part7

Background color
Font
Font size
Line height

Zawgyi

ပန္းလွည္းရြာ၏ပန္းလွည္းပြဲေတာ္မွာ ရြာအတြက္အေရးပါေသာ အထိမ္းအမွတ္ပြဲေတာ္တစ္ခုျဖစ္ေလ၏။ ပြဲေတာ္ကို သံုးရက္တိုင္တိုင္က်င္းပၾကမည္ျဖစ္ၿပီး ေန႔ခင္းဘက္ဘုရားသြားေက်ာင္းတက္ကာ ညဘက္တြင္ ေပ်ာ္ပြဲရႊင္ပြဲမ်ားလုပ္ၾကမည္ျဖစ္သည္။ ပြဲေတာ္တြင္ ပန္းလွည္းရြာ၏ခ်စ္စရာေကာင္းေသာ ဓေလ့ကိုျမင္ႏိုင္ေပသည္။

ထိုအခ်ိန္မ်ားတြင္ ရြာလံုးကြၽတ္စတုဒီသာေကြၽးကာ တစ္အိမ္တက္တစ္အိမ္ဆင္းၿပီးလည္း လက္လုပ္မုန္႔မ်ားကို စားႏိုင္သည္။ သို႔မ်ွသာမက မိသားစုႏွစ္စုခ်င္း ေရႊလမ္းေငြလမ္းေဖာက္ကာ လူပ်ိဳမ်ားက ကိုယ္ႀကိဳက္ႏွစ္သက္ရာမိန္းမပ်ိဳမ်ားကို လူႀကီးသူမေ႐ွ႕တြင္ ခ်စ္စကားဖြင့္ဟႏိုင္၏။ ေကာင္မေလးဘက္ကေသာ္လည္းေကာင္း၊ မိသားစုဝင္ေသာ္လည္းေကာင္း ျငင္းဆန္ႏိုင္ခြင့္ သို႔မဟုတ္ လက္ခံခြင့္ရိွေပမဲ့ စိတ္ကြက္ခြင့္ေတာ့မရိွေခ်။ ကိုယ္သေဘာထားရိွရာ ပြင့္လင္းစြာေျပာဆိုႏိုင္သည္။

ေနာက္ထပ္ခ်စ္စရာေကာင္းေသာအရာတစ္ခုမွာ အိမ္တိုင္းသည္ မိမိတို႔အိမ္၌ရိွေသာ သို႔မဟုတ္ မိမိတို႔ေပးကမ္းခ်င္ေသာပစၥည္းမ်ား၊ အရာဝတၳဳႏွင့္ အစားအေသာက္အသံုးအေဆာင္မ်ားကို ျခံေ႐ွ႕တြင္ စင္ေလး​ႏွွစ္ခုေဆာက္၍ ထားထားေပးသည္။ တျခားစင္ထက္မွပစၥည္းမ်ားကို ၎အားအလိုရိွသူမွန္သမ်ွ အလကားယူေဆာင္ႏိုင္သည္။ တျခားစင္ကမူ ဘာကိုမွမခ်ထားဘဲ ထိုပိုင္႐ွင္အားလက္ေဆာင္ေပးလိုသူမ်ားအတြက္ လက္ေဆာင္ခ်ထားရန္ေနရာျဖစ္သည္။ အခ်ဳပ္အားျဖင့္ဆိုေသာ္ ထိုအိမ္ပိုင္႐ွင္အားလက္ေဆာင္ေပးလိုပါက တစ္ဖက္စင္ထက္တြင္ခ်ထားေပးၿပီး မိမိလိုခ်င္ေသာပစၥည္းရိွပါက တျခားေသာစင္ထက္ကေန ယူေဆာင္ႏိုင္ေပသည္။

ပန္းလွည္းပြဲေတာ္၏ေနာက္ထပ္အဓိက အေဆာင္အေယာင္မွာ ပန္းအျပည့္အလွတန္ဆာဆင္ထားေသာ လွည္း/လွည္းယာဥ္မ်ားျဖစ္သည္။ ထိုညတြင္ ရြာလံုးကြၽတ္ဖေယာင္းတိုင္မီးသာသံုး၍ လရိပ္၏သဘာဝအလွကို ထင္ဟပ္ေစသည္။ လမ္းေဘးတစ္ေလ်ွာက္ ေရာင္စံုမီးအိမ္မ်ား ခ်ိတ္ဆြဲထားမည္ျဖစ္ကာ အိမ္အဝတြင္လည္း ဆီမီးမ်ားထြန္းညိွထားမည္ျဖစ္သည္။ ဘယ္​ေနရာၾကည့္ၾကည့္ မ်က္စိပသာဒျဖစ္ေစသည္။

လေရာင္ႏွင့္လက္ဆြဲမီးအိမ္အားကိုး၍ ဝႆန္ႏွင့္သခၤါႏွစ္ေယာက္သား လမ္းေဘးကပ္ကာ ယွဥ္ေလ်ွာက္လာခဲ့သည္။ ရြာထဲရိွအိမ္အမ်ားစုသည္ ပ်ဥ္ေထာင္အိမ္မ်ားျဖစ္ၾကၿပီး ဝရံတာတစ္ေလ်ွာက္ျဖစ္ေစ၊ ေလွကားလက္ရန္းတြင္ျဖစ္ေစ၊ ျခံထဲတြင္ျဖစ္ေစ အမ်ိဳးအစားစံုလင္လွေသာပန္းတို႔ျဖင့္ ေလေဆာင္ရာ ေမႊးရနံ႔သင္းပ်ံ့ေနျပီး ရြာလမ္းမထက္တြင္ေတာ့ တစ္ခါတရံ အလွဆင္ထားသည့္လွည္းယာဥ္မ်ား ျဖတ္သန္းသြားေလ့ရိွသည္။ တစ္ခါတရံတြင္မူ လွည္းယာဥ္ထက္က ကာလသားတို႔၏စေနာက္သံမ်ား၊ မိန္းမပ်ိဳတို႔၏ရယ္သံမ်ားက ဉာဥ့္အေမွာင္ကိုခြင္း၍ ထြက္ေပၚလာေလသည္။

မီးအိမ္ကိုဆြဲေျမႇာက္ၿပီး ဝႆန္ ေဘးကေကာင္ေလး၏မ်က္ႏွာကို ငဲ့ေစာင္းၾကည့္လိုက္သည္။ အဝါေရာင္ဖေယာင္းမီးေၾကာင့္ ပါးျပင္မွာဝင္းလက္လက္ျဖစ္ေနကာ မ်က္ေတာင္႐ွည္တို႔၏အရိပ္က ယပ္ေတာင္သဖြယ္ျဖန္႔ကားက်ေနသည္။

"ညီ..."

