Chapter 180 The Regular Customer

Background color
Font
Font size
Line height

အပိုင်း ၁၈၀။ ပုံမှန်ဖောက်သည်

"ငါ နောက်ယောက်ခံ အလိုက်ခံရတယ်?" ဖုန့်ရှိက ထခုန်လိုက်၏။

လူကြီးက သူ့အပြုအမူကြောင့် ထိတ်လန့်သွားရကာ သူ့ကို အစွမ်းကုန်သော အာရုံစူးစိုက်မှုတို့ဖြင့် ကြောင်တောင်တောင်ကြည့်လိုက်ပြီး၊ "ဘာ... ဘာများ မှားနေလို့လဲဟင်?"

"အဆင်ပြေပါတယ်။ ခဏနေဦး၊" ဖုန့်ရှီက ကြောက်လန့်နေတဲ့ လူကြီးကို နှစ်သိမ့်ပေးလိုက်ပြီး  ရေခဲချီလင်ထံသို့ စိတ်ထဲမှတဆင့် မက်ဆေ့ချ်ပို့လိုက်သည်၊ "ငါ့နောက်ကို နောက်ယောင်ခံလိုက်လာတာ အဲ့ဒီအမျိုးသမီးနဲ့ သူ့အဖော်လို့ မင်းထင်လား။"

"သူတို့ကလွဲလို့ ဘယ်သူဖြစ်မလဲ" Ice Qilin က ဒေါသတကြီး ပြောလိုက်သည်။

"သူတို့က ငါ့ကို သံသယဝင်နေလား? ငါက သူတို့ပစ္စည်းတွေကို ခိုးသွားတယ်ဆိုတာကို သူတို့သိသွားကြလား" ဖုန့်ရှိ က သိချင်စိတ်ပြင်းပျစွာ မေးလိုက်သည်။

ရေခဲချီလင်က "ထင်တာပဲ။ မင်းက မင်းကိုယ်မင်း မဖော်ပြခဲ့တဲ့အတွက် မင်းလုပ်ခဲ့တယ်လို့တော့ သူတို့ကျိန်းသေပေါက်တော့ မသိနိုင်ဘူး။ မင်းကို သံသယဝင်နေရုံလောက်ပဲလို့ ငါထင်တယ်။ အဲ့အပြင် သူတို့တွေက အရေးကြီးတဲ့ပစ္စည်းတွေ ဆုံးရှုံးသွားခဲ့တာ။ သူတို့တွေ တကယ်ကို စိုးရိမ်ပူပန်နေကြလိမ့်မယ်။ မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးဖွဲ့ထားတာဆိုတော့ ပြေးတွေးစရာမလိုဘဲ မင်းကိုပဲ သံသယဝင်လိုက်ကြတာဖြစ်မယ်။ ဒါပေမယ့် နေရာလွတ်လက်စွပ်နှစ်ခုက ဘယ်မှာရှိတယ်ဆိုတာ သူတို့သိလိုက်ရရင်တော့ မင်းကို သူတို့ သံသယဝင်တော့မှာမဟုတ်ဘူး။"

"မင်း အဓိကအချက်ကို ထောက်ပြလိုက်တာပဲ။ ဒါဆိုရင်တော့ သူတို့အကြောင်း တွေးပူနေစရာ မလိုတော့ဘူး။ သူတို့ လိုက်ပါစေ။" ဖုန့်ရှီသည်လည်း ဒါဟာ ပြဿနာကြီးကြီးမားမားမဟုတ်ဟု ခံစားမိလိုက်သည်။

ရေခဲချီလင်က မျက်လုံးလိမ့်လိုက်သည်။ "သူတို့က မင်းရဲ့နောက်ကို အမြဲလိုက်နေတာကောင်းပါတယ်။ မင်းဘာပဲလုပ်လုပ် မင်းကို စောင့်ကြည့်နေလိမ့်မယ်။"

"ငါ စောင့်အကြည့်ခံနေရတာကြောင့် မင်းထွက်မလာနိုင်ဘူးထင်တယ် ဟုတ်တယ်မှတ်လား" ဖုန့်ရှီအရမ်းစိတ်ရှုပ်သွားသည်။ သူ စောင့်အကြည့်ခံနေရရုံသာပဲလေ။ သူ့ကိုသတ်ဖို့ ရန်သူရောက်လာတာမှ မဟုတ်တာ။ ရေခဲချီလင်၏ လွတ်လပ်ခွင့်တို့ ချုပ်နှောင်ခံလိုက်ရပြီဆိုတာ သူသိလိုက်သည်။

ရေခဲချီလင် ရုတ်တရက် ထစ်ခနဲ ဖြစ်သွားသည်။

သူ မှန်ကန်စွာ မှန်းဆလိုက်ခြင်းပင်။။ ဖုန့်ရှီက တစ်ခုခုမှားနေပြီဆိုတာကို သိလိုက်သည်။ "တကယ်တော့ သူတို့ကို မင်းနောက်မလိုက်အောင် တားဖို့ နည်းလမ်းတစ်ခုရှိတယ်၊ ဒါပေမယ့် မင်းငါ့ကို ကူညီမှရမယ်!"

"ကောင်းပြီ၊ မင်းရဲ့အစီအစဥ်က ဘာလဲဆိုတာ ငါ့ကိုပြောပါ" လွတ်လွတ်လပ်လပ်နေနိုင်ရေးအတွက်တော့ ရေခဲချီလင်က သူ့ကို မျက်နှာသာပေးတာမျိုး မလုပ်ခဲ့ပေ။

"မင်းကို ပြောထားခဲ့တဲ့အတိုင်းပဲ လုပ်ပါ၊ ဒါပေမယ့် ငါတို့ လေနဲ့သွေးမဟာမိတ်ကိုရောက်သွားပြီးမှ အဲဒါကို ပြောကြရအောင်။"

ဒီကိစ္စကို ကိုင်တွယ်ပြီးနောက် ဖုန့်ရှီဟာ VIP အခန်းကို ပြန်သွားတဲ့အချိန်မှာတော့ အုတ်ခဲပူပေါ်မှာ ဂဏာမငြိမ် လှည့်ပတ်နေတဲ့ ကြောင်တစ်ကောင်လို ဖြစ်နေသော လူကြီးကို တွေ့လိုက်ရသည်။ ဖုန့်ရှီ အတွင်းဝင်လာတာကို မြင်လိုက်ရတော့ သူက တစ်ခုခုပြောနေသလို ခံစားနေရသော်ငြား ဘာပြောရမှန်းမသိ ဖြစ်နေ၏။ ဖုန့်ရှီက သူပြောချင်တာကို ချက်ချင်းသိလိုက်သည်။

