121. East Sun Demon

Background color
Font
Font size
Line height

အပိုင်း ၁၂၁။ အရှေ့နေမိစ္ဆာ

ဒီရက်ပိုင်းတွေမှာတော့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ မြောက်ဘက်ပိုင်းမှာ အုတ်အုတ်ကျတ်ကျတ်ဖြစ်သွား၏။

လတ်တလောဖြစ်ပျက်သွားတဲ့အရာတစ်ခုကတော့ ရေခဲတောင်ကြား စီးနင်းတိုက်ခိုက်ခံရတာထက် ပိုပြီး ကြီးမားတဲ့ အမွှေကြီးတစ်ခု ဖြစ်ပျက်သွားခဲ့တာဖြစ်သည်။

အညတရဆူးလားမိသားစုက ရုတ်တရက် မြင့်လာပြီး မြောက်ပိုင်းဒေသရဲ့ ထိပ်တန်းမိသားစုတစ်စုဖြစ်တဲ့ ဟွာမိသားစုနဲ့ ရန်စတစ်ခု ပျိုးခဲ့ခြင်းပင်ဖြစ်သည်။

ပြောကြတာကတော့ ဟွာမိသားစုရဲ့ဆက်ခံသူ ချင်းကျန်က ဆူးလားမိသားစုဆီ ဖိတ်စာသွားပို့တဲ့အချိန်မှာ အနီနဲ့ကောင်လေးရဲ့ အသတ်ကို ခံလိုက်ရတယ်ဟူ၍ပင်။ အဲ့ဒီ့ကောလဟာလက အတော်ပျံ့သွားပြီး တချို့ကဆို ဆူးလားမိသားစုက မြောက်ပိုင်းဒေသတခွင်မှာ ဟွာမိသားစု ကြီးစိုးနေတဲ့ အခြေအနေကို မကျေနပ်တဲ့အတွက် ဆူးလားမိသားစုဝင်တစ်ယောက်က ဖိတ်စာလာပို့တဲ့ ချင်းကျန်ကို သတ်လိုက်ပြီး ဟွာမိသားစုကို သတိပေးလိုက်တာလို့တောင် ဆိုကြ၏။

ဒါပေမဲ့ အဲ့တာဟာ ဟွာမိသားစုက ဆင်ထားတဲ့ဇာတ်လမ်းဆိုတာ အသိသာကြီးပဲမို့ လူတော်တော်များများကတော့ မယုံကြချေ။

မြောက်ပိုင်းဒေသကလူတိုင်း သိကြတဲ့ ချင်းကျန်ဟာ သူ့ရဲ့အကျင့်စာရိတ္တနဲ့ ဒေါသကြီးတာတို့ကြောင့် နာမည်ကြီး၏။ သူ့မိသားစုနောက်ခံနဲ့ သူ့ရဲ့ အရည်အချင်းတို့ကို အမှီပြုပြီး သူက မြောက်ပိုင်းဒေသတစ်ခွင်မှာ ရိုင်းရိုင်းစိုင်းစိုင်းပြုမူခဲ့တာ အတော်ကြာပြီမို့ နာမည်ဆိုးနဲ့ကျော်ကြားတာဖြစ်သည်။ အဲ့အတွက်ကြောင့် လူတိုင်းက သူ သေရခြင်းဟာ သူက သူ့ထက်စွမ်းအားကြီးတဲ့ တစ်စုံတစ်ယောက်ကို သွားပြီး စိန်ခေါ်မိလိုက်လိ့ဆိုတာ ရှင်းရှင်းလင်းလင်း သိကြ၏။

အကျိုးဆက်အနေနဲ့ လူအချို့က သူ့သေဆုံးခြင်းအပေါ် ပျော်ရွှင်ကြသလို၊ အချို့ကလည်း စိတ်အလှုပ်ရှားလွန်လွန်းလို့ ငိုတောင်ငိုမိကြသည်အထိဖြစ်ကြပေမဲ့ လူတော်တော်များများကတော့ ပျော်ပွဲတစ်ခု ကြည့်ရတော့မယ်ဆိုပြီး အစီအစဉ်ဆွဲနေကြပြီဖြစ်သည်။

ကိစ္စတွေက ပိုပိုစိတ်ဝင်စားဖွယ်ကောင်းလာတော့မယ်ဆိုတာကို သူတို့အားလုံး သိကြ၏။

အဲ့အတွက်ကြောင့် ဆူးလားမိသားစုက ရေခဲတောင်ကြားကလူတွေကို အနိုင်ယူလိုက်တဲ့သတင်းက ပျံ့သွားတော့သည်။ အခုတော့ လူတိုင်းက ဆူးလားမိသားစုမှာ သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲနှစ်ကောင် ရှိနေပြီး နတ်ဘုရားဥဿျှောင်အဆင့် လျို့ဝှက်ကျွမ်းကျင်ပညာရှင်တစ်ဦးရှိနေတယ်ဆိုတာ သိသွားကြပြီဖြစ်သည်။ ဒီမိသားစုကို အရင်က လူသိပ်မသိခဲ့ကြပေမဲ့ သူတို့မှာ ဝှက်ထားတဲ့ဖဲချပ်တွေအများကြီးရှိနေတာကြောင့် ဟွာမိသားစုကို အနိုင်ယူနိုင်မယ်၊ မယူနိုင်ဘူးဆိုတာ ပြောဖို့ခက်နေသည်ပင်!

အချို့ကတော့ ဆူးလားမိသားစု နိုင်လိမ့်မယ်လို့ ယုံကြည်ကြပေမဲ့ အချို့ကတော့ နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ကြသည်။

အဆုံးမတော့ ဟွာမိသားစုဆိုတာက မြောက်ပိုင်းဒေသမှာ ခိုင်ခိုင်မာမာ အခြေကျနေတဲ့သူတွေဖြစ်တာကြောင့် သူတို့ရဲ့အခြေအနေ လှုပ်ခပ်သွားအောင်လုပ်နိုင်ဖို့ဆိုတာ ခက်သည်လေ။ ပထမ အချက်အနေနဲ့ ဟွာမိသားစုက ဆူးလားမိသားစုထက် ပိုချမ်းသာသည်၊ ဒုတိယတစ်ချက်ကတော့ ဟွာမိသားစုမှာက နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်ကိုး ပညာရှင်တစ်ဦးရော သူတော်စင်နယ်ပယ်ဆင့် အရွယ်ရောက်ပြီးသား မိစ္ဆာသားရဲတစ်ကောင်ရော ရှိသည်။ တကယ်လို့ မိသားစုနှစ်စု တကယ်တမ်းထိပ်တိုက် တိုက်ကြပြီဆိုရင် ဆူးလားမိသားစု ရှုံးနိုင်ချေ ပိုများ၏။ အဲ့အတွက်ကြောင့် လူအများစုက ဟွာမိသားစုမှာ နိုင်ချေပိုများတယ်ဆိုတာ ယုံကြည်ကြသည်။ တကယ်တမ်းတော့ ဟွာမိသားစုက မြောက်ပိုင်းဒေသမိသားစုတွေထဲမှာ တချိန်လုံး ထိပ်တန်းမိသားစုတစ်ခု ဖြစ်နေခဲ့တာပင်။

