Intro

Background color
Font
Font size
Line height


Unicode

" What if we rewrite the stars..."
( ငါတို့နက္ခတ်တာရာတွေကိုပြောင်းလဲလိုက်မယ်ဆိုရင်ရောဘယ်လိုလဲ )


" Say you were made to be mine..."
( မင်းလေးကငါ့အတွက်ဖန်ဆင်းထားတာပါဆိုပြီး )


" Nothing could keep us apart..."
( ဘယ်အရာကမှငါတို့ကိုမခွဲနိုင်တော့ပါဘူး )


" You'd be the one I was meant to find..."
( မင်းလေးကငါရှာဖွေနေတဲ့သူပဲလေ )


" It's up to you..."
( ဒါကမင်းအပေါ်မူတည်သလို )


" It's up to me..."
( ငါ့အပေါ်လည်းမူတည်တယ် )


" No one can say what we get to be..."
( ငါတို့ဘာဖြစ်မလဲဆိုတာဘယ်သူမှမပြောနိုင်ဘူးလေ )


" So why don't we rewrite the stars..."
( ဒါဆို ဘာဖြစ်လို့ငါတို့ကနက္ခတ်တာရာတွေကိုမပြင်ဆင်နိုင်ရမှာလဲ )


" Maybe the world could be ours..."
( ကမ္ဘာကြီးကလည်းငါတို့အပိုင်ဖြစ်ချင်ဖြစ်သွားမှာပေါ့ )


ထုံးစံအတိုင်းခပ်အေးအေးသီချင်းလေးတစ်ပုဒ်ကိုနားဆင်ရင်းHigh wayလမ်းမ‌ထက်‌မောင်းနှင်နေလေသည့်အဝေးပြေးကားပေါ်ကနေတစ်ဆင့်တဖြည်းဖြည်းထွက်ပြူစပြုလာသည့်နေမင်းကိုလှမ်းကြည့်နေမိသည်။ လိမ္မော်ရောင်ဖျော့ထျော့လေးမှနေတစ်ဆင့်ချင်းထွက်ပေါ်လာသည့်နေလုံးကတကယ်ပဲအနုပညာဆန်သလိုသိပ်ကိုလှပပါ၏။

' မိုးသောက်ချိန်သည်အလှပဆုံးသောအနုပညာကိုဖန်တီးစွမ်းသည် ' ဟူသောစကားနှင့်ညီအောင်မိုးသောက်ချိန်ကတကယ်ပဲသိပ်ကိုလှပါပေတယ်လေ။

" ဆရာသူရိန် ရှေ့နားဆိုကျွန်တော်တို့ဆင်းရတော့မယ်ဗျ......"

ပြတင်းပေါက်ဘောင်ပေါ်မေးထောက်ရင်းသဘာဝရှုခင်းကိုအပြည့်အဝခံစားနေသည့်ကျွန်တော့်ကိုဘေးတွင်ပါလာသည့်ဧကမှလက်တို့ပြီးစကားဆိုလာမှသာအသိပြန်ဝင်လာရခြင်း။ သို့သော်ဘေးဘယ်ညာ၌ကားဂိတ်ပုံစံအနေအထားမျိုးအရိပ်အယောင်ပင်မတေါ့ရတာကြောင့်ကျွန်တော့်စိတ်ထဲမေးခွန်းပေါင်းများစွာကတစ်သီတစ်တန်းကြီးကိုပေါ်ပေါက်လာရတော့သည်။

" အဝေးပြေးကားဂိတ်ကဒီအနားမှာလား...ကျွန်တော်မြင်ရသလောက်တော့တောတွေတောင်တွေပဲတွေ့နေရသလားလို့လေ......"

တစ်ညလုံးကားစီးလာရတာကြောင့်ပွ‌ရှုပ်နေသည့်ဆံပင်ကိုသေချာပြုပြင်ရင်းမျက်မှန်ကိုပါသေချာပြန်သုတ်ကာပြောမိတော့ဧကတစ်ယောက်အပြုံးချိုချိုဖြင့်ပြန်တုံ့ပြန်လာရင်း

" မဟုတ်ဘူးဆရာသူရိန်ရဲ့ ကားဂိတ်ကနေဆိုအရမ်းဝေးတာ...ကျွန်တော်တို့ရွာကဒီကနေသွားရင်နီးတယ်လေ အဲ့ဒီ့တော့ရွာကိုလာရင်ဒီနားကနေပဲဖြတ်ဆင်းကြတာ......"