"မင်းငါ့ကိုပြောစရာရှိလို့လား" ဖုန့်ရှီက ပြုံးပြီး မေးတယ်။

လူကြီးက ထစ်သွားကာ "ငါ... ငါ တောင်းပန်ပါတယ် မင်းကို ခရမ်းရောင်သလင်းကျောက် တစ်ဝက်ပြန်ပေးဖို့ ငါ အကြွေးတင်နေပြီ။ ငါမင်းကိုအမြန်ဆုံး ပြန်ပေးပါ့မယ်။"

"မလိုပါဘူး၊ နောက်ဆုံး ခရီးစဉ်ဖြစ်တဲ့ ပျံသန်းမိစ္ဆာသားရဲကို ငါ မှီသွားစေခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပါ၊ ဒါကြောင့် မင်းငါ့ကို ဘာမှ ပြန်ပေးစရာ မလိုပါဘူး။ နောက်ပြီး ခရမ်းရောင် သလင်းကျောက်နှစ်ခုက ငါ့အတွက် ဘာမှမဟုတ်ပါဘူး။ မင်းမှာက ခရမ်းရောင်သလင်းကျောက်တစ်တုံးပဲ မင်းမှာရှိတာ။ ဒါကို မင်း ကောင်းကောင်း သင်ခန်းစာယူပေါ့။ နောက်ကို မင်းသူငယ်ချင်းတွေရဲ့ လှည့်စားတာကို မခံရစေနဲ့" ဖုန့်ရှီက အကြီးတစ်ယောက်အလား ထိုသူကို အလေးအနက်ထားပြီး သွန်သင်ဆုံးမလိုက်သည်။

ထိုလူသည် ရိုးကျိုးနှိမ်ချတတ်သောသူဖြစ်သည်။ ဖုန့်ရှီက ကောင်းတဲ့အချက်ကို လုပ်ခဲ့ပေမယ့် အဲဒီလူက တခြားသူတွေအပေါ်ကို အခွင့်ကောင်းယူရတာကို မကြိုက်ချေ။ သူ နောက်တစ်ကြိမ ငြင်းဆိုတော့မည့်အချိန်မှာပဲ ဖုန့်ရှိက သူ့ရည်ရွယ်ချက်ကို သိမြင်ပြီး ထပ်မံ တားမြစ်လိုက်သည်။

"စိတ်ရှုပ်စရာတွေ မလုပ်နဲ့။ မင်းရဲ့ ရိုးသားတဲ့ မျက်နှာနဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် မဟုတ်ရင် ငါ မင်းကို ကူညီမှာ မဟုတ်ဘူး။"

တိုတိုပြောရရင် လူကြီးက ဖုန့်ရှီနှင့် တွေ့ဆုံခွင့်ရတာ ကံကောင်းလွန်းလှသည်။ ဖုန့်ရှီက သူ့ကို သဘောကျသည့်အတွက် သူ့ကို ကူညီခဲ့ခြင်းသာ။ ရိုးရှင်းသောကိစ္စတစ်ခုမျှသာပင်!

ဤသည်မှာ ဖု့န်ရှီဆိုလိုချင်သော သဘောသာဖြစ်သည်။ အရင်က ဒီလိုလူတွေကို သူတွေ့ဖူး၏။ သူတို့တွေသည် ရိုးကျိုးနှိမ်ချတတ်ပြီး အားနည်းသော်လည်း သဘာဝအားဖြင့် သူတို့သည် စည်းကမ်းရှိပြီး အခြားသူများ၏ အကူအညီ ရယူရခြင်းကို မကြိုက်ကြပေ။ သူတို့ အကြွေးတင်သမျှ အားလုံးကို ရရာနည်းနှင့် ပြန်ဆပ်ဖို့ ကြိုးစားကြမည်သာ။ ကျေးဇူးရှင်က သူတို့ကို ဘယ်လောက်ပဲ ဖြောင့်ဖျပါစေ သူတို့ကတော့ အလျှော့ပေးမည် မဟုတ်။ သူတို့က သူတို့၏ ခိုင်မာသော ရပ်တည်ချက်ကို ပြတတ်ကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် နောက်ဆုံးတော့ ထိုလူသည် ဖုန့်ရှီ၏ ပြင်းထန်သော စကားတို့ကို နားထောင်ခဲ့သော်လည်း၊ ထိုကဲ့သို့သော အခြေအနေမျိုး တစ်ခါမျှ မကြုံဖူးသောကြောင့် သူမည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိခဲ့ပေ။

"စကားမစပ် မင်းက ဒီက ဒေသခံတစ်ယောက်လား။" ဖုန့်ရှီရုတ်တရက် မေးခွန်းတစ်ခုကို တွေးလိုက်မိသည်။

လူကြီးက ဖု့န်ရှီဒီမေးခွန်းကို ဘာကြောင့်မေးတာလဲ မသိပါသည့်အတွက် ကြောင်သွားပြီး ခဏကြာမှလက်ခုပ်နှစ်ဖက် အုပ်လိုက်ကာ "ဟုတ်ပါတယ် ဘာလို့ ဒီလိုမေးတာလဲ" လို့ ပြန်ဖြေတယ်။

"ဒါဆို မင်း လွင်ပြင်ကျယ်ကို ကောင်းကောင်း သိသင့်တယ် မဟုတ်လား"

"မင်း လူမှန်ကို မေးလိုက်တာပဲ။ ငါ့မိသားစုက လှည့်လည်သွားလာနေကြတဲ့ ကုန်သည်တွေ။ ငါတို့က လွင်ပြင်ကျယ်ကို အကြိမ်ပေါင်းများစွာ ခရီးထွက်ပြီး နေရာတော်တော်များများကို ရောက်ဖူးတယ်။ ကံဆိုးစွာနဲ့ပဲ ငါတို့က ဓားပြတွေဆီ တိုးမိသွားခဲ့တဲ့အတွက် ငါ့ကလွဲလို့ ဘယ်သူမှ မလွတ်မြောက်ခဲ့ကြဘူး။ နောက်ဆုံးတော့ ငါ ထယ်ဖုန်းမြို့ကို ရောက်လာခဲ့တတာပဲ။ ငါ နေရာတိုင်းကို ရောက်ဖူးတယ်လို့ မပြောဝံ့ပေမယ့် နေရာအများစုကို သိတယ်။"

"ကောင်းပြီ၊ ငါ မင်းကို အခု အခွင့်အရေး ပေးမယ်" ဖုန့်ရှီက ပြောလိုက်သည်။

လူကြီးက အံ့ဩသွားကာ "ဘာအခွင့်အရေးလဲ?"