ဒါပေမဲ့ မိသားစုချမ်းသာမှုကို ပြောရမယ်ဆိုရင်၊

သူတို့ သတ္တုတွင်းရိုင်းတွင်းတွေ အများကြီး ရှာဖွေတွေ့ရှိထားပေမဲ့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်က ကျယ်ပြောတာကြောင့် အဲ့ကသူတွေက သတ္တုရိုင်းတူးဖော်တာကို နှစ်ထောင်ချီ မရပ်မနား ဆက်လက်တူးဖော်ရင်တောင်မှ မတူးဖော်ရသေးတဲ့ မတွေ့ရှိကြသေးတဲ့ သတ္တုရိုင်းတွင်းတွေ အများကြီး ထပ်ရှာဖွေတွေ့ရှိဖို့ ကျန်နေသေးဆဲပင်။ သလင်းကျောက်တွေက မြေအောက်အနက် ကီလိုမီတာ သုံးသောင်းအောက်မှာသာ တည်ရှိကြတဲ့အတွက် မြောက်ပိုင်းဒေသမှာ အထူးသဖြင့် အရမ်း အလွန်အမင်း အင်အားကြီးတဲ့အင်အားစုမျိုး မရှိတဲ့နေရာမှာ တွင်းအသစ် တွေ့ရှိတူးဖော်ဖို့ ခက်ခဲလှသည်။

ဆူးလားမိသားစုအနေနဲ့ သတ္တုရိုင်းတွင်း တစ်တွင်း ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်တောင်မှ သူတို့အနေနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်။ တူးဖော်တဲ့အလုပ်က အရမ်းကို ခဲယဉ်းတာကြောင့် သူတို့တွေ့ရှိတဲ့သတ္တုရိုင်းတွင်းကို အခြားမိသားစုတွေက ချက်ချင်း သိရှိသွားပြီး လိုချင်မျက်စိကျလာကြမှာအမှန်ပင်။

ဒါပေမဲ့ ဆူးလားမိသားစုမှာ သလင်းကြွက်တစ်ကောင် ရှိမယ်ဆိုရင်တော့ အခြေအနေတွေက ခြားနားသွားမှာဖြစ်သည်။ အဲ့ဒီ့သလင်းကြွက်ရဲ့အစာက သလင်းကျောက်တွေမို့ သူတို့က သတ္တုရိုင်းတွင်းကို သေချာပေါက် တူးဖော်နိုင်စွမ်းရှိသည်။

အဲ့အတွက်ကြောင့် ဆူးလားမိသားစု မြောက်ပိုင်းဒေသမှာ အချမ်းသာဆုံးမိသားစုတစ်စုဖြစ်လာဖို့ဆိုတာ အချိန်လေးတစ်ခုပဲ စောင့်ဖို့ကျန်တော့တာပင်!

ကျင့်ကြံရေးအခြေခံအနေနဲ့ဆို ဟွာမိသားစု အယောက်တစ်သောင်း ပေါင်းရင်တောင်မှ ငရဲမင်းကြီးရဲ့လက်ညှိုးတစ်ချောင်းကိုတောင် ထိနိုင်မှာမဟုတ်။ ဘုရင်ကြီးက မတိုက်ခိုက်ဘူးဆိုရင်တောင်မှ သူက အဲ့မှာ ဘာမှမလုပ်ဘဲ ထိုင်နေမှာမဟုတ်ဘူး။ ပြီးတော့ ဒီတစ်ကြိမ်မှာက သူနဲ့အတူ အစွမ်းထက်အစေခံတစ်ယောက်ကလည်း လိုက်ပါလာတယ်လေ!

ဆူးလားမိသားစုထံ သွားရောက်စုံစမ်းဖို့ ဟွာမိသားစုက စေလွှတ်လိုက်တဲ့ ကျင့်ကြံသူအဖွဲ့ နှစ်ဖွဲ့က ပြန်မလာနိုင်ဘူးလို့လည်း သတင်းတွေ ထွက်နေ၏။ အဲ့ဒီ့ကျင့်ကြံသူတွေ အသတ်ခံလိုက်ရပြီဆိုတာ ရှင်းနေသည်။ အဲ့နောက်မှာတော့ ဟွာမိသားစုက လုံးဝ စိတ်တိုသွားကြပြီး ဒီတစ်ကြိမ်မှာတော့ ဆူးလားမိသားစုကို ပေါ်ပေါ်တင်တင် သွားရောက်စိန်ခေါ်ဖို့ ကျင့်ကြံသူတစ်ဖွဲ့ကို ထပ်မံစေလွှတ်လိုက်သည်လို့ ဆိုကြသည်!

ဒီနေ့က တိမ်ကင်းစင်ပြီး နေသာတဲ့နေ့တစ်နေ့ပါပင်!

ဒါပေမဲ့ နာရီဝက်လောက်အကြာမှာတော့ တိမ်မဲလိုမျိုးအရာတစ်ခု ကောင်းကင်ထက် ရုတ်တရက် ပေါ်လာကာ ဆူးလားမိသားစုရဲ့တောင်ကြားဆီ ရွေ့လျားဦးတည်သွားပြီး နောက်ဆုံးတော့ အဲံဒီ့ ကြီးမားတဲ့အရာကြီးက တောင်ကြားထိပ်တည့်တည့်မှာ ရပ်တန့်သွားကာ ကောင်းကင်တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်လိုက်ပြီး နေရောင်ကို ကာဆီးလိုက်၏။ အဲ့ဒီ့ကြီးမားတဲ့အရာပေါ်မှာ ဝိုးတဝါးပုံသဏ္ဍာန်တစ်ခု ရပ်နေကာ သူ့အနောက်မှာတော့ အနက်ရောင် ချပ်ဝတ်တန်ဆာနဲ့လူတစ်အုပ် ရှိနေ၏။ အဲ့ဒီ့လူတွေအကုန်လုံးက ကြည့်ရတာ အလွန့်အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။

"အိုး၊ ငါ့၊ အဲ့တာ ဟွာမိသားစုရဲ့ နဂါးပျံမဟုတ်လား?"

