အပိုင်း(၆၉) ဘောင်းဘီတစ်ထည်ကို မျှဝေခြင်း

Background color
Font
Font size
Line height


အပိုင်း(၆၉) ဘောင်းဘီတစ်ထည်ကို မျှဝေခြင်း

စန်းလော့သည် လာမည့်ရက်အနည်းငယ်အတွင်း ဇီးသီးရိုင်းမုန့်တစ်ချို့ပြုလုပ်ရန် ကောင်းစွာစီစဉ်ထား၏။

သူမက ညဘက်အိပ်ယာမဝင်ခင်တွင် နတ်သမီးတို့ဟူးကို ပြုလုပ်ပြီး နေ့လည်ခင်းတွင် သူမစုဆောင်းထားသော ဇီးသီးရိုင်းများကို အဆင်ပြေစွာ စီမံဆောင်ရွက်လေသည်။ သို့သော် ရာသီဥတုသည် သူမဘက်တွင်မရှိပေ။ ညလယ်တွင် မိုး ရွာလာတော့သည်။

အိပ်ရာမှနိုးလာတော့ စန်းလော့သည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း နောက်မှ သူမအိမ်အသစ်နှင့် ကျယ်ဝန်းသောမီးဖိုချောင်ကို သတိရသွားလေသည်။ သူမပြုလုပ်သည့် ဇီးသီးရိုင်းမုန့်များမှာ အပြင်ဘက်တွင် အခြောက်ခံစရာမလိုတော့သော်လည်း မီးဖိုချောင်ထဲတွင် မိုးသောက်ချိန်၌ အခြောက်ခံမည့်စင်အား ခြံအနောက်ဘက်သို့ရွှေ့လိုက်ရန်သာလိုသည်။

သူမသည် စိတ်သက်သာရာရသွား၏။ ယခင်ကကဲ့သို့ အပြင်ဘက်ရှိ သစ်ကိုင်းများပေါ်တွင် အခြောက်ခံပါက ယနေ့ ဇီးသီးရိုင်းမုန့်များသည် ပျက်စီးသွားပေတော့မည်။

မိုးကျသံမှာ ဆူညံလွန်းသောကြောင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည်လည်း နိုးလာကြ၏။ ရှန်းနဉ်က သူမမျက်လုံးများကို ပွတ်သပ်ရင်း အပြင်ဘက်၌ မိုးရွာနေသည်ကိုနားမလည်ခင်တွင် ခဏမျှ ဇဝေဇဝါဖြစ်နေပြီးနောက် ရုတ်တရက်သတိဝင်လာလေသည်။

"မကြီး၊ အပြင်က ဘဲတွေကြက်တွေ မိုးရေစိုကုန်ပြီလား"

စကားပြောရင်း ရှန်းနဉ်သည် အိပ်ယာမှထရန်အဆင်သင့်ဖြစ်နေပုံရပြီး အပြင်ထွက်စစ်ဆေးရန် ကြံရွယ်ထားသည်။

စန်းလော့က ပြောရင်းဖြင့် သူမကို မြန်မြန်တားလိုက်၏။

"အခုမထွက်နဲ့ဦး။ ကြက်ခြံက ငှက်‌ပျောရွက်တွေနဲ့ ဖုံးထားပြီး ကျယ်ဝန်းတဲ့ ပေါင်းမိုးတစ်ခုရှိပြီး မြေညီအထပ်ကိုကျ ဝါးခြံခတ်ထားပြီး ကောက်ရိုးတွေ ခင်းထားတယ်။ အဲဒါက မိုးလုံတယ်။ ဒါပေမယ့် ညီမလေးသာ မိုးမိပြီးဖျားရင်တော့ ဒုက္ခရောက်လိမ့်မယ်"

ဤသည်ကိုကြားတော့ ရှန်းနဉ်က ချက်ခြင်းစိတ်လျော့လိုက်လေသည်။

ဖျားနာခြင်းသည် စိတ်သောကဖြစ်စေပြီး ကုသမှုအတွက်လည်း မတတ်နိုင်ကြပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က ရွာထဲရှိကလေးတစ်ယောက်သည် သာမန်အအေးမိဖျားနာခြင်းကြောင့် သေဆုံးခဲ့သည်။

သူတို့သုံးယောက်မှာ အိပ်ယာပေါ်တွင်ထိုင်နေကြပြီး ပြန်အိပ်ပျော်ရန် ခက်ခဲနေကြသည်။

ရှန်းအန်းက မေးလိုက်၏။

"မကြီး၊ ဒီလိုမိုးသည်းနေရင် မနက်ဖြန်ကျ တို့ဟူးရောင်းလို့ရပါဦးမလား"

လူတိုင်းက ပေးချေပြီးနှင့်သော တို့ဟူးကို ရိုးရိုးရှင်းရှင်း ပြုလုပ်ပြီးပို့ပေးနိုင်သော်လည်း သူသည် အဒေါ်ချန်းနှင့်အ‌ခြားသူများ ရောင်းမည်ကို စိုးရိမ်နေ၏။

စန်းလော့သည်လည်း စိုးရိမ်နေမိ၏။

ပဲစေ့များမှာ အသုံးပြုရန်အတွက် ရေစိမ်ထားပြီးနေပြီဖြစ်သည်။ အကြာကြီးရေစိမ်ထားပါက အကြိမ်များစွာရေလဲပေးမယ်ဆိုလျှင်ပင် ပျက်စီးသွားနိုင်သည်။

အခြားရွေးချယ်စရာသည် အချဉ်ဖောက်ထားသည့် တို့ဟူးအခြောက်ဖြစ်ပြီး ထိုအရာသည် အချိန်ပိုပေးရပြီး လုပ်ရလက်ဝင်သော်လည်း အကြာကြီး သိမ်းဆည်းထားလို့မရနိုင်ပေ။ ထို့အပြင် မနက်စောစောတွင် တာဝန်ခံရွှီဆီသို့ တို့ဟူးအတုံး၅၀ပို့ပေးမည့် ကတိလည်းရှိသေးသည်။

ထိုအရာမှာ သူတို့၏ပထမဆုံးပုံမှန်အမှာစာကြီးဖြစ်ပြီး ချင်ဖန်းညန်သည် သဘောတူညီမှုကိုဖျက်မည့် အလားအလာမရှိပေ။