"ငါက လမ်းပြတစ်ယောက်လိုနေတယ်။ မင်းက လွင်ပြင်ကျယ်နဲ့ အရမ်း ကျွမ်းဝင်ပြီးသားဆိုတော့ ငါ မင်းကို ငှားလိုက်မယ် ၊ ငါက လွင်ပြင်ကျယ်ကနေ အမြန်ဆုံး ထွက်သွားဖို့ လိုနေလို့၊ ပြီးတော့ ငါ ဒီနေရာကို မရင်းနှီးဘူး။ ငါလမ်းမှားပြီး အချိန်ဖြုန်းတီးလိုက်ရမှာကို ကြောက်တယ်။ ဒါကြောင့် နေ့တိုင်း ငါ့ကို လမ်းပြပေးမယ့်သူတစ်ယောက်လိုတယ်။ မင်းရဲ့စွမ်းဆောင်ရည်က ကျေနပ်တယ်ဆိုရင် မင်းကို တစ်နေ့တာအတွက် ခရမ်းရောင်သလင်းကျောက်တစ်တုံးပေးမယ်။ မင်းဘယ်လိုသဘောရလဲ?" ဖုန့်ရှီက သူ့ကို မေးစမ်းကြည့်လိုက်သည်။

လူကြီးက အံသြသွား၏။ တစ်ရက်ကို ခရမ်းရောင်သလင်ကျောက်တစ်တုံး? အဲဒါက တစ်နှစ်ပတ်လုံး ကြိုးကြိုးစားစား အလုပ်လုပ်မှ ရမယ့် ဝင်ငွေလေ။

"မင်း ဘာမှ မပြောရင် သဘောတူတယ်လို့ပဲ ငါမှတ်ယူလိုက်မယ်။ ဟုတ်သားပဲ၊ မင်းကို ငါ ခန့်လိုက်ပြီဆိုတာနဲ့ ခန့်လိုက်တဲ့အတောအတွင်း ငါက မင်းကို တစ်ခုခု လုပ်စေချင်တယ်ဆိုရင် မင်းငြင်းလို့မရဘူး။ ဒါပဲ!" ထိုသူဘာမှ မပြောနိုင်ဘဲ အံ့ဩနေသည်ကို မြင်လိုက်ရသဖြင့် ဖုန့်ရှီတစ်ယောက် သူ့ဖာသာသူသာ ဆုံးဖြတ်ချက်ချလိုက်ပြီး တဖက်သူ၏ ထင်မြင်ချက်ကို မတောင်းဆိုတော့ပေ။

ဒီနေ့သည်ကား ထိုသူအတွက်တော့ အိပ်မက်မက်နေသလိုပင်။

တစ်နေတာကို အတူတူဖြတ်သန်းကြပြီးချိန်မှာတော့ လူကြီး၏အမည်မှာ သုန်လင်းဖြစ်ပြီး အားကိုးရာမဲ့သော တစ်ကိုယ်တည်းသမားတစ်ယောက် ဖြစ်သည်ကို ဖုန့်ရှီသိလိုက်ရသည်။ မူလက သူသည် အမျိုးသမီးတစ်ဦးနှင့် စေ့စပ်ထားခဲ့သော်လည်း ၎င်း၏မိသားစု၏ ကြီးမားသောပြောင်းလဲမှုကို တွေ့ကြုံခဲ့ရပြီးနောက် အဆိုပါအမျိုးသမီး၏ မိသားစုသည် သူတို့၏သမီးကို သူနှင့် လက်ထပ်ပေးဖို့ရန် ဆန္ဒမရှိကြတော့ပေ။ သူသည် ရိုးသားပြီး ပျော့ညံ့သူဖြစ်ကာ သူ့ကိုယ်သူ ခုခံနိုင်စွမ်းမရှိသည့်အပြင် သူနှင့်လက်ထပ်ပြီးသည့်နောက် သူတို့သမီး ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းဖို့ ကြိုးစားကြသည့်အတွက် သူ သဘောတူခဲ့ရသည်။

အဲ့နောက်မှာတော့ သူသည် ထယ်ဖုန်းမြို့တွင် နေထိုင်ခဲ့သည်။ သူ၏ ကျင့်ကြံမှုအရှိန်သည် နှေးကွေးလွန်းသောကြောင့် ကျင့်ကြံမှု အဆင့်သည် ကောင်းကင်ဘုံနတ်ဘုရား ကြယ်သုံးပွင့်အဆင့်တွင် ရပ်တန့်နေခဲ့ပြီး နှစ်အတော်ကြာသည်အထိ မတိုးတက်တော့ပေ။ ကျင့်ကြံမှုအဆင့်နိမ့်လွန်းသော ကျင့်ကြံသူသည် တာဝန်များကို ရယူပြီး ပြီးမြောက်အောင်လုပ်ဆောင်ခြင်းနည်းလမ်းဖြင့် ငွေမရှာနိုင်ပေ။ မည်သူမှမှလည်း သူနဲ့ပူးပေါင်းလိုစိတ်မရှိတဲ့အတွက် သူတပါးအတွက် ဝေယျာဝစ္စလုပ်ပေးပြီးသာ အသက်မွေးဝမ်းကြောင်းပြုနိုင်ပါတယ်။ သူသည် ခါးသီးသော ဘဝကို ဖြတ်သန်းခဲ့ပြီး တစ်နှစ်တာ အလုပ်ကြိုးစားပြီးနောက် ခရမ်းရောင် သလင်းကျောက်တစ်တုံးသာ စုဆောင်းနိုင်ခဲ့သည်။

ထို့ကြောင့် ဖုန့်ရှီက သူ့ကို တစ်ရက်ကို ခရမ်းရောင်သလင်းကျောက်တစ်တုံး ပေးမည်ဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ ချက်ခြင်းပင် အံ့ဩသွားခဲ့ရသည်။

တစ်ရက်နှင့် တစ်နှစ်သည် လုံးဝကွဲပြားသော အကြောင်းချင်းရာနှစ်ခုဖြစ်သည်။

ဖုန့်ရှီက အဲဒီလူကို စာနာပြီး အငြင်းမပွါးချင်တာကြောင့် ထိုသို့ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ကို ရေခဲချီလင် သိသည်။ တကယ်တော့ သူတို့ကို လမ်းပြပေးဖို့ မည်သူ့ကိုမှ မလိုအပ်ပေ။ လေနှင့်သွေး မဟာမိတ်အဖွဲ့သို့ ရောက်သရွေ့ ၎င်းတို့သည် နေရာကူးပြောင်းအခင်းအကျင်း၏တည်နေရာကို ဖြတ်သွားဖြတ်လာတစ်ဦးဦးအား မေးမြန်းနိုင်သည်ပင်။ လမ်းပြငှားရန် မလိုအပ်ပေ။