"ဟွာမိသားစုက ဆူးလားမိသားစုကို တိုက်ဖို့ သူတို့ရဲ့ နဂါးပျံကို ဆင့်ခေါ်လိုက်တယ်? သူတို့က ဒီတစ်ပွကို အကြီးအကျယ်ပြင်ဆင်ထားတာပဲ။"

"သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲတစ်ကောင်။ ဟွာမိသားစုက ဆူးလားမိသားစုကို အရမ်းကြီး အလေးအနက် ဆက်ဆံလွန်းမနေဘူးလား?"

"ဟွာမိသားစုကလွှတ်လိုက်တဲ့ ကျင့်ကြံသူနှစ်ဖွဲ့ကို ဆူးလားမိသားစုက အပြတ်ရှင်းလိုက်တယ်ဆိုတာကို လူတိုင်းသိတယ်။ ဟွာမိသားစုမှာ နတ်ဘုရားဘုရင်နယ်ပယ်ဆင့် ကျင့်ကြံသူပညာရှင်တွေ အများကြီးရှိပေမဲ့ ဒီတစ်ကြိမ်တော့ အဲ့နှစ်ဖွဲ့ထဲမှာ အဲ့ဒီ့ကျင့်ကြံသူတွေ ဆယ်ပုံတစ်ပုံလောက် ထည့်လွှတ်ခဲ့လိုက်တာတဲ့။ ဟွာမိသားစု ရူးသွားတာလည်း မပြောနဲ့လေ၊ သူတို့ ဆုံးရှုံးရတာတွေ အရမ်းများနေပြီကို!"

"ဒါ သူတော်စင်နယ်ပယ်ဆင့်နဲ့ သူတော်စင်နယ်ပယ်ဆင့် တိုက်ကြမှာ။ ဘယ်ဘက်ကနိုင်မလဲ ငါသိချင်နေပြီ။ ဟွာမိသားစုရဲ့ နဂါးပျံက သန့်စင်ထားတဲ့နဂါးသွေးမျိုးဆက် အနည်းငယ်ပါပုံရတယ်။"

"အရှေ့နေမိစ္ဆာလည်း ရောက်လာပြီ။ ငါတို့ အခု ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်။ အဲ့လူက ဟွာမိသားစုရဲ့ နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် ကျင့်ကြံသူပညာရှင်တွေ သုံးဦးထဲက တစ်ဦးပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတည်းက သူက နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်လေးကို ရောက်သွားပြီးတာလို့ ပြောကြတယ်။ အခုဆို သူ ပိုပြီး အစွမ်းထက်လာလောက်ပြီ!"

"ဆူးလားမိသားစုတော့ ခံရတော့မယ်ဟေ့!"

...

ဟွာမိသားစုကလူတွေ ပေါ်လာတာနဲ့ လူအုပ်ကြီးက ချက်ချင်းပဲ အတင်းအဖျင်းတွေ စတင်ပြောနေကြပြီဖြစ်သည်။

ဟွာမိသားစုက ဆူးလားမိသားစုကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ နဂါးပျံသားရဲကို ဆင့်ခေါ်ခဲ့တာမို့ အကယ်၍များ ဆူးလားမိသားစုက ရှုံးသွားမယ်ဆိုရင်တောင်မှ အရှက်ရစရာမရှိချေ။ ဟွာမိသားစုရဲ့ သမိုင်းတလျောက်လုံးမှာ နဂါးပျံသားရဲကို ရန်သူနဲ့တိုက်ဖို့ ဆင့်ခေါ်ခဲ့တာဆိုလို့ နှစ်ကြိမ်ပဲရှိခဲ့ဖူးပြီး ဒီတစ်ကြိမ်က တတိယအကြိမ်ပဲဖြစ်သည်။ ဟွာမိသားစု နဂါးပျံသားရဲဆင့်ခေါ်ပြီးတောင် နှိမ်နင်းခြင်းခံခဲ့လိုက်ရတဲ့ အင်အားစုနှစ်စုကို အခြားသူတွေက မှတ်မှတ်ရရရှိနေကြဆဲဖြစ်နေတာက အတော်ကြီးကျယ်ခမ်းနားလှတဲ့ ရှုံးပွဲတစ်ခုပဲဖြစ်သည်မို့ပင်!

ဆူးလားမိသားစုက ရှေးရှေးတုန်းက နာမည်ကြီးခဲ့ပေမဲ့ အဲ့တာက ကြာခဲ့ပြီဖြစ်သည်။ အခု ဆူးလားမိသားစု ကျဆင်းနေတဲ့ကာလရောက်နေတာမို့ လူတွေက ဒီမိသာစုရဲ့ ရွှေရောင်နေ့ရက်များကို သိပ်မမှတ်မိကြတော့ပေ။

ဟွာမိသားစုက သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲနှစ်ကောင်ကို ပစ်မှတ်ထားဦးတည်ပုံရနေ၏၊ အဲ့လိုမှမဟုတ်ရင် ဒီလောက် အရေးပါတဲ့သားရဲကို ဒီတစ်ကြိမ် ဆင့်ခေါ်လာမှာမဟုတ်။ မိစ္ဆာသားရဲတစ်ကောင်ဆိုရင်ကို ဟွာမိသားစုကို မြောက်ပိုင်းဒေသ ထိပ်ပိုင်းမိသားစုတစ်စုအနေနဲ့ ရပ်တည်နိုင်အောင် လုပ်ဆောင်နိုင်စွမ်းရှိနေပြီဖြစ်သည်။ တကယ်လို့သာ ဟွာမိသားစုဝင်တွေက နောက်ထပ် နှစ်ကောင်သာ ထပ်ရသွားမယ်ဆိုရင်တော့ မြောက်ပိုင်းဒေသက ဘယ်မိသားစုကမှ ဟွာမိသားစုကို ယှဉ်နိုင်ကြတော့မှာမဟုတ်တာ အသေအချာပင်။ တချို့က သေချာဂဃနဏ နားမလည်ကြပေမဲ့ ဟွာမိသားစုရဲ့ရည်ရွယ်ရင်းကို သတိပြုမိကြတဲ့သူတွေကတော့ ဟွာမိသားစုရဲ့ဉာဏ်နီဉာဏ်နက်များတာကို ကြိတ်ပြီးကျိန်ဆဲနေကြ၏။ ဒါပေမဲ့လည်း ဘယ်သူကမှ ဘာမှမလုပ်နိုင်ကြပေ။ ကြည့်ရတာတော့ သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲနှစ်ကောင်က ဟွာမိသားစုရဲ့ အဖမ်းကို ခံရတော့မယ့်ပုံပင်။