မိသားစုတိုင်းတွင် မိုးကာများ ရှိသင့်သည်။ တို့ဟူးသယ်စရာများတွင် အဖုံးများရှိပြီး စည်များကိုလည်း ဖုံးအုပ်ထားသည်။ လှည်းမျာကိုလည်း ဖုံးအုပ်လို့ရနိုင်သည်။ တစ်ခုတည်းသောပြဿနာမှာ ခရီးစဉ်၏အခက်အခဲဖြစ်သည်။

စန်းလော့က တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"မိုးတိတ်သွားဖို့ ဒါမှမဟုတ်လည်း အနည်းဆုံး မိုးသောက်လောက်ရောက်ရင် မိုးစဲသွားဖို့ မျှော်လင့်ပါတယ်"

ကလေးများနိုးလာသည်ကိုမြင်တော့ စန်းလော့ကသူတို့အား မစိုးရိမ်တော့ရန်နှင့် အနားယူဖို့အကြံပေးလိုက်၏။

မိနစ်၃၀မျှကြာသောအခါ ဘေးချင်းကပ်အိပ်ယာများမှ အသက်ရှုသံ မှန်မှန်ထွက်လာလေသည်။ အဓိပ္ပာယ်ရှိပါသည်။ ကလေးများက ငှားရမ်းခအခွန်အတွက် စိုးရိမ်နေကြပြီး အိပ်ပျော်ခဲသည်။ သူတို့သည် သူမ ပဲကြိတ်ရာတွင်ကူညီ‌ရန် စောစောထခဲ့ကြပြီး တစ်နေ့လုံးမနားရသေးပေ။ သူတို့ပင်ပန်းနွမ်းနယ်နေကြသည်မှာ အံ့ဩစရာမဟုတ်ပေ။

ပထမတစ်ကြိမ်ကြက်တွန်သံတွင် မိုးသံကြားပြီးထဲက မျက်လုံးမှိတ်ပြီး အနားယူနေသောစန်းလော့သည် ကလေးများမနိုးအောင် ဂရုတစိုက်ဖြင့် အိပ်ယာထဲမှထပြီး တို့ဟူးကြိတ်ရန်မီးဖိုချောင်သို့သွားလိုက်၏။

ခြံတံခါးကို တစ်ယောက်ယောက် လာခေါက်သောအခါ သူမသည် ကြိတ်နေသည်မှာ မကြာသေးချေ။ ချန်းယိုထျန်း၏အသံကိုကြားတော့ သူမသည် သစ်သားပျဉ်ပြားနှင့်တံခါးကိုဖွင့်ရန် အလျင်အမြန်သွားလိုက်၏။

ချန်းယိုထျန်းတစ်ယောက်ထဲဖြစ်ပြီး သူတို့သည် တံစက်မြိတ်အမိုးအောက်တွင် စကားပြောရန်‌ရပ်နေကြသည်။

ချန်းယိုထျန်းသည် မိုးသည်းသောကြောင့် စန်းလော့တစ်ယောက် တို့ဟူးလုပ်ပါ့မလားဟု စိုးရိမ်မိသောကြောင့် စောစောလာလိုက်၏။ သူက မိသားစုသုံးခုလုံးသည် ပုံမှန်အတိုင်းဆက်လုပ်မည်ဟု သဘောတူထားကြောင်းနှင့် အမျိုးသားများသည် စီရင်စုဂိတ်တံခါးသို့တို့ဟူး ကူသယ်ပေးမည့်အကြောင်းကို သူမအား အသိပေးလိုက်လေသည်။

စန်းလော့က ပြုံးရင်းပြန်ဖြေလိုက်၏။

"အဲ့တာက ပြီးနှင့်ပါပြီ။ ခါတိုင်းထက် နည်းနည်းနောက်ကျပြီးမှ လာယူလို့ရတယ်"

စိတ်သက်သာရာရသွားသောချန်းယိုထျန်းသည် မိုးကာနှင့်ဦးထုပ်ကိုဝတ်ဆင်ကာ မြန်မြန်ထွက်ခွာသွားတော့သည်။

သူ့အိမ်သို့ပြန်ရောက်သောအခါ ချန်းလောင်ဟန်၊ ချန်းဘွားဘွားနှင့် ချင်ဖန်းညန်တို့သည် နိုးနေကြပြီး ပင်မအခန်းထဲတွင် စောင့်နေကြ၏။ သူပြန်ရောက်သောအခါ သွားခဲ့သည့်အကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းကြလေသည်။

ချန်ယိုထျန်းက အစီရင်ခံလိုက်၏။

"တာဝန်ခံရွှီအပေါ်မှာ ကျွန်တော်တို့ ကတိမဖျက်လောက်ဘူးဆိုပြီး ခန့်မှန်းထားတာမလို့ သူမက တို့ဟူးလုပ်နှင့်ပြီးသွားပြီ"

သူ့မိုးကာကိုချိတ်လိုက်ရင်း မှတ်ချက်ပေးလိုက်၏။

"စန်းလော့က သူ့ဝင်ငွေရဖို့ အတော်လေးကြိုးစားတယ်။ ပထမကြက်တွန်သံပဲရှိသေးတယ် သူမက မီး‌ဖိုချောင်ထဲမှာ အလုပ်များနေပြီ"

ယှဉ်ကြည့်ပါက သူတို့သည် မိုးမရွာသည့်နေ့များတွင် ဈေးဆိုင်၌ ဈေးရောင်းရင်းဖြင့်ပင် တစ်နာရီခွဲ ပိုအိပ်လို့ရနိုင်သည်။

အဘွားချန်းက သက်ပြင်းချလိုက်၏။

"ပိုက်ဆံရှာရတာ ခက်ခဲလိုက်တာ။ ဘယ်အရာမှတော့ လွယ်လွယ် မလာပါဘူးလေ"