မိစ္ဆာသားရဲပေါ်က လေနှင့်သွေးမြို့တော်ထဲသို့ သက်ဆင်းဝင်ရောကလိုက်သည်နှင့် သူတို့ နိုးလာခဲ့ကြသည်။

"တကယ်တောင်းပန်ပါတယ်။ ငါမင်းကိုချက်ချင်းလိုက်ပို့ပေးမယ်။ မင်းသွားချင်တဲ့နေရာရှိလား" သုန်လင်းက ကမန်းကတန်းပြောလိုက်သည်။ လူငယ်က သူ့ကို လမ်းပြအဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်သည့်အတွက် သူ့အလုပ်ကို သူ ကောင်းကောင်းလုပ်ရမယ်။

ဖုန့်ရှီက ခြေဖျားထောက်လိုက်ပြီး ခဏလောက် လှည့်ကြည့်လိုက်ကာ၊ "သုန်လင်း၊ လေနဲ့သွေး မြို့တော်မှာ ပျော်စရာနေရာတစ်ခု ရှိမလား၊ အပျော်ဂေဟာမျိုးပေါ့"

"အ... အပျော်ဂေဟာလား? မင်း... မင်း အပျော်ဂေဟာကို သွားမလို့လား။" သုန်လင်းက အံသြသွား၏။

"ဟုတ်​တယ်​ ​အပျော်ဂေဟာ​ဘယ်​မှာလဲ သိလား" ဖုန့်ရှီသည် သူ့အမူအရာကို သတိမထားမိပေ။

သူပြန်မဖြေခင်မှာ ရေခဲချီလင်က ရှိုက်ကြီးတငင် အော်ဟစ်လိုက်ပြီး "လူယုတ်မာလေး၊ မင်းက မကောင်းတဲ့အကောင်ပဲ။ မင်း ခေါင်းဆောင်ရဲ့နောက်ကွယ်မှာ ပြည့်တန်ဆာတွေရှိတဲ့ အပျော်ဂေဟာကို မင်းဘယ်လိုလုပ် သွားဖို့ ကြံရဲတာလဲ။ "

အကယ်၍ ရေခဲချီလင်သည် သူ့ရှေ့တွင် ယခုရပ်နေပါက ဖုန့်ရှီသည် သူ့ကို သေချာပေါက် ထိုးမိလိမ့်မည်ဖြစ်သည်။

"ငတုံးလား။ အမျိုးသမီးနှစ်ယောက်ကို ဖယ်ဖို့မဟုတ်ရင် ငါအဲဒီနေရာကို သွားမှာမဟုတ်ဘူး။ မင်းအတွက်ကြောင့်လေ။ မင်းက ငါ့ကို ဘယ်လိုများ ပြောရဲတာလဲ။"

ရေခဲချီလင်က ခဏလောက် ငြိမ်သွားပြီး "မင်း သူတို့ကို မျက်ခြေဖြတ်ချင်လို့ကိုး၊ ဒါပေမဲ့ အဲဒါက အပျော်ဂေဟာနဲ့ ဘာဆိုင်လို့လဲ"

"မင်း နားမလည်ပါဘူး။ အဲဒီအမျိုးသမီးက ဘယ်သူလဲ၊ ကောင်းကင်ဘုံရဲ့ မင်းသမီးတစ်ယောက်အနေနဲ့ သူ့ရဲ့ မြင့်မြတ်တဲ့ လက္ခဏာတို့ကိုကြည့်ပြီး ပြောရမယ်ဆိုရင် သူမက အဲဒီနေရာကို ဝင်မယ်လို့ မင်းထင်သလား၊ အဲ့အပြင် အဲ့လိုနေရာမျိုးက ယောက်ျားတွေအတွက် နေရာတစ်ခုပဲ။ သူတို့က မိန်းမနှစ်ယောက်ပဲလေ။ အထဲကိုဝင်ဖို့ဆို သူတို့သိက္ခာ သူတို့ ငဲ့ရမယ်၊ ငါတို့က အပျော်ဂေဟာထဲ ဝင်သွားပြီး သူတို့ကို မျက်ခြေဖြတ်ဖို့ နည်းလမ်းရှာမယ်။ လိုအပ်ရင် သူတို့ကို ဒုက္ခပေးလို့တောင် ရမယ်" ဖုန့်ရှီသည် အစီအစဉ်တစ်ခုကို တွေးထားပြီးဖြစ်သည်။

သူ့အတိတ်ဘ၀တုန်းက ဒီနည်းလမ်းမျိုးကို အကြိမ်ပေါင်းများစွာ သူအသုံးပြုခဲ့ပြီး သူ့ကို ဖမ်းချင်သူတွေဟာ နောက်ဆုံးမှာတော့ လက်လျော့ခဲ့လိုက်ကြရတော့သည်။

"လင်း၊ ငါတို့သွားရင်းနဲ့ လေနဲ့သွေးမြို့အကြောင်း ငါ့ကိုပြောစမ်း"

"အိုး အဆင်ပြေပါတယ်!"

သုန်လင်းက သိစိတ် ပြန်ဝင်လာသည်။ လူငယ်က ဘာကို လုပ်ချင်သည်ဆိုတာကို သူ မသိသော်လည်း၊ လူငယ်သည် ဆိုးသွမ်းသော ပုံပန်းသဏ္ဍာန် လုံးဝမရှိသောကြောင့် မကောင်းတာလုပ်မှာတော့မဟုတ်ဟု သူယုံကြည်သည်။ ထို့အပြင်၊ လူငယ်က သူ့ကိုခြွင်းချက်မရှိကူညီပြီး သူ့ကောင်းကျိုးအတွက် ဆင်ခြေပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် လူငယ်သည် လူဆိုးတော့မဖြစ်နိုင်။ သူက တုံးအသူတစ်ယောက်ဖြစ်သော်ငြား ဒါကိုတော့ သူ အကဲဖြတ်တတ်သည်။

