ဗိုက်ဆာလိုက်တာ....။
လူတစ်ယောက် သေသွားပြီးတာတောင် ဗိုက်ဆာတာကို ခံစားလို့ရသေးတာလား။
မူးနောက်နောက်ဖြစ်နေသည့် စန်းလော့သည် သည်အတွေးကို သေသေချာချာ စဉ်းစားလိုက်၏။ မရေရာသည့် အချိန်တစ်ခုကြာပြီးသွားနောက်တွင် အင်မတန်ဆာလောင်လွန်းလှသည့် မချိတင်ကဲဝေဒနာက နောက်ဆုံးတော့ သူမကို နိုးထလိုက်လေသည်။
နှင်းစက်လို ငွေရောင်သန်းနေသည့် လရောင်က အခန်းထဲတွင် သာနေသည်။ သူမသည် အတိုင်းအတာတစ်ခုအထိ ဇဝေဇဝါဖြစ်သွားပြီး သူမ၏စိတ်တို့က အခိုက်တန့် ဝေဝါးသွားပြီးမှ သူမ သေသွားခဲ့သယောင် ပြန်စဉ်းစားမိလိုက်သည်။ ဒါပေမဲ့ ဒါက အပလောကနဲ့လည်းမတူပါဘူး။ ဟုတ်တယ်မလား။
ညအချိန်ဖြစ်နေသော်လည်း လရောင်က သူမသည် လုံးဝမရင်းနှီးလှသည့် အိမ်တစ်လုံးထဲတွင် ရောက်နေကြောင်း ဖော်ပြရန် လုံလောက်သည်အထိ တောက်ပနေလေသည်။
သူမက လက်ချောင်းဖျားများကို အနည်းငယ် လှုပ်ရှားကြည့်လိုက်ပြီး အသက်ရှူသံတစ်ချက်စီတွက် သူမခန္ဓာကိုယ်၏အခြေအနေကို အကဲဖြတ်လိုက်၏။ အားနည်းနေသလို ခံစားရသော်လည်း သူမသည် ရောဂါ၏မချိတင်ကဲဝေဒနာမှာ လွှတ်မြောက်သွားခဲ့သည်။ နည်းနည်းလောက် အင်အားကို စုစည်းလိုက်ပြီး သူမ၏လက်ကို နှလုံးပေါ်တွင် တင်ထားလိုက်၏။ သူမ၏အသားအရေက နွေးနေပြီး သူမ၏နှလုံးခုန်နှုန်းမှာ အားနည်းသော်လည်း ရှိနေသည်မှာတော့ သေချာသည်။
ငါ အသက်ရှင်နေသေးတာလား။
သည်အတွေးက သူမ၏စိတ်ထဲ ဖြတ်ပြေးသွားသည်နှင့် ရုတ်တရက် ပြင်းထန်သည့် နာကျင်မှုတစ်ခုနှင့်အတူ တစ်စုံတစ်ခုက သူမ၏အုံးနှောက်ထဲတွင် ရှင်းမပြတတ်အောင် လိပ်တက်လာလေသည်။စန့်လော့က ကျောကော့လိုက်ပြီး အလိုလို ခေါင်းကို ဖိကိုင်ပြီးသားဖြစ်သွားတော့သည်။ တစ်ခြားလူတစ်ယောက်၏ မှတ်ဉာဏ်က တိုးဝင်လာပြီး သူမ၏မှတ်ဉာဏ်များနှင့် ရောနှောသွားခဲ့သည်။ သည်မှတ်ဉာဏ်များကို လက်ခံလိုက်ပြီး သူသည် အချိန်ခရီးသွားခဲ့သည်ကို နားလည်သွားသည့်အချိနတင် သူမသည် နာကျင်မှုကြောင့် ချွေးအေးများနှင့် ရွှဲနစ်နေတော့သည်။
စန်းလော့က အားပြုကာ အိပ်ရာပေါ်တွင် ထောက်လိုက်ပြီး သူမ၏ 'မှတ်ဉာဏ်'ထဲကနှင့် တစ်ထပ်တည်းတူသည့် သက်ကယ်တဲကို လရောင်အောက်တွင် လေ့လာကြည့်လိုက်၏။
