-----
ကိုယ်ကလေ တရုတ်ဆိုက်ကနေ ကြည့်ရေးတဲ့အပြင် ဟိုက တစ်ပိုင်းတစ်ပိုင်းကို ရှည်လို့ ပြန်ခွဲပြီး ဘာသာပြန်နေခဲ့တာရယ်….
အာ ဒီဝတ္ထုရဲ့ ရုပ်ပြကို တယ်လီဂရမ်ရဲ့ ဂရုမှာ နောက်လကစပြီး တင်မယ်သိလား…..
မင်းသားက ပြုံးကာ ပြောသည်။
တကယ်လို့များ အရှင်မင်းကြီးက မယုံကြည်ဘူးဆိုရင် ဘာကြောင့်များ ဒီမင်းသားနဲ့အတူ အပြင်ကို မထွက်ကြည့်တာပါလဲ၊အချိန်အကြာကြီးတောင် စောင့်ဆိုင်းစရာ မလိုလောက်ပါဘူး၊ အပြန်လမ်းမှာတင် တစ်မြို့တော်လုံးက အရှင်မင်းကြီးဟာ ပညာသင်သားများကို အထူးအလေးထားကြောင်း သိသွားကြမှာပါ
ကုယွမ့်ပိုင်က အနည်းငယ် စိတ်လှုပ်ရှားသွားဟန်ဖြင့် တံခါးအပြင်သို့ တချက် ကြည့်လိုက်သည်။ထျန်းဖူရှန်းက အလျင်စလို ရှေ့တိုးလာလျက် လေသံတိုးတိုးဖြင့် သတိပေးလျှောက်တင်သည်။
အရှင် ချင်ထျန်းကျန်းက လူတွေက ဒီနေ့မှာ မိုးရွာမယ်လို့ တွက်ချက်ထားပါတယ်။ဒါကြောင့် အရှင်အနေနဲ့ ဒီနေ့မှာ အပြင်ကို မထွက်သင့်ပါဘူး
မင်းသားဟယ်က သရော်ပြုံးပြုံးသည်။
အပြင်မှာ နေက ဒီလောက်သာနေတာ ဘယ်နေရာက မိုးရွာမှာလဲ ချင်ထျန်းကျန်းက လူတွေ မျက်လုံးဖွင့်ပြီး မတွက်ချက်ကြဘူးလား
( ချင်ထျန်းကျန်းက အလွယ်ပြောရရင် မိုးလေ၀သဌာနလိုပါပဲ)
ကုယွမ့်ပိုင်က မင်းသားဟယ်ကို ကြည့်ရင်း စားပွဲအနောက်တွင် ထိုင်နေရာမှ ထရပ်လိုက်သည်။
ဘာမှမဖြစ်ပါဘူး မင်းသားဟယ် ပြောသလို အပြင်တချက် ထွက်ကြည့်ကြရအောင်
ကျွမ်းယွမ်လုံ( ခ်န္ပီယံမ်ား နေထိုင်ရာ အေဆောက်အဦ)
ကုယွမ့်ပိုင်နှင့် မင်းသားတို့က ဒုတိယထပ်ရှိ ပြတင်းနားတွင် ၀င်ထိုင်လိုက်ကြသည်။ထိုနေရာ၏ နေရာတိုင်းတွင် အစိမ်းရောင်၀တ်စုံနှင့် စာသင်သားများ ရှိနေသည်။စာပေဆိုင်ရာ ရနံ့အငွေ့အသက်များက ပြည့်နှက်နေလေရာ ကုယွမ့်ပိုင်က အိပ်ချင်လာသည်။
မကြာခဏဆိုသလို ဟိုဟိုသည်သည် စားပြဲမ်ားမွ ကဗျာရွတ်ဖတ်သံ၊ တမ်းချင်းရွတ်သံများကို ကြားရသည်။ ကုယွမ့်ပိုင်တို့၏ စားပြဲကို သစ္သားရုပ္လို မျက်နှာတည်များနှင့် ကိုယ်ရံတော်များက ၀ိုင်းရပ်ကာ ရှိနေသည့်တိုင် ယဉ်ကျေးစွာ သုံးနှုန်း စကားပြောနေသံများကို မတားနိုင်ချေ။
အလုပ်သမားက ရောက်လာကာ မေးသည်။
ဘာမ်ား မွာမလဲ
ကုယွမ့်ပိုင်က ပြုံးကာ မေးသည်။