"လေနဲ့သွေးမြို့တော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သောင်းလောက်က တည်ဆောက်ခဲ့တာ။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်လောက်က ကြီးမြတ်တဲ့ သမ္မတကြီးချီ ရောက်ရှိလာတဲ့ အချိန်မတိုင်ခင်အထိ ကြီးကျယ်ခမ်းနားတဲ့ မြို့ကြီးတစ်မြို့ပေါ့။ ကြီးမြတ်တဲ့ သမ္မတကြီးဟာ နယ်မြေအတွင်းက ဓားပြတွေအားလုံးကို အမြစ်ပြတ်ချေမှုန်းပြီး မြို့တော်ကို တိုးချဲ့ခဲ့ပါတယ်။ မြို့တော်ကို တည်ထောင်ပြီး လေနှင့်သွေး မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့သတယ်။ အဲ့ဒီ့အချိန်ကစပြီး သူ ဒီနေရာမှာ အခြေချနေထိုင်ခဲ့တယ်။ အစပိုင်းမှာတော့ လူတွေက သူ့ကို အလယ်ပိုင်းဒေသ ယင်းဖုန်းရဲ့ လက်အောက်ခံတစ်ဦးဖြစ်လို့သာမက လေနဲ့သွေးမြို့တော်က ပြည်သူတွေကို တည်ငြိမ်အေးချမ်းမှုတွေ ပေးဆောင်ခဲ့တဲ့အတွက်ပါ လေးစားခဲ့ကြတယ်။ ဒါကြောင့် လူတော်တော်များများက သူ့လုပ်ဆောင်မှုတွေကို သဘောကျခဲ့ကြပေမယ့်..." သုန်လင်းက သနားစရာကောင်းတဲ့ အကြည့်နဲ့ ပြောလိုက်သည် ။

ဖုန့်ရှီက "ဒါပေမယ့် ဘာလဲ။"

"ဒါပေမယ့် တဖြည်းဖြည်းနဲ့ လူတွေက ကြီးမြတ်တဲ့သမ္မတချီ ဟာ သူတို့ ထင်ထားသလောက် စိတ်ထားမကောင်းတာကို တွေ့လာရတယ်။ သူကတော့ စိတ်တိုလွယ်တယ်။။ နောက်ပိုင်းမှာတော့ သူက အခွန်တွေ ကြီးကြီးမားမား စည်းကြပ်ပြီး ဆင်းရဲသားတွေကို ခါးသီးတဲ့ ဘဝကို ဖြတ်သန်းစေခဲ့တဲ့အတွက် ပြည်သူတွေက လေနဲ့ သွေးမြို့ကိုတောင် စွန့်ခွါခဲ့ကြရတယ်။ ကျွန်တော့မိသားစုလည်း ထွက်ခွါခဲ့ကြရတယ်။ ဒါပေမဲ့ ဒါက သည်းမခံနိုင်ဆုံးတော့ မဟုတ်သေးဘူး။ ကြီးမြတ်တဲ့သမ္မတချီမှာ ဂျူနီယာချီလို့ သိကြတဲ့ သားတစ်ယောက်ရှိတယ်။ သူက ဆိုးဝါးတဲ့ လုပ်ရပ်အမျိုးမျိုးကို ပြုသူတစ်ဥိးဖြစ်ပေမဲ့ ကျင့်ကြံဖို့တော့ မကြိုက်တဲ့သူတစ်ယောက်ဖြစ်တယ်။ အဲ့တာကြောင့် သူဟာ လူ့ဘော်ကျော့ဘ၀နဲ့ ဖြတ်သန်းနေပြီးအပျော်ဂေဟာရဲ့ ပုံမှန်ဖောက်သည်တစ်ဦးဖြစ်လာတယ်။ ကျွန်တော်တို့ အပျော်ဂေဟာကို သွားမယ်ဆိုရင် သူနဲ့တောင် တွေ့ချင် တွေ့ရလိမ့်မယ်။"

ဖုန့်ရှီက သူ့မေးစေ့ကို ကိုင်လိုက်ပြီး "ဟားဟား၊ အပျော်ဂေဟာရဲ့ ပုံမှန်ဖောက်သည်တစ်ယောက်..."

20230413; 1907

Stay tuned for the next chapter:
Chapter 181 Yexiang Ranch

🥰Thanks for reading, sharing, comments and votes.

—————————— 👀 —————————

အပိုင္း ၁၈၀။ ပုံမွန္ေဖာက္သည္

"ငါ ေနာက္ေယာက္ခံ အလိုက္ခံရတယ္?" ဖုန့္ရွိက ထခုန္လိုက္၏။

လူႀကီးက သူ႔အျပဳအမူေၾကာင့္ ထိတ္လန့္သြားရကာ သူ႔ကို အစြမ္းကုန္ေသာ အာ႐ုံစူးစိုက္မွုတို႔ျဖင့္ ေၾကာင္ေတာင္ေတာင္ၾကည့္လိုက္ၿပီး၊ "ဘာ... ဘာမ်ား မွားေနလို႔လဲဟင္?"

"အဆင္ေျပပါတယ္။ ခဏေနဦး၊" ဖုန့္ရွီက ေၾကာက္လန့္ေနတဲ့ လူႀကီးကို ႏွစ္သိမ့္ေပးလိုက္ၿပီး ေရခဲခ်ီလင္ထံသို႔ စိတ္ထဲမွတဆင့္ မက္ေဆ့ခ်္ပို႔လိုက္သည္၊ "ငါ့ေနာက္ကို ေနာက္ေယာင္ခံလိုက္လာတာ အဲ့ဒီအမ်ိဳးသမီးနဲ႔ သူ႔အေဖာ္လို႔ မင္းထင္လား။"

"သူတို႔ကလြဲလို႔ ဘယ္သူျဖစ္မလဲ" Ice Qilin က ေဒါသတႀကီး ေျပာလိုက္သည္။

"သူတို႔က ငါ့ကို သံသယဝင္ေနလား? ငါက သူတို႔ပစၥည္းေတြကို ခိုးသြားတယ္ဆိုတာကို သူတို႔သိသြားၾကလား" ဖုန့္ရွိ က သိခ်င္စိတ္ျပင္းပ်စြာ ေမးလိုက္သည္။

