်...ဘာမဟုတ်တာလေနဲ့ စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့ သိလား ..ငွေ ’’

‘’ အွန်းဘာ.... လာ သူတို့ကို သွား နှုတ်ဆက်ရအောင်....’’

ဟန်သွယ်ဆု ငွေတို့ဝိုင်းကို မသိမသာ အကဲခတ်နေလေသည်... ငွေနဲ့ သူ့ သူငယ်ချင်းမ တယောက် ခဏနေတော့ ပြန်သွားကြလေသည်.. ဟန်သွယ်ဆုစိတ်ထဲက ကြိတ်ပြုံး လိုက်ရင်း ….

[(နင်တို့ကို ငါ စိတ်အနှောင့်အယှက်တွေ ထပ်ပေးအုန်းမှာမို့ အသင့်သာ ပြင်ထား မြတ်ဘုန်းမော်ရေ... ဟင်း ဟင်း )]

မြတ်ဘုန်းမော်တို့ ဟန်နီးမွန်းပုံအောက် ကော်မန့်လေး မန့်တာကို ဆတ်ဆတ် ထိမခံ မြတ်ဘုန်းက သွယ်ကို ဖုန်းဆက်ကာ ဖျက်ခိုင်းခဲ့သည်.. အဲကတည်းက စိတ်က ချဉ်နေသည်... အပြင်မှာသာ မိတ်ဆွေလို့ သူငယ်ချင်းလို့ ဆက်ဆံ ပေးမယ်သာ ပြောတာ ၊ သူ့ဟာမ ထိရင်းကို မရလို့ကို အမြင်ကတ်နေတာ ဖြစ်သည်..
ဟိုတပတ်က သူတို့ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ မြတ်ဘုန်းမော် အပြင်ထွက် ဖုန်းပြောနေတာ သွယ် တွေ့လိုက်ပါ၏ သွယ် အိမ်က ဖုန်းခေါ်ထားတာ တွေ့လို ပြန်ခေါ်ရန် သွယ် အပြင်ထွက်လာတော့ မြတ်ဘုန်းမော်နဲ့ ကိုဖြိုး ပြောနေကြတာတွေ သွယ်အကုန် ကြားခဲ့ပါသည်... အဲကတည်းက မြင်ပျင်းကတ်သွားကာ ကြုံရင်းကြုံသလို ကို တိုက်ခိုက်မည်ဟု စိတ်ထဲ တွေးထားလိုက်ကာ အခု Hot Pot ဆိုင်မှာ တွေ့တုန်း စိတ်အနှောင့် အယှက် ပေးလိုက်ခြင်းဖြစ်သည်...
[(ဟင်း ဟင်း အခုမှာ နေသာ ထိုင်သာ ရှိသွားတော့တယ်.....)]
-
-

-
-
-
မြတ်ဘုန်း ငွေကို ဖုန်းဆက်ကာ လာကြိုရမဲ့ နေရာမေးမလို့ ဖုန်းခေါ်တာ ဖုန်းလုံးဝ မကိုင်ပေ.... မြတ်ဘုန်း ငွေကို ဘယ်နှစ်ကြိမ်မှန်းတောင် မသိ ခေါ်နေမိသည်.. ငွေက လုံးဝ မကိုင်ပေ…

မောင်ဖုန်းတွေ ခေါ်ထားမှန်းသိပေမဲ့ ငွေလုံးဝ မကိုင်ဘဲ ဖုန်းကို silent လုပ်ထားလိုက် သည်... ငွေ Hot pot ဆိုင်က အပြန် ကွန်ဒိုဝင်ကာ အကျီအချို့ကို အိတ်ထဲထည့်ကာ ယောက္ခမအိမ်ကို ထွက်လာခဲ့လိုက်သည်... ကွန်ဒိုရောက်ကတည်းက ဧကကိုတော့ ဖုန်းဆက်ကာ ရောက်ပြီးဆိုတဲ့ အကြောင်း ဖုန်းဆက်ပြီးပြီးဖြစ်သည်... ငွေ ယောက္ခမအိမ်ရောက်တော့ မာမီတို့ မရှိပေ.. ဖိုးဖိုးဘဲရှိကာ ဖိုးဖိုးကို ဝင်နှုတ်ဆက်ရင်း ငွေဒီမှာ အိပ်မဲ့ အကြောင်းပြောကာ ငွေတို့အခန်းဆီကို ထပ်လာခဲ့လိုက်သည်...