" ဪ အဲ့ဒီ့လိုကို......"

ပြောပြောဆိုဆိုနှင့်ကျွန်တော့်luggageနှင့်သူ့အိတ်တွေကိုပါတစ်ခါတည်းဆွဲယူသွားတာကြောင့်မျက်မှန်ကိုလက်ညှိုးနှင့်အသာပင့်တင်ရင်းကားရပ်လိုက်သည့်နေရာမှာလိုက်ဆင်းခဲ့လိုက်သည်။

" ဟေ့ ဧက ငါတို့ဒီမှာ......"

ခပ်လှမ်းလှမ်းကအသံကြောင့်လှမ်းကြည့်မိတော့အခုခေတ်မှာသိပ်မသုံးကြတော့တဲ့နွားလှည်းတစ်စီးကိုအရင်ဆုံးတွေ့လိုက်ရသည်။ ထို့နောက်နွားလှည်းပေါ်မှာထိုင်နေတဲ့ခမောက်ဆောက်းထားသောလူနှစ်ယောက်။
ဧက ကရှေ့မှဦးဆောင်ကာလျှောက်သွားသည်မို့ကျွန်တော်လည်းပါလာ့သည့်အိတ်တစ်လုံးကိုသာပြင်လွယ်ရင်းထိုနွားလှည်းရပ်ထားရာနေရာသို့လိုက်လာခဲ့လိုက်သည်။ တောသူတောသားများပီပီအပြုံးနှင့်စတင်နှုတ်ဆက်ကြတာကတော့တကယ့်ကိုသဘောကျစရာပါပင်။


" အဘ ဒါကကျွန်တော်တို့ရွာရဲ့ပရဟိတသင်တန်းကျောင်းလေးမှာအင်္ဂလိပ်စာသင်ပေးမယ့်ဆရာ သူရိန်လင်းလျှံတဲ့......"

လှည်းအစပ်မှာခြေထောက်ချထိုင်နေတဲ့လူတစ်ယောက်နှင့်မိတ်ဆက်ပေးလာတာမို့ကိုယ်ကပဲလူငယ်ပီပီခေါင်းအသာငုံ့ကာပြုံးပြနှုတ်ဆက်လိုက်ရသည်။ သို့သော် ' ဆရာ ' ဟူသောဝေါဟာရသည်တယ်အစွမ်းထက်ပါ့ထင် ၊ သူထိုင်နေသောနေရာကိုပင်ဖယ်ပေးကာနေရာပေးနေသေးသည့်သူကြောင့်သူရိန်တစ်ယောက်အနေခက်ရပြန်ပါသေး၏။

" ထိုင်ပါဆရာရယ် ဆရာဒီရွာကလူတွေကိုဘာမှအားနာစရာမလိုဘူးသိလား ကျုပ်တို့ကိုလည်းလိုတာရှိရင်ပြောနော်......"


ဖယ်ပေးလာသည့်နေရာကိုဝင်ထိုင်လိုက်ကာမှစိတ်ကျေနပ်သွားသလိုစကားကိုတရစပ်ပြောလာသူကြောင့်သူရိန်လည်းအလိုက်သင့်သာပြန်ပြောပေးနေရသည်။ တကယ်တော့သူရိန်ကကျောင်းစရာတော့မဟုတ် ၊ ပညာရေးနိမ့်ပါးပြီးအနည်းငယ်ခေါင်သည့်ရွာလေးမှာမှပညာရေးပရဟိတလုပ်ချင်ပါသည်ဆိုသောသူငယ်ချင်းကြီး၏ကောင်းမှုကြောင့်သူဖွင့်ထားသည့်ဘာသာစကားရပ်သင်တန်းကျောင်းလေးတွင်အင်္ဂလိပ်စာသင်ပေးဖို့ရောက်လာခြင်းသာ။ ကိုယ်ပိုင်ကျောင်းတစ်ချို့ကိုပိုင်ဆိုင်ထားတာမှန်ပေမယ့်လို့သူရိန်အတွက်တော့စာသင်ရမည့်အတွေ့အကြုံကား ဒါပထမဆုံးပင်။

" ဒါနဲ့ ဆရာ့အသက်ကဘယ်နှနှစ်ရိပြီတုန်း......"

" ကျွန်တော်က27ပါဗျ......"