ေရခဲခ်ီလင္က "ထင္တာပဲ။ မင္းက မင္းကိုယ္မင္း မေဖာ္ျပခဲ့တဲ့အတြက္ မင္းလုပ္ခဲ့တယ္လို႔ေတာ့ သူတို႔က်ိန္းေသေပါက္ေတာ့ မသိနိုင္ဘူး။ မင္းကို သံသယဝင္ေန႐ုံေလာက္ပဲလို႔ ငါထင္တယ္။ အဲ့အျပင္ သူတို႔ေတြက အေရးႀကီးတဲ့ပစၥည္းေတြ ဆုံးရွုံးသြားခဲ့တာ။ သူတို႔ေတြ တကယ္ကို စိုးရိမ္ပူပန္ေနၾကလိမ့္မယ္။ မင္းတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ၿငိဳးဖြဲ႕ထားတာဆိုေတာ့ ေျပးေတြးစရာမလိုဘဲ မင္းကိုပဲ သံသယဝင္လိုက္ၾကတာျဖစ္မယ္။ ဒါေပမယ့္ ေနရာလြတ္လက္စြပ္ႏွစ္ခုက ဘယ္မွာရွိတယ္ဆိုတာ သူတို႔သိလိုက္ရရင္ေတာ့ မင္းကို သူတို႔ သံသယဝင္ေတာ့မွာမဟုတ္ဘူး။"

"မင္း အဓိကအခ်က္ကို ေထာက္ျပလိုက္တာပဲ။ ဒါဆိုရင္ေတာ့ သူတို႔အေၾကာင္း ေတြးပူေနစရာ မလိုေတာ့ဘူး။ သူတို႔ လိုက္ပါေစ။" ဖုန့္ရွီသည္လည္း ဒါဟာ ျပႆနာႀကီးႀကီးမားမားမဟုတ္ဟု ခံစားမိလိုက္သည္။

ေရခဲခ်ီလင္က မ်က္လုံးလိမ့္လိုက္သည္။ "သူတို႔က မင္းရဲ့ေနာက္ကို အျမဲလိုက္ေနတာေကာင္းပါတယ္။ မင္းဘာပဲလုပ္လုပ္ မင္းကို ေစာင့္ၾကည့္ေနလိမ့္မယ္။"

"ငါ ေစာင့္အၾကည့္ခံေနရတာေၾကာင့္ မင္းထြက္မလာနိုင္ဘူးထင္တယ္ ဟုတ္တယ္မွတ္လား" ဖုန့္ရွီအရမ္းစိတ္ရွုပ္သြားသည္။ သူ ေစာင့္အၾကည့္ခံေနရ႐ုံသာပဲေလ။ သူ႔ကိုသတ္ဖို႔ ရန္သူေရာက္လာတာမွ မဟုတ္တာ။ ေရခဲခ်ီလင္၏ လြတ္လပ္ခြင့္တို႔ ခ်ဳပ္ေႏွာင္ခံလိုက္ရၿပီဆိုတာ သူသိလိုက္သည္။

ေရခဲခ်ီလင္ ႐ုတ္တရက္ ထစ္ခနဲ ျဖစ္သြားသည္။

သူ မွန္ကန္စြာ မွန္းဆလိုက္ျခင္းပင္။။ ဖုန့္ရွီက တစ္ခုခုမွားေနၿပီဆိုတာကို သိလိုက္သည္။ "တကယ္ေတာ့ သူတို႔ကို မင္းေနာက္မလိုက္ေအာင္ တားဖို႔ နည္းလမ္းတစ္ခုရွိတယ္၊ ဒါေပမယ့္ မင္းငါ့ကို ကူညီမွရမယ္!"

"ေကာင္းၿပီ၊ မင္းရဲ့အစီအစဥ္က ဘာလဲဆိုတာ ငါ့ကိုေျပာပါ" လြတ္လြတ္လပ္လပ္ေနနိုင္ေရးအတြက္ေတာ့ ေရခဲခ်ီလင္က သူ႔ကို မ်က္ႏွာသာေပးတာမ်ိဳး မလုပ္ခဲ့ေပ။

"မင္းကို ေျပာထားခဲ့တဲ့အတိုင္းပဲ လုပ္ပါ၊ ဒါေပမယ့္ ငါတို႔ ေလနဲ႔ေသြးမဟာမိတ္ကိုေရာက္သြားၿပီးမွ အဲဒါကို ေျပာၾကရေအာင္။"

ဒီကိစၥကို ကိုင္တြယ္ၿပီးေနာက္ ဖုန့္ရွီဟာ VIP အခန္းကို ျပန္သြားတဲ့အခ်ိန္မွာေတာ့ အုတ္ခဲပူေပၚမွာ ဂဏာမၿငိမ္ လွည့္ပတ္ေနတဲ့ ေၾကာင္တစ္ေကာင္လို ျဖစ္ေနေသာ လူႀကီးကို ေတြ႕လိုက္ရသည္။ ဖုန့္ရွီ အတြင္းဝင္လာတာကို ျမင္လိုက္ရေတာ့ သူက တစ္ခုခုေျပာေနသလို ခံစားေနရေသာ္ျငား ဘာေျပာရမွန္းမသိ ျဖစ္ေန၏။ ဖုန႔္ရွီက သူေျပာခ်င္တာကို ခ်က္ခ်င္းသိလိုက္သည္။

"မင္းငါ့ကိုေျပာစရာရွိလို႔လား" ဖုန့္ရွီက ျပဳံးၿပီး ေမးတယ္။

လူႀကီးက ထစ္သြားကာ "ငါ... ငါ ေတာင္းပန္ပါတယ္ မင္းကို ခရမ္းေရာင္သလင္းေက်ာက္ တစ္ဝက္ျပန္ေပးဖို႔ ငါ အေႂကြးတင္ေနၿပီ။ ငါမင္းကိုအျမန္ဆုံး ျပန္ေပးပါ့မယ္။"

"မလိုပါဘူး၊ ေနာက္ဆုံး ခရီးစဥ္ျဖစ္တဲ့ ပ်ံသန္းမိစၧာသားရဲကို ငါ မွီသြားေစခဲ့တဲ့အတြက္ မင္းကို ေက်းဇူးတင္ရမွာပါ၊ ဒါေၾကာင့္ မင္းငါ့ကို ဘာမွ ျပန္ေပးစရာ မလိုပါဘူး။ ေနာက္ၿပီး ခရမ္းေရာင္ သလင္းေက်ာက္ႏွစ္ခုက ငါ့အတြက္ ဘာမွမဟုတ္ပါဘူး။ မင္းမွာက ခရမ္းေရာင္သလင္းေက်ာက္တစ္တုံးပဲ မင္းမွာရွိတာ။ ဒါကို မင္း ေကာင္းေကာင္း သင္ခန္းစာယူေပါ့။ ေနာက္ကို မင္းသူငယ္ခ်င္းေတြရဲ့ လွည့္စားတာကို မခံရေစနဲ႔" ဖုန့္ရွီက အႀကီးတစ္ေယာက္အလား ထိုသူကို အေလးအနက္ထားၿပီး သြန္သင္ဆုံးမလိုက္သည္။

