သည့်ကနေ့ကတော့ မောင်နဲ့ ငွေတို့ရဲ့ မဂ်လာပွဲနေ့ဖြစ်သည်... ငွေက ရွှေဖလားရောင် ထိုင်မသိမ်း သတို့သမီးဝတ်စုံလေးနဲ့ ခရမ်းဆွဲလက်ဝတ် လက်စားတွေ တစ်ဆက်တည်း ဝတ်ထားလိုက်သည်.. ခရမ်းရောင် သစ်ခွပန်းလေးတွေကို ဆထုံးလှလှလေးထုံးကာ ပန်ထား လိုက်၏ ငွေကိုတော့ နာမည်ကြီး မိတ်ကပ်မာမီက ပြင်ပေးသည်... သူတပည့်တွေက တော့ အရံတွေ မိဘတွေကို လိမ်းပေးနေကြသည်... သတို့သား,သမီးအတွက် သီသန့်အ ခန်းမှာ ပြင်ဆင်ကြခြင်းဖြစ်သည်... အားလုံးပြီးတော့ ငွေမှာ ကိုယ့်ရုပ်ကိုယ့်ကြည့်ကာ မှတ်တောင်မမှတ်မိတော့ချေ... ဒါကြောင့် ပိုက်ဆံအများကြီးပေးရတာကို...
မာမီနဲ့ မေမေ ဝင်လာကာ...
‘’ ငါ့သမီးလေးက လှလိုက်တာ ကျေးဇူးနော် .. အစန်းရေ...’’
‘’ဟင်း ဟင်း ရတယ် အန်တီ၊ သတို့သမီးလေးက အသားဝင်းဝင်းလေဆိုတော့ ပြင်ရတာ အဆင်ပြေတယ်၊ လိုတာရှိပြောနော် ၊ ဟိုဘက်တွေ လိုက် ကြည့် လိုက်အုန်းမယ်..’’
‘’ ဟုတ် မာမီ စန်း’’
ထိုအချိန် တံခါးခေါက်သံနဲ့အတူ သတို့သားနဲ့ အရံများဝင်လာကြ၏ မောင်က ငွေနဲ့ ဆင်တူ ရွှေဖလားရောင် သတို့သားဝတ်စုံနဲ့ ခေါင်းပေါင်းနဲ့ဖြစ်သည် ။
မောင်က ငွေအနားလာကာ..
‘’ မောင့်မိန်းမ လှနေတယ်...’’
မောင်ကို ငွေ မျက်စောင့်လေးဝင့်လျှက်....
‘’ မိတ်ကပ်ဆရာတော်လို့ပါ....’’
‘’ နဂိုရှိမှာ နကိုင်းထွက်တာပါ ၊ မောင့်မျက်စိထဲမှာ ငွေက အလှဆုံးဘဲ..’’
ငွေပြုံးလိုက်ရင်း...
‘’ မောင့်လည်း ခန့်တယ်ရယ်...’’
‘’ ငွေ့ယောကျာ်းမို့လိုလေ ....’’
‘’ဟုတ်တယ်ရယ်...’’
‘’ ဟင်း ဟင်း ဟင်း...’’
ငွေတို့နှစ်ယောက်ပြိုင်တူရယ်လိုက်ကြ၏ မဂ်လာပွဲစီစဉ်သူက မဂ်လာချိန် ကျရောက် လာပြီးမို့လို့ ခန်းမထဲဝင်ရန် ငွေတို့ကို အဆင့်သင့်လုပ်ခိုင်း လေသည် ။ ငွေက မောင့် လက်ကလေးကို ချိတ်လိုက်သည်... မောင်က ငွေလက်ကလေးကို ချိတ်မထားတဲ့ မောင့်လက်ကလေးနဲ့ လာလာကိုင်သည်..ငွေအဖို့ ဒီလက်ကလေးကို ဘဝနေဝင်ချိန်အထိ တသတ်လုံး ကိုင်ဆွဲထားချင်မိသည်...