" နုတာပဲ ဦးကြီးက၂၀ဝန်းကျင်ပဲရှိမယ်ထင်တာ......"

စိမ်းသက်ပေမယ့်တရင်းတနှီးရှိသောအခေါ်အဝေါ်ကြောင့်ကျွန်တော့်ရင်ထဲနွေးခနဲ။ ထို့သည်ထက်ဦးကြီးပြောသောစကားကြောင့်သူရိန့်မှာရှက်ပဲရှက်နေရတော့မလိုလို ၊ မြို့မှာကဲ့သို့အရှက်ပြေအငြင်းပြုရတော့မလိုလိုပင်။

       ' ရွက်ကြွေနှောင်းရွာမှကြိုဆိုပါ၏ '

အချိန်အတော်ကြာမောင်းနှင်လာပြီးမှတွေ့လိုက်ရသည့်ဆိုင်းဘုဒ်လေးကြောင့်ကျွန်တော်အနည်းငယ်ပြုံးမိသွားသည်။ မြင်တွေ့နေကျကွန်ကရစ်သားဘာညာဖြင့်ပြုလုပ်ထားတာမျိုးမဟုတ်ဘဲ သစ်သားပြားပေါ်တွင်မြေဖြူဖြင့်ရေးခြစ်ကာဝါးလုံးတစ်ချို့ကိုအကွက်သေချာဖော်၍ဘောင်ကွပ်ထားခြင်း။
အမြင်ဆန်းတာတွေပဲမြင်နေရသည့်ကျွန်တော့်အဖို့အမြင်ရိုးတာလေးကလည်းတစ်မျိုးဆန်းပြန်သည်။


_____________________________________________


" ဒီမှာ! ငါ့ကိုကြည့်စမ်းဟေ့ကောင်!...ငါ့ကိုအခြောက်လို့မင်းပြောတာမဟုတ်လား ဟမ်......"

ရွာထဲဝင်လာပြီးသိပ်မကြာကြားနေရတဲ့ဆူဆူညံညံအသံတွေနဲ့အတူသူရိန်တို့စီးလာတဲ့လှည်းလေးမှာလည်းရပ်တန့်သွားရသည်။ ကြားလိုက်ရတဲ့လေသံကလည်းချိုသာမနေတာမို့ရန်ဖြစ်နေသည်အထင်နှင့်လှမ်းကြည့်မိတော့မြင်လိုက်ရသည့်လူကပုဆိုးကိုရေသည်ယောက်ျားထက်ပင်တိုအောင်ဝတ်ထားသေးသည်။ အောက်ကဒူး‌လောက်ဘောင်းဘီတိုနက်ပြာရောင်သာမပါလျှင်ဒီလူက‌တော့ရေသည်ယောက်ျားထက်မွဲတဲ့ပုံပေါက်နေတော့မှာအမှန်။

" ငါ့ဘာသာငါဘာဖြစ်ဖြစ်မင်းတို့စောက်ပူတစ်ပြားမှပါမနေဘူး မမြင်ချင်ရင်မျက်နှာလွှဲနေ! ကြားတယ်နော်!!......"

ပြောပြောဆိုဆိုနှင့်လက်ထဲကခပ်တုတ်တုတ်ဝါးလုံးတစ်ချောင်းကိုတယမ်းယမ်းလုပ်နေသည့်ထိုသူ။ ဆံပင်ကလည်းဂုတ်ထောက်နေတဲ့အပြင်ပုံမသွင်းထား၍ထင် ၊ အနည်းငယ်လန်နေသေး၏။ T shirtအနက်မှာလည်းဘယ်လောက်တောင်ရန်ဖြစ်ထိုးကြိတ်ထားကြသလဲမသိ ၊ အဖြူရောင်မဖြစ်ရုံသာသာနှင့်ပါရှိသည့်အစင်းတွေပါပျောက်ချင်ချင်။

" ညဉ့်ယံဇိမ်းကိုဘာမှတ်နေလဲ......"

မြန်မာဇာတ်ကားတွေထဲကလိုမျက်စောင်းတပြင်ပြင်နှင့်ဘုကြည့်ကြည့်ကာထွက်သွားတဲ့လူတွေနှင့်လက်ထဲကတုတ်ကိုပစ်ချပြီးပုဆိုးပြင်ဝတ်ကာဟန်ရေးလုပ်နေလေသည့်သူနှင့်ကတော့သိပ်ကိုအံကိုက်ညီနေတာပါပင်။
ဒီကောင်မြန်မာကားတွေများအကြည့်များသွားသလား......။

" ခင်ဗျားကဘာကြည့်တာလဲ......"