ေခၚသံေၾကာင့္ သခၤါေစာင္းၾကည့္လိုက္ေတာ့ သူ႔ကိုျပံဳးကာၾကည့္ေနသည့္ထိုလူ။သခၤါ အင္း'ဟုထူးလိုက္ရာ အျပံဳးတို႔ပိုမိုထင္ေပၚလာၿပီး ခပ္သာသာဆိုသည္။

"တစ္ခုခုစားၾကမလား"

သခၤါ ဗိုက္ဆာမေနေသာ္လည္း ထိုလူတစ္ခုခုစားခ်င္ေနမည္ဟု မွန္းဆလိုက္ကာ သေဘာတူလိုက္၏။ ဝႆန္က ဟိုၾကည့္သည္ၾကည့္ျဖင့္ ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ေ႐ွ႕ရိွ စင္ထက္၌တင္ထားေသာ မုန္႔လက္ေကာက္ဗန္းကိုၫႊန္ကာ...

"မုန္႔လက္ေကာက္တစ္ကြင္းေလာက္စားရေအာင္"

သို႔ေသာ္ သူေျပာ၍မဆံုးခင္မွာပင္ လမ္းမေပၚကေနေျပးထြက္လာသည့္ ကေလးတစ္သိုက္သည္ သူတို႔၏ေ႐ွ႕မွျဖတ္သြားၿပီးေနာက္ မုန္႔လက္ေကာက္ဗန္းတစ္ခ်ပ္တည္းသာ က်န္ခဲ့ေတာ့သည္ကို ျမင္လိုက္ရ၏။

ဝႆန္ - "........"

"ရြာလယ္က ေစ်းဆီ သြားရေအာင္"

ျဖတ္ေလ်ွာက္သြားရာလမ္းတစ္ေလ်ွာက္တြင္ တခ်ိဳ႕လူမ်ားသည္ ပန္းမ်ားလက္ေဆာင္ေပးေနၾကၿပီး တခ်ိဳ႕လူမ်ားက ပစၥည္းလက္ေဆာင္လဲလွယ္ေနၾက၏။

ရြာလယ္တြင္ လယ္ကြက္အနည္းငယ္ရိွေနခဲ့ၿပီး ေစ်းသည္မ်ားက ထိုေနရာမ်ားတြင္ ေရာင္းခ်ေနၾကျခင္းျဖစ္သည္။ အမ်ားစုကေတာ့ ပန္းအေမႊးနံ႔သာမ်ား၊ မုန္႔မ်ားႏွင့္ ကစားစရာမ်ားျဖစ္ကာ ဖေယာင္းတိုင္မီးႏွင့္မီးအိမ္မ်ားအား ပံုစံအမ်ိဳးမ်ိဳးျဖင့္ မ်က္စိ႐ႈဖြယ္ရာ ျပင္ထားၾက၏။ မနက္မိုးလင္းသည္ႏွင့္ စည္ကားသိုက္ၿမိဳက္ေနေသာဤျမင္ကြင္းသည္လည္း ေပ်ာက္ကြယ္သြားေပလိမ့္မည္။

ေစ်းကြင္းဆီေရာက္ေသာ္ ဝႆန္႔အား ဖမ္းစားသြားသည့္အရာမွာ လူငယ္ေလးမ်ားဝိုင္းကာ ေအာ္ဟစ္ေဆာ့ကစားေနၾကသည့္ေနရာပင္။

"အဲ့မွာဘာေဆာ့ၾကတာလဲ"

သခၤါေခါင္းခါျပလိုက္သည္။

"မသိဘူးလား ညီက ဒီရြာသားပဲမဟုတ္လား"

ေျပာလိုက္ၿပီးခါမွ လြန္ခဲ့သည့္ငါးႏွစ္အတြင္း ေကာင္ေလးက ရြာမွာရိွမေနခဲ့သည္ကို ျပန္လည္သတိရသြားသည္။ ထို႔ေၾကာင့္ အဆင့္ဆင့္ေျပာင္းလဲလာႏိုင္ေသာ ကစားနည္းမ်ားအားမသိျခင္းက သဘာဝက်သည္။

ဝႆန္က သခၤါ့၏ ေျပာင္းလဲသြားေသာအမူအရာအား သတိမထားမိခဲ့။

"သြားၾကည့္ၾကမလား"

"အင္း..."

သခၤါ မ်က္ေတာင္ကိုတစ္ခ်က္ခတ္၍ ခံစားခ်က္မ်ားအား ဖံုးကြယ္ကာ ထိုလူ႔ေနာက္သို႔လိုက္သြားသည္။ သခၤါအတြက္ေတာ့ ဤေနရာရိွအရာမ်ားက ဘာမွမထူးျခား။ ဝႆန္ကလာခ်င္သည္ဟူ၍သာ အေဖာ္လိုက္ခဲ့ျခင္းျဖစ္ၿပီး မည္သည့္အရာကမွ သူ႔အားမဆြဲေဆာင္ႏိုင္ခဲ့။

ဝႆန္ လူအုပ္ကိုတိုး၍ အေ႐ွ႕ဘက္ဝင္ၾကည့္လိုက္ေတာ့ ကစားေနၾကေသာကစားနည္းကို သိသြားေလ၏။ ထိုကစားနည္းသည္ ေခတ္ေနာက္က်ကာ နည္းနည္းတံုးအေပမဲ့လည္း အၾကံသမားဝႆန္႔အတြက္ေတာ့ ဂြင္ေကာင္းတစ္ခုလိုပင္။

