" yah ! Bang Jeemin ! "
" လုကြပြန်ပြီ "
Banana Mlik ကုန်ခါနီးအချိန်မှ နှစ်ယောက်က အမြဲရောက်လာပြီး လုတက်တာမလို့ သူတို့နှစ်ယောက်မလုအောင် Banana Mlik ဘူးတွေ အပိုထားပေးထားပြန်တော့လည်း ဘေးက တစ်ခုထဲ ကျန်တဲ့ အသားညှပ်ပေါင်မုန့်ကို လုပြီး ပြေးသွားကြပြန်သည်။
" ဟော နို့ဘူးတွေ ဖြည့်ပေးထားပြန်တော့ တစ်ခြားဟာ လုကြပြန်ပြီ "
" မရဘူး အန်တီရေ ၊ သူတို့နှစ်ယောက်က လုချင်လို့ကို လုနေကြတာ "
ကျောင်းကန်တင်းက အဒေါ်ကြီး စကားကို မိုင် ဝင်ဖြေရှင်းပေးရင်း ခေါင်းသာခါယမ်းနေမိတော့သည်။ စာတင်မကပဲ အသေးမွှားလေးတွေကအစ လိုက်ပြိုင်နေတဲ့ ဒီနှစ်ယောက်ကို ဘယ်လိုလုပ်ရပါ့မလဲ။
******
" နိုင်ချင်တာ သိပေမဲ့ ဘာလို့ ကိုယ်ကြိုက်တဲ့ဟာကို ထားခဲ့ပြီး ကိုယ်မကြိုက်တဲ့ဟာကိုလုပြေးရတာလဲ "
" ဟီး "
နွားနို့ဘူး ဖောက်ပေးရင် ဆူဖို့ ပြင်နေတဲ့ ခိုခိုကို မခို့တရို့လေးသာ ပြုံးပြလိုက်ရသည်။ယွန်းဂျီယွန်းကို နိုင်ချင်လို့သာ Banana Mlik ကိုကျော်ပြီး အသားညှပ်ပေါင်မုန့်ကို လုပြေးလာခဲ့ရပေမဲ့ တစ်ကယ်တမ်းကျ ဂျီမင်း ပေါင်မုန့်မှာ အရွက်တွေ မရောနိစ့်တွေ ပါနေတာကို မကြိုက်ပေ။
" ရော့ နွားနို့သောက် "
" တွေ့လား တွေ့လား ဆာရန်း ၊ ငါလွန်တာလား သူလွန်တာလား မကြိုက်ပဲနဲ့ သပ်သပ်ကြီး ငါ့ပေါင်မုန့်ကို လုသွားတာ "
ယွန်းဂျီယွန်းက ထိုစကားကို ဂျီမင်းတို့ဘက် စောင်းငမ်းငမ်းနှင့် လှည့်ကြည့်ရင်း ပြောနေသည်ကို ခိုခိုဆီက နွားနို့ဘူးလှမ်းယူရင်းနဲ့ မျက်ဝန်းထောင့်စွန်းကနေ လှမ်းမြင်လိုက်ရသည်။သူ့အသံက ကြိတ်မနိုင်ခဲမနိုင် ဖြစ်နေတဲ့ လေသံကြီးနှင့်၊သူ ဖြစ်ပျက်နေပုံက်ို ကြည့်ရင်း ဂျီမင်း ခပ်ရွဲ့ရွဲ့ပြုံးပြလိုက်တော့ မျက်စောင်းကြီးထိုးပြီး အရှေ့ပြန်လှည့်သွားသည်။
မခံထိမခံသာ ဖြစ်နေတဲ့ ယွန်းဂျီယွန်းရဲ့ ပုံစံကို မြင်ရတာက စိတ်ကျေနပ်စရာပင်။
*******
" 10000ကြေးလောင်းမယ်ဟာ ငါက ဂျီမင်းဘက်က "
" ငါက ယွန်းဂျီယွန်း "
မနေ့က လပတ် အရည်ချင်းစစ် စာမေးပွဲရှိတယ်လို့ ဆရာပြောပြီးထဲက ကလေးတော်တော်များများက အပြိုင်ဆိုင် အဆင့်(၁) နေရာကို လောင်းကြေးထပ်နေကြခြင်းဖြစ်သည်။
" ကလေးတွေကတော့ နင်တို့နှစ်ယောက်ကို အဆင့်၁ ဘယ်သူရမလဲ ဆိုပြီး တော်တော်စိတ်ဝင်စားနေကြတာနော် "