ငါက ချန်နိုင်ငံလို့ခေါ်တဲ့ မင်းဆက်တစ်ခုကို အချိန်ခရီးသွားခဲ့တာပဲ။ ဒီမူလန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်ကလည်း စန်းလော့တဲ့။ သာမန်မိသားစုတစ်ခုမှာ မွေးလာတဲ့ ၁၅နှစ်အရွယ် ကောင်မလေးတစ်ယောက်။ သူ့မိသားစုက ရေဘေးမှာ ပျက်စီးခဲ့ရပြီး သူ့ကို တစ်ကောင်ကြွက်အနေနဲ့ ထားခဲ့ကြတာ။ သူ့မှာ ကံကောင်းလို့ အသက်ရှင်ခဲ့ပြီး ဆွေမျိုးတွေနဲ့ ကပ်ဘေးကနေ ထွက်ပြေးနေရတာ။
ချီယန်စီရင်စုကို ရောက်လာတော့ သူ့မျိုးနွယ္က လူအများစုက အစာရေစာနဲ့ ငွေတွေပြတ်လပ်နေပြီ။ သူတို့တွေက တောင်ပိုင်းကို ဆက်လာခဲ့လိုက်ကြပြီး လမ်းတစ်လျှောက် တောင်းရမ်းစားသောက်ကြပြီး တောင်ပေါ်နဲ့ လယ်ယာခင်းထဲက တောရိုင်းအသီးနဲ့ အရွက်တွေကို ခူးစားခဲ့ရတယ်။
ဒါပေမဲ့ ငတ်မွတ်မှုဘေးကနေ ထွက်ပြေးလာပြီး လအတော်ကြာပြီးနောက်မှာ လူအများစုက ဒုက္ခကို မခံစားနိုင်ကြတော့ဘူး။ ကလေးသူငယ်တွေကို ရောင်းတာက ပုံမှန်အလေ့အထလိုဖြစ်လာခဲ့တယ်။ ကလေးတွေကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးပြီး မိသားစုအတွက်တော့ အထောက်အပံ့ဖြစ်အောင်လို့လေ။
အခု မိသားစုမရှိတော့တဲ့ ဒီခန္ဒာကိုယ်ရဲ့ပိုင်ရှင်ကလည်း ချင်းဖူမြို့ငယ်လေးက လီမိသားစုနဲ့ မမျှော်လင့်ဘဲ သွားတွေ့ခဲ့တာပဲ။ သူတို့တူလေးအတွက် သတို့သမီးတစ်ယောက် ဝယ်ပေးချင်လို့တဲ့လေ။
သူမ ကြားတာက အဲဒီတူလေးနာမည်က ရှန်းလီတဲ့။ အရပ်မြင့်မြင့် သန်သန်မာမာ ယောကျ်ားတစ်ယောက်။ လောင်းကစားကင်းပြီး ရက်စက်တာမျိုးမရှိပေမဲ့ အခုတော့ စစ်မှုထမ်းနေရပြီး ပြန်မလာသေးဘူးတဲ့။
စစ်မှုထမ်းနေတဲ့ ခင်ပွန်းသည့်ကို စွန့်စားပြီး လယ်သမားမိသားစုထဲကို လက်ထပ်လိုက်ရတာက ကိုယ့်ဟာကို အစေခံအဖြစ် ရောင်းလိုက်တာထက်တော့ ပိုကောင်းသေးတယ်လေ။ သွားစရာနေရာလဲမရှိ။ ဖျားနေနဲ့ သူတို့မျိုးနွယ်က အဒေါ်ကိုလည်း စောင့်ရှောက်ရဆိုတော့ သူမလည်း ဈေးညှိနေသေးတဲ့ အမျိုးသမီးလီဆီကို သတ္တိမွေးပြီး ချဥ◌်းကပ်သွားလိုက်ပြီး အစားအသောက်အိတ်တဝက်နဲ့ အစေခံမဟုတ်ဘဲ ရှန်းမိသားစုရဲ့ သတို့သမီးအဖြစ် ကိုယ့်ဟာကိုယ် ရောင်းစားလိုက်တော့တယ်။
သူမက မျိုးနွယ်က ဦးလေးနဲ့အဒေါ်ကို အစားအသောက် အားလုံးပေးလိုက်ပြီးတော့ အမျိုးသမီးလီနောက်ကနေ ရှီလီရွာကို လိုက်လာခဲ့လိုက်တယ်။
အမျိုးသမီးလီက စန်းလော့ထက် အများကြီးစီးပွားရေးတွက်တတ်သေးတယ်။ သူမက စန်းလော့ကို မဝယ်လိုက်ရလို့ အရောင်းစာချုပ်မရှိပေမဲ့ ဆန်းအိတ်ဝက်လောက်လေးပဲသုံးပြီး တပြားမှပိုမပေးခဲ့ဘူးလေ။