ရုတ်တရက်ကြီးသူရိန့်ဘက်လှည့်လာပြီးဟောက်စားလုပ်လာတာကြောင့်ကိုယ့်ကိုကိုယ်ပင်ဘာပြန်ဖြေလို့ဖြေရမှန်းမသိ။ ကြောင်အနေမိစဉ်မှာပဲ

" ဒါကရွာမှာအင်္ဂလိပ်စာသင်ပေးမယ့်ဆရာကွ...မင်းပြဿနာမရှာစမ်းနဲ့စမ်း......"

" ကျုပ်မှမသိတာ...ဒါဆိုသွားနှင့်လေ ကျုပ်ပြီးရင်ကူပေးဖို့လိုက်လာခဲ့မယ်......"

ဦးကြီးကထိုကဲ့သို့ပိတ်ဟောက်လိုက်တော့လည်းရန်ဖြစ်နေတာသူမဟုတ်သလိုနှင့်ငြိမ်ကျသွားကာကောင်းကောင်းမွန်မွန်ပြောလာရှာသည်။ ငေးကြည့်နေတဲ့မျက်ဝန်းတွေကအားကျမှုတစ်ချို့ပါနေသလို ၊ သိမ်ငယ်မှုတစ်ချို့လည်းရောယှက်နေပြန်တယ်။

ဘာပဲဖြစ်ဖြစ်‌...ဒီရွာကလူတွေကိုတတ်နိုင်သမျှစာသင်ပေးဖို့ကသူရိန့်တာဝန်......။



_____________________________________________

      ညဉ့်ယံဇိမ်း
   အသက် - 18
   အရပ် -   6' 2"
  

" ကျုပ်ကရိုးတယ် တုံးတယ်...ခင်ဗျားလိုမြို့ပြမှာမကြီးပြင်းခဲ့တော့လှပ‌တဲ့စကားတွေတော့မဖွဲ့နွဲ့တတ်ဘူး...ဒါပေမယ့် ကျုပ်ရဲ့အချစ်တွေနဲ့စိုက်ပျိုးထားရတဲ့ရွက်ကြွေနှောင်းကနေကြာတွေကတော့ထာဝရခင်ဗျားတစ်ယောက်တည်းအတွက်ပဲပေါ့ခင်ဗျားရယ်......"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

           သူရိန်လင်းလျှံ
        အသက် - 27
       အရပ် -   6'

" ငါတော့ရွက်ကြွေနှောင်းကနေကြာတွေကိုသိပ်သဘောကျတာပဲ...ပြောရရင် နေကြာစိုက်တဲ့သူကိုရောပေါ့......"

_____________________________________________

ကဲ ရေးမိပြန်ပါပြီဗျ။ မရေးရရင်မနေနိုင်လောက်တဲ့အထိကိုဖြစ်နေလို့ပါ။ နှစ်ခုလုံးကိုအလှည့်ကျupdateပေးနိုင်ဖို့ကြိုးစားပါ့မယ်။
ဒါလေးကိုလည်းအတူတူongoingလိုက်ပေးကြပါအုံးနော်ဗျာ။
ဆရာနဲ့ကျောင်းသားပုံစံမျိုးကပထမဆုံးရေးဖူးတာမို့ အကောင်းဆုံးကြိုးစားပြီးရေးပါ့မယ်ဗျ။

#MTChel



Zawgyi


" What if we rewrite the stars..."
( ငါတို႔နကၡတ္တာရာေတြကိုေျပာင္းလဲလိုက္မယ္ဆိုရင္ေရာဘယ္လိုလဲ )


" Say you were made to be mine..."
( မင္းေလးကငါ့အတြက္ဖန္ဆင္းထားတာပါဆိုၿပီး )


" Nothing could keep us apart..."
( ဘယ္အရာကမွငါတို႔ကိုမခြဲႏိုင္ေတာ့ပါဘူး )


" You'd be the one I was meant to find..."
( မင္းေလးကငါရွာေဖြေနတဲ့သူပဲေလ )


" It's up to you..."
( ဒါကမင္းအေပၚမူတည္သလို )


" It's up to me..."
( ငါ့အေပၚလည္းမူတည္တယ္ )


