အပိုင်း ၁၃၁။ ဘယ်သူကမှန်ပြီး ဘယ်သူက မှားသလဲ
ဆိုင်တာဝန်ခံဝန်ထမ်း အခန်းတံခါးဝပေါ်လာတဲ့အချိန်မှာတော့ ချွေးတွေက သူ့မျက်နှာကနေ မိုးရေအလား စီးကျနေ၏။
တံခါးဖွင့်လိုက်သူက သူ့မိသားစုသခင်ငယ်လေးဆိုတာ မြင်လိုက်ရတော့ သူက အမြန်ထပ်ပြောလိုက်သည်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ့မျက်နှာက ဒေါသတို့နဲ့ ပြည့်နေပြီဖြစ်သည်၊ "သခင်ငယ်လေး၊ အခြေအနေတွေ မကောင်းတော့ဘူး။ သီနိုမိသားစုကလူတွေ ဒီရောက်နေကြပြီ၊ တစ်ယောက်ယောက်ကို လာရှာတာလို့ပြောတယ်။ အခု သူတို့က အောက်ထပ်မှာ။ တပ်မှူးယန်ကြောင့်သာမဟုတ်ရင် သူတို့ ဝင်လာပြီးနေလောက်ပြီ။"
"သူတို့က တကယ်ကြီး ဘောင်ကျော်လိုက်တာပဲ။ ဒါက ကောင်းကင်စိတ်ကူးမိသားစုရဲ့နယ်မြေ။ သီနိုမိသားစုက အင်အားကြီးတယ်ဆိုရင်တောင်မှ ဒီလိုကြီး ဝင်ချင်သလိုဝင်စွက်လို့မရဘူး။ သူတို့က ကောင်းကင်စိတ်ကူးမိသားစုကို တန်းတူလို့ မသတ်မှတ်မှန်း ရှင်းနေတာပဲ။" ဆိုင်တာဝန်ခံဝန်ထမ်းက ဒေါသထွက်ရလွန်းလို့ မုတ်ဆိတ်မွှေးတောင် တွန့်ကွေးတက်နေတော့သည်။
ကျုံးဝူချင်းက ခေါင်းညိတ်လိုက်ကာ၊ "တကယ်ပဲ သူတို့က ဘောင်ကျော်လာတာပဲ။ ဘယ်သူ့ကိုလာရှာတယ်လို့ ပြောသေးလား?"
မေးလိုက်သူက ကျုံးဝူချင်းဆိုတာကို ဆိုင်တာဝန်ခံ မြင်လိုက်တော့ တုန့်ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်၊ "သူတို့သခင်ငယ်လေးကို အနာတရဖြစ်အောင်လုပ်ခဲ့တဲ့သူက ဒီတည်းခိုခန်းထဲ ဝင်သွားတာကို သူတို့မျက်စိနဲ့ တပ်အပ်မြင်လိုက်တယ်လို့ပြောတယ်။ သုံးယောက်တဲ့၊ လူလတ်ပိုင်းနှစ်ယောက်နဲ့ ခလေးတစ်ယောက်တဲ့၊ အဲ့တာကြောင့် သူဆို့က ဝင်ရှာချင်နေကြတာ။"
ဟွမ်ရဲ အေးစက်စက်ရယ်လိုက်ကာ၊ "ကောင်းကင်စိတ်ကူးမိသားစုရဲ့ အပိုင်မြေယာက သူတို့ရှာချင်တိုင်း ရှာလို့ရတဲ့နေရာလား? သူတို့က ဘယ်သူတွေလဲဆိုတာ မင်းမြင်လိုက်ရလား?"
"မြင်လိုက်ပါတယ်" ဆိုင်တာဝန်ခံက ချက်ချင်း ခေါင်းညိတ်လိုက်ပြီး၊ "အဲ့တာက သီနိုမိသားစုရဲ့ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် မိုလန်းနဲ့ အစွမ်းထက် ပညာရှင်နှစ်ယောက်ရယ်၊ ကိုယ်ရံတော်တွေရယ်ပါ။"
"နတ်ဘုရားခေါင်ချုပ်မိုလန်း? ဘာလို့ အဲ့အဘိုးကြီးက ဒီရောက်နေတာလဲ?" ဟွမ်ရဲ ချက်ချင်း နှာခေါင်းရိုးကို ဖြစ်လိုက်ကာ စဉ်းစားလိုက်သည်။ အဲ့တာက ရှေးကျတဲ့သွေးဆက်မျိုးဆက်ထဲက မှော်သားရဲတစ်ကောင်ပဲဟာကို၊ သီနိုမိသားစုက မိုလန်းအဘိုးကြီးကိုတောင် ဒီပို့လိုက်တယ်? သူတို့က ကိစ္စသေးသေးလေးအတွက် ဇာချဲ့ပြီးအမွှေကြီးမွှေမလို့လား?
"မိုလန်းကိုတောင် ဒီပို့လိုက်တယ်ဆိုတော့ ငါတို့မသိတာတစ်ခုခုများ သူတို့ အစီအစဉ်ဆွဲနေကြတာလား?" ကျုံးဝူချင်းကလည်း ဟွမ်ရဲနဲ့ ထပ်တူ တွေးမိသည်။ သီနိုမိသားစုက နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်တစ်ယောက်ကို ဒီမှော်သားရဲလေးတစ်ကောင်အတွက် စေလွှတ်မှာမဟုတ်။ ဒီအခြေအနေကြီးက သံသယဝင်စရာကောင်းနေပြီ။
"ဟမ့်! မြို့တံခါးမှာတုန်းက ဖြစ်သွားခဲ့တဲ့ မျှော်မှန်းမထားတဲ့ကိစ္စကြောင့်သာ မဟုတ်ဘူးဆိုရင် အဘိုးကြီး မိုလန်း ကောင်းကင်အနားသတ်မြို့ထဲမှာ ပုန်းအောင်းနေတာကို အဆုံးထိ သိိလိုက်ရမှာမဟုတ်ဘူး။ သူ အခု ကိုယ်ယောင်ထွက်ပြရတယ်ဆိုတော့ ယောင်ကျုံးကြောင့်ဖြစ်မယ်။ သီနိုမိသားစုရဲ့ သခင်လေးက မိုလန်းကို တော်တော်စိတ်ဆိုးသွားလို့သာ ဖြစ်ရမယ်၊ အဲ့တာကြောင့် သူက ကျူးလွန်သွားတဲ့သူကိုရှာဖို့အတွက် သူ့ကိုယ်သူ ကိုယ်ယောင် ထွက်ပြရတော့တာ။ အဲ့ဒီ့အဘိုးကြီးက သီနိုမိသားစုရဲ့ အတော်ဆုံးကျင့်ကြံသူတွေထဲက တစ်ယောက်ပဲ။ သူ လှုပ်ရှားလာပြီဆိုတော့ ကောင်းတာတွေတော့ ဖြစ်လာမှာမဟုတ်တော့ဘူး။" ဟွမ်ရဲရဲ့ မျက်နှာအမူအယာက ပိုလို့နက်မှောင်လာ၏။ အဲ့တာကြောင့်လည်း သူတို့က ကောင်းကင်စိတ်ကူးမိသားစုရဲ့ပိုင်နက်ထဲကို ဝင်စွက်ရဲတာ၊ ဘာလို့လည်းဆိုတော့ အဘိုးကြီးမိုလန်း ရှိနေတာမို့ပဲ။
"သူတို့က ငါတို့ကို ရှာနေတာလား?"