" ဟုတ်တယ် ဘန်ဂျီမင်း ၊ နင်နိုင်အောင် လုပ်မှ ဖြစ်မယ် "
" စိတ်ချစမ်းပါ ။ သူ့လောက်ကတော့ အေးဆေးနိုင်တယ် "
" တစ်ကယ် အေးဆေးနိုင်မှာ သေချာလို့လား "
ကျောင်းလျှောက်လမ်းဘေး သစ်ပင်အောက်က ခုံတန်းပေါ်ထိုင်ပြီး မိုင် ခိုခို တို့နဲ့ စကားပြောနေတုန်း ဘယ်ချိန် အနောက်ရောက်လာမှန်းမသိတဲ့ ယွန်းဂျီယွန်းက သူ့ကိုလျော့တွက်တဲ့သဘော ပြောလိုက်တာကို မကျေနပ်ဟန် ခက်ထန်နေတဲ့ မျက်နှာထားနဲ့ မေးခွန်းထုတ်လာသည်။ ဘေးမှာ ဆာရန်းက ရန်ဖြစ်မှာ စိုးရိမ်နေဟန် ယွန်းဂျီယွန်း လက်ကို ဆုပ်ကိုင်ထားသည်။
" သေချာတာပေါ့ "
အနည်းငယ် တွန့်သွားပေမဲ့လည်း မတုံးမဆိုင်းပဲ ဂျီမင်းပြန်ဖြေလိုက်သည်။ သူလည်းလျော့တွက်လို့ မရတဲ့သူ ဖြစ်တာသိပေမဲ့ ဂျီမင်း ကိုယ် ဂျီမင်းအများကြီး ပိုယုံသည်။
" ဒါဆို ပြိုင်ကြတာပေါ့ ။ ဒီစာမေးပွဲမှာ ငါအဆင့် ၁ ရခဲ့ရင် နင် ငါ့ကို ကိုးကွယ်ရမယ် "
မထင်မှတ်ထားတဲ့ လောင်းကြေးကြောင့် ဂျီမင်း ခန္ဓာကိုယ်ထဲက သွေးတွေဆူပွက်တက်လာပြီး ဒေါသစိတ်က ငယ်ထိပ်ထိ တက်ဆောင့်သည်။ဘေးက မိုင် နဲ့ ခိုခို ပင် မျက်နှာပျက်သွားသည်။
ဂျီမင်း ထိုင်နေရာကနေ ချက်ချင်း ဝုန်းခနဲထရပ်ပစ်လိုက်တော့ ဘေးက ခိုခိုက ရန်ဖြစ်မှာ စိတ်ပူပြီး လက်ကို လှမ်းဆွဲလာသည်။
" ကောင်းပြီလေ ငါနိုင်ခဲ့ရင် နင် ငါ့မျက်စိရှေ့က တစ်သက်လုံး ပျောက်ကွယ်သွားပေးရမယ် "
ဂျီမင်း အံကို တင်းတင်းကြိတ်လျှက် ယွန်းဂျီယွန်း မျက်လုံးကို စေ့စေ့ကြည့်ပြီး စိန်ပြန်ခေါ်ခဲ့လိုက်သည်။
မာနကို ထိခိုက်စေတဲ့ လောင်ကြေးကို အရင်တောင်းခဲ့တဲ့ ယွန်းဂျီယွန်းကို နောင်တရအောင် လုပ်ပြမည်။
*****
ဂျီယွန်း နဲ့ ဘန်ဂျီမင်းကြားက စိန်ခေါ်မှုက တစ်ကျောင်းလုံး ပျံ့နှံ့သွားသည်။ စိန်ခေါ်မှုပြီး နောက် ဂျီယွန်းနဲ့ဘန်ဂျီမင်းကြား ပြိုင်ဆိုင်မှုတွေကလည်း ပိုမိုပြင်းထန်လာသည်။
ဒီလိုလောင်းကြေးမျိုးကို တောင်းဖို့ စိတ်ကူးမရှိခဲ့ပေမဲ့ နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ စော်ကားပြောနေတာကို ခံပြင်းလွန်းတာကြောင့် အဲ့စကားက ပါးစပ်က အလိုလိုထွက်သွားခဲ့ခြင်းဖြစ်သည်။ သူ့ဆီက ကိုးကွယ်တာကိုလည်း ဂျီယွန်းမခံချင်ပါ။ ပြီးတော့ အရှုံးလည်း မခံချင် ။
" စာမေးပွဲ မေးခွန်း အဖြေတွေထွက်လာပြီ "