ဘာမ်ား ရနိုင်မလဲ
ကုယွမ့်ပိုင်က မှာပြီးနောက် စားပြဲထိုးက မင်းသားဟယ်ကို မေးသည်။
ညီအစ္ကိုက ဘာမွာမလဲ
မင်းသားဟယ်က အမေးခံရသည့်အခါ အနည်းငယ် တုန်သွားသည်။
မင်းသားဟယ်က ပြောသလို ကျွမ်းယွမ်ထဲတွင် စာသင်သားတိုင်းနီးပါး ရှိနေကြပြီး တော်၀င် အရှင်ဧကရာဇ်၏ သဘောထားကြီးမြတ်မှုကို တမြင့်တမား ချီးကျူး ပြောဆိုနေကြသည်။ အထူးသဖြင့် ဂျင်းပြုတ်ရည်ကြောင့် ကုန်းယွမ်မှ ကောင်းကောင်းမွန်မွန် ပြန်သွားနိုင်ကြသူများ ဖြစ်သည်။ ကုယွမ့်ပိုင်ကိုယ်တိုင်ပင် အဆုံးအဆမဲ့သော မိုးထိရောက်အောင် ချီးကျူးနေသံများကို ကြားပြီး ကြက်သီးထလာသည်။
ကုယွမ့်ပိုင်နှင့် မင်းသားဟယ်တို့၏ မျက်၀န်းများက တောက်ပလာသည်။ ပြောရလျင် မင်းသားဟယ်ကသာ အဓိက အကြံပေးခဲ့သူဖြစ်ပြီး နာမည်ကောင်းရသွားသူက သူ ဖြစ်နေသဖြင့် မင်းသားဟယ်က ဒေါသထွက်လာပြီး ချီးကျူးနေသူများကို ရိုက်သတ်ချင်လာသည်။
အစ်ကိုတော်က ကျန်းကို အပြင်ထွက်စေချင်ခဲ့တာက ဒီစကားတွေကို နားထောင်စေချင်ရုံသက်သက်တော့ မဟုတ်နိင်ဘူး
ကုယွမ့်ပိုင်က ပြုံးလျက် မေးသည်။
ထို့နောက် သူက ရွံ့ရှာသလို လေသံဖြင့် ပြောလာသည်။
စာသင်သားတွေ ဘေးကင်းစွာနဲ့ ပြန်သွားနိုင်ခဲ့တော့ အစ်ကိုတော်ရဲ့ အကျိုးပြုမှုက မေသးလွဘူး
မင်းသားဟယ်က ရယ်သော်လည်း စကားတော့ဖြင့် ဆိုမလာချေ။
ကုယွမ့်ပိုင်က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့သဖြင့် ပြတင်းနားကပ်ကာ တိတ်တဆိတ် ရယ်သည်။သူက အကျယ်ကြီးမရယ်သဖြင့် မင်းသားက မျက်နှာပျက်မည် မဟုတ်ချေ။ သူက ခေါင်းအနောက် ကျောပေါ်သို့ ဖြာကျနေသော ဆံပင်များက တုန်ခါသွားပြီး ပေါ်နေသော လက်ချောင်းသွယ်လေးများက ပျော်ရွှင်ဖွယ် ပန်းရောင်သန်းနေသည်။
မင်းသားဟယ်၏ မျက်နှာက မည်းမှောင်သွားသည်။ သူက ကြွေခွက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် ခပ်ပြင်းပြင်း လှောင်ရယ် ရယ်လိုက်သည်။
ကုယွမ့်ပိုင်တို့ ထိုအဆောက်အဦထဲသို့ ၀င်လာချိန်က အစောင့်များကလည်း ခြံရံလျက် ပါလာသဖြင့် လူအမ်ားက ပေါ်တင်ဖြစ်စေ မသိမသာဖြစ်စေ အာရုံစိုက်နေမိလေသည်။ မည်သို့ပင်ဆိုစေ ကုယွမ့်ပိုင်နှင့် မင်းသားဟယ်တို့က မြင့်မြတ်ကာ ထူးခြားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ ယခုကလည်း မြို့တော်တွင်ဖြစ်သဖြင့် သူတို့ဟာ မင်းသားများ သို့မဟုတ် အထက်တန်းလွှာများ၊ အမတ်များ တစ္ခုခု ဖြစ်ရမည်ဟု ထင်ထားကြသည်။
