"ကျားရွေ့ စပ်ရင်မောင့်ပြောနော်..."
"အွင်း..."
"နောက်ခါ လီချင်းချင်းလုပ်တိုင်း ငြိမ်ခံမနေနဲ့..."
"သူက မောင်ရဲ့ရင်သွေးကိုလွယ်ထားရတဲ့သူလေး ငါမောင်ရင်သွေးကိုထိခိုက်စေမှာမျိုးမလုပ်ချင်ပါဘူး..."
"မောင်အမှားတွေပါ မောင်သာ....."
"လူတိုင်းမှားကြတယ်မောင် မောင်ကအမှားကိုသိပြီးဝန်ခံခဲ့တယ် ငါကခွင့်လွှတ်ခဲ့တယ် ဒါကြောင့် အမှားတွေကိုထပ်ပြီမပြောနဲ့တော့ မောင်အဲလို့ပြောရင် ငါစိတ်မကောင်းဖြစ်ရတယ်....."
"အင်း မောင်မင်းစိတ်မကောင်းဖြစ်အောင် မပြောတော့ဘူး...."
______________________________________
"ချမ်းနိ ရှိလား..."
"ရှိပါတယ်Host ဘာများအလိုရှိလို့လဲ Host"
"ငါကို ယင်လိန်အကြောင်းပြောပြလို့ရလား..."
"တစ်ခုခုဖြစ်လို့လားHost.."
"အင်း.....သူကိုကြည့်ရတာ တစ်မျိုးဘဲ တစ်ခါတလေ ငါစသိတဲ့ ယင်လိန်မဟုတ်သလို့ဘဲ..."
"Host မှတ်မိမလားမသိဘူး မူလဇာတ်ကြောင်းမှာ ဗီလိန်ထျန်ကျားရွေ့က ဇာတ်သိမ်းမှာ အမှောင်ခန်းထဲမှာသေဆုံးသွားတာကိုလေ..."
"သိတယ်လေ..."
"ဗီလိန်ကျားရွေ့မသေဆုံးခင်မှာ သူကိုလာကယ်တဲ့သူရှိတယ်....."
"ဘယ်သူလဲ ဘာလို့ စာအုပ်ထဲမှာမပါတာလဲ..."
"အဲတာကိုတော့ပြောပြလို့မရဘူးHost
အဓိက ဇာတ်ကောင်းဖြစ်တဲ့အပြင်ပုန်းကွယ်နေတဲ့ဇာတ်ကောင်းပါဖြစ်နေတော့ သူကိုပြောပြလို့မရဘူး hostကိုပြောပြလိုက်ရင် ကျွန်မလဲအမှိုက်systemဘက်ရောက်သွားပြီး Host လဲ အပြင်လောကမှာရော အခုလောကမှာပါသေဆုံးရလိမ့်မယ်...နောက်ပြီး ကျွန်မကအဲဇာတ်ကောင်က ဘယ်သူမှန်းကိုမသိတာ..."
"အဲတာဆိုမပြောတော့နဲ့ မင်းကဘာလို့မသိတာလဲ စာရေးသူလဲပြောသေးတယ်..."
"Hostကိုဝင်ခံစရာရှိတယ်..."
"ဘာလဲ..."
"တကယ်တော့ ကျွန်မက စာရေးသူအစစ်မဟုတ်ပါဘူး..."
"ဘယ်လို....."
"ကျွန်မက စာရေးသူရဲ့ကိုယ်စာလှယ်
ပါ ဘာလို့လိမ်ရတာလဲဆို Hostများ စာရေးသူဆိုပြီးလေးစားမလားလို့ Hostကျွန်မကိုစိတ်မဆိုးပါနဲ့နော်..."
"ဟားဟား...ချမ်းနိရယ် ငါစိတ်မဆိုးပါဘူး ဒါမဲ့နောက်ဆို ငါကိုမလိမ်တော့နဲ့နော်..."
"သိပါပြီးHost..."
"အေး ငါကိုယင်လိန်အကြောင်းပြောပြတော့လေ..."
"ကောင်းပါပြီး ဇာတ်ကောင်ယင်လိန်ရဲ့အကြောင်းတွေHostကိုပြောပြပေးပါမယ်
ဇာတ်ကောင်ယင်လိန်ကို ဇာတ်လိုက်ရန်အန်ရဲ့အမ ဝမ်းချင်းက မိဘမဲ့ဂေဟာကနေ မွေးစားလားထားတာပါ ယင်လိန်က အစားအသောက်တွေချက်ပြုတ်ရတာကိုဝါသနာပါတာကြောင့် သူ့ချစ်ရတဲ့သူနဲ့စားသောက်ဆိုင်ဖွင့်ချင်တာက သူရဲ့အနာဂတ်ရည်မှန်းချက်ပါ နောက်ပြီ...."