" No one can say what we get to be..."
( ငါတို႔ဘာျဖစ္မလဲဆိုတာဘယ္သူမွမေျပာႏိုင္ဘူးေလ )


" So why don't we rewrite the stars..."
( ဒါဆို ဘာျဖစ္လို႔ငါတို႔ကနကၡတ္တာရာေတြကိုမျပင္ဆင္ႏိုင္ရမွာလဲ )


" Maybe the world could be ours..."
( ကမာၻႀကီးကလည္းငါတို႔အပိုင္ျဖစ္ခ်င္ျဖစ္သြားမွာေပါ့ )


ထုံးစံအတိုင္းခပ္ေအးေအးသီခ်င္းေလးတစ္ပုဒ္ကိုနားဆင္ရင္းHigh wayလမ္းမ‌ထက္‌ေမာင္းႏွင္ေနေလသည့္အေဝးေျပးကားေပၚကေနတစ္ဆင့္တျဖည္းျဖည္းထြက္ျပဴစျပဳလာသည့္ေနမင္းကိုလွမ္းၾကည့္ေနမိသည္။ လိေမၼာ္ေရာင္ေဖ်ာ့ေထ်ာ့ေလးမွေနတစ္ဆင့္ခ်င္းထြက္ေပၚလာသည့္ေနလုံးကတကယ္ပဲအႏုပညာဆန္သလိုသိပ္ကိုလွပပါ၏။

' မိုးေသာက္ခ်ိန္သည္အလွပဆုံးေသာအႏုပညာကိုဖန္တီးစြမ္းသည္ ' ဟူေသာစကားႏွင့္ညီေအာင္မိုးေသာက္ခ်ိန္ကတကယ္ပဲသိပ္ကိုလွပါေပတယ္ေလ။

" ဆရာသူရိန္ ေရွ႕နားဆိုကြၽန္ေတာ္တို႔ဆင္းရေတာ့မယ္ဗ်......"

ျပတင္းေပါက္ေဘာင္ေပၚေမးေထာက္ရင္းသဘာဝရႈခင္းကိုအျပည့္အဝခံစားေနသည့္ကြၽန္ေတာ့္ကိုေဘးတြင္ပါလာသည့္ဧကမွလက္တို႔ၿပီးစကားဆိုလာမွသာအသိျပန္ဝင္လာရျခင္း။ သို႔ေသာ္ေဘးဘယ္ညာ၌ကားဂိတ္ပုံစံအေနအထားမ်ိဳးအရိပ္အေယာင္ပင္မေတါ့ရတာေၾကာင့္ကြၽန္ေတာ့္စိတ္ထဲေမးခြန္းေပါင္းမ်ားစြာကတစ္သီတစ္တန္းႀကီးကိုေပၚေပါက္လာရေတာ့သည္။

" အေဝးေျပးကားဂိတ္ကဒီအနားမွာလား...ကြၽန္ေတာ္ျမင္ရသေလာက္ေတာ့ေတာေတြေတာင္ေတြပဲေတြ႕ေနရသလားလို႔ေလ......"

တစ္ညလုံးကားစီးလာရတာေၾကာင့္ပြ‌ရႈပ္ေနသည့္ဆံပင္ကိုေသခ်ာျပဳျပင္ရင္းမ်က္မွန္ကိုပါေသခ်ာျပန္သုတ္ကာေျပာမိေတာ့ဧကတစ္ေယာက္အၿပဳံးခ်ိဳခ်ိဳျဖင့္ျပန္တုံ႔ျပန္လာရင္း

" မဟုတ္ဘူးဆရာသူရိန္ရဲ႕ ကားဂိတ္ကေနဆိုအရမ္းေဝးတာ...ကြၽန္ေတာ္တို႔႐ြာကဒီကေနသြားရင္နီးတယ္ေလ အဲ့ဒီ့ေတာ့႐ြာကိုလာရင္ဒီနားကေနပဲျဖတ္ဆင္းၾကတာ......"

" ဪ အဲ့ဒီ့လိုကို......"

ေျပာေျပာဆိုဆိုႏွင့္ကြၽန္ေတာ့္luggageႏွင့္သူ႔အိတ္ေတြကိုပါတစ္ခါတည္းဆြဲယူသြားတာေၾကာင့္မ်က္မွန္ကိုလက္ညႇိဳးႏွင့္အသာပင့္တင္ရင္းကားရပ္လိုက္သည့္ေနရာမွာလိုက္ဆင္းခဲ့လိုက္သည္။

" ေဟ့ ဧက ငါတို႔ဒီမွာ......"