အထူးသဖြင့် အိမ်တွင်ယောက်ျားသားမရှိသောကြောင့်ပင်။

ချန်းဘွားဘွားသည် နောက်ဆုံးအတွေးတစ်ဝက်ကို သူမဘာသာတွေး နေလေသည်။

အစပိုင်းတွင် သူမသည် စန်းလော့က ရှန်းအန်းနှင့်ရှန်းနဉ်တို့ အပေါ်ဝန်လေးနေသည်ဟု ခံစားခဲ့ရသည်။ သူမအတွက်သာမဟုတ်လျှင် ကလေးများမှာ မကြာခင်တွင် ခွဲထွက်ခြင်းကိုရင်ဆိုင်ရမည်မဟုတ်ပေ။

သို့သော် စန်းလော့ကိုယ်တိုင်အခြေကျစဉ်တွင် မောင်နှမနှစ်ယောက်အား ကောင်းစွာဆက်ဆံပေးလေသည်။ ချန်းဘွားဘွားသည် သူတို့အတွက် ဝမ်းသာပြီး အတူတကွ ရှင်သန်နေသွားနိုင်မည်ဖြစ်သောကြောင့် စိတ်သက်သာရာရလေ၏။

အချိန်ကြာလာသည်နှင့်အမျှ ချန်းဘွားဘွားသည် စန်းလော့အား မြေးမတစ်ယောက်ကဲ့သို့ မြင်နေရပြီး အထူးသဖြင့် "အဘွား"ဟု နွေးထွေးစွာခေါ်သောအခါတွင် ပို၍ သူမကို နှစ်သက်လာလေသည်။ စန်းလော့သည် အစောကြီးကတည်းက တို့ဟူးချက်ရန် အလုပ်များနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်မသက်မသာ ဖြစ်သွားလေသည်။

ယောက်ျားသားတစ်ယောက်သာ အိမ်တွင်ရှိမည်ဆိုလျှင် အမျိုးသမီးတစ်ယောက်အနေဖြင့် ထိုကဲ့သို့အခက်အခဲများကို ကြံ့ကြံ့ခံစရာ လိုမည်မဟုတ်ပေ။

စန်းလော့ကို မုဆိုးမတစ်ယောက်ဟု ယူဆကြသော်လည်း အမှန်တွင် သူမသည် အိမ်ထောင်မပြုရပေးပေ။ ချန်းဘွားဘွားသည် သူမ၏အတွေးရထားကို ဆက်ပြီးမတွေးဝံ့သောကြောင့် ရုတ်ချည်းရပ်တန့်လိုက်လေသည်။

သူမက ထပ်တွေးရင်း စန်းလော့အတွက် နောက်တစ်ယောက်ရှာသင့်သလား။ အဲ့ဒီ့နောက်မှာရော ရှန်းအန်းနဲ့ရှန်းနဉ်တို့ ဘာတွေဆက်ဖြစ်လာမှာလဲ။

သူမက ထိုအရာနှင့်ပတ်သက်ပြီး မတွေးသင့်သည်ကို သိသော်လည်း သူမ၏စိတ်မှာ ပျံ့လွင့်နေသည်။ အိပ်ယာထဲတွင် လှဲရင်း အဆက်မပြတ် ဟိုလှိမ့်ဒီလှိမ့်ဖြင့် ချန်းဘွားဘွားသည် စိတ်မအေးချမ်းနိုင်ဖြစ်နေ၏။

ချန်းလောင်ဟန်သည် သူ့ဇနီးဘက်သို့လှည့်လိုက်၏။

"ဘာတွေဖြစ်နေတာလဲ"

ချန်းဘွားဘွားလည်း ဘာပြောရမှန်းမသိပေ။

"ဘာမှမဟုတ်ပါဘူး၊ အိပ်မပျော်ရုံပါဘဲ။ နိုးလာတာနဲ့ ပြန်အိပ်မပျော်တော့ဘူး။ ရှင်လည်း ဆက်အိပ်ပါ"

စန်းလော့အိမ်ထောင်ထပ်ပြုမည့်အကြောင်းကို စဉ်းစားနေကြောင်း သူမ ဘယ်လိုဝန်ခံနိုင်ပါ့မလဲ။

သက်ပြင်းချလိုက်ပြီး ဤအတွေးများသည် လက်သင့်ခံစရာမဟုတ်ဘဲ ခက်ခဲသော အကြပ်ရိုက်မည့်နည်းလမ်းများပင်ဖြစ်သည်။

......

စန်းလော့သည် သူမနှင့်ရှန်းမောင်နှမအတွက် အဘွားချန်း၏ အိပ်မပျော်သောညများကို လုံးဝသတိမထားမိပေ။ တို့ဟူးအား အပြီးသတ်ပြီးနောက် မိုးကာများဖြင့်မိုးရေထဲတွင် ရင်ဆိုင်နေကြသော ချန်းယိုထျန်းနှင့်အခြားသူများကို လွှဲပြောင်းပေးလိုက်သည်။ သူမက ကလေးများ အိပ်ပျော်နေကြသေးသည်ကို‌လဲတွေ့လေသည်။ မနက်စာမပြင်ဆင်သေးဘဲ အိပ်ရေးပျက်ထားသောကြောင့် အိပ်ယာထဲသို့ဝင်အိပ်ရန် ဆုံးဖြတ်လိုက်၏။

သူမသည် အပြင်ဘက်တွင် အလင်းရောင်အပြည့်အဝ ရသည်အထိအိပ်ပျော်နေပြီး မိုးတိတ်သွားပုံလည်း ပေါ်သည်။ သူမ ဘေးသို့လှည့်လိုက်သောအခါ မောင်နှမ‌နှစ်ယောက်လုံးနိုးနေသည်ကို တွေ့လိုက်ရ၏။

စန်းလော့က အခင်းကိုမ,ကာ အိပ်ယာထလေသည်။ သူမအခန်းထဲမှ ထွက်သွားသည်နှင့် မီးဖိုချောင်အပြင်ဘက်တွင် ရှန်းအန်းကိုတွေ့လိုက်ရပြီး သူ့မျက်လုံးများမှာ အပြုံးဖြင့်တောက်ပနေသည်။

"မကြီး၊ နိုးပြီလား။ နည်းနည်းလောက် ထပ်မအိပ်ချင်ဘူးလား"