ရွာကို ပြန်ရောက်လာတော့ အမျိုးသမီးလီက မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အိမ်ထောင်စုစာရင်းကို ရှန်းမိသားစုထဲ မြန်မြန်ပြောင်းထည့်လိုက်ပြီး ရှန်းလီနဲ့ လက်ထပ်စာချုပ်ကို ချက်ချင်း လုပ်ပေးလိုက်တယ်။
အဲဒီအခါကျမှ မူလခန္ဓာကိုယ်ပိုင်ရှင်က သိလိုက်ရတယ်။ သူ့ရဲ့အမည်ခံခင်ပွန်းသည်က စစ်မှုထမ်းသွားလိုက်တာ နှစ်နှစ်နဲ့သုံးလရှိပြီး တိုက်ပွဲမှာ ကျသွားပြီဆိုတဲ့ ကောလဟာလတွေ ထွက်နေတာပဲ။
တနည်းပြောရရင် သူမက အခုပဲ လက်ထပ်၊ အခုပဲ မုဆိုးမ ဖြစ်သွားတာပေါ့။
မူလခန္ဓာကိုယ် ပိုင်ရှင်က ကြောက်ရွံ့ပြီး တွေဝေနေခဲ့ပေမဲ့လည်း ရွေးစရာမရှိတော့ဘူးလေ။ လှည့်ပတ်တောင်းစားနေတာထက်၊ အစေခံအဖြစ် ရောင်းစားခံလိုက်ရတာထက်တော့ ဒါက ပိုကောင်းနေသေးတာကိုး။ အနည်းဆုံးတော့ အခု သူ့မှာ 'အိမ်'ရှိသွားပြီလေ။
ဆုံးပါးသွားတဲ့ ရှန်းလီအတွက် ဇနီးတစ်ယောက် ရှာပေးခဲ့တဲ့ အမျိုးသမီးလီရဲ့ အကြောင်းပြချက်ကတော့ မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် အထူးအဆန်း ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ သူမ ရှန်းအိမ်ကို ပြောင်းလာပြီး လဝက်ကြာတဲ့အခါမှာတော့ ရှင်းလင်းသွားခဲ့တယ်။
ရှန်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲဝေတဲ့နေရာမှာ ပင်မအိမ်ရဲ့ အကြီးဆုံးချွေးမဖြစ်တဲ့ သူမက အခုမှ အသက်၉နှစ်ပဲရှိသေးတဲ့ ရှန်းလီရဲ့ အမွှာမောင်နှမနှစ်ယောက်နဲ့ အိမ်ခွဲလိုက်ရတယ်လေ။
အဲဒီအချိန်ကျမှ အမျိုးသမီးလီက သူမကို ဆန်အိတ်ဝက်နဲ့ အလဲအလှယ်လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားခဲ့တယ်။
ဝန်ထုပ်ဝန်းပိုးကို ဗြောင်ကျကျ ခွာချလိုက်တဲ့နည်းလမ်းတစ်ခုပဲ။
နှစ်တိုင်း စစ်မက်ဖြစ်ပွားပြီး ရေလွှမ်းမိုးလိုက်၊ မိုးခေါင်လိုက်နဲ့ အမျိုးမျိုးသော ကပ်ဘေးဖြစ်နေတဲ့ ချန်မင်းဆက်ဟာဆိုရင် သာမန်ပြည်သူတွေရဲ့ဘဝကို ခက်ခဲအောင် လုပ်ခဲ့တာပဲ။ ရှန်းမိသားစုကလည်း ဒီနေရာကို လွန်ခဲ့တဲ့ ကိုးနှစ်က ထွက်ပြေးလာခဲ့ရပြီး မိသားစုကို ကာကွယ်ရင်း၊ ဖျားနာပြီး ဆာလောင်မှုကို ခံစားရင်းနဲ့ လမ်းမှာ လူတစ်ဝက်ကျော်လုံး ဆုံးပါးခဲ့ရတယ်။
ရှန်းမိသားစုရဲ့ မိသားစုသုံးခုမှာ စုပေါင်းပြီး ထွက်လာခဲ့ကြပေမဲ့ ပထမမိသားစုမှာတော့ အသက်ကိုးနှစ်အရွယ် ရှန်းလီနဲ့ လမ်းမှာ အမွှာနှစ်ယောက်ကို မွေးပြီးပြီးချင်း ဆုံးသွားခဲ့တဲ့ သူ့အမေ အမျိုးသမီးကျန်းတို့ပဲ ကျန်ခဲ့တာပေါ့။ ဒုတိယမိသားစုကတော့ အသက်မရှင်ခဲ့ပါဘူး။ တတိယမိသားစုမှာ ကလေးမရှိသေးတဲ့ လက်ထပ်ပြီးစ စုံတွဲနှစ်ယောက်က သူတို့ရဲ့ အစားအသောက်နဲ့ ရေတွေကို ချွေတာရင်း နှစ်ယောက်လုံး အသက်ရှင်ခဲ့ကြတယ်။