ခပ္လွမ္းလွမ္းကအသံေၾကာင့္လွမ္းၾကည့္မိေတာ့အခုေခတ္မွာသိပ္မသုံးၾကေတာ့တဲ့ႏြားလွည္းတစ္စီးကိုအရင္ဆုံးေတြ႕လိုက္ရသည္။ ထို႔ေနာက္ႏြားလွည္းေပၚမွာထိုင္ေနတဲ့ခေမာက္ေဆာက္းထားေသာလူႏွစ္ေယာက္။
ဧက ကေရွ႕မွဦးေဆာင္ကာေလွ်ာက္သြားသည္မို႔ကြၽန္ေတာ္လည္းပါလာ့သည့္အိတ္တစ္လုံးကိုသာျပင္လြယ္ရင္းထိုႏြားလွည္းရပ္ထားရာေနရာသို႔လိုက္လာခဲ့လိုက္သည္။ ေတာသူေတာသားမ်ားပီပီအၿပဳံးႏွင့္စတင္ႏႈတ္ဆက္ၾကတာကေတာ့တကယ့္ကိုသေဘာက်စရာပါပင္။


" အဘ ဒါကကြၽန္ေတာ္တို႔႐ြာရဲ႕ပရဟိတသင္တန္းေက်ာင္းေလးမွာအဂၤလိပ္စာသင္ေပးမယ့္ဆရာ သူရိန္လင္းလွ်ံတဲ့......"

လွည္းအစပ္မွာေျခေထာက္ခ်ထိုင္ေနတဲ့လူတစ္ေယာက္ႏွင့္မိတ္ဆက္ေပးလာတာမို႔ကိုယ္ကပဲလူငယ္ပီပီေခါင္းအသာငုံ႔ကာၿပဳံးျပႏႈတ္ဆက္လိုက္ရသည္။ သို႔ေသာ္ ' ဆရာ ' ဟူေသာေဝါဟာရသည္တယ္အစြမ္းထက္ပါ့ထင္ ၊ သူထိုင္ေနေသာေနရာကိုပင္ဖယ္ေပးကာေနရာေပးေနေသးသည့္သူေၾကာင့္သူရိန္တစ္ေယာက္အေနခက္ရျပန္ပါေသး၏။


" ထိုင္ပါဆရာရယ္ ဆရာဒီ႐ြာကလူေတြကိုဘာမွအားနာစရာမလိုဘူးသိလား က်ဳပ္တို႔ကိုလည္းလိုတာရွိရင္ေျပာေနာ္......"

ဖယ္ေပးလာသည့္ေနရာကိုဝင္ထိုင္လိုက္ကာမွစိတ္ေက်နပ္သြားသလိုစကားကိုတရစပ္ေျပာလာသူေၾကာင့္သူရိန္လည္းအလိုက္သင့္သာျပန္ေျပာေပးေနရသည္။ တကယ္ေတာ့သူရိန္ကေက်ာင္းစရာေတာ့မဟုတ္ ၊ ပညာေရးနိမ့္ပါးၿပီးအနည္းငယ္ေခါင္သည့္႐ြာေလးမွာမွပညာေရးပရဟိတလုပ္ခ်င္ပါသည္ဆိုေသာသူငယ္ခ်င္းႀကီး၏ေကာင္းမႈေၾကာင့္သူဖြင့္ထားသည့္ဘာသာစကားရပ္သင္တန္းေက်ာင္းေလးတြင္အဂၤလိပ္စာသင္ေပးဖို႔ေရာက္လာျခင္းသာ။ ကိုယ္ပိုင္ေက်ာင္းတစ္ခ်ိဳ႕ကိုပိုင္ဆိုင္ထားတာမွန္ေပမယ့္လို႔သူရိန္အတြက္ေတာ့စာသင္ရမည့္အေတြ႕အႀကဳံကား ဒါပထမဆုံးပင္။

" ဒါနဲ႔ ဆရာ့အသက္ကဘယ္ႏွႏွစ္ရိၿပီတုန္း......"

" ကြၽန္ေတာ္က27ပါဗ်......"

" ႏုတာပဲ ဦးႀကီးက၂၀ဝန္းက်င္ပဲရွိမယ္ထင္တာ......"