ဖုန့်ရှီက ရုတ်တရက် ရှေ့ထွက်လိုက်တာကြောင့် ဟွမ်ရဲနဲ့ ကျုံးဝူချင်းတို့ လန့်သွားရသည်။ ကံကောင်းတာက သူတို့က သာမာန်လူတွေမဟုတ်တာမို့ ခပ်မြန်မြန် ပြန်သတိဝင်လာ၏။ ဖုန့်ရှီဆိုတာ သူတို့ သိသွားတော့ သူတို့ရဲ့ မကျေနပ်တဲ့အမူအယာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။
"စိတ်မပူပါနဲ့ ညီကိုဖုန့်။ ဒါက ကောင်းကင်စိတ်ကူးမိသားစုရဲ့ပိုင်နက်ပါ၊ အဲ့တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သီနိုမိသားစုဝင်တွေက ပြဿနာအရမ်းကြီး ကြီးကြီးမားမားတော့ မရှာရဲပါဘူး။ ကျွန်တော်တို့ အောက်ဆင်းပြီး သူတို့ကို ပြန်လွှတ်လိုက်ပါမယ်။" ဟွမ်ရဲက ပေါ့ပေါ့်ပါးပါး ပြုံးကာ အခြေအနေကို တာဝန်ယူလိုက်သည်။ သူတို့ဒီမှာ တည်ရှိနေတာကို သူ ကူညီဖုံးကွယ်ပေးမည်လို့ ဆိုလိုသည်ပင်။
ဟွမ်ရဲက ခုမှတွေ့တဲ့လူစိမ်းတွေအတွက် ကာကွယ်ပေးဖို့တောင် ဆုံးဖြတ်လိုက်တာဖြစ်သည်။ ဒါပေမဲ့ ဒါက တကယ့်ကို အလောင်းအစား အကြီးကြီးတစ်ခုဖြစ်သည်၊ အကြောင်းကတော့ သီနိုမိသားစုကို ဆန့်ကျင်တဲ့အတွက် တန်ကြေးတစ်ခုတော့ ပေးဆပ်ရမည်မို့ပင်။ တကယ်လို့ ဖုန့်ရှီနဲ့ သူတို့က သာမာန်လူ သုံးယောက်သာသာပဲဆိုလျင် ဟွမ်ရဲအနေနဲ့ ဘာမှ အကျိုးအမြတ်ရမည်မဟုတ်။ ဆန့်ကျင်ဖက်အနေနဲ့ သီနိုမိသားစုရဲ့ ဒေါသမီးဟပ်ပြီး မြှားဦးအလှည့်ခံရနိုင်ချေရှိသည်။ အဲ့လိုသာဆိုရင်တော့ သူတို့ အရှုံးနှစ်ထပ်ကွမ်း ခံရမှာဖြစ်သည်။
ဒါပေမဲ့ သူ ဒီအလောင်းအစားကို လုပ်လိုက်ာဟာ သူက အလွန့်အလွန် ရဲတင်းကြောင်း ပြနေသည်ပင်။ သူ့ရဲ့မျက်လုံးတို့က မီးရှုးတိုင်လို တောက်ပစူးရှနေပြီး ဒီလူသုံးယောက်ဟာ သာမာန်လူတွေမဟုတ်ဘူးလို့ သူ မြင်သည်။ ကိုယ့်မှာရှိတဲ့ အစွမ်းတွေ၊ အာဏာတွေနဲ့ မော်ကြွားနေတဲ့လူတွေနဲ့ ယှဉ်လိုက်ရင် သူတို့က သူငယ်ချင်းမိတ်ဆွေဖြစ်ဖို့ ထိုက်တန်သည်ပင်။
ဖုန့်ရှီက သူပြောတာကို ကြားပြီး မနေနိုင်တော့ဘဲ ရယ်လိုက်၏၊ "ငါ့ကို ဖုန့်ရှီလို့ပဲ ခေါ်ပါ။ ညီကိုဖုန့်လို့ မခေါ်ပါနဲ့၊ အဲ့တာ အရမ်းထူးဆန်းနေတယ်။"
ဟွမ်ရဲက တောင့်သွားပေမဲ့ သူ့ခေါင်းကို ချက်ချင်းပဲ ညိတ်လိုက်ကာ၊ "ဖုန့်ရှီ၊ ကျေးဇူးပြုပြီး ဒီမှာ တခြားသူတွေနဲ့ ခဏလောက် စောင့်နေပါ။ ကျွန်တော် အောက်ထပ်က ပြဿနာကို သွားရှင်းပြီးတာနဲ့ ပြန်တက်လာခဲ့မယ်။" သူ့ရဲ့ ဆုံးဖြတ်ချက် လျင်မြန်မှုက အထက်ပိုင်းရာထူးကြီးတစ်ယောက်ရဲ့ အရှိန်အဝါ သန်းနေ၏။
"မလိုဘူး။" ငရဲမင်းကြီးက မတ်တပ်ထရပ်လိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။ သူက အလေးအနက်မထားတဲ့အသံနဲ့၊ "ဒီပြဿနာက ငါတို့ကြောင့်ဖြစ်တာဆိုကတည်းက ဖြေရှင်းသင့်တဲ့သူကလည်း ငါတို့ပဲဖြစ်သင့်တယ်။ အဲ့တာက နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ!'