ထိုသို့သော အချိန်တွင် ကုယွမ့်ပိုင်က တိတ်တဆိတ် ရယ်လိုက်ကြောင်း မြင်လိုက်ရသောအခါ အချို့သော ငယ်ရွယ်သေးသည့် မျက်နှာဖြူ( အတွေ့အကြုံနု၊ ရှက်တတ်၊ အသားဖြူ၊ မျက်နှာရဲ ၊ သိသာ) စာသင်သားများကချောင်းကြည့်နေမိသည်အား ရှက်သွားကြပြီး အကြည့်လွှဲသွားကြသည်။
အပြာရောင်၀တ်စုံ၀တ်ထားတဲ့ ဒီအမျိုးသားလေးက ဂုဏ်အရှိန်အဝါ မြင့်မြတ်ပြီး တည်ကြည်တယ်။ သူက အပြာရောင် ၀တ်ထားပေမဲ့ ဒီအရောင်က သူရဲ့ တောက်ပမှုကို မဖုံးအုပ်ထားနိုင်ဘဲ သူ့ကို ပိုလို့သာ ထည်ဝါနေစေတယ်
ဒါပေမဲ့ သူတို့က အကြည့်လွန်သွားတော့ တောင်တန်းကြီးတွေလို့တောင် ထင်ရတဲ့ ကျောက်ရုပ် အစောင့်တွေက ခပ္စူးစူး လာစိုက်ကြည့်တာလေးပါပဲ က်န္တာ အဆင်ပြေပါတယ်
အစောင့်ခေါင်းဆောင် ကျန်းရွှီက တည်ကြည် အေးစက်သော မျက်နှာထားဖြင့် နေရာတိုင်းကို အသင့်အနေအထားဖြင့် စောင့်ကြည့်နေသည်။ သူက အရှင်မင်းကြီးကို အမြဲတမ်း ဘေးကင်းအောင် ကာကွယ်မည်ဟု ကတိပြုထားသည်။
နောက်ဆုံးတွင် ကုယွမ့်ပိုင်က အရယ်ရပ်သွားသည်။ သူက ပြတင်းဘောင်ပေါ် လက်တင်လိုက်လျက် မျက်နှာကို ဘောင်ဘေးနား ကပ်ထားလိုက်သည်။ အလွန်အကျွံရယ်မောခြင်းက သူ့ကို အားကုန်စေသည်။ထိုကြောင့် ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်လောက်အောင် အသက်ရှူ ပြင်းသွားသည်။ကုယွမ့်ပိုင်က အတတ်နိုင်ဆုံး အသက်ပြင်း ပြင်းရှူပြီး တည်ငြိမ်အောင် ထိန်းသည်။
မင်းသားဟယ်က အေးစက်စွာ ပြောသည်။
လူကြီးမင်း အနေနဲ့ မရယ္တာ ကောင်းမယ်
ကုယွမ့်ိပုင်၏ နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားလေသည်။ သို့သော် သူက ဂရုမစိုက်ချေ။ အမျိုးသားများက မျက်နှာကို ဂရုစိုက်သည်။ ကျန်းမာရေးမကောင်းသောကြောင့် သတိထားနေရမည်ဆိုလျင် သူက မျက်နှာပျက်ရပေလိမ့်မည်။
အစ်ကိုတော်က မစိုးရိမ်ပါနဲ့
ကုယွမ့်ပိုင်က ပြောသည်။
ညီတော်ရဲ့ ဒီခန္ဓာနဲ့ ရယ်နိုင်ပါသေးတယ်