စိမ္းသက္ေပမယ့္တရင္းတႏွီးရွိေသာအေခၚအေဝၚေၾကာင့္ကြၽန္ေတာ့္ရင္ထဲေႏြးခနဲ။ ထို႔သည္ထက္ဦးႀကီးေျပာေသာစကားေၾကာင့္သူရိန႔္မွာရွက္ပဲရွက္ေနရေတာ့မလိုလို ၊ ၿမိဳ႕မွာကဲ့သို႔အရွက္ေျပအျငင္းျပဳရေတာ့မလိုလိုပင္။

       ' ႐ြက္ေႂကြေႏွာင္း႐ြာမွႀကိဳဆိုပါ၏ '

အခ်ိန္အေတာ္ၾကာေမာင္းႏွင္လာၿပီးမွေတြ႕လိုက္ရသည့္ဆိုင္းဘုဒ္ေလးေၾကာင့္ကြၽန္ေတာ္အနည္းငယ္ၿပဳံးမိသြားသည္။ ျမင္ေတြ႕ေနက်ကြန္ကရစ္သားဘာညာျဖင့္ျပဳလုပ္ထားတာမ်ိဳးမဟုတ္ဘဲ သစ္သားျပားေပၚတြင္ေျမျဖဴျဖင့္ေရးျခစ္ကာဝါးလုံးတစ္ခ်ိဳ႕ကိုအကြက္ေသခ်ာေဖာ္၍ေဘာင္ကြပ္ထားျခင္း။
အျမင္ဆန္းတာေတြပဲျမင္ေနရသည့္ကြၽန္ေတာ့္အဖို႔အျမင္႐ိုးတာေလးကလည္းတစ္မ်ိဳးဆန္းျပန္သည္။


_____________________________________________


" ဒီမွာ! ငါ့ကိုၾကည့္စမ္းေဟ့ေကာင္!...ငါ့ကိုအေျခာက္လို႔မင္းေျပာတာမဟုတ္လား ဟမ္......"

႐ြာထဲဝင္လာၿပီးသိပ္မၾကာၾကားေနရတဲ့ဆူဆူညံညံအသံေတြနဲ႔အတူသူရိန္တို႔စီးလာတဲ့လွည္းေလးမွာလည္းရပ္တန႔္သြားရသည္။ ၾကားလိုက္ရတဲ့ေလသံကလည္းခ်ိဳသာမေနတာမို႔ရန္ျဖစ္ေနသည္အထင္ႏွင့္လွမ္းၾကည့္မိေတာ့ျမင္လိုက္ရသည့္လူကပုဆိုးကိုေရသည္ေယာက္်ားထက္ပင္တိုေအာင္ဝတ္ထားေသးသည္။ ေအာက္ကဒူး‌ေလာက္ေဘာင္းဘီတိုနက္ျပာေရာင္သာမပါလွ်င္ဒီလူက‌ေတာ့ေရသည္ေယာက္်ားထက္မြဲတဲ့ပုံေပါက္ေနေတာ့မွာအမွန္။

" ငါ့ဘာသာငါဘာျဖစ္ျဖစ္မင္းတို႔ေစာက္ပူတစ္ျပားမွပါမေနဘူး မျမင္ခ်င္ရင္မ်က္ႏွာလႊဲေန! ၾကားတယ္ေနာ္!!......"

ေျပာေျပာဆိုဆိုႏွင့္လက္ထဲကခပ္တုတ္တုတ္ဝါးလုံးတစ္ေခ်ာင္းကိုတယမ္းယမ္းလုပ္ေနသည့္ထိုသူ။ ဆံပင္ကလည္းဂုတ္ေထာက္ေနတဲ့အျပင္ပုံမသြင္းထား၍ထင္ ၊ အနည္းငယ္လန္ေနေသး၏။ T shirtအနက္မွာလည္းဘယ္ေလာက္ေတာင္ရန္ျဖစ္ထိုးႀကိတ္ထားၾကသလဲမသိ ၊ အျဖဴေရာင္မျဖစ္႐ုံသာသာႏွင့္ပါရွိသည့္အစင္းေတြပါေပ်ာက္ခ်င္ခ်င္။

" ညဥ့္ယံဇိမ္းကိုဘာမွတ္ေနလဲ......"