သတို့သား၊သတို့သမီး အရံတွေအဖြစ် ရန်နိုင်နဲ့ယုယု၊ဖြိုးသုတနဲ့ ဆုန်ဆုန် ၊မဂ်လာ ပန်းကြဲ အဖြစ် ဖြိုးသုတမွေးစားညီမလေး ဆုသဲကဗျာ၊နှစ်ဖက် မိဘများ နိုင်ငံကျော် အဆိုတော်တွေရဲ့ အခါတော်ပေးသံနဲ့အတူ မောင်လက်ကို တွဲကာ ခန်းမထဲကို ဝင်လိုက်လေတော့သည်...
မဂ်လာပွဲက မောင့်တို့အသိုင်းအဝန်းကြီးချင်းကြောင့် ငွေထင်ထားတာထက် စည်းကား သိုက်မြိုက်စွာ ပြီးဆုံးသွားလေသည်... လူကြီးတွေ အကုန်လုံး ပြန် သွားကြပြီး ညဒင်နာ အတွက် မောင်က ဟိုတယ်နောက်တခန်းထပ်ယူကာ သူ့တို့ယောကျာ်းလေးသူ့ငယ်ချင်း တွေ စုအိပ်ကြဖို့ဖြစ်သည်.. သတို့သမီးအခန်းတွင် ငွေ၊ ယုယု၊ ဆုန်ဆုန်၊ ကိုအောင်ထွန်း အမျိုးသမီး မစန္ဒီဇော် ၊ ကိုဖြိုးသုတ မွေးစားညီမလေး ဆုသဲကဗျာရယ်..တခန်း အိပ်ကြ မည်ဖြစ်သည်...မောင်တို့အခန်းတွင်တော့ မောင်၊ကိုအောင်ထွန်၊,ကိုဖြိုးသုတနဲ့ ကိုရန်နိုင် တခြားသူငယ်ချင်းတချို့လည်းပါလေသည်....
-
-
-
-
-
ငွေဒင်နာဝတ်စုံက ငွေမင်ရောင်လက်ကျ ဂါဝန်ရှည်ရှည်ကားကေားလေးနဲ ဆံပင်တွေကို အကုန်လုံးထုံးဖွဲ့ကာ ဆံထုံးမှာ စိန်တန်းစကုတ်လေး ဖိစိုက်ထားကာ နှင်းဆီဖြူဖြူ လက်ကိုင်ပန်းလေး လက်မှာကိုင်ထားလိုက်၏ လက်ဝတ်လက်စားဆို့လို စိန်နားဆွဲလေး နဲ့မောင်နဲ့ဆင်တူ လက်ထပ်လက်စွပ် လေးသာဝတ်ထားလိုက်၏ လည်ပင်းက ဘာမှာ မဆွဲတော့ဘဲ ရှင်းရှင်းလေးသာ.... ငွေသည် အရံတွေနဲ့အတူ မောင်ရှိရာ စင်မြင့်ဆီသို့ သွားလိုက်လေသည်... ငွေဒယ်နာပါတီထဲဝင်တာနဲ့ နိုင်ငံကျော် စုံတွဲအဆိုတော် နှစ်ယောက်က မဂ်လာတေးသီချင်းနဲ့ သီဆိုပေးကြလေ၏
I Will Spend My Whole Life Loving You
( Song by Imaginary Future and Kina Grannis )
Ooooo
Ooo ah ooooo
Ooo ah ooooo
Ooooo
August Afternoon I can picture you A-walking with your father at your side In the summer heat California speaks Softly Like she's making up her mind And now As I stand beside you I say
Baby Isn't it crazy That we are born Only to die Oh believe me
I've been counting my stars Cause I will spend my whole life
Loving you
(Loving you Loving you)7
And I say Baby Isn't it crazy We are born Only to die Oh believe me I've been counting my stars Cause I will spend my whole life
Loving you
( Songwriters: Kina Grannis / Jesse Marc Epstein )
မောင်က ငွေစင်မြင့်နားရောက်တော့ လက်လှမ်းပေးကာ ငွေမောင်လက်ကို ကိုင်ကာ စင်မြင့်ပေါ်တက်လိုက်၏ မောင်က အနောက်တိုင်းဝတ်စုံ အသား ရောင်လေးနဲ့ ဆံပင် တွေကို သပ်ရပ်စွာ ဖီးသင်းထား၏ ငွေမျက်စိထဲ ငွေ ယောကျာ်းက ကြည့်အကောင်းဆုံး နဲ့ အချောဆုံးဘဲ ငွေကို မောင်က နှစ်လို့ ဖွယ် ပြုံးပြလေ၏ ငွေတို့ကို Presenter ခိုင်းတဲ့ အတိုင်း အပြန်အလန် ကတိသစ္စာပြု ကိတ်ခွဲ.. မဂ်လာအရက်သောက်ကာ ပြီးပြီ ဆိုပေမဲ့ Presenterရော မောင့်သူငယ်ချင်းတွေက ...