အဲဒီကတည်းက ပင်မအိမ်က ကလေးသုံးယောက်က သူတို့ရဲ့ဦးလေးနဲ့အဒေါ်နဲ့အတူ နေလာခဲ့ကြတာပေါ့။
အစပိုင်းတုန်းကတော့ အခြေအနေတွေက အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ ရှီလီရွာမှာ အခြေချပြီးတဲ့နောက်ပိုင်း အမျိုးသမီးလီက သုံးနှစ်အတွင်း ကလေးနှစ်ယောက် မွေးခဲ့ပြီး ခုနှစ်နှစ်အတွင်းမှာ ကလေး လေးယောက် ရှိလာခဲ့တယ်။ သားသုံးယောက်နဲ့ သမီးတစ်ယောက်။ သူမရဲ့ကလေးအရင်းတွေ ရှိလာတော့ သူမရဲ့အာရုံက အလိုလို ပြောင်းသွားပြီပေါ့။ ပင်မအိမ်က ကလေးတွေက တတိယမိသားစုရဲ့ ပထမဆုံးကလေးမွေးပြီးတဲ့အချိန်ကစပြီး ပိုခက်ခဲတဲ့ဘဝကို ရောက်လာခဲ့ကြတယ်။
ကံကောင်းခြင်တော့ ရှန်းလီက ငယ်သေးပေမဲ့ သူ့ညီနဲ့ညီမလေးတွေကို စောင့်ရှောက်တဲ့နေရာမှာ တော်တော်လေး အရည်အချင်းရှိတယ်လေ။ သူ့မိဘရဲ့အမွေကို ဆက်ခံတယ်ပြောရမယ်။ သူက ရွယ်တူတွေထက် ပိုထွားပြီး အသက် ၁၂-၁၃အရွယ်မှာ သူက အိမ်ရဲ့ ထောက်တိုင်တစ်ခုလို့ မှတ်ယူရလောက်အောင် သန်မာနေပြီ။ ဦးလေးရှန်နဲ့ အမျိုးသမီးလီတို့က ဒီအချက်ကို တန်ဖိုးထားတာကြောင့် ပိုငယ်သေးတဲ့ တူလေးနဲ့တူမလေးကို အောင့်အီးပြီး ကျွေးမွေးခဲ့တာပေါ့။
လွန်ခဲ့နှစ်နှစ်က တော်ဝင်ရုံးတော်က စစ်မှုထမ်းရမယ်လို့ စပြီးအမိန့်ထုတ်တဲ့အချိန်မှာတော့ ပြဿနာက စတော့တာပဲ။ ရှန်းမိသားစုမှာ အသင့်တော်ဆုံးလူက မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သူ ဦးလေးရှန်း ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူက စစ်မြေပြင်ကို သွားရဲမှာတဲ့လား။ သူ့ကို သတ်မယ်လို့ ပြောရင်တောင် သူ မသွားရဲဘူးလေ။
အားထုတ်မှုတွေ အများကြီး မလုပ်လိုက်ရဘဲနဲ့ ဦးလေးရှန်းက သူရဲ့၁၆နှစ်အရွယ် တူလေးကို မျက်စိကျတော့တာပဲ။ သူက ဒေသအရာရှိတဲ့ ကိစ္စတွေကို လျို့ဝှက်စီစဥ◌်လိုက်ပြီး တင်သွင်းခံလိုက်တဲ့နာမည်က ရှန်းလီနာမည် ဖြစ်သွားခဲ့တယ်။
ပင်မအိမ်နဲ့ တတိယမိသားစုတို့က ခွဲမနေကြတာမလို့ အိမ်ထောင်ဦးအနေနဲ့ ဦးလေးရှန်းရဲ့စကားက မိသားစုကိစ္စတွေမှာ အလိုလို အရာရောက်ခဲ့တာပေါ့။
ရှန်းလီက တောင်ပေါ်ကနေ ပြန်လာတဲ့အချိန် အခြေအနေကို နားမလည်နိုင်သေးခင်မှာပဲ စစ်ဘက်အရာရှိတွေ ဆွဲခေါ်သွားတာ ခံလိုက်ရတယ်။
...