မောင်နှမနှစ်ယောက်လုံးက အအိပ်လွန်သည်ကို နိုးလာပြီးနောက်မှ သဘောပေါက်ကြလေသည်။ သူတို့သည် မီးဖိုချောင်ထဲသို့ခိုးဝင်လိုက်ပြီးနောက် ပုံးများနှင့်အင်တုံများပျောက်နေသည်ကို သတိပြုမိကြ၏။ စင်ပေါ်ရှိ လတ်ဆတ်သော တို့ဟူးအနှစ် အင်တုံတစ်ခုက သူတို့၏အစ်မသည် ညဘက်တွင် အလုပ်အားလုံးကို ပြီးမြောက်ခဲ့ကြောင်း ညွှန်ပြနေသည်။

သူတို့ မတတ်နိုင်သော်လည်း အပြစ်ရှိသလို ခံစားကြရ၏။

ယခင်နေ့က သူတို့သည် မိသားစုကိုထောက်ပံ့ရန်ဝင်ငွေရှာရာတွင်ကူညီပြီး အလုပ်ကြိုးစားမည်ဟု ကတိပေးခဲ့ကြသော်လည်း ယနေ့တွင် အိပ်ပျော်နေကြသည်။

စန်းလော့က ပြုံးလိုက်၏။

"တော်ပါပြီ၊ ထပ်မအိပ်တော့ပါဘူး။ သားတို့နှစ်ယောက်လုံး မနက်စာစားပြီးကြပြီလား"

ရှန်းအန်းက ခေါင်းခါလိုက်၏။

"ရှန်းနဉ် ဟင်းချက်ပြီးရုံရှိသေးတယ်။ သားတို့က မကြီးနိုးလာမှ အတူတူစားဖို့ စီစဉ်ထားတာ"

ပြောရင်းဖြင့် စန်းလော့အတွက် ဆေးကြောထားသော သက်ကယ်ရိုးတစ်ချို့ကို သယ်ရန် မီးဖိုချောင်ထဲသို့ ပြန်လှည့်သွားလေသည်။

"မကြီး၊ ဆေးကြောလိုက်ပါဦး။ ဆန်ပြုတ်ကျွေးမယ်။ သိပ်မကြာခင် စားလို့ရပါပြီ"

စန်းလော့သည် သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး သက်ကယ်ရိုးများကိုယူကာ ဆေးကြောသန့်စင်ရန်ထွက် သွားလေသည်။

ရှန်းနဉ်က အပြင်ဘက်တွင် သူတို့တန်ဖိုးထားရသော ကြက်နှင့်ဘဲများကို အစာကျွေးနေပြီး အနည်းငယ်မလုံမလဲဖြစ်နေပုံပေါ်သည်။

"မကြီး၊ ရှန်းအန်းနဲ့သမီးနှစ်ယောက်လုံး မနက်က အိပ်ယာထ နောက်ကျသွားတယ်"

စန်းလော့သည် ရယ်မောလိုက်၏။

"ညီမလေးကို တမင်သက်သက်မနှိုးတာ မဟုတ်ပါဘူး။ ညီမလေး အိပ်ရေးမဝရင် အရပ်လည်း မရှည်တော့ဘူး။ ပြီးတော့ နောက်ကျအရပ်ပုလွန်းနေတာက မကောင်းဘူးလေ"

"ဟမ်၊ အဲ့တာက တစ်ကယ်ပဲလား"

လေးနက်မှုကြောင့် ရှန်းနဉ်၏မျက်လုံးများကျယ်လာလေသည်။

"ဒါဆို မကြီးလည်း ပိုအိပ်သင့်တယ်လေ"

စန်းလော့: ......

ပါးနပ်တဲ့တိုက်ကွက်လေးပဲ။

မူလပိုင်ရှင်သည် အသက်၁၅နှစ်သာရှိသေးသည်။ နှစ်လကျော်ကြာလျှင် ၁၆နှစ်ပြည့်မည်ဖြစ်သည်။ သူမသည် အမှန်ပင်အရပ်မရှည်ပေ။ စန်းလော့က သူမသည် အများဆုံး ၅ပေကျော်ကျော်လေး ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုအရာမှာ ကလေးဘဝထဲက ကောင်းမွန်စွာအဟာရရရှိခဲ့ခြင်းကို ကျေးဇူးတင်ရမည်။

သူမသည် ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်သည် အရပ်ရှည်ရန် အလားအလာရှိနေဆဲဖြစ်ပြီး ကံကောင်းစွာဖြင့် နောက်ထပ်နှစ်နှစ် သို့မဟုတ် သုံးနှစ်အထိဖြစ်နိုင်ကြောင်းကို တွေးတောနေလေ၏။

ဤနည်းလမ်းက သူမအတွက် အဓိပ္ပါယ်ရှိလှသည်မို့ ခေါင်းညိတ်လိုက်သည်။

"ညီမလေးမှန်တယ်။ ဒီနေ့ကစပြီး အစ်မတို့တွေ မမှောင်ခင်ထဲက တို့ဟူးစောစောလုပ်ကြမယ်။ ဆောင်းဦးမိုးရွာပြီးရင် အေးသွားလိမ့်မယ်။ အစ်မထင်တာတော့ ရာသီဥတုက စောစောလုပ်လဲ လတ်ဆတ်မှုကို ထိခိုက်စေမှာတော့ မဟုတ်ဘူး။ ဒါ့အပြင် အစ်မတို့က ဆယ်ရက်လောက်ပဲ ကျန်တော့တဲ့ ရက်တွေအတွက် နတ်သမီးတို့ဟူးကို မရောင်းဘူး။ ပြီးရင်တော့ ညဘက်စောစောအိပ်ပြီး လေးနာရီကျောအောင်အိပ်ကြရအောင်"

ရှန်းနဉ်သည် စိတ်ကြည်နူးကာ အားနှင့်မာန်နှင့်ခေါင်းညိတ်ပြလိုက်ပြီးနောက် စန်းလော့အား လေးလေးနက်နက်ပြောလိုက်၏။

"သမီးတို့လည်း အိပ်ယာစောစောဝင်မယ်။ ပြီးတော့ မကြီး မနက်ပိုင်းအိပ်ယာထရင် တိတ်တိတ်လေးမထပါနဲ့။ ရှန်းအန်းနဲ့သမီးကိုလည်း နှိုးပါ။ တစ်ယောက်ထဲတို့ဟူးကြိတ်ရတာက လက်မောင်းတွေ အရမ်းညောင်းတယ်"