ငရဲမင်းကြီးရဲ့ ပေါ့ပေါ့ပါးပါးသဘောထားက နေ့လည်စာ စားဖို့အတွက် ဆုံးဖြတ်ချက် ချနေသလိုမျိုးပင်။ သူ့ရဲ့ သန္နိဌာန်နဲ့ သတ္တိကိုမြင်တော့ ဟွမ်ရဲနဲ့ ကျုံးဝူချင်းတို့ ပိုလို့ မလေးစားဘဲ မနေနိုင်တော့ပေ။ သူရဲ့ပြိုင်ဘက်က နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ဖြစနေပေမဲ့ တည်ငြိမ်အေးဆေးနေဆဲဖြစ်သည်။ သူတို့ရဲ့ဖြစ်တည်မှု ဒီလူရဲ့ကျွမ်းကျင်မှုအရည်အချင်းက သူတို့ထင်ထားတာထက်ကို ပိုပြီး မြင့်မားနေပုံရသည်။
"ကောင်းပြီ။ ငါတို့ဖာသာငါတို့ တာဝန်ယူလိုက်မယ်။" ဖုန့်ရှီရဲ့ အမူအယာက လောကကြီးတစ်ခုလုံး ကသောင်းကနင်း လုပ်ချင်နေတဲ့ဟန်ပေါက်နေသည်။ သူက ငရဲမင်းကြီးရဲ့လက်မောင်းကို ဆွဲလိုက်ပြီး အခန်းထဲကနေ စိတ်မရှည်စွာ ထွက်သွားလိုက်တော့သည်။
သူတို့နှစ်ယောက်က ဘာမှမပြောပေမဲ့ ကာလွမ်သလာက သဘာဝကျကျနဲ့ကို ထိုင်ခုံမှာ ထိုင်မနေနိုင်တော့ဘဲ ထရပ်လိုက်ပြီး သူတို့နောက် လိုက်သွားလိုက်ရတော့သည်။
သူတို့တွေ အခန်းထဲကနေ ထွက်သွားလိုက်တာနဲ့ သူတို့ငါးယောက်အုပ်စုက ခပ်မြန်မြန်ပဲ အောက်ထပ်ဆင်းသွားလိုက်ကြတော့သည်။
အဲ့အချိန်မှာပဲ တည်းခိုခန်းအတွင်းအပြင် နှစ်ရပ်လုံးမှာ လူတွေ ပြည့်နှက်နေပြီး အများစုကတော့ သီနိုမိသားစုဝင်တွေ ဖြစ်ကြ၏။ သူတို့က အခြေအနေကို မြင်လိုက်တာနဲ့ သီနိုမိသားစုက လက်ဗလာနဲ့တော့ ပြန်မှာမဟုတ်ဘူးဆိုတာကို သိလိုက်ကြသည်၊အကြောင်းကတော့ မြစိမ်းရောင်နဂါးတောင်တန်းတွေကို သွားမယ့်သီနိုမိသားစုဝင် လူတွေအကုန်လုံး ဒီမှာ လာစုဝေးနေကြတာမို့ပင်။ ဒါပေမဲ့ သူတို့တွေ ဘယ်လောက်များများ သူတို့အားလုံးကို ဆိုင်တာဝန်ခံပြောသလိုပဲ တပ်မှုးယန်တစ်ယောက်တည်းက ထိန်းထားနေတာဖြစ်သည်။
ဒါပေမဲ့ ဟွမ်ရဲလိုလူမျိုးက ဒီအခြေအနေမျိုးနဲ့ အကျင့်ရနေပြီဖြစ်တာကြောင့် အရေးမပါတဲ့ လူဆယ်ယောက်လောက်ကတော့ သူတို့ကို မခြိမ်းခြောက်နိုင်။ မိုလန်းက ဗရမ်းဗတာ ဗရုတ်သုတ်ခလုပ်တတ်တဲ့ အဘိုးကြီးတစ်ယောက် မဟုတ်တာကို ဟွမ်ရဲသိသည်။ သူ့စိတ်ရှည်နိုင်စွမ်းက အရမ်းတိုတောင်းပေမဲ့ ကောင်းကင်စိတ်ကူးမိသားစုကို အရဲစွန့်စော်ကားပြီး အရှုပ်လုပ်မှာမဟုတ်။ သူ့မျက်လုံးထဲမှာ ဒီအခြေအနေက ဘာမှမဟုတ်ဘူး၊ အဟိတ်အဟန့်လုပ်တဲ့သဘောပဲလို့ မြင်သည်။
တည်းခိုခန်းတစ်ခုလုံးကို ခြုံကြည့်လိုက်ပြီးနောက် ဟွမ်ရဲက နောက်ဆုံးတော့ အဘိုးကြီးမိုလန်းကို ကြည့်လိုက်၍။ သူက မျက်နှာတည်ငြိမ်တဲ့မျက်နှာနဲ့ ဒေါသတကြီးအော်လိုက်သည်၊ "အဘိုးကြီးမိုလန်း၊ အကြီးတစ်ယောက်အနေနဲ့ ကျွန်တော် ခင်များကို လေးစားသမှုထားတယ်၊ ဒါပေမဲ့ အဲ့တာက ကြုံရာကျပန်းလူတွေ ခေါ်ချလာပြီး ကောင်းကင်စိတ်ကူးမိသားစုပိုင်နက်ထဲ လာဖျက်ဆီရသောင်းကျန်းနေတာကို ခံဖို့မဟုတ်ဘူး။ ခင်များ တကယ်လို့ လက္ဖက်ရည်လေးသောက်၊ စကားစမြည်လေးပြောမယ်ဆိုရင် ကြိုဆိုတယ်။ ဒါပေမဲ့ ပြဿနာလာရှာတာဆိုရင်တော့ မယဉ်ကျေးနိုင်တဲ့အတွက် ဒီအငယ်ကို အပြစ်မတင်ပါနဲ့။"
သခင်လေး အောက်ထပ်ဆင်းလာတာကို တပ်မှူးယန် မြင်လိုက်တာနဲ့ ဘေးချက်ချင်းထွက်လိုက်ပြီး သူ့ကို အခြေအနေတွေကို လွှဲလိုက်သည်။
သူတို့နဲ့ ဆန့်ကျင်ဘက်မှာ ရပ်နေတဲ့ မိုလန်းက အသက်သုံးဆယ့်ခုနှစ်၊ သုံးဆယ့်ရှစ်လောက်ပဲ ကြီးသေးတဲ့ပုံပေါ်ပေမဲ့ တကယ့်တကယ်ကတော့ သူက အသက် ခြောက်ရာကျော်ပြီဖြစ်သည်။ အကြောင်းကတော့ သူ့ကျင့်ကြံမှုနည်းလမ်းက ပုံမှန်မဟုတ်တာကြောင့် အသက်ငယ်တဲ့ပုံ ပေါက်နိုင်နေတာဖြစ်သည်။ သူဘယ်သူလဲဆိုတာနဲ့ သူက တကယ်ကြီး အကြီးတစ်ယောက် စီနီယာတစ်ယောက် ဖြစ်နေတာတို့ရယ်ကြောင့် သခင်ငယ်လေးက သူ့ကို အဘိုးလို့ အမည်တပ် ခေါ်လိုက်တာ တကယ်တော့ မမှား။ ဒါပေမဲ့ ဒီအခင်းဖြစ်ပွါးရာမှာရှိနေတဲ့သူတွေအကုန်လုံးက မိုလန်းမှာ စိတ်မရှည်တတ်တာအပြင် အလွန့်အလွန် သိသာထင်ရှားပြီး ပုံမှန်မဟုတ်တဲ့ အမူအကျင့်မျိုး တစ်ခု ရှိတာကို သိကြသည်။ လူတွေက သူ့ကို အဘိုးကြီးလို့ ခေါ်ရင် သူ လုံးဝ လက်မခံနိုင်၊ စက်ဆုပ်သည်။ ကောင်းကင်စိတ်ကူးမိသားစုက သခင်ငယ်လေးက သူ့ကို တမင်ကို သိသိသာသာကြီး ပျက်ရယ်ပြုလိုက်တာပင်၊ အဲ့အတွက် သူ ဒေါသထောင်းကနဲဖြစ်သွားမှာ ရှင်းနေ၏!