ဆူးလားမိသားစုက တိုက်ဖို့အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ ဆူးလားမိသားစုရဲ့ ကျင့်ကြံသူတွေက တောင်ကြားထဲ အပြေးသွားကြကာ ဂိတ်တံခါးမှာ ရပ်လျက် နဂါးပျံကို လေးလေးနက်နက်အကြည့်တို့နဲ့ ကြည့်နေကြ၏။ သူတို့သေမယ်ဆိုတာ သိတာတောင်မှ သူတို့ တစ်ချက်လေးတောင် တွန့်မှာမဟုတ်! ဒီမိသားစုထဲမှာ သူရဲဘောကြောင်တဲ့သူ တစ်ယောက်မှ မရှိဘူး!

ဒါပေမဲ့ အဲ့လိုဆိုရင်တောင်မှ ကာလွမ်သလာက သူ့မိသားစုဝင်တွေကို အသေခံခိုင်းဖို့ ရည်ရွယ်ချက်မရှိ။ အခု သူ့မျက်နှာထက်က အမူအယာက အတော်ကို တင်းမာခက်ထက်နေပြီဖြစ်သည်။

ဒီရက်ပိုင်းအတွင်းမှာ ဆူးလားမိသားစုကလည်း ဟွာမိသားစုအကြောင်း သတင်းအချက်အလက်တွေ စုံစမ်းထားပြီးဖြစ်သည်။ ဟွာမိသားစုမှာရှိတဲ့ သူတော်စင်နယ်ပယ်ဆင့် မိစ္ဆာသားရဲက နဂါးပျံသားရဲဖြစ်သည်။ အဲ့သားရဲက သူတော်စင်နယ်ပယ်ဆင့် အဆင့်ငါးလို့ ပြောကြပေမဲ့ ဖုန့်ရှီထားခဲ့တဲ့ မိစ္ဆာသားရဲတွေက သူတော်စင်နယ်ပယ်ဆင့် အဆင့်နှစ်နဲ့ အဆင့်သုံးတို့ပဲဖြစ်သည်။ အကယ်၍ အဲ့ဒီ့မိစ္ဆာသားရဲတွေ တိုက်ကြမယ်ဆိုရင် ဖုန့်ရှီရဲ့ သားရဲတွေက နဂါးပျံသားရဲကို အကောင်အရွယ်အစားကြောင့်တင်မကဘဲ အင်အားကြောင့်ပါ ရှုံးနိုင်ချေရှိသည်။ အနိုင်ရနိုင်ချေရှိမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်လောက်တာကတော့ သားရဲနှစ်ကောင် အတူယှဉ်တွဲပြီး တိုက်တာပဲဖြစ်သည်။

နဂါးပျံသားရဲရဲ့ခေါင်းထက်ထိပ်မှာ ရပ်နေသူကတော့ ဆူးလားမိသားစုရဲ့ သူတော်စင်နယ်ပယ်အဆင့်ကိုးကျင့်ကြံသူပြီးရင် ဒုတိယလိုက်တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ကို လူတိုင်းက အရှေ့နေမိစ္ဆာလို့ ခေါ်ကြသည်။ စုဆောင်းထားတဲ့သတင်းအချက်အလက်တွေအရ အဆိုပါလူက နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်လေးရောက်နေပြီဟု သိရသည်။ ဒါပေမဲ့ သတင်းအချက်တွေက အသစ်ထပ်မထွက်တာ နှစ်ပေါင်းနှစ်ဆယ်လောက် ကြာခဲ့ပြီမို့ သူ့ရဲ့ လက်ရှိကျင့်ကြံဆင့် ဘယ်လောက်ထိ မြင့်တက်လာ/မလာ ဘယ်သူမှ မသိကြချေ။ တကယ်လို့ ကာလွမ်သလာရဲ့ ကျင့်ကြံဆင့်က အရှေ့နေမိစ္ဆာထက် နှစ်ဆင့်ပဲ နိမ့်တယ်ဆိုရင် ကာလွမ်သလာ နိုင်နိုင်ချေ ရှိသေးတယ်။ ဒါပေမဲ့ ကွာဟချက်က အဆင့် နှစ်ဆင့်ထက်ပိုများနေရင်တော့ ဆူးလားမိသားစုတစ်စုမှာ ထူးခြားတဲ့သွေးဆက်တစ်ခုရှိနေပြီး အရည်အသွေးကောင်းတဲ့ အဆင့်နိမ့် သိမ်မွေ့နက်နဲလက်နက်တစ်ခုရှိနေရင်တောင်မှ ကာလွမ်သလာ ရှုံးမှာ အသေအချာပင်ဖြစ်သည်။

ဒီရက်ပိုင်းတွေအတွင်းမှာ ဆူးလားမိသားစုဝင်အားလုံးနီးပါးက သူတို့အတွက် အထူးတီထွင်ထားခဲ့တဲ့ ဝိညာဉ်ကိုးလှည့်သိုင်းကွက်ကို လေ့လာကျင့်ကြံကြပြီးဖြစ်သည်။ ကာလွမ်သလာက ဒီမိသားစုဝင်တွေအနေနဲ့ ဒီသိုင်းပညာရပ်အကြောင်း သတင်းပေါက်ကြားသွားမှာကို မစိုးရိမ်ပေ။ ဒီလူတွေ သူတို့ရဲ့သွေးဆက်ကို နှိုးဆွနိုင်သွားပြီးတာနဲ့ မိသားစုတစ်စုလုံးရဲ့ ကျင့်ကြံဆင့်က ချက်ချင်းပဲ မြင့်တက်သွားကြပြီဖြစ်သည်။ ကာလွမ်သလာရဲ့အဖေတောင် နတ်ဘုရားဘုရင်နယ်ပယ်ဆင့်ကို ဖြတ်ကျော်သွားနိုင်ပြီဖြစ်သည်။ အဲ့လိုဆိုရင်တောင်မှ ဆူးလားမိသားစုက ဟွာမိသားစုလောက်တော့ မသန်မာနေသေးချေ။