Zawgyi
ဗိုက္ဆာလိုက္တာ....။
လူတစ္ေယာက္ ေသသြားၿပီးတာေတာင္ ဗိုက္ဆာတာကို ခံစားလို႔ရေသးတာလား။
မူးေနာက္ေနာက္ျဖစ္ေနသည့္ စန္းေလာ့သည္ သည္အေတြးကို ေသေသခ်ာခ်ာ စဥ္းစားလိုက္၏။ မေရရာသည့္ အခ်ိန္တစ္ခုၾကာၿပီးသြားေနာက္တြင္ အင္မတန္ဆာေလာင္လြန္းလွသည့္ မခ်ိတင္ကဲေဝဒနာက ေနာက္ဆုံးေတာ့ သူမကို ႏိုးထလိုက္ေလသည္။
ႏွင္းစက္လို ေငြေရာင္သန္းေနသည့္ လေရာင္က အခန္းထဲတြင္ သာေနသည္။ သူမသည္ အတိုင္းအတာတစ္ခုအထိ ဇေဝဇဝါျဖစ္သြားၿပီး သူမ၏စိတ္တို႔က အခိုက္တန႔္ ေဝဝါးသြားၿပီးမွ သူမ ေသသြားခဲ့သေယာင္ ျပန္စဥ္းစားမိလိုက္သည္။ ဒါေပမဲ့ ဒါက အပေလာကနဲ႔လည္းမတူပါဘူး။ ဟုတ္တယ္မလား။
ညအခ်ိန္ျဖစ္ေနေသာ္လည္း လေရာင္က သူမသည္ လုံးဝမရင္းႏွီးလွသည့္ အိမ္တစ္လုံးထဲတြင္ ေရာက္ေနေၾကာင္း ေဖာ္ျပရန္ လုံေလာက္သည္အထိ ေတာက္ပေနေလသည္။
သူမက လက္ေခ်ာင္းဖ်ားမ်ားကို အနည္းငယ္ လႈပ္ရွားၾကည့္လိုက္ၿပီး အသက္ရႉသံတစ္ခ်က္စီတြက္ သူမခႏၶာကိုယ္၏အေျခအေနကို အကဲျဖတ္လိုက္၏။ အားနည္းေနသလို ခံစားရေသာ္လည္း သူမသည္ ေရာဂါ၏မခ်ိတင္ကဲေဝဒနာမွာ လႊတ္ေျမာက္သြားခဲ့သည္။ နည္းနည္းေလာက္ အင္အားကို စုစည္းလိုက္ၿပီး သူမ၏လက္ကို ႏွလုံးေပၚတြင္ တင္ထားလိုက္၏။ သူမ၏အသားအေရက ေႏြးေနၿပီး သူမ၏ႏွလုံးခုန္ႏႈန္းမွာ အားနည္းေသာ္လည္း ရွိေနသည္မွာေတာ့ ေသခ်ာသည္။
ငါ အသက္ရွင္ေနေသးတာလား။
သည္အေတြးက သူမ၏စိတ္ထဲ ျဖတ္ေျပးသြားသည္ႏွင့္ ႐ုတ္တရက္ ျပင္းထန္သည့္ နာက်င္မႈတစ္ခုႏွင့္အတူ တစ္စုံတစ္ခုက သူမ၏အုံးေႏွာက္ထဲတြင္ ရွင္းမျပတတ္ေအာင္ လိပ္တက္လာေလသည္။စန႔္ေလာ့က ေက်ာေကာ့လိုက္ၿပီး အလိုလို ေခါင္းကို ဖိကိုင္ၿပီးသားျဖစ္သြားေတာ့သည္။ တစ္ျခားလူတစ္ေယာက္၏ မွတ္ဉာဏ္က တိုးဝင္လာၿပီး သူမ၏မွတ္ဉာဏ္မ်ားႏွင့္ ေရာေႏွာသြားခဲ့သည္။ သည္မွတ္ဉာဏ္မ်ားကို လက္ခံလိုက္ၿပီး သူသည္ အခ်ိန္ခရီးသြားခဲ့သည္ကို နားလည္သြားသည့္အခ်ိနတင္ သူမသည္ နာက်င္မႈေၾကာင့္ ေခြၽးေအးမ်ားႏွင့္ ႐ႊဲနစ္ေနေတာ့သည္။
စန္းေလာ့က အားျပဳကာ အိပ္ရာေပၚတြင္ ေထာက္လိုက္ၿပီး သူမ၏ 'မွတ္ဉာဏ္'ထဲကႏွင့္ တစ္ထပ္တည္းတူသည့္ သက္ကယ္တဲကို လေရာင္ေအာက္တြင္ ေလ့လာၾကည့္လိုက္၏။