ထိုလူသည္ ရိုးက်ိဳးႏွိမ္ခ်တတ္ေသာသူျဖစ္သည္။ ဖုန႔္ရွီက ေကာင္းတဲ့အခ်က္ကို လုပ္ခဲ့ေပမယ့္ အဲဒီလူက တျခားသူေတြအေပၚကို အခြင့္ေကာင္းယူရတာကို မႀကိဳက္ေခ်။ သူ ေနာက္တစ္ႀကိမ ျငင္းဆိုေတာ့မည့္အခ်ိန္မွာပဲ ဖုန့္ရွိက သူ႔ရည္ရြယ္ခ်က္ကို သိျမင္ၿပီး ထပ္မံ တားျမစ္လိုက္သည္။

"စိတ္ရွုပ္စရာေတြ မလုပ္နဲ႔။ မင္းရဲ့ ရိုးသားတဲ့ မ်က္ႏွာနဲ႔ ကိုယ္ရည္ကိုယ္ေသြးေၾကာင့္ မဟုတ္ရင္ ငါ မင္းကို ကူညီမွာ မဟုတ္ဘူး။"

တိုတိုေျပာရရင္ လူႀကီးက ဖုန့္ရွီႏွင့္ ေတြ႕ဆုံခြင့္ရတာ ကံေကာင္းလြန္းလွသည္။ ဖုန့္ရွီက သူ႔ကို သေဘာက်သည့္အတြက္ သူ႔ကို ကူညီခဲ့ျခင္းသာ။ ရိုးရွင္းေသာကိစၥတစ္ခုမၽွသာပင္!

ဤသည္မွာ ဖု႔န္ရွီဆိုလိုခ်င္ေသာ သေဘာသာျဖစ္သည္။ အရင္က ဒီလိုလူေတြကို သူေတြ႕ဖူး၏။ သူတို႔ေတြသည္ ရိုးက်ိဳးႏွိမ္ခ်တတ္ၿပီး အားနည္းေသာ္လည္း သဘာဝအားျဖင့္ သူတို႔သည္ စည္းကမ္းရွိၿပီး အျခားသူမ်ား၏ အကူအညီ ရယူရျခင္းကို မႀကိဳက္ၾကေပ။ သူတို႔ အေႂကြးတင္သမၽွ အားလုံးကို ရရာနည္းႏွင့္ ျပန္ဆပ္ဖို႔ ႀကိဳးစားၾကမည္သာ။ ေက်းဇူးရွင္က သူတို႔ကို ဘယ္ေလာက္ပဲ ေျဖာင့္ဖ်ပါေစ သူတို႔ကေတာ့ အေလၽွာ့ေပးမည္ မဟုတ္။ သူတို႔က သူတို႔၏ ခိုင္မာေသာ ရပ္တည္ခ်က္ကို ျပတတ္ၾကသည္။

ေမၽွာ္လင့္ထားသည့္အတိုင္းပင္ ေနာက္ဆုံးေတာ့ ထိုလူသည္ ဖုန့္ရွီ၏ ျပင္းထန္ေသာ စကားတို႔ကို နားေထာင္ခဲ့ေသာ္လည္း၊ ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳး တစ္ခါမၽွ မၾကဳံဖူးေသာေၾကာင့္ သူမည္ကဲ့သို႔ တုံ႔ျပန္ရမည္ကို မသိခဲ့ေပ။

"စကားမစပ္ မင္းက ဒီက ေဒသခံတစ္ေယာက္လား။" ဖုန့္ရွီ႐ုတ္တရက္ ေမးခြန္းတစ္ခုကို ေတြးလိုက္မိသည္။

လူႀကီးက ဖု႔န္ရွီဒီေမးခြန္းကို ဘာေၾကာင့္ေမးတာလဲ မသိပါသည့္အတြက္ ေၾကာင္သြားၿပီး ခဏၾကာမွလက္ခုပ္ႏွစ္ဖက္ အုပ္လိုက္ကာ "ဟုတ္ပါတယ္ ဘာလို႔ ဒီလိုေမးတာလဲ" လို႔ ျပန္ေျဖတယ္။

"ဒါဆို မင္း လြင္ျပင္က်ယ္ကို ေကာင္းေကာင္း သိသင့္တယ္ မဟုတ္လား"

"မင္း လူမွန္ကို ေမးလိုက္တာပဲ။ ငါ့မိသားစုက လွည့္လည္သြားလာေနၾကတဲ့ ကုန္သည္ေတြ။ ငါတို႔က လြင္ျပင္က်ယ္ကို အႀကိမ္ေပါင္းမ်ားစြာ ခရီးထြက္ၿပီး ေနရာေတာ္ေတာ္မ်ားမ်ားကို ေရာက္ဖူးတယ္။ ကံဆိုးစြာနဲ႔ပဲ ငါတို႔က ဓားျပေတြဆီ တိုးမိသြားခဲ့တဲ့အတြက္ ငါ့ကလြဲလို႔ ဘယ္သူမွ မလြတ္ေျမာက္ခဲ့ၾကဘူး။ ေနာက္ဆုံးေတာ့ ငါ ထယ္ဖုန္းၿမိဳ႕ကို ေရာက္လာခဲ့တတာပဲ။ ငါ ေနရာတိုင္းကို ေရာက္ဖူးတယ္လို႔ မေျပာဝံ့ေပမယ့္ ေနရာအမ်ားစုကို သိတယ္။"

"ေကာင္းၿပီ၊ ငါ မင္းကို အခု အခြင့္အေရး ေပးမယ္" ဖုန့္ရွီက ေျပာလိုက္သည္။

လူႀကီးက အံ့ဩသြားကာ "ဘာအခြင့္အေရးလဲ?"