တို့ဖူးကြိတ်သူများသာလျှင် အားထုတ်မှုကို သိ၏။

စန်းလော့ကပြုံးလိုက်၏။

"ကောင်းပါပြီရှင်၊ အစ်မက သားတို့ကို အနှောင့်အယှက်မပေးချင်လို့ပါ။ ဘာလို့လဲဆိုတော့ မနေ့က ကောင်းကောင်းမအိပ်ခဲ့ရဘူးလေ။ အခုကစပြီး ခေါ်ပါ့မယ်"

နောက်ဆုံးတော့ ဤအရာသည် မိသားစု၏ ကြိုးစားအားထုတ်မှုတစ်ခုဖြစ်သည်။ စန်းလော့ထံတွင် ကိုယ်ကျိုးစွန့်သည့် 'အမေကြက်မ' ဆိုသည့် စိတ်ဓာတ်မျိုး မရှိပေ။

ရှန်းနဉ်၏မျက်လုံးမှာ အပြုံးကြောင့်ညွတ်သွားလေသည်။

"ဒါဆို မကြီး၊ မြန်မြန်လုပ်ပြီး ဆေးကြောလိုက်။ သမီး ဒီမနက် အရသာရှ်ိတာ တစ်ခုခုလုပ်ထားတယ်"

စန်းလော့တစ်ယောက် မီးဖိုချောင်ထဲသို့ဝင်သွားသောအခါမှသာလျှင် ရှန်းနဉ်၏အရသာရှိသောအစားအစာမှာ မည်သည့်အရာဖြစ်ကြောင်း သိရှိလေသည်။

တို့ဟူးအနှစ်ပန်ကိတ်မုန့်တွေ။

"နောက်ဆုံးတစ်ကြိမ်တုန်းက ကျန်တဲ့ဂျုံမှုန့်တစ်ချို့ကို သုံးလိုက်ပြီးတော့ အဲ့ထဲကို ကြက်ဥဖောက်ထည့်လိုက်တာ။ မကြီး၊ တို့ဟူးအနှစ်အလုံးလေးတွေကို ဘယ်လိုကြော်လဲဆိုတာကို သမီး အတုယူဖို့ကြိုးစားခဲ့တာ။ ဒါက ဆီအများကြီး မကုန်ပါဘူး။ အဲ့တာတွေကိုကြော်ဖို့ နည်းနည်းလေးပဲလိုတာ"

မိန်းကလေးငယ်တစ်ဦးဖြစ်သောရှန်းနဉ်သည် ဟင်းချက်ရာတွင် အမှန်ပင် ပင်ကိုယ်အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားကြောင်းကို စန်းလော့ ဝန်ခံရပေမည်။

ထမင်းစားပွဲနေ့က တစ်ကြိမ်သာကြော်ဖူးသော တို့ဟူးအနှစ်အလုံးလေးများကို ထိုအချိန်က ရှန်းနဉ်ပင်လျှင်မတွေ့ရပေ။ သူမသည် ထိုမုန့်များကို ရိုးရိုးနှစ်သက်ခဲ့ပြီး နောက်ပိုင်းတွင် ထိုမုန့်များအား မည်သို့ပြုလုပ်ရမည်ကို မေးမြန်းလိုက်၏။ ယနေ့တွင် သူမသည် ပန်ကိတ်ပြုလုပ်နည်းကို လိမ္မာပါးနပ်စွာပြုပြင်ခဲ့လေသည်။

တစ်ခုကိုမြည်းကြည့်ပြီးနောက် သဘောကျသောကြောင့်မျက်ခုံးပင့်လိုက်ကာ ရှန်းနဉ်အား လက်မထောင်ပြလိုက်၏။

"အရသာရှိလိုက်တာ"

ချီးကျူးခံရသောရှန်းနဉ်သည် ကြည်နူးမှုကြောင့်ပြုံးလိုက်ပြီး သူမ၏အပြုံးမှာပျောက်ကွယ်မသွားပေ။

"ဒါဆို အဲ့တာတွေကို မကြာခဏပိုလုပ်ပေးပါ့မယ် မကြီး"

စန်းလော့ထိုင်နေသည့်စားပွဲပေါ်တွင် အသုံးပြုရန် အဆင်ပြေသော ထိုင်ခုံတစ်လုံးသာရှိ ၏။ မောင်နှမနှစ်ယောက်သည် ထမင်းစားစဉ်တွင် မတ်တပ်ရပ်နေကြသော်လည်း သူတို့၏အစားအစာကို အလွန်နှစ်သက်နေကြသည်။

မနက်စာစားပြီးနောက် စန်းလော့သည် မနေ့က မပြီးဆုံးသေးသော ဘောင်းဘီကို ထုတ်မယူခင် ခေတ္တမတ်တပ်ရပ်လိုက်၏။ နာရီဝက်မပြည့်ခင်တွင် သူမသည် ထိုအရာများကိုချုပ်ပြီးသွားကာ ကလေးကို စမ်းဝတ်ကြည့်ရန် ပြောလိုက်လေသည်။

စိတ်လှုပ်ရှားစွာဖြင့် ရှန်းအန်းသည် အထဲကိုဝင်သွားပြီး မကြာမီတွင် အသစ်စက်စက် ဘောင်းဘီကို ဝတ်ဆင်ကာ ထွက်လာတော့သည်။ သူသည် အဖက်ဖက်မှ သဘောကျကာ ဝမ်းသာပီတိဖြစ်မိသည်။

"မကြီး၊ ဒီဘောင်းဘီက တော်တော်လေးကို ကွက်တိဖြစ်တယ်။ ဒီနေ့ မကြီးနဲ့အတူတူ တောင်တွေဆီကို လိုက်လို့ရမလား"

"ရတာပေါ့"

စန်းလော့သည် ပြုံးလိုက်၏။

"နောက်မှဖြေချဖို့ အောက်ခြေမှာ လက်မနည်းနည်းလောက်ချန်ခဲ့တယ်။ အဲ့တာတွေက နှစ်ထပ်မလို့ သား အရပ်ရှည်လာလဲ အစ်မတို့ပြင်လို့ရတယ်။ တောင်တွေဆီကို နောက်မှသွားကြရအောင်။ နေထွက်‌လာတော့မယ့်ပုံပဲ။ မိုးရွာထားလို့ နည်းနည်းလောက်ခြောက်သွားအောင် လေတိုက်တာစောင့်ရမယ်။ အခုက အကောင်းဆုံးအချိန်ပဲ။ မိုးရွာပြီးရင် တောင်တွေမှာ မကြာမကြာမှိုပေါက်တယ်။ အစ်မတို့ နည်းနည်းလောက် ရှာတွေ့နိုင်မလားလို့သွားကြည့်ကြရအောင်"