ျမန္မာဇာတ္ကားေတြထဲကလိုမ်က္ေစာင္းတျပင္ျပင္ႏွင့္ဘုၾကည့္ၾကည့္ကာထြက္သြားတဲ့လူေတြႏွင့္လက္ထဲကတုတ္ကိုပစ္ခ်ၿပီးပုဆိုးျပင္ဝတ္ကာဟန္ေရးလုပ္ေနေလသည့္သူႏွင့္ကေတာ့သိပ္ကိုအံကိုက္ညီေနတာပါပင္။
ဒီေကာင္ျမန္မာကားေတြမ်ားအၾကည့္မ်ားသြားသလား......။

" ခင္ဗ်ားကဘာၾကည့္တာလဲ......"

႐ုတ္တရက္ႀကီးသူရိန႔္ဘက္လွည့္လာၿပီးေဟာက္စားလုပ္လာတာေၾကာင့္ကိုယ့္ကိုကိုယ္ပင္ဘာျပန္ေျဖလို႔ေျဖရမွန္းမသိ။ ေၾကာင္အေနမိစဥ္မွာပဲ

" ဒါက႐ြာမွာအဂၤလိပ္စာသင္ေပးမယ့္ဆရာကြ...မင္းျပႆနာမရွာစမ္းနဲ႔စမ္း......"

" က်ဳပ္မွမသိတာ...ဒါဆိုသြားႏွင့္ေလ က်ဳပ္ၿပီးရင္ကူေပးဖို႔လိုက္လာခဲ့မယ္......"

ဦးႀကီးကထိုကဲ့သို႔ပိတ္ေဟာက္လိုက္ေတာ့လည္းရန္ျဖစ္ေနတာသူမဟုတ္သလိုႏွင့္ၿငိမ္က်သြားကာေကာင္းေကာင္းမြန္မြန္ေျပာလာရွာသည္။ ေငးၾကည့္ေနတဲ့မ်က္ဝန္းေတြကအားက်မႈတစ္ခ်ိဳ႕ပါေနသလို ၊ သိမ္ငယ္မႈတစ္ခ်ိဳ႕လည္းေရာယွက္ေနျပန္တယ္။

ဘာပဲျဖစ္ျဖစ္‌...ဒီ႐ြာကလူေတြကိုတတ္ႏိုင္သမွ်စာသင္ေပးဖို႔ကသူရိန႔္တာဝန္......။



_____________________________________________

      ညဥ့္ယံဇိမ္း
   အသက္ - 18
   အရပ္ -   6' 2"
  

" က်ဳပ္က႐ိုးတယ္ တုံးတယ္...ခင္ဗ်ားလိုၿမိဳ႕ျပမွာမႀကီးျပင္းခဲ့ေတာ့လွပ‌တဲ့စကားေတြေတာ့မဖြဲ႕ႏြဲ႕တတ္ဘူး...ဒါေပမယ့္ က်ဳပ္ရဲ႕အခ်စ္ေတြနဲ႔စိုက္ပ်ိဳးထားရတဲ့႐ြက္ေႂကြေႏွာင္းကေနၾကာေတြကေတာ့ထာဝရခင္ဗ်ားတစ္ေယာက္တည္းအတြက္ပဲေပါ့ခင္ဗ်ားရယ္......"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

           သူရိန္လင္းလွ်ံ
        အသက္ - 27
       အရပ္ -   6'

" ငါေတာ့႐ြက္ေႂကြေႏွာင္းကေနၾကာေတြကိုသိပ္သေဘာက်တာပဲ...ေျပာရရင္ ေနၾကာစိုက္တဲ့သူကိုေရာေပါ့......"

_____________________________________________

ကဲ ေရးမိျပန္ပါၿပီဗ်။ မေရးရရင္မေနႏိုင္ေလာက္တဲ့အထိကိုျဖစ္ေနလို႔ပါ။ ႏွစ္ခုလုံးကိုအလွည့္က်updateေပးႏိုင္ဖို႔ႀကိဳးစားပါ့မယ္။
ဒါေလးကိုလည္းအတူတူongoingလိုက္ေပးၾကပါအုံးေနာ္ဗ်ာ။
ဆရာနဲ႔ေက်ာင္းသားပုံစံမ်ိဳးကပထမဆုံးေရးဖူးတာမို႔ အေကာင္းဆုံးႀကိဳးစားၿပီးေရးပါ့မယ္ဗ်။

#MTChel


You are reading the story above: TeenFic.Net