"ငါ ဘာ့ကြောင့် ဒီနေ့ ဒီကိုလာသလဲဆိုတာ သခင်လေး ဟွမ်ရဲ သိသင့်ပါရဲ့။ ငါ တစ်ကြိမ်ပြောပြမယ်၊ သူတို့ကို ငါ့လက်ထဲ ထည့်ပေး၊ အဲ့တာဆို ငါတို့ ထွက်သွားမယ်။" အဲ့တာက အတိတ်တုန်းကဆိုရင် မိုလန်းတစ်ယောက် သည်းခံနိုင်စွမ်း ပျောက်သွားပြီး ဖြစ်နေမှာအသေအချာပင်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူ့အမူအယာက ထင်မထားလောက်အောင် တည်ငြိမ်နေပြီး ဒါကို ခပ်မြန်မြန် ပြီးချင်နေတဲ့ပုံ ပေါ်နေသည်။ ကံဆိုးတာက သူက နည်းလမ်းအမှားကြီး သုံးလိုက်ပြီး ကံတရားက သူ့ဘက်မှာ မရှိတာပဲဖြစ်သည်။ အဲ့လိုမှမဟုတ်ရင် သူက ဟွမ်ရဲနဲ့ အခြားသူတွေကို ထိပ်တိုက်သွားတိုးမှာမဟုတ်။
"မနောက်ပါနဲ့ အဘိုးကြီးမိုလန်းရယ်။ ဘာသက်သေအထောက်အထားမှ မရှီဘဲ လူတွေကို ကျွန်တော်က ခင်များကို လွှဲပေးဖို့ တောင်းဆိုတယ်? ဒီနေရာကို ခင်များပိုင်တယ်လို့ ထင်နေတာလား၊ လာချင်သလိုလာ၊ သွားချင်သလိုသွားလို့ရတယ် ထင်နေတာလား?" ဟွမ်ရဲရဲ့ မျက်နှာက အေးစက်နေဆဲဖြစ်ပြီး အသံက မိုးခြုံးသံလိုမျိုး လူတွေရဲ့ နှလုံးအိမ်ထဲ ဝင်သွား၏။
ကောင်းကင်စိတ်ကူးမိသားစုရဲ့ သခင်ငယ်လေးက ပင်ကိုယ်ကိုက ရည်မွန်ကျော့ရှင်းပြီး နှစ်တစ်ရာမှာမှ တစ်ယောက် ပေါ်ထွန်းတဲ့ ရှာမှရှားတဲ့ဉာဏ်ကြီးရှင်တစ်ယောက်လို့ ကောလဟာလထွက်ရှိဖူးသည်။ အသက်ငယ်ငယ်မှာ နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်ကိုး အထွတ်အထိပ်ကို ကျင့်ကြံရောက်ရှိပြီးဖြစ်ပြီး နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ရောက်ဖို့ တစ်ဆင့်ပဲလိုတော့သည် လို့ ပြောကြသည်။ သူက အရည်အချင်းလည်းရှိသလို ဂုဏ်သရေရှိ လူကုံထံကျောထောက်နောက်ခံလည်း ပိုင်ဆိုင်ထားပေမဲ့ သူက အလွန်အမင်း ယဉ်ကျေးပြီး ကျိုးနွံကာ သီနိုမိသားစုက ပျက်ဆီးဆိုးသွမ်းနေတဲ့ လူ့ရမ်းကားသခင်လေးနဲ့ ယဉ်လိုက်ရင် ကွာခြားမှုက မိုးမြေနဲ့ ကောင်းကငအလားပင်။ အဲ့အတွက်ကြောင့် လူအနည်းစုကသာ သူ ဒေါသထွက်တာကို မြင်ဖူးပြီး သူ့ဒေါသကို သိတဲ့လူတွေက ချက်ချင်းကို ထိတ်လန့်တုန်လှုပ်သွားတော့သည်။
မိုလန်းလည်း သူတို့က မှားတယ်ဆိုတာကို သိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့လူသုံးယောက်ကို သူတို့ ဒီနေ့ ရှာမှ ရမည်၊ အဲ့လိုမှမဟုတ်ရင် သူ ပြန်ရောက်လို့ရှိရင် သူ့အစ်ကိုကို သူ ပြစရာ မျက်နှာမရှိ ဖြစ်ရလိမ့်မည်။ သူ့တူက သူနဲ့အတူ လိုက်လာခဲ့တာဖြစ်ပြီး ဒီနေ့မှာ အဖျက်ဆီးခံလိုက်ရတာကြောင့် သူ ဒေါသမထွက်ဘဲနေဖို့ဆိုတာ မဖြစ်နိုင်။ ဒါပေမဲ့ မိုလနးက ကောင်းကင်စိတ်ကူးမိသားစုရဲ့သခင်လေး ဟွမ်ရဲဟာ အလွယ်တကူ သွားထိလို့မရတဲ့သူဆိုတာ သူ သိသည့်အတွက် သူ့ရဲ့ တောက်လောင်နေတဲ့ဒေါသဒီဂရီကို ဖိနှိပ်ထားဖို့သာ တတ်နိုင်တော့သည်။
ဟွမ်ရဲပြောတာကို သူကြားပေမဲ့ နောက်ဆုတ်မသွားခဲ့ချေ။ မိုလန်းက ဟွမ်ရဲကို စိုက်ကြည့်လိုက်ပြီး တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်၊ "ငါ့တူရဲ့ မျက်လုံးနှစ်လုံးက ဒီနေ့မှာပဲ ကောင်းကင်အနားသတ်မြို့ထဲကို ဝင်လာတဲ့လူသုံးယောက်ရဲ့ အဖျက်ဆီးကို ခံလိုက်ရပြီ။ သူ အသက်ရှင်နေသေးပေမဲ့ သူ့လက်ကျန်သက်တမ်းတစ်လျောက်လုံး အသုံးမဝင်တဲ့သူတစ်ယောက် ဖြစ်သွားတော့မှာ။ အဲ့လူသုံးယောက်က ဒီတည်းခိုခန်းထဲကို ဝင်သွားတာကို လူတချို့က သူတို့မျက်လုံးနဲ့ တပ်အပ် မြင်လိုက်ကြတဲ့အတွက် သခင်လေး ဟွမ်ရဲကသာ ငါတို့ကို အဲ့လူသုံးယောက်ကို လက်လွှဲပေးမယ်ဆိုရင် ပြီးတာတွေ ပြီးပါစေ၊ ငါ လျှော်လိုက်မယ်!"