ကာလွမ်သလာ နည်းလမ်းမြောက်များစွာ စဉ်းစားခဲ့ပြီးဖြစ်ပေမဲ့ တစ်ခုချင်းစီကို အကောင်အထည်ဖော်ဖို့က ဒီမိသားစုက အရင်းအနှီးကြီးကြီး ပေးဆပ်ရမှာဖြစ်သည်။ အဲ့တာကိုတွေးမိတော့ သူ မနေနိုင်တော့ဘဲ မျက်နှာဆူပုတ်သုန်မှုန်သွားတော့၏။

အဲ့အချိန်မှာပဲ သူ့ခေါင်းထက်ကနေ ကြောက်မက်ဖွယ်အသံတစ်ခု ဟိန်းပြီးထွက်ပေါ်လာ၏၊ "ဆူးလားမိသားစု၊ နားထောင်ကြ၊ မင်းတို့မိသားစုကို အပျောက်ရှင်းမခံရချင်ဘူးဆိုရင် အနီနဲ့ကောင်လေးကို ချက်ချင်းထုတ်ပေး! အဲ့လိုမှမဟုတ်ရင် ဒီမိသားစုကလူတိုင်းကို ငါ သုတ်သင်ရလိမ့်မယ်!"

အဲ့တာကိုပြောတာကတော့ အခြားဘယ်သူမှမဟုတ်ပေ၊ အရှေ့နေမိစ္ဆာပင်ဖြစ်သည်။ သူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆူးလားမိသားစုကို သတ်ဖြတ်ချင်တဲ့အငွေ့အသက်တို့နဲ့ ကြည့်နေတာဖြစ်သည်။ နောက်ဆုံးတော့ သူ့မျက်လုံးအစုံက ကာလွမ်သလာဆီ ရောက်သွား၏။ ကာလွမ်သလာရဲ့ ပုန်ကန်ချင်တဲ့အမူအယာကို မြင်တော့ အရှေ့နေမိစ္ဆာက မျက်နှာပိုပြီး သုန်မှုန်သွားရကာ သူ့စကားလုံးတို့က အဲ့ဒီ့လူငယ်လေးကို လုံးဝ မခြိမ်းခြောက်နိုင်သေးမှန်း သူသိလိုက်ရ၏။

"ငါတို့မိသားစုကို သုတ်သင်မယ်? မင်းအိမ်မက်ထဲမှာပဲ​ ရမယ်!"

ကာလွမ်သလာက အဲ့ဒီ့စကားတွေကို အေးစက်တဲ့အသံနဲ့ ရေရွတ်လိုက်၏။ သူ့အသံကို ချဲ့ဖို့ (အားလုံးကြားစေဖို့)အတွက် ပညာရပ်တစ်ခုကို သူ ကျင့်သုံးလိုက်တာကြောင့် လူတိုင်းက သူဘာပြောလဲဆိုတာ ကြားသွာကြ၏။ သူ့ရဲ့ခန့်ညားလှပတဲ့မျက်နှာက အလွန်အေးစက်နေပုံရကာ သူ့ရဲ့ ဖြောင့်မတ်နေတဲ့ကိုယ်ခန္ဓာက အတော်ကိုရှည်ပြီးမြင့်နေတာကြောင့် အရှေ့နေမိစ္ဆာထက်ပိုပြီးတောင် ဟိတ်ဟန်အပြည့်ဖြစ်နေ၏။

"မင်းက မင််းသေလမ်း မင်းရှာတာပဲ။ နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် ဒုတိယအဆင့်၊ ဟမ်? အဲ့တာ မလုံလောက်သေးဘူး!" အရှေ့နေမိစ္ဆာက ဒေါသငယ်ထိပ်စောင့်တက်သွားကာ သူ့ရဲ့ဒေါသခြောင်းခြောင်းထနေတဲ့မျက်နှာပေါ်မှာ ရေခဲတမျှအေးစက်တဲ့အကြည့်တို့နဲ့အတူ ကာလွမ်သလာကို စူးစူးရဲရဲကြည့်လိုက်သည်။ ရုတ်တရက် ဆိုးဝါးတဲ့အော်သံတစ်ခုနဲ့အတူ သူကလည်း သူ့ကိုယ်ခန္ဓာကနေ လွှမ်းမိုးတဲ့အရှိန်အဝါတစ်ခု ထုတ်လွှတ်လိုက်ကာ သူက နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်ငါးဆိုတာ ပြလိုက်၏။

လူအုပ်ထဲကလူတွေက ပါးစပ်အဟောင်သားဖြစ်သွားကြတော့သည်။ နှစ်တွေအများကြီးကြာပြီးနောက် အရှေ့နေမိစ္ဆာက အဲ့လောက်ထိ ကျင့်ကြံဆင့်မြင့်သွားတာ ကျိုးကြောင်းတော့သင့်သည်ပင်။

ကာလွမ်သလာက အဲ့တာကို သူ မျှော်မှန်းထားပြီးဖြစ်ပေမဲ့လည်း မျက်နှာမည်းမှောင်သွား၏။

"ငါ့သား၊ ငါတို့ ဒီကောင်ကို အတူတူ တိုက်ကြစို့။ မင်းသူ့ကို တစ်ယောက်ထဲ ရင်မဆိုင်နိုင်ဘူး။" ကျန်းပါးလားက အနောက်ကနေ ထွက်လာပြီး မည်းမှောင်နေတဲ့အကြည့်တို့်နဲ့အတူ ကာလွမ်သလာဘေးရပ်လိုက်၏။ အခု သူတို့အတွက် ကျန်နေတဲ့ တစ်ခုတည်းသောရွေးချယ်စရာက အသေအလဲတိုက်ဖို့တစ်ခုပဲ ဖြစ်သည်။

"ညီလေး၊ မင်း အဖေပြောတာကို နားထောင်သင့်တယ်! ကျန်တာ ငါတို့နဲ့ထားလိုက်!' မုန်တိုင်းကာလွမ်သလာက ဝင်ပြောလိုက်သည်။