ယခင်က သူမ တောင်ပေါ်၌နေထိုင်စဉ်တွင် စပါးရိတ်သိမ်းရန်အဆင်သင့်ဖြစ်ချိန် မိုးရွာပါက ခေါင်းလောင်းပုံမှိုနက်များကို ပေါများစွာတွေ့နိုင်သည်။ သူမ၏မူလကမ္ဘာတွင် အရည်အသွေးကောင်းသောမှိုနက်များသည် အတော်လေးဈေးကြီးပြီး တစ်ကီလိုဂရမ်လျှင် ၃၀ မှ ၆၀ ယွမ်အထိ ရောင်းကြ၏။

သူမသည် ဤကမ္ဘာတွင်ထိုအရာများရှိမရှိကို သေချာမသိပေ။ သို့သော် အပင်များနှင့်အပင်ပေါက်များမှာ တူသည်ဟုယူဆရပြီး စန်းလော့က အတော်လေး တူသည်ဟုခံစားရ၏။

မှိုများခူးမည့်အကြောင်းကြားတော့ ရှန်းနဉ်၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အ‌ရောင်လက်လာသော်လည်း သူမတွင် တောင်များအတွက်သင့်တော်သည့် ဘောင်းဘီအရှည် တစ်ထည်မှမရှိသည်ကို သတိရသွားပြီး ရှန်းအန်းအား တောင့်တနေသောမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

တောင်ပေါ်ခရီးစဉ်ကို အချိန်ကြာကြီးစောင့်မျှော်ခဲ့ရသော ရှန်းအန်း: "..."

သူ့ညီမ၏စိတ်အားထက်သန်သည့်အကြည့်ကို မြင်တော့ လိုက်လျောလိုက်၏။ နောက်ဆုံးတွင် သူ့ညီမလေးအား ညှာတာရလေသည်။

"ငါ့ရဲ့ဘောင်းဘီအသစ်ကို တစ်ရက်လောက်ငှားပေးရင်ရော ဘယ်လိုလဲ"

စန်းလော့: "...???!!!"

သနားကြင်နာမှု အသေးအမွှားများအတွက် ကျေးဇူးတင်မိကာ ပြီးခဲ့သောခေတ်တွင် မြင်းစီးခြင်းနှင့်မြှားပစ်ခြင်း၊ အတွင်းခံများပင် ရှိနေပြီဖြစ်ပြီး ယခုခေတ်နှင့် အတော်လေးကွာခြားသော်လည်း စိတ်သက်သာရာရလေသည်။ ထိုသို့မဟုတ်ပါက... အတွေးသည် စိတ်ကူးယဉ်ရန်အတွက် အရမ်းလှပလွန်း၏။

ထို့အပြင် ရှန်းအန်း၏စကားများသည် အပြင်ထွက်ရသူတိုင်းဝတ်ဆင်သော သူတို့ပိုင်ဆိုင်သည့် တစ်ခုတည်းသော ဘောင်းဘီတစ်ထည်ကို မျှဝေလေ့ရှိသည့် အတိတ်ကဆင်းရဲတွင်းမှ စန်းလော့ကို အမှတ်မထင် သတိရသွားစေသည်။

ဒါနဲ့ သူတို့မိသားစုက အခုအချိန်မှာ ပုံပြင်ထဲကလို ဘောင်းဘီတစ်ထည်ကိုမျှဝေတဲ့ အနေအထား ရောက်နေပြီလား။

သေချာပေါက်မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ ရှန်းနဉ် ကလေးမလေးက နောက်တစ်ခါမှပဲ တောထဲ သွားသင့်တာပါ။

မဖြစ်သေးပါဘူး။၊ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ ကြိုးစားတာ ပိုကောင်းတယ်!!!

...

paid မှာ completedပါနော်။

...

အပိုင္း(၆၉) ေဘာင္းဘီတစ္ထည္ကို မွ်ေဝျခင္း

စန္းေလာ့သည္ လာမည့္ရက္အနည္းငယ္အတြင္း ဇီးသီး႐ိုင္းမုန႔္တစ္ခ်ိဳ႕ျပဳလုပ္ရန္ ေကာင္းစြာစီစဥ္ထား၏။

သူမက ညဘက္အိပ္ယာမဝင္ခင္တြင္ နတ္သမီးတို႔ဟူးကို ျပဳလုပ္ၿပီး ေန႔လည္ခင္းတြင္ သူမစုေဆာင္းထားေသာ ဇီးသီး႐ိုင္းမ်ားကို အဆင္ေျပစြာ စီမံေဆာင္႐ြက္ေလသည္။ သို႔ေသာ္ ရာသီဥတုသည္ သူမဘက္တြင္မရွိေပ။ ညလယ္တြင္ မိုး ႐ြာလာေတာ့သည္။

အိပ္ရာမွႏိုးလာေတာ့ စန္းေလာ့သည္ အစပိုင္းတြင္ လန႔္ဖ်ပ္သြားေသာ္လည္း ေနာက္မွ သူမအိမ္အသစ္ႏွင့္ က်ယ္ဝန္းေသာမီးဖိုေခ်ာင္ကို သတိရသြားေလသည္။ သူမျပဳလုပ္သည့္ ဇီးသီး႐ိုင္းမုန႔္မ်ားမွာ အျပင္ဘက္တြင္ အေျခာက္ခံစရာမလိုေတာ့ေသာ္လည္း မီးဖိုေခ်ာင္ထဲတြင္ မိုးေသာက္ခ်ိန္၌ အေျခာက္ခံမည့္စင္အား ၿခံအေနာက္ဘက္သို႔ေ႐ႊ႕လိုက္ရန္သာလိုသည္။