‘’ သတို့သား မြတ်ဘုန်းမော် သတို့သမီးကို နမ်းပါဗျို့ .. နမ်းပါဗျို့ နမ်းပါဗျို့ ‘’
မြတ်ဘုန်းတို့ကလည်း ဒါမျိုးဆို နှစ်ခါမတိုက်တွန်းရဘဲ ငွေနဖူးလေးကို ငုံနမ်း ကာ ငွေမေးဖျားလေး ပင့်မော့စေပြီး ငွေနှုတ်ခမ်းလေးတွေ ခပ်ဖွဖွ စုပ်နှုမ်းလေတော့ သည်.... ထိုအချိန် လက်ခုတ်သံ တဖြောင်းဖြောင်းနဲ့ ဂုဏ်ပြုပေး ကြလေသည်။
နောက်အစီစဉ်က သတို့သမီး လက်ကိုင်ပန်းပစ်ရန် ဖြစ်လေသည်၊ ငွေတို့ ဒင်နာပွဲမသွားခင် ဟိုတယ်ခန်းထဲတွင် ယုယုက ....
‘’ မမငွေ လက်ကိုင်ပန်းပစ်ရင် ယုယုဘက် ပစ်နော်...’’
‘’ ဟင် ..! ယုယုက ဘယ်နားမှန်း မမငွေကမှာ မသိတာ ၊ နောက်ပြီး စင်ပေါ်ကနေ မမငွေ ယုယုကို မြင်ရအုန်းမှာ့ကို၊ မမငွေက အနောက်တည့်တည့်ကိုဘဲ ပစ်မှာဆိုတော့ လိုချင်ရင် မမငွေအနောက်တည့်တည့်နေလိုက်လေ… နေပါအုန်း လက်ကိုင်ပန်း ယူရအောင် ယုယုက ရည်းစားရှိနေပြီလား…’’
‘’ ဟီးဟီး မရှိသေးဘူး ၊ ဒီအတိုင်း လိုချင်လို့လေ..’’
‘’ ဟယ်..! ယုယုရယ် ဒီကောင်မလေးကတော့ ၊ ဒီအထဲ ရည်းစားရှိတဲ့ သူတွေ ရပါစေ..’’
‘’ ဟင့်အင်း ယုယုကတော့ ရအောင် ဖမ်းမယ် ၊ မမငွေသာ ယုယုဘက်ပစ်.. ဒါပဲ’’
ငွေလည်း ယုယုက ပြောလည်းရမှာမဟုတ်လို့ ၊ သူ့အလိုကျ ခေါင်းသာ ညိတ်လိုက်၏
‘’ အွန်း အွန်း အနောက်တည့်တည့်သာနေ...’’
အဲလို့ ညီမနှစ်ယောက် ဇာတ်တိုက်ထားပေမဲ့လည်း......