ကစားနည္းမွာ မဲႏိႈက္၍ စိန္ေခၚမႈမ်ားကိုလက္ခံရျခင္းျဖစ္၏။ ထိုမဲလိပ္ထဲတြင္ ေတာင္းဆိုခ်က္တစ္ခုႏွင့္အတူ ရမည့္အမွတ္အား ယွဥ္တြဲေရးထားေလသည္။ ပန္းပြင့္ေနာက္ခံမ်ားထက္က ခ်ိတ္ဆြဲထားေသာအ႐ုပ္ႏွင့္ တျခားေသာပစၥည္းအမ်ိဳးမ်ိဳးကမူ ဆုလာဘ္ျဖစ္သည္။ ထိုအ႐ုပ္မ်ားတြင္ အမွတ္မ်ားပါသည့္ဂဏန္းတစ္ခုကို ခ်ိတ္ဆြဲထားသည္။ အကယ္၍ ဆယ္မွတ္တန္စိန္ေခၚမႈကိုေအာင္ျမင္ပါက ခ်ိတ္ဆြဲထားသည့္အရာမ်ားထဲမွ ဆယ္မွတ္နွင့္ေအာက္ရိွ မည္သည့္အရာကိုမဆို ေရြးခ်ယ္ယူႏိုင္သည္။ ကစားပြဲ၏အဓိကရည္ရြယ္ခ်က္မွာ ေပ်ာ္ရႊင္မႈ၊စိတ္အားထက္သန္မႈ၊စိတ္လႈပ္႐ွားေစမႈတို႔ျဖစ္၏။

ေအာ္ဟစ္ေနၾကေသာလူအုပ္ၾကားမွ သူ၏အေနာက္ကေနကပ္ပါလာသည့္ေကာင္ေလးကို လွည့္ၾကည့္၍...

"ကိုယ္တို႔ေရာ ကစားၾကမလား"

သခၤါမစဥ္းစားဘဲႏွင့္ ေခါင္းခါလိုက္၏။ ထိုအရာမ်ားကို သူစိတ္မဝင္စားေခ်။ သိူ႔ေသာ္လည္း ဝႆန္က အနည္းငယ္ညိဳွးေရာ္ေနေသာမ်က္ႏွာျဖင့္ မပြင့္တပြင့္ဆိုလိုက္၏။

"ဒါေပမဲ့ ကိုယ္အဲ့ဒါေလးလိုခ်င္တယ္ေလ"

ဝႆန္ၫႊန္ျပသည့္အရာက စင္ထက္ခ်ိတ္ဆြဲထားသည့္ အေတာ္ေလးကိုေသးငၚသည့္အရာတစ္ခုျဖစ္သည္။ ထိုအရာမွာ နီရဲသည့္အေရာင္ရိွသည့္ ႏွစ္ထပ္အသည္းပံု ဖန္စီကီးခ်ိန္းေလးတစ္ခုပင္။ အရြယ္အစားမွာ သူ၏လက္မထိပ္မ်ွေလာက္သာရိွၿပီး အေတာ္ေလးကိုေသး၏။

သခၤါက စိတ္အားထက္သန္ေနပံုရေသာ ဝႆန္႔ကိုၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္သည္။ ထိုစဥ္မွာပင္ Host၏ေအာ္သံၾကားလိုက္ရ၏။

"ကဲ ကဲ... ေနာက္ထပ္စိန္ေခၚမႈအတြက္ ဘယ္သူလဲ"

ဝႆန္လက္ေျမႇာက္လိုက္ၿပီး လူမ်ားအုပ္ဝိုင္းေနသည့္ကြင္းလယ္ထဲ ဝင္လိုက္သည္။ သူ၏အသက္အရြယ္ႏွင့္ ဒီလိုကေလးကလားကစားနည္းမ်ိဳးကစားရသလားဟုဆိုလ်ွင္ ေဘးက အသက္ေလးဆယ္ငါးဆယ္ေက်ာ္လူႀကီးမ်ားကို လက္ညိဳးထိုးျပမိေပလိမ့္မည္။

"ေဟာဒီမွာအစ္ကို... မဲေလးတစ္လိပ္ႏိႈက္ၿပီး ဖြင့္ဖတ္လိုက္ေနာ္"

ဝႆန္ တည္ၿငိမ္စြာျဖင့္ အမ်ိဳးသမီးငယ္လက္ထဲရိွ ေငြဖလားအတြင္းသို႔ ႏိႈက္ကာ မဲလိပ္ေရြးျခယ္လိုက္သည္။ မဲလိုက္အားျဖည္ခ်လိုက္ၿပီးေနာက္ ပတ္ဝန္းက်င္တြင္ ၿငိမ္က်သြားခဲ့ကာ စိန္ေခၚမႈပါအေၾကာင္းအရာအား ေမ်ွာ္လင့္တႀကီး ေစာင့္ဆိုင္းေနၾကေလသည္။

ဝႆန္႔စိတ္ထဲေပ်ာ္ရႊင္စြာ ေအာ္ဟစ္လိုက္သည္။ သူဘာလို႔ ဒီေလာက္ေတာင္ကံေကာင္းေနရသလဲဟု။

Hostအမ်ိဳးသမီးငယ္က မေစာင့္ႏိုင္ေတာ့ဟန္ ေမးေငါ့ၾကည့္ေနသျဖင့္ စာရြက္အား ကမ္းေပးလိုက္သည္။ စာရြက္ရၿပီးေနာက္ အမ်ိဳးသမီးငယ္ထံမွ ထြက္ေပၚလာသည့္ စူးခနဲေအာ္သံက သူ႔နားအားကန္းေစေတာ့မတတ္။

"ဘာရတာလဲ ဘာရတာလဲ"

"ဘယ္လိုစိန္ေခၚမႈမ်ိဳးလဲ ျမန္ျမန္ဖတ္ျပေလ"

ေဘးနားကလူအုပ္ႀကီး၏ ေလာေဆာ္သံမ်ားေၾကာင့္ သခၤါမဆိုသေလာက္စိတ္လႈပ္႐ွားသြားကာ ဝႆန္႔ကိုလွမ္းၾကည့္လိုက္မိသည္။