သူမသည္ စိတ္သက္သာရာရသြား၏။ ယခင္ကကဲ့သို႔ အျပင္ဘက္ရွိ သစ္ကိုင္းမ်ားေပၚတြင္ အေျခာက္ခံပါက ယေန႔ ဇီးသီး႐ိုင္းမုန႔္မ်ားသည္ ပ်က္စီးသြားေပေတာ့မည္။

မိုးက်သံမွာ ဆူညံလြန္းေသာေၾကာင့္ ရွန္းအန္းႏွင့္ရွန္းနဥ္တို႔သည္လည္း ႏိုးလာၾက၏။ ရွန္းနဥ္က သူမမ်က္လုံးမ်ားကို ပြတ္သပ္ရင္း အျပင္ဘက္၌ မိုး႐ြာေနသည္ကိုနားမလည္ခင္တြင္ ခဏမွ် ဇေဝဇဝါျဖစ္ေနၿပီးေနာက္ ႐ုတ္တရက္သတိဝင္လာေလသည္။

"မႀကီး၊ အျပင္က ဘဲေတြၾကက္ေတြ မိုးေရစိုကုန္ၿပီလား"

စကားေျပာရင္း ရွန္းနဥ္သည္ အိပ္ယာမွထရန္အဆင္သင့္ျဖစ္ေနပုံရၿပီး အျပင္ထြက္စစ္ေဆးရန္ ႀကံ႐ြယ္ထားသည္။

စန္းေလာ့က ေျပာရင္းျဖင့္ သူမကို ျမန္ျမန္တားလိုက္၏။

"အခုမထြက္နဲ႔ဦး။ ၾကက္ၿခံက ငွက္‌ေပ်ာ႐ြက္ေတြနဲ႔ ဖုံးထားၿပီး က်ယ္ဝန္းတဲ့ ေပါင္းမိုးတစ္ခုရွိၿပီး ေျမညီအထပ္ကိုက် ဝါးၿခံခတ္ထားၿပီး ေကာက္႐ိုးေတြ ခင္းထားတယ္။ အဲဒါက မိုးလုံတယ္။ ဒါေပမယ့္ ညီမေလးသာ မိုးမိၿပီးဖ်ားရင္ေတာ့ ဒုကၡေရာက္လိမ့္မယ္"

ဤသည္ကိုၾကားေတာ့ ရွန္းနဥ္က ခ်က္ျခင္းစိတ္ေလ်ာ့လိုက္ေလသည္။

ဖ်ားနာျခင္းသည္ စိတ္ေသာကျဖစ္ေစၿပီး ကုသမႈအတြက္လည္း မတတ္ႏိုင္ၾကေပ။ လြန္ခဲ့ေသာႏွစ္အနည္းငယ္က ႐ြာထဲရွိကေလးတစ္ေယာက္သည္ သာမန္အေအးမိဖ်ားနာျခင္းေၾကာင့္ ေသဆုံးခဲ့သည္။

သူတို႔သုံးေယာက္မွာ အိပ္ယာေပၚတြင္ထိုင္ေနၾကၿပီး ျပန္အိပ္ေပ်ာ္ရန္ ခက္ခဲေနၾကသည္။

ရွန္းအန္းက ေမးလိုက္၏။

"မႀကီး၊ ဒီလိုမိုးသည္းေနရင္ မနက္ျဖန္က် တို႔ဟူးေရာင္းလို႔ရပါဦးမလား"

လူတိုင္းက ေပးေခ်ၿပီးႏွင့္ေသာ တို႔ဟူးကို ႐ိုး႐ိုးရွင္းရွင္း ျပဳလုပ္ၿပီးပို႔ေပးႏိုင္ေသာ္လည္း သူသည္ အေဒၚခ်န္းႏွင့္အ‌ျခားသူမ်ား ေရာင္းမည္ကို စိုးရိမ္ေန၏။

စန္းေလာ့သည္လည္း စိုးရိမ္ေနမိ၏။

ပဲေစ့မ်ားမွာ အသုံးျပဳရန္အတြက္ ေရစိမ္ထားၿပီးေနၿပီျဖစ္သည္။ အၾကာႀကီးေရစိမ္ထားပါက အႀကိမ္မ်ားစြာေရလဲေပးမယ္ဆိုလွ်င္ပင္ ပ်က္စီးသြားႏိုင္သည္။

အျခားေ႐ြးခ်ယ္စရာသည္ အခ်ဥ္ေဖာက္ထားသည့္ တို႔ဟူးအေျခာက္ျဖစ္ၿပီး ထိုအရာသည္ အခ်ိန္ပိုေပးရၿပီး လုပ္ရလက္ဝင္ေသာ္လည္း အၾကာႀကီး သိမ္းဆည္းထားလို႔မရႏိုင္ေပ။ ထို႔အျပင္ မနက္ေစာေစာတြင္ တာဝန္ခံ႐ႊီဆီသို႔ တို႔ဟူးအတုံး၅၀ပို႔ေပးမည့္ ကတိလည္းရွိေသးသည္။

ထိုအရာမွာ သူတို႔၏ပထမဆုံးပုံမွန္အမွာစာႀကီးျဖစ္ၿပီး ခ်င္ဖန္းညန္သည္ သေဘာတူညီမႈကိုဖ်က္မည့္ အလားအလာမရွိေပ။

မိသားစုတိုင္းတြင္ မိုးကာမ်ား ရွိသင့္သည္။ တို႔ဟူးသယ္စရာမ်ားတြင္ အဖုံးမ်ားရွိၿပီး စည္မ်ားကိုလည္း ဖုံးအုပ္ထားသည္။ လွည္းမ်ာကိုလည္း ဖုံးအုပ္လို႔ရႏိုင္သည္။ တစ္ခုတည္းေသာျပႆနာမွာ ခရီးစဥ္၏အခက္အခဲျဖစ္သည္။

စန္းေလာ့က တိုးတိုးေလး ေရ႐ြတ္လိုက္ေလသည္။

"မိုးတိတ္သြားဖို႔ ဒါမွမဟုတ္လည္း အနည္းဆုံး မိုးေသာက္ေလာက္ေရာက္ရင္ မိုးစဲသြားဖို႔ ေမွ်ာ္လင့္ပါတယ္"