ထို့နောက် စားပြဲထိုးက မှာထားသော ဟင်းပွဲများ လာချသည်။ကုယွမ့်ပိုင်အတွက် စားချင်စိတ်မရှိတော့သဖြင့် လက်ဖက်ရည်သာ သောက်ရင်း ပြတင်းအပြင်သို့ ကြည့်နေလိုက်သည်။
ဧကရာဇ်၏ အုပ်ချုပ်မှုအောက်တွင် အင်ပါယာမြို့တော်ကြီးက တည်ြိငမ်အေးချမ်းသည်။တဟန်က ပြည်သူအတွက် ပွင့်လင်းမြင်သာစွာ နေထိုင်ခွင့်ပြုထားပြီး အမျိုးသမီးများ၏ အဆင့်အတန်းကလည်း မနိမ့်ကျနချေ။ထိုကြောင့် လမ်းများပေါ်တွင် ဖြတ်သွားသော အမျိုးသမီးများကို တစ်ယောက်စနှစ်ယောက်စ မြင်ရနိုင်လေသည်။
ကုယွမ့်ပိုင်က ထိုမြင်ကွင်းကို သဘောကျသည်။ သူက နံရံကို မှီထားလျက် လက်ဖက်ရည်ခွက်ကို လက္တဖက္က ကိုင်ထားပြီး အပြင်သို့ ငေးကာ မြင်ကွင်းကို ခံစားနေမိသွားသည်။
ချူေ၀့ကလည်း မိတ်ဆွေ၏ ဖိတ်ကြားမှုဖြင့် အကယ်ဒမီသို့ ထွက်လာခဲဲ့သည်။သူက ကျွမ်းယွမ်အနားမှ ဖြတ်သွားသောအခါ လူအမ်ားက အပေါ်သို့ မော့ကြည့်လျက် ရှိနေကြောင်း မြင်ရသဖြင့် လိုက်ကြည့်လိုက်မိသည်။ထို့နောက် သူက မျက်မှောင်ကြုတ်မိသွားသည်။
ဒုတိယထပ် ပြတင်းနားတွင် ထိုင်နေသော လူငယ္က မဲနယ်ရောင် ၀တ်စုံကို ၀တ်ထားပြီး နက်မှောင်သော ဆံပင်များက သရဖူ၀တ်ရာ အထက်မှ အောက်သို့ ရေတံခွန်သဖွယ် ဖြာကျနေသည်။အေ၀းမှ ကြည့်နေသည့်တိုင် သူ၏ လက္က ကိုင်ထားသော ကြွေခွက်ထက်ဖြင့် ဖြူဖွေးနေသည်။အမျိုးသားများနှင့် အမျိုးသမီးများကို တေမ့တေမာ မော့ကြည့်စေသော ထိုလှပလွန်းသည့်အမျိုးသားငယ်လေးက လက်ရှိ အင်ပါယာ၏ ဧကရာဇ်ဖြစ်သည်။
လူတိုင်းက အလွတရားကို ချစ်မြတ်နိုးသည်။ ကြည့်ရှုခံစားရုံသာ တတ်နိုင်သည့်တိုင် ကြည့်ပြီးလျင် အကြည့်ပြန်လွှဲရခက်သည်။ချူေ၀့ကမူ သူ့ကို ထိုသို့လိုက်ကြည့်တတ်သည့် ယောကျၤားများနှင့် မိန်းမများကို မုန်းတီးသည်။ အထူးသဖြင့် အလွတရားကိုသာ မြင်တတ်သော သာမန္လူမ်ားကို ဖြစ်သည်။
အခုလို စိုက်ကြည့်ခံနေရတော့ အရှင်က မသက်မသာ ဖြစ်တော့မှာပေါ့
သူ၏ အနောက်မှ အတန်းဖော်ကလည်း လိုက်မော့ကြည့်ပြီး တအံ့တသြပြောသည်။
ကျစ်ဟူ မင်းရဲ့ အင်ပါယာက အလှပဆုံးသော အမျိုးသားဆိုတဲ့ နာမည်ကတော့ ခြိမ်းခြောက်ခံရတော့မှာပဲ
ချူေ၀့က အေးစက်စွာ ပြန်ပြောသည်။
ကြိုက်တဲ့လူ ယူနိုင်တယ်