"အဟမ္း... မိမိႏွင့္အတူပါလာေသာအဖြဲ႔ဝင္တစ္ေယာက္အား ေရြးခ်ယ္၍ မိနစ္ဝက္မ်ွ ႏွာေခါင္းခ်င္းထိကပ္ပါ အေဖၚမပါလာသူျဖစ္ပါက ေနာက္ထပ္မဲလိပ္ေရြးခ်ယ္ပါ"

ေမးခြန္းဆံုးသည္ႏွင့္ ေဘးကလူမ်ား၏ ေအာ္သံဟစ္သံထြက္ေပၚလာၿပီး သူႏွင့္အတူပါလာေသာပါတနာကို လိုက္႐ွာၾကေတာ့သည္။ သခၤါသည္လည္း ေမးခြန္းေၾကာင့္ဆြံ႔အသြားခဲ့ကာ နားရြက္ထိပ္ဖ်ားနီရဲလာခဲ့သည္။ ဤရက္ပိုင္းအတြင္း မထိတထိပေရာပရီလုပ္ေနတတ္သည့္ပံုမ်ားအရ ထိုလူက စိန္ေခၚမႈကိုေသခ်ာေပါက္လက္ခံေပလိမ့္မည္။

"ဟင့္အင္း"

သခၤါ ေခါင္းခါျပလိုက္ေသာ္လည္း ေက်ာခ်မ္းဖြယ္ရာေကာင္းေသာ ဝံပုေလြအျပံဳးတစ္ခုႏွင့္ ႀကိဳဆိုခံလိုက္ရေလ၏။

"ျမန္ျမန္ေလး! နမ္းလိုက္!"

"ျမန္ျမန္ေလး! နမ္းလိုက္!"

ပါလာေသာသူမွာ ေယာက်ာ္းေလးသူငယ္ခ်င္းျဖစ္ေသာအခါ သူတို႔အတြက္ပို၍ ေပ်ာ္ရႊင္ဖြယ္ရာျဖစ္ေစသလားမသိ။

(AN/မိန္းကေလးbffခ်င္းနမ္းရင္ သာမန္ျဖစ္ေပမဲ့ ေယာက်ာ္းေလးbffခ်င္းဆို ဆဲလိုက္ဆိုလိုက္မ်ားတာမို႔ အခ်င္းခ်င္းနမ္းရတဲ့အခါ အိုးတိုးအမ္းတမ္းျဖစ္သြားတတ္မ်ိဳးကိုသိၾကတယ္ဟုတ္။ အဲ့ေတာ့ သူတို႔က႐ိုး႐ိုးေတြးၿပီးစိတ္လႈပ္႐ွားေနၾကတာ or ဟာသလုပ္ဖို႔ေစာင့္ေနၾကတာပါ)

လက္ခုပ္တီးကာ သံၿပိဳင္ေအာ္ေနၾကေသာေျကာင့္ နီရဲေသာနားရြက္ဖ်ားမွတစ္ဆင့္ သူ၏ပါးျပင္ႏွစ္ဖက္သည္ ခရမ္းခ်ဥ္သီးမွည့္ကဲ့သို႔ နီရဲလာခဲ့ေတာ့သည္။

"မင္းတို႔ေအာ္တာမွားေနတယ္ ႏွာေခါင္းခ်င္းပဲထိခိုင္းတာ"ဟု ေအာ္လိုက္ခ်င္ေပမဲ့ ပူေလာင္ေျခာက္ေသြ႔ေနေသာလည္ေခ်ာင္းက သူ၏ႏႈတ္ကိုေစ့ပိတ္ထားခိုင္းေနသလို။ တျဖည္းျဖည္းတိုးကပ္လာေသာထိုလူေၾကာင့္ ေျခလွမ္းကိုမသိမသာဆုတ္လိုက္ေတာ့ ေျခက်င္းဝတ္လည္ၿပီး လဲက်သြားမတတ္ျဖစ္ရျပန္သည္။

ဝႆန္ ထိတ္လန္႔ေနေသာထိုေကာင္ေလးကိုၾကည့္ၿပီး အနည္းငယ္ရယ္ခ်င္ပက္က်ိျဖစ္ေနခဲ့လ်က္။ သူနည္းနည္းေတာ့စိတ္လႈပ္႐ွားမိသား။ Crushကို လူပံုအလယ္မယ္ သြယ္ဝိုက္နမ္းေနရမည့္ခံစားခ်က္ကား ေတာ္ေတာ္ကို စိတ္ေက်နပ္ဖြယ္ရာပင္။

႐ွက္ရိပ္သမ္းေနေသာမ်က္ႏွာနားသို႔ တျဖည္းျဖည္းတိုးကပ္သြားေတာ့ မ်က္ဝန္းျပဴးမ်ားျဖင့္ ၾကည့္ေနရင္း ေကာင္ေလးက စိတ္လႈပ္႐ွားလြန္း၍ထင့္။ အြတ္ခနဲ က်ိဳ႕ထိုးေလသည္။

ဝႆန္ေနာက္ကိုျပန္ဆုတ္လိုက္ၿပီး မထိန္းႏိုင္ဘဲရယ္လိုက္မိေလ၏။ လူအုပ္ႀကီးထံမွလည္း ရယ္သံတုိးတိုးမ်ားထြက္ေပၚလာခဲ့လ်က္။

ဝႆန္ ႐ုတ္တရက္ ေ႐ွ႕ျပန္တိုးလိုက္ကာ ေကာင္ေလး၏ေခါင္းေနာက္ကိုအုပ္ကိုင္၍ နဖူးခ်င္းထိကပ္ကာ မ်က္လႊာခ်လ်က္ တီးတိုးေျပာလိုက္သည္။

"စိတ္ေအးေအးထား... ဟုတ္ၿပီလား ခဏေလးပါပဲ"