"ငါက လမ္းျပတစ္ေယာက္လိုေနတယ္။ မင္းက လြင္ျပင္က်ယ္နဲ႔ အရမ္း ကၽြမ္းဝင္ၿပီးသားဆိုေတာ့ ငါ မင္းကို ငွားလိုက္မယ္ ၊ ငါက လြင္ျပင္က်ယ္ကေန အျမန္ဆုံး ထြက္သြားဖို႔ လိုေနလို႔၊ ၿပီးေတာ့ ငါ ဒီေနရာကို မရင္းႏွီးဘူး။ ငါလမ္းမွားၿပီး အခ်ိန္ျဖဳန္းတီးလိုက္ရမွာကို ေၾကာက္တယ္။ ဒါေၾကာင့္ ေန႔တိုင္း ငါ့ကို လမ္းျပေပးမယ့္သူတစ္ေယာက္လိုတယ္။ မင္းရဲ့စြမ္းေဆာင္ရည္က ေက်နပ္တယ္ဆိုရင္ မင္းကို တစ္ေန႔တာအတြက္ ခရမ္းေရာင္သလင္းေက်ာက္တစ္တုံးေပးမယ္။ မင္းဘယ္လိုသေဘာရလဲ?" ဖုန့္ရွီက သူ႔ကို ေမးစမ္းၾကည့္လိုက္သည္။

လူႀကီးက အံၾသသြား၏။ တစ္ရက္ကို ခရမ္းေရာင္သလင္ေက်ာက္တစ္တုံး? အဲဒါက တစ္ႏွစ္ပတ္လုံး ႀကိဳးႀကိဳးစားစား အလုပ္လုပ္မွ ရမယ့္ ဝင္ေငြေလ။

"မင္း ဘာမွ မေျပာရင္ သေဘာတူတယ္လို႔ပဲ ငါမွတ္ယူလိုက္မယ္။ ဟုတ္သားပဲ၊ မင္းကို ငါ ခန့္လိုက္ၿပီဆိုတာနဲ႔ ခန့္လိုက္တဲ့အေတာအတြင္း ငါက မင္းကို တစ္ခုခု လုပ္ေစခ်င္တယ္ဆိုရင္ မင္းျငင္းလို႔မရဘူး။ ဒါပဲ!" ထိုသူဘာမွ မေျပာနိုင္ဘဲ အံ့ဩေနသည္ကို ျမင္လိုက္ရသျဖင့္ ဖုန့္ရွီတစ္ေယာက္ သူ႔ဖာသာသူသာ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီး တဖက္သူ၏ ထင္ျမင္ခ်က္ကို မေတာင္းဆိုေတာ့ေပ။

ဒီေန႔သည္ကား ထိုသူအတြက္ေတာ့ အိပ္မက္မက္ေနသလိုပင္။

တစ္ေနတာကို အတူတူျဖတ္သန္းၾကၿပီးခ်ိန္မွာေတာ့ လူႀကီး၏အမည္မွာ သုန္လင္းျဖစ္ၿပီး အားကိုးရာမဲ့ေသာ တစ္ကိုယ္တည္းသမားတစ္ေယာက္ ျဖစ္သည္ကို ဖုန့္ရွီသိလိုက္ရသည္။ မူလက သူသည္ အမ်ိဳးသမီးတစ္ဦးႏွင့္ ေစ့စပ္ထားခဲ့ေသာ္လည္း ၎၏မိသားစု၏ ႀကီးမားေသာေျပာင္းလဲမွုကို ေတြ႕ၾကဳံခဲ့ရၿပီးေနာက္ အဆိုပါအမ်ိဳးသမီး၏ မိသားစုသည္ သူတို႔၏သမီးကို သူႏွင့္ လက္ထပ္ေပးဖို႔ရန္ ဆႏၵမရွိၾကေတာ့ေပ။ သူသည္ ရိုးသားၿပီး ေပ်ာ့ညံ့သူျဖစ္ကာ သူ႔ကိုယ္သူ ခုခံနိုင္စြမ္းမရွိသည့္အျပင္ သူႏွင့္လက္ထပ္ၿပီးသည့္ေနာက္ သူတို႔သမီး ဒုကၡေရာက္မည္ကို စိုးရိမ္ေသာေၾကာင့္ ေစ့စပ္ေၾကာင္းလမ္း ဖ်က္သိမ္းဖို႔ ႀကိဳးစားၾကသည့္အတြက္ သူ သေဘာတူခဲ့ရသည္။

အဲ့ေနာက္မွာေတာ့ သူသည္ ထယ္ဖုန္းၿမိဳ႕တြင္ ေနထိုင္ခဲ့သည္။ သူ၏ က်င့္ႀကံမွုအရွိန္သည္ ေႏွးေကြးလြန္းေသာေၾကာင့္ က်င့္ႀကံမွု အဆင့္သည္ ေကာင္းကင္ဘုံနတ္ဘုရား ၾကယ္သုံးပြင့္အဆင့္တြင္ ရပ္တန့္ေနခဲ့ၿပီး ႏွစ္အေတာ္ၾကာသည္အထိ မတိုးတက္ေတာ့ေပ။ က်င့္ႀကံမွုအဆင့္နိမ့္လြန္းေသာ က်င့္ႀကံသူသည္ တာဝန္မ်ားကို ရယူၿပီး ၿပီးေျမာက္ေအာင္လုပ္ေဆာင္ျခင္းနည္းလမ္းျဖင့္ ေငြမရွာနိုင္ေပ။ မည္သူမွမွလည္း သူနဲ႔ပူးေပါင္းလိုစိတ္မရွိတဲ့အတြက္ သူတပါးအတြက္ ေဝယ်ာဝစၥလုပ္ေပးၿပီးသာ အသက္ေမြးဝမ္းေၾကာင္းျပဳနိုင္ပါတယ္။ သူသည္ ခါးသီးေသာ ဘဝကို ျဖတ္သန္းခဲ့ၿပီး တစ္ႏွစ္တာ အလုပ္ႀကိဳးစားၿပီးေနာက္ ခရမ္းေရာင္ သလင္းေက်ာက္တစ္တုံးသာ စုေဆာင္းနိုင္ခဲ့သည္။

ထို႔ေၾကာင့္ ဖုန့္ရွီက သူ႔ကို တစ္ရက္ကို ခရမ္းေရာင္သလင္းေက်ာက္တစ္တုံး ေပးမည္ျဖစ္ေၾကာင္း ၾကားသိလိုက္ရသည့္အခါ ခ်က္ျခင္းပင္ အံ့ဩသြားခဲ့ရသည္။

တစ္ရက္ႏွင့္ တစ္ႏွစ္သည္ လုံးဝကြဲျပားေသာ အေၾကာင္းခ်င္းရာႏွစ္ခုျဖစ္သည္။

ဖုန့္ရွီက အဲဒီလူကို စာနာၿပီး အျငင္းမပြါးခ်င္တာေၾကာင့္ ထိုသို႔ကမ္းလွမ္းခဲ့ျခင္းျဖစ္သည္ကို ေရခဲခ်ီလင္ သိသည္။ တကယ္ေတာ့ သူတို႔ကို လမ္းျပေပးဖို႔ မည္သူ႔ကိုမွ မလိုအပ္ေပ။ ေလႏွင့္ေသြး မဟာမိတ္အဖြဲ႕သို႔ ေရာက္သေရြ႕

You are reading the story above: TeenFic.Net