ငါက ခ်န္ႏိုင္ငံလို႔ေခၚတဲ့ မင္းဆက္တစ္ခုကို အခ်ိန္ခရီးသြားခဲ့တာပဲ။ ဒီမူလႏၶာကိုယ္ပိုင္ရွင္ရဲ႕နာမည္ကလည္း စန္းေလာ့တဲ့။ သာမန္မိသားစုတစ္ခုမွာ ေမြးလာတဲ့ ၁၅ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္။ သူ႔မိသားစုက ေရေဘးမွာ ပ်က္စီးခဲ့ရၿပီး သူ႔ကို တစ္ေကာင္ႂကြက္အေနနဲ႔ ထားခဲ့ၾကတာ။ သူ႔မွာ ကံေကာင္းလို႔ အသက္ရွင္ခဲ့ၿပီး ေဆြမ်ိဳးေတြနဲ႔ ကပ္ေဘးကေန ထြက္ေျပးေနရတာ။
ခ်ီယန္စီရင္စုကို ေရာက္လာေတာ့ သူ႔မ်ိဳးႏြယၠ လူအမ်ားစုက အစာေရစာနဲ႔ ေငြေတြျပတ္လပ္ေနၿပီ။ သူတို႔ေတြက ေတာင္ပိုင္းကို ဆက္လာခဲ့လိုက္ၾကၿပီး လမ္းတစ္ေလွ်ာက္ ေတာင္းရမ္းစားေသာက္ၾကၿပီး ေတာင္ေပၚနဲ႔ လယ္ယာခင္းထဲက ေတာ႐ိုင္းအသီးနဲ႔ အ႐ြက္ေတြကို ခူးစားခဲ့ရတယ္။
ဒါေပမဲ့ ငတ္မြတ္မႈေဘးကေန ထြက္ေျပးလာၿပီး လအေတာ္ၾကာၿပီးေနာက္မွာ လူအမ်ားစုက ဒုကၡကို မခံစားႏိုင္ၾကေတာ့ဘူး။ ကေလးသူငယ္ေတြကို ေရာင္းတာက ပုံမွန္အေလ့အထလိုျဖစ္လာခဲ့တယ္။ ကေလးေတြကို အသက္ရွင္ဖို႔ အခြင့္အေရးတစ္ခုေပးၿပီး မိသားစုအတြက္ေတာ့ အေထာက္အပံ့ျဖစ္ေအာင္လို႔ေလ။
အခု မိသားစုမရွိေတာ့တဲ့ ဒီခႏၵာကိုယ္ရဲ႕ပိုင္ရွင္ကလည္း ခ်င္းဖူၿမိဳ႕ငယ္ေလးက လီမိသားစုနဲ႔ မေမွ်ာ္လင့္ဘဲ သြားေတြ႕ခဲ့တာပဲ။ သူတို႔တူေလးအတြက္ သတို႔သမီးတစ္ေယာက္ ဝယ္ေပးခ်င္လို႔တဲ့ေလ။
သူမ ၾကားတာက အဲဒီတူေလးနာမည္က ရွန္းလီတဲ့။ အရပ္ျမင့္ျမင့္ သန္သန္မာမာ ေယာက်္ားတစ္ေယာက္။ ေလာင္းကစားကင္းၿပီး ရက္စက္တာမ်ိဳးမရွိေပမဲ့ အခုေတာ့ စစ္မႈထမ္းေနရၿပီး ျပန္မလာေသးဘူးတဲ့။
စစ္မႈထမ္းေနတဲ့ ခင္ပြန္းသည့္ကို စြန႔္စားၿပီး လယ္သမားမိသားစုထဲကို လက္ထပ္လိုက္ရတာက ကိုယ့္ဟာကို အေစခံအျဖစ္ ေရာင္းလိုက္တာထက္ေတာ့ ပိုေကာင္းေသးတယ္ေလ။ သြားစရာေနရာလဲမရွိ။ ဖ်ားေနနဲ႔ သူတို႔မ်ိဳးႏြယ္က အေဒၚကိုလည္း ေစာင့္ေရွာက္ရဆိုေတာ့ သူမလည္း ေဈးညႇိေနေသးတဲ့ အမ်ိဳးသမီးလီဆီကို သတၱိေမြးၿပီး ခ်ဥ◌္းကပ္သြားလိုက္ၿပီး အစားအေသာက္အိတ္တဝက္နဲ႔ အေစခံမဟုတ္ဘဲ ရွန္းမိသားစုရဲ႕ သတို႔သမီးအျဖစ္ ကိုယ့္ဟာကိုယ္ ေရာင္းစားလိုက္ေတာ့တယ္။
သူမက မ်ိဳးႏြယ္က ဦးေလးနဲ႔အေဒၚကို အစားအေသာက္ အားလုံးေပးလိုက္ၿပီးေတာ့ အမ်ိဳးသမီးလီေနာက္ကေန ရွီလီ႐ြာကို လိုက္လာခဲ့လိုက္တယ္။
အမ်ိဳးသမီးလီက စန္းေလာ့ထက္ အမ်ားႀကီးစီးပြားေရးတြက္တတ္ေသးတယ္။ သူမက စန္းေလာ့ကို မဝယ္လိုက္ရလို႔ အေရာင္းစာခ်ဳပ္မရွိေပမဲ့ ဆန္းအိတ္ဝက္ေလာက္ေလးပဲသုံးၿပီး တျပားမွပိုမေပးခဲ့ဘူးေလ။