ရူဆာရန်းရဲ့ အမောတခေါ ပြေးလာပြောသံနဲ့အတူ ရင်ထဲထိတ်ခနဲဖြစ်သွားသည်။
တစ်ခုပြီး တစ်ခု ရွတ်ခေါ်ပြီး ပေးသွားတဲ့လူတွေများလာလေ ရင်ခုန်သံဟာ ပိုကျယ်လာလေဖြစ်သည်။ ဂျီယွန်းတို့ ပြိုင်ပွဲကို ကျောင်းက ဆရာတွေလည်း သိထားတာကြောင်း တမင်တကာ နောက်ဆုံးထားခေါ်ဖို့ လုပ်ထားဟန်တူသည်။
" ယွန်းဂျီယွန်း ... ဘန်ဂျီမင်း ... နှစ်ယောက်အတူ လာယူမယ် "
ဆရာရဲ့ ခေါ်သံနဲ့အတူ ဘန်ဂျီမင်း ထွက်လာပြီးနောက် ဂျီယွန်း အခြားတစ်ဖက်ကနေ လျှောက်သွားလိုက်သည်။
ဆရာဆီက အဖြေစာရွက်ကို မယူခင် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အဆုံးသတ်ပစ်လိုက်တော့မည့် မုဆိုးတစ်ကောင်၏ အကြည့်မျိုးနဲ့ စိုက်ကြည့်နေမိသည်။
" ကဲ အားလုံးစောင့်မျှော်နေတဲ့ ဒီအတန်းရဲ့ အဆင့်၁ က ထုံးစံအတိုင်း ဘန်ဂျီမင်းပါပဲ "
" တော်တယ် ဘန်ဂျီမင်း ၊ good job "
" ဟာ သွာပါပြီ "
" ငါထင်သားပဲ အစထဲက ဘန်ဂျီမင်းပါပဲလိူ့ "
ဆရာရဲ့ အဆင့်၁ ဂုဏ်ပြုသံနဲ့အတူ အတန်းထဲ ကလေးတွေရဲ့ အသံဟာ ဆူညံထွက်လာသည်။ မယုံနိုင်စရာ အဖြေကြောင့် ဂျီယွန်းဘယ်ကိုမှ အာရုံမစိုက်နိုင်တော့ပဲ အဖြေစာရွက်ကိုသာ စိုက်ကြည့်နေမိသည်။
" ဘယ်လိုလဲ ငါ့မျက်စိရှေ့က ပျောက်ကွယ်သွားပေးဖို့ အဆင်သင့်ဖြစ်ပြီလား "
အနားကို တိုးကပ်ပြီး အောင်နိုင်သူအပြုံးနဲ့ ပြုံးပြီးပြောလာတဲ့ ဘန်ဂျီမင်းက်ို ဒေါသထွက်ပေမဲ့လည်း အခုချိန် ဘာစကားတစ်ခွန်းကိုမှ ခွန်းတုံ့မပြန်နိုင်။
" အခုချိန် အားလုံးရှေ့မှာ အရှုံးကိုလက်ခံပြီးတော့ ငါ့ကို ဘယ်တော့မှ ထပ်မယှဉ်တော့ပါဘူး ဘန်ဂျီမင်းကို ကျွန်မ မယှဉ်နိုင်ပါဘူးလို့ တောင်းပန်ရင် လောင်းကြေးက်ို ပြန်ဖျက်ပေးဖို့ စဉ်းစားပေးမယ် "
ဂျီယွန်း နားထဲက်ို ထိုစကားများက သံရည်ပူပမာ စီးဝင်သွားသည်။ဂျီယွန်း အောက်နှုတ်ခမ်းက်ို ဖိကိုက်ပြီး အံကို တင်းတင်းကြိတ်လိုက််မိသည်။ပြီးတော့ ရဲရဲတောက်နေတဲ့ မျက်လုံးများနဲ့ သူ့က်ို ပြန်မော့ကြည့်လိုက်သည်။
"တော်စမ်းပါ နင့်ကို တောင်းပန်ပြီး ဒီကျောင်းမှာ တွယ်ကပ်နေမဲ့အစား ဘူဆန်ပြန်ပြီးပဲ ကျောင်းတက်လိုက်မယ်။ ပြီးတော့ မှတ်ထား ငါနင့်ကို ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရအောင် အနိုင်ပြန်ယူပြမယ် "
You are reading the story above: TeenFic.Net