သူတို့မိသားစုသခင်ငယ်လေး အဖျက်ဆီးခံရတဲ့ နောက်ဆက်တွဲက ပေါ့သေးသေးတော့မဟုတ်။ သွေးသားတော်စပ်မှုမပါရင်တောင်မှ မိုလန်းအနေနဲ့ အဲ့ဒီ့အပြစ်ကျူးလွန်ခဲ့တဲ့ တရားခံကို သူ့မျက်စိအောက်ကနေ ထွက်ပြေးလွတ်မြောက်သွားခွင့် ပြုမှာမဟုတ်။ သတင်းသာ အပြင်ပြန့်သွားမယ်ဆိုရင် သီနိုမိသားစုရဲ့ နာမည်ဂုဏ်သတင်းက စွန်းထင်းသွားရလိမ့်မယ်!
ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းခံက သခင်ငယ်လေးရဲ့ အမှားလုံးလုံးဆိုပေမဲ့လည်း မိုလန်းရဲ့ စိတ်အနေအထားနဲ့ဆိုရင် ဒီကိစ္စကို လွှတ်ပေးမဲ့အရိပ်အယောင် လုံးဝမရှိ။
အရှေ့မှာရှိနေတဲ့ အခြေအနေတွေက သူတို့အနေနဲ့ ဒီလူသုံးယောက်ကို လက်လွှဲပြောင်းပေးခြင်း မခံရမချင်း သူတို့ ထွက်ခွါမှာမဟုတ်ဘူးဆိုတာ ရှင်းနေသည်။
ဒါပေမဲ့ ဟွမ်ရဲက ဒီကိစ္စကို လက်ရှောင်မှာမဟုတ်။ သူတို့ဘက်က အလျော့ပေးမယ့်လမ်း လုံးဝမရှိဘူးဆိုကတည်းက သူ့ရဲ့ဒေါသက စတင် အမြစ်ပျိုးနေပြီး သူ့ရဲ့ ချောမောခန့်ညားတဲ့မျက်နှာက နှင်းခဲတစ်လွှာ အုပ်ထားတဲ့အလား အေးစက်လို့လာသည်၊ "ဟမ့်! မင်းတို့ရဲ့ ပျက်ဆီးနေတဲ့တူရဲ့အပြစ်ကို ကောင်းကင်စိတ်ကူးမိသားစုအပေါ် အပြစ်ပုံချချင်လို့လား? ခင်များလောက် အရေထူတဲ့သူမျိုးက ဒီနယ်ပယ်ထဲမှာ မရှိဘူး။ ဒီလိုဘာလို့ဖြစ်လာရသလဲဆိုတာကို ခင်များ မမေ့ဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကိုယ့်တူသာ ကိုယ် အပြစ်တင်ရမှာ။ ကျွန်တော်တို့မိသားစုအနေနဲ့ ကိစ္စရပ်တွေကို ခင်များတို့နဲ့ လာမရှင်းရသေးတာတောင်မှ ခင်များက အဲ့လိုပြောဖို့ မျက်နှာရှိသေးတယ်ပေါ့။"
လူအုပ်ထဲကလူတွေက မနေနိုင်တော့ဘဲ ရယ်သွားကြတော့သည်။
မိုလန်းရဲ့ ကိုယ်ရောင်ရှိန်ဝါက ခန္ဓာကိုယ်ထဲကနေ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး သူက အေးစက်စက်ပြုံးလိုက်ကာ၊ "ကိစ္စတွေ ရှင်းမယ်? အဲ့တာ ငါသိချင်တာပဲ။ ကောင်းကင်မိသားစုက သီနိုမိသားစုနဲ့ ဘယ်ကိစ္စတွေ ရှင်းစရာရှိတာလဲ?"