သူ၏စကားဆံုးေသာ္ ေကာင္ေလး၏မ်က္ဝန္းတို႔ပိတ္က်သြားခဲ့ၿပီး ႏွာေခါင္းထိပ္ခ်င္း တို႔ထိသြားခဲ့သည္။ Host၏ေအာ္သံျပန္မၾကားရခင္အထိ ဝႆန္႔၏ရင္ခုန္သံသည္ကား တဒိတ္ဒိတ္ တၿငိမ့္ၿငိမ့္ရယ္ျဖင့္။

သခၤါသည္လည္း ဝႆန္ႏွင့္ေတာ့သိပ္မကြဲျပားခဲ့။ ရိွန္းတိန္းဖိန္းတိန္းျဖစ္လာေသာ ႏွလံုးသားႏွင့္ ပုရြက္ဆိတ္အစုလိုက္ ရင္ဘတ္ထဲေျပးလႊားေနသလိုခံစားခ်က္ႀကီးေၾကာင့္ ေျခဖ်ားလက္ဖ်ားတို႔ေအးစက္လာခဲ့၏။ ထိုလူသာမ်က္လံုးဖြင့္ၾကည့္လိုက္ပါက ပိတ္ထားေသာသူ႔မ်က္ေတာင္တို႔၏ မၿငိမ္မသက္လႈပ္ခတ္ေနမႈတို႔ကို ျမင္လိုက္ရမည္ျဖစ္ေပသည္။



AN/ ဆက္ေရးမို႔ပဲ အိပ္ငိုက္ေနလို႔ဒီေလာက္ပါပဲ။ တျဖည္းျဖည္းနဲ႔လည္း ဇာတ္ေမ်ာႀကီးကို ျဖစ္လာလို႔။




Uni



ပန်းလှည်းရွာ၏ပန်းလှည်းပွဲတော်မှာ ရွာအတွက်အရေးပါသော အထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်လေ၏။ ပွဲတော်ကို သုံးရက်တိုင်တိုင်ကျင်းပကြမည်ဖြစ်ပြီး နေ့ခင်းဘက်ဘုရားသွားကျောင်းတက်ကာ ညဘက်တွင် ပျော်ပွဲရွှင်ပွဲများလုပ်ကြမည်ဖြစ်သည်။ ပွဲတော်တွင် ပန်းလှည်းရွာ၏ချစ်စရာကောင်းသော ဓလေ့ကိုမြင်နိုင်ပေသည်။

ထိုအချိန်များတွင် ရွာလုံးကျွတ်စတုဒီသာကျွေးကာ တစ်အိမ်တက်တစ်အိမ်ဆင်းပြီးလည်း လက်လုပ်မုန့်များကို စားနိုင်သည်။ သို့မျှသာမက မိသားစုနှစ်စုချင်း ရွှေလမ်းငွေလမ်းဖောက်ကာ လူပျိုများက ကိုယ်ကြိုက်နှစ်သက်ရာမိန်းမပျိုများကို လူကြီးသူမရှေ့တွင် ချစ်စကားဖွင့်ဟနိုင်၏။ ကောင်မလေးဘက်ကသော်လည်းကောင်း၊ မိသားစုဝင်သော်လည်းကောင်း ငြင်းဆန်နိုင်ခွင့် သို့မဟုတ် လက်ခံခွင့်ရှိပေမဲ့ စိတ်ကွက်ခွင့်တော့မရှိချေ။ ကိုယ်သဘောထားရှိရာ ပွင့်လင်းစွာပြောဆိုနိုင်သည်။

နောက်ထပ်ချစ်စရာကောင်းသောအရာတစ်ခုမှာ အိမ်တိုင်းသည် မိမိတို့အိမ်၌ရှိသော သို့မဟုတ် မိမိတို့ပေးကမ်းချင်သောပစ္စည်းများ၊ အရာဝတၳုနှင့် အစားအသောက်အသုံးအဆောင်များကို ခြံရှေ့တွင် စင်လေးနှှစ်ခုဆောက်၍ ထားထားပေးသည်။ တခြားစင်ထက်မှပစ္စည်းများကို ၎င်းအားအလိုရှိသူမှန်သမျှ အလကားယူဆောင်နိုင်သည်။ တခြားစင်ကမူ ဘာကိုမွမခ်ထားဘဲ ထိုပိုင်ရှင်အားလက်ဆောင်ပေးလိုသူများအတွက် လက်ဆောင်ချထားရန်နေရာဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် ထိုအိမ်ပိုင်ရှင်အားလက်ဆောင်ပေးလိုပါက တစ်ဖက်စင်ထက်တွင်ချထားပေးပြီး မိမိလိုချင်သောပစ္စည်းရှိပါက တခြားသောစင်ထက်ကနေ ယူဆောင်နိုင်ပေသည်။

ပန်းလှည်းပွဲတော်၏နောက်ထပ်အဓိက အဆောင်အယောင်မှာ ပန်းအပြည့်အလှတန်ဆာဆင်ထားသော လှည်း/လှည်းယာဉ်များဖြစ်သည်။ ထိုညတွင် ရွာလုံးကျွတ်ဖယောင်းတိုင်မီးသာသုံး၍ လရိပ်၏သဘာဝအလှကို ထင်ဟပ်စေသည်။ လမ်းဘေးတစ်လျှောက် ရောင်စုံမီးအိမ်များ ချိတ်ဆွဲထားမည်ဖြစ်ကာ အိမ်အဝတွင်လည်း ဆီမီးများထွန်းညှိထားမည်ဖြစ်သည်။ ဘယ်နေရာကြည့်ကြည့် မျက်စိပသာဒဖြစ်စေသည်။