"ငါသိချင်းတာ သူကိုမမွေးစားခင်နောက်ပိုင်းကဟာတွေကို..."
"ဒါဆို Hostသူရဲ့အတိတ်ကိုသွားကြည့်ချင်လား...."
"အဲလို့ကြည့်လို့ရလား..."
"ရပါတယ် Host အိပ်ဖို့ဘဲလိုတာ...."
"ကောင်းပြီး..."
ကျားရွေ့ချမ်းနိရဲ့စကားကြောင့်ဝရံတာကနေ အိပ်ယာပေါ်သွားလိုက်သည်။ကျားရွေ့ မျက်လုံးတွေကိုမှိတ်ချကာ အိပ်ပျော်အောင် အိပ်လိုက်တော့သည်။
"Host မျက်လုံးဖွင့်လို့ရပြီး..."
ချမ်းနိရဲ့စကားကြောင့်မျက်လုံးဖွင့်လိုက်တော့သည်။သူတစ်ခါသာ ရောက်ဖူးတဲ့ဟင်လင်ပြင်ကြီးကိုသာတွေ့လိုက်ရသည်။
"ချမ်းနိ မင်းဘယ်မှာလဲ..."
"HOST ဖမ်းထားအုံး.......!"
အပေါ်ကနေကျလာတဲ့ခွေးပုံစံချမ်းနိကို ဖမ်းလိုက်ခြင်း။
"မင်းကဘယ်လို့ကြောင့်အပေါ်ကနေကျလာတာလဲ..."
"ဟီးဟီး Host ဖမ်းတာခံချင်လို့..."
"မြင်းဟီးသလို့ဟီးမနေနဲ့ မင်းဝိတ်ကလေးနေပြီး ဆင်းတော့..."
"ဟွန့် host ကလဲအဲလောက်လဲမလေးပါဘူးနော်..."
ပြောပြီး ကျားရွေ့ပေါ်က ဆင်းသွားတဲ့ချမ်းနိ
"ဒါဆို အခုကျွန်မတို့ ဇာတ်ကောင်ယင်လိန်ရဲ့အတိတ်ဆီသွားရအောင်..."
ချမ်းနိရဲ့စကားအဆုံး ဟင်လင်ပြင်ဖြစ်နေရာကရုတ်တရက်ဆိုသလို နေရာပြောင်းသွားတော့သည်။ကျားရွေ့တို့အခုရောက်နေတဲ့နေရာသည် ဂေဟာတစ်ခုဖြစ်သည်။
"မေတ္တာခြယ် ဂေဟာ..."
"ဒါ ဇာတ်ကောင် ယင်လိန်ရဲ့ဘဝအစပါ..."
"ကျွန်မဒီကလေးကိုဒီမှာထားခဲ့မယ် ဒီကလေးက ကျွန်မအတွက် ဂြိုဟ်ဆိုးဘဲ သူ့အဖေကြောင့် ကျွန်မချစ်သူနဲ့ကွဲရတာ သူအဖေကိုလဲမချစ်သလို ဒီကလေးကိုလဲကျွန်မမချစ်ပေးနိုင်ဘူး.."
အသက်လက်ပိုင်းအရွယ်အမျိုးသမီးမှ နီတာရဲကလေးလေးကိုချီထားတဲ့ အသက်၂၀မိန်းကလေးကိုပြောလိုက်ခြင်း
"ရှင်ဘယ်လိုမိန်းမလဲ ရှင့်မှာမိခင်စိတ်မရှိဘူးလား ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ အစထဲကမလိုချင်ရင်ဘာလို့မွေးလဲ..."
"သူ့အဖေမရှိတော့ ဒီကလေး သူအဖေဝဋ်တွေလည်အောင်လို့ ဒီကလေးရဲ့အဖေကြောင့် ကျွန်မဘယ်လောက်ခံစားရလဲရှင်တို့သိလား..အမှန်ဆိုဒီကလေးထဲမှာရှိတဲ့ကျွန်မသွေးတစ်ချို့ကိုဖောက်ထုတ်လို့ရရင်ဖောက်ထုတ်ပစ်ချင်းတာ..."
ဘုရားရေ..ကျားရွေ့ကြားလိုက်ရသည်ကိုမယုံနိုင်အောင်ဖြစ်သွားတော့သည်။မိခင်တစ်ယောက်က ကလေးတစ်ယောက်အပေါ်ဤမျှရက်စက်နိုင်သည်လား။ကျားရွေ့တို့ကထိုအမျိုးသမီးတွေရဲ့ခပ်လှမ်းလှမ်းမှကြည့်နေတော့သည်။
"တစ်ခုတော့တောင်းဆိုပါရစေ ဒီကလေးရဲ့နာမည်ကို ယင်လိန် လို့ နာမည်ပေးပေးပါ..."