"ကောင်းပါပြီ၊ အစ်ကို၊ ဒါပေမဲ့ မင်းဂရုစိုက်ရမယ်နော်။" ကာလွမ်သလာက အခုအချိန်ဟာ သန်မာကြောင်းပြရမယ့်အချိန်မဟုတ်ဘူးဆိုတာကို သူသိ၏။ သူ့မှာ အကူတစ်ယောက် ရှိနိုင်မယ်ဆိုရင် သူ နိုင်ဖို့အခွင့်အလမ်း ပိုရှိလိမ့်မည်။ အဲ့အတွက်ကြောင့်၊ ခဏလောက် တုန့်ဆိုင်းသွားပြီးနောက် သူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"ညီလေး၊ မစိုးရိမ်ပါနဲ့။ ငါတို့ဆူးလားမိသားစုက လွယ်လွယ်အသေမခံပါဘူး။"

"ကျွန်တော်သိပါတယ်။"

သူတို့အနောက်မှာ ရပ်နေတဲ့ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က ချက်ချင်း ပြောစရာစကား ဆွံ့အသွားရကာ တွေးလိုက်ကြသည်၊ 'မင်းတို့ကောင်တွေက သေဖို့ကို တကယ်ပဲ မျက်တောင်မခတ်စတမ်း ရင်ဆိုင်ရဲကြတယ်! ဒါကိုသာ ငါတို့ကြိုသိခဲ့မယ်ဆိုရင် ငါတို့သခင်ကို ပြန်မလွှတ်လိုက်သင့်ဘူး။' ဖုန့်ရှီထွက်သွားပြီးနောက် အဲ့ဒီ့အပေါင်းအဖော်နှစ်ယာက်ကို ဒီမှာချန်ထားခဲ့သည်။ ဒါပေမဲ့ မိသားစုနှစ်စုရဲ့ အင်အားကာဟချက်က ကြီးမားပေမဲ့လည်း စာအုပ်နတ်ဘုရားအနေနဲ့ ဆူးလားမိသားစု ရှုံးလိမ့်မယ်လို့ သူမထင်ချေ!

အဲ့နောက်၊ သူက သက်ပြင်းချလိုက်ပြီး နောက်ဆုံးမှာတော့ အော်ပြောလိုက်သည်၊ "မင်းတို့သုံးယောက်က တကယ်ပဲ ရဲရင့်ကြတယ်၊ ဒါပေမဲ့ ငါမိတ်ဆွေနဲ့ ငါကလည်း မင်းတို့အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်စဉ်းစားနိုင်တယ်။ တကယ်တမ်းတော့ မင်းတို့ ဒီတိုက်ပွဲကို နိုင်ဖို့အခွင့်အရေး ရှိပါသေးတယ်!"

ပတ်ဝန်းကျင်က နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် တိတ်ကျသွားပြီးနောက်မှာတော့ လူသုံးယောက်က တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ သူတို့က သားအဖတွေဖြစ်နေတာ မဆန်းချေ၊

"မင်း ဘာပြောလိုက်တာ?"

20220130; 0542
Stay tuned for the next chapter:
122. The Tragedy of East Sun Demon
🥰Thanks for reading, sharing, comments and votes.🥰

—————————— 👀 —————————

အပိုင္း ၁၂၁။ အေရွ႕ေနမိစၧာ

ဒီရက္ပိုင္းေတြမွာေတာ့ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ရဲ့ ေျမာက္ဘက္ပိုင္းမွာ အုတ္အုတ္က်တ္က်တ္ျဖစ္သြား၏။

လတ္တေလာျဖစ္ပ်က္သြားတဲ့အရာတစ္ခုကေတာ့ ေရခဲေတာင္ၾကား စီးနင္းတိုက္ခိုက္ခံရတာထက္ ပိုၿပီး ႀကီးမားတဲ့ အေမႊႀကီးတစ္ခု ျဖစ္ပ်က္သြားခဲ့တာျဖစ္သည္။

အညတရဆူးလားမိသားစုက ႐ုတ္တရက္ ျမင့္လာၿပီး ေျမာက္ပိုင္းေဒသရဲ့ ထိပ္တန္းမိသားစုတစ္စုျဖစ္တဲ့ ဟြာမိသားစုနဲ႔ ရန္စတစ္ခု ပ်ိဳးခဲ့ျခင္းပင္ျဖစ္သည္။

ေျပာၾကတာကေတာ့ ဟြာမိသားစုရဲ့ဆက္ခံသူ ခ်င္းက်န္က ဆူးလားမိသားစုဆီ ဖိတ္စာသြားပို႔တဲ့အခ်ိန္မွာ အနီနဲ႔ေကာင္ေလးရဲ့ အသတ္ကို ခံလိုက္ရတယ္ဟူ၍ပင္။ အဲ့ဒီ့ေကာလဟာလက အေတာ္ပ်ံ႕သြားၿပီး တခ်ိဳ႕ကဆို ဆူးလားမိသားစုက ေျမာက္ပိုင္းေဒသတခြင္မွာ ဟြာမိသားစု ႀကီးစိုးေနတဲ့ အေျခအေနကို မေက်နပ္တဲ့အတြက္ ဆူးလားမိသားစုဝင္တစ္ေယာက္က ဖိတ္စာလာပို႔တဲ့ ခ်င္းက်န္ကို သတ္လိုက္ၿပီး ဟြာမိသားစုကို သတိေပးလိုက္တာလို႔ေတာင္ ဆိုၾက၏။

ဒါေပမဲ့ အဲ့တာဟာ ဟြာမိသားစုက ဆင္ထားတဲ့ဇာတ္လမ္းဆိုတာ အသိသာႀကီးပဲမို႔ လူေတာ္ေတာ္မ်ားမ်ားကေတာ့ မယုံၾကေခ်။

ေျမာက္ပိုင္းေဒသကလူတိုင္း သိၾကတဲ့ ခ်င္းက်န္ဟာ သူ႔ရဲ့အက်င့္စာရိတၱနဲ႔ ေဒါသႀကီးတာတို႔ေၾကာင့္ နာမည္ႀကီး၏။ သူ႔မိသားစုေနာက္ခံနဲ႔ သူ႔ရဲ့ အရည္အခ်င္းတို႔ကို အမွီျပဳၿပီး သူက ေျမာက္ပိုင္းေဒသတစ္ခြင္မွာ ရိုင္းရိုင္းစိုင္းစိုင္းျပဳမူခဲ့တာ အေတာ္ၾကာၿပီမို႔ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတာျဖစ္သည္။ အဲ့အတြက္ေၾကာင့္ လူတိုင္းက သူ ေသရျခင္းဟာ သူက သူ႔ထက္စြမ္းအားႀကီးတဲ့ တစ္စုံတစ္ေယာက္ကို သြားၿပီး စိန္ေခၚမိလိုက္လိ့ဆိုတာ ရွင္းရွင္းလင္းလင္း သိၾက၏။