လရောင်နှင့်လက်ဆွဲမီးအိမ်အားကိုး၍ ဝဿန်နှင့်သင်္ခါနှစ်ယောက်သား လမ်းဘေးကပ်ကာ ယှဉ်လျှောက်လာခဲ့သည်။ ရွာထဲရှိအိမ်အများစုသည် ပျဉ်ထောင်အိမ်များဖြစ်ကြပြီး ဝရံတာတစ်လျှောက်ဖြစ်စေ၊ လှေကားလက်ရန်းတွင်ဖြစ်စေ၊ ခြံထဲတွင်ဖြစ်စေ အမျိုးအစားစုံလင်လှသောပန်းတို့ဖြင့် လေဆောင်ရာ မွှေးရနံ့သင်းပျံ့နေပြီး ရွာလမ်းမထက်တွင်တော့ တစ်ခါတရံ အလှဆင်ထားသည့်လှည်းယာဉ်များ ဖြတ်သန်းသွားလေ့ရှိသည်။ တစ်ခါတရံတွင်မူ လှည်းယာဉ်ထက်က ကာလသားတို့၏စနောက်သံများ၊ မိန်းမပျိုတို့၏ရယ်သံများက ဉာဥ့်အမှောင်ကိုခွင်း၍ ထွက်ပေါ်လာလေသည်။

မီးအိမ်ကိုဆွဲမြှောက်ပြီး ဝဿန် ဘေးကကောင်လေး၏မျက်နှာကို ငဲ့စောင်းကြည့်လိုက်သည်။ အဝါရောင်ဖယောင်းမီးကြောင့် ပါးပြင်မှာဝင်းလက်လက်ဖြစ်နေကာ မျက်တောင်ရှည်တို့၏အရိပ်က ယပ်တောင်သဖွယ်ဖြန့်ကားကျနေသည်။

"ညီ..."

ခေါ်သံကြောင့် သင်္ခါစောင်းကြည့်လိုက်တော့ သူ့ကိုပြုံးကာကြည့်နေသည့်ထိုလူ။သင်္ခါ အင်း'ဟုထူးလိုက်ရာ အပြုံးတို့ပိုမိုထင်ပေါ်လာပြီး ခပ်သာသာဆိုသည်။

"တစ်ခုခုစားကြမလား"

သင်္ခါ ဗိုက်ဆာမနေသော်လည်း ထိုလူတစ်ခုခုစားချင်နေမည်ဟု မှန်းဆလိုက်ကာ သဘောတူလိုက်၏။ ဝဿန်က ဟိုကြည့်သည်ကြည့်ဖြင့် နှစ်ထပ်ပျဉ်ထောင်အိမ်ရှေ့ရှိ စင်ထက်၌တင်ထားသော မုန့်လက်ကောက်ဗန်းကိုညွှန်ကာ...

"မုန့်လက်ကောက်တစ်ကွင်းလောက်စားရအောင်"

သို့သော် သူပြော၍မဆုံးခင်မှာပင် လမ်းမပေါ်ကနေပြေးထွက်လာသည့် ကလေးတစ်သိုက်သည် သူတို့၏ရှေ့မှဖြတ်သွားပြီးနောက် မုန့်လက်ကောက်ဗန်းတစ်ချပ်တည်းသာ ကျန်ခဲ့တော့သည်ကို မြင်လိုက်ရ၏။

ဝဿန် - "........"

"ရွာလယ်က ဈေးဆီ သွားရအောင်"

ဖြတ်လျှောက်သွားရာလမ်းတစ်လျှောက်တွင် တချို့လူများသည် ပန်းများလက်ဆောင်ပေးနေကြပြီး တချို့လူများက ပစ္စည်းလက်ဆောင်လဲလှယ်နေကြ၏။

ရွာလယ်တွင် လယ်ကွက်အနည်းငယ်ရှိနေခဲ့ပြီး ဈေးသည်များက ထိုနေရာများတွင် ရောင်းချနေကြခြင်းဖြစ်သည်။ အမ်ားစုကေတာ့ ပန်းအမွှေးနံ့သာများ၊ မုန့်များနှင့် ကစားစရာများဖြစ်ကာ ဖယောင်းတိုင်မီးနှင့်မီးအိမ်များအား ပုံစံအမျိုးမျိုးဖြင့် မျက်စိရှုဖွယ်ရာ ပြင်ထားကြ၏။ မနက်မိုးလင်းသည်နှင့် စည်ကားသိုက်မြိုက်နေသောဤမြင်ကွင်းသည်လည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ဈေးကွင်းဆီရောက်သော် ဝဿန့်အား ဖမ်းစားသွားသည့်အရာမှာ လူငယ်လေးများဝိုင်းကာ အော်ဟစ်ဆော့ကစားနေကြသည့်နေရာပင်။

"အဲ့မှာဘာဆော့ကြတာလဲ"

သင်္ခါခေါင်းခါပြလိုက်သည်။

"မသိဘူးလား ညီက ဒီရွာသားပဲမဟုတ်လား"

ပြောလိုက်ပြီးခါမှ လွန်ခဲ့သည့်ငါးနှစ်အတွင်း ကောင်လေးက ရွာမှာရှိမနေခဲ့သည်ကို ပြန်လည်သတိရသွားသည်။ ထို့ကြောင့် အဆင့်ဆင့်ပြောင်းလဲလာနိုင်သော ကစားနည်းများအားမသိခြင်းက သဘာဝကျသည်။

ဝဿန်က သင်္ခါ့၏ ပြောင်းလဲသွားသောအမူအရာအား သတိမထားမိခဲ့။

"သွားကြည့်ကြမလား"

"အင်း..."

သင်္ခါ မျက်တောင်ကိုတစ်ချက်ခတ်၍ ခံစားချက်များအား ဖုံးကွယ်ကာ ထိုလူ့နောက်သို့လိုက်သွားသည်။ သင်္ခါအတွက်တော့ ဤနေရာရှိအရာများက ဘာမှမထူးခြား။ ဝဿန်ကလာချင်သည်ဟူ၍သာ အဖော်လိုက်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အရာကမှ သူ့အားမဆွဲဆောင်နိုင်ခဲ့။

ဝဿန် လူအုပ္ကိုတိုး၍ အရှေ့ဘက်ဝင်ကြည့်လိုက်တော့ ကစားနေကြသောကစားနည်းကို သိသွားလေ၏။ ထိုကစားနည်းသည် ခေတ်နောက်ကျကာ နည်းနည်းတုံးအပေမဲ့လည်း အကြံသမားဝဿန့်အတွက်တော့ ဂွင်ကောင်းတစ်ခုလိုပင်။