ကောင်းကင်အနားသတ်မြို့ စတင်တည်ဆောက်ကတည်းက ဒီနေရာမှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားပြီးသား။ မြို့အတွင်းပဲဖြစ်ဖြစ် မြို့တံခါးမှာပဲဖြစ်ဖြစ် တိုက်ခိုက်တာကို တားမြစ်ထားတယ်။ ခင်များရဲ့တူက အဲ့ဒီ့စည်းမျဉ်းစည်းကမ်းကို စကတည်းက မလိုက်နာခဲ့တာ။ သူက လူတွေအများကြီးကို အနာတရဖြစ်စေရုံသာမကာဘူး တိုက်ခိုက်မှုကို စတင်ခဲ့တဲ့သူကလည်း သူကိုယ်တိုင်ပဲ။ စည်းမျဉ်းစည်းကမ်းတွေ စံသတ်မှတ်ချက်တွေမရှိဘဲနဲ့ ဘာမှ မပြီးမြောက်နိုင်ဘူး။ ခင်များတို့က သီနိုမိသားစုကဆိုရင်တောင်မှ ဒီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာပဲ။ ပြောင်ပြောရရင်တော့ သူ့မပြည့်စုံမှုနဲ့ မောက်မာမှုအတက် သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပဲ။ အကြောင်းပြချက်တစ်ခု တကယ်ကြီးလိုချင်တယ်ဆိုရင်တော့ သူက အရမ်းအားနည်းလွန်းပြီး အခြားသူတွေလောက် ကျွမ်းကျင်မှု အရည်အချင်းမပြည့်မီအတွက်ကြောင့်ရယ်၊ သူ့ရဲ့မောက်မာမှုကြောင့်တို့ရယ်ကြောင့် ရလာတဲ့ ဒဏ်ရာတွေလို့ပဲ ပြောရမယ်!" ဟွမ်ရဲက စကားတစ်လုံးချင်းစီတိုင်းကို မျက်နှာအမူအယာ တစ်စက်ကလေးမှ ပြောင်းမသွားဘဲ ပြောလိုက်ပေမဲ့ သူ့အသံထဲမှာတော့ ထေ့ငေါ့တဲ့အသံ သိသိသာသာ ပါနေ၏။
သူ့ရဲ့လှောင်ပြောင်မှုကို ကြားတော့ မိုလန်းက ဒေါသတို့ ငယ်ထိပ်ရောက်သွားပြီး လုံးဝဆက်ပြီး မတည်ငြိမ်နိုင်တော့ပေ။ သူက စိတ်ဆိုးမာန်ဆိုးနဲ့ အော်လိုက်သည်၊ "ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ငါ ဂရုမစိုက်ဘူး။ ငါ့တူကို ထိခိုက်အောင်လုပ်ခဲ့တဲ့ အဲ့လူသုံးယောက်ကိုပဲ ငါလိုချင်တယ်။ တကယ်လို့ မင်း သူတို့ကို ကာကွယ်ပေးနေဦးမယ်ဆိုရင် သနားညှာတာမှုမရှိတဲ့အတွက် ငါ့ကို အပြစ်လာမတင်နဲ့။"
အဘိုးကြီးမိုလန်း၊ ခင်များက နှစ်ကြာကြာ အသက်ရှင်လေလေ ခင်များရဲ့ စိတ်အခြေအနေကလည်း ယိုယွင်းလာလေလေပဲထင်တယ်။ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်တောင် မရောက်သေးတဲ့ ကလေးတစ်ယောက်ကို ခြိမ်းခြောက်နေတဲ့အထိတောင် ခင်များက လျော့ကျသွားပြီလား။ ခင်များအစား ရှက်လိုက်တာဗျာ။"
စူးရဲထေ့ငေါ့တဲ့အသံတစ်ခုက လူအုပ်ကြီးထဲမှ ထိုးထွက်လာ၏။
အသံပိုင်ရှင်က ဟွမ်ရဲကို ပြတ်ပြတ်သားသား မျက်နှာသာပေးနေတာမို့ ဖုန့်ရှီက ခေါင်းထုတ်ကြည့်လိုက်ပြီး အသံဘယ်ကလာသလဲဆိုတာကို ကြည့်လိုက်သည်။
စောင့်မျှော်ဖတ်ရှုပေးနေသူတွေရော ချစ်စရာ ကွန်မန့်လေးတွေနဲ့ စိတ်ရှည်ရှည် စောင့်ဖတ်နေသူတို့ကိုပါ ကျေးဇူးအထူးတင်ပါတယ်ရှင်။
20220306; 1633
Stay tuned for the next chapter:
အပိုင္း ၁၃၁။ ဘယ္သူကမွန္ၿပီး ဘယ္သူက မွားသလဲ
ဆိုင္တာဝန္ခံဝန္ထမ္း အခန္းတံခါးဝေပၚလာတဲ့အခ်ိန္မွာေတာ့ ေခၽြးေတြက သူ႔မ်က္ႏွာကေန မိုးေရအလား စီးက်ေန၏။
တံခါးဖြင့္လိုက္သူက သူ႔မိသားစုသခင္ငယ္ေလးဆိုတာ ျမင္လိုက္ရေတာ့ သူက အျမန္ထပ္ေျပာလိုက္သည္။ ဒါေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ သူ႔မ်က္ႏွာက ေဒါသတို႔နဲ႔ ျပည့္ေနၿပီျဖစ္သည္၊ "သခင္ငယ္ေလး၊ အေျခအေနေတြ မေကာင္းေတာ့ဘူး။ သီနိုမိသားစုကလူေတြ ဒီေရာက္ေနၾကၿပီ၊ တစ္ေယာက္ေယာက္ကို လာရွာတာလို႔ေျပာတယ္။ အခု သူတို႔က ေအာက္ထပ္မွာ။ တပ္မႉးယန္ေၾကာင့္သာမဟုတ္ရင္ သူတို႔ ဝင္လာၿပီးေနေလာက္ၿပီ။"
"သူတို႔က တကယ္ႀကီး ေဘာင္ေက်ာ္လိုက္တာပဲ။ ဒါက ေကာင္းကင္စိတ္ကူးမိသားစုရဲ့နယ္ေျမ။ သီနိုမိသားစုက အင္အားႀကီးတယ္ဆိုရင္ေတာင္မွ ဒီလိုႀကီး ဝင္ခ်င္သလိုဝင္စြက္လို႔မရဘူး။ သူတို႔က ေကာင္းကင္စိတ္ကူးမိသားစုကို တန္းတူလို႔ မသတ္မွတ္မွန္း ရွင္းေနတာပဲ။" ဆိုင္တာဝန္ခံဝန္ထမ္းက ေဒါသထြက္ရလြန္းလို႔ မုတ္ဆိတ္ေမႊးေတာင္ တြန္႔ေကြးတက္ေနေတာ့သည္။
က်ဳံးဝူခ်င္းက ေခါင္းညိတ္လိုက္ကာ၊ "တကယ္ပဲ သူတို႔က ေဘာင္ေက်ာ္လာတာပဲ။ ဘယ္သူ႔ကိုလာရွာတယ္လို႔ ေျပာေသးလား?"
ေမးလိုက္သူက က်ဳံးဝူခ်င္းဆိုတာကို ဆိုင္တာဝန္ခံ ျမင္လိုက္ေတာ့ တုန္႔ဆိုင္းမေနဘဲ ျပန္ေျဖလိုက္သည္၊ "သူတို႔သခင္ငယ္ေလးကို အနာတရျဖစ္ေအာင္လုပ္ခဲ့တဲ့သူက ဒီတည္းခိုခန္းထဲ ဝင္သြားတာကို သူတို႔မ်က္စိနဲ႔ တပ္အပ္ျမင္လိုက္တယ္လို႔ေျပာတယ္။ သုံးေယာက္တဲ့၊ လူလတ္ပိုင္းႏွစ္ေယာက္နဲ႔ ခေလးတစ္ေယာက္တဲ့၊ အဲ့တာေၾကာင့္ သူဆို႔က ဝင္ရွာခ်င္ေနၾကတာ။"
ဟြမ္ရဲ ေအးစက္စက္ရယ္လိုက္ကာ၊ "ေကာင္းကင္စိတ္ကူးမိသားစုရဲ့ အပိုင္ေျမယာက သူတို႔ရွာခ်င္တိုင္း ရွာလို႔ရတဲ့ေနရာလား? သူတို႔က ဘယ္သူေတြလဲဆိုတာ မင္းျမင္လိုက္ရလား?"