အနည်းဆုံးတော့ကလေးကို နာမည်ပေးခဲ့သားပးဘဲလို့ကျားရွေ့တွေးလိုက်မိသော်လည်ချမ်းနိရဲ့စကားကြောင့် ကျားရွေ့ထိုကလေးအပေါ်အံ့သြခြင်းနဲ့အတူစိတ်မကောင်းဖြစ်သွားရတော့သည်။ချမ်းနိပြောသည်က
"Host အဲလောက်ထိမတွေးပါနဲ့ ဘာလို့ယင်လိန်လို့နာမည်ပေးရလဲHostသိလား..ယင်လိန်ရဲ့အဖေနာမည်ကလဲ ယင်လိန်ဘဲမလို့ ဒီကလေးကိုသူအဖေရဲ့ကံဆိုးမှုတွေကျအောင် တမင်းသက်သက် ယင်လိန်ဆိုပြီးပေးလိုက်တာ.."
"ငါမတွေးတတ်တော့ သူက ဘာလို့ အဲကလေးလေးကိုမုန်းနေရတာလဲ သူကိုယ်တိုင်မွေးခဲ့ရတဲ့ကလေးကိုလေ..."
"ဒီလိုပါHost ယင်လိန်အမေမှာ ယင်လိန်အဖေနဲ့မယူခင် ချစ်သူရှိခဲ့တယ်။ယင်လိန်အမေကို ယင်လိန်အဖေက အတင်းအကြပ်ယူခဲ့တာပါဒါကြောင့် ယင်လိန်အဖေကိုမုန်းတဲ့အပြင် ယင်လိန်းကိုလဲမုန်းတာပါ။ယင်လိန်အမေက ယင်လိန်အဖေရဲ့ နှိပ်စက်မှုတွေကိုခံလာရတာပါ။"
"ဒါမှ ဘာမှမသိတဲ့ယင်လိန်ကို ဘာလို့ဒီလိုလုပ်ရတာလဲ..."
"အငြိုးတွေကြောင့်ပါ နောက်ပြီး ယင်လိန်အဖေက ဆိုက်ကို ဖြစ်နေတာပါ..."
"ဘယ်လို့......"
ထိုစဉ်ယက်လိန်အမေသည်သူတို့ရှိရာဘက်လှည့်လာတော့သည်။ယက်လိန်အမေမြင်သွားမှာဆိုးသည့်အတွက် ပုန်းဖို့လုပ်တော့
"Host စိတ်မပူပါနဲ့ ကျွန်မတို့ကို သူတို့မမြင်ရပါဘူး..."
"မမြင်ရဘူးလား..."
"ဟုတ်ပါတယ်Host သူတို့ကအတိတ်ကလူတွေမလိုပါ..."
ချမ်းနိနဲ့ကားပြောနေတုန်းမြင်ကွင်းတွေကတဖန်းပြောင်းလဲသွားတော့သည်။ဒီတစ်ခါကျတော့ အသက်၁၂အရွယ်ကောင်လေးနှစ်ယောက် သစ်ပင်ကြီးအောက်မှာထိုင်ကာဆော့နေခြင်း...
"ယင်လိန် ငါတို့ကြီးလာရင်စာသောက်ဆိုင်လေးဖွင့်နိုင်အောင်ကြိုးစားမယ်နော်..."
"ယိချန် သဘော ယိချန်သဘောကျရင် ငါလဲကျတယ် တစ်ခုဘဲ ငါအနားမှာ မင်းရှိနေပေးရမှာနော်..."
"သေချာပေါက် ယင်လိန်အနားမှာ ဒီက ကျော်ယိချန်အမြဲရှိနေပေးမှာပါနော်...."
______________________________________
နောက်တစ်ပိုင်းကျရင်လဲ ယင်လိန်ရဲ့အတိတ်ကိုဘဲဖော်ပြသွားအုံးမှာပါ။ဒါလေးကတော့ v dayအတွက် ချမ်းရဲ့supriseတိုက်တာလေးပါ။v dayမှာတင်မလို့ကို ချမ်းမနေ့ကဆေးသွင်းရတော့မတင်လိုက်ရဘူးရယ်။ဒါနဲ့ဖတ်ရတာရှုပ်ကုန်ပြီးလားရှင့်။
ချမ်း
Date -15.2.2025(စနေနေ့)
စာလုံးပေါင်းမစစ်ထား။
You are reading the story above: TeenFic.Net