ကစားနည်းမှာ မဲနှိုက်၍ စိန်ခေါ်မှုများကိုလက်ခံရခြင်းဖြစ်၏။ ထိုမဲလိပ်ထဲတွင် တောင်းဆိုချက်တစ်ခုနှင့်အတူ ရမည့်အမှတ်အား ယှဉ်တွဲရေးထားလေသည်။ ပန်းပွင့်နောက်ခံများထက်က ချိတ်ဆွဲထားသောအရုပ်နှင့် တခြားသောပစ္စည်းအမျိုးမျိုးကမူ ဆုလာဘ်ဖြစ်သည်။ ထိုအရုပ်များတွင် အမှတ်များပါသည့်ဂဏန်းတစ်ခုကို ချိတ်ဆွဲထားသည်။ အကယ်၍ ဆယ်မှတ်တန်စိန်ခေါ်မှုကိုအောင်မြင်ပါက ချိတ်ဆွဲထားသည့်အရာများထဲမှ ဆယ်မှတ်နှင့်အောက်ရှိ မည်သည့်အရာကိုမဆို ရွေးချယ်ယူနိုင်သည်။ ကစားပွဲ၏အဓိကရည်ရွယ်ချက်မှာ ပျော်ရွှင်မှု၊စိတ်အားထက်သန်မှု၊စိတ်လှုပ်ရှားစေမှုတို့ဖြစ်၏။

အော်ဟစ်နေကြသောလူအုပ်ကြားမှ သူ၏အနောက်ကနေကပ်ပါလာသည့်ကောင်လေးကို လှည့်ကြည့်၍...

"ကိုယ်တို့ရော ကစားကြမလား"

သင်္ခါမစဉ်းစားဘဲနှင့် ခေါင်းခါလိုက်၏။ ထိုအရာမ်ားကို သူစိတ်မဝင်စားချေ။ သိူ့သော်လည်း ဝဿန်က အနည်းငယ်ညိုှးရော်နေသောမျက်နှာဖြင့် မပွင့်တပွင့်ဆိုလိုက်၏။

"ဒါပေမဲ့ ကိုယ်အဲ့ဒါလေးလိုချင်တယ်လေ"

ဝဿန်ညွှန်ပြသည့်အရာက စင်ထက်ချိတ်ဆွဲထားသည့် အတော်လေးကိုသေးငါ်သည့်အရာတစ်ခုဖြစ်သည်။ ထိုအရာမွာ နီရဲသည့်အရောင်ရှိသည့် နှစ်ထပ်အသည်းပုံ ဖန်စီကီးချိန်းလေးတစ်ခုပင်။ အရွယ်အစားမှာ သူ၏လက်မထိပ်မျှလောက်သာရှိပြီး အတော်လေးကိုသေး၏။

သင်္ခါက စိတ်အားထက်သန်နေပုံရသော ဝဿန့်ကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ်မှာပင် Host၏အော်သံကြားလိုက်ရ၏။

"ကဲ ကဲ... နောက်ထပ်စိန်ခေါ်မှုအတွက် ဘယ္သူလဲ"

ဝဿန်လက်မြှောက်လိုက်ပြီး လူများအုပ်ဝိုင်းနေသည့်ကွင်းလယ်ထဲ ဝင်လိုက်သည်။ သူ၏အသက်အရွယ်နှင့် ဒီလိုကလေးကလားကစားနည်းမျိုးကစားရသလားဟုဆိုလျှင် ဘေးက အသက်လေးဆယ်ငါးဆယ်ကျော်လူကြီးများကို လက်ညိုးထိုးပြမိပေလိမ့်မည်။

"ဟောဒီမှာအစ်ကို... မဲလေးတစ်လိပ်နှိုက်ပြီး ဖွင့်ဖတ်လိုက်နော်"

ဝဿန် တည်ငြိမ်စွာဖြင့် အမျိုးသမီးငယ်လက်ထဲရှိ ငွေဖလားအတွင်းသို့ နှိုက်ကာ မဲလိပ်ရွေးခြယ်လိုက်သည်။ မဲလိုက်အားဖြည်ချလိုက်ပြီးနောက် ပတ်ဝန်းကျင်တွင် ငြိမ်ကျသွားခဲ့ကာ စိန်ခေါ်မှုပါအကြောင်းအရာအား မျှော်လင့်တကြီး စောင့်ဆိုင်းနေကြလေသည်။

ဝဿန့်စိတ်ထဲပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ သူဘာလို့ ဒီလောက်တောင်ကံကောင်းနေရသလဲဟု။

Hostအမျိုးသမီးငယ်က မစောင့်နိုင်တော့ဟန် မေးငေါ့ကြည့်နေသဖြင့် စာရွက်အား ကမ်းပေးလိုက်သည်။ စာရွက်ရပြီးနောက် အမျိုးသမီးငယ်ထံမှ ထွက်ပေါ်လာသည့် စူးခနဲအော်သံက သူ့နားအားကန်းစေတော့မတတ်။

"ဘာရတာလဲ ဘာရတာလဲ"

"ဘယ်လိုစိန်ခေါ်မှုမျိုးလဲ မြန်မြန်ဖတ်ပြလေ"

ဘေးနားကလူအုပ်ကြီး၏ လောဆော်သံများကြောင့် သင်္ခါမဆိုသလောက်စိတ်လှုပ်ရှားသွားကာ ဝဿန့်ကိုလှမ်းကြည့်လိုက်မိသည်။

"အဟမ်း... မိမိနှင့်အတူပါလာသောအဖွဲ့ဝင်တစ်ယောက်အား ရွေးချယ်၍ မိနစ်ဝက်မျှ နှာခေါင်းချင်းထိကပ်ပါ အဖေါ်မပါလာသူဖြစ်ပါက နောက်ထပ်မဲလိပ်ရွေးချယ်ပါ"

မေးခွန်းဆုံးသည်နှင့် ဘေးကလူများ၏ အော်သံဟစ်သံထွက်ပေါ်လာပြီး သူနှင့်အတူပါလာသောပါတနာကို လိုက်ရှာကြတော့သည်။ သင်္ခါသည်လည်း မေးခွန်းကြောင့်ဆွံ့အသွားခဲ့ကာ နားရွက်ထိပ်ဖျားနီရဲလာခဲ့သည်။ ဤရက်ပိုင်းအတွင်း မထိတထိပရောပရီလုပ်နေတတ်သည့်ပုံများအရ ထိုလူက စိန်ခေါ်မှုကိုသေချာပေါက်လက်ခံပေလိမ့်မည်။

"ဟင့်အင်း"

သင်္ခါ ခေါင်းခါပြလိုက်သော်လည်း ကျောချမ်းဖွယ်ရာကောင်းသော ဝံပုလွေအပြုံးတစ်ခုနှင့် ကြိုဆိုခံလိုက်ရလေ၏။

"မြန်မြန်လေး! နမ်းလိုက်!"