႐ြာကို ျပန္ေရာက္လာေတာ့ အမ်ိဳးသမီးလီက မူလခႏၶာကိုယ္ပိုင္ရွင္ရဲ႕ အိမ္ေထာင္စုစာရင္းကို ရွန္းမိသားစုထဲ ျမန္ျမန္ေျပာင္းထည့္လိုက္ၿပီး ရွန္းလီနဲ႔ လက္ထပ္စာခ်ဳပ္ကို ခ်က္ခ်င္း လုပ္ေပးလိုက္တယ္။
အဲဒီအခါက်မွ မူလခႏၶာကိုယ္ပိုင္ရွင္က သိလိုက္ရတယ္။ သူ႔ရဲ႕အမည္ခံခင္ပြန္းသည္က စစ္မႈထမ္းသြားလိုက္တာ ႏွစ္ႏွစ္နဲ႔သုံးလရွိၿပီး တိုက္ပြဲမွာ က်သြားၿပီဆိုတဲ့ ေကာလဟာလေတြ ထြက္ေနတာပဲ။
တနည္းေျပာရရင္ သူမက အခုပဲ လက္ထပ္၊ အခုပဲ မုဆိုးမ ျဖစ္သြားတာေပါ့။
မူလခႏၶာကိုယ္ ပိုင္ရွင္က ေၾကာက္႐ြံ႕ၿပီး ေတြေဝေနခဲ့ေပမဲ့လည္း ေ႐ြးစရာမရွိေတာ့ဘူးေလ။ လွည့္ပတ္ေတာင္းစားေနတာထက္၊ အေစခံအျဖစ္ ေရာင္းစားခံလိုက္ရတာထက္ေတာ့ ဒါက ပိုေကာင္းေနေသးတာကိုး။ အနည္းဆုံးေတာ့ အခု သူ႔မွာ 'အိမ္'ရွိသြားၿပီေလ။
ဆုံးပါးသြားတဲ့ ရွန္းလီအတြက္ ဇနီးတစ္ေယာက္ ရွာေပးခဲ့တဲ့ အမ်ိဳးသမီးလီရဲ႕ အေၾကာင္းျပခ်က္ကေတာ့ မူလခႏၶာကိုယ္ပိုင္ရွင္အတြက္ အထူးအဆန္း ျဖစ္ေနတုန္းပဲ။ ဒါေပမဲ့ သူမ ရွန္းအိမ္ကို ေျပာင္းလာၿပီး လဝက္ၾကာတဲ့အခါမွာေတာ့ ရွင္းလင္းသြားခဲ့တယ္။
ရွန္းမိသားစုရဲ႕ပိုင္ဆိုင္မႈေတြကို ခြဲေဝတဲ့ေနရာမွာ ပင္မအိမ္ရဲ႕ အႀကီးဆုံးေခြၽးမျဖစ္တဲ့ သူမက အခုမွ အသက္၉ႏွစ္ပဲရွိေသးတဲ့ ရွန္းလီရဲ႕ အမႊာေမာင္ႏွမႏွစ္ေယာက္နဲ႔ အိမ္ခြဲလိုက္ရတယ္ေလ။
အဲဒီအခ်ိန္က်မွ အမ်ိဳးသမီးလီက သူမကို ဆန္အိတ္ဝက္နဲ႔ အလဲအလွယ္လုပ္ခဲ့တဲ့ ရည္႐ြယ္ခ်က္ကို သေဘာေပါက္သြားခဲ့တယ္။
ဝန္ထုပ္ဝန္းပိုးကို ေျဗာင္က်က် ခြာခ်လိုက္တဲ့နည္းလမ္းတစ္ခုပဲ။
ႏွစ္တိုင္း စစ္မက္ျဖစ္ပြားၿပီး ေရလႊမ္းမိုးလိုက္၊ မိုးေခါင္လိုက္နဲ႔ အမ်ိဳးမ်ိဳးေသာ ကပ္ေဘးျဖစ္ေနတဲ့ ခ်န္မင္းဆက္ဟာဆိုရင္ သာမန္ျပည္သူေတြရဲ႕ဘဝကို ခက္ခဲေအာင္ လုပ္ခဲ့တာပဲ။ ရွန္းမိသားစုကလည္း ဒီေနရာကို လြန္ခဲ့တဲ့ ကိုးႏွစ္က ထြက္ေျပးလာခဲ့ရၿပီး မိသားစုကို ကာကြယ္ရင္း၊ ဖ်ားနာၿပီး ဆာေလာင္မႈကို ခံစားရင္းနဲ႔ လမ္းမွာ လူတစ္ဝက္ေက်ာ္လုံး ဆုံးပါးခဲ့ရတယ္။
ရွန္းမိသားစုရဲ႕ မိသားစုသုံးခုမွာ စုေပါင္းၿပီး ထြက္လာခဲ့ၾကေပမဲ့ ပထမမိသားစုမွာေတာ့ အသက္ကိုးႏွစ္အ႐ြယ္ ရွန္းလီနဲ႔ လမ္းမွာ အမႊာႏွစ္ေယာက္ကို ေမြးၿပီးၿပီးခ်င္း ဆုံးသြားခဲ့တဲ့ သူ႔အေမ အမ်ိဳးသမီးက်န္းတို႔ပဲ က်န္ခဲ့တာေပါ့။ ဒုတိယမိသားစုကေတာ့ အသက္မရွင္ခဲ့ပါဘူး။ တတိယမိသားစုမွာ ကေလးမရွိေသးတဲ့ လက္ထပ္ၿပီးစ စုံတြဲႏွစ္ေယာက္က သူတို႔ရဲ႕ အစားအေသာက္နဲ႔ ေရေတြကို ေခြၽတာရင္း ႏွစ္ေယာက္လုံး အသက္ရွင္ခဲ့ၾကတယ္။