‘’ 1.... 2..... 3... ‘’
ငွေ လက်ကိုင်ပန်းကို ရသွားသူကတော့ ဖြိုးသုတ ညီမ ဆုသဲကဗျာ ဖြစ်လေတော့ သည်... ဖြိုးသုတတယောက်ကတော့ မျက်နှာကြီးနီးမြန်နေပြီ …
-
-
-
-
-
ငွေ မောင်နဲ့အတူ ဒင်နာလိုက်ကာ ဧည်ခံရသော်ကြောင့် ခြေထောင်တွေ ညောင်းကာ ယုယုတို့ဝိုင်းမှာထိုင်နေလိုက်တော့သည်.. မောင်မှာလည်း တဝိုင်းသွား တစ်ခါ အရက်သောက်ပေးနေရလေသည်... တချို့ဝိုင်းတွေဆို ငွေပါ သောက်ခိုင်း၍ မောင့်က ကိုယ်စားသောက်ပေးလေ၏ မောင်အတော် မူးနေပြီလားမသိပါ.. ငွေမြင်သလောက်တော့ သိပ်မူးနေတဲ့ ဟန်ပန်မျိုးမဟုတ် ပေ... ငွေ ယုယုတို့နဲ့ စကားပြောနေတုန်း.... စတိတ်ပေါ်က Presenter က
‘’ ဟယ်လို ဟယ်လို ဧည်ပရိတ်သတ်များခင်ဗျာ့ ... မဂ်လာညစာစားပွဲမှာ အထူးအစီအစဉ်ရှိပါတယ်... အဲတာက ဘာလဲ ဆိုတော့ သတို့သား မြတ်ဘုန်းမော်က သီချင်းနဲ့အတူ ဧည်ခံမှာပါ.. သတို့သားအဆိုကို ပံပိုးပေးမဲ့ အဖွဲ့လည်း ရှိပါတယ်... ကိုမြတ်ဘုန်းမော်နဲ့ အဖွဲ့ စင်မြင့်ပေါ်ကို ကြွပေးပါဗျာ့’’
ငွေမှာ မောင်ဘာလုပ်မလဲ ကြည်နေတုန်း... မောင်နဲ့အတူ ကိုအောင်ထွန်း, ကိုရန်နိုင်,ကိုဖြိုးသုတ တို့ စင်ပေါ်တက်သွားပြီး ဖြစ်လေသည်...
‘’ ဟုတ်ကဲ့ .. ကျနော့် မဂ်လာဆောင်လေးကို လာရောက်ချီးမြှင့်ပေးတဲ့ တယောက်ချင်း စီတိုင်းကို ကျနော့် အများကြီးကျေးဇူးတင်ပါတယ်... ကျနော်က ပရော်ဖက်ရှင်နယ် သီချင်းဆိုသူမဟုတ်လို့ အမှားအယွင်း ဖြစ်ရင်း သည်းခံ ပေးပါ .. ကျနော့် သီချင်း တပုဒ်နဲ့ သီဆိုချင်းပါတယ်... ဒီ သီချင်းက ကျနော့် အမျိုးသမီးလေးကို ရည်ရွယ်တာ ပါ... မိန်းမရေ မောင့် မင်းကို အရမ်းချစ်တယ်နော်...မောင် ဘဝထဲကို ဝင်လာပေးတာ ကိုလည်း ကျေးဇူးတင်ပါတယ်.. မောင်ကို ချစ်ပေးတဲ့ အတွက်လည်း သိုင်းကြူး …”
‘’ ဝိုး ဝါ... ရှီး ဖြောင်း ဖြောင်း’’
‘’ ဟာ သတို့သားက အသေရိုတယ်ကွာ ...’’
စန္ဒယားသံလေးနဲ့ ဂစ်တာလေးကို တီးဝိုင်းအဖွဲ့က စတီးနေလေပြီး သူတို့ သူငယ်ချင်း လေးယောက်က ကုတ်အကျီဆင်တူတဝတ်ထားကာ စင်ပေါ်မှာ အကျအန နေရာယူကာ မြတ်ဘုန်းက စ,ဆိုလေသည်...