အိပ်ခန်းထဲရောက်တော့ မောင့်ဆီက ဖုန်းထပ်လာလေသည်.. ငွေ ဒီတခါတော့ ဖုန်းကို ကိုင်လိုက်သည်... ငွေတောင် ဟယ်လို မလုပ်ရသေး ဖုန်းကိုင်လိုက်တာ နဲ့ မောင်က..

‘’  ငွေ ဘယ်မှာလဲ ၊ မောင် ဘယ်နေရာ  လာကြိုရမလဲ.. ငွေ၊ မောင့်ဖုန်းလည်း မကိုင်ဘူး.. ဘာဖြစ်လို့လဲ ၊ နေမကောင်းဘူးလားဟင်..ငွေ’’

‘’ ငွေ အိမ်ပြန်လာခဲ့ပြီ..’’

‘’ ဟင်.. ၊ငွေ တယောက်ထဲ ပြန်လာတာလား ၊ ဘာနဲ့ပြန်လာတာလဲ၊ ပြန်ချင်ရင်း မောင်တော့ ဖုန်းမဆက်လိုက်ဘူး ၊မောင်လာခေါ်မှာကို... အခု ကွန်ဒိုပြန်ရောက်ပြီလား ဒါဆို့ မောင် အိမ်ဘဲ ပြန်လာခဲ့လိုက်မယ်...’’

‘’ ငွေ မေးမယ် ၊ မလိမ်ဘဲနဲ့ ဖြေပေးပါ...’’

‘’ ဟမ်း…! ငွေ ..ဘာမေး...’’

‘’ ပြီးခဲ့တဲ့အပတ် ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ဟန်သွယ်ဆု Presenter လုပ်ပေးတာလား..’’

မောင့်ဘက်က ခဏတိတ်ဆိတ်သွားကာ....

‘’ မောင့် ပြောမယ် ငွေ...’’

‘’ လုပ်ပေးလား မလုပ်ပေးဘူးလားဘဲ ဖြေပါ.. ကျန်တာတွေ ငွေ မသိချင်ဘူး...’’

‘’ ဟာ..၊ငွေရာ မောင်ရှင်းပြတာကို နားထောင်ပေးပါအုန်း... တကယ်တော့ မောင် သူ presenter လုပ်မယ်ဆိုတာ လုံးဝ မသိခဲ့ပါဘူးကွာ...မောင် အဲ့....’’

‘’ ရပြီး…!! ဒီလောက်ဆို ကျမ သိပြီးမိုလို့ ဖုန်းချလိုက်တော့မယ်....’’

“ ဟာ... ငွေ... နေ....’’

ငွေ ဖုန်းချကာ ဖုန်းပါ ပါဝါပိတ်ချလိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်ကာ ငိုနေလိုက်တော့ သည်... မောင့် ဘာလို ငွေကို ညာထားတာလဲ... ငွေ သိတော့ရော ငွေက ဘာလုပ်မှာကြ နေတာဘဲ... သူသာ အမှန်တိုင်းပြောရင်း ဒီလောက်ခံစားရမည် မဟုတ်ပေ...

တဖက်တွင်..

ငွေက မြတ်ဘုန်း စကားကို ဆုံးအောင်တောင် နားထောင်မသွား ဖုန်းချပစ်လိုက်၏ မြတ်ဘုန်း ဖုန်းထပ်ခေါ်ကြည့်တော့ ဖုန်းက စက်ပါ ပိတ်သွားလေပြီး။

တောက်... !!