အက်ိဳးဆက္အေနနဲ႔ လူအခ်ိဳ႕က သူ႔ေသဆုံးျခင္းအေပၚ ေပ်ာ္ရႊင္ၾကသလို၊ အခ်ိဳ႕ကလည္း စိတ္အလွုပ္ရွားလြန္လြန္းလို႔ ငိုေတာင္ငိုမိၾကသည္အထိျဖစ္ၾကေပမဲ့ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ေပ်ာ္ပြဲတစ္ခု ၾကည့္ရေတာ့မယ္ဆိုၿပီး အစီအစဥ္ဆြဲေနၾကၿပီျဖစ္သည္။

ကိစၥေတြက ပိုပိုစိတ္ဝင္စားဖြယ္ေကာင္းလာေတာ့မယ္ဆိုတာကို သူတို႔အားလုံး သိၾက၏။

အဲ့အတြက္ေၾကာင့္ ဆူးလားမိသားစုက ေရခဲေတာင္ၾကားကလူေတြကို အနိုင္ယူလိုက္တဲ့သတင္းက ပ်ံ႕သြားေတာ့သည္။ အခုေတာ့ လူတိုင္းက ဆူးလားမိသားစုမွာ သူေတာ္စင္နယ္ပယ္ဆင့္ မိစၧာသားရဲႏွစ္ေကာင္ ရွိေနၿပီး နတ္ဘုရားဥႆၽွောင္အဆင့္ လ်ိဳ႕ဝွက္ကၽြမ္းက်င္ပညာရွင္တစ္ဦးရွိေနတယ္ဆိုတာ သိသြားၾကၿပီျဖစ္သည္။ ဒီမိသားစုကို အရင္က လူသိပ္မသိခဲ့ၾကေပမဲ့ သူတို႔မွာ ဝွက္ထားတဲ့ဖဲခ်ပ္ေတြအမ်ားႀကီးရွိေနတာေၾကာင့္ ဟြာမိသားစုကို အနိုင္ယူနိုင္မယ္၊ မယူနိုင္ဘူးဆိုတာ ေျပာဖို႔ခက္ေနသည္ပင္!

အခ်ိဳ႕ကေတာ့ ဆူးလားမိသားစု နိုင္လိမ့္မယ္လို႔ ယုံၾကည္ၾကေပမဲ့ အခ်ိဳ႕ကေတာ့ နိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ၾကသည္။

အဆုံးမေတာ့ ဟြာမိသားစုဆိုတာက ေျမာက္ပိုင္းေဒသမွာ ခိုင္ခိုင္မာမာ အေျခက်ေနတဲ့သူေတြျဖစ္တာေၾကာင့္ သူတို႔ရဲ့အေျခအေန လွုပ္ခပ္သြားေအာင္လုပ္နိုင္ဖို႔ဆိုတာ ခက္သည္ေလ။ ပထမ အခ်က္အေနနဲ႔ ဟြာမိသားစုက ဆူးလားမိသားစုထက္ ပိုခ်မ္းသာသည္၊ ဒုတိယတစ္ခ်က္ကေတာ့ ဟြာမိသားစုမွာက နတ္ဘုရားဥႆၽွောင္နယ္ပယ္ဆင့္ အဆင့္ကိုး ပညာရွင္တစ္ဦးေရာ သူေတာ္စင္နယ္ပယ္ဆင့္ အရြယ္ေရာက္ၿပီးသား မိစၧာသားရဲတစ္ေကာင္ေရာ ရွိသည္။ တကယ္လို႔ မိသားစုႏွစ္စု တကယ္တမ္းထိပ္တိုက္ တိုက္ၾကၿပီဆိုရင္ ဆူးလားမိသားစု ရွုံးနိုင္ေခ် ပိုမ်ား၏။ အဲ့အတြက္ေၾကာင့္ လူအမ်ားစုက ဟြာမိသားစုမွာ နိုင္ေခ်ပိုမ်ားတယ္ဆိုတာ ယုံၾကည္ၾကသည္။ တကယ္တမ္းေတာ့ ဟြာမိသားစုက ေျမာက္ပိုင္းေဒသမိသားစုေတြထဲမွာ တခ်ိန္လုံး ထိပ္တန္းမိသားစုတစ္ခု ျဖစ္ေနခဲ့တာပင္။

ဒါေပမဲ့ မိသားစုခ်မ္းသာမွုကို ေျပာရမယ္ဆိုရင္၊

သူတို႔ သတၱဳတြင္းရိုင္းတြင္းေတြ အမ်ားႀကီး ရွာေဖြေတြ႕ရွိထားေပမဲ့ နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္က က်ယ္ေျပာတာေၾကာင့္ အဲ့ကသူေတြက သတၱဳရိုင္းတူးေဖာ္တာကို ႏွစ္ေထာင္ခ်ီ မရပ္မနား ဆက္လက္တူးေဖာ္ရင္ေတာင္မွ မတူးေဖာ္ရေသးတဲ့ မေတြ႕ရွိၾကေသးတဲ့ သတၱဳရိုင္းတြင္းေတြ အမ်ားႀကီး ထပ္ရွာေဖြေတြ႕ရွိဖို႔ က်န္ေနေသးဆဲပင္။ သလင္းေက်ာက္ေတြက ေျမေအာက္အနက္ ကီလိုမီတာ သုံးေသာင္းေအာက္မွာသာ တည္ရွိၾကတဲ့အတြက္ ေျမာက္ပိုင္းေဒသမွာ အထူးသျဖင့္ အရမ္း အလြန္အမင္း အင္အားႀကီးတဲ့အင္အားစုမ်ိဳး မရွိတဲ့ေနရာမွာ တြင္းအသစ္ ေတြ႕ရွိတူးေဖာ္ဖို႔ ခက္ခဲလွသည္။

ဆူးလားမိသားစုအေနနဲ႔ သတၱဳရိုင္းတြင္း တစ္တြင္း ရွာေဖြေတြ႕ရွိခဲ့မယ္ဆိုရင္ေတာင္မွ သူတို႔အေနနဲ႔ ပိုင္ဆိုင္ဖို႔ဆိုတာ မျဖစ္နိုင္။ တူးေဖာ္တဲ့အလုပ္က အရမ္းကို ခဲယဥ္းတာေၾကာင့္ သူတို႔ေတြ႕ရွိတဲ့သတၱဳရိုင္းတြင္းကို အျခားမိသားစုေတြက ခ်က္ခ်င္း သိရွိသြားၿပီး လိုခ်င္မ်က္စိက်လာၾကမွာအမွန္ပင္။