🎶 [ ( ဘာမှ မလုပ် ပါနဲ့ ကွယ် ခေါင်းကနေ ခြေသလုံးထိ သနပ်ခါးတွေ
လိမ် ပြီးတော့ နေပါ အချစ်ရယ်
( ချစ်တာကို ချစ်တာကို ချစ်တာကို ချစ်တာကို ) )] 🎶
ချစ်တာကို ကြရင် သူ့တို့ သူငယ်ချင်း၄ယောက်က တူတူဆိုရင် ညီညီညာညာ နောက်ကို ခြေထောက် ပစ်လိုက်ပြီး လက်ဖျောက်တီးကာ ကကြလေသည်..ဧည်သည်တွေက သူ့တို့ ကတာကို ကြည့်ပြီး သဘောတွေကျနေကြလေသည်..ငွေဖြင့် သူ့တို့ ဘယ်အချိန်က အကတိုက်တာမှန်းတောင်းမသိ...
🎶 [(ဤ သီချင်း သွင်းရက် ကိုယ် အားတယ် ဈေးခြင်းတောင်း ကိုယ်တိုင်
ဆွဲကာ ဝယ်ခြမ်း မယ် ထမင်း ဟင်းလည်း ကိုယ်ဘဲ ချက်ကျွေးမယ်
( ချစ်တာကို ချစ်တာကို ချစ်တာကို ချစ်တာကို)
အေး အေး ကလေး နေစမ်းကွယ် မင်းမလုပ်နဲ့ အိမ်အလုပ်တွေ
ပင် ပန်းမယ် သိမ်းကြုံးပြီး ကိုယ် အကုန်ရှင်းမယ်
( ချစ်တာကို ချစ်တာကို ချစ်တာကို ချစ်တာကို)
·
. သည်းလွန်းတယ် ဆိုကြပါစေ ဇနီးချောလေး ဒီတယောက်တည်းပါ
အလို လိုက်မယ် အရိပ် တကြည် ကြည်. ကိုယ်ကြည်နူးတယ်,
(ချစ်တာကို ချစ်တာကို ချစ်တာကို ချစ်တာကို )၄ )] 🎶
( crd ,,,, ချစ်တာကို တေးရေး-နိုင်မြန်မာ ဆို ... နန္ဒဧရာ ).
သီချင်းဆုံးတော့ လက်ခုတ်သံတသော်သော်ညံနေတော့သည်... မြတ်ဘုန်း စတိတ်ပေါ် က ဆင်းကာ ငွေရပ်နေတဲ့နားကို လျှောက်လာလေသည်..
‘’ ငွေ မောင် သီချင်းဆိုတာ ကောင်းလား ..’’
‘’ ဟုတ် ကောင်းတယ် ဘယ်တုန်းက သီချင်းတိုက်လိုက်ကြတာလဲ.. ငွေကို လည်း မပြောပြဘူး...’’’
‘’ ဟွန်း အဲဒါ မိန်းမကို surprise တိုက်လိုက်တာလေ..ဒါကြောင့် မောင်တို့ အဖွဲ့က ကျောင်းကတည်းက ကျောင်းကပွဲတွေမှာ ပါနေကြ အဲကြောင့် သိတိုက်စရာ မလိုဘူးရယ်...’’
‘’ ဟင်း ဟင်း အကုန်လုံး အဲလို့လုပ်လိမ့်မယ်လို့ မထင်ရဘူး .. မောင် ဘာစားထားလဲ အရက်တွေအများကြီးသောက်နေရတော့ မူးနေပြီလား..’’
‘’ ဟင့်အင်း စားတာတော့ ဟိုဝိုင်းသွားး ဒီဟာကောက်စား ၊ ဒီဝိုင်းသွားလိုက် ကောက် စားလိုက်ဘဲ သိပ်မစားပါဘူး.. မောင့်မိန်းမရော စားပြီးပြီလား... ‘’
‘’ ငွေက ယုယုတို့နဲ့ စားဖြစ်ပါတယ်.... ညကျရင် မောင်တို့ ညနက်အုန်းမှာလား.. အများကြီးလည်း သောက်မနေနဲ့အုန်း ‘’
‘’ ဟင်း ဟင်း ဟိုကောင်တွေ မောင်ကို အလွတ်ပေးမှာ မဟုတ်ဘူး ငွေတို့ မိန်းကလေး အုပ်စု အိပ်နှင့်လေနော် ညနက်ထိ ငွေမနေနဲ့တော့ မောင်မိန်းမ ပင်ပန်းမယ်...’’