ထိုအတန်းဖော်က ရှေ့မှ အလျင်စလို ကျွမ်းယွမ်ထဲ ၀င်သွားသော ချူေ၀့၏ နောက်မှ လိုက်လျက် အောက်ထပ်ရှိ စားပွဲတစ်ခုတွင် ၀င်ထိုင်သည်။ ထို့နောက် ဒုတိယထပ်ရှိ ပြတင်းသို့ လှမ်းမော့ကြည့်ကာသက်ပြင်းချရင်း ပြောသည်။
အရင်ကတော့ ဖန်အန်းက အသီးလှည်းတွန်းလာတာမြင်ပြီး လူသတ်မှု ကျူးလွန်တဲ့အဖြစ်တွေ ရှိတယ်လို့ ကြားတော့ ငါ မယုံချင်ခဲ့ဘူး။ တကယ်တော့ ကျစ်ဟူ မင်းက ဖန်အန်းလို လွပတဲ့ အမျိုးသားတစ်ယောက်ဖြစ်နေပြီးသား ဒါပေမဲ့ အခုမွပဲ မင်းထက်တောင် အများကြီး လှပလွန်းတဲ့ အမျိုးသားတစ်ယောက် ရှိနေတာကို သိလိုက်ရတော့တယ်
ချူေ၀့: ရုပ်ရည်က အရေပြားသက်သက်ပဲ
ချူကျစ်ဟူ မင်းက လူတွေ စိုက်ကြည့်တာကို မကြိုက်မှန်း ငါ သိပါတယ်။ ဒါပေမဲ့ ဒီအမျိုးသားက အေရျပား လှရုံသက်သက်ပဲလို့ မင်းထင်လား
ချူေ၀့က မျက်ခုံးပင့်သည်။
သူက အရှင်မင်းကြီးကို လှမ်းကြည့်လိုက်သည်။ သူ၏ အနက်ရောင်မျက်၀န်းများက မရွေကချေ။ သို့သော ္သူက ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။
မဟုတ်ရင ်ဘာဖြစ်ရမှာလဲ
ကုယွမ့်ပိုင်က သူ၏ အကြည့်ကို အာရုံခံမိသလိုမျိုး အေ၀းကို မငေးတော့ဘဲ ဟိုဟိုသည်သည် ကြည့်သည်။ထို့နောက် ခေါင်းငုံ့ကြည့်သောအခါ မျက်နှာချင်းဆိုင် လမ်း၏ အနီရောင်ကြိုးထုံးများ ရောင်းသော ဆိုင်ရှေ့တွင် ရပ်နေသည့် ချူေ၀့နှင့် အကြည့်ချင်း ဆုံသွားသည်။
ချူေ၀့၏ ဘေးတွင် ရိုမတ်တစ်ဆန်ပြီး ခံစားခ်က္ကို မထိန်းသိမ်းတတ်လောက်သော စာသင်သားတစ်ယောက်ဖြစ်သည်။ ကုယွမ့်ပိုင်က တည်ငြိမ်စွာဖြင့် အကြည့်လွှဲလိုက်ပြီး မျက်လွှာချကာ လက်ထဲရှိ လက်ဖက်ရည်ကို ငုံ့သောက်သည်။
သူက ကြွေခွက်ကိုင်ထားသော လက္က ဖောက်ထွင်းမြင်ရမတတ် ဖြူဖွေးနေသည်။ ထိုလက္ကို မြင်သောအခါ ချူေ၀့လည်း မနေနိုင်ဘဲ အဝါရောင်မီးရောင်အောက်မှ အိပ်ယာခင်းကို နာကျင်မှုကြောင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားသဖြင့် ပိုးသား အိပ်ယာခင်းများ တွန့်သွားသော မြင်ကွင်းကို သတိရသွားသည်။ထိုအချိန်က ဖြူဖွေးလွန်းသော လက်ချောင်းထိပ်လေးများကပင် နီရဲကာ အားနည်းလွန်းနေခဲ့သည်။ ချူေ၀့က ခေါင်းငုံ့လိုက်သည်။ သူ၏ လည်ဇလုတ်ကလည်း လှုပ်သွားသည်။ထို့နောက် တည်ငြိမ်သော မျက်နှာထားဖြင့် အတန်းဖော်ကို ဆြဲကာ ထွက်သွားလိုက်သည်။