ဒါေပမဲ့ ဆူးလားမိသားစုမွာ သလင္းႂကြက္တစ္ေကာင္ ရွိမယ္ဆိုရင္ေတာ့ အေျခအေနေတြက ျခားနားသြားမွာျဖစ္သည္။ အဲ့ဒီ့သလင္းႂကြက္ရဲ့အစာက သလင္းေက်ာက္ေတြမို႔ သူတို႔က သတၱဳရိုင္းတြင္းကို ေသခ်ာေပါက္ တူးေဖာ္နိုင္စြမ္းရွိသည္။

အဲ့အတြက္ေၾကာင့္ ဆူးလားမိသားစု ေျမာက္ပိုင္းေဒသမွာ အခ်မ္းသာဆုံးမိသားစုတစ္စုျဖစ္လာဖို႔ဆိုတာ အခ်ိန္ေလးတစ္ခုပဲ ေစာင့္ဖို႔က်န္ေတာ့တာပင္!

က်င့္ႀကံေရးအေျခခံအေနနဲ႔ဆို ဟြာမိသားစု အေယာက္တစ္ေသာင္း ေပါင္းရင္ေတာင္မွ ငရဲမင္းႀကီးရဲ့လက္ညႇိုးတစ္ေခ်ာင္းကိုေတာင္ ထိနိုင္မွာမဟုတ္။ ဘုရင္ႀကီးက မတိုက္ခိုက္ဘူးဆိုရင္ေတာင္မွ သူက အဲ့မွာ ဘာမွမလုပ္ဘဲ ထိုင္ေနမွာမဟုတ္ဘူး။ ၿပီးေတာ့ ဒီတစ္ႀကိမ္မွာက သူနဲ႔အတူ အစြမ္းထက္အေစခံတစ္ေယာက္ကလည္း လိုက္ပါလာတယ္ေလ!

ဆူးလားမိသားစုထံ သြားေရာက္စုံစမ္းဖို႔ ဟြာမိသားစုက ေစလႊတ္လိုက္တဲ့ က်င့္ႀကံသူအဖြဲ႕ ႏွစ္ဖြဲ႕က ျပန္မလာနိုင္ဘူးလို႔လည္း သတင္းေတြ ထြက္ေန၏။ အဲ့ဒီ့က်င့္ႀကံသူေတြ အသတ္ခံလိုက္ရၿပီဆိုတာ ရွင္းေနသည္။ အဲ့ေနာက္မွာေတာ့ ဟြာမိသားစုက လုံးဝ စိတ္တိုသြားၾကၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဆူးလားမိသားစုကို ေပၚေပၚတင္တင္ သြားေရာက္စိန္ေခၚဖို႔ က်င့္ႀကံသူတစ္ဖြဲ႕ကို ထပ္မံေစလႊတ္လိုက္သည္လို႔ ဆိုၾကသည္!

ဒီေန႔က တိမ္ကင္းစင္ၿပီး ေနသာတဲ့ေန႔တစ္ေန႔ပါပင္!

ဒါေပမဲ့ နာရီဝက္ေလာက္အၾကာမွာေတာ့ တိမ္မဲလိုမ်ိဳးအရာတစ္ခု ေကာင္းကင္ထက္ ႐ုတ္တရက္ ေပၚလာကာ ဆူးလားမိသားစုရဲ့ေတာင္ၾကားဆီ ေရြ႕လ်ားဦးတည္သြားၿပီး ေနာက္ဆုံးေတာ့ အဲံဒီ့ ႀကီးမားတဲ့အရာႀကီးက ေတာင္ၾကားထိပ္တည့္တည့္မွာ ရပ္တန္႔သြားကာ ေကာင္းကင္တစ္ခုလုံးကို အျပည့္အဝ ဖုံးအုပ္လိုက္ၿပီး ေနေရာင္ကို ကာဆီးလိုက္၏။ အဲ့ဒီ့ႀကီးမားတဲ့အရာေပၚမွာ ဝိုးတဝါးပုံသ႑ာန္တစ္ခု ရပ္ေနကာ သူ႔အေနာက္မွာေတာ့ အနက္ေရာင္ ခ်ပ္ဝတ္တန္ဆာနဲ႔လူတစ္အုပ္ ရွိေန၏။ အဲ့ဒီ့လူေတြအကုန္လုံးက ၾကည့္ရတာ အလြန္႔အလြန္ ေၾကာက္မက္ဖြယ္ေကာင္းလွသည္။

"အိုး၊ ငါ့၊ အဲ့တာ ဟြာမိသားစုရဲ့ နဂါးပ်ံမဟုတ္လား?"

"ဟြာမိသားစုက ဆူးလားမိသားစုကို တိုက္ဖို႔ သူတို႔ရဲ့ နဂါးပ်ံကို ဆင့္ေခၚလိုက္တယ္? သူတို႔က ဒီတစ္ပြကို အႀကီးအက်ယ္ျပင္ဆင္ထားတာပဲ။"

"သူေတာ္စင္နယ္ပယ္ဆင့္ မိစၧာသားရဲတစ္ေကာင္။ ဟြာမိသားစုက ဆူးလားမိသားစုကို အရမ္းႀကီး အေလးအနက္ ဆက္ဆံလြန္းမေနဘူးလား?"

"ဟြာမိသားစုကလႊတ္လိုက္တဲ့ က်င့္ႀကံသူႏွစ္ဖြဲ႕ကို ဆူးလားမိသားစုက အျပတ္ရွင္းလိုက္တယ္ဆိုတာကို လူတိုင္းသိတယ္။ ဟြာမိသားစုမွာ နတ္ဘုရားဘုရင္နယ္ပယ္ဆင့္ က်င့္ႀကံသူပညာရွင္ေတြ အမ်ားႀကီးရွိေပမဲ့ ဒီတစ္ႀကိမ္ေတာ့ အဲ့ႏွစ္ဖြဲ႕ထဲမွာ အဲ့ဒီ့က်င့္ႀကံသူေတြ ဆယ္ပုံတစ္ပုံေလာက္

You are reading the story above: TeenFic.Net