‘’ ဟိုင်း မြတ်ဘုန်းမော် Congratulation ...’’
ငွေနဲ့မောင် စကားပြောနေတဲ့နားကို ဘော်ဒီမိုက်မိုက် စတိုင်ကျကျ အနီရောင် တောက် တောက် လက်ပြတ် ရင်ဟိုက်ကာ ဘေးနှစ်ဖက်ကလည်း ပေါင် တဝက်ကနေ ခြေမျက်စိ ထိခွဲထားသော် စကတ်ကိုဝတ်ထား၏
‘’ ဪ ကျေးဇူးပါ ဟန်သွယ်ဆု...’’
‘’ သွယ် နောက်ကျသွားတယ် မော် ၊ အလုပ်လုပ်လေး နည်းနည်းရှိလို့..’’
‘’ ရပါတယ် တကူးတက လာရောက်ချီးမြှင့်တာကိုဘဲ ကျေးဇူးတင်ပါတယ်..’’
‘’ ဟင်း ဟင်း လာရမယ်လေ .. ဒါနဲ့ သတို့သမီးမလား မိတ်ဆက်ပေး အုန်းလေ...’’
‘’ အင်း..၊. ငွေ ဒါ မော်ဒယ်ဟန်သွယ်ဆုတဲ့ ၊ ဟန်သွယ်ဆု ဒါ ငါ့မိန်းမ ငွေမှုန်းခင် တဲ့...’’
‘’ ငွေမှုန်းခင် ပါ တွေ့ရတာ ဝမ်းသာပါတယ်... ဧည်ခံပွဲကို လာပေးလို့လည်း ကျေးဇူးတင် ပါတယ်ရှင့်...’’
‘’ အွန်း တို့လည်း တူတူပါဘဲ.. မော် ဟိုဘက်မှာ ချောချောတို့လည်း ပါတယ် သွား နှုတ်ဆက်ရအောင် လာလေ..’’
‘’ မပြန်ကြသေးဘူးမလား ... နောက်မှာ နှုတ်ဆက်တော့မယ်... ငါ့မိန်းမ ပင်ပန်းနေလို့ နားခိုင်းတော့မလို့... သွားနှင့်လေ...’’’
ငွေ မနက်ပိုင်း ဧည်ခံပွဲမှာ မောင်ကို လာနှုတ်ဆက်ကြတဲ့ မိန်းကလေးအများစုက မောင်နဲ့ တနီးနီးနဲ့ ပတ်သတ်ကြမှန်း ငွေမှန်းဆမိပါသည်.. မောင်ရဲ့ အတိတ်အကြောင်းအရာတွေ ကို ပြန်လှန်ဖို့လဲ စိတ်မဝင်စားပါ.. လက်ရှိ မောင် ငွေကို ချစ်နေဖို့ရယ်နဲ့ မဖောက်မပြန်နဲ့ သစ္စာရှိနေဖို့ရယ် ငွေ စိတ်ဝင်စားပါသည် ... တခြား မိန်းကလေးတွေက ခုချိန် မောင် အပေါ် ရိုးရိုးသားသား ရှိနေကြသည်ဟုထင်သည်.. တချို့ဆို မောင်ကို စ, နောက်နေကြ သည်...ဒီတယောက်ကတော့ ငွေကို ကြည့်တာတောင် မကြည်သလိုလို့ အထင်မကြီး သလို့လို့ ပင် .. မောင်အပါ်လည်း ရိုးသား မနေဖူးလို့ထင်သည်...