"ျမင္လိုက္ပါတယ္" ဆိုင္တာဝန္ခံက ခ်က္ခ်င္း ေခါင္းညိတ္လိုက္ၿပီး၊ "အဲ့တာက သီနိုမိသားစုရဲ့ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ မိုလန္းနဲ႔ အစြမ္းထက္ ပညာရွင္ႏွစ္ေယာက္ရယ္၊ ကိုယ္ရံေတာ္ေတြရယ္ပါ။"
"နတ္ဘုရားေခါင္ခ်ဳပ္မိုလန္း? ဘာလို႔ အဲ့အဘိုးႀကီးက ဒီေရာက္ေနတာလဲ?" ဟြမ္ရဲ ခ်က္ခ်င္း ႏွာေခါင္းရိုးကို ျဖစ္လိုက္ကာ စဥ္းစားလိုက္သည္။ အဲ့တာက ေရွးက်တဲ့ေသြးဆက္မ်ိဳးဆက္ထဲက ေမွာ္သားရဲတစ္ေကာင္ပဲဟာကို၊ သီနိုမိသားစုက မိုလန္းအဘိုးႀကီးကိုေတာင္ ဒီပို႔လိုက္တယ္? သူတို႔က ကိစၥေသးေသးေလးအတြက္ ဇာခ်ဲ႕ၿပီးအေမႊႀကီးေမႊမလို႔လား?
"မိုလန္းကိုေတာင္ ဒီပို႔လိုက္တယ္ဆိုေတာ့ ငါတို႔မသိတာတစ္ခုခုမ်ား သူတို႔ အစီအစဥ္ဆြဲေနၾကတာလား?" က်ဳံးဝူခ်င္းကလည္း ဟြမ္ရဲနဲ႔ ထပ္တူ ေတြးမိသည္။ သီနိုမိသားစုက နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္တစ္ေယာက္ကို ဒီေမွာ္သားရဲေလးတစ္ေကာင္အတြက္ ေစလႊတ္မွာမဟုတ္။ ဒီအေျခအေနႀကီးက သံသယဝင္စရာေကာင္းေနၿပီ။
"ဟမ့္! ၿမိဳ႕တံခါးမွာတုန္းက ျဖစ္သြားခဲ့တဲ့ ေမၽွာ္မွန္းမထားတဲ့ကိစၥေၾကာင့္သာ မဟုတ္ဘူးဆိုရင္ အဘိုးႀကီး မိုလန္း ေကာင္းကင္အနားသတ္ၿမိဳ႕ထဲမွာ ပုန္းေအာင္းေနတာကို အဆုံးထိ သိိလိုက္ရမွာမဟုတ္ဘူး။ သူ အခု ကိုယ္ေယာင္ထြက္ျပရတယ္ဆိုေတာ့ ေယာင္က်ဳံးေၾကာင့္ျဖစ္မယ္။ သီနိုမိသားစုရဲ့ သခင္ေလးက မိုလန္းကို ေတာ္ေတာ္စိတ္ဆိုးသြားလို႔သာ ျဖစ္ရမယ္၊ အဲ့တာေၾကာင့္ သူက က်ဴးလြန္သြားတဲ့သူကိုရွာဖို႔အတြက္ သူ႔ကိုယ္သူ ကိုယ္ေယာင္ ထြက္ျပရေတာ့တာ။ အဲ့ဒီ့အဘိုးႀကီးက သီနိုမိသားစုရဲ့ အေတာ္ဆုံးက်င့္ႀကံသူေတြထဲက တစ္ေယာက္ပဲ။ သူ လႈပ္ရွားလာၿပီဆိုေတာ့ ေကာင္းတာေတြေတာ့ ျဖစ္လာမွာမဟုတ္ေတာ့ဘူး။" ဟြမ္ရဲရဲ့ မ်က္ႏွာအမူအယာက ပိုလို႔နက္ေမွာင္လာ၏။ အဲ့တာေၾကာင့္လည္း သူတို႔က ေကာင္းကင္စိတ္ကူးမိသားစုရဲ့ပိုင္နက္ထဲကို ဝင္စြက္ရဲတာ၊ ဘာလို႔လည္းဆိုေတာ့ အဘိုးႀကီးမိုလန္း ရွိေနတာမို႔ပဲ။
"သူတို႔က ငါတို႔ကို ရွာေနတာလား?"