ဒီအကြောင်းတွေကို ဘယ်သူက ပါးစပ်ယားပြီး လျှောက်ဖွနေရ တာလဲ.. ပြောတဲ့ သူ သိလို့ကတော့ မြတ်ဘုန်းအကြောင်း ကောင်းကောင်း သိစေရမယ်... မြတ်ဘုန်း ပြောတဲ့ သူကို လက်လှမ်းမှီသလောက် စဉ်းစား ကြည့်တော့ ဘယ်သူ့ မှာ မတွေ့ပေ... ဟိုကောင် တွေကလည်း အဲလို့ ပါးစပ် မဖွာကြပေ၊  အထူးသဖြင့် သူငယ်ချင်းဒုက္ခရောက်မဲ့ ကိစ္စဆို ပိုတောင် မပြောပေ.. ဒါဆို စန္ဒီဇော်လား စန္ဒီသည်လည်း အဲလို့မိန်းကလေး မဟုတ်၊ နောက်ပြီး စန္ဒီနဲ့ ငွေကလဲ အာလာပ၊သာလာပ ပြောလေ့ပြောတ မရှိကြ ၊ လူချင်းတွေ့မှာ သာ ရင်းရင်းနှီးနှီး ပြောဆိုကြတာဖြစ်သည်... ဒါဆို ဘယ်သူလဲ....

ဒါကို နောက်မှာ ဘယ်သူဆိုတာ စဉ်းစားမည်.. အခုက ငွေစိတ်ပြေအောင် ချော့ရအုန်း မည်ဖြစ်သည်.... မြတ်ဘုန်း စိတ်ရှုပ်စွာနဲ့ ကားပေါ်တက် ကွန်ဒို သို့ အမြန်မောင်းသွား လိုက်သည်....ကွန်ဒိုအခန်းရောက်တော့ Password အမြန်ရိုက်ခါ အခန်းထဲဝင်လိုက် တော့..

‘’ ငွေရေ... ငွေ..’’

‘’ ငွေ...’’

ကျွီ

‘’ ဟာ ငွေရာ...’’

ငွေကို အိပ်ခန်းထဲ မီးဖိုထဲ အိမ်ရှေ့ဝရံတာထိ အိမ်အနှံရှာတာ မတွေ့ပေ... ငွေက ဘယ်ရောက်နေတာလဲ.. အိမ်ကများ ဆင်းသွားတာလား၊ အိမ်ကဆင်းရင်း ငွေဘယ်မှာ သွားနေမလဲ... ရွာများပြန်သွားတာလား... ရွာပြန်ရင်း ဒီအချိန် ကားလက်မှတ်ဖြတ်လို့ မရတာ...  သူ့သူငယ်ချင်းအိမ်မှာ များလဲ... သူ့ သူငယ်ချင်းကို ဖုန်းဆက်ကြည့်ရင်း ကောင်းမယ်ထင်သည်... နေပါအုန်း အိမ်က ဆင်းရင်း အဝတ်တွေယူသွားမှာဘဲ... ဟုတ်တယ်...

မြတ်ဘုန်း ငွေအဝတ် ဗွီယိုဖွင့်ကြည့်တော့ အဝတ်အစားတွေက ပြောသလောက်လဲ လျှော့မနေ.... အဝတ်အစားအများကြီးလျှော့မနေတော့ ရွာပြန်တာတော့ မဟုတ်တာ‌ သေချာသည် ။

ဟာ..၊  ငွေရာ မြတ်ဘုန်း စိတ်ရှုတ်ထွေးစွာဖြင့် ဆံပင်တွေကို ထိုးဖွ ပစ်လိုက်သည်.... ဟုတ်တယ် ဧကရီဆီ ဖုန်းဆက်ကြည့်ရမယ်၊ ဒါမှာ အကျိုးအကြောင်း သိရမည်ပင်… ဧကရီဆီ ဖုန်းဆက်ဖို့ ပြင်နေတုန်း မာမီဆီက ဖုန်းဝင်လာလေသည်...