အဲဒီကတည္းက ပင္မအိမ္က ကေလးသုံးေယာက္က သူတို႔ရဲ႕ဦးေလးနဲ႔အေဒၚနဲ႔အတူ ေနလာခဲ့ၾကတာေပါ့။
အစပိုင္းတုန္းကေတာ့ အေျခအေနေတြက အဆင္ေျပပါေသးတယ္။ ဒါေပမဲ့ ရွီလီ႐ြာမွာ အေျခခ်ၿပီးတဲ့ေနာက္ပိုင္း အမ်ိဳးသမီးလီက သုံးႏွစ္အတြင္း ကေလးႏွစ္ေယာက္ ေမြးခဲ့ၿပီး ခုႏွစ္ႏွစ္အတြင္းမွာ ကေလး ေလးေယာက္ ရွိလာခဲ့တယ္။ သားသုံးေယာက္နဲ႔ သမီးတစ္ေယာက္။ သူမရဲ႕ကေလးအရင္းေတြ ရွိလာေတာ့ သူမရဲ႕အာ႐ုံက အလိုလို ေျပာင္းသြားၿပီေပါ့။ ပင္မအိမ္က ကေလးေတြက တတိယမိသားစုရဲ႕ ပထမဆုံးကေလးေမြးၿပီးတဲ့အခ်ိန္ကစၿပီး ပိုခက္ခဲတဲ့ဘဝကို ေရာက္လာခဲ့ၾကတယ္။
ကံေကာင္းျခင္ေတာ့ ရွန္းလီက ငယ္ေသးေပမဲ့ သူ႔ညီနဲ႔ညီမေလးေတြကို ေစာင့္ေရွာက္တဲ့ေနရာမွာ ေတာ္ေတာ္ေလး အရည္အခ်င္းရွိတယ္ေလ။ သူ႔မိဘရဲ႕အေမြကို ဆက္ခံတယ္ေျပာရမယ္။ သူက ႐ြယ္တူေတြထက္ ပိုထြားၿပီး အသက္ ၁၂-၁၃အ႐ြယ္မွာ သူက အိမ္ရဲ႕ ေထာက္တိုင္တစ္ခုလို႔ မွတ္ယူရေလာက္ေအာင္ သန္မာေနၿပီ။ ဦးေလးရွန္နဲ႔ အမ်ိဳးသမီးလီတို႔က ဒီအခ်က္ကို တန္ဖိုးထားတာေၾကာင့္ ပိုငယ္ေသးတဲ့ တူေလးနဲ႔တူမေလးကို ေအာင့္အီးၿပီး ေကြၽးေမြးခဲ့တာေပါ့။
လြန္ခဲ့ႏွစ္ႏွစ္က ေတာ္ဝင္႐ုံးေတာ္က စစ္မႈထမ္းရမယ္လို႔ စၿပီးအမိန႔္ထုတ္တဲ့အခ်ိန္မွာေတာ့ ျပႆနာက စေတာ့တာပဲ။ ရွန္းမိသားစုမွာ အသင့္ေတာ္ဆုံးလူက မိသားစုရဲ႕ အိမ္ေထာင္ဦးစီးျဖစ္သူ ဦးေလးရွန္း ျဖစ္ေနခဲ့တယ္။ ဒါေပမဲ့ သူက စစ္ေျမျပင္ကို သြားရဲမွာတဲ့လား။ သူ႔ကို သတ္မယ္လို႔ ေျပာရင္ေတာင္ သူ မသြားရဲဘူးေလ။
အားထုတ္မႈေတြ အမ်ားႀကီး မလုပ္လိုက္ရဘဲနဲ႔ ဦးေလးရွန္းက သူရဲ႕၁၆ႏွစ္အ႐ြယ္ တူေလးကို မ်က္စိက်ေတာ့တာပဲ။ သူက ေဒသအရာရွိတဲ့ ကိစၥေတြကို လ်ိဳ႕ဝွက္စီစဥ◌္လိုက္ၿပီး တင္သြင္းခံလိုက္တဲ့နာမည္က ရွန္းလီနာမည္ ျဖစ္သြားခဲ့တယ္။
ပင္မအိမ္နဲ႔ တတိယမိသားစုတို႔က ခြဲမေနၾကတာမလို႔ အိမ္ေထာင္ဦးအေနနဲ႔ ဦးေလးရွန္းရဲ႕စကားက မိသားစုကိစၥေတြမွာ အလိုလို အရာေရာက္ခဲ့တာေပါ့။
ရွန္းလီက ေတာင္ေပၚကေန ျပန္လာတဲ့အခ်ိန္ အေျခအေနကို နားမလည္ႏိုင္ေသးခင္မွာပဲ စစ္ဘက္အရာရွိေတြ ဆြဲေခၚသြားတာ ခံလိုက္ရတယ္။
...
You are reading the story above: TeenFic.Net