"မြန်မြန်လေး! နမ်းလိုက်!"

ပါလာသောသူမှာ ယောကျာ်းလေးသူငယ်ချင်းဖြစ်သောအခါ သူတို့အတွက်ပို၍ ပျော်ရွှင်ဖွယ်ရာဖြစ်စေသလားမသိ။

(AN/မိန်းကလေးbffချင်းနမ်းရင် သာမန်ဖြစ်ပေမဲ့ ယောကျာ်းလေးbffချင်းဆို ဆဲလိုက်ဆိုလိုက်များတာမို့ အချင်းချင်းနမ်းရတဲ့အခါ အိုးတိုးအမ်းတမ်းဖြစ်သွားတတ်မျိုးကိုသိကြတယ်ဟုတ်။ အဲ့တော့ သူတို့ကရိုးရိုးတွေးပြီးစိတ်လှုပ်ရှားနေကြတာ or ဟာသလုပ်ဖို့စောင့်နေကြတာပါ)

လက္ခုပ္တီးကာ သံပြိုင်အော်နေကြသောကြောင့် နီရဲသောနားရွက်ဖျားမှတစ်ဆင့် သူ၏ပါးပြင်နှစ်ဖက်သည် ခရမ်းချဉ်သီးမှည့်ကဲ့သို့ နီရဲလာခဲ့တော့သည်။

"မင်းတို့အော်တာမှားနေတယ် နှာခေါင်းချင်းပဲထိခိုင်းတာ"ဟု အော်လိုက်ချင်ပေမဲ့ ပူလောင်ခြောက်သွေ့နေသောလည်ချောင်းက သူ၏နှုတ်ကိုစေ့ပိတ်ထားခိုင်းနေသလို။ တဖြည်းဖြည်းတိုးကပ်လာသောထိုလူကြောင့် ခြေလှမ်းကိုမသိမသာဆုတ်လိုက်တော့ ခြေကျင်းဝတ်လည်ပြီး လဲကျသွားမတတ်ဖြစ်ရပြန်သည်။

ဝဿန် ထိတ်လန့်နေသောထိုကောင်လေးကိုကြည့်ပြီး အနည်းငယ်ရယ်ချင်ပက်ကျိဖြစ်နေခဲ့လျက်။ သူနည်းနည်းတော့စိတ်လှုပ်ရှားမိသား။ Crushကို လူပုံအလယ်မယ် သွယ်ဝိုက်နမ်းနေရမည့်ခံစားချက်ကား တော်တော်ကို စိတ်ကျေနပ်ဖွယ်ရာပင်။

ရှက်ရိပ်သမ်းနေသောမျက်နှာနားသို့ တဖြည်းဖြည်းတိုးကပ်သွားတော့ မျက်ဝန်းပြူးများဖြင့် ကြည့်နေရင်း ကောင်လေးက စိတ်လှုပ်ရှားလွန်း၍ထင့်။ အြတ္ခနဲ ကျို့ထိုးလေသည်။

ဝဿန်နောက်ကိုပြန်ဆုတ်လိုက်ပြီး မထိန်းနိုင်ဘဲရယ်လိုက်မိလေ၏။ လူအုပ်ကြီးထံမှလည်း ရယ်သံတိုးတိုးများထွက်ပေါ်လာခဲ့လျက်။

ဝဿန် ရုတ်တရက် ရှေ့ပြန်တိုးလိုက်ကာ ကောင်လေး၏ခေါင်းနောက်ကိုအုပ်ကိုင်၍ နဖူးချင်းထိကပ်ကာ မျက်လွှာချလျက် တီးတိုးပြောလိုက်သည်။

"စိတ်အေးအေးထား... ဟုတ်ပြီလား ခဏေလးပါပဲ"

သူ၏စကားဆုံးသော် ကောင်လေး၏မျက်ဝန်းတို့ပိတ်ကျသွားခဲ့ပြီး နှာခေါင်းထိပ်ချင်း တို့ထိသွားခဲ့သည်။ Host၏အော်သံပြန်မကြားရခင်အထိ ဝဿန့်၏ရင်ခုန်သံသည်ကား တဒိတ်ဒိတ် တငြိမ့်ငြိမ့်ရယ်ဖြင့်။

သင်္ခါသည်လည်း ဝဿန်နှင့်တော့သိပ်မကွဲပြားခဲ့။ ရှိန်းတိန်းဖိန်းတိန်းဖြစ်လာသော နှလုံးသားနှင့် ပုရွက်ဆိတ်အစုလိုက် ရင်ဘတ်ထဲပြေးလွှားနေသလိုခံစားချက်ကြီးကြောင့် ခြေဖျားလက်ဖျားတို့အေးစက်လာခဲ့၏။ ထိုလူသာမျက်လုံးဖွင့်ကြည့်လိုက်ပါက ပိတ်ထားသောသူ့မျက်တောင်တို့၏ မငြိမ်မသက်လှုပ်ခတ်နေမှုတို့ကို မြင်လိုက်ရမည်ဖြစ်ပေသည်။



AN/ ဆက်ရေးမို့ပဲ အိပ်ငိုက်နေလို့ဒီလောက်ပါပဲ။ တဖြည်းဖြည်းနဲ့လည်း ဇာတ်မျောကြီးကို ဖြစ်လာလို့။


You are reading the story above: TeenFic.Net