ကုယွမ့်ပိုင်က အပြင်သို့ ကြည့်နေကြောင်း မြင်သဖြင့် မင်းသားဟယ်ကလည်း လိုက်ကြည့်လိုက်ချိန်တွင် လူပေါင်းများစွာက အပေါ်သိုက မော့ကြည့်နေကြောင်း မြင်လိုက်ရသည်။ မင်းသားဟယ်က စိတ်မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကို ကြုတ်သည်။
အရှင်မင်းကြီးကို ဘယ္သူကမွ မော်မကြည့်ရဲသင့်ဘူး
သူက ကုယွမ့်ပိုင်ကို သဘောမကျလျင်ပင် အနည်းဆုံး သူတို့က တော်၀င်သွေးများ ပိုင်ထားပြီး မြင့်မြတ်သူများဖြစ်နေသည်။ထို့အပြင် သွေးအရင်းအချာဖြစ်နေသေးသည်။ထိုကြောင့် သည်လိုအခြေအနေမျိုးတွင် သင့်မြတ်ရန် လိုသည်။
ကုယွမ့်ပိုင်က ဖျော့တော့စွာ ပြုံးသည်။
မသိတဲ့လူတွေက အပြစ်ကင်းတယ်
ကုယွမ့်ပိုင်က စကားလမ်းကြောင်းလွှဲသည်။
အစ်ကိုတော် ဒီဟင်းပွဲတွေကို ဘယ်လိုမြင်လဲ
မင်းသားဟယ်က လက်ကိုင်ပုဝါဖြင့် ပါးစပ္ကို ကြော့ရှင်းစွာ သုတ်လျက် ဖြေသည်။
ပုံမှန်ပါပဲ
လူများအကြောင်းဖြစ်စေ ဟင်းများအကြောင်းဖြစ်စေ ဘာကမွ် မထူးခြားချေ။ စာသင်သားများပြောနေသော အကြောင်းအရာများကလည်း အနှစ်သာရမပါချေ။ မြို့တော်၏ ယခုလို နေရာမျိုးတွင်လည်း သူတို့က ပေါက်ကရ မပြောရဲချေ။
မူလက ကုယွမ့်ပိုင်အပေါ် ချီးကျူးသံများက အပေါ်ယံသာဖြစ်ကြောင်း ပြောချင်ခဲ့သော်လည်း အဆုံးတွင် သူကသာ မသက်မသာ ဖြစ်လာရသည်။
ကုယွမ့်ပိုင်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ရာ နန်းတွင်းအစေခံက အလျင်စလို ရှေ့တက်လာပြီး တွဲထိန်းပေးသည်။သူ၏ ၀တ်ရုံကို သပ်ရပ်အောင် ပြင်ပေးပြီး ခါးမွ ကျောက်စိမ်းတံဆိပ်ကို တည့်ပေးသည်။ကုယွမ့်ပိုင်က ခပ်အေးအေး လေသံဖြင့် ပြောသည်။
အစ်ကိုတော် ညီတော်နဲ့အတူ ဒီနား၀န်းကျင် လမ်းလျှောက်ရအောင်လား
မင်းသားဟယ်ကလည်း မတ်တပ်ထရပ်ပြီး ဧကရာဇ်၏ အနောက်မှ လိုက္ကာ ကျွမ်းယွမ်၏ အပြင်သို့ ထွက်သည်။
-----
ဘာသာပြန်သူမှာ ပြောစရာ ရှိပါတယ်
ကိုယ္ကေလ တရုတ္ဆိုက္ကေန ကြည့်ရေးတဲ့အပြင် ဟိုက တစ်ပိုင်းတစ်ပိုင်းကို ရှည်လို့ ပြန်ခွဲပြီး ဘာသာပြန်နေခဲ့တာရယ်.
အပိုင်းတိုက်ရင် မတူမှာစိုးလို့နော် အဟီး
အာ ဒီ၀တၳုရဲ့ ရုပ်ပြကို တယ်လီဂရမ်ရဲ့ ဂရုမွာ နောက်လကစပြီး တင်မယ်သိလား..
You are reading the story above: TeenFic.Net