‘’ ဟယ်လို.. မာမီ..’’

‘’ ဟဲ့…!! မြတ်ဘုန်း မင်းဘယ်မှာလဲ ၊ ငွေနဲ့မင်း ရန်ဖြစ်ကြတာလား... ငွေက ရောက် ကတည်းက အခန်းထဲ ဝင်အိပ်နေတယ်တဲ့... မာမီမေးတော့လည်း ကောင်းကောင်း မဖြေဘူး ... မနက်ဖြန် သူ့ ရွာခဏ ပြန်ချင်တယ်ပြောတယ်...မာမီ ချော့တော့ထားတယ် ... ဘာဖြစ်ကြတာလဲ.. ‘’

‘’ ဟာ …!မာမီ ၊ ငွေ အဲမှာလား တော်သေးတာပေါ့ ၊ငွေကို ချော့ပေးထား မာမီ ၊ကျနော့် အခု အိမ်ကိုလာခဲ့မယ်...’’

‘’ အေး အေး..၊  ဒီကလေးတွေကတော့လေ....’’

မြတ်ဘုန်း ကွန်ဒိုကနေ မာမီတို့အိမ် အမြန်သွားရလေသည်.. ဟုတ်သားဘဲ ငွေ မာမီတို့ အိမ် ရောက်နေနိုင်တာဘဲကို... မြတ်ဘုန်း မာမီတို့အိမ်ရောက်တော့ ခြံထဲထိ ကားမောင်း သွင်းလိုက်ပြီ... ကားပေါ်က ဆင်း အိမ်ထဲဝင်လာတော့ မာမီတယောက်တည်း ဧည့်ခံထဲ ထိုင်နေလေသည်...

‘’ မာမီ ငွေရော ...’’

‘’ အပေါ်ထပ်က မင်းတို့ အခန်းထဲမှာ ၊ မာမီလည်း ခုနကမှ ပြန်ရောက်တာ စန်းစန်းတို့ အပြောရတော့ taxi နဲ့ လာတာတဲ့ ၊ အဖေကို နှုတ်ဆက်ပြီး အပေါ်တက်သွားတာ ပြန်ကို မဆင်းလာတော့ဘူးတဲ့ ၊ မာမီ သွားမေးတော့ သူ့နေမကောင်းနေလို့ အိပ်ပါရစေတဲ့... မနက်ဖြန်တော့ သူ့မိဘတွေကို သတိရလို ရွာခဏ ပြန်ချင်တယ်တဲ့ ... မင်းရောလို့ မေးတော့ မသိဘူးတဲ့... ဘာဖြစ်ကြတာလဲ မင်းတို့က... ‘’

‘’ ဟူး…! ကျနော်က အား.. ဟို ကျောင်းသားဟောင်း တွေ့ဆုံပွဲမှာ ရည်းစားဟောင်း လာတာကို ၊ သူ့ကို မပြောဘဲ ထိမ်းချန်ထားလို့ စိတ်ဆိုးသွားတာ...’’

‘’ အင်း..၊မင်းကတော့ ဖြစ်ရမယ်... ရည်းစားရှုပ်ခြင်းရဲ့ အကျိုးရလာဒ်ဘဲ ၊မင်းအဖေ ပြန်မလာခင် ဖြေရှင်း  ကြားလား.. ဟိုက သိလို့ အဆူခံ နေရမယ်....’’

‘’ ဟုတ်ကဲ့ပါ မာမီ ... ကျနော် အပေါ်တက်လိုက်အုန်းမယ်...’’

မာမီကိုတော့ အသေးစိတ်ရှင်းမပြတော့ဘဲ ငွေရှိရာ အခန်းဆီသို့ တက်လာခဲ့ လိုက်လေတော့သည်....

**************** ****************** ***************
အပိုင်း( ၂၈ ) ဆက်ရန်

စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်‌များ‌ကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
စာဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....

#With Love
#Author:HNINN Pann Mho
#နှင်းပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်


You are reading the story above: TeenFic.Net