‘’ ငွေ..........ငွေ ‘’
‘’ ဟင်း ‘’
ငွေအတွေးယာဉ်ကြောမှာ ပိတ်နေတုန်း မောင်က ငွေပခုံးကို ကိုင်လိုက်မှာ ငွေ လက်ရှိကို သတိရကာ..
‘’ ရှင့် မောင်...’’
‘’ မောင့်မိန်းမ ဘာတွေတွေးနေတာလဲ ၊ ဟိုမှာ ယုယုတို့ခေါ်နေပြီး နားဖို့သွားတော့လေ… မောင် ဒီမှာ ဆက်ဧည်ခံထားအုန်းမယ်..’’
‘’ အွန်း မောင် အကျီလဲပြီး ပြန်လာဧည်ခံပါလား ၊ ဒီအကျီကြီးနဲ့နေရာတာ မပေါ့ပါး သလို့ဘဲ... ‘’
‘’ အင်း ဟုတ်တယ် အကျီလဲလိုက်မယ်.. မောင် ဟိုကောင်တွေကို သွားပြောလိုက်အုန်း မယ်.. ငွေသွားနှင့်... မွ မွ မွ .... မောင့်အချစ်လေး Good Night နော် မောင် နမ်းအုန်း ‘’
မောင်က ငွေနဖူးကော ပါးနှစ်ဖက်ကိုကော နမ်းကာ သူ့ကို ပြန်နမ်းခိုင်း၏ ငွေလည်း မောင့်မျက်နှာကြီးကို လက်နှစ်ဖက်နဲ့ဆွဲယူကာ နဖူးလေးကို နမ်းလိုက်၏ မောင့်က ငွေခါးကိုဖက်ကာ ငွေ့နှုတ်ခမ်းလေးကို ဆွဲစုပ်နမ်းလိုက်သည်... ငွေ ခဏသာ အနမ်းခံပြီး မောင်ရင်ဘတ်ကို တွန်းလိုက်ကာ
‘’ မောင် အပြင်မှာလေ...’’
‘’ အဲ့တာကြောင့် နမ်းတာလေ.. ဟင်း ဟင်း သွားနားတော့ ဟိုမှာစောင့်နေပြီး’’
ငွေမောင့်ကို တာတာ့ ပြကာ ယုယုတို့ရှိရာသည် ထွက်လာခဲ့သည်.. ငွေ ဟန်သွယ်ဆုကို တွေ့ပြီးကတည်းက စိတ်ထဲ စနိုးစနောင့် ဖြစ်နေရသည်...
ဟူး ... မောင်ရေ မောင် ငွေအပေါ်မှာ ချစ်ပြီး သစ္စာရှိဖို့ မျှော်လင့်ပါတယ်... မောင် ငွေကို စိတ်ကုန်သွားတဲ့တနေ့ သစ္စာမရှိတော့ တနေ့ကြရင် ၊ငွေ မောင့်ကို ဘယ်လောက်ချစ်ချစ် လက်လွှတ်ပစ်လိုက်ဖို့ တွေးဝေနေမှာ မဟုတ်ကြောင်း မောင် သိအောင် ငွေ ပြောပြရ အုန်းမည် ဖြစ်သည်..။
**************** ****************** ***************
အပိုင်း( ၂၃ ) ဆက်ရန်
စာကတော့ စစ်လိုက်တာဘဲ၊ပထမဆုံး စရေးတဲ့fic ဖြစ်လို့ လိုအပ်ချက်များကော စာလုံးပေါင်းအမှားများရောကို သည်းခံဖတ်ပေးကြပါရှင့်
လိုအပ်ချက်များကိုလည်း ပြောပြပေးလို့ရပါတယ်ရှင့်၊
ဖတ်ပေးသူ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင့်
ကျန်းမာရွှင်လန်းကြပါစေရှင့်....
#With Love
#Author:HNIN Pann Mho
#နှင်းပန်းမိုရ်
#မြတ်ဘုန်းမော်+ငွေမှုန်းခင်
You are reading the story above: TeenFic.Net