ကေလးမ်ားႏိုးလာသည္ကိုျမင္ေတာ့ စန္းေလာ့ကသူတို႔အား မစိုးရိမ္ေတာ့ရန္ႏွင့္ အနားယူဖို႔အႀကံေပးလိုက္၏။

မိနစ္၃၀မွ်ၾကာေသာအခါ ေဘးခ်င္းကပ္အိပ္ယာမ်ားမွ အသက္ရႈသံ မွန္မွန္ထြက္လာေလသည္။ အဓိပၸာယ္ရွိပါသည္။ ကေလးမ်ားက ငွားရမ္းခအခြန္အတြက္ စိုးရိမ္ေနၾကၿပီး အိပ္ေပ်ာ္ခဲသည္။ သူတို႔သည္ သူမ ပဲႀကိတ္ရာတြင္ကူညီ‌ရန္ ေစာေစာထခဲ့ၾကၿပီး တစ္ေန႔လုံးမနားရေသးေပ။ သူတို႔ပင္ပန္းႏြမ္းနယ္ေနၾကသည္မွာ အံ့ဩစရာမဟုတ္ေပ။

ပထမတစ္ႀကိမ္ၾကက္တြန္သံတြင္ မိုးသံၾကားၿပီးထဲက မ်က္လုံးမွိတ္ၿပီး အနားယူေနေသာစန္းေလာ့သည္ ကေလးမ်ားမႏိုးေအာင္ ဂ႐ုတစိုက္ျဖင့္ အိပ္ယာထဲမွထၿပီး တို႔ဟူးႀကိတ္ရန္မီးဖိုေခ်ာင္သို႔သြားလိုက္၏။

ၿခံတံခါးကို တစ္ေယာက္ေယာက္ လာေခါက္ေသာအခါ သူမသည္ ႀကိတ္ေနသည္မွာ မၾကာေသးေခ်။ ခ်န္းယိုထ်န္း၏အသံကိုၾကားေတာ့ သူမသည္ သစ္သားပ်ဥ္ျပားႏွင့္တံခါးကိုဖြင့္ရန္ အလ်င္အျမန္သြားလိုက္၏။

ခ်န္းယိုထ်န္းတစ္ေယာက္ထဲျဖစ္ၿပီး သူတို႔သည္ တံစက္ၿမိတ္အမိုးေအာက္တြင္ စကားေျပာရန္‌ရပ္ေနၾကသည္။

ခ်န္းယိုထ်န္းသည္ မိုးသည္းေသာေၾကာင့္ စန္းေလာ့တစ္ေယာက္ တို႔ဟူးလုပ္ပါ့မလားဟု စိုးရိမ္မိေသာေၾကာင့္ ေစာေစာလာလိုက္၏။ သူက မိသားစုသုံးခုလုံးသည္ ပုံမွန္အတိုင္းဆက္လုပ္မည္ဟု သေဘာတူထားေၾကာင္းႏွင့္ အမ်ိဳးသားမ်ားသည္ စီရင္စုဂိတ္တံခါးသို႔တို႔ဟူး ကူသယ္ေပးမည့္အေၾကာင္းကို သူမအား အသိေပးလိုက္ေလသည္။

စန္းေလာ့က ၿပဳံးရင္းျပန္ေျဖလိုက္၏။

"အဲ့တာက ၿပီးႏွင့္ပါၿပီ။ ခါတိုင္းထက္ နည္းနည္းေနာက္က်ၿပီးမွ လာယူလို႔ရတယ္"

စိတ္သက္သာရာရသြားေသာခ်န္းယိုထ်န္းသည္ မိုးကာႏွင့္ဦးထုပ္ကိုဝတ္ဆင္ကာ ျမန္ျမန္ထြက္ခြာသြားေတာ့သည္။

သူ႔အိမ္သို႔ျပန္ေရာက္ေသာအခါ ခ်န္းေလာင္ဟန္၊ ခ်န္းဘြားဘြားႏွင့္ ခ်င္ဖန္းညန္တို႔သည္ ႏိုးေနၾကၿပီး ပင္မအခန္းထဲတြင္ ေစာင့္ေနၾက၏။ သူျပန္ေရာက္ေသာအခါ သြားခဲ့သည့္အေၾကာင္းႏွင့္ပတ္သက္ၿပီး ေမးျမန္းၾကေလသည္။

ခ်န္ယိုထ်န္းက အစီရင္ခံလိုက္၏။

"တာဝန္ခံ႐ႊီအေပၚမွာ ကြၽန္ေတာ္တို႔ ကတိမဖ်က္ေလာက္ဘူးဆိုၿပီး ခန္႔မွန္းထားတာမလို႔ သူမက တို႔ဟူးလုပ္ႏွင့္ၿပီးသြားၿပီ"

သူ႔မိုးကာကိုခ်ိတ္လိုက္ရင္း မွတ္ခ်က္ေပးလိုက္၏။

"စန္းေလာ့က သူ႔ဝင္ေငြရဖို႔ အေတာ္ေလးႀကိဳးစားတယ္။ ပထမၾကက္တြန္သံပဲရွိေသးတယ္ သူမက မီး‌ဖိုေခ်ာင္ထဲမွာ အလုပ္မ်ားေနၿပီ"

ယွဥ္ၾကည့္ပါက သူတို႔သည္ မိုးမ႐ြာသည့္ေန႔မ်ားတြင္ ေဈးဆိုင္၌ ေဈးေရာင္းရင္းျဖင့္ပင္ တစ္နာရီခြဲ ပိုအိပ္လို႔ရႏိုင္သည္။

အဘြားခ်န္းက သက္ျပင္းခ်လိုက္၏။

"ပိုက္ဆံရွာရတာ ခက္ခဲလိုက္တာ။ ဘယ္အရာမွေတာ့ လြယ္လြယ္ မလာပါဘူးေလ"

အထူးသျဖင့္ အိမ္တြင္ေယာက္်ားသားမရွိေသာေၾကာင့္ပင္။

ခ်န္းဘြားဘြားသည္ ေနာက္ဆုံးအေတြးတစ္ဝက္ကို သူမဘာသာေတြး ေနေလသည္။

အစပိုင္းတြင္ သူမသည္ စန္းေလာ့က ရွန္းအန္းႏွင့္ရွန္းနဥ္တို႔

You are reading the story above: TeenFic.Net