ဖုန္႔ရွီက ႐ုတ္တရက္ ေရွ႕ထြက္လိုက္တာေၾကာင့္ ဟြမ္ရဲနဲ႔ က်ဳံးဝူခ်င္းတို႔ လန္႔သြားရသည္။ ကံေကာင္းတာက သူတို႔က သာမာန္လူေတြမဟုတ္တာမို႔ ခပ္ျမန္ျမန္ ျပန္သတိဝင္လာ၏။ ဖုန္႔ရွီဆိုတာ သူတို႔ သိသြားေတာ့ သူတို႔ရဲ့ မေက်နပ္တဲ့အမူအယာကို ခ်က္ခ်င္း ျပန္ထိန္းလိုက္သည္။
"စိတ္မပူပါနဲ႔ ညီကိုဖုန္႔။ ဒါက ေကာင္းကင္စိတ္ကူးမိသားစုရဲ့ပိုင္နက္ပါ၊ အဲ့တာေၾကာင့္ ဘယ္လိုပဲျဖစ္ျဖစ္ သီနိုမိသားစုဝင္ေတြက ျပႆနာအရမ္းႀကီး ႀကီးႀကီးမားမားေတာ့ မရွာရဲပါဘူး။ ကၽြန္ေတာ္တို႔ ေအာက္ဆင္းၿပီး သူတို႔ကို ျပန္လႊတ္လိုက္ပါမယ္။" ဟြမ္ရဲက ေပါ့ေပါ့္ပါးပါး ျပဳံးကာ အေျခအေနကို တာဝန္ယူလိုက္သည္။ သူတို႔ဒီမွာ တည္ရွိေနတာကို သူ ကူညီဖုံးကြယ္ေပးမည္လို႔ ဆိုလိုသည္ပင္။
ဟြမ္ရဲက ခုမွေတြ႕တဲ့လူစိမ္းေတြအတြက္ ကာကြယ္ေပးဖို႔ေတာင္ ဆုံးျဖတ္လိုက္တာျဖစ္သည္။ ဒါေပမဲ့ ဒါက တကယ့္ကို အေလာင္းအစား အႀကီးႀကီးတစ္ခုျဖစ္သည္၊ အေၾကာင္းကေတာ့ သီနိုမိသားစုကို ဆန္႔က်င္တဲ့အတြက္ တန္ေၾကးတစ္ခုေတာ့ ေပးဆပ္ရမည္မို႔ပင္။ တကယ္လို႔ ဖုန္႔ရွီနဲ႔ သူတို႔က သာမာန္လူ သုံးေယာက္သာသာပဲဆိုလ်င္ ဟြမ္ရဲအေနနဲ႔ ဘာမွ အက်ိဳးအျမတ္ရမည္မဟုတ္။ ဆန္႔က်င္ဖက္အေနနဲ႔ သီနိုမိသားစုရဲ့ ေဒါသမီးဟပ္ၿပီး ျမႇားဦးအလွည့္ခံရနိုင္ေခ်ရွိသည္။ အဲ့လိုသာဆိုရင္ေတာ့ သူတို႔ အရႈံးႏွစ္ထပ္ကြမ္း ခံရမွာျဖစ္သည္။
ဒါေပမဲ့ သူ ဒီအေလာင္းအစားကို လုပ္လိုက္ာဟာ သူက အလြန္႔အလြန္ ရဲတင္းေၾကာင္း ျပေနသည္ပင္။ သူ႔ရဲ့မ်က္လုံးတို႔က မီးရႈးတိုင္လို ေတာက္ပစူးရွေနၿပီး ဒီလူသုံးေယာက္ဟာ သာမာန္လူေတြမဟုတ္ဘူးလို႔ သူ ျမင္သည္။ ကိုယ့္မွာရွိတဲ့ အစြမ္းေတြ၊ အာဏာေတြနဲ႔ ေမာ္ႂကြားေနတဲ့လူေတြနဲ႔ ယွဥ္လိုက္ရင္ သူတို႔က သူငယ္ခ်င္းမိတ္ေဆြျဖစ္ဖို႔ ထိုက္တန္သည္ပင္။
ဖုန္႔ရွီက သူေျပာတာကို ၾကားၿပီး မေနနိုင္ေတာ့ဘဲ ရယ္လိုက္၏၊ "ငါ့ကို ဖုန္႔ရွီလို႔ပဲ ေခၚပါ။ ညီကိုဖုန္႔လို႔ မေခၚပါနဲ႔၊ အဲ့တာ အရမ္းထူးဆန္းေနတယ္။"
ဟြမ္ရဲက ေတာင့္သြားေပမဲ့ သူ႔ေခါင္းကို ခ်က္ခ်င္းပဲ ညိတ္လိုက္ကာ၊ "ဖုန္႔ရွီ၊ ေက်းဇူးျပဳၿပီး ဒီမွာ တျခားသူေတြနဲ႔ ခဏေလာက္ ေစာင့္ေနပါ။ ကၽြန္ေတာ္ ေအာက္ထပ္က ျပႆနာကို သြားရွင္းၿပီးတာနဲ႔ ျပန္တက္လာခဲ့မယ္။" သူ႔ရဲ့ ဆုံးျဖတ္ခ်က္ လ်င္ျမန္မႈက အထက္ပိုင္းရာထူးႀကီးတစ္ေယာက္ရဲ့ အရွိန္အဝါ သန္းေန၏။
"မလိုဘူး။" ငရဲမင္းႀကီးက မတ္တပ္ထရပ္လိုက္ၿပီး အားလုံးကို ၾကည့္လိုက္သည္။ သူက အေလးအနက္မထားတဲ့အသံနဲ႔၊ "ဒီျပႆနာက ငါတို႔ေၾကာင့္ျဖစ္တာဆိုကတည္းက ေျဖရွင္းသင့္တဲ့သူကလည္း ငါတို႔ပဲျဖစ္သင့္တယ္။ အဲ့တာက နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ က်င့္ႀကံသူတစ္ေယာက္ပဲေလ!'
ငရဲမင္းႀကီးရဲ့ ေပါ့ေပါ့ပါးပါးသေဘာထားက ေန႔လည္စာ စားဖို႔အတြက္ ဆုံးျဖတ္ခ်က္ ခ်ေနသလိုမ်ိဳးပင္။ သူ႔ရဲ့ သႏၷိဌာန္နဲ႔ သတၱိကိုျမင္ေတာ့ ဟြမ္ရဲနဲ႔ က်ဳံးဝူခ်င္းတို႔ ပိုလို႔ မေလးစားဘဲ မေနနိုင္ေတာ့ေပ။ သူရဲ့ၿပိဳင္ဘက္က နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ျဖစေနေပမဲ့ တည္ၿငိမ္ေအးေဆးေနဆဲျဖစ္သည္။ သူတို႔ရဲ့ျဖစ္တည္မႈ ဒီလူရဲ့ကၽြမ္းက်င္မႈအရည္အခ်င္းက သူတို႔ထင္ထားတာထက္ကို ပိုၿပီး ျမင့္မားေနပုံရသည္။
"ေကာင္းၿပီ။ ငါတို႔ဖာသာငါတို႔ တာဝန္ယူလိုက္မယ္။" ဖုန္႔ရွီရဲ့ အမူအယာက ေလာကႀကီးတစ္ခုလုံး ကေသာင္းကနင္း လုပ္ခ်င္ေနတဲ့ဟန္ေပါက္ေနသည္။ သူက ငရဲမင္းႀကီးရဲ့လက္ေမာင္းကို ဆြဲလိုက္ၿပီး အခန္းထဲကေန စိတ္မရွည္စြာ ထြက္သြားလိုက္ေတာ့သည္။
သူတို႔ႏွစ္ေယာက္က ဘာမွမေျပာေပမဲ့ ကာလြမ္သလာက သဘာဝက်က်နဲ႔ကို ထိုင္ခုံမွာ ထိုင္မေနနိုင္ေတာ့ဘဲ ထရပ္လိုက္ၿပီး သူတို႔ေနာက္ လိုက္သြားလိုက္ရေတာ့သည္။
သူတို႔ေတြ အခန္းထဲကေန
You are reading the